6th OCT 2024 - Morning Daily News by Radio NUG

 


၂၀၂၄ အောက်တိုဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၈၄ စုကို သိန်း ၁၈၄သိန်း လှူဒါန်း

📌 ၂။ စစ်ကောင်စီက နေ့စဉ်နီးပါး မြို့တွင်း လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့်  ထွက်ပြေးရှောင်လာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ  စားသောက်ကုန်နှင့် ငွေကြေးများ ကူညီထောက်ပံ့ပေး

📌 ၃။ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ 

📌 ၄။ စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၃၈၁ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၁၇ ဦး သေဆုံး


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။  ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံး

🚩 ၂။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရ

🚩 ၃။ စစ်တပ်ကို စစ်ရေးပစ်မှတ် တစ်ခုပေးရင် ငွေ (၁၀) သိန်းကျပ် ရရှိနေတဲ့ ဒလန်တွေ ဖမ်းဆီးရမိ

🚩 ၄။ ရွှေတောင်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ

🚩 ၅။ ခင်ဦးတွင် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၆။ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဦး သေဆုံး 

🚩 ၇။ တပ်ရင်း ၃ရင်း ပူးပေါင်းကာ အခြေခံစစ်သင်တန်းနှင့် စစ်ကြောင်းမွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပ

🚩 ၈။ စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းလိုအပ်မှုတွေအရ တာဝေးပစ် ဗုံးသီးတွေကို တော်လှန်ရေးရဲဘော်တွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရေဘေးကြောင့် အခက်အခဲဖြစ်နေတဲ့ အိမ်ထောင်စု ၁၈၄ စုကို သိန်း ၁၈၄သိန်း လှူဒါန်း


အောက်တိုဘာ  

Radio NUG 


တပ်ရင်း ၁၃ နယ်မြေအတွင်း ရေဘေးကြောင့် အခက်အခဲ ဖြစ်ပေါ်နေကြသော ကျေးရွာ တစ်ရွာမှ ပြည်သူများအတွက် အိမ်ထောင်စု တစ်စု လျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၁၈၄) စုအတွက် စုစုပေါင်း (၁၈,၄၀၀,၀၀၀) ကျပ်အား သွားရောက် ကူညီပေးခဲ့ကြောင်း ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


လူမှူအဖွဲ့အစည်းတစ်ခု၏ ကူညီထောက်ပံ့မှူအား ဆောမြို့နယ် ကျန်းမာရေးတာဝန်ခံ၏ ချိတ်ဆက်မှူဖြင့် အမျိုးသား ညီညွတ်ရေးအစိုးရ ဆောမြို့နယ် ရပ်ကျေး အုပ်ချုပ်ရေးမှူးများ ဆောမြို့နယ် ကျန်းမာရေးအဖွဲ့ဝင်များနှင့်  စုပေါင်းပြီး သွားရောက်ကူညီခဲ့ကြတယ်လို့ သိရပါတယ်။


ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်းအနေဖြင့် တိုက်ပွဲမရှိသည့် အချိန်များတွင် ပြည်သူ့အကျိုးပြု လုပ်ငန်းများအား သက်ဆိုင်ရာ တော်လှန်အဖွဲ့အစည်းများ လူမှုအဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီက နေ့စဉ်နီးပါး မြို့တွင်း လေကြောင်းဗုံးကျဲ တိုက်ခိုက်မှုကြောင့်  ထွက်ပြေးရှောင်လာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ  စားသောက်ကုန်နှင့် ငွေကြေးများ ကူညီထောက်ပံ့ပေး


အောက်တိုဘာ  

Radio NUG 


စစ်ကောင်စီတပ်က MNDAA  နဲ့  TNLA  သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့တွင်းကို နေ့စဉ်နီးပါး ဗုံးကျဲမှု ပြုလုပ်နေသောကြောင့် ရှမ်းပြည်တောင်ပိုင်းသို့  ထွက်ပြေးတိမ်း ရှောင်ရှိလာကြသည့် စစ်ဘေးရှောင်ဒေသခံပြည်သူများအတွက် SSPP/SSA မှ  စားသောက်ကုန်ပစ္စည်းနှင့် ငွေကြေးများကို အောက်တိုဘာလ ၃ရက်နေ့က ကူညီပေးခဲ့ကြကြောင်း SSPP Infoမှ သတင်းထုတ်ပြန်ပါတယ်။


ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာ နောင်ချိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင်များသည် စုစုပေါင်း (၂၆၂ ) ဦးကို SSPP/SSA မှ  ဆန် ( ၁၂) အိတ်၊ ဆီ ဆား ဟင်းချိုမှုန့် ဟင်းသီးဟင်းရွက်နှင့် ငွေကြေး  ( ၇၀၀,၀၀၀) ခုနှစ်သိန်းကျပ် စစ်ဘေးရှောင် ကူညီရေးကော်မတီများထံ သွားရောက်ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


MNDAA  နဲ့ TNLA  သိမ်းပိုက် ထိန်းချုပ်ထားတဲ့ မြို့များကို စစ်ကောင်စီတပ်က  နေ့စဉ်နီးပါး လေကြောင်းကနေ  အကြိမ်ကြိမ် ဗုံးကျဲတိုက်ခိုက်မှု လုပ်ဆောင်လာပြီး မြို့တွင်းရှိ ဒေသခံပြည်သူတွေ  မြို့တွင်း မနေရဲတော့ဘဲ ထောင်နဲ့ချီ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြရပါတယ်။


========================


📌📌 ၃။ ရခိုင်တွင် ဒေသခံပြည်သူများ ကျန်းမာရေးပြဿနာ ရင်ဆိုင်နေရ 


အောက်တိုဘာ  

Radio NUG 


အာရက္ခတပ်တော် AAနှင့် အကြမ်းဖက်စစ်တပ်တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားမှု နှစ်နီးပါးအကြာ ရှိလာချိန်တွင် ရခိုင်ပြည် ဒေသခံများအနေဖြင့် ကျန်းမာရေးဆိုင်ရာ ပြဿနာများကို အဓိက ရင်ဆိုင်နေရကြောင်း ဒေသတွင်းနေထိုင်သူများက ပြောကြားကြောင်း Western Newsမှာ ဖော်ပြထားပါတယ်။


ဆေးဝါးပြတ်လပ်ခြင်း၊ ဆေးဝါးများ စျေးမြင့်မားခြင်း၊ ဆေးရုံဆေးခန်း အများစု မဖွင့်လှစ်နိုင်ခြင်းနှင့် ဆေးဝါးကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာ ဝန်ထမ်းများ မရှိတော့ခြင်းတို့ ဖြစ်နေတယ်လို့ သိရပါတယ်။


ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံကြီးတွင် လက်ရှိ ဆရာဝန်ဦးရေမှာ ဆေးရုံအုပ်ကြီးအပါအဝင် ဦးခန့်သာ ရှိပြီး အဆိုပါ ဆရာဝန်များမှာလည်း ပြင်ပဆေးခန်း အထိုင်များသည့်အတွက် ဆေးရုံက လူနာများမှာ သူနာပြုများဖြင့်သာ ကုသကြရပြီး ရောဂါဝေဒနာ ပျောက်ကင်းမှု နည်းပါးကြောင်း သိရပါတယ်။


ထို့အပြင် ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ပေါက်တောမြို့နယ်‌ေတွမှာလည်း  ဒေသနေလူထုမှာ ကျန်းမာရေးကိစ္စများတွင် များစွာခက်ခဲလျှက်ရှိနေပါတယ်။


စစ်တွေမှလွဲ၍ မြောက်ပိုင်းတစ်ခုလုံး မြောက်ဦးမြို့နယ်ရှိ ဆေးရုံတစ်ခုတည်းကို အဓိက အားထားနေရပြီး အဆိုပါ ဆေးရုံတွင်လည်း ကျွမ်းကျင်သည့် ဆေးဖက်ဆိုင်ရာဝန်ထမ်းများ မရှိခြင်း၊ အခြေခံကျသည့် ရောဂါရှာဖွေရေး ကိရိယာများ မရှိခြင်းတို့ကြောင့် လူနာများမှာ ရောဂါပျောက်ကင်းသူ နည်းပါးပြီး သေဆုံးရသူ များပြားလာကြောင်း ဖော်ပြထားပါတယ်။


========================


📌📌 ၄။ စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှု ၃၈၁ ကြိမ် ပြုလုပ်ခဲ့ပြီး ပြည်သူ ၂၁၇ ဦး သေဆုံး


အောက်တိုဘာ  

Radio NUG 


စက်တင်ဘာလအတွင်း ရှမ်းပြည် မြောက်ပိုင်း၊ ရှမ်းပြည် တောင်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ ကရင်နီပြည်၊ ကရင်ပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်း တို့တွင် အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၃၅၀ ကြိမ် ပြုလုပ်ခဲ့ပြီး  တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် လေကြောင်းမှ ဒရုန်းဖြင့် တိုက်ခိုက်မှု စုစုပေါင်း ၃၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း သွေးစွန်ငွေမှ သတင်းထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုသည် ရှမ်းပြည် မြောက်ပိုင်းအား ၁၁၈ ကြိမ်၊ စစ်ကိုင်းတိုင်းအား ၆၁ ကြိမ်နှင့် ရခိုင်ပြည်အား ၅၉ ကြိမ်   လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်းအတည်ပြုနိုင်ခဲ့ပါသည့်အပြင် တနင်္သာရီတိုင်းတွင် ၁၅ ကြိမ်နှင့် ပဲခူးတိုင်းတွင် ကြိမ်၊ စစ်ကိုင်းတိုင်းတွင် ကြိမ်၊ ကချင်ပြည်တွင် ကြိမ်နှင့် ရှမ်းပြည် တောင်ပိုင်းတွင် ကြိမ် ဒရုန်းဖြင့် တိုက်ခိုက််ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေး ၁၅ ဦးနှင့် အမျိုးသမီး ၄၈ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၁၇ ဦး သေဆုံးခဲ့ပြီး ၃၂၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၃၀၃ လုံး၊ စာသင်ကျောင်း ကျောင်း၊ ဘာသာရေးအဆောက်အအုံ ၁၆ ခု၊ UN ရုံးခန်း ခု၊ အချုပ်ထောင် ထောင်၊ ဟိုတယ် လုံးနှင့် ဈေးဆိုင်ခန်းအပါအဝင် အခြားသောစီးပွားရေးအဆောက်အအုံ ၁၆ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သို့ရာတွင် စက်တင်ဘာ ၂၇ ရက်နေ့တွင် စစ်အုပ်စုမှ လားရှိုးမြို့မဈေးသို့ ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော ဈေးဆိုင်ခန်း ပျက်စီးမှုများအား အတည်ပြုဆဲဖြစ်သောကြောင့် မြို့မဈေး၏ ဈေးဆိုင်ခန်းပျက်စီးမှုများအား ထည့်သွင်းတွက်ချက်ထားခြင်း မရှိသေးပါဘူး။


ဒရုန်းတိုက်ခိုက်မှုများကြောင့် ကလေးငယ် ဦးနှင့် အမျိုးသမီး ၁၄ ဦး အပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၂၃ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၂၄ လုံးနှင့် ဘာသာရေးအဆောက်အအုံ ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။  ထန်တလန်မြို့သိမ်းတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံး


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ရက် နံနက် နာရီဝန်းကျင်မှစ၍ ထန်တလန်မြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းများကို ချင်းပြည်နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညနေ နာရီအထိ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း စစ်ရေးသတင်းအမြစ်များအရ သိရပါတယ်။


ထိခိုက်မှုများသော အကြမ်းဖက်စစ်ကောင်စီတပ်ကလည်း Y-12 လေယာဉ်ဖြင့် အကြိမ် ၆၀ ကျော်၊ ဂျက်ဖိုက်တာဖြင့် ၁၀ ကြိမ်ကျော် ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။


Tilim Operation – 4 နာမည်နဲ့ တိုက်ပွဲဖော်ဆောင်နေတဲ့ ထန်တလန်မြို့တွင်းတိုက်ပွဲ ရက်ပေါင်း ၇၅ ရက် ကျော်အတွင်းမှာ တိုက်ပွဲက နေ့တိုင်း ရပ်တန့်ခြင်း မရှိပါဘဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


Tilim Operation-4 အမည်ဖြင့် ချင်းပြည်နယ်အစိုးရ ပူးပေါင်းတပ်ဖွဲ့များက ထန်တလန်မြို့ ရှေ့တန်းအမာခံ စခန်းဖြစ်သည့် Auto တောင်စခန်း ခု၊ ထန်တလန် - ဟားခါးလမ်းပိုင်းရှိများ အကြမ်းဖက် စစ်တပ်စခန်းများနှင့် ထန်တလန်မြို့တွင်းရှိ အကြမ်းဖက်စစ်သားများ အခိုင်အမာတပ်စွဲထားသော လိုင်ဗီလာ (Lai Villa) တည်းခိုခန်း စခန်းတို့ကို သိမ်းပိုက်ရရှိခဲ့ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၁၀၇ မမ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာရှိအဆင့် အပါအဝင် ဦးသေဆုံးပြီး ဦးထက်မနည်း ဒဏ်ရာရ


အောက်တိုဘာလ ရက် 

Radio NUG


တောင်ငူမြို့ရှိ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ဝင်းအတွင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအဆင့် အပါအဝင် ဦး သေဆုံးပြီး ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Brave Warriors for Myanmar (BWM) က သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်၊ မနက် နာရီ ၄၀ မိနစ်တွင် Mission 23 အနေဖြင့် တပခ ဝင်းအတွင်း ၁၀၇ မမ ရှော့ တိုက်ဒုံး လုံးဖြင့် ပစ်ခတ်ခဲ့ရာ လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်းတိုက်ခိုက်မှုအတွင်း တပခ စခန်းရုံး ခေါင်မိုးပွင့်ထွက်သွားခဲ့ပြီး အရာရှိ နေအိမ်လိုင်းခန်းကိုလည်း ထိမှန်ခဲ့ကာ တပ်ရေးဗိုလ်ကြီး ဦးနဲ့ အရာရှိ ဦး ဒဏ်ရာရရှိခဲ့ကာ တပ်သား ဦးနဲ့ အခြားအဆင့် ဦး သေဆုံးခဲ့တယ်လို့ ကနဦး သိရကြောင်း ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ရဲ့ ဦးဆောင်မှုဖြင့် NSA31 မြို့ပြပြောက်ကျား အဖွဲ့နှင့် စစ်တောင်းမြစ်ဝှမ်း ရေတာရှည် ပူးပေါင်းစစ်ဆင်ရေး အဖွဲ့တို့က ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ယခုစစ်ဆင်ရေးဟာ တောင်ပိုင်းတိုင်း စစ်ဌာနချုပ် (တပခ) ကို ပထမဆုံး အကြိမ် တိုက်ခိုက်မှုဖြစ်ပြီး BWM ရဲ့ ၂၃ ခုမြောက် မစ်ရှင်လည်း ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်တပ်ကို စစ်ရေးပစ်မှတ် တစ်ခုပေးရင် ငွေ (၁၀) သိန်းကျပ် ရရှိနေတဲ့ ဒလန်တွေ ဖမ်းဆီးရမိ


အောက်တိုဘာ  

Radio NUG


အကြမ်းဖက်စစ်တပ် လက်လွှတ်ဆုံးရှုံးထားရတဲ့ နယ်မြေတွေကို လေကြောင်းကနေ တိုက်ခိုက်နေပြီး စစ်ရေးပစ်မှတ်ပေးသူတွေကို ငွေကျပ် (၁၀) သိန်းပေးထားကြောင်း ဖမ်းဆီးရမိထားသူတွေထံက သိရတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


နောင်ချိုမြို့မှာ စစ်တပ်ထံ ပစ်မှတ်အများအပြား ပေးပို့ထားတဲ့ အမျိုးသားတစ်ဦးကို TNLAက စက်တင်ဘာလ ၁၇ ရက်နေ့မှာ ပစ်မှတ်ပေးပို့ထားတဲ့ သက်သေတွေနဲ့တကွ ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။


ထိုသူရဲ့ ဖုန်းထဲမှာတော့ ပစ်မှတ် ၁၀ ခုကျော် တွေ့ပြီး ပစ်မှတ်တွေကို သေချာဝိုင်းပြီး စကစကို ပို့ပေးခဲ့မှုကြောင့် အချို့နေရာတွေကို ဗုံးကြဲခံရပြီးပြီလို့ ဖော်ပြထားပါတယ်။


ပေးခဲ့တဲ့ ပစ်မှတ်အရေအတွက်နဲ့ ပစ်မှတ်တစ်ခုကို ၁၀သိန်းရတယ်အထိသာ စစ်ဆေးရသေးပြီး အဖမ်းခံရသူမှာ အကြောက်လွန် သွေးတိုးပြီး သေသွားတယ်လို့ သိရပါတယ်။


အလားတူ မန္တလေးတိုင်း မိုးကုတ်မြို့တိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီထံ ပွိင့်တစ်ခုပေးရင် ()  သိန်း ရရှိနေတဲ့ သတင်းပေးသူတချို့ကိုလည်း ဖမ်းဆီးရမိခဲ့ပါတယ်။


TNLAနဲ့ MNDAAတပ်နယ်မြေတွေမှာ စစ်ကောင်စီက နေ့စဉ် လေကြောင်းကနေ ဗုံးကြဲနေပြီး ဗုံးကြဲရမယ့်နေရာတွေကိုလည်း စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေမှာလည်း ဖော်ပြနေကြပါတယ်။


========================


🚩🚩 ၄။ ရွှေတောင်တွင် သန်းခေါင်စာရင်း ကောက်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားများ မိုင်းဆွဲတိုက်ခိုက်ခံရ


အောက်တိုဘာလ ရက် 

Radio NUG


ပဲခူးတိုင်း၊ ရွှေတောင်မြို့ပေါ်တွင် သန်းခေါင်စာရင်း ကောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်သားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုရှိခဲ့တယ်လို့ ရွှေတောင်မြို့နယ် ပကဖ ထံကနေ သိရပါတယ်။


အောက်တိုလာလ ရက်‌နေ့ ညနေ နာရီ ၅၀ မိနစ်ခန့်တွင် ရွှေတောင်မြို့ ယွန်းတန်းရပ်ကွက်၊ ဆိုင်းတန်းလမ်းရှိ ယွန်းတန်း အုပ်ချုပ်ရေးမှုးရဲ့ နေအိမ်ရှေ့မှာ သန်းခေါင်စာရင်း ကောက်ပြီး ပြန်လာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ အုပ်ချုပ်ရေးမှူး၊ အပေါင်းအပါများကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဖောက်ခွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများနဲ့ ဆိုင်ကယ်တချို့ လဲကျသွားခဲ့တာကို တွေ့ခဲ့ရပြီး ထိခိုက် သေဆုံးမှု အသေးစိတ်ကိုတော့ စစ်ကောင်စီ တပ်သားများ အင်အား အလုံးအရင်းဖြင့် ရောက်ရှိလာတာကြောင့် အတည်မပြုနိုင်ခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၅။ ခင်ဦးတွင် စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံး


အောက်တိုဘာလ ရက်

Radio NUG

 

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က စစ်ကောင်စီ တပ်စွဲထားရာ နေရာများကို ဒရုန်းဖြင့် ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ Future Hero အဖွဲ့ ထံက သိရပါတယ်။


အောက်တိုဘာလ ရက်နေ့က ခင်ဦးမြို့နယ် တနေရာက စစ်ကောင်စီ တပ်စွဲထားရာ နေရာတခုကို ဒရုန်းဖြင့် ဗုံး ကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် အောက်တိုဘာ ရက်နေ့မှာ အောင်သာရွာရှိ စစ်ကောင်စီ တပ်စွဲထားရာ နေရာကို ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်မှု ရှိခဲ့ပေမယ့် အရေအတွက်ကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


အဆိုပါ ဒရုန်း တိုက်ခိုက်မှုကို FUTURE HERO အဖွဲ့နဲ့ P1849 LIGHTNING DRONE FORCE အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ဂန့်ဂေါတွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ဦး သေဆုံး 


အောက်တိုဘာလ ရက်

Radio NUG


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ဦး ဗုံးထိမှန် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာလ ရက် မွန်းလွဲ ၁၂ နာရီ ၂၀ မိနစ်နဲ့ ၄၅ မိနစ်တွင် ဂန့်ဂေါမြို့နယ်မြောက်ပိုင်း၊ ကျွန်းခုံသာရွာနဲ့ ရေရှင်မရွာကြားကို ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အသက် ၄၀ ကျော်အရွယ် ကျွန်းခုံသာရွာသား အမျိုးသား ဦး ခေါင်းကို ဗုံးစ ထိမှန်ပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နဲ့ အနီးတဝိုက်မှာလည်း စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ တပ်ရင်း ၃ရင်း ပူးပေါင်းကာ အခြေခံစစ်သင်တန်းနှင့် စစ်ကြောင်းမွမ်းမံသင်တန်း အောင်မြင်စွာ ကျင်းပ


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ရက်နေ့တွင် နေပြည်တော်တပ်ရင်း ၉၀၂ နေပြည်တော်တပ်ရင်း ၈၀၄ နှင့် အမှတ် စစ်ဒေသ သရက်ခရိုင်တပ်ရင်း ( ) တို့ ပူးပေါင်းကာ အခြေခံစစ်သင်တန်းနှင့် စစ်ကြောင်းမွမ်းမံသင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


ဆက်လက်၍လည်း  လမ်းများအားလုံး နေပြည်တော်သို့ ညွှန်ကြားချက်နှင့်အညီ စစ်ဆင်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပြည်သူလူထုအနေဖြင့်လည်း တတ်နိုင်သောတာဝန်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြပါရန် မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၈။ စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းလိုအပ်မှုတွေအရ တာဝေးပစ် ဗုံးသီးတွေကို တော်လှန်ရေးရဲဘော်တွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်


အောက်တိုဘာ  

Radio NUG 


ကရင်ပြည်နယ်အတွင်း တောတွင်းတစ်နေရာမှာ စစ်ကောင်စီကို အမြစ်ဖြတ် တိုက်ခိုက်ဖို့ လက်နက်ခဲယမ်းလိုအပ်မှုတွေအရ တာဝေးပစ် ဗုံးသီးတွေကို တော်လှန်ရေးရဲဘော်တွေ ကိုယ်တိုင် တီထွင်ထုတ်လုပ်နိုင်ခဲ့သော်လည်း ကုန်ကျစားရိတ် လိုအပ်ချက်တွေ ရှိနေတယ်လို့ တာဝေးပစ် ဗုံးသီးထုတ်လုပ်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။


တော်လှန်ရေးတပ်ဖွဲ့တွေ ထုတ်လုပ်ထားတဲ့ တာဝေးပစ်ဗုံးသီးက ပေ ၆၀ နဲ့ ပေ ၁၀၀ ကြားက ပစ်မှတ်ကို ထိခိုက်နိုင်တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်တပ်လို ထုတ်လုပ်တဲ့စက်ရုံ၊ အလုပ်ရုံတွေမရှိပေမယ့် ကပစ ကထုတ်တဲ့ ဗုံးသီးတွေထက်သာအောင် လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။


အဆင့်မြင့်တဲ့ လက်နက်ခဲယမ်း၊ ဗုံးသီးနဲ့ တာဝေးပစ်လက်နက်တွေကိုပါ ထုတ်လုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းပေးစေလိုကြောင်း မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment