7th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရ

📌 ၂။ မုံရွာထောင်တွင် ထောင်အာဏာပိုင်များက CDM ဝန်ထမ်းများကို Non CDMလုပ်ရန် ဖိအားပေးခြိမ်းခြောက်

📌 ၃။ ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ,၃၀၀ နီးပါး ဖမ်းဆီးခံရ


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်သုံ့ပန်းဗိုလ်ကြီးက ပြည်သူကိုသတ်ဖြတ်၊ အိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံ

🚩 ၂။ နတ်တလင်းမြို့နယ်တွင် စစ်တပ်နှင့် ရဲကို သတင်းပေးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခိုင်းနေသူ ပစ်ခတ်ခံရပြီး သေဆုံး

🚩 ၃။ စစ်တပ်နဲ့ ရဲများကို သတင်းပေးနေသည့် ဒလန်-လောက်ကောင် ဂျက်မအား ပစ်ခတ်ရှင်းလင်း

🚩 ၄။ ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိပြီး ကျွဲရှာသည့် အမျိုးသား  ခြေထောက်တစ်ဖက်ပြတ်

🚩 ၅။ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး()လုံးကြဲချ၊ ပြည်သူ()ဦး သေဆုံးပြီး ကလေး()ဦး အပါအဝင်()ဦး ဒဏ်ရာရ

🚩 ၆။ အကြမ်းဖက် စစ်ကောင်စီမှ လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော လူနေအိမ်‌ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံးနှစ်လုံးကြဲချကာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်

🚩 ၇။ မြဝတီမြို့ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး

🚩 ၈။ မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ပူးတွဲတာဝန်ထမ်းဆောင်မည်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ NLD ဒုတိယဥက္ကဋ္ဌနှင့် မန္တလေးတိုင်းဝန်ကြီးချုပ်  ဒေါက်တာဇော်မြင့်မောင် မန္တလေးဆေးရုံ ICU တွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရ


အောက်တိုဘာ

Radio NUG 


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်-NLD ဒုတိယဥက္ကဋ္ဌ နှင့် မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်သည် မန္တလေးဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင်(ICU)တွင် အရေးပေါ် ဆေးဝါးကုသမှု ခံယူနေရကြောင်း NLD သတင်းရင်းမြစ်များက သိရပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ပုဒ်မအမျိုးမျိုးတပ်၍ ထောင်ဒဏ် ၂၉ နှစ်ချမှတ်ထားခံရပြီး သွေးကင်ဆာခံစားနေရသော ဒေါက်တာဇော်မြင့်မောင်ကို  အကျဉ်းထောင်အတွင်းမှ အခုနောက်ဆုံး မန္တလေးဆေးရုံကြီး ICU တွင် အထူးကြပ်မတ် ဆေးဝါးကုသပေးနေရတယ်လို့ သိရပါတယ်။


အောက်တိုဘာလ ၆ရက်နေ့ နေ့လယ်ပိုင်းက လွတ်ငြိမ်းချမ်းသာ အမိန့်လာဖတ်သွားတယ်လို့ သိရပါတယ်။ 


၂၀၁၂ ခုနှစ်  ကြားဖြတ် ရွေးကောက်ပွဲတွင် NLD ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရပြီး ၂၀၁၅  အထွေထွေ ရွေးကောက်ပွဲတွင် မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် NLD အမရပူရမြို့နယ် ကိုယ်စားပြုရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရကာ ထိုမှတဆင့် မန္တလေးတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။


========================


📌📌 ၂။ မုံရွာထောင်တွင် ထောင်အာဏာပိုင်များက CDM ဝန်ထမ်းများကို Non CDMလုပ်ရန် ဖိအားပေးခြိမ်းခြောက်


အောက်တိုဘာ

Radio NUG 


မုံရွာအကျဉ်းထောင်တွင် CDM လုပ်ထားသည့် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက Non CDMလုပ်ရန် ဖိအားပေး လုပ်ဆောင်နေကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM)မှ သတင်းထုတ်ပြန်ပါတယ်။


ထောင်အာဏာပိုင်များသည် နိုင်ငံရေးအကျဉ်းသားများကို တာဝန်မှူးရုံးခန်းကို ခေါ်ယူ၍ ၎င်းတို့ ကိုယ်တိုင် ရေးသားထားသည့် " CDM အမည်စာရင်းမှ ပယ်ဖျက်ခွင့်‌ပေးရန်စသော အချက်များပါဝင်သည့် အသနားခံစာတွင် " CDMနိုင်ငံရေးအကျဉ်းသားများအား  လက်မှတ်ထိုးခိုင်းလျက် ရှိတယ်လို့ ဖော်ပြထားပါတယ်။


လက်မှတ်ထိုးခြင်းမရှိသည့် CDM နိုင်ငံရေးအကျဉ်းသားများကိုလည်း တာဝန်မှူးရုံးခန်းကို ခေါ်၍ အသနားခံစာတင်ပြလိုခြင်းမရှိကြောင်း ရေးသားထားသည့်စာတွင် ထောင်မှူး ဦးကျော်ဝင်းမှ လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် လက်မှတ်မထိုးသည့် နိုင်ကျဉ်းများကို မုံရွာထောင်မှူးကိုယ်တိုင် မိသားစုကို ငဲ့ကွက်ပြီး လက်မှတ်ထိုးပေးရန် ထပ်မံ ဖိအားပေးခဲ့ပါတယ်။


ယခုလက်ရှိတွင် မုံရွာအကျဉ်းထောင်ရှိ ဖမ်းဆီးခံထားရပြီး အသနားခံစာမတင်သည့် CDM ဝန်ထမ်းများကို ထပ်မံတရားစွဲဆိုနေသည့် ဖြစ်စဥ်များ ရှိမရှိကို ဆက်လက် စောင့်ကြည့်စုံစမ်းနေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ထိုင်းရဲ့ ရက် ၁၂၀ စီမံချက်အတွင်း တရားမဝင် မြန်မာလုပ်သား ,၃၀၀ နီးပါး ဖမ်းဆီးခံရ


အောက်တိုဘာ  

Radio NUG 


လွန်ခဲ့တဲ့ ၃လကျော်အတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် အလုပ်လုပ်ကိုင်မှုကြောင့် နိုင်ငံခြားသား ,၀၀၀  ကျော် ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားကြောင်း Bangkok Post သတင်းဌာနမှာ ဖော်ပြထားပါတယ်။


တရားမဝင်လုပ်သားတွေကိုရှာဖွေ၊ ဖမ်းဆီးပြီး လွှဲပြောင်းဖို့ နိုင်ငံအနှံ့က ရွှေ့ပြောင်းလုပ်သားတွေ ခန့်ထားတဲ့ လုပ်ငန်းခွင်တွေကို စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဝန်ကြီး Phiphat Ratchakitprakarn က ဆိုပါတယ်။


ဇွန်လ ရက်ကနေ အောက်တိုဘာ ရက်အထိ ထိုင်းအာဏာပိုင်တွေက ရွှေ့ပြောင်းအလုပ်သမား ၂၇၇,၇၇၀ ဦး (၂၈၀,၀၀၀ နီးပါး) ကို အလုပ်ခန့်ထားတဲ့ လုပ်ငန်းခွင် ၂၀,၁၅၂ ခု (၂၀,၀၀၀ ကျော်) ကို စစ်ဆေးခဲ့ရာမှာ ၈၄၄ ခုက တရားမဝင် လုပ်သားများ ခန့်အပ်ထားတာကို တွေ့ရှိခဲ့ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။


အဆိုပါ လုပ်ငန်းပေါင်း ၂၀,၀၀၀ ကျော်အတွင်း အလုပ်ခန့်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေထဲ မြန်မာနိုင်ငံသား ၂၀၉,၄၃၅ ဦး (၂၁၀,၀၀၀ နီးပါး) ရှိပြီး အများဆုံးဖြစ်ပါတယ်လို့ ဖော်ပြထားပါတယ်။


ထိုင်းအာဏာပိုင်တွေရဲ့ စစ်ဆေးချက်အရ အဆိုပါ တရားမဝင် လုပ်သားခန့်အပ်ထားတဲ့ လုပ်ငန်း ၈၄၄ ခုကနေ နိုင်ငံခြားသား လုပ်သားပေါင်း ,၀၆၃ ဦး ဖမ်းဆီးခံခဲ့ရပြီး မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား ,၂၈၉ ဦး နဲ့ အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား ၂၈၁ ဦး၊ လာအို ၃၁၅ ဦး၊ ဗီယက်နမ် ၄၁ ဦးနဲ့ အခြားနိုင်ငံသား ၁၃၇ ဦး စသဖြင့် အသီးသီး ပါဝင်တယ်လို့ သိရပါတယ်။


"ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို မောင်းနှင်ဖို့က အလုပ်သမား ကဏ္ဍအပေါ်မှာ မှီခိုနေပါတယ်။ ထိုင်းနိုင်ငံသားတွေကို အလုပ်ခန့်ထားရေးနဲ့ စီပွားရေးလုပ်ငန်းတွေရဲ့ လိုအပ်ချက်ကို ပြည်မီအောင်နဲ့ ကုန်ထုတ်လုပ်ရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုလုပ်ငန်း စတဲ့နယ်ပယ်တွေမှာ ထိရောက်မှုအမြင့်ဆုံးဖြစ်အောင် ၎င်းတို့ကိုကူညီပေးဖို့နိုင်ငံခြားသားအလုပ်သမားတွေကို ကြီးကြပ်ပေးမှုတို့အကြား ညီမျှအောင် ဦးစားပေးလုပ်ဆောင်နေတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးကပြောပါတယ်။ 


အလုပ်အကိုင်ဌာန ညွှန်ကြားရေးမှူးချုပ် Somchai Morakotsriwan က ၎င်းတို့ဌာနအနေနဲ့ ခရီးသွားအေးဂျင့်တွေ၊ ဧည့်လမ်းညွှန်တွေ၊ အနှိပ်ခန်းတွေ ဒါမှမဟုတ် ဆံပင်ညှပ်သမားတွေလိုမျိုး ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်အလုပ်တွေမှာ ဝင်လုပ်နေတဲ့ နိုင်ငံခြားလုပ်သားတွေကို စုံစမ်းစစ်ဆေးဖို့ အာရုံစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။ 


တချိန်တည်းမှာပဲ ဘန်ကောက်မြို့ တော်ဝန် Chadchart Sittipunt ကလည်း လမ်းသွားလမ်းလာများ အဆင်ပြေစေရေးနဲ့ လမ်းပေါ်ရှိ လမ်းဘေးဈေးသည်တွေကို သတ်မှတ်နေရာများသို့ ပြောင်းရွှေ့ရေးများကို အားစိုက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ စစ်သုံ့ပန်းဗိုလ်ကြီးက ပြည်သူကိုသတ်ဖြတ်၊ အိမ်များမီးရှို့ဖျက်ဆီးခဲ့ကြောင်း ဝန်ခံ


အောက်တိုဘာ ၆ရက်

Radio NUG


အောက်တိုဘာလ ရက်နေ့တွင် မုံရွာခရိုင်အမှတ် ၂၀ တပ်ရင်း - Battalion of Budalin-BOB က ဘုတလင်မြို့နယ်တွင် ပြည်သူပိုင် နေအိမ်များကို မီးရှို့ပြီး ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များ အရှင်ဖမ်းမိခဲ့သည့် ဗိုလ်ကြီး အောင်ကျော်ဇင် ဝန်ခံပြောဆိုခဲ့တဲ့ ရုပ်သံဖိုင်ကို ထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၃၀ရက်နေ့က  ဘုတလင်မြို့နယ်၊ ကူတော်ရွာ ရဲကင်းစခန်းမှ ဘုတလင်သို့ ပြန်လာသော  ဗိုလ်မှူးကျော်တင့် (ခမရ-၁၀၆) ဦးဆောင် ခမရ (၁၀၆၊ ၃၀၉၊ ၁၆) ခလရ ၂၂၉၊ နမခ တိုင်းလက်အောက်ခံ ပူးပေါင်းအင်အား (၈၅) ဦးပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ရာဗိုလ်ကြီးနှစ်ဦးပါ စစ်သုံ့ပန်း ၄၃ ဦး  ဖမ်းမိခဲ့ပြီး ဖမ်းမိသူများအနက် ခမရ ၃၀၉မှ တပ်ခွဲမှူးဖြစ်သော ဗိုလ်ကြီးအောင်ကျော်ဇင်  ထုတ်ဖော်ဝန်ခံထားသည့်ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခြင်းဖြစ်ပါတယ်။


"ကျွန်တော်ကတော့ ကူတော်ရွာမှာ ရွာတွင်းရှင်းလင်းတဲ့အချိန်မှာလည်း အပြစ်မဲ့အရပ်သားပြည်သူတွေကိုသတ်ဖြတ်ခဲ့ပါတယ် ပြီးတော့အပြစ်မဲ့ မိဘ ပြည်သူ့အိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ် အရာတော်ကိုလမ်းကြောင်းသွားတဲ့အချိန်မှာလည်း အပြစ်မဲ့ပြည်သူအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ် ။ဒီအတွက် ကျွန်တောမှာအပစ်ရှိကြောင်းဝန်ခံပါတယ် ဒီအတွက် အများပြည်သူများအနေဖြင့် ကျနော်အပေါ်နားလည်ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံတောင်းပန်အပ်ပါတယ်" လို့ ပြောကြားထားပါတယ်။


"မမိခင်ကတော့ အသိတရားမရှိဘူး။ ဖမ်းမိတော့မှ ဘာမေးမေး ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါဆိုတာက ပါးစပ်ဖျားကမချဘူး။ အခုတောင်းပန်တယ်ဆိုတာကလည်း ကြောက်ပြီး ပြောနေတာ။ စစ်ရာဇဝတ်မှုက ရာဇဝဝတ်မှုပါပဲ" လို့ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောထားပါတယ်။


တိုက်ပွဲအတွင်း ဖမ်းဆီး ရမိတဲ့ စစ်သုံ့ပန်းများကို စစ်စည်းကမ်း ဥပဒေ နှင့်အညီ လူသားဆန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ Battalion of Budalin-BOB ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ နတ်တလင်းမြို့နယ်တွင် စစ်တပ်နှင့် ရဲကို သတင်းပေးပြီး ပြည်သူများကို အကြောင်းမဲ့ ဖမ်းဆီး နှိပ်စက်ခိုင်းနေသူ ပစ်ခတ်ခံရပြီး သေဆုံး


အောက်တိုဘာ  

Radio NUG

အောက်တိုဘာလ ရက်နေ့ နံနက် နာရီ ၁၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ် တောင်ညို မြို့သစ် အောင်ရတနာရပ်ကွက်၊ ညောင်လှရွာတွင် နေထိုင်သော ဆိုင်ကယ် ကယ်ရီသမားဟန် အယောင်ဆောင်၍ အကြမ်းဖက် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော မြင့်ကြည်ဆိုသူကို သွားရောက် ဖမ်းဆီးခေါ်ဆောင်ရာ ပြန်လည်ခုခံသောကြောင့် ပစ်ခတ် ဖမ်းဆီးစဉ် သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း - ၃၈၀၁ တပ်ခွဲ- (Phoenix DF) မှ သတင်းထုတ်ပြန်ပါတယ်။


သေဆုံးသွားသော မြင့်ကြည် ဆိုသူသည် အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းကာ အချိန်အခါ မရှိ သွားလာလှုပ်ရှားခွင့်ရထားသူဖြစ်ပြီး တောင်သူလယ်သမား ပြည်သူများကို PDF နှင့် ပူးပေါင်းသည်ဟုဆိုကာ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက်စစ်သား၊ ရဲများထံ လိမ်ညာ သတင်းပေးခြင်းတို့ လုပ်ဆောင်နေသူ ဖြစ်ကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ စစ်တပ်နဲ့ ရဲများကို သတင်းပေးနေသည့် ဒလန်-လောက်ကောင် ဂျက်မအား ပစ်ခတ်ရှင်းလင်း


အောက်တိုဘာ

Radio NUG 


အောက်တိုဘာလ ၅ရက်နေ့ မနက်ပိုင်းတွင် ပဲခူးတိုင်း (အနောက်ခြမ်း) သဲကုန်းမြို့နယ်၊ ညောင်ကုန်းအုပ်စု ရွာသစ်ကုန်းရွာမှ ဂျက်မသည် စကစကို အားပေးထောက်ခံပြီး စစ်တပ်နဲ့ ရဲများကို သတင်း‌ပေးကာ ရပ်ရွာအတွင်းရှိ ပြည်သူများအား ဒုက္ခအမျိုးမျိုးပေးနေသဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သဲကုန်းမြို့နယ်၊ ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများကို ဒုက္ခရောက်အောင် ပြုလုပ်နေသူ၊ စစ်တပ်နဲ့ ရဲများကို သတင်းပေး ကူညီနေသူ စကစဒေါက်တိုင်မှန်သမျှကို ရှင်းလင်းသွားမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းအား နင်းမိပြီး ကျွဲရှာသည့် အမျိုးသား  ခြေထောက်တစ်ဖက်ပြတ်


အောက်တိုဘာ

Radio NUG

ကွတ်ခိုင်မြို့နယ် လွယ်ဆိုင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားတစ်ဦးသည် စစ်ကောင်စီ ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲကာ ၎င်း၏ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


အောက်တိုဘာလ ()ရက် နေ့လည်(၂း၅၀)အချိန်တွင် မိုင်းအိုက်ကျင် အသက်(၂၅) နှစ်သည် ၎င်း၏ကျွဲများအား လိုက်ရှာနေစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းတစ်လုံးကို နင်းမိပြီး ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ထိုနေရာသည် ယခင်က စစ်ကောင်စီ၏ အမြောက်တပ် တပ်စွဲထားသည့်နေရာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် မိုင်းအိုက်ကျင်၏ ညာခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ပြီး ၎င်း၏ ဘယ်ခြေထောက်၊ လက်နှင့် ခန္ဓာကိုယ်တို့တွင်လည်း မိုင်းစအများအပြား ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ဒဏ်ရာရရှိခဲ့သူအား ကွတ်ခိုင်မြို့ PSLF/TNLA အုပ်ချုပ်ရေး တာဝန်ရှိသူများနှင့် တရားဥပဒေစိုးမိုးရေးအဖွဲ့တို့ သွားရောက်ကြည့်ရှု့ စစ်ဆေးကာ ကွတ်ခိုင်ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသပေးခဲ့ပါတယ်။


========================


🚩🚩 ၅။ သီပေါမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် ဂျက်လေယာဥ်ဖြင့် ပေါင်(၅၀၀)ဗုံးအပါအဝင် ဗုံး()လုံးကြဲချ၊ ပြည်သူ()ဦး သေဆုံးပြီး ကလေး()ဦး အပါအဝင်()ဦး ဒဏ်ရာရ


အောက်တိုဘာ  

Radio NUG 


သီပေါမြို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး()လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပြီး ဒေသခံပြည်သူ()ဦး သေဆုံးခဲ့ပြီး (၁၀)လသားအရွယ် ကလေးငယ်အပါအဝင် ()ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ရက် (၈း၃၀)အချိန်မှ (၁၀)နာရီအချိန်ထိ စစ်ရှုံးနေသည့် စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်ဖြင့် ပြည်သူလူထုများအား ဦးတည်ကာ သီပေါမြို့အတွင်း ဆက်တိုက်လာရောက်ဗုံးကြဲခဲ့ပြီး ဇာတ်စုရပ်ကွက် ရဲစခန်းအနီးတွင် ()လုံး၊ အနောက်ရပ်ကွက် စံပြမုန့်ဆိုင်တွင် ()လုံးနှင့် တောင်မြို့ရပ်ကွက် လယ်ကွက်အနီးတွင် ()လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့ စံပြမုန့်ဆိုင်တွင် ညအိပ်စောင့်နေသည့် ကိုနိုင်သိန်း အသက်(၅၁)နှစ်ဆိုသူ သေဆုံးခဲ့ပြီး သီပေါရဲစခန်းတွင် အကျဥ်းကျနေသည့် ကိုရဲနှင့် ကိုဖိုးချို ()ဦး၏ ဒူး၊ လည်ပင်းနှင့် လက်တို့တွင် ထိခိုက်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ကာ စံပြမုန့်ဆိုင်၏ နှစ်ထပ်တိုက်ဆိုင်ခန်းလည်း မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။


အလားတူ (၉း၅၀)အချိန်တွင်လည်း နမ့်လန်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာဖြင့် လက်နက်ကြီး ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး လွယ်ကျိုင်းကျေးရွာနှင့် အေရှာဝေါတိုးဂိတ်အနီးတွင် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လွယ်ကျိုင်းကျေးရွာရှိ မနန်းဆိုင်နွန်းနှင့် ၎င်း၏ (၁၀)လသားအရွယ်နှင့် ()နှစ်အရွယ် ကလေးငယ်()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဦးတင်ဝင်း၊ ဦးသိန်းထွန်း၊ ဦးစိုးမြင့်တို့ အမျိုးသား()ဦးလည်း နဖူး၊ ဒူး၊ လက်၊ ရင်ဘတ်၊ မျက်စိနှင့် နောက်ကျောတို့တွင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ဒေသခံများ၏နေအိမ် အလုံး(၂၀)ကျော်နှင့် အိမ်စီးကားများ ဆိုင်ကယ်ယာဥ်များနှင့် နေအိမ်အတွင်းရှိပစ္စည်းများလည်း ထိခိုက်မီးလောင်ပျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ အကြမ်းဖက် စစ်ကောင်စီမှ လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော လူနေအိမ်‌ပေါ်သို့ ပေါက်ကွဲအားပြင်းထန်သော ဗုံးနှစ်လုံးကြဲချကာ လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်


အောက်တိုဘာ  

Radio NUG 

အောက်တိုဘာလ ()ရက် နေ့လယ် (:၃၆) နာရီအချိန်တွင် စစ်ကောင်စီဖက်မှ လားရှိုးမြို့  ရပ်ကွက် (5) မန်အိုင်ကုန်းပေါ်၊ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးရှိ လူနေအိမ်ပေါ်သို့ ပေါက်ကွဲအား ပြင်းထန်သော ဗုံးနှစ်လုံး ကြဲချကာ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးဒဏ်ကြောင့် သုံးထပ်တိုက် အိမ်တစ်လုံးနှင့် နှစ်ထပ်တိုက် အိမ်တစ်လုံးအပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦးလည်း (မစိုးရိမ်ရ)ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


"ဘာဖြစ်လို့ ဗုံးလာကြဲနေမှန်းကိုမသိဘူး။ ညရော နေ့ရော ဗုံးလာကြဲနေတာအရမ်းလည်းကြောက်တယ်။ တခြားသွားစရာလည်း မရှိဘူး။ကြောက်ကြောက်နဲ့ ဒီမှာဘဲ နေရတယ်"လို့မြို့နေပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။


လားရှိုးမြို့နဲ့ ပတ်ဝန်းကျင်ရွာတွေအပါအဝင် ရှမ်းပြည်မြောက်ပိုင်းရှိ မြို့များကို စစ်ကောင်စီဖက်မှ လေကြောင်းဗုံးကြဲ တိုက်ခိုက်နေမှု အကြိမ်ကြိမ်ပြုလုပ်နေခြင်းအပေါ်  ပြည်သူအများက စိုးရိမ်ထိတ်လန့်ကြီးစွာဖြစ်နေရကာ လားရှိုးမြို့မှာဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းများ ပြတ်တောက်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ မြဝတီမြို့ရှိ ဥကရစ်ထစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု စစ်သား ဦး သေဆုံး


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ရက် နေ့တွင် မြဝတီမြို့တောင်ဘက်၊ ဝေါ်လေမြိုင်မြို့ ဝေါ်လေဗျူဟာ အနီးရှိ အကြမ်းဖက်စစ်သား အင်အား ၄၀ ခန့်ဖြင့် တပ်စွဲထားသော ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ  ယခင်နေ့များကလည်း ဒရုန်းဖြင့် အကြိမ်ကြိမ်သွားရောက်တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း စစ်သား ဦးထက် မနည်း သေဆုံးမှုရှိကြောင်း သိရပါတယ်။


အဆိုပါ စခန်းထဲတွင် အယောက် ၇၀ ကျော် ၈၀ နီး ပါးလောက်ရှိခဲ့ပြီး ထွက်ပြေးသွားတဲ့လူတွေ၊ ဒဏ်ရာရလို့ လဲထားတဲ့ လူတွေနဲ့ဆိုရင် အယောက် ၄၀ လောက်ပဲ ကျန်တော့ကာ၊ ဥကရစ်ထက ဆုံစည်းမြိုင်တို့ စုကလိတို့ကို ဖြုတ်ပြီးတော့ ဗျူဟာပုံစံများထားတဲ့ စခန်း အရေးပါတဲ့ စခန်းတစ်ခုလို့ သိရပါတယ်။


========================


🚩🚩 ၈။ မဟူရာ ရွှေဘိုသား တော်လှန်ရေးတပ်ဖွဲ့က NUG ကာကွယ်ရေးဝန်ကြီးဌာနအောက်တွင် ပူးတွဲတာဝန်ထမ်းဆောင်မည်


အောက်တိုဘာ

Radio NUG

စစ်ကိုင်းတိုင်း၊ ရွှေဘိုအခြေစိုက် မဟူရာရွှေဘိုသား တော်လှန်ရေးအဖွဲ့က အမျိုးသားညီညွတ်ရေးအစိုးရလက်အောက်ထံ ပြောင်းလဲရပ်တည်တော့မယ်လို့ တရားဝင် ကြေညာချက်တစ်ရပ် သတင်းထုတ်ပြန်ပါတယ်။


မဟူရာရွှေဘိုသားLPDF အဖွဲ့ စတင်ဖွဲ့စည်းထူထောင်ခဲ့ချိန်မှ စတင်ပြီး ယခုအချိန်အထိ မိမိတို့ အဖွဲ့အစည်းသည် ပြည်သူ့အတွက် အားအင်အပြည့်အဝဖြင့် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့သည့်အပြင် အာဏာရှင်စနစ်ကိုလည်း ခါးခါးသီးသီး ပုန်ကန်တော်လှန်ခဲ့ကြပါသည်။ ဤကဲ့သို့ မဆုတ်မရွံ့နှင့် တော်လှန်ရေးကို ပါဝင်နေခဲ့သော မိမိတို့၏ "မဟူရာ ရွှေဘိုသား" ကို ယခုအခါ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင် တပ်ရင်းတခုဖြစ်သော ရွှေဘိုခရိုင် အမှတ် ()တပ်ရင်း၏ တပ်ခွဲ () တပ်စု()နှင့် ပူးတွဲတာဝန်ထမ်းဆောင်တော့မည် ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ပါသည် လို့ ဖော်ပြထားပါတယ်။


မဟူရာရွှေဘိုသားတပ်ဖွဲ့ဟာ ရွှေဘိုအခြေစိုက် တော်လှန်ရေးအင်အားစုတွေနဲ့အတူ တိုက်ပွဲကြီးတိုက်ပွဲငယ်အချို့မှာ ပါဝင်တိုက်ခိုက်ခဲ့ပြီး စစ်ဘေးရှောင်ပြည်သူတွေကိုလည်း အကူအညီတွေ ပေးအပ်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတစ်ခုပဲ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment