9th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကို ရောက် နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး

📌 ၂။ စစ်အာဏာသိမ်းမှုက ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အလုံးစုံပျက်သုဉ်းစေခဲ့တယ်လို့ ကုလအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော 

📌 ၃။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေဖြင့် ကွယ်လွန်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်းထုတ်ပြန်

📌 ၄။ မြန်မာစစ်အကြမ်းဖက် အုပ်စု၏ လေကြောင်းတိုက်ခိုက်ရေးများတွင် အဓိက အသုံးပြုလျက်ရှိသည့် လေယာဉ်နှစ်မျိုးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် K-8 Karakorum လေယာဉ်နှင့် Harbin Y-12 လေယာဉ်များ ဖြစ်

📌 ၅။စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ"အစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ နှင့် သတင်းမီဒီယာများ၌ ထုတ်လွှင့်ပြသမည်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပင်လည်ဘူးမြို့ကို ကောလင်းခရိုင် PDF နဲ့ပကဖအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA အသိပေး 

🚩 ၂။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းတွေ အလင်းဝင်လာသူတွေကို လက်နက် ၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်ကိုင်းပကဖ ထုတ်ပြန်

🚩 ၃။ ဟားခါးမြို့ပေါ်က ရဲတဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF ဟားခါးထံ အလင်းဝင် 

🚩 ၄။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်

🚩 ၅။ စစ်ကောင်စီတပ် အဓိက ခြေကုပ်ယူထားရာဖြစ်တဲ့ မုံရွာ၊ ရွှေဘို နဲ့ ကန့်ဘလူမြို့တွေဟာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့  ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြို့ကြီးတွေ ဖြစ်လာတော့မယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကို ရောက် နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ်သတင်းစကားပါး


အောက်တိုဘာ၉ရက်


တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကို ရောက် နေပြီလို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အောက်တိုဘာ၈ရက်အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာသတင်းစကားပါးဆိုလိုက်ပါတယ်။


"ကျွန်တော်တို့တွေအားလုံး ဒီနှစ်အတွင်းမှာ တတ်နိုင်သလောက် စိုးမိုးထိန်းချုပ်ဒေသ တွေ ပိုမိုတိုးပွားအောင် လုပ်ဆောင်ဖို့ကတော့ အင်မတန် အရေးတကြီး လုပ်ဆောင်ကြရမယ့် အလုပ်လဲ ဖြစ်ပါတယ်။ အခုအချိန်ကာလဟာ တော်လှန်ရေးရဲ့ အရေးကြီးဆုံးအချိန်ကို ရောက် နေပြီဆိုတာ အားလုံးလည်း သိရှိပြီးဖြစ်မှာပါ။ စစ်အုပ်စုကလည်း သူလုပ်နိုင်သမျှ အစွမ်းကုန် တစ်ခုချင်း အဆက်မပြတ် လုပ်ဆောင်နေပြီဖြစ်သလို ကျွန်တော်တို့ အစိုးရအပါအဝင် တော်လှန်ရေးအင်အားစုတွေအားလုံးကလည်း လုပ်သင့်လုပ်ထိုက်တာတွေကို မြန်မြန်သွက် သွက် လုပ်ဆောင်ကြရမယ့် အချိန်ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့မဟာမိတ်များအကူအညီကြောင့်စစ်ကိုင်းတိုင်းပင်လည်ဘူးမြို့ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၂။ စစ်အာဏာသိမ်းမှုက ပြည်တွင်းတရားဥပဒေစိုးမိုးရေးကို အလုံးစုံပျက်သုဉ်းစေခဲ့တယ်လို့ ကုလအစည်းအဝေးမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြော 


အောက်တိုဘာ၉ရက်


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုက မူးယစ်ဆေးဝါးနဲ့အွန်လိုင်းငွေလိမ်လည်မှုလို ရာဇဝတ်မှုတွေတိုးပွားလာပြီး ပြည်တွင်း တရားဥပဒေစိုးမိုးရေးကို အလုံးစုံပျက်သုဉ်းစေခဲ့တယ်လို့ ကုလသမဂ္ဂအစည်းအဝေးမှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်ရုံးမှာ အောက်တိုဘာ ရက်ကလုပ်တဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ လူမှုရေး၊ လူသားချင်း စာနာမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီမှာ ပြစ်မှုကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှတမှု၊ သတင်းအချက်အလက်နှင့်နည်းပညာအား ပြစ်မှုရေးရာအတွက် အသုံးပြုခြင်းကို တိုက်ဖျက် ခြင်းနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးတို့နဲ့ စပ်လျဉ်းတဲ့ အထွေထွေဆွေးနွေးမှု အစီအစဉ်မှာ မြန်မာသံအမတ်ကြီး က ထည့်သွင်းပြောကြားလိုက်တာဖြစ်ပါတယ်။ 

မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အရပ်သားအစိုးရလက်ထက်က မူးယစ်ဆေးဝါး ပပျောက်စေရေးနဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုခင်းများ တိုက်ဖျက်ရေးအတွက် လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုမျာလုပ်ဆောင်ဖို့ ကတိကဝတ် ပြုခဲ့ပေမယ့် စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်း မတရား စစ်အာဏာသိမ်းဖို့ ကြိုးပမ်းခဲ့တာကြောင့် အဆိုပါ လုပ်ငန်းစဉ်တွေ တားဆီးဟန့်တားခံခဲ့ရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ရှင်းပြခဲ့ပါတယ်။

အကြမ်းဖက်စစ်တပ်ကြောင့် ပြည်တွင်းတရားဥပဒေစိုးမိုးရေး အလုံးစုံ ပျက်သုဉ်းစေခဲ့ပေမယ့် နိုင်ငံတကာရာဇဝတ်မှုခင်း များအတွက် လုံခြုံတဲ့ရပ်ဝန်းတခု ဖြစ်လာခဲ့တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ထောက်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်ကစပြီး ဘိန်းစိုက်ပျိုးမှု ကျဆင်းစေဖို့ လုပ်ဆောင်နိုင်ခဲ့ပေမယ့် စစ်အာဏာသိမ်းဖို့ ကြိုးပမ်းမှု ဖြစ်ပေါ်ခဲ့တဲ့နောက်ပိုင်း ရှမ်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။ 

အခုလို လုပ်ငန်းချဲ့ထွင်လာတာဟာ မဲခေါင်ဒေသမှာကြီးထွားလာတဲ့ တရားမဝင်စီးပွားရေးကို ပိုမိုအကျိုးပြုစေပြီး ငွေကြေး ခဝါချမှုနဲ့ လောင်းကစားရုံများ၊ အွန်လိုင်းလိမ်လည်မှုတွေလို အွန်လိုင်းရာဇဝတ်မှုတွေအတွက် လမ်းကြောင်းပေးသလို ဖြစ်ခဲ့ တဲ့အပြင် အကြမ်းဖက်စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေပါဝင်လာတာကြောင့် အွန်လိုင်းလိမ်လည်မှုများ ကျူးလွန်ရာလုပ်ငန်းများအတွက် အဓိကကျတဲ့နေရာ ဖြစ်လာခဲ့တယ်လို့လည်း အစည်းအဝေးမှာ မြန်မာသံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

 မကြာသေးမီကဖြစ်ခဲ့တဲ့ လောက်ကိုင်နဲ့ရွှေကုက္ကိုလ်ဖြစ်စဉ်တွေကို ဥပမာပြပြီး မြန်မာသံအမတ်ကြီးက ပြောကြားခဲ့တာဖြစ် ပါတယ်။

ထို့အတူ အာဏာသိမ်းအကြမ်းဖက်စစ်တပ်အောက်မှာ ပြည်တွင်းတရားဥပဒေစိုးမိုးမှု ပျက်သုဉ်းခဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ အကျင့်ပျက်ချစားမှုများ၊ အလုပ်လက်မဲ့ဖြစ်မှု၊ အတင်းအကျပ် လုပ်သားခိုင်းစေမှုနဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေ ကုန်ကူးမှု စတဲ့ မတည်ငြိမ်မှုတွေ ကြီးထွားစေခဲ့တဲ့အပြင် ပြည်သူလူထုဟာ အကြမ်းဖက်စစ်တပ်ရဲ့ မတရား ဖမ်းဆီးချုပ် နှောင်မှု ဥပဒေမဲ့ ကွပ်မျက်မှု၊ အတင်းအကျပ် တပ်သာစုဆောင်းမှု၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ ကျေးရွာများနဲ့ အိမ်များကို မီးရှို့ ဖျက်ဆီးမှု စတဲ့ ရက်စက်ကြမ်းကြုတ်မှုများ၊ ရာဇဝတ်မှုများနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအမျိုးမျိုးတို့ကို ကြုံတွေ့ခံစားနေတယ်လို့လည်း အသိပေးခဲ့ပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ ပြဿနာတွေရဲ့ ဇစ်မြစ်ဖြစ်တဲ့ အကြမ်းဖက်စစ်တပ်နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေး၊ အကြမ်းဖက်မှုစက်ဝိုင်းနဲ့ရာဇဝတ်မှုများ ရပ်တန့်ချုပ်ငြိမ်းနိုင်ရေးအတွက် နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ ခိုင်မာအား ကောင်းတဲ့ အထောက်အပံ့များနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်ချက်တွေလုပ်ဆောင်ပေးဖို့ ကုလသမဂ္ဂအစည်းအဝေး မှာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေဖြင့် ကွယ်လွန်သူမိသားစုနှင့်ထပ်တူဝမ်းနည်းကြောင်းထုတ်ပြန်


အောက်တိုဘာ၉ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်မှုအတွက် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးအနေဖြင့် ကွယ်လွန်သူမိသားစုနှင့်ထပ်တူဝမ်းနည်ကြေကွဲရတယ်လို့ အောက်တိုဘာ၉ရက်မနက်ပိုင်း မှာ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကဖော်ပြပါတယ်။


 မြန်မာနိုင်ငံ ဒီမိုကရေစီရရှိရေးနှင့် မြန်မာပြည်သူများအတွက် ဒေါက်တာဇော်မြင့်မောင်၏ ပေးဆပ်မှုများကို အမြဲတမ်း အမှတ်ရလျက်ရှိနေမှာဖြစ်ပြီး မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးရန် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးက ထပ်လောင်းတောင်းဆိုလိုက်တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ မြန်မာစစ်အကြမ်းဖက် အုပ်စု၏ လေကြောင်းတိုက်ခိုက်ရေးများတွင် အဓိက အသုံးပြုလျက်ရှိသည့် လေယာဉ်နှစ်မျိုးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် K-8 Karakorum လေယာဉ်နှင့် Harbin Y-12 လေယာဉ်များ ဖြစ်


အောက်တိုဘာ၉ရက်


မြန်မာစစ်အကြမ်းဖက် အုပ်စု၏ လေကြောင်းတိုက်ခိုက်ရေးများတွင် အဓိက အသုံးပြုလျက်ရှိသည့် လေယာဉ်နှစ်မျိုးမှာ တရုတ်နိုင်ငံမှ ထုတ်လုပ်သည့် K-8 Karakorum လေယာဉ်နှင့် Harbin Y-12 လေယာဉ်များ ဖြစ်ပြီးThe Hongdu K-8 Karakorum K-8 သည် ဂျီယန်ဟောင်ဒူ ( Jiang Hongdu Aviation Industry Group) လေကြောင်းစက်မှုလုပ်ငန်းမှ ဒီဇိုင်းထုတ်လုပ်ကာ ပါကစ္စတန် Aeronautical Complex နှင့် ပူးပေါင်းထုတ်လုပ်သော အပေါ့စားတိုက်ခိုက်ရေး ဂျက်လေယာဉ်ဖြစ်ပါတယ်"လို့အောက်တိုဘာလအတွင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းကအသိပေးဖော်ပြပါတယ်။


ထိုင်ခုံနှစ်ခုပါသော အဆိုပါလေယာဥ်များဟာ ၁၉၉၈-၁၉၉၉ ခုနှစ်များတွင် မြန်မာနိုင်ငံသို့ ပထမဆုံး ရောက်ရှိခဲ့ပြီး မြန်မာ့လေတပ်တွင် စုစုပေါင်း ၆၂ စီးရှိကာ၂၃ မီလီမီတာ အမြှောက်များ တပ်ဆင်နိုင်သည့် အကြမ်းဖက်တိုက်ခိုက်မှုများတွင် ထိရောက်စွာ အသုံးပြုနေသည်လို့ Myanamrwitness က ထုတ်ပြန်ထားပါတယ်။


 မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများတွင် K-8 သည် အဓိက အခန်းကဏ္ဍကို ထမ်းဆောင်နေပြီး၊ တော်လှန်ရေးတပ်ဖွဲ့များ၊ ဘုန်းကြီး‌ေကျာင်းများနှင် ကိုယ်၀န်ဆောင် ကလေးသူငယ်များအား တိုက်ခိုက်ရာတွင် မကြာခဏ အသုံးပြုနေတယ်လို့သိရပါတယ်။


Harbin Y-12 သည် AVIC AviChina လုပ်ငန်းခွဲမှ ထုတ်လုပ်သည့် တာဘိုအင်ဂျင်သုံး သယ်ယူပို့ဆောင်ရေးလေယာဉ်ဖြစ်ပြီး၊ မြန်မာ့လေတပ်တွင် ၂၀၂၁ ခုနှစ်တွင် Y-12 လေယာဉ်လေးစီးရရှိထားပါတယ်။


 Y-12 သည် စစ်တပ်မှ စတင်၍ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုခဲ့သော်လည်း၊ လက်ရှိတွင် ဖျက်အားပြင်းဗုံးများဖြင့် တိုက်ခိုက်ရာတွင်လည်း အသုံးပြုနေပြီ ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၅။စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ"အစီအစဥ်ကို ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ နှင့် သတင်းမီဒီယာများ၌ ထုတ်လွှင့်ပြသမည်


အောက်တိုဘာ၉ရက်


"စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ"အစီအစဥ်ကို အပတ်စဥ် တနင်္ဂနွေနေ့၊ ညနေ ()နာရီတွင် ကာကွယ်ရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာ နှင့် သတင်းမီဒီယာများ၌ ထုတ်လွှင့်ပြသမယ်လို့ အောက်တိုဘာ၈ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တိုက်ပွဲအတွင်း ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို နိုင်ငံတကာဥပဒေများနှင့်အညီ ထိန်းသိမ်း စောင့်ရှောက်ထားလျက် ရှိတယ်လို့ဖော်ပြပါတယ်။


ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ၏ ရင်တွင်းစကားသံများကို ပြည်သူလူထုသိရှိစေရန် ရည်ရွယ်ချက်ဖြင့် "စစ်သုံ့ပန်းတို့စကား ပြည်သူကြားစေ" အစီအစဥ်ကို ထုတ်လွှင့် တင်ဆက်လိုက်တယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပင်လည်ဘူးမြို့ကို ကောလင်းခရိုင် PDF နဲ့ပကဖအဖွဲ့တွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ KIA အသိပေး 


အောက်တိုဘာ၉ရက်

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်- စစ်ဒေသ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖ တွေပူးပေါင်းတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ကချင်လွတ်လပ်ရေး တပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက ပြောကြားလိုက်ပါတယ်။

ရှေ့တန်းစစ်မြေပြင် သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်း ပြန်ကြားရေးဌာနက အောက်တိုဘာ ရက် ညပိုင်းမှာ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်-PDF နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖတို့ပူးပေါင်း အောက်တိုဘာ ရက်မနက်ပိုင်းမှာ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ အသိပေးထားပါတယ်။

ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်စခန်းတွေဖြစ်တဲ့ ခမရ-၁၆၊ ခမရ - ၃၆၃၊ ခမရ-၃၆၈၊ ခလရ-၈၇၊ ခမရ-၁၀၁၊ ခလရ ၃၀၁ တပ်ရင်းတွေအပါအဝင် ရဲ၊ SNA ပျူစောထီးတပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ အမှတ်- စစ်ဒေသ ကောလင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပကဖတွေ ဩဂုတ် ၁၅ ရက်က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနေ့ အောက်တိုဘာ ရက် မနက်မှာ သိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေဆီက စစ်လက်နက်အများအပြား သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြထားပါတယ်။

ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ KIA တပ်ဖွဲ့ဝင်တွေ ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောနေ ပေမယ့် KIA သတင်းပြန်ကြားရေးဌာနကတော့ ဒီအချက်ကို ထည့်သွင်းဖော်ပြထားတာမရှိပါဘူး။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာတော့ ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြေပြင်စစ်ကူမရတာ ကြောင့် လက်နက်ချခဲ့ရတာလို့ ရေးသားထားပါတယ်။ 

ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းယူလိုက်ပြီးနောက် စစ်ကောင်စီဟာ မနေ့နေ့လည်ပိုင်းကစ‌ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ 

ပင်လယ်ဘူးမြို့သိမ်းတိုက်ပွဲမှာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်သုံ့ပန်းတွေဖမ်းမိထားသလို ဘိန်းဖြူနဲ့ မူးယစ်ဆေးဝါးတွေလည်း သိမ်းဆည်းရရှိထားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၂။ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းတွေ အလင်းဝင်လာသူတွေကို လက်နက် ၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်ကိုင်းပကဖ ထုတ်ပြန်


အောက်တိုဘာ၉ရက်


စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က စစ်သုံ့ပန်းတွေ အလင်းဝင်လာသူတွေကို လက်နက် ၄၀၀ ကျော်နဲ့အတူ ဖမ်းဆီးရမိထားတယ်လို့ စစ်ကိုင်းတိုင်း ပကဖ က ဒီနေ့ အောက်တိုဘာ မှာ ထုတ်ပြန်လိုက်ပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့ကစပြီး ပင်လည်ဘူးမြို့ကို တိုက်ခိုက်ခဲ့ရာ ၅၃ ရက်ကြာ တိုက်ပွဲတွေ နေ့စဥ်ဖြစ်ခဲ့ပြီးနောက် တမြို့လုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာလို့ ဆိုပါတယ်။

 တိုက်ပွဲအတွင်း ပင်လည်ဘူးမြို့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဘက်က လက်နက်ချပြီး ဆုတ်ခွာခွင့်တောင်းပြီး ဆုတ်ခွာသွား တဲ့အတွက် ပင်လည်ဘူးမြို့ကို အမှတ် စစ်ဒေသ ပြည်သူ့ကာကွယ် ရေးတပ်မတော် PDF နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ တွေက အလုံးစုံ ထိန်းချုပ်နိုင်လိုက်တာလို့ အသိပေးထားပါတယ်။ 

အောက်တိုဘာ ရက်နေ့ ညပိုင်းမှာ ပင်လည်ဘူးရဲစခန်းနဲ့ စစ်ကူလာရောက်တဲ့ ဘဏ်ကုန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒဏ်ရာရသူများ၊ မိသားစုဝင်များနဲ့ ရိက္ခာပြတ်လပ်လာနေတာတွေကြောင့် လက်နက်ချဆုတ်ခွာခွင့်ပေးဖို့ ခွင့်တောင်းလာတဲ့ အတွက် ချက်ချင်းစီစဥ်ပေးခဲ့တယ်လို့လည်း ဆက်ပြီး မသိပေးထားပါတယ်။ 

ဒါကြောင့် အောက်တိုဘာ ရက်နေ့ မနက်ပိုင်းမှာ ပင်လည်ဘူးမြို့ကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဘက်က လက်နက်ချသူတွေကို ဝန်းသိုမြို့ဘက် ဆုတ်ခွာခွင့်ပေးခဲ့ပြီး ဖမ်းဆီရမိတဲ့ သုံ့ပန်းတွေကို ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့လည်း စစ်ကိုင်းတိုင်း ပကဖ က ပြောပါတယ်။

ပင်လည်ဘူးမြို့မှာ ခမရ ၃၀၁၊ ခမရ ၁၀၁၊ ခမရ ၁၁၁၊ SNA တပ်ရင်း ၆၁၄၊ ရဲတပ်ဖွဲ့တို့ရှိပြီး စစ်ကောင်စီဘက်က စစ်ကူ ကြိမ်ပေးခဲ့ရာမှာ စစ်ကူတပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၆၃၊ ခမရ ၁၆၊ ခမရ ၃၆၈၊ ခမရ ၈၇ အပါအဝင် စုစုပေါင်းတပ်ရင်း ၁၁ ရင်းခန့်ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ မြို့မကျစေရေးအတွက် လေယာဉ်မျိုးစုံနဲ့ အကြိမ်ရေ ၁၃၀ ကျော် လေကြောင်းပစ်ကူပေးခဲ့ပြီး ပေါင် ၅၀၀၊ ပေါင် ၃၀၀၊ ပေါင် ၂၀၀ ဗုံး စုစုပေါင်း အလုံး ၃၀၀၀ ကျော် ကြဲချတိုက်ခိုက်ခဲ့သလို လက်ရှိအချိန်ထိလည်း လေကြောင်းကနေ ဆက်လက်ပစ်ခတ်တိုက်ခိုက်ဆဲလို့ ဆိုပါတယ်။ 

စစ်ဆင်ရေးကာလအတွင်း  စစ်ကောင်စီတပ်တွေဆီကနေ လက်နက်မျိုးစုံ ၄၀၀  ကျော် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကူ စစ်ကြောင်း တခုလုံးကို ချေမှုန်းနိုင်ခဲ့တာကြောင့် စစ်သုံ့ပန်းအမြောက်အမြားဖမ်းဆီးရမိသလို အလင်းဝင်ပူးပေါင်းတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်းရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့တွေ နောက်ဆုံးအခြေချခဲ့တဲ့ ပင်လည်ဘူးရဲစခန်းအတွင်းကနေ ဘိန်းဖြူခွက်ရေ ၈၀ ခန့်လည်း သိမ်းဆည်းရမိခဲ့တယ်လို့လည်း စစ်ကိုင်းတိုင်း ပကဖ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးကာလအတွင်း အမှတ် စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တပ်ရင်းများ၊ အထူးတပ်ရင်းများ၊ ကွန်မန်ဒိုတပ်ရင်းများ၊ ဗျုဟာထုတ်နှုတ်တပ်ဖွဲ့များ၊ ကွပ်ကဲရေးတပ်ဖွဲ့များ၊ ကချင်လွတ် မြောက်ရေးတပ်မတော်-KIA က တပ်ဖွဲ့ဝင်များ အမှတ် စစ်ဒေသ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ကွပ်ကဲမှု အောက်မှာရှိတဲ့ ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေးတပ်ဖွဲ့များ၊ ရွှေဘိုခရိုင် ပကဖ  ဒရုန်းတပ်ဖွဲ့နဲ့ တိုက်ခိုက်ရေးတပ်ဖွဲ့၊ ဒေသခံ ကောလင်းခရိုင် ပကဖ လှုပ်ရှားတိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ ဖြစ်တဲ့ ကောလင်း၊ဝန်းသို၊ပင်လည်ဘူးမြို့နယ် ပကဖတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ လုံခြုံရေးအဖွဲ့ -ပလဖများ ပါဝင်တိုက်ခိုက်ခဲ့ကြ တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးကာလအတွင်း မဆုတ်မနစ် သက်စွန့်ကြိုးပမ်းပြီး သွေးချွေးရင်းကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် စွမ်းစွမ်းတမံ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ တော်လှန်ရေး ရဲဘော်တွေနဲ့ ပြည်သူလူထုကိုလည်း လေးစားချီးကျူး ဂုဏ်ပြုမော်ကွန်း တင်တယ်လို့ စစ်ကိုင်းတိုင်း ပကဖ က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဟားခါးမြို့ပေါ်က ရဲတဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF ဟားခါးထံ အလင်းဝင် 


အောက်တိုဘာ၉ရက်


ချင်းပြည်နယ် ဟားခါးမြို့ပေါ်က ရဲတပ်ဖွဲ့ဝင်တဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတဲ့အတွက် CDF ဟားခါးက ဆုငွေချီးမြင့်ပြီး လုံခြုံတဲ့နေရာ ပို့ပေးလိုက်ပြီလို့ CDF ဟားခါးက ထုတ်ပြန်ထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တပ်ဖွဲ့ဝင်တဦးဟာ သူတာဝန်ကျရာ ဟားခါးမြို့ပေါ်ကနေ CDF ဟားခါး ထံ အောက်တိုဘာ ရက်နေ့မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း ယူဆောင်လာတယ်လို့ သိရပါတယ်။ 

အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင်ကို CDF ဟားခါးက ဆုငွေချီးမြင့်တဲ့အပြင် လုံခြုံသည့်နေရာကို ပို့ဆောင်ခဲ့ပြီဖြစ်သလို CDM ဝင်လိုတဲ့ စစ်ကောင်စီဘက်တော်သားတွေ အချိန်မရွေးဆက်သွယ်နိုင်ပြီး အလင်းဝင်လာသူတွေအတွက် လုံခြုံရေး အာမခံ ပေးမယ်လို့ CDF ဟားခါးက အသိပေးထားပါတယ်။ 

လက်ရှိမှာ CDF-ဟားခါးထံ စစ်ကောင်စီဘက်တော်သားတွေ ဆက်တိုက်ဆိုသလို အလင်းဝင်နေရာ စက်တင်ဘာလအတွင်း  ကလည်း ဟားခါးမြို့ပေါ်က ရဲအရာရှိတဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် ဦးအလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF အခြေခံစစ်သင်တန်းဆင်းပွဲပြုလုပ်


အောက်တိုဘာ၉ရက်


ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က လတာသင်ကြားပေးခဲ့တဲ့ အခြေခံစစ်သင်တန်းဆင်းပွဲကို အောက်တိုဘာ ရက်နေ့က ဒီးမော့ဆိုမြိုနယ်မှာ ပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ သင်တန်းသား သင်တန်းသူ ၂၄၄ ဦး တက်ရောက် အောင်မြင်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေး တပ်-KNDF က ဆိုပါတယ်။ 

ဒီအခမ်းအနားကို KA KNDF စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ် တက်ရောက်ခဲ့သလို ပြည်သူလူထုနဲ့အတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ-IEC က တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက် လူမှုအဖွဲအစည်းများ၊ စစ်ဖက် ဆိုင် ရာ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ် အဓိက ခြေကုပ်ယူထားရာဖြစ်တဲ့ မုံရွာ၊ ရွှေဘို နဲ့ ကန့်ဘလူမြို့တွေဟာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့  ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြို့ကြီးတွေ ဖြစ်လာတော့မယ်လို့ဆို


အောက်တိုဘာ၉ရက်


စစ်ကောင်စီတပ် အဓိက ခြေကုပ်ယူထားရာဖြစ်တဲ့ မုံရွာ၊ ရွှေဘို နဲ့ ကန့်ဘလူမြို့တွေဟာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့  ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြို့ကြီးတွေ ဖြစ်လာတော့မယ်လို့ အောက်တိုဘာ၉ရက်မှာ စစ်ရေးသုံးသပ်ချက်များကိုဖော်ပြတဲ့ PDFInsightကဆိုထားပါတယ်။

"စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ အဓိက ခြေကုပ်ယူထားရာ မုံရွာမြို့ နဲ့ ရွှေဘိုမြို့ အနီးတဝိုက်မှာရှိတဲ့ ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး၊ ချောင်းဦး၊ မြင်းမူ၊ ဘုတလင်၊ အရာတော်၊ ဒီပဲယင်း၊ ရေဦး၊ ခင်ဦး၊ တန့်ဆည် ဇီးကုန်း ဝက်လက်စတဲ့ ဒေသတွေ အားလုံးနီးပါးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ် တော်လှန်ရေး အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေဟာ အရှိန်အဟုန်နဲ့ အောင်မြင်မှုတွေ ရရှိနေပါတယ်။ သိသာထင်ရှားတဲ့ ဖြစ်စဉ်ကတော့ အနောက်မြောက်တိုင်း စစ်ဌာနချုပ် မုံရွာ နဲ့ မိနစ်ပိုင်း အကွာ ဘုတလင် မြို့နယ်ထဲမှာ ရန်သူ့ စစ်ကြောင်းတခုလုံး ပြုတ်အောင် ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပူးပေါင်းတပ်က ချေမှုန်းနိုင်ခဲ့မှုဖြစ်ပါတယ်"လို့ဆိုပါတယ်။

မကြာခင် ကာလမှာ စစ်ကောင်စီတပ် အဓိက ခြေကုပ်ယူထားရာဖြစ်တဲ့ မုံရွာ၊ ရွှေဘို နဲ့ ကန့်ဘလူမြို့တွေဟာ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ ထိန်းချုပ်နယ်မြေတွေ အတွင်းက ဝိုင်းပတ် ပိတ်ဆို့ခံထားရတဲ့ အထီးကျန်မြို့ကြီးတွေ ဖြစ်လာတော့မှာ ဖြစ်တယ်လို့ PDF Insightကဖော်ပြပါတယ်။

စစ်ကိုင်းတိုင်း အထက်ပိုင်းမှာ ရှိတဲ့ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေး တပ်မတော် နဲ့ ပူးပေါင်းအဖွဲ့တွေက အောက်တိုဘာလ () ရက်နေ့ မနက်ပိုင်းမှာ သိမ်းယူနိုင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment