9th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေသတွင်းနိုင်ငံတွေက မြန်မာအရေး ဖြေရှင်းလိုမှုကိုတွေ့ရပြီး နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးလို့ ယာယီသမ္မတ ပြော

📌 ၂။ စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၃။ ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား

📌 ၄။ မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သော ရေဘေးအတွက်  ယူရိုငွေ လေးထောင်ကျော်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီး ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ NUGကိုယ်စားလှယ်ရုံး ထုတ်ပြန်

📌 ၅။ MOSAIC MYANMAR မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)နှင့် ဟင်္သာမြေဖောင်ဒေးရှင်း(Hamsa-Land Foundation)တို့ ပူးပေါင်းကြီးမှူးကျင်းပသော "Local Governance & Conflict Resolution" သင်တန်း စတင်ကျင်းပ

📌 ၆။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် PSLF/TNLA ဗဟိုဌာနချုပ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ()လတာ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်

🚩 ၂။ ဆိုင်းတောင် Lucky Men ဟိုတယ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်

🚩 ၃။ ကျောက်ကန် ပျူရွာကို တော်လှန်ရေး ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့

🚩 ၄။ မုံရွာတွင် သန်းခေါင်စာရင်း ကောက်နေတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ဦး သေဆုံး

🚩 ၅။ ARSA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ

🚩 ၆။ တောင်ကုတ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီ ဗုံး ထပ်ကြဲ၊ ကလေး ၁ဦး အပါ အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံး

🚩 ၇။ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့ကို စစ်ကောင်စီ  ဗုံးကြဲတိုက်ခိုက်

🚩 ၈။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ် တဦးနဲ့ အဘိုးအို တဦး ဒဏ်ရရ

🚩 ၉။ မြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တဦး ပကဖထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ဒေသတွင်းနိုင်ငံတွေက မြန်မာအရေး ဖြေရှင်းလိုမှုကိုတွေ့ရပြီး နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးလို့ ယာယီသမ္မတ ပြော


အောက်တိုဘာ၈ရက်

Radio NUG

ဒေသတွင်းနိုင်ငံတွေက မြန်မာအရေးဖြေရှင်းလိုမှုကို တွေ့ရပြီး နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ ၂၇/၂၀၂၄ အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။


"ကျွန်တော်တိုအားလုံး သိထားပြီးဖြစ်တဲ့အတိုင်း လက်ရှိ ပြည်တွင်းရေးကိစ္စအပေါ်မှာ ဒေသတွင်း နိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုက ထင်ထားတာထက် ပိုပြီး ထဲထဲဝင်ဝင် ဖြစ်လာတာ တွေ့ရတယ်။ ဒေသတွင်းနိုင်ငံတွေဟာ လောလောဆယ်အားဖြင့် ပြည်တွင်းက လတ်တလောဖြစ်ရပ်တွေကို ကြည့်ပြီး ဒေသတွင်း တည်ငြိမ်ရေးကို ရနိုင်သလောက် ထိန်းဖို့ ကြိုးစားတယ်လို ကျွန်တော် မြင်ပါတယ်။ တကယ်တော့ လက်ရှိ ဖြစ်ရပ်တွေဟာ ကျွန်တော်တို့ နိုင်ငံအတွင်းမှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အမြစ်တွယ်ပြီး ပံ့ပိုးလာတဲ့ စစ်အာဏာရှင် စရိုက်တွေရဲ့ စုပြုံအကျိုးပေးမှုကြောင့် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အတိတ်က အမြစ်စွဲနေတဲ့ စနစ်ဆိုး၊ စရိုက်ဆိုးကြောင့် ဖြစ်တဲ့ အခြေအနေတွေကို ကုစားရာမှာ နိုင်ငံရေးဆေးမြီးတိုတွေနဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ဒေသတွင်းနိုင်ငံတွေကို ဒီသတင်းမက်ဆေ့ချ်ကို ရောက်အောင် ပို့နိုင်ဖို့ လိုပါတယ်"လို့ ယာယီသမ္မတက ပြောပါတယ်။


ကျွန်တော်တို့ဟာ တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကို ရောက်အောင်သွားဖို့ လိုတာ ဖြစ်ပါတယ်။ စစ်အာဏာရှင်ကနေ စပွန်ဆာလုပ်ပြီး ကျင်းပတဲ့ ရွေးကောက်ပွဲတွေဟာ အာဏာရှင်စနစ်ကိုပဲ သက်ဆိုးရှည်အောင် အထောက်အပံ့ ပေးတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံနဲ့ ပြည်သူလူထုကို အဆိုးကျော့သံသရာထဲကနေ ရုန်းမထွက်နိုင်အောင်ဘိန်းမှိန်းမှိန်းခိုင်းတာလိုပဲ ကျွန်တော် မြင်ပါတယ်။ ဒါဟာ လက်တွေ့ကျတဲ့ အဖြေကုထုံး မဟုတ်သလို၊ အနာဂတ် လူ့အဖွဲအစည်းအတွက်လည်း မျှော်လင့်ချက်သစ် မဖြစ်နိုင်ပါဘူး။" လို့ဆိုထားပါတယ်။


ဒေသတွင်းနိုင်ငံတွေရဲ့ မြန်မာအရေး တုံ့ပြန်ချက်တွေဟာ ရေတိုသဘောထက် ရေရှည်သဘောကို သွားနိုင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတက ပြောပါတယ်။


ဒါ့အပြင် စစ်ကောင်စီက လုပ်ဆောင်မယ့် ရွေးကောက်ပွဲဆိုတာဟာ ဒီမိုကရေစီ ကျင့်ထုံးနဲ့ ဒီမိုကရေစီမူတွေကို အခြေတည်ပြီး လုပ်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးလို့ ယာယီသမ္မတက ပြောပါတယ်။


========================


📌📌 ၂။ စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


အောက်တိုဘာ ရက်

Radio NUG

စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ်၊ (၂၇/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။


"စစ်ရေးအရှိန်အားကောင်းမှုဟာ နိုင်ငံတကာ ဆက်ဆံရေးဘက်က အရွေ့တွေ ပိုမိုအားကောင်းရေးအတွက် အထောက်အပံ့ဖြစ်စေသလို မဟာမိတ်တော်လှန်ရေးအင်အားစုများနဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေအတွက်လည်း ပိုမိုထိရောက်စေမယ့် အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် စစ်ရေးကဏ္ဍဘက်ကို အထူးအားစိုက်ကြရမှာ ဖြစ်သလို တစ်ပြိုင်နက် စဥ်းစားစီမံနေကြရမယ့် ကိစ္စတွေလည်း ရှိပါသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ပြင်ဆင်ထားသင့်တဲ့ နိုင်ငံရေးအရွေ့တွေကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် တော်လှန်ရေးအတွက် ထိရောက်မှုရှိအောင် ဝိုင်းဝန်းဆွေးနွေးပြီး ပြုပြင်သင့်တာ ပြုပြင်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ကြရမယ့်အချိန်လည်း ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။


ဒါ့အပြင် စစ်အုပ်စုဟာ နွေဦးတော်လှန်ရေးကို နှိမ်နင်းချင်လို့ သန်းခေါင်စာရင်းကောက်ယူခြင်းကို လက်နက်သဖွယ် အသုံးချလာတာ ဖြစ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က ပြောပါတယ်။


========================


📌📌 ၃။ ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိနေတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြောကြား


အောက်တိုဘာ၈ရက်

Radio NUG

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ ပြစ်မှူကာကွယ်ရေး၊ ပြစ်မှုဆိုင်ရာ တရားမျှတမှု၊ သတင်းအချက်အလက်နှင့် နည်းပညာအား ပြစ်မှုရေးရာကိစ္စရပ်များအတွက် အသုံးပြုခြင်းအား တိုက်ဖျက်ခြင်းနှင့် နိုင်ငံတကာမူးယစ်ဆေးဝါး ထိန်းချုပ်ရေးနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိနေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"အကြမ်းဖက်စစ်တပ်မှ ကြိုးပမ်းသည့် မတရား စစ်အာဏာသိမ်းမှုသည် () နှစ်ထဲသို့ ဝင်ရောက်လုပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကျင်းပရန် သင့်လျော်သည့် အခြေအနေတစ်ခုနှင့် ပြည်သူ့ထောက်ခံမှုမရှိသည့်တိုင် ရာဇဝတ်စစ်တပ်က အတုအယောင် ရွေးကောက်ပွဲအား ကျင်းပရန် ပြင်ဆင်လျက်ရှိကြောင်း၊ စစ်တပ်၏ အတုအယောင် ရွေးကောက်ပွဲသည် ဘယ်သောအခါမျှ လွတ်လပ်၊ မျှတ၍ အားလုံးပါဝင်မှု ရှိမည်မဟုတ်ကြောင်း" သံအမတ်ကြီးက ပြောပါတယ်။


ဒါ့အပြင် ယခုအချိန်သည် နိုင်ငံတကာအသိုက်အဝန်းမှ အရှိန်အဟုန် မြှင့်တင်ကာ အကြမ်းဖက် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ပြဿနာများ၏ ဇစ်မြစ်အဖြစ် တစ်သံတည်း သတ်မှတ်ကြရမည့် အချိန်ပင်ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေ သည့် အကြမ်းဖက်မှု စက်ဝိုင်းနှင့် ရာဇဝတ်မှုများကို ရပ်တန့် ချုပ်ငြိမ်းနိုင်မည်ဖြစ်ကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံတွင် ကျရောက်ခဲ့သော ရေဘေးအတွက်  ယူရိုငွေ လေးထောင်ကျော်ကို လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပြီး ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ NUGကိုယ်စားလှယ်ရုံး ထုတ်ပြန်


အောက်တိုဘာ၈ရက်

Radio NUG

တိုင်ဖွန်းမုန်တိုင်းရာဂီကြောင့် ရေဘေးသင့်ဒဏ် ခံစားနေကြရသော မြန်မာပြည်သူများအတွက် တတ်နိုင်သည့်ဘက်မှ အားတက်သရော ပါဝင်ပူးပေါင်းပေးကြသော ပြင်သစ်ရောက် မြန်မာများနှင့် မိတ်ဆွေပြင်သစ်များကို အသိအမှတ်ပြု ကျေးဇူးအထူးတင်ရှိပြီး အားလုံးရဲ့ပါဝင်မှုအားကြောင့် ပထမအကြိမ်ရရှိခဲ့သောအလှူငွေ 3700 ယူရို နှင့် ဒုတိယအကြိမ် 400 ယူရို စုစုပေါင်း 4100 ယူရိုကောက်ခံရရှိခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ပို့ထားခဲ့ပြီး ဖြစ်တယ်လို့ ပြင်သစ်နိုင်ငံ NUGကိုယ်စားလှယ်ရုံး အောက်တိုဘာ၈ရက်မှာ ထုတ်ပြန်ပါတယ်။


အလှူငွေထည့်ဝင်ခဲ့ကြသူများ၊ အချင်းချင်း သတင်းမျှဝေ နှိုးဆော်ပေးကြသူများ အပါအဝင် အလှူငွေအတွက် ပူးပေါင်းကောက်ခံပေးနေသော ပြင်သစ်ရောက် မြန်မာများအသင်းကိုလည်း ကျေးဇူးတင်ရှိကြောင်း ဖော်ပြပါတယ်။


========================


📌📌 ၅။ MOSAIC MYANMAR မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ (CCSC-MON)နှင့် ဟင်္သာမြေဖောင်ဒေးရှင်း(Hamsa-Land Foundation)တို့ ပူးပေါင်းကြီးမှူးကျင်းပသော "Local Governance & Conflict Resolution" သင်တန်း စတင်ကျင်းပ


အောက်တိုဘာ၈ရက်

Radio NUG

MOSAIC MYANMAR မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)နှင့် ဟင်္သာမြေဖောင်ဒေးရှင်း(Hamsa-Land Foundation)တို့ ပူးပေါင်းကြီးမှူးကျင်းပသော "Local Governance & Conflict Resolution" သင်တန်း စတင်ကျင်းပခဲ့ပါတယ်။


"Local Governance & Conflict Resolution" သင်တန်းကို အောက်တိုဘာလ ()ရက်နေ့တွင် စတင်ခဲ့ပြီး အဆိုပါသင်တန်းကို အပတ်စဉ် အင်္ဂါနေ့နှင့် ဗုဒ္ဓဟူးနေ့များတွင် မြန်မာစံတော်ချိန် ညနေ(၀၄:၃၀)မှ (၀၆:၃၀)အချိန်အထိ CDM နိုင်ငံ့ဝန်ထမ်း သင်တန်းသားဦးရေ စုစုပေါင်း(၄၀)ဦးကို ရွေးချယ်ပြီး ZOOM ဖြင့် ()ပတ်ကြာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ 


========================


📌📌 ၆။ ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် PSLF/TNLA ဗဟိုဌာနချုပ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့


အောက်တိုဘာ

RadioNUG 


ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဗဟိုဌာနချုပ်မှ ၀မ်းနည်းကြောင်းသ၀ဏ်လွှာ ပေးပို့ခဲ့ပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ဒုတိယဥက္ကဋ္ဌ () ဖြစ်သူ ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်သွားသည်ဟု ကြားသိရသည့်အတွက် ဒီမိုကရေစီလိုလားမြတ်နိုးသည့် မြန်မာပြည်သူလူထုနှင့်အတူ မိသားစုများနှင့် ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း၊ မြန်မာ့စစ်အာဏာရှင်အဆက်ဆက်၏ ဖမ်းဆီးအကျဉ်းချခြင်း၊ ပုံစံအမျိုးမျိုးဖြင့် ညှင်းပမ်းနှိပ်စက်ခြင်းတို့ကို ဦးမညွတ်ပဲ ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးသည်အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက်ပွဲဝင်သည့် ဒေါက်တာဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲ ဂုဏ်ပြုအမှတ်ရနေမည်ဖြစ်ကြောင်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


မြန်မာပြည်တိုင်းရင်းသား ပြည်သူလူထုတရပ်လုံး လိုလားတောင်းတသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို မျက်ကွယ်ပြုခြင်း၊ လူမျိုးပေါင်းစုံနေထိုင်သည့် တိုင်းပြည်တွင် လူမျိုးအားလုံး၏တန်းတူညီမျှခွင့်ကို အာမခံသည့် ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက်မည့် နိုင်ငံရေးအခင်းအကျင်းကို သွေဖယ်ခြင်း၊ အာဏာရှင်အပေါင်းအပါ လူတစ်စုကောင်းစားရေးအတွက် စစ်အာဏာရှင်စနစ်ပြုနေကြသည့် မြန်မာ စစ်ခေါင်းဆောင်အဆက်ဆက်တို့၏ မိုက်မဲသော အာဏာရူးသွပ်မှုကို ဖယ်ရှားဖြုတ်ချခြင်းတို့ကို မဆောင်ရွက်နိုင်သေးခြင်း စသည်တို့ကြောင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံ ဖြစ်လာရပြီး၊ ဒေါက်တာ ဇော်မြင့်မောင်ကဲ့သို့ နိုင်ငံ့ပညာတတ်လူပုဂ္ဂိုလ်များကို နေ့စဉ်ဆက်တိုက် ဆုံးရှုံးကြရသည်မှာ မိမိတို့တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ပါကြောင်း ရေးသားထားပါတယ်။


ဒေါက်တာ ဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓါတ်ခွန်အားများသည် ယနေ့နွေဦး တော်လှန်ရေး၏ မြန်မာစစ်အာဏာရှင်အပြီးတိုင်ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမူနာ တိုက်ပွဲအင်အား တစ်ရပ်ဖြစ်ပါကြောင်း၊ မြန်မာ့စစ်အာဏာရှင်အား အပြီးတိုင်ချေမှုန်းတိုက်ဖျက်မည့် နွေဦးတော်လှန်ရေး အောင်မြင်ပါစေ။ ဒေါက်တာ ဇော်မြင့်မောင် အေးချမ်းရာ သုခဘုံတွင် ခံစားနိုင်ပါစေ။ ဟု ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြပါရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ()လတာ အခြေခံစစ်သင်တန်းဆင်းပွဲ ပြုလုပ်


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာလ ()ရက်နေ့ ဒီးမော့ဆိုမြို့နယ်တွင် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) မှ ()လတာ ပြုလုပ်ခဲ့သည့် အခြေခံစစ်သင်တန်းဆင်းပွဲ အခမ်းအနားအား ပြုလုပ်ခဲ့ပြီး သင်တန်းသား/သူ (၂၄၄) ဦး တက်ရောက် အောင်မြင်ခဲ့ကြောင်း KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းဆင်းပွဲ အခမ်းအနားကို KA KNDF စစ်ဦးစီးချုပ် ဗိုလ်ချုပ်အောင်မြတ် တက်ရောက်ခဲ့ပြီး ပြည်သူလူထုများ၊ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) မှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စစ်ဖက်ဆိုင်ရာ တာဝန်ရှိသူများ တတ်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆိုင်းတောင် Lucky Men ဟိုတယ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်


အောက်တိုဘာ  

Radio NUG 

အောက်တိုဘာလ ရက်နေ့ နံနက်ပိုင်းတွင် ဖားကန့်လုံးခင်းရတနာမြေ ဒေသအတွင်းက ဆိုင်းတောင် ကျေးရွာရှိ Lucky Men ဟိုတယ်နှင့် KTV ကို KIA PDF ပူးပေါင်းတပ်က သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကချင်ဒေသသတင်းအရင်းအမြစ်များအရ သိရပါတယ်။


စက်တင်ဘာလ ရက်နေ့တွင် ဖားကန့်မှ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် Lucky Men ဟိုတယ်နှင့် KTV တွင် ဝန်ထမ်းများကို ဓားစာခံဖမ်းဆီးကာ ဟိုတယ်တွင်း တပ်စွဲလိုက်ပြီးနောက် KIA ပူးပေါင်းတပ်နှင့် တိုက်ပွဲစတင်ခဲ့ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ် ပစ်ကူနှင့် ဖားကန့်တပ်မကုန်းမှ လက်နက်ကြီး ပစ်ကူများ ပြုလုပ်ခဲ့ပြီး နေ့စဉ်တိုက်ပွဲ ပြင်းထန်ခဲ့ကာ အောက်တိုဘာလ ၈ရက်နေ့ နံနက် နာရီကျော်တွင် သိမ်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ၂၀ကျော် သေဆုံးကာ ရာထူးကြီးပိုင်းထဲက တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၂၀ကျော် အရှင်ဖမ်းမိခဲ့ပြီး လက်နက်ခဲယမ်းများလည်း ရရှိခဲ့ကာ Lucky Men ဟိုတယ်မှာ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်သွားသည့် တပ်ရင်းမှူးနှင့် စစ်သားတချို့ကိုလည်း လိုက်လံ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။


တိုက်ပွဲကာလ တစ်လကျော်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှု၊ မီးရှို့ဖျက်ဆီးမှုကြောင့် ဆိုင်းတောင်ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ခန့်ပျက်စီးသွားပြီး အရပ်သား ၅၀ ထက်မနည်း သေဆုံးကာ ဆိုင်းတောင်ရွာကို မီးရှို့ဖျက်ဆီးရန် စေခိုင်းသူ စစ်ကောင်စီတပ်မှ ဒုဗိုလ်မှူးကြီး သက်ပိုင်ထွန်း ဖမ်းဆီးခံလိုက်ရတယ်လို့လည်း သတင်းများ ထွက်ပေါ်နေပါတယ်။


========================


🚩🚩 ၃။ ကျောက်ကန် ပျူရွာကို တော်လှန်ရေး ပူးပေါင်းတပ်များမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခဲ့


အောက်တိုဘာ  

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကျောက်ကန် ပျူစောထီး ရွာကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား ရရှိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော် - အနောက်မြောက် စစ်ဒေသက သတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုလာလ ရက် မနက် နာရီ အချိန်မှာ အဆိုပါ ကျောက်ကန် ပျူရွာကို စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူတွေ အသုံးပြု ခုခံခဲ့ပေမယ့် နေ့လည် ၁၁ နာရီမှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခြေလျင် စစ်ကူစစ်ကြောင်းနဲ့ ကျောက်ပြုတ်ရွာ မြောက်ဘက်အထွက် ဘုရားကုန်းမှ လက်နက်ကြီး ပစ်ကူပေးနေတဲ့ တပ်ဖွဲ့တို့ကို တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ စစ်ကူကို ဖြတ်တောက်နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် အနောက်မြောက် စစ်ဒေသ (အမှတ် ၈၁၅ တပ်ဖွဲ့) ရဲခေါင်ပြောက်ကျား တပ်ဖွဲ့ (PLA) Myingyan Black Tiger တပ်ရင်း၊ ​​ရွှေခြံသား တပ်ဖွဲ့၊ မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၄၊၇) တပ်ရင်း တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီတပ်နဲ့ ပျူစောထီး  အများအပြား သေဆုံးခဲ့ကြပြီး လက်နက်ခဲယမ်းများစွာ သိမ်းပိုက် ရရှိခဲ့ကာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ဦး သေဆုံး ခဲ့ရတယ်လို့ ဖော်ပြ ထားပါတယ်။


========================


🚩🚩 ၄။ မုံရွာတွင် သန်းခေါင်စာရင်း ကောက်နေတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ဦး သေဆုံး


အောက်တိုဘာ  

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ နတ်လူထိပ်ပန် ရပ်ကွက်အနီးတွင် သန်းခေါင်စာရင်း ကောက်နေတဲ့အဖွဲ့ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ရဲ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ ဘာမထီတော်လှန်ရေးတပ်ဖွဲ့ထံမှ သိရပါတယ်။


အောက်တိုဘာလ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်၊ ညောင်ပင်စောင့် အပိုင်းကို သန်းခေါင်စာရင်း ကောက်ဖို့လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ Non-CDM ဝန်ထမ်း၊ ဆရာ/ တွေ အပါအဝင် အင်အား ၁၀၀ ခန့်ကို ပဒေသာမိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။


အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ နဲ့ Yinmarbin District. No.9 Regiment တို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက လက်နက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး စစ်သားအပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ စုံစမ်းသိရှိရကြောင်း ဘာမထီ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ခံက ဆိုပါတယ်။


ထိခိုက်သေဆုံးခဲ့သူတွေကို စစ်ကောင်စီအဖွဲ့က အိမ်စီးကားများနဲ့ မုံရွာဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ARSA ရဲ့ ခြုံခိုတိုက်ခိုက်မှုကြောင့် အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့မှ တပ်ဖွဲ့ဝင်တဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ


အောက်တိုဘာ

Radio NUG


လူပျောက်ရှာဖွေရန် ထွက်လာတဲ့ အာရက္ခပြည်သူ့လုံခြုံရေးအထောက်အကူပြုအဖွဲ့ - DLEPS တပ်ဖွဲဝင် ဦးကို မူဆလင် လက်နက်ကိုင်အဖွဲ့ - ARSA က ခြုံခိုတိုက်ခိုက် ခဲ့တာကြောင့် တဦး ကျဆုံးပြီး နှစ်ဦး ဒဏ်ရာရ ခဲ့တယ်လို့ AA info desk က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နေ့ မနက် နာရီ အချိန်မှာ ဂုံးနားရွာဘက်ကို ဝါးခုတ်ရန် ထွက်သွားတဲ့ ဘူးသီးတောင်၊ အမှတ် () ရပ်ကွက်၊ ရွာသစ်နေ အသက် ၆၀ ကျော်အရွယ် အမျိုးသား ဦး နေ့လယ်အထိ ပြန်မရောက်လာလို့ ကူညီရှာဖွေပေးရန် အာရက္ခပြည်သူ့လုံခြုံရေး အထောက်အကူပြုတပ်ဖွဲ့ဝင် ဦး ထွက်လာခဲ့တာလို့ ဆိုပါတယ်။


၎င်းလုံခြုံရေး တပ်ဖွဲ့ဝင် ဦးကို နေ့လည် နာရီ ၃၅ မိနစ် အချိန်တွင် ဂုံးနား ရွာအဝင်ဝ အနီးမှာ ARSA အဖွဲ့က ခြုံခိုတိုက်ခိုက် ခဲ့တာကြောင့် တဦးမှာ ဦးခေါင်းနဲ့ ဝမ်းဗိုက်တွင် ကျည်ထိမှန် ဒဏ်ရာဖြင့် ကျဆုံးခဲ့ရပြီး ကျန်နှစ်ဦးမှာ ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ ခြုံခိုတိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက် အဖွဲ့ကို အာရက္ခတပ်တော် - AA နဲ့ DLEPS တပ်ဖွဲ့တို့မှ လိုက်လံ ဖမ်းဆီးနေပြီး ပျောက်ဆုံးနေတဲ့ ရွာသား ဦးကိုလည်း ရှာဖွေနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထို့အပြင် အာရက္ခတပ်တော် အနေနဲ့ အာရက္ခဒေသအတွင်း မည်သည့်အကြမ်းဖက် အဖွဲ့ကိုမှ ခြေချ ရှင်သန်ခွင့် ပြုမှာမဟုတ်ဘဲ အကြမ်းဖက် သမားများနဲ့ အကြမ်းဖက် အဖွဲ့အစည်းတိုင်းကို အမြန်ဆုံး နှိမ်နင်းဆောင်ရွက်သွား မှာဖြစ်တယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၆။ တောင်ကုတ်၊ တန်းလွဲရွာမမြို့ကို စစ်ကောင်စီ ဗုံး ထပ်ကြဲ၊ ကလေး ၁ဦး အပါ အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံး


အောက်တိုဘာ  

Radio NUG 


အောက်တိုဘာ ရက်နေ့ ၁၁နာရီကျော်ခန့်တွင် တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ အမှတ် ရပ်ကွက်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂လုံး ကြဲချလို့ အသက် ၆နှစ်အရွယ် ကလေး ၁ဦး အပါအဝင် အရပ်သား ၁၃ ယောက်ထက်မနည်း သေဆုံးပြီး ယောက်ထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဒေသခံသတင်းများအရ သိရပါတယ်။


လူအိပ်ချိန်မှာ ဂျက်ဖိုက်တာနဲ့ ကြိမ်လာကြဲချမှုက ရွာသစ်ဈေးအနား ကျရောက်ပေါက်ကွဲခဲ့တာကြောင့် လူနေအိမ် ၁၇လုံး ပြိုကျပျက်စီးခဲ့ပြီး  ကလေးငယ်က နှလုံးရပ်ကာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာ ၂၄ ရက်နေ့ ကလည်း စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှစ်စီး တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ကို ဗုံး လုံး လာကြဲခဲ့လို့  အပြစ်မဲ့ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၇။ ပုဏ္ဏားကျွန်းနဲ့ ပေါက်တောမြို့ကို စစ်ကောင်စီ  ဗုံးကြဲတိုက်ခိုက်


အောက်တိုဘာ  

Radio NUG 


အောက်တို ဘာ ရက်နေ့ မနက်အစော နာရီခွဲခန့်တွင် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ရွာနဲ့ မြောင်ကြီးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ပေါင် (၅၀၀) ဗုံး လုံး ကြဲချလို့ အိမ်တချို့ ပျက်စီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ကွမ်းတောင်ရွာတွင် ဗုံး လုံး ကြဲချမှုကြောင့် နေအိမ်   လုံး ပျက်စီးသွားပြီး မြောင်ကြီးရွာက နေအိမ်တချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။


အလားတူ အောက်တိုဘာလ ၈ရက်နေ့ မနက် ၁နာရီ ၄၀မိနစ်ခန့်မှာ ပေါက်တောမြို့နယ်၊ နတ်တောင်ပြင်ရွာကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုံးစထိမှန်ကာ ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


နတ်တောင်ပြင်ရွာ ဘုရားဂူနားက ဓမ္မာရုံပေါ်တည့်တည့်ကျလို့ ဓမ္မာရုံ ပျက်စီးသွားတယ်လို့ သိရပါတယ်။


ထို့အပြင် မနက် နာရီခန့်တွင် စစ်တွေရှိ စစ်ကောင်စီတပ်မှ အတွဲလိုက်ဒုံး ၁၁ လုံးတိတိ ပစ်ခတ်ခဲ့ရာ ပေါက်တောမြို့နယ် တောင်ဦးမော်ရွာ၊ တောင်ဖူးရွာ၊ သဲခုံရွာ နဲ့ မင်းတဲရွာတို့မှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။


========================


🚩🚩 ၈။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ် တဦးနဲ့ အဘိုးအို တဦး ဒဏ်ရရ


အောက်တိုဘာ  

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ မူးမြို့နယ်နဲ့ လယ်ဒိုမြို့နယ်တို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ကလေးငယ် တဦးနဲ့ အဘိုးအို တဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်နေ့ နေ့လည် နာရီခွဲခန့်မှာ ခမရ (၃၀၇) တပ်ရင်းမှ ဒရုန်းဖြင့် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ငတိုးခင် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ရာ အသက် ၁၀၂ နှစ်အရွယ် ဦးပိုတင် နဲ့ အသက် နှစ် အရွယ် မအိသန္ဒာထွေးတို့ ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။


ထို့အပြင် အောက်တိုဘာလ ရက် ညနေ နာရီမှာ နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ တမောမ ကျေးရွာဘေးတွင် လုံးနဲ့ ထွေးနီကုန်း ကျေးရွာအနီးမှာ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


အလားတူ လယ်ဒိုမြို့နယ်၊ လိန်ပင်ဝဲ ကျေးရွာအုပ်စု သစ်ဖယောင်းတန်းရွာကို စစ်ကောင်စီရဲ့ ခလရ ၂၆၄ တပ်က အောက်တိုဘာ ရက်၊ နေ့လည် ၁၀ နာရီ မိနစ်နဲ့ ၁၀ မိနစ်တို့မှာ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့သေးတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၉။ မြိုင်မြို့မ ရဲစခန်းမှ ရဲတပ်ကြပ်တဦး ပကဖထံ အလင်းဝင်


အောက်တိုဘာ  

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်ကြပ် တဦး မြိုင် ပကဖထံ လက်နက်နဲ့တကွ ထပ်မံ အလင်းဝင်ရောက် လာခဲ့တယ်လို့ မြိုင် ပကဖမှ သတင်းထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ရက်‌နေ့ နေ့လယ် နာရီ အချိန်မှာ မြိုင်မြို့မ ရဲစခန်းမှ အသက် ၃၃ နှစ် အရွယ်ရှိ ရဲတပ်ကြပ် ကျော်လင်း ဆိုသူဟာ မြိုင် ပကဖထံ ချိတ်ဆက် အလင်းဝင်ရောက်လာတာလို့ ဆိုပါတယ်။


အဆိုပါ ရဲတပ်ကြပ်ဟာ ၎င်းနဲ့အတူ G-3 သေနတ် တလက်၊ ကျည်ဘောက် ဘောက်၊ ၎င်းကျည် ၂၄၈ တောင့်၊ ခြောက်လုံးပြုး သေနတ် တလက်၊ ကျည် ၁၅ တောင့်၊ လက်ပစ်ဗုံး လုံးနဲ့ အီကွေ့မန့် တစုံတို့ကို ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပြည်သူလူထုအပေါ် လူမဆန်စွာ ရက်စက်နေတဲ့ အကြမ်းဖက် စစ်တပ်အား အမြန်ဆုံး စွန့်ခွာပြီး မိမိတို့ အသက် အသေမခံဘဲ ပြည်သူ့ရင်ခွင်ကို ပူးပေါင်းပါက ဆုကြေးငွေနဲ့အတူ မိသားစုများ ရှိရာကို ပို့ဆောင်ပေးမယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို မြိုင် ပကဖ က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment