11th NOV 2024 - Morning Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တော်လှန်အနုပညာရှင် မင်းမော်ကွန်း ပါဝင်သည့်  "ဖြတ်" ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက် ပြသရာမှ အမေရိကန်ဒေါ်လာ သောင်းနီးပါး ရရှိ

📌 ၂။ ကူမင်းက ပြန်လာတဲ့ စစ်ခေါင်းဆောင်ကို သရုပ်ဆောင်တချို့ နေပြည်တော်လေဆိပ်မှာ ကြို

📌 ၃။ တရုတ်-မြန်မာ ဆင်ဖြူနယ်စပ်ဂိတ်မှ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူခွင့်ကို တရုတ် ပိတ်ပင်

📌 ၄။ မြ၀တီနှင့် ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန် လှိုင်းဘွဲ့မြို့နယ်မှ စစ်မှုထမ်းအင်အား ၈၀ ဦး တောင်းခံ

📌 ၅။ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့မှာ နွေဦးတော်လှန်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဘူးသီးတောင်တွင် စစ်ရှောင်များ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ရဟန်း တပါး အပါအဝင် ဦး ဒဏ်ရာရ

🚩 ၂။ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စိတ်ဝေဒနာသည် အမျိုးသမီး ဦးအပါအဝင် ဦး သေဆုံး

🚩 ၃။ အောက်တိုဘာလအတွင်း ယောဒေသမှာ လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ရာ ၁၁ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရ

🚩 ၄။ () လအတွင်း ဗိုလ်ကြီး () ဦး၊ ရဲအုပ် () ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ 

🚩 ၅။ အမှတ်() စစ်ဒေသ ပခုက္ကူခရိုင် P1-4019 တပ်ရင်းမှ မွမ်းမံသင်တန်း အပတ်စဉ်() သင်တန်းဆင်း အခမ်းအနား ကျင်းပပြုလုပ်





ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ တော်လှန်အနုပညာရှင် မင်းမော်ကွန်း ပါဝင်သည့်  "ဖြတ်" ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက် ပြသရာမှ အမေရိကန်ဒေါ်လာ သောင်းနီးပါး ရရှိ


နိုဝင်ဘာ ၁၀ 

Radio NUG 


တော်လှန်အနုပညာရှင် မင်းမော်ကွန်း ဦးဆောင်ပါဝင်သည့်  "ဖြတ်" ရုပ်ရှင်ဇာတ်ကားကို အမေရိကန်ပြည်ထောင်စုတွင် ပထမဆုံးအကြိမ်အဖြစ် ပွဲဦးထွက်ပြသခဲ့ရာမှ အမေရိကန်ဒေါ်လာ သောင်းနီးပါးရရှိကြောင်း သတင်းရရှိပါတယ်။


ဒါရိုက်တာ စောအေးထူးမှ စီစဉ်တင်ဆက်သော " ဖြတ် " ရုပ်ရှင်ဇာတ်ကားသည်  တစ်ကမ္ဘာလုံးဆိုင်ရာ ပထမဦးဆုံး ပွဲဦးထွက်အနေဖြင့်  နယူးယောက်မြို့တွင် နိုဝင်ဘာလ  ရက်နေ့တွင် ပထမဆုံး စတင်ပြသခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ ရုပ်ရှင်ဇတ်ကား ပထမ ပွဲစဥ်ကို  မွန်းလွဲ  ၁၂ နာရီ ၃၀ မိနစ်အချိန်နှင့် ဒုတိယပွဲစဥ်ကို  မွန်းလွဲ နာရီ ၃၀ မိနစ်အချိန်တွင် နယူးယောက်မြို့ရှိ Walter W.Brige lll Theater Helping Hands for Burma- H2B မှ စီစဥ်ပြသခဲ့ပြီး ရုပ်ရှင်နှင့် ပတ်သက်သော အမှတ်တရပစ္စည်း လေလံတင်ခြင်း ရောင်းချခြင်းများအပြင် မြန်မာအစားအစာများလည်း ရောင်းချခဲ့တယ်လို့ သိရပါတယ်။


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နယူးယောက်မြို့ ရှိ မြန်မာညီအကိုမောင်နှမများ ၃၀၀ ကျော် အားပေးခဲ့ကြပြီး ရုပ်ရှင်ပွဲအပြီးမှာ အနုပညာရှင် ကိုမင်းမော်ကွန်း ကိုအောင်မြင့်မြတ် ကိုထက်မြတ် ကိုအိုင်းဇက်တို့ကိုယ်တိုင် အွန်လိုင်းမှတဆင့် ပရိသတ်များနှင့် တွေ့ဆုံနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကာ ရရှိခဲ့သော ရန်ပုံငွေအားလုံးကို တော်လှန်ရေးအတွက် လိုအပ်သော နေရာများသို့ တိုက်ရိုက် လှူဒါန်းသွားခဲ့တယ်လို့ သိရပါတယ်။


ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကဒီအထိ နှစ် နီးပါးအထိ ရောက်လာတာက အနုပညာရှင်တွေက ရှေ့တန်းက ပါဝင်ပြီးတော့ ၂၀၂၁ ဖေဖော်ဝါရီ ရက်နေ့ကနေ ရှေ့ဆုံးက ထွက်လာပြီး ကျွန်တော်တို့ကို ဆွဲခေါ်လာလိုက်တာ၊ အဲဒီကတည်းက ကျွန်တော် ကျေးဇူးတင်ရှိခဲ့သလို ခုလည်း တောက်လျှောက် ကိုယ်တတ်စွမ်းနိုင်တဲ့ အနုပညာအားနဲ့ လူတွေရဲ့စိတ်ကို တွန်းအားပေးနေတဲ့အတွက် ကျေးဇူးတင်ရှိတယ်လို့ ကျွန်တော်ပြောချင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ကူမင်းက ပြန်လာတဲ့ စစ်ခေါင်းဆောင်ကို သရုပ်ဆောင်တချို့ နေပြည်တော်လေဆိပ်မှာ ကြို


နိုဝင်ဘာ ၁၀ 

Radio NUG 


ကူမင်းမြို့မှာ ကျင်းပတဲ့ မဟာမဲခေါင် ထိပ်သီးအစည်းအဝေးပွဲနဲ့ ဆက်စပ်ဆွေးနွေးပွဲတချို့ ကိုတက်ရောက်ခဲ့တဲ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့အဖွဲ့ကို နေပြည်တော် လေဆိပ်မှာ ဒုတိယစစ်ခေါင်းဆောင် စိုးဝင်းနဲ့ စစ်ကောင်စီ အတွင်းရေးမှူး အောင်လင်းဒွေးတို့နှင့်အတူ စစ်ကောင်စီ ဝါဒဖြန့်ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ကြတဲ့ သရုပ်ဆောင်အချို့လည်း ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။


စစ်တပ်ဝါဒဖြန့်ဇာတ်ကားတွေမှာ ပါဝင်လေ့ရှိတဲ့ ရန်အောင်၊ ဇင်ယော်မောင်မောင်၊ မေသန်းနု၊ ခန့်စည်သူ၊ စိုးမြတ်သူဇာ၊ မေသဉ္ဇာဦး၊ ဒိန်းဒေါင်၊ ယုန်လေးနဲ့ အခြား အဆိုတော်သရုပ်ဆောင် တချို့ ကြိုဆိုခဲ့ကြပါတယ်။


အကြမ်းဖက် စစ်ခေါင်းဆောင်ဟာ ကူမင်းမှာ တရုတ်ဝန်ကြီးချုပ် လီချန်းနဲ့ တွေ့ဆုံခဲ့သလို အိမ်နီးချင်းနိုင်ငံက ခေါင်းဆောင်တချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။


========================


📌📌 ၃။ တရုတ်-မြန်မာ ဆင်ဖြူနယ်စပ်ဂိတ်မှ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်း သယ်ယူခွင့်ကို တရုတ် ပိတ်ပင်


နိုဝင်ဘာ ၁၀ 

Radio NUG 


တရုတ်-မြန်မာ ဆင်ဖြူပေါက်ဂိတ်နဲ့ နန်းတော်ပေါက်ဂိတ်မှ တစ်နိုင်တစ်ပိုင် ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်က စတင်ပိတ်ပင်လိုက်ပြီး ကျယ်ဂေါင်ကနေ လုပ်ငန်းသုံး မဟုတ်တဲ့  ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ လက်တွန်းလှည်း‌တွေကို ကုန်စည်ဖြတ်သန်းသွားလာခွင့်မပြုတော့ဘဲ တရားဝင်ကုန်စည်လမ်းကိုသာ ခွင့်ပြုတော့မယ်လို့  နိုဝင်ဘာ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


နယ်စပ်ကုန်သွယ်ရေးဂိတ်မှာ လုပ်ငန်းသုံး မဟုတ်တဲ့ ကုန်စည်သယ်ယူမှုတွေကို နိုဝင်ဘာ ၁၁ရက်နေ့ကစပြီး ကန့်သတ်သွားမှာ ဖြစ်ပြီး မန့်ဝိန်းဂိတ် ပြန်ဖွင့်မယ်လို့ သိရပါတယ်။


တရုတ်ဘက်က ကုန်ပစ္စည်းတင်သွင်းတာ ပိတ်လိုက်တာကြောင့် ကျယ်ဂေါင်မှာ ပစ္စည်းတင်သွင်းနေတဲ့ အခြေခံလူတန်းစားများ အလုပ်လက်မဲ့ ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြ၀တီနှင့် ကော့ကရိတ်တွင် ထိုးစစ်ဆင်ရန် လှိုင်းဘွဲ့မြို့နယ်မှ စစ်မှုထမ်းအင်အား ၈၀ ဦး တောင်းခံ


နိုဝင်ဘာ ၁၀ 

Radio NUG 


ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်တွင် စစ်တပ်က စစ်မှုထမ်းနှင့် ပြည်သူ့စစ်အဖြစ် အင်အား ၈၀ ဦး တောင်းခံပြီး လှိုင်းဘွဲ့စစ်ဗျူဟာသို့ အမြန်ဆုံးပို့ဆောင်ပေးရန် ညွှန်ကြားထားကြောင်း သတင်းရရှိပါတယ်။


သို့ရာတွင် လက်ရှိအချိန်အထိ လူ ဦးသာ ပေးနိုင်ပြီး စုဆောင်းခိုင်းသည့် စစ်အင်အားများကို မြ၀တီမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်အတွင်း ထိုးစစ်ဆင်ရန်နှင့် လုံခြုံရေးအတွက် နေရာချထားရန် ဖြစ်တယ်လို့ သိရပါတယ်။


အဲဒီ ဦးကိုလည်း ငွေထောက်ပံ့ခြင်း၊ ရွာမြေ မြေလွတ်မြေရိုင်းတချို့ကို ပေးပြီး စည်းရုံးခဲ့တယ်လို့ သိရပါတယ်။


လှိုင်းဘွဲ့တွင် KNU နှင့် တော်လှန်ရေးတပ်များ အားကောင်းသည့်အတွက် အကြမ်းဖက်စစ်ကောင်စီတပ်မှာ ပေါ်တာဆွဲ ဖမ်းဆီးရန် ခက်ခဲပြီး မြို့ပေါ်တွင်သာ စစ်တပ်နှင့် စစ်ကောင်စီဝန်ထမ်းများရှိကာ ကျေးရွာများအားလုံးတွင် KNUနှင့် တော်လှန်ရေးတပ်များက လွှမ်းမိုးထားတာ ဖြစ်ပါတယ်။


လှိုင်းဘွဲ့မြို့နယ် စီမံကော်မတီဥက္ကဋ္ဌအဖွဲ့က လိုအပ်နေတဲ့ ၇၁ ဦး ရရှိရေး အစည်းအဝေးများ လုပ်ဆောင်နေပြီး စစ်မှုထမ်း စာရင်းကောက်ခံထားသူများ တိမ်းရှောင်ပါက ဥပဒေနှင့်အညီ အရေးယူရန်၊  စာရင်းကောက်ခံထားရသူ၏ အစ်ကို သို့မဟုတ် ညီ တစ်ဦးဦးကို  တာဝန်ထမ်းဆောင်စေရန်၊ ညမထွက်ရအမိန့်ကို ဖောက်ဖျက်၍ သွားလာနေသူများ၊ ယာဥ်/ လမ်းစည်းကမ်းဖောက်ဖျက်သူများနှင့် လိုင်စင်မဲ့မောင်းနှင်သူများကို စစ်မှုထမ်းသိမ်းသွင်းရန် လုပ်ဆောင်မှာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၅။ အမေရိကန်၊ ဆန်ဖရန်စစ္စကိုမြို့မှာ နွေဦးတော်လှန်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်


နိုဝင်ဘာ ၁၀ 

Radio NUG 


နိုဝင်ဘာလ ၁၀ ရက်မှာ အမေရိကန်ရောက်  Free Burma Action Committee-Northern California က ဦးဆောင်ပြီးနွေဦးတော်လှန်ရေး အောင်မြင်ဖို့ စစ်ရေး နိုင်ငံရေး ပူးပေါင်းညီညွတ်ကြပါစို့ဆိုတဲ့ခေါင်းစဉ်နဲ့  လူထုသပိတ်လှုပ်ရှားမှုကို ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဆန်ဖရန်စစ္စကိုမြို့မှာ  ၁၄၆ ကြိမ်မြောက်အဖြစ် မြေပြင်လူထုသပိတ်တိုက်ပွဲကို နွေဦးတော်လှန်ရေး အင်အားစုတွေ၊ ထောက်ပို့ပြည်သူတွေ အဓိက ပါဝင်ပြီး သပိတ်တိုက်ပွဲမှာ ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ ဘူးသီးတောင်တွင် စစ်ရှောင်များ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်း ကျောင်းကို စစ်ကောင်စီက ဗုံးကြဲခဲ့တာကြောင့် ရဟန်း တပါး အပါအဝင် ဦး ဒဏ်ရာရ


နိုဝင်ဘာ ၁၀ 

Radio NUG


ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့၊ အမှတ် ရပ်ကွက်ရှိ စစ်ရှောင်များ နေထိုင်ရာ မြစိမ်းရောင် ဘုန်းကြီးကျောင်းနဲ့ အမှတ် ရပ်ကွက်က လမ်းမ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AB News က ဖော်ပြထားပါတယ်။


နိုဝင်ဘာလ ၁၀ ရက် မနက် နာရီ ၄၅ မိနစ်တွင် မြစိမ်းရောင် ဘုန်းကြီးကျောင်းကို စစ်ကောင်စီ က Jet Fighter ဖြင့် Cluster ဗုံး အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ  ရဟန်းတပါး အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


ဒဏ်ရာရခဲ့သူများမှာ သက်တော် ၆၂ နှစ် သိက္ခာတော် ဝါရှိ ဦးဇဝန၊ အသက် ၄၅ နှစ်အရွယ် ဖော်တီနဲ့ အသက် ၁၁ နှစ်အရွယ် မိုးခန့် တို့ဖြစ်ပါတယ်။


အလားတူ မနက် နာရီ ၄၂ မိနစ်ခန့်မှာလည်း လမ်းမ ဘုန်းကြီးကျောင်းကို Jet Fighter ဖြင့် ပေါင် (၃၀၀) ဗုံးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် စစ်ဘေးရှောင် ပြည်သူ ဦး ဒဏ်ရာရခဲ့ ပါသေးတယ်။


ဒဏ်ရာရခဲ့သူများမှာ အသက် ၄၂ နှစ်အရွယ် ချစ်စုမ နဲ့ အသက် ၃၁ နှစ်အရွယ် အောင်သူ (ခေါ်) ညီဘုတို့ ဖြစ်ပါ တယ်။


ဒါဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တဲ့ ဦးဖော်တီ မှာ နီးစပ်ရာ ဆေးရုံတွင် ဆေးကုသမှု ခံယူနေပြီး ခြေထောက် ဖြတ်ပစ်ရ နိုင်ချေ ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စိတ်ဝေဒနာသည် အမျိုးသမီး ဦးအပါအဝင် ဦး သေဆုံး


နိုဝင်ဘာ ၁၀

Radio NUG


ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ စိတ်ဝေဒနာသည် အမျိုးသမီး ဦး အပါအဝင် အမျိုးသမီး ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့  AB News က ဖော်ပြထားပါတယ်။


နိုဝင်ဘာလ ၁၀ ရက် မနက် နာရီ ဝန်းကျင်မှာ သံတွဲမြို့ အံတော် တံတားထိပ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး တလုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် တံတားအနီးရှိ ဒေါ်အေးကျော့စိန် စားသောက်ဆိုင်က ဆိုင်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူ အသက် ၃၄ နှစ်အရွယ် မစုစုလှိုင်နဲ့ ဆိုင်အနီးမှာ အိပ်နေတဲ့ စိတ်ဝေဒနာသည် အမျိုးသမီး သေဆုံးခဲ့ပါတယ်။


ထိုအပြင် သံတွဲမြို့ အမှတ် ရပ်ကွက်က TMP စက်ရုံကို မနက် နာရီ ၁၅ မိနစ်မှာ ဗုံး လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် စက်ရုံအတွင်း ထိခိုက်ပျက်စီးခဲ့ကာ အမိုးနီးယား ဓါတ်ငွေ့များ ပြန့်နှံမှု အနည်းငယ် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ အောက်တိုဘာလအတွင်း ယောဒေသမှာ လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့ရာ ၁၁ ဦး သေဆုံးခဲ့ပြီး ၃၈ ဦး ဒဏ်ရာရ


နိုဝင်ဘာ ၁၀၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ယောဒေသတွင် အောက်တိုဘာလအတွင်းမှာ စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာကြောင့် ပြည်သူ ၁၁ ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ Pyinsama Mandai Civil Surveillance Group က ထုတ်ပြန်ထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုများမှာ ဂန့်ဂေါမြို့နယ်တွင် ကြိမ်၊ ထီးလင်းမြို့နယ်တွင် ကြိမ်နဲ့ ဆောမြို့နယ်တွင် ကြိမ် ပြုလုပ်ခဲ့ပြီး ဆောမြို့နယ်၊ ပန်းဆန်ရွာကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကာ ကျန် ဒေသများ ကိုတော့ တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။


ဂန့်ဂေါမြို့နယ်က လေကြောင်းတိုက်ခိုက်မှု () ကြိမ်အတွင်း အရပ်သား ဦး သေဆုံးကာ ၁၅ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ထီးလင်းမြို့နယ်က လေကြောင်းတိုက်ခိုက်မှု () ကြိမ်အတွင်း အရပ်သား ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပြီး ဆောမြို့နယ်က () ကြိမ်အတွင်း ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။


ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (YPDF) က ယောဒေသ လေကြောင်း တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီးလူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်းအောက်တိုဘာ ၁၇ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ () လအတွင်း ဗိုလ်ကြီး () ဦး၊ ရဲအုပ် () ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံ 


နိုဝင်ဘာ ၁၀ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများသို့ ဆက်သွယ်ကာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း တပ်သားနှင့်ရဲ (၄၉) ဦး ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အရာရှိအဆင့် ဗိုလ်ကြီး () ဦး၊ ရဲအုပ် () ဦး အပါအဝင် တပ်သားနှင့်ရဲ (၄၉) ဦး အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကို စွန့်ခွာကာ ပြည်သူ့ဘက်သို့ ရပ်တည် ကူးပြောင်းလာခဲ့ခြင်းဖြစ်သည်။ အဆိုပါ (၄၉) ဦးတွင် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်း ရှိပြီး လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ပြည်သူ့ရင်ခွင် ခိုလှုံလာသူများ ယူဆောင်လာသည့် လက်နက်မျိုးစုံ (၁၇) လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့တယ်လို့ သိရပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများအနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက်တွန်း အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ အမှတ်() စစ်ဒေသ ပခုက္ကူခရိုင် P1-4019 တပ်ရင်းမှ မွမ်းမံသင်တန်း အပတ်စဉ်() သင်တန်းဆင်း အခမ်းအနား ကျင်းပပြုလုပ်


နိုဝင်ဘာ ၁၀ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်() စစ်ဒေသ ပခုက္ကူခရိုင် P1-4019 တပ်ရင်းမှ မွမ်းမံသင်တန်း အပတ်စဉ်() သင်တန်းဆင်း အခမ်းအနားအား  နိုဝင်ဘာလ () ရက် တွင် တပ်ခွဲ()/ ()/ () စုပေါင်း၍ ကျင်းပပြုလုပ်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် တပ်ရင်းမှ တာဝန်ရှိသူများ၊ တပ်ခွဲမှူးများ ဦးစီးခေါင်းဆောင်များ အသီးသီးမှ ရဲဘော်များအား မိန့်ခွန်းပြောကြားပြီး သင်တန်းအတွင်း ထူးချွန်ရဲဘော်များအား ဆုချီးမြင့်ခြင်း ရဲဘော်၊ ရဲမေများမှ သင်တန်းဆင်းရဲဘော်များအား ဖျော်ဖြေမှုများဖြင့် သင်တန်းအား ကျင်းပဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အခမ်းအနားအား လေကြောင်း လုံခြုံရေး အန္တရာယ် စိုးရိမ်စွာဖြင့် မဟာမိတ်တပ်ရင်းများ ၊ထောက်ပို့ဧည့်သည်များအား မဖိတ်ကြားရသည့်အတွက်  နားလည်ပေးပါရန် ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment