16th NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးဒုက္ခအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှလုံးလွတ်လပ်လုံခြုံစွာဖြင့် အနှစ်သာရပြည့်ဝစွာဆင်နွှဲနိုင်မည့်နေ့ရက်များကို အမြန်ဆုံးရောက်ရှိပါစေကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း 

📌 ၂။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနဆို 

📌 ၃။ မေရီလန်းပြည်နယ်တွင် ပြသမယ့် နွေဦးတော်လှန်ရေး အခြေခံထားတဲ့ ZOOMERS ရုပ်ရှင်ပြပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်မယ် 

📌 ၄။ ကျွန်းသစ်နက် ရုပ်ထု "မာတာ" လေလံပွဲမိတ်ဆက်ခြင်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဦးစိုးသူရထွန်းတို့ တက်ရောက်မယ်

📌 ၅။ စစ်ကောင်စီကို ရတဲ့နည်းနဲ့ တော်လှန်ဆန့်ကျင်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်း တိုက်တွန်း

📌 ၆။ SDB ဘဏ်ရှယ်ယာများရောင်းချရာ နာရီအတွင်း ဒေါ်လာ သန်းကျော်ဖိုးရောင်းချရ 

📌 ၇။ အာဏာသိမ်း လေးနှစ်နီးပါး ကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ 


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ

🚩 ၁။ မိုးမောက်မြို့နယ်၊ ကုန်းလောတွင် ကျေးဇူးတော်ချီးမွမ်းပွဲတော်အတွက် ပြင်ဆင်နေတဲ့ KBC ဘုရားကျောင်းဝင်းထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ယောက် အသက်ဆုံးရှုံးရပြီး ၃၀ ကျော် ဒဏ်ရာရခဲ့

🚩 ၂။ ဂွနှင့် တောင်ကုတ်တွင် လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းခွဲ ချိုးချ  

🚩 ၃။ စလင်းမြို့နယ် ဆုပ်လေဦးလမ်းဆုံ၌ တပ်ဖြန့်ကာ အထိုင်ချထားသော စကစတပ်စခန်းအား တိုက်ခိုက် သိမ်းပိုက် 

🚩 ၄။ ရွာငံမှာ မြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ တပ်ဆွယ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ တိုက်ခိုက်ခံရ၊ ရဲမှူး အပါအဝင် ရဲ ယောက်နဲ့ အရပ်သား တစ်ယောက်  သေဆုံး 

🚩 ၅။ မင်းကွန်း မြသိန်းတန်စေတီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဦးသေဆုံး 




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးဒုက္ခအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှလုံးလွတ်လပ်လုံခြုံစွာဖြင့် အနှစ်သာရပြည့်ဝစွာဆင်နွှဲနိုင်မည့်နေ့ရက်များကို အမြန်ဆုံးရောက်ရှိပါစေကြောင်းပြည်ထောင်စုဝန်ကြီးချုပ်ဆုမွန်ကောင်းတောင်း 


နိုဝင်ဘာလ ၁၅ ရက် ညပိုင်း သာမညဖလအခါတော်နေ့ ဆုတောင်းစကားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလို ဆု‌မွန်ကောင်းတောင်းထားပါတယ်။

"တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့) အခါသမယတွင် နိုင်ငံသူနိုင်ငံသားများအားလုံး ဘေးဒုက္ခအန္တရာယ်အပေါင်းမှ ကင်းဝေးပြီး ကိုယ်စိတ်နှလုံးလွတ်လပ်လုံခြုံစွာဖြင့် အနှစ်သာရပြည့်ဝစွာ ဆင်နွှဲနိုင်မည့်နေ့ရက်များကို အမြန်ဆုံးရောက်ရှိပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်" လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၂။ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မယ်လို့ လူ့အခွင့်အရေးဝန်ကြီးဌာနဆို 


မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ဖြစ်စဉ်ကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်ဆောင်ရွက်မယ်လို့ နိုဝင်ဘာလ ၁၅ ရက်မှာ လူ့အခွင့်အရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြပါတယ်။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၁ ရက်နေ့၊ ၁၀ နာရီမှ ညသန်းခေါင်ယံ ၁၂ နာရီ ဝန်းကျင်အထိ မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့ အရှေ့ပိုင်းနှင့် အနောက်ပိုင်းရှိ လယ်ဦးရပ်ကွက်နှင့် လူးထရပ်ကွက်တို့အား အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု() ကြိမ်ပြုလုပ်ခဲ့ပါတယ်။ ထိုတိုက်ခိုက်မှုများကြောင့် ပြည်သူ () ဦးသေဆုံးကာ ပြည်သူ (၁၂) ဦး ဒဏ်ရာရပြီး နေအိမ်နှင့် ဘုရားရှိခိုးကျောင်းများ ပျက်စီးခဲ့ရတယ်လို့ဖော်ပြပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသောဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၃။ မေရီလန်းပြည်နယ်တွင် ပြသမယ့် နွေဦးတော်လှန်ရေး အခြေခံထားတဲ့ ZOOMERS ရုပ်ရှင်ပြပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်မယ် 


အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ် Potomacတွင် ပြသမယ့် နွေဦးတော်လှန်ရေးအခြေခံထားတဲ့ ZOOMERS ရုပ်ရှင်ပြပွဲကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်မယ်လို့နိုဝင်ဘာ ၁၅ ရက်မှာ အသိပေးဆိုထားပါတယ်။

"တိုက်ပွဲဝင် Gen Z လူငယ်တွေကို ဇာတ်ကောင်ထားပြီး နွေဦးတော်လှန်ရေးအခြေခံထားတဲ့ZOOMERS ရုပ်ရှင်ပြပွဲမှာ အမှာစကားပြောကြားဖို့ ဖိတ်ကြားလာပါတယ်။ ချက်ချင်းပဲ လက်ခံဖြစ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးအခြေခံတဲ့ ဇာတ်အိမ်၊ တော်လှန်ရေးအတွက် ထွက်ခွာလာကြတဲ့ Gen Z တွေကို ဇာတ်ကောင်ဖွဲ့ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်ကားလေးလည်းဖြစ်၊ နောက်ပြီး ဒီပြပွဲကနေ ရရှိမယ့် ရန်ပုံငွေတွေကိုလည်း လိုအပ်တဲ့နေရာတွေဆီ တိုက်ရိုက်ပေးပို့မှာဖြစ်လို့ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

အဆိုပါရုပ်ရှင်ပြသပွဲသို့ မြန်မာအင်အားစုများ လာရောက်အားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။ 


========================


📌📌 ၄။ ကျွန်းသစ်နက် ရုပ်ထု "မာတာ" လေလံပွဲမိတ်ဆက်ခြင်းဖွင့်ပွဲ အခမ်းအနားသို့ ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဦးစိုးသူရထွန်းတို့ တက်ရောက်မယ် 


ကျွန်းသစ်နက် ရုပ်ထု "မာတာ" လေလံပွဲမိတ်ဆက်ခြင်းဖွင့်ပွဲ အခမ်းအနား ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး   ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းတို့ တက်ရောက်မယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့ နာရီမှာ ကျွန်းသစ်နက် ရုပ်ထု  မာတာ  လေလံပွဲမိတ်ဆက်ခြင်းဖွင့်ပွဲ အခမ်းအနား ကို PVTV နဲ့ အခြားသတင်းဌာနများက ထုတ်လွှင့်ပြသမယ်လို့ သိရပါတယ်။

ဖွင့်ပွဲအခမ်းအနားမှာ ဆရာတော် အရှင်ထာ၀ရ (နော်ဝေ) အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာ ထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်း၊ အထူးဧည့်တော်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကိုထိန်လင်း၊ ဦးကျော်သက်လင်း၊ ပန်းချီဆရာမ၊  Moderator အဖြစ် ကိုယွန်းမောင်နှင့်  မွန်ပြည်နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာတို့က ပါဝင်တတ်ရောက်ပေးကြမှာ ဖြစ်ပါတယ်။ 

မိခင်၏မျက်နှာကို ကျွန်းနက် (အမတေအဖြစ် ကျန်ခဲ့သော ကျွန်းပင်) ပေါ်၌ PDF ရဲဘော်တဦးမှ ကိုယ်တိုင် ထုဆစ်ပုံဖော်ထားပြီး တော်လှန်ရေးနှင့် ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေသူများ၏ ခွန်အားနှင့် စိတ်ဓါတ်ကို သက်သေထူကာ တွင်းထုထားသော ကျွန်းသစ်နက် ရုပ်ထုဖြစ်ပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီကို ရတဲ့နည်းနဲ့ တော်လှန်ဆန့်ကျင်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်း တိုက်တွန်း 


စစ်ကောင်စီကို ရတဲ့နည်းနဲ့ တော်လှန်ဆန့်ကျင်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းက နိုဝင်ဘာ ၁၅ ရက်မှာ ဆိုရှယ်မီဒီယာကတဆင့် အသိပေးတိုက်တွန်းလိုက်ပါတယ်။ 

"ကျနော်တို့ တိုင်းပြည်ကို ငြိမ်းချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်တဲ့၊ ကမ္ဘာ့အလယ် ရင်ဘောင်တန်းနိုင်တဲ့ နိုင်ငံတခုဖြစ်ချင်ရင် ဒီ မအလအာဏာသိမ်းအုပ်စုနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှပဲ ဖြစ်မှာလေ။ အခုဆိုရင်ပဲ ကျနော်တို့ တော်လှန်ရေးခရီးကလည်း အတိုင်းအတာတခုထိ ခရီးရောက်နေတာကိုလည်း မိတ်ဆွေလည်း သတိထားမိမှာပါပဲ။အဓိကပြောချင်တာကတော့ဗျာ၊ ဒီတော်လှန်ရေးကြီးက ပြည်သူအားလုံးနဲ့ သက်ဆိုင်တဲ့ ပြည်သူ့တော်လှန်ရေးကြီးဖြစ်တယ်။ ဒါ့ကြောင့် ခင်ဗျားတို့ ကျနော်တို့အာလုံးနဲ့ သက်ဆိုင်တယ်။ ကျနော်တို့တွေအားလုံးသည်တော်လှန်ရေးသမားတွေပဲ။ လက်နက်ကိုင်နိုင်တဲ့သူတွေက လက်နက်ကိုင်နည်းနဲ့ တော်လှန်ကြမယ်။ သို့သော် သေနတ်ကိုင်နိုင်မှ၊ တော်လှန်ရေးစိုးမိုးနယ်မြေတွေမှာ နေမှ တော်လှန်ရေးသမား မဟုတ်ဘူးနော်။ ရန်ကုန်လို မန္တလေးလို့ မြို့ကြီးတွေပေါ်မှာ နေရင်းလည်း တော်လှန်ရေးသမား ဖြစ်ရမယ်။ စစ်ကောင်စီကို ရတဲ့နည်းနဲ့ တော်လှန်ဆန့်ကျင်ရမယ်"လို့ဆိုပါတယ်။ 

စစ်ကောင်စီကို ဆန့်ကျင်ရန်ဘူးသပိတ်ကို ဆင်နွှဲပေးခြင်းဖြင့် စစ်ကောင်စီပိုင် ကုန်ပစ္စည်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေကို မသုံးဖို့၊ မဝယ်ဖို့၊ မရောင်းဖို့၊ အားမပေးဖို့၊စစ်ကောင်စီကို အပတ်အသတ် မလုပ်ဖို့၊ မပူးပေါင်းဖို့၊ အသိအမှတ် မပြုဖို့၊စစ်ကောင်စီကို အခွန်အခ တတ်နိုင်သမျှ မပေးကြဖို့၊ အခွန်ရှောင်လို့ ရသမျှ ရှောင်ကြဖို့၊အကြမ်းမဖက် အာဏာဖီဆန်ရေး လူထုသပိတ်လှုပ်ရှားမှုတွေမှာ ပူးပေါင်းပါဝင်ကြဖို့တိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ SDB ဘဏ်ရှယ်ယာများရောင်းချရာ နာရီအတွင်း ဒေါ်လာ သန်းကျော်ဖိုးရောင်းချရ 


SDBဘဏ်ရှယ်ယာများရောင်းချရာ၄ နာရီအတွင်း ဒေါ်လာ သန်းကျော်ဖိုးရောင်းချရတယ်လို့ နိုဝင်ဘာ ၁၅ ရက်မှာ SDB ဘဏ်က တရားဝင်အသိပေးကြေညာပါတယ်။

" နာရီအတွင်း ဒေါ်လာ သန်းကျော် 

😱


ချစ်ပျား....တုပ်ချက်! ICO Round 2 စတင်တဲ့နေ့မှာပဲ အခုလို တခဲနက် တာထွက် လှပခဲ့တာ အိမ်ပြန်ခရီးမှာ လွတ်လပ်မှုကို ရူးသွပ်တဲ့ နွေဦးပျားတို့ အားလုံးရဲ့ ဇွဲသတ္တိကြောင့်ပဲ ဖြစ်ပါတယ်။ ခွင့်သာခိုက်မှာ လိုက်ပါဖို့ နွေဦးပျားတပ်ကို ဖိတ်ခေါ်လို့ ဆက်ပြီး အုံနဲ့ကျင်းနဲ့ တုပ်ကြရအောင်"လို့ဆိုပါတယ်။ 

SDB ဘဏ္ဍာရေးဝရဇိန်နဲ့ ရှယ်ယာရှင်လည်း လုပ်မယ် အာဏာရှင်လည်း တုပ်မယ် ဆိုတဲ့ ပြည်သူတို့ အတွက် နွေဦးဘဏ်နှင့်အတူ ICO Round 2 အိမ်ပြန်လှိုင်းသစ်ရဲ့ ခွင့်သာခိုက်မှာ လိုက်ပါဖို့ အနည်းဆုံး $10 နှင့် ညီမျှတဲ့ ပမာဏ ရှိရုံဖြင့် ရင်းနှီးမြှုပ်နှံနိုင်တယ်လို့ SDBဘဏ်ကအသိပေးဆိုထားပါတယ်။

နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ ရက်နေ့အထိသာ ရောင်းချပေးသွားမှာ ဖြစ်လို့ နွေဦးဘဏ် အကောင့်ဖွင့်၊ ငွေဖြည့်ပြီး အင်တိုက်အားတိုက်ပါဝင်ဖို့ကိုလည်းတိုက်တွန်းထားပါတယ်။


========================

 

📌📌 ၇။ အာဏာသိမ်း လေးနှစ်နီးပါး ကာလအတွင်း သတင်းသမား ၂၀၀ ကျော် ဖမ်းဆီးခံခဲ့ရ 


စစ်အာဏာသိမ်းခဲ့သည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၄ အောက်တိုဘာလအထိ လေးနှစ်နီးပါးကာလအတွင်း သတင်းသမား ၂၁၅ ဦး ဖမ်းဆီးခံခဲ့ရပြီး ၅၄ ဦးမှာ လက်ရှိအချိန်ထိ ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်အရေး လှုပ်ရှားနေသည့် အသံအဖွဲ့က နိုဝင်ဘာ ၁၄ ရက်တွင်  သတင်းထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူများထဲတွင် သတင်းထောက် အမျိုးသမီး ၂၆ ဦး၊ အမျိုးသား ၁၈၉ ဦး ပါဝင်ပြီး အမျိုးသမီး ၂၂ ဦး၊ အမျိုးသား ၁၃၃ ဦး ပြန်လည်လွတ်မြောက်ခဲ့ကာ သတင်းသမား ၁၁ ဦး သေဆုံးခဲ့သလို သတင်းဌာန ၁၅ ခုမှာလည်း လိုင်စင်ဖျက်သိမ်းခံထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိလည်း စစ်ကောင်စီအနေဖြင့် ဒစ်ဂျစ်တယ်ပလက်ဖောင်းများပေါ်မှ စောင့်ကြည့်နေခြင်း၊ အင်တာနက်နှင့် ဆက်သွယ်ရေးလိုင်းများကို ဖြတ်တောက်ပိတ်ဆို့ခြင်းနှင့် သတင်းရယူနေသည့် သတင်းသမားများကို ဖမ်းဆီးကာ ထိခိုက်အနာတရ ဖြစ်စေခြင်းများဖြင့် သတင်းမီဒီယာအခွင့်အရေးများကို ချိုးဖောက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာနှင့် အောက်တိုဘာလအတွင်း၌ ရှမ်းပြည်နယ်အခြေစိုက် သတင်းထောက် ဦး သတင်းလိုက်ရင်း လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သလို သံလွင်တိုင်းမ်သတင်းထောက်၏ နေအိမ်အား စစ်ကောင်စီက ချိပ်ပိတ်ခဲ့သည့်အပြင် စက်တင်ဘာလအတွင်း၌ ဖားကန့်အခြေစိုက် သတင်းထောက် ယောက်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဖမ်းဆီးခဲ့ပြီး အောက်တိုဘာလတွင် ပြန်လွှတ်ပေးခဲ့သော်လည်း သတင်းထောက်များနှင့် သတင်းမီဒီယာလုပ်ငန်းများ အာမခံချက် နည်းလာပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များ ဆက်တိုက်ချိုးဖောက်ခံလာရတယ်လို့ ဖော်ပြထားပါတယ်။

ကမ္ဘာ့သတင်းမီဒီယာ လွတ်လပ်ခွင့်အညွှန်းကိန်းတွင်လည်း မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၁ အဖြစ် သတ်မှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့သတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ မိုးမောက်မြို့နယ်၊ ကုန်းလောတွင် ကျေးဇူးတော်ချီးမွမ်းပွဲတော်အတွက် ပြင်ဆင်နေတဲ့ KBC ဘုရားကျောင်းဝင်းထဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးများအပါအဝင် ယောက် အသက်ဆုံးရှုံးရပြီး ၃၀ ကျော် ဒဏ်ရာရခဲ့


ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောမှာ ကျေးဇူးတော်ချီးမွမ်းပွဲတော် (Thanksgiving day) အတွက်ပြင်ဆင်နေတဲ့ ဘုရားကျောင်းဝင်းထဲ စကစ လေယာဉ်ဗုံးကြဲလို့ ကလေးသူငယ် အပါအဝင် ယောက် အသက်ဆုံးရှုံးရပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က နိုဝင်ဘာ ၁၅ ရက်မှာ ဖြစ်စဥ်ကို အသိပေးထားပါတယ်။ 

"နိုဝင်ဘာလ ၁၅ ရက် ညနေ နာရီမှာ မိုးမောက်မြို့နယ်၊ မြို့သစ်ကုန်းလောမှာ ကျေးဇူးတော်ချီးမွမ်းပွဲတော် (Thanksgiving day) အတွက်ပြင်ဆင်နေတဲ့ ဘုရားကျောင်းဝင်းထဲ စကစ လေယဉ်ဗုံးကြဲလို့ ကလေးသူငယ် အပါအဝင် ယောက် အသက်ဆုံးရှုံးရပြီး ၃၀ ကျော် ဒဏ်ရာရခဲ့ပါတယ်" လို့ ဆိုပါတယ်။ 

အဆိုပါ KBC ဘုရားကျောင်းဝင်းဟာ စစ်ဘေးရှောင်ပြည်သူများ ခိုလှုံနေတဲ့နေရာလည်း ဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ ဂွနှင့် တောင်ကုတ်တွင် လေယာဉ်ဖြင့် ဗုံးကျဲ၍ ပြည်သူ ၁၁ ဦးသေဆုံးပြီး ဂွမြို့နယ် ဆပ်သွားတံတားကို စစ်တပ်က မိုင်းခွဲ ချိုးချ  


နိုဝင်ဘာလ ၁၃ ရက်နှင့် နိုဝင်ဘာလ ၁၄ ရက်နေ့က ဂွမြို့နယ်နှင့် တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကျဲချ၍  အပြစ်မဲ့အရပ်သားပြည်သူ ၁၁ ဦး သေဆုံးခဲ့ရပြီး ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။

နိုဝင်ဘာလ ၁၃ ရက် နံနက် ၁၀ နာရီအချိန် ဂွမြို့နယ် ဂျိုင်ကောက်ကျေးရွာကို လေကြောင်းဗုံးကျဲချခဲ့သဖြင့်  အပြစ်မဲ့ အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသူများမှာ အသက် နှစ်အရွယ် မသဲသဲ အသက် ၁၅ နှစ်အရွယ် မယွန်းရတီလှိုင်၊ အသက် ၂၈ နှစ်အရွယ် ကိုရေချမ်း၊ အသက် ၅၄ နှစ်အရွယ် ဦးဘမ်ဒို၊ ဦးမိုးညို၊ အသက် ၆၀ အရွယ် ဒေါ်ခင်သက်မူ၊ အသက် ၆၅ နှစ်အရွယ် ဦးဆန်းလှိုင် တို့ဖြစ်ကာ  ဒဏ်ရာရရှိသူများမှာ ဦးနု၊ ဦးထွန်းထွန်းနိုင်၊ ကိုမောင်မောင်နိုင်၊ ဦးတင်ဝင်းနှင့် မလေးလေးဝါးတို့ဖြစ်တယ်လို့ သိရပါတယ်။

ထို့ပြင် နိုဝင်ဘာလ ၁၄ ရက် နာရီခွဲအချိန်တွင်  ဂွမြို့နယ်၊ ဂျိုင်ကောက် တံတား (ဆပ်သွားချောင်းတံတား) မှာရှိသော စစ်ကောင်စီတပ်ဖွဲဝင်များမှ တံတားကို မိုင်းဖောက်ခွဲဖျက်ဆီးပြီး တပ်ဆုတ်သွားတယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာလ ၁၄ ရက် နံနက် နာရီအချိန်ခန့်တွင် တောင်ကုတ်မြို့နယ်၊ ရန်ခိုကျေးရွာကိုလည်း စစ်ကောင်စီ လေကြောင်းက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်မှုတို့ကြောင့် အရပ်သား ဦးထက်မနည်း သေဆုံးသွားခဲ့ရပါတယ်။

ခမရ ၃၄၆နှင့် ၅၄၄ တပ်တွေကနေ တိုက်ခိုက်ပစ်ခတ်မှုကြောင့် တစ်အိမ်ထဲမှာ မောင်နှမ လေးဦး ဗုံးကြောင့် သေဆုံးသွားတယ်လို့ မိသားစုတွေဆီက သိရပါတယ်။

ရန်ခိုကျေးရွာအနီးတွင် ရှိသည့် ဖုန်ညို၊ ဒုံးရွာ၊ ကြိုးကြာကွင်း စသည့် ကျေးရွာများကိုလည်း စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းဗုံးကျဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေကြောင်း သိရပါတယ်။


========================


🚩🚩 ၃။ စလင်းမြို့နယ် ဆုပ်လေဦးလမ်းဆုံ၌ တပ်ဖြန့်ကာ အထိုင်ချထားသော စကစတပ်စခန်းအား တိုက်ခိုက် သိမ်းပိုက် 


နိုဝင်ဘာလ ၁၅ ရက်နေ့တွင် စလင်းမြို့နယ် ဆုပ်လေဦးလမ်းဆုံ၌ တပ်ဖြန့်ကာ အထိုင်ချထားသော စကစတပ်စခန်းအား တော်လှန်ရေးမဟာမိတ်တပ်များမှ နံနက် နာရီ ၃၀မိနစ်အချိန်မှ စတင်ကာ နံနက် နာရီ ၁၀ မိနစ် အချိန်ထိ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး စကစ အထိုင်ချတပ်စခန်း၊ လက်နက်ခဲယမ်းအချို့နှင့် အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။

စတင်ဝင်ရောက် စီးနင်းချိန်မှစ၍ တိုက်ပွဲဖြစ်ပွားချိန် နာရီ ၄၀ မိနစ် အချိန်အတွင်း စကစတပ်သားများ အထိနာကာ တိုက်ပွဲဖြစ်ပွားရာ နေရာမှ ဆီဆိုင်တစ်ဆိုင်အား RPG နှင့်ပစ်ကာ ဆင်ဖြူကျွန်းဘက်သို့ ဦးတည် ထွက်ပြေးသွားခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

စခန်းနှင့် လက်နက်ခဲယမ်း အသုံးအဆောင်များအား သိမ်းဆည်းပြီး တော်လှန်ရေးတပ်ပေါင်းစုများမှ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

၄င်းတိုက်ပွဲအား မင်းဘူးခရိုင် အမှတ် တပ်ရင်း ၊မင်းဘူးခရိုင်အမှတ် တပ်ရင်း ဒေါင်းစစ်အောင် (LPDF) နှင့် မိုးကြိုးပြောက်ကြားတပ်ဖွဲ့တို့မှ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း စကစတပ်သားများ အထိအခိုက် ကျဆုံးမှု များပြားကြောင်း မြေပြင်သတင်းပေးချက်များအရ သိရှိရပါတယ်။


========================


🚩🚩 ၄။ ရွာငံမှာ မြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ တပ်ဆွယ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့ တိုက်ခိုက်ခံရ၊ ရဲမှူး အပါအဝင် ရဲ ယောက်နဲ့ အရပ်သား တစ်ယောက်  သေဆုံး 


နိုဝင်ဘာ ၁၄ ရက် နေ့လယ် နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်မှာ မြို့ဝင်ဂိတ်၊ မူးယစ်တပ်ခွဲ တပ်ဆွယ်ရုံးနဲ့ မြန်မာ့စီးပွားရေးဘဏ်တို့မှာ တိုက်ခိုက်ခံရပြီး စစ်ကောင်စီလက်အောက်ခံ  ရဲမှူး အပါအဝင် ရဲ ယောက်နဲ့ အရပ်သား တယောက်  သေဆုံးခဲ့ကာ ယောက် ဒဏ်ရာရသွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။

မြို့ဝင်ဂိတ် ပစ်ခတ်မှုမှာ ရဲမှူး တယောက်၊  အခြားအဆင့် ယောက်၊ အရပ်သား တယောက် သေဆုံးပြီး တပ်ဆွယ်ရုံးမှာ ရဲတပ်သား တယောက်သေကာ စီးပွားရေးဘဏ်မှာ ရဲတပ်ကြပ်ကြီး တယောက် သေပြီး ရဲ ယောက်ဒဏ်ရာရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ မင်းကွန်း မြသိန်းတန်စေတီတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု ဦးသေဆုံး 


နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းဒေသရှိ မြသိန်းတန်စေတီတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ဦးသေဆုံးခဲ့ကြောင်း Eagle Rovolution Force local တပ်ပေါင်းစုထံမှ သိရပါတယ်။

မြသိန်းတန်စေတီ အနီးထိ တော်လှန်ရေးတပ်ဖွဲ့များ ချင်းကပ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်သား ဦး မျက်မြင်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ဦးခန့်ရှိကြောင်း သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Revolution Force (E.R.F) ကင်း ပကဖ တောသာကြီး စဥ့်ကိုင် ပကဖ နှင့် Acid အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို RADIO NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment