၂၀၂၄ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ SDBဘဏ်ရှယ်ယာများရောင်းချမှု(၄) ရက်မြောက်နေ့ မှာ အမေရိကန်ဒေါ်လာ ၃.၂ သန်း ကျော် အထိ ရောက်ရှိလာ
📌 ၂။ စစ်အာဏာရှင်ကိုဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနဲ့ပတ်သက်ရင် ဘယ်လိုမျိုးအတားအဆီးကိုမဆိုကျော်လွှားမယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
📌 ၃။ မကဒတ (ကျောင်းသားတပ်မတော်) အမှတ်တရ T-shirt များရောင်းချပေးနေ
📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တွေက စစ်ကောင်စီကို အမြစ်ခြေမှုန်းတိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ရှေ့တန်းတစ်နေရာမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အသိပေး
🚩 ၂။ အမှတ် ၁၀၀၈ တပ်ရင် -SSRY တပ်ခွဲ(၂) Cobra force တွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၅၀)ခေါ်ယူ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ SDBဘဏ်ရှယ်ယာများရောင်းချမှု(၄) ရက်မြောက်နေ့ မှာ အမေရိကန်ဒေါ်လာ ၃.၂ သန်း ကျော် အထိ ရောက်ရှိလာ
နိုဝင်ဘာ၁၉ရက်
SDBဘဏ်ရှယ်ယာများရောင်းချမှု(၄) ရက်မြောက်နေ့ မှာ အမေရိကန်ဒေါ်လာ ၃.၂ သန်းကျော်အထိ ရောက်ရှိလာတယ်လို့သတင်းရရှိပါတယ်။နိုဝင်ဘာ၁၈ရက်မှာ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်က ဆိုရှယ်မီဒီယာမှတဆင့် ဖော်ပြထားပါတယ်။
"ပကတိ လွတ်လပ်မှုကို မြတ်နိုးကြသူတို့ရဲ့ အိမ်ပြန်လှိုင်းသစ် ခရီးစဥ်ဟာ ICO2 စတင်ပြီး (၄) ရက်မြောက်နေ့ မြန်မာချိန် ည ၈နာရီခန့်မှာ အမေရိကန်ဒေါ်လာ ၃.၂ သန်း ကျော်အထိ ရောက်ရှိလာခဲ့ပါပြီ။ ဘုံရည်မှန်းချက် ၊ ဘုံအနာဂတ် ၊ ဘုံအကျိုးအမြတ်တွေ ဖြောင့်ဖြူးဖို့ Round 2 မှာ လက်မနှေးပဲ ဆက်ပြီးတော့ ဝုန်းကြရအောင်"လို့ဖော်ပြပါတယ်။နွေဦးဖွံဖြိုးရေးSDBဘဏ်အစုရှယ်ယာများကို
နိုဝင်ဘာ၁၅ရက်မှဒီဇင်ဘာ၅ရက်နေ့အထိရောင်းချပေးသွားမှာဖြစ်ပါတယ်။ဘဏ်အစုရှယ်ယာရှင် ဖြစ်ဖို့အတွက်ICO round 2 မှာ"အနည်းဆုံး $10 ပမာဏနဲ့ SDB အကောင့်ရှိရုံနဲ့ ကိုယ်တိုင်ဝယ်ယ်၊ RM ဆီကဝယ်ဝယ် ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
========================
📌📌 ၂။ စစ်အာဏာရှင်ကိုဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနဲ့ပတ်သက်ရင် ဘယ်လိုမျိုးအတားအဆီးကိုမဆိုကျော်လွှားမယ်လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးဆို
နိုဝင်ဘာ၁၉ရက်
စစ်အာဏာရှင်ကိုဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနဲ့ပတ်သက်ရင် ဘယ်လိုမျိုးအတားအဆီးကိုမဆို ကျော်လွှားမယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။
နိုဝင်ဘာလ ၁၈ ရက်၊ ပြည်သူမှ ပြည်သူသို့ အစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ဆိုထားပါတယ်။"ဒီကနေ့ တော်လှန်ရေးမှာပါဝင်နေကြတဲ့ပြည်သူတွေက ဘဝတွေအသက်တွေပေးထားခဲ့ပြီးပြီ။ စစ်အာဏာရှင်ကိုဖယ်ရှားရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတည်ထောင်ရေးနဲ့ပတ်သက်ရင် ဘယ်လိုမျိုးအတားအဆီးကိုမှ ကျနော်တို့မှုမှာမဟုတ်ဘူး ကျော်လွှားမှာပဲ။ ဘာကိုမှ ထောက်ထားနေစရာမရှိဘူး၊ ဘယ်သူ့ကိုမှလည်း ကြောက်နေမှာမဟုတ်ဘူး။" လက်ရှိမှာအိမ်နီးချင်းအိမ်နိုင်ငံများဟာစစ်ခေါင်းဆောင်ကို တွေ့ဆုံ၍အထောက်အပံများပေးအပ်ခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၃။ မကဒတ (ကျောင်းသားတပ်မတော်) အမှတ်တရ T-shirt များရောင်းချပေးနေ
နိုဝင်ဘာ၁၉ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ကျောင်းသားတပ်မတော်) အမှတ်တရ T-shirt များရောင်းချပေးနေတယ်လို့သိရပါတယ်။
မကဒတ (ကျောင်းသားတပ်မတော်)သည် ၁၉၈၈ လူထုအရေးတော်ပုံကြီးမှသည် မပြီးပြတ်သေးသည့် တော်လှန်ရေးခရီးကို ဖြတ်သန်းလာခဲ့သည်မှာ လာမည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ၃၆ နှစ်မြောက် ခရီးသို့ရောက်ပြီ ဖြစ်တယ်လို့သိရပါတယ်။၃၆ နှစ်မြောက် ခရီးရှည် အမှတ်တရအဖြစ် မျိုးဆက်သစ်ရဲဘော်များကိုယ်တိုင် ဆေးဆိုးပန်းရိုက်နည်းများ လေ့လာသင်ယူပြီး မကဒတတံဆိပ်ပါတီရှပ်များ ရိုက်နှိပ်ထုတ်ဝေဖြစ်ကြပြီး T-shirt မှာယူလိုပါက ABSDF Chatbox မှတဆင့် ဆက်သွယ်ဝယ်ယူနိုင်တယ်လို့သိရပါတယ်။
အဆိုပါတီရှပ်အား NUGအမျိုးသမီးကလေးသူငယ်နဲ့လူငယ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဒေါ်အိသဉ္ဇာမောင်ကလည်းအားပေးဝတ်ဆင်ခဲ့ပါတယ်။
========================
📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်
နိုဝင်ဘာ၁၉ရက်
အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ AAPPကဖော်ပြပါတယ်။ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၁၈ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၅၆) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၈၃) ဦးရှိပြီး ထိုအထဲမှ (၂၁၁၂၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တွေက စစ်ကောင်စီကို အမြစ်ခြေမှုန်းတိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ရှေ့တန်းတစ်နေရာမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အသိပေး
နိုဝင်ဘာ၁၉ရက်
တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တွေက စစ်ကောင်စီကို အမြစ်ခြေမှုန်းတိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ရှေ့တန်းတစ်နေရာမှာ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့နိုဝင်ဘာ၁၉ရက် တနင်္သာရီ ပကဖကတရားဝင်အသိပေးဆိုပါတယ်။"ပြည်သူ့ ခုခံတော်လှန်စစ်ကို ဆင်နွှဲနေတဲ့အခါမှာ ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးနိုင်ဖို့အတွက် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) တွေက အခြေခံ အကျဆုံး အင်အားစုတွေ ဖြစ်တယ်။ ပြည်သူလူထုနဲ့အနီးကပ်ဆုံး ဆက်ဆံနေထိုင်ပြီး ပြည်သူ့ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်နေတာလည်း ပကဖ အဖွဲ့တွေ ဖြစ်ပါတယ်။ယခုလက်ရှိ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) အဖွဲ့ဝင်တွေဟာ စစ်ကောင်စီကို အမြစ်ခြေမှုန်းတိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ရှေ့တန်းတစ်နေရာတွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပါကြောင်း တော်လှန်ပြည်သူများအား တင်ပြအပ်ပါတယ်"လို့ဆိုပါတယ်။တနင်္သာရီတိုင်းမှာစကစတပ်များဟာတော်လှန်ရေးအင်အားစုများရဲ့စုပေါင်းတိုက်ခိုက်မှုကိုခံနေရပါတယ်။
========================
🚩🚩 ၂။ အမှတ် ၁၀၀၈ တပ်ရင် -SSRY တပ်ခွဲ(၂) Cobra force တွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၅၀)ခေါ်ယူ
နိုဝင်ဘာ၁၉ရက်
အမှတ် ၁၀၀၈ တပ်ရင် -SSRY တပ်ခွဲ(၂) Cobra force တွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၅၀)ခေါ်ယူလျက်ရှိပါတယ်လို့ နိုဝင်ဘာ၁၉ရက်မှာ အမှတ် ၁၀၀၈ တပ်ရင်း -SSRY တပ်ခွဲ(၂)က ကြေညာပါတယ်။
"အမှတ် ၁၀၀၈ တပ်ရင် -SSRY တပ်ခွဲ(၂) Cobra force တွင် တာဝန်ထမ်းဆာင်ရန် တပ်သားသစ်(၅၀)ခေါ်ယူမည်ဖြစ်ပါတယ်။ယခု တပ်သားသစ်(၅၀)ကို ရှေ့တန်းတိုက်ခိုက်ရေးအတွက် ခေါ်ယူသည်ဖြစ်၍ သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံရမယ်"လို့ဆိုပါတယ်။လျှောက်ထားလိုသူများအနေနဲ့ကျန်းမာရေး လုံးဝကောင်းမွန်သူ၊တော်လှန်ရေး တကယ်လုပ်ချင်စိတ်ရှိသူ၊ရှေ့တန်းကို အချိန်မရွေးသွားနိုင်သူ၊အမိန့်နာခံမှုအားကောင်းသူ၊စိတ်ဓာတ်ကြံ့ခိုင်သူ၊အကျင့်စာရိတ္တကောင်းမွန်သူဖြစ်ရမည်ဖြစ်ကြောင်းသိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment