20th NOV 2024 - Evening Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင် စနစ်ကိုချုပ်ငြိမ်းအောင်ကြိုးစားနေရင်းနဲ့တဖက်မှာလည်းမျိုးဆက်သစ်တွေကို ပတ်ဝန်းကျင်ကောင်းနဲ့ထိတွေ့အပ်နှံ့ဖို့လုံ့လစိုက်ထုတ်ရမှာဖြစ်ကြောင်းယာယီသမ္မတပြော

📌 ၂။ ဆိုးရွားလွန်းတဲ့စစ်အုပ်စုနဲ့အကြမ်းဖက်မှုတွေကြောင့် မိမိတို့အိမ်မှာမနေနိုင်ဘဲ ထွက်ပြေးကြရတဲ့မိဘတွေနဲ့ကလေးသူငယ်တွေအတွက်အင်မတန်စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ကြီးချုပ်ပြော

📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်တု  မာတာကျွန်းနက်ရုပ်ထု လေလံ ပြည်သူများဝိုင်းဝန်းကြဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတိုက်တွန်း

📌 ၄။ မန္တလေးမြို့ အာဇာနည်ဗိမာန်မှာရှိတဲ့ သခင်ဘဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ရေနံချောင်မြို့နယ်အတွင်းဖြစ်တဲ့တိုက်ပွဲမှာ PDF ရဲဘော် ၃ဦး ကျဆုံး

🚩၂။စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် 

🚩၃။ သင်တန်းဆင်းပြီး လူသစ်စုဖို့ပြန်လာတဲ့ပျူစောထီးတဦး ပစ်ခတ်ရှင်းလင်း 

🚩၄။ လားရှိုးမြို့ပေါ်က အသက် ၁ဝဝ ကျော်အရွယ် ဘိုးဘွားတွေကို MNDAA က အစားအသောက်နဲ့ ငွေကြေး ထောက်ပံ့

🚩 ၅။မင်းဘူး ရွှေစက်တော်ဘုရားမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ စစ်အာဏာရှင် စနစ်ကိုချုပ်ငြိမ်းအောင်ကြိုးစားနေရင်းနဲ့တဖက်မှာလည်းမျိုးဆက်သစ်တွေကို ပတ်ဝန်းကျင်ကောင်းနဲ့ထိတွေ့အပ်နှံ့ဖို့လုံ့လစိုက်ထုတ်ရမှာဖြစ်ကြောင်းယာယီသမ္မတပြော


နိုဝင်ဘာ၂၀ရက်


နိုဝင်ဘာ၂၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အဖြစ်အနာဂတ်အရေးရှေးရှုလို့ ကလေးသူငယ်အခွင့်အရေးများအတွက် ရပ်တည်စို့ " ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲ စကားဝိုင်းအစီအစဥ်မှာ ယာယီသမ္မတဒူဝါလရှီးလက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

"ကျနော်တို့မျိုးဆက်တွေကိုကျနော်တို့ထက်သာလွန်မြင့်မြတ်တဲ့စွမ်းရည်တွေ၊အရည်အချင်းတွေ ရှိအောင်ပြုစုပျိုးထောင်ရမှာဖြစ်ပါတယ်။ဒါ့အပြင်နူးညံ့သိမ်မွေ့တဲ့စိတ်အားသတ္တိနဲ့ထက်မြက်တဲ့ ဥာဏ်ပညာအခြေခံကောင်းတွေရအောင် လေ့ကျင့်ပျိုးထောင်ပေးဖို့အထူးလိုအပ်နေပါတယ်။စစ်အာဏာရှင် စနစ်ကိုချုပ်ငြိမ်းအောင်ကြိုးစားနေရင်းနဲ့တဖက်မှာလည်းကျနော်တို့ရဲ့မျိုးဆက်သစ်တွေကို ပတ်ဝန်းကျင်ကောင်းနဲ့ထိတွေ့အပ်နှံ့ဖို့လုံ့လစိုက်ထုတ်ရမှာဖြစ်ကြောင်းပြောကြားလိုပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။

ပဋိပက္ခမှသည် မလုံခြုံမှုအထိ၊ အကျပ်အတည်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံရှိ ကလေးသူငယ်များနှင့် လူငယ်များဟာ ပညာရေးနှင့် ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုလိုမျိုး အစရှိတဲ့ အခြေခံလူ့အခွင့်အရေးများကို ဆုံးရှုံးနေကြရတယ်လို့ ယူနီဆတ်မြန်မာကလည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ဆိုးရွားလွန်းတဲ့စစ်အုပ်စုနဲ့အကြမ်းဖက်မှုတွေကြောင့် မိမိတို့အိမ်မှာမနေနိုင်ဘဲ ထွက်ပြေးကြရတဲ့မိဘတွေနဲ့ကလေးသူငယ်တွေအတွက်အင်မတန်စိတ်မကောင်းဖြစ်ရတယ်လို့ ဝန်ကြီးချုပ်ပြော


နိုဝင်ဘာ၂၀ရက်


နိုဝင်ဘာ၂၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူးကျင်းပသော ကမ္ဘာ့ကလေးသူငယ်များနေ့အထိမ်းအမှတ်အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုပြောကြားလိုက်ပါတယ်။

"ကျနော်တို့ဟာတော်လှန်ရေးကာလမှာ တိုင်းပြည်ကိုဦးဆောင်မှုပြုနေတဲ့အစိုးရတရပ်အနေနဲ့အကြမ်းဖက်စစ်အုပ်စုကိုဖြိုလှဲဖို့တာဝန်ရှိသလိုတပြိုင်နက်တည်းမှာပဲ တိုင်းပြည်ရဲ့အရင်းအမြစ်များအတွက်မျိုးစေ့ချခြင်း၊အုတ်မြစ်ချခြင်းများကိုလည်းဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ကလေးသူငယ်တွေဟာအနာဂါတ်မျိုးဆက်သစ်တွေဖြစ်ပြီး ဒီအနာဂါတ်မျိုးဆက်သစ်တွေဟာ ကျနော်တို့နိုင်ငံရဲ့မီးရှုးတန်ဆောင်တွေအဖြစ် လင်းလက်လာနိုင်ပြီးတိုင်းပြည်ကိုလည်းဖွံဖြိုးတိုးတက်အောင် ကြံဆောင်နိုင်စွမ်းရှိကြသူတွေလို့အခိုင်အမာယုံကြည်ပါတယ်။ဒီကနေ့အချိန်မှာတော့ ဆိုးရွားလွန်းတဲ့စစ်အုပ်စုနဲ့အကြမ်းဖက်မှုတွေကြောင့် မိမိတို့အိမ်မှာမနေနိုင်ဘဲ ထွက်ပြေးကြရတဲ့မိဘတွေနဲ့အတူ နယ်စပ်ဒေသတွေမှာပညာသင်ခွင့်၊ပျော်ရွှင်ခွင့်မရကြတဲ့အမှန်တရားနဲ့ အတူတော်လှန်ရေးမိသားစုဝင်ကလေးသူငယ်များနဲ့စစ်ရှောင်စခန်းတွေမှာ ပညာသင်ရင်းပြေးလွှားပုန်းရှောင်နေရတဲ့ အာဟာရလုံလောက်စွာကြီးထွားခွင့်မရကြတဲ့ ကျနော်တို့ရဲ့မျိုးဆက်သားသမီးတွေအတွက်အင်မတန်စိတ်မကောင်းဖြစ်ရပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၆၉) ဦးထဲတွင်ကလေးသူငယ်များလည်းပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်တု  မာတာကျွန်းနက်ရုပ်ထု လေလံ ပြည်သူများဝိုင်းဝန်းကြဖို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးတိုက်တွန်း


နိုဝင်ဘာ၂၀ရက


နိုဝင်ဘာလအတွင်း  ဒေါ်အောင်ဆန်းစုကြည်ရဲ့ပုံတူရုပ်တု  မာတာကျွန်းနက်ရုပ်ထု လေလံမိတ်ဆက်ခြင်းအခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက အခုလိုဆိုလိုက်ပါတယ်။

"စစ်ရှောင်ဆိုတာ ယာယီစစ်ရှောင်မို့လို့ပြန်စရာအိမ်ရှိရပါတယ်။ဒါပေမယ့်အခုတော့ပြန်စရာအိမ်မရှိတော့ပါဘူး။အဲဒီလိုဖြစ်နေချိန်မှာအမေ့ယပ်တောင်အစီအစဥ်ဟာအပူတွေကိုအကာအကွယ်ပေးခဲ့တယ်။တကယ်ကြိုယာယီအိမ်တွေဆောက်လုပ်ဖို့အများကြီးအကျိုးပြုခဲ့တယ်။အခုလည်းအမေ့ရဲ့မာတာရုပ်ထုပေါ့။အမေ့ရဲ့မာတာရုပ်ထုကလည်းအဲဒီလိုပဲပေါ့။အခုအခါမှာအခက်အခဲဆုံးအရာကဘာဖြစ်နေတာလဲဆိုတော့ စစ်တပ်ကမြေပြင်မှာမနိုင်တော့လေကြောင်းကနေတိုက်ခိုက်နေပြီးတော့ မြေပြင်ကပြည်သူတွေအသက်သေအောင်ဒက္ခရောက်အောင်ဆောင်ရွက်နေတာရှိတယ်။ဘာမှမရှောင်တော့ဘူး။ဒရော့ဗုံးတွေနဲ့ပါဒရုန်းစစ်ဆင်ရေးတွေလုပ်လာပါတယ်။အဲဒီအန္တရာယ်ကိုကာကွယ်ဖို့အပြစ်မဲ့ပြည်သူတွေဒက္ခမရောက်အောင် လုပ်ဆောင်ဖို့ဗုံးခိုကျင်းတွေလိုပါတယ်"လို့ဆိုပါတယ်။

ကျွန်းနက်ရုပ်ထုကိုPDF ရဲဘော်တဦးမှ ကိုယ်တိုင် ထုဆစ်ပုံဖော်ထားပြီး တော်လှန်ရေးနဲ့ ဒီမိုကရေစီအတွက် ဆက်လက်ရပ်တည် တိုက်ပွဲဝင်နေသူများရဲ့ ခွန်အားနဲ့ စိတ်ဓါတ်ကို သက်သေထူကာ တွင်းထုထားသော ကျွန်းသစ်နက် ရုပ်ထု ဖြစ်တယ်လို့ သိရပါတယ်။

ဒီထွင်းထုမှုက အနုပညာသက်သက်မျှမက၊ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်နေတဲ့ သင်္ကေတတစ်ခု ဖြစ်ပြီး လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုကို ယုံကြည်လို့ ပေးဆပ်ခဲ့ကြတဲ့ ထိခိုက်ခံစားခဲ့သူများကို ထောက်ပံ့ကူညီနိုင်ဖို့အတွက်လေလံတင်ရောင်းချသွားမှာဖြစ်ပြီး လက်ရှိကြမ်းခင်းစျေး ၅၅သိန်း ပေးထားတယ်လို့သိရပါတယ်။


========================


📌📌 ၄။ မန္တလေးမြို့ အာဇာနည်ဗိမာန်မှာရှိတဲ့ သခင်ဘဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့


နိုဝင်ဘာ၂၀ရက်


မန္တလေးမြို့ အာဇာနည်ဗိမာန်မှာရှိတဲ့ သခင်ဘဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့တယ်လို့ နိုဝင်ဘာ၂၀ရက်မှာ မန္တလေးလူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကအသိပေးဖော်ပြပါတယ်။

ဒီနေ့၊ နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ ရဲဘော် သခင်ဘဟိန်း ကျဆုံးခဲ့တာ (၇၈) နှစ်ပြည့်တဲ့နေ့ ဖြစ်ပါတယ်။ ဒီနေ့မှာပဲ ကျနော်တို့ မန်းလေးမြို့ အာဇာနည်ဗိမာန်မှာရှိတဲ့ သခင်ဘဟိန်း အထိမ်းအမှတ် ကျောက်စာတိုင်ရှေ့မှာ သခင်ဘဟိန်းကို ဂုဏ်ပြုဦးညွှတ်ခြင်းနဲ့အတူ လူထုလှုပ်ရှားမှုကို ဖော်ဆောင်ခဲ့ပါတယ်။ မန်းသူမန်းသားတွေ အားလုံးသိကြတဲ့အတိုင်းပဲ အာဇာနည်ဗိမာန်တဝိုက်ဟာ ဖက်ဆစ်ဘီလူးတွေ အမြဲတမ်းသောင်းကျန်းမင်းမူနေတဲ့ နေရာလည်း ဖြစ်ပါတယ်။မကျေနပ်သော အချက်အလက်များ လုံလောက်စွာရှိပါက သပိတ်မှောက်ခွင့်ကိုပါ မွေးရာပါအခွင့်အရေးကဲ့သို့ မှတ်ယူရမယ် လို့လည်း ရဲဘော် သခင်ဘဟိန်းက ပြောခဲ့ဖူးပါတယ်။ သခင်ဘဟိန်း စိတ်ဓာတ်၊ သခင်ဘဟိန်း စကားအတိုင်းပဲ ကျနော်တို့တွေဟာ ဖက်ဆစ်အာဏာရူးကို ငုံ့မခံဘဲ နည်းလမ်းအစုံအလင်နဲ့ တုံ့ပြန် တိုက်ပွဲဝင်နေကြမှာပါ"လို့ဖော်ပြထားပါတယ်။

မပြီးဆုံးသေးတဲ့ တော်လှန်ရေးခရီးကြမ်းကို အဆုံးထိ ဆက်လက်ချီတက်ကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ရေနံချောင်မြို့နယ်အတွင်းဖြစ်တဲ့တိုက်ပွဲမှာ PDF ရဲဘော် ၃ဦး ကျဆုံး


 နိုဝင်ဘာလ ၂၀ရက်။

မကွေးတိုင်း ရေနံချောင်းမြို့နယ်အတွင်းမှာဖြစ်တဲ့တိုက်ပွဲမှာ ရဲဘော် ဦး ကျဆုံးခဲ့ရတယ်လို့ ရေနံချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၂၀ မှာ အသိပေးထုတ်ပြန်ပါတယ်။

ရေနံချောင်းမြို့နယ်အတွင်းမှာ နိုဝင်ဘာ ၁၆ ကနေ ၁၈ ရက်နေအတွင်း စစ်ကောင်စီတပ်နဲ့ PDF အဖွဲ့တွေကြား  ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ကနဦးသတင်းအဖြစ် အသိပေးထားပြီး တိုက်ပွဲဖြစ်ပွားမှု အခြေအနေအသေးစိတ်ကို ဆက်လက်ထုတ် ပြန်မယ်လို့ ဆိုပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွေမှာ ဖော်ပြထားသလို ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သေနတ်တလက်နဲ့ကျည်တွေ စစ်ကောင်စီဘက်က သိမ်းဆည်းရမိခဲ့တယ်ဆိုလာ လုံး၀ မဟုတ်ဘူးလို့လည်း ရေနံချောင်း PDFထေုတ်ပြန်ချက်မှာ ရှင်းလင်း‌ဖော်ပြထားပါတယ်။

သုံးရက်ကြာဖြစ်ပွားခဲ့သည့် ထိတွေ့ တိုက်ပွဲသတင်း အသေးစိတ်အား ဆက်လက်ထုတ်ပြန်သွားမည်ဟုလည်း ရေနံချောင်း PDFက  အသိပေးသည်။

ရေနံချောင်း PDFဟာ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ပေါင်းပြီး ရေနံချောင်းမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားလာတဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့အဖွဲ့ဖြစ်ပြီး စက်တင်ဘာနဲ့အောက်တိုဘာအတွင်းမှာ တိုက်ပွဲအချို့ ဖြစ်ခဲ့တာရှိ ပါတယ်။ 

အောက်တိုဘာ ၂၁နဲ့ အောက်တိုဘာ ၂၂ ရက်ကထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦး သေဆုံးအောင်  တိုက်ခိုက်နိုင်ခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၂။စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်က အများပြည်သူအသုံးပြုနေတဲ့ ပွန်ချောင်းတံတားကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက် 


နိုဝင်ဘာလ ၂၀ရက်။


ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နယ်မြေအတွင်းက အများပြည်သူအသုံးပြုနေတဲ့ ဆိုက်ခေါင်-ဟိုနမ့်ပွန်ချောင်းတံတားကို စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့က ဒီနေ့မနက် ၁၀ နာရီခွဲ အချိန်မှာ လေယာဉ်နဲ့ ဗုံး ကြိမ် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ PNLO က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ အကြောင်းအရင်းမရှိဘဲ PNLO နယ်မြေကို ဒီနေ့ မနက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာကြောင့် ဟိုနမ့်-ဆိုက်ခေါင် ပွန်ချောင်းတံတားအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်-PNLO နယ်မြေကို ကျူးကျော်တိုက်ခိုက်လာတာဖြစ်တယ်လို့ အသိပေးပေမယ့် တိုက်ပွဲအခြေအနေနဲ့ ထိခိုက်မှုအခြေအနေကိုတော့ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တို့ဟာ လက်ရှိအချိန်ထိ အင်အားဖြည့်တင်းတာတွေလုပ်ဆောင် နေပြီး PNLO နယ်မြေထဲ ဝင်ရောက်ကျူးကျော်တိုက်ခိုက်ဖို့ လုပ်ဆောင်နေတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- PNLA က ထုတ်ပြန်ထားပါတယ်။

ရေဘေးကြောင့် ပျက်စီးသွားတဲ့ ပွန်ချောင်းတံတားကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA က ပြန်လည် တည်ဆောက်ထားတာဖြစ်ပါတယ်။


========================


🚩🚩၃။ သင်တန်းဆင်းပြီး လူသစ်စုဖို့ပြန်လာတဲ့ပျူစောထီးတဦး ပစ်ခတ်ရှင်းလင်း 


နိုဝင်ဘာလ ၂၀ရက်။


ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ပျူစောထီးသင်တန်းတက်ပြီး လူသစ်စုဖို့ပြန်လာတဲ့ ပျူစောထီးတဦးကို ပစ်ခတ်ရှင်းလင်း ခဲ့တယ်လို့ ပြည်ခရိုင် တပ်ရင်း ၃၆၀၁ က ထုတ်ပြန်ပါတယ်။ 

ပေါက်ခေါင်းမြို့နယ် ညောင်ဝန်းအုပ်စု ပေါ်လံကြီးကျေးရွာက ပျူသင်တန်းဆင်း အောင်ဌေးဆိုသူကို တပ်ရင်း ၃၆၀၁၊ တပ်ခွဲ - နဲ့ ၃၆၀၂ တပ်ခွဲ တို့ပူးပေါင်းပြီး နိုဝင်ဘာ ၁၇ ရက်နေ့ နေ့လယ် နာရီခွဲခန့်မှာ ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ 

သူရဲ့အိမ်မှာတင်ပစ်ခတ်ရှင်းလင်းခံရပြီး သေနတ်ကျည်ထိမှန် သေဆုံးသွားတဲ့ အောင်ဌေးဆိုသူဟာ တောင်ငူမှာလုပ်တဲ့ စစ်ကောင်စီရဲ့ ပျူစောထီးသင်တန်း အမှတ်စဥ် သင်တန်းဆင်းတဦးဖြစ်ပြီး ပေါက်ခေါင်းနယ် ချင်းလည်စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ တာဝန်ထမ်းနေသူလို့ဆိုပါတယ်။

ပျူစောထီးအောင်ဌေးဟာ စစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအတူ တာဝန်ထမ်းဆောင်နေစဥ်အတွင်း ဒေသခံပြည်သူတွေဝယ်ယူလာတဲ့ကုန်ပစ္စည်းတွေကို စိတ်ထင်တိုင်း ရမ်းကားစွာစစ်ဆေးတာ၊ တပ်သားသစ်စုဆောင်းပေး တာ၊တော်လှန်ရေးထောက်ပို့တွေရဲ့ သတင်းအချက်အလက်တွေကို စစ်ကောင်စီထံပေးပို့နေသူလည်းဖြစ်တယ်လို့ အသိပေး ထားပါတယ်။ 

ပြည်သု့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စစ်သား၊ ရဲ၊ အုပ်ချုပ်ရေးမှူး၊ ပျူစောထီး စတာတွေကို အခါအခွင့်သင့်တိုင်း ပြတ်သားစွာ အရေးယူဆောင်ရွက်နေပြီဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့  စစ်အုပ်စုကို သတင်းပေး တာ လမ်းပြလိုက်တာ  အတူနေထိုင်တာတွေမလုပ်ဖို့နဲ့ သူတို့ရှိတဲ့နေရာတွေကို ရှောင်ရှားသွားလာကြဖို့လည်း တိုက်တွန်း ထားပါတယ်။


========================


🚩🚩၄။ လားရှိုးမြို့ပေါ်က အသက် ၁ဝဝ ကျော်အရွယ် ဘိုးဘွားတွေကို MNDAA က အစားအသောက်နဲ့ ငွေကြေး ထောက်ပံ့


နိုဝင်ဘာလ ၂၀ရက်။


လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့က လားရှိုးမြို့ ရပ်ကွက် ၁၀ မှာရှိတဲ့ အသက် ၁ဝဝ ကျော် အရွယ် ဘိုးဘွားတွေကို နွေးထွေးစွာပြုစုစောင့်ရှောက်နိုင်ဖို့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ ကိုးကန့်တပ်မတော် MNDAA က ထုတ်ပြန်ပါတယ်။ 

စစ်ဆေးရေးတာဝန်တာထမ်းဆောင်နေတဲ့ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီ လူထုလုပ်ငန်းအဖွဲ့ ရပ်ကွက် ၁၀ ဝန်ထမ်းတွေဟာ ရပ်ရွာအတွင်းက အိမ်ထောင်စုတခုမှာ သက်ကြီးရွယ်အို ဦးရှိနေတာကို သိရှိခဲ့တယ်လို့ ဆိုပါတယ်။

အသက်ရှည်တဲ့ကြယ်လို့တင်စားနိုင်တဲ့ အသက် ၁ဝ၅ နှစ်အရွယ် တယောက်နဲ့ အသက် ၉၈ နှစ်အရွယ်တယောက်ရဲ့ နေထိုင်မှုအခြေအနေ၊ ရုပ်ပိုင်းဆိုင်ရာအခြေအနေနဲ့ အခက်အခဲတွေကို စနစ်တကျမှတ်တမ်းတင်ခဲ့ပြီး ဆန် ဆီနဲ့ လုံလောက် တဲ့ အစားအသောက်တွေ စားသောက်နိုင်ဖို့ပြင်ဆင်ပေးခဲ့သလို အခြေခံလူနေမှုဖူလုံမှုရရှိစေဖို့ နှစ်သိမ့်‌ထောက်ပံ့ငွေ ကျပ် တသိန်း ၂သောင်း ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။ 

ဒီလှုပ်ရှားမှုဟာ လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီအနေနဲ့ ဒေသနေပြည်သူတွေရဲ့ စားဝတ်နေရေးအခြေအနေကို စောင့်ရှောက်နေတာကို ကွက်ကွက်ကွင်းကွင်းမြင်ရပြီး သက်ကြီးရွယ်အိုတွေကို အထူးဒေသ အုပ်ချုပ်ရေးကော်မတီက လေးစားမှုနဲ့စောင့်ရှောက်နေတာကို ပြသရာလည်းဖြစ်ပါတယ်။ 

ဒီအပြုအမူဟာ ခိုင်မာတဲ့ တံတားတခုသဖွယ်ဖြစ်ပြီး အုပ်ချုပ်ရေးကော်မတီနဲ့ ပြည်သူလူထုကြား ချစ်ကြည်ရင်းနှီးမှုကို ပိုမို နက်ရှိုင်းစေတဲ့အပြင် လူမှုအသိုင်းအဝိုင်းအတွင်း နွေးထွေးပြီး သဟဇာတရှိတဲ့အငွေ့အသက်တွေဖန်တီးပေးရာရောက်တဲ့ လူ့အဖွဲ့အစည်းအတွက် အပြုသဘောဆောင်တဲ့စွမ်းအင်တွေဖြစ်တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။ 

ကိုးကန့်တပ်မတော် MNDAA အနေနဲ့ တရုတ်ဘက်ကပေးတဲ့ ဖိအားတွေနဲ့ရင်ဆိုင်နေရပေမယ့် အုပ်ချုပ်ရေးကော်မတီအနေ နဲ့ စစ်ကောင်စီလက်ချက်ကြောင့် ပျက်စီးနေတဲ့လားရှိုးမြို့ကို ပြန်လည်တည်ဆောက်ရာမှာ ပြည်သူလူထု တက်ကြွစွာ ပါဝင် လာနိုင်ရေးနဲ့အုပ်ချုပ်ရေးယန္တယားလည်ပတ်နိုင်ရေး ကြိုးစားနေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၅။မင်းဘူး ရွှေစက်တော်ဘုရားမှာတပ်စွဲနေတဲ့ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်ရှင်းလင်း


နိုဝင်ဘာလ ၂၀ရက်။


မကွေးတိုင်း မင်းဘူးမြို့နယ်အတွင်းက ရွှေစက်တော်ဘုရားအနီး ဘုရားရွာမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ပြည်သူ့ကာကွယ်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ပြီး ရှင်းလင်းခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက အသိပေး ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဟာ ဗုဒ္ဓဘာသာဝင်တွေအထွဋ်အထိပ်ထားရာ ရွှေစက်တော်ဘုရားအနီးမှာ တပ်စွဲထားတဲ့အတွက် နိုဝင်ဘာ ၁၇ ရက် မနက် နာရီမှာ မင်းဘူးခရိုင် အမှတ် တပ်ရင်းနဲ့ မဟာမိတ်တပ်တွေ တိုက်ခိုက်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

ပထမအကြိမ် သေနတ်ပစ်ဖောက်လိုက်ကတည်းက စစ်ကောင်စီတပ်သားတွေ ထွက်ပြေးသွားတဲ့အတွက် အချိန်တိုအတွင်း တိုက်ပွဲပြီးမြောက်ခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွှေစက်တော်ဘုရားအတွင်း သစ်ခိုးထုတ်တာ၊ မျိုးတုန်းပျောက်ကွယ်တော့မယ့် တိရစ္ဆာန်တွေ ဖမ်းဆီးရောင်းချနေတာတွေကို ငွေကြေးကောက်ခံပြီး ခွင့်ပြုနေတယ်လို့ ပြည်သူလူထုက တိုင်ကြားလာတဲ့အတွက် အခုလို တိုက်ခိုက်ရှင်းလင်းရတာလို့ မင်းဘူးခရိုင် အမှတ်- တပ်ရင်းက ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ်- တပ်ရင်းနဲ့အတူ မင်းဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ မင်းဘူး-ပကဖနဲ့ ငဖဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်တဲ့ ငဖဲ-ပကဖ) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မင်းဘူးမြို့နယ်အတွင်းက ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေနဲ့ ဝေးရာမှာနေထိုင်ကြဖို့၊ သူတို့တပ် စခန်းနဲ့ သူတို့စုဝေးရာနေရာတွေကို သွားလာတာတွေမလုပ်ကြဖို့ မင်းဘူးခရိုင် အမှတ်- တပ်ရင်းက မေတ္တာရပ်ခံထားပြီး မုံရွာ-ပုသိမ်လမ်းမကြီးကိုလည်း နိုဝင်ဘာ ၁၁ ရက် နာရီကစပြီး အသုံးမပြုကြဖို့ သတိပေးထားပါတယ်။

အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment