21st NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မြန်မာနိုင်ငံဟာ Child Right Convention ကို လက်မှတ်ရေးထိုးထားပြီး ကလေးငယ်တွေရှိရာကို စစ်တပ်က ဗုံးကြဲနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို

📌 ၂။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ ကလေးစစ်သားစုဆောင်းမှု မရှိတဲ့အကြောင်း ကုလသမဂ္ဂမှာ အစီရင်ခံမှု ရရှိခဲ့၊ စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းမှု (,၀၀၀) ခန့် ရှိဟု ဆို

📌 ၃။ မြန်မာနိုင်ငံက ကလေးတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို IIMM က ဦးစားပေး စုံစမ်းစစ်ဆေးနေ

📌 ၄။ ရေဦးမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများကို အနွေးခြုံစောင်များ လှူဒါန်း

📌 ၅။ ပုလဲမြို့နယ်မှ နေရပ် မပြန်နိုင်သေးသော စစ်ရှောင်ပြည်သူများအား ထောက်ပံ့ကူညီ

📌 ၆။ နခွန်ပထုန်တွင် စစ်ဆေးရေးဂိတ်မှ ထွက်ပြေးစဥ် ယာဉ်တိမ်းမှောက်ပြီး မြန်မာ () ဦးသေဆုံး၊ စိတ်ကြွဆေးပြား (၁၄) ပြား သယ်လာသူ အပါ မြန်မာ () ဦး ဖမ်းခံရ

📌 ၇။ ကွတ်ခိုင်မြို့တွင် နေအိမ် () လုံး မီးလောင်မှု ဖြစ်ပွား

📌 ၈။ တပ်ပေါင်းစုချီအညာထီ (၁၂) ကြိမ်မြောက် ထီရောင်းအားမှ ဆုငွေနှင့် CDM သူရဲကောင်းများ၏ လစာခံစားခွင့်ကို နှုတ်၍ ကျန်ငွေမှ (၇၀) ရာခိုင်နှုန်းကို မြေပြင်သူရဲကောင်းများဆီ ထောက်ပို့ပြီးစီးခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကံပိုက်တည်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိပြီး နယ်မြေရှင်း‌လင်းရေး ပြုလုပ်

🚩 ၂။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံးပြီး (၁၀) နှစ် အရွယ် ကျောင်းသူ () ဦး အပါအဝင် () ဦး ဒဏ်ရာရ

🚩 ၃။ စစ်ကိုင်း မြင်းဆည်ရွာကို စစ်အုပ်စု ဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး

🚩 ၄။ မင်းတပ်တွင် ပြည်သူပိုင် နေအိမ် () လုံးကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချခဲ့

🚩 ၅။ ပေါက်မြို့နယ်မှာ () ရက်အတွင်း ပြည်သူ့စစ် စခန်းများကို ဒရုန်းဖြင့် ဗုံးသီး (၁၄၀) ကျော် ကြဲချတိုက်ခိုက်

🚩 ၆။ CDF KKG အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ မြန်မာနိုင်ငံဟာ Child Right Convention ကို လက်မှတ်ရေးထိုးထားပြီး ကလေးငယ်တွေရှိရာကို စစ်တပ်က ဗုံးကြဲနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဆို


မြန်မာနိုင်ငံဟာ Child Right Convention ကို လက်မှတ်ရေးထိုး ထားတဲ့ နိုင်ငံဖြစ်ပြီး တချိန်တည်းမှာ ကလေးငယ်တွေ ရှိတဲ့ ဒုက္ခသည်စခန်း တွေ စာသင်ကျောင်းတွေကို စစ်တပ်က ဗုံးကြဲနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

"ကမ္ဘာ့ကလေးငယ်များနေ့ တဲ့လား။ ရက်စက်ကြမ်းကြုတ်တဲ့ အာဏာရှင်စနစ်တွေ ခေါင်းထောင်လာတာနဲ့အမျှ ကမ္ဘာ့ရင်သွေး၊ မြန်မာ့ရင်သွေး၊ကလေးငယ်များ ရဲ့ အခွင့်အရေးတိုင်းကို အာမခံနိုင်မယ့် နေ့စွဲတွေ ရောက်ရှိဖို့ - ဆက်လက် တိုက်ပွဲဝင်ရပါအုံးမယ်။ မြန်မာနိုင်ငံဟာ Child Right Convention ကို လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ဖြစ်တယ်။ တချိန်တည်းမှာ ကလေးငယ်တွေရှိတဲ့ ဒုက္ခသည်စခန်းတွေ စာသင်ကျောင်းတွေကို စစ်တပ်က ဗုံးကျဲနေတာလည်း ဒီနိုင်ငံမှာပဲ" လို့ ဝန်ကြီးက လူမှုကွန်ယက်မှာ ရေးသားထားပါတယ်။


========================


📌📌 ၂။ NUG ကာကွယ်ရေးဝန်ကြီးဌာနမှာ ကလေးစစ်သားစုဆောင်းမှု မရှိတဲ့အကြောင်း ကုလသမဂ္ဂမှာ အစီရင်ခံမှု ရရှိခဲ့၊ စစ်ကောင်စီ၏ ကလေးစစ်သား စုဆောင်းမှု (,၀၀၀) ခန့် ရှိဟု ဆို


အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကလေးစစ်သားစုဆောင်းမှု မရှိတဲ့  အကြောင်း ကုလသမဂ္ဂမှာ အစီရင်ခံမှု ရရှိခဲ့တယ်လို့ နိုဝင်ဘာ (၂၀) ရက် ကမ္ဘာ့ကလေးသူငယ်များနေ့အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက အသိပေးဆိုပါတယ်။

"ဒီနေရာမှာ ပြည်သူများနဲ့ နိုင်ငံတကာကို ကျမတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတင်မှု တခုကိုလည်း ဖော်ပြလိုပါတယ်။ (၂၀၂၄) ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့မှာ တင်ခဲ့တဲ့ စစ်ပွဲပဋိပက္ခများနဲ့ ကလေးသူငယ်များအရေး အထူးအစီရင်ခံစာမှာဆိုရင် ကျွန်မတို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ကာကွယ်ရေးဝန်ကြီးဌာနမှာ ကလေးစစ်သားစုဆောင်းမှုမရှိတဲ့ ဇီးရိုးနံပါတ် လုံးဝကလေးစစ်သားစုဆောင်းခြင်းမရှိဘူးဆိုတဲ့ ရီပို့ကို ရရှိခဲ့ပါတယ်... သို့သော်လည်း စိတ်မကောင်းစရာက တဖက်မှာဆိုရင် အကြမ်းဖက်စစ်အုပ်စုက ကလေး သူငယ်တွေကို စစ်သားအဖြစ်စုဆောင်းတာ ကုလသမဂ္ဂမှတ်တမ်းအရ ကလေးစစ်သားဦးရေ (,၀၀၀) နီးပါး ရှိတယ်ဆိုတာ တွေ့ရပါတယ်ဟု ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးက ပြောကြားထားပါတယ်။

ထို့ပြင် စစ်ကောင်စီ၏ နေ့စဉ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးဦးရေ (,၀၀၀) နီးပါး သေဆုံးခဲ့သည်ဟုလည်း ၎င်းကဆိုသည်။ အလားတူ စစ်ကောင်စီသည် ကလေးသူငယ်များအပေါ် လိင်ပိုင်း ဆိုင်ရာကျူးလွန်မှုများလည်းရှိကြောင်း ၎င်းက ပြောသည်။

ကလေးငယ်များ အကြမ်းဖက်သတ်ဖြတ်ခံရမှုများ၊ လေကြောင်းမှ ပစ်မှတ်ထားတိုက်ခိုက်ခံနေရမှုများအား ကာကွယ်နိုင်ရန်အတွက် စစ်ကောင်စီထံ လေယာဉ်ဆီရောင်းချခြင်းအား ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းထံ ပြည်ထောင်စုဝန်ကြီးက တောင်းဆိုသည်။

အလားတူ မွေးကင်းစမှစ၍ အသက်အရွယ်အလိုက် ကလေးငယ်များ ကာကွယ်ဆေးထိုးမှုအစီအစဉ်များ ရပ်တန့်နေသည်မှာ စစ်အာဏာသိမ်းကတည်းကဖြစ်၍ နိုင်ငံတကာ အသိုင်းအဝန်းအနေဖြင့် ကြိုးပမ်းပေးရန်လည်း တောင်းဆိုထားသည်။


========================


📌📌 ၃။ မြန်မာနိုင်ငံက ကလေးတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို IIMM က ဦးစားပေး စုံစမ်းစစ်ဆေးနေ


မြန်မာနိုင်ငံက ကလေးတွေအပေါ်ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကို ဦးစားပေး စုံစမ်းစစ်ဆေးနေတယ်လို့ နိုဝင်ဘာလ (၂၀) ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား IIMM က ထုတ်ပြန်ပါတယ်။

 "မြန်မာနိုင်ငံက ကလေးတွေဟာ သတ်ဖြတ်ခံရခြင်း၊ ညဥ်းပန်းနှိပ်စက်ခံရခြင်း၊ ချုပ်နှောင်ခံရခြင်း၊ အတင်းအကြပ် ရွှေ့ပြောင်းခံရခြင်း၊ စစ်သားအဖြစ် စုဆောင်းခံရခြင်း၊ လိင်နှင့် ဂျင်ဒါအခြေပြုရာဇဝတ်မှုများ ကျူးလွန်ခံရခြင်းတွေ ကြုံတွေ့နေရပါတယ်။ သူတို့တွေက စာသင်ကျောင်းတွေ၊ ဆေးရုံတွေနဲ့ နေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း ကြုံနေရပြီး၊ တခြားလူတွေကို ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေကိုလည်း မြင်တွေ့နေရပါတယ်။ ယန္တရားက ဒီရာဇဝတ်မှုတွေကို ဦးစားပေး စုံစမ်းစစ်ဆေးနေပါတယ်"လို့ ဆိုထားပါတယ်။

ဒါ့အပြင် ကလေးတွေအပေါ် သက်ရောက်မှုရှိတဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အချက်အလက်တွေရှိနေပါက IIMM ဆီ လျှို့ဝှက်လုံခြုံစွာ ပေးပို့နိုင်တယ်လို့လည်း ဆိုပါတယ်။


========================


📌📌 ၄။ ရေဦးမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများကို အနွေးခြုံစောင်များ လှူဒါန်း


ရေဦးမြို့နယ်အတွင်းရှိ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်ပြည်သူများ၊ အသက် (၆၀) အထက် အဘိုးအို၊ အဖွားအိုများနှင့် ကလေးသူငယ်များတို့ကို "ကံစမ်းရင်းလှူ လှူရင်းကံစမ်းကြသူများ" နှင့်  "ကြယ်ငါးကောက်သူများအဖွဲ့" တို့မှ ကူညီထောက်ပံ့မှုများနဲ့အတူ "ဒီပဲယင်းမြို့နယ် ညီနောင်များ" ကိုယ်စား အနွေးခြုံစောင်လေးများ သွားရောက်ကူညီ လှူဒါန်းပေးခဲ့ကြောင်း ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ့ထောက်ပံ့ရေး (𝑵𝑮𝑶) မှ သတင်းထုတ်ပြန်ပါတယ်။

ခြုံစောင်များအား လှူဒါန်းကူညီပေးခဲ့ကြသည့် ကုသိုလ်ရှင်အဖွဲ့အစည်းများနှင့် တဆင့်ပြန်လည်မျှဝေပေးခဲ့သော ဒီပဲယင်းမြို့နယ်ညီနောင်များ တို့ကို ကျေးဇူးတင်ရှိပြီး မလောက်ငှသေးပဲ ကျန်ရှိနေသေးသည့် မီးဘေးသင့် စစ်ရှောင်ပြည်သူများအား ထပ်မံလှူဒါန်းပေးနိုင်ဖို့ရန် ကြိုးစားနေဆဲဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ပုလဲမြို့နယ်မှ နေရပ် မပြန်နိုင်သေးသော စစ်ရှောင်ပြည်သူများအား ထောက်ပံ့ကူညီ


ပုလဲမြို့နယ်မှ နေရပ်မပြန်နိုင်သေးသော စစ်ဘေးရှောင်များအား အကူအညီများပေနေသော ဆားလင်းကြီးမြို့နယ် စစ်ရှောင်များ ထားရှိရာ နေရာများသို့ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ခေါင်းဆောင်နှင့် လူသား/စာနာတာဝန်ခံတို့မှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

အလှူရှင်များမှ လှူဒါန်းထားသော အလှူငွေ၊ spring Friends အဖွဲ့မှ ကူညီငွေတို့နှင့် လူသား/စာနာ မြို့နယ် အခွန်မှ ရရှိသောငွေတို့အား စစ်ဘေးရှောင်များအား ကူညီနေကြသော သက်ဆိုင်ရာ ရပ်/ကျေး ပအဖ၊ ပကဖများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။

ပအဖ ခေါင်းဆောင်နှင့် လူသား/စာနာ တာဝန်ခံတို့က အကူအညီများပေးနေကြသည့် သက်ဆိုင်ရာတာဝန်ရှိသူများအား ကျေးဇူးတင်စကားများ ပြောကြားပြီး စစ်ရှောင်ပြည်သူများကို လက်ရှိ စစ်ရေး၊  နိုင်ငံရေး အခြေအနေများ အနည်းငယ်ပြောကြားကာ လေကြောင်းအန္တရာယ်၊ စစ်ကြောင်းအန္တရာယ် သတိထားနေထိုင်ကြဖို့ အသိပေးခဲ့တယ်လို့ သိရပါတယ်။

စစ်ရှောင်ပြည်သူ အများအပြား ရှိနေသေးသည့်အတွက် အကူအညီများ အရေးပေါ် လိုအပ်နေပါသောကြောင့် သက်ဆိုင်ရာ ကျေးရွာများသို့ တိုက်ရိုက်ဖြစ်စေ၊ တဆင့်ခံဖြစ်စေ ကူညီပံ့ပိုးပေးကြပါရန် ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ နခွန်ပထုန်တွင် စစ်ဆေးရေးဂိတ်မှ ထွက်ပြေးစဥ် ယာဉ်တိမ်းမှောက်ပြီး မြန်မာ () ဦးသေဆုံး၊ စိတ်ကြွဆေးပြား (၁၄) ပြား သယ်လာသူ အပါ မြန်မာ () ဦး ဖမ်းခံရ


နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် တစ်နာရီဝန်းကျင်တွင်  ထိုင်းနိုင်ငံ နခွန်ပထုန် ရဲစစ်ဆေးရေးဂိတ်မှ ထွက်ပြေးတဲ့ကားဟာ လမ်းကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ ဓာတ်တိုင်ကို ဝင်တိုက်ကာ ရေမြောင်းထဲသို့ ပြုတ်ကျပြီးနောက် မြန်မာ () ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ယာဉ်ပေါ်လိုက်ပါလာသည့် မြန်မာနိုင်ငံသား အမျိုးသား () ဦးနှင့် အမျိုးသမီး () ဦးလုံး သေဆုံးသွားခဲ့ကာ ရုပ်အလောင်းများကို ကယ်ဆယ်ရေးသမားများက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် () နာရီဝန်းကျင်တွင် နယ်စပ်မှ တရားမဝင် ဝင်လာသည့် မြန်မာနိုင်ငံသားအဖွဲ့ ဖမ်းဆီးခံရပြီး အမျိုးသား () ဦးအနက် တစ်ဦးက စိတ်ကြွဆေးပြား (၁၄) ပြား သယ်လာသည်ကို စစ်ဆေးတွေ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဖမ်းခံရသည့် မြန်မာနိုင်ငံသားများမှာ အမျိုးသား () ဦး၊ အမျိုးသမီး () ဦးနှင့် ကလေး () ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၇။ ကွတ်ခိုင်မြို့တွင် နေအိမ် () လုံး မီးလောင်မှု ဖြစ်ပွား


နိုဝင်ဘာ (၁၈) ရက်နေ့ ညနေ (၄း၃၀) အချိန်တွင် ကွတ်ခိုင်မြို့ ရပ်ကွက် () ဦးနော်ဆိုင်း နေအိမ် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။

ဦးနော်ဆိုင်းသည် ပျက်နေသည့် ရေအားလျှပ်စစ်ကို သွားပြင်နေချိန် နေအိမ် မီးစတင်လောင်ကျွမ်းသွားခဲ့ပြီး နေအိမ်အတွင်းရှိ ဆိုင်ကယ် ()စီး၊ ဆွဲကြိုး () ကုံး၊ ဆန် () အိတ်၊ ဘီဒို () လုံးနှင့် စားပွဲခုံ () စုံ မီးလောင်ဆုံးရှုံးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မီးလောင်နေစဥ် ကွတ်ခိုင်မြို့ PSLF/TNLA မီးသတ်တပ်ဖွဲ့မှ  မီးသတ်ကား () စီးနှင့် ရပ်ကွက်ကားများ အပါအဝင် သွားရောက်ဝိုင်းဝန်း ကူညီမီးငြိမ်းသတ်ပေးခဲ့တယ်လို့ သိရှိရပါတယ်။

အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၅) ရက်နေ့ကလည်း ကွတ်ခိုင်မြို့ ရပ်ကွက် () နေအိမ် () လုံး မီးဖိုးချောင်ရှိ မီးကြွင်းမီးကျန်မှ တစ်ဆင့် စတင် လောင်ကျွမ်းသွားခဲ့ပါသေးတယ်။


========================


📌📌 ၈။ တပ်ပေါင်းစုချီအညာထီ (၁၂) ကြိမ်မြောက် ထီရောင်းအားမှ ဆုငွေနှင့် CDM သူရဲကောင်းများ၏ လစာခံစားခွင့်ကို နှုတ်၍ ကျန်ငွေမှ (၇၀) ရာခိုင်နှုန်းကို မြေပြင်သူရဲကောင်းများဆီ ထောက်ပို့ပြီးစီးခဲ့


တပ်ပေါင်းစုချီအညာထီ(၁၂)ကြိမ်မြောက်ထီရောင်းအားမှ ဆုငွေနှင့် CDM သူရဲကောင်းများ၏ လစာခံစားခွင့်ကို နှုတ်၍ ကျန်ငွေမှ (၇၀) ရာခိုင်နှုန်းကို မြေပြင်သူရဲကောင်းများဆီထောက်ပို့ပြီးစီးခဲ့တယ်လို့ နိုဝင်ဘာလ (၂၀) ရက်မှာ တပ်ပေါင်းစုချီ အညာထီက တရားဝင်အသိပေးဆိုပါတယ်။

တပ်ပေါင်းစုချီ အညာထီ (၁၂) ကြိမ်မြောက် စာရင်းရှင်းတမ်းဖြစ်ပါတယ်။ အညာထီရဲ့ ()နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဆုငွေ သိန်း (၁၁၀) တိုးမြှင့်ပြီး စုစုပေါင်း ဆုငွေတန်ဖိုး ကျပ်သိန်း (၂၁၀) ဖြစ်ပါတယ်။ ကိုယ်စားလှယ်အဖြစ် ပါဝင်လျက်ရှိသော CDM သူရဲကောင်းများ၏ ခံစားခွင့်ကိုလည်း တိုးမြှင့်ခဲ့ပါတယ်။ ယခုလမှာ စုစုပေါင်းထီရောင်းအားမှ ဆုငွေနှင့် CDM သူရဲကောင်းများ၏ လစာခံစားခွင့်ကို နှုတ်၍ ကျန်ငွေမှ ၇၀%ကို မြေပြင်သူရဲကောင်းများဆီထောက်ပို့ခဲ့ပြီး ကျန် ၃၀% ထဲမှ အထွေထွေကုန်ကျစရိတ်နှင့် စစ်ရှောင်မီးဘေးသင့်ပြည်သူများဆီထောက်ပို့သွားမှာဖြစ်တယ်" လို့ ဆိုပါတယ်။

တပ်ပေါင်းစုချီအညာထီနှင့်အတူ အကောင်းဆုံး ကြိုးစားပါဝင်နေကြသော တော်လှန်ရေး မိဘမောင်နှမများအားလုံးကိုလည်း ကျေးဇူးတင်ရှိတယ်လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ကံပိုက်တည်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိပြီး နယ်မြေရှင်း‌လင်းရေး ပြုလုပ်


နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက်ပိုင်းတွင် NDAK ကချင်အထူးဒေသ ၁၊ ကံပိုင်တည်မြို့ကို KIA ပူးပေါင်းတပ်များ ဝင်ရောက်တိုက်ခိုက်ရာ ညနေ () နာရီတွင် အပြီးအပြတ် သိမ်းပိုက်လိုက်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းများအရ သိရပါတယ်။

ကံပိုင်တည်မြို့ရှိ စစ်ကောင်စီ တပ်စွဲထားသည့် စခန်းကုန်းနှင့် မြို့ပြင်ရှိ ရဲစခန်းတို့တွင် နံနက် (၁၀) နာရီခန့်မှစတင်ကာ တိုက်ပွဲဖြစ်ပွားနေပြီး မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များနှင့် စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအားလုံး တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးဝင်ရောက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ကုန်းလည်း မီးရှို့ဖျက်ဆီးလိုက်ပြီး ရဲစခန်းမှာလည်း နေရာယူလိုက်ကာ ဟိုတယ်နေရာတွေမှာရှိနေတဲ့ စစ်သားတွေအားလုံးကိုလည်း ရှင်းလင်းပြီးနောက် လှိုဏ်ဂူဘက်မှာ ကျန်နေတဲ့ အနည်းငယ်ကို လိုက်လံရှင်းလင်းနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက မသိမ်းပိုက်ရန် တားနေသည့် NDAK ကချင်အထူးဒေသ () ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်များ ထိန်းချုပ်စိုးမိုးခဲ့ရာ ပန်ဝါဒေသတစ်ခုလုံးကို KIA မှ သိမ်းပိုက်ရရှိသွားပြီ ဖြစ်ပါတယ်။

ချီဖွေမြို့ကို စက်တင်ဘာလ (၂၉) ရက်နေ့တွင်လည်းကောင်း၊ ဆော့လော်မြို့ကို စက်တင်ဘာလ (၃၀) ရက်နေ့တွင်လည်း ကောင်း KIA နှင့် PDF ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ကြောင်း၊ အောက်တိုဘာလ (၁၄) ရက်နေ့ အမှတ် (၁၀၀၂) နယ်ခြားစောင့်တပ် ဌာနချုပ်စခန်းကိုလည်း ကောင်း၊ အောက်တိုဘာလ (၁၈) ရက်နေ့တွင် ပန်ဝါမြို့ကိုလည်းကောင်း၊ အောက်တိုဘာလ (၂၁) ရက်နေ့ ညနေ () နာရီအချိန် ကန်ပိုင်တီးမြို့နှင့် -မိုင်အကွာ ရှိန်ကြိုင် ရွာရှိ အမှတ် - ၁၀၀၃ BGF ဌာနချုပ် စခန်းကုန်းကိုလည်းကောင်း သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တရုတ် - မြန်မာနယ်စပ် ဖီမော်မြို့ကိုလည်း နိုဝင်ဘာလ () ရက်နေ့တွင်လည်းကောင်း၊ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကန်ပိုက်တည်မြို့ကိုလည်းကောင်း အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ () ဦး သေဆုံးပြီး (၁၀) နှစ် အရွယ် ကျောင်းသူ () ဦး အပါအဝင် () ဦး ဒဏ်ရာရ


ကရင့်အမျိုးသားအစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် () ရက်အတွင်း ဒေသခံ ပြည်သူ () ဦး သေဆုံးပြီး (၁၀) နှစ်အရွယ် ကလေးငယ် () ဦး အပါအဝင် () ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ (၁၅) ရက်နေ့ ကနေ (၁၉) ရက်နေ့အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို ပစ်မှတ်ထားပြီး လက်နက်ကြီး (၈၆) လုံး၊ ကျောင်းတက်ချိန် အပါအဝင် စာသင်ကျောင်းကို ဒရုန်းဖြင့် () ကြိမ်ထိ ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၁၉) ရက်နေ့ မနက်ကျောင်းတက်ချိန်တွင် တောကြောင်ပေါက် ကျေးရွာကို လက်နက်ကြီးဖြင့် () ကြိမ် ပစ်ခတ်ခဲ့ပြီး စာသင်ကျောင်းကို ဒရုန်းဖြင့် တိုက်ခိုက်ခဲ့တာကြောင့် အသက် (၁၀) နှစ် အရွယ်ကျောင်းသူ နော်ရွှင်စင်ဦး နှင့် နော်သူမူးအင်တို့ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ နိုဝင်ဘာ (၁၇) ရက်နေ့မှာ မူးမြို့နယ် ရွာကြီးအင်းရွာကို ခမရ - ၃၀၇ တပ်ရင်းက လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ အသက် (၇၅) နှစ်နဲ့ (၆၆) နှစ်အရွယ် အမျိုးသား () ဦး သေဆုံးခဲ့ရပြီး အသက် (၅၀) နဲ့ (၄၅) နှစ်အရွယ် အမျိုးသား () ဦး ဒဏ်ရာရရှိခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်း တိုက်ခိုက်မှုများကြောင့် () ရက်တာ အတွင်း ဆေးပေးခန်း () ခု၊ မူကြိုကျောင်း () ကျောင်း၊ ဘုရားကျောင်း () ခုနဲ့ ဒေသခံ ပြည်သူတို့ရဲ့ နေအိမ် () လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် နိုဝင်ဘာလ (၁၉) ရက်နေ့မှာ စစ်ကောင်စီတပ်က နောင်ကုန်းကျေးရွာနဲ့ ရွာကြီးအင်း ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ရာ ဒေသခံပြည်သူ (,၄၅၁) ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး စားနပ်ရိက္ခာနဲ့ ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ စစ်ကိုင်း မြင်းဆည်ရွာကို စစ်အုပ်စု ဗုံးကြဲရာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းများ ထိခိုက်ပျက်စီး


နိုဝင်ဘာလ (၂၀) ရက်နေ့ မွန်းလွဲ ၁နာရီခွဲခန့်တွင် စစ်ကိုင်းမြို့နယ်၊ ဧရာဝတီမြစ်ရိုးက မြင်းဆည်ကျေးရွာကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲပြီး Rocket နဲ့ ပစ်ခတ်ရာ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းများ ထိခိုက်ပျက်စီးကာ ကျွဲ၊ နွားတချို့ ထိခိုက်တယ်လို့ ဒေသသတင်းရင်းမြစ်များမှ သိရပါတယ်။

နိုဝင်ဘာလ (၁၇) ရက် ညနေပိုင်းကလည်း ဧရာဝတီ မြစ်ရိုးက လက်ပါယ်တောရွာကို စစ်အုပ်စုက အကြောင်းမဲ့ တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ကလေးသူငယ် အပါအဝင် ဒေသခံပြည်သူ ခြောက်ဦး ဒဏ်ရာရပြီး နေအိမ်နှစ်လုံး မီးလောင်ပြာကျကာ နွားခြောက်ကောင် သေဆုံးခဲ့ပါတယ်။

လက်ရှိ ဗုံးကြဲသတ်ဖြတ်ခံနေရတဲ့ စစ်ကိုင်းမြို့နယ် ဧရာဝတီမြစ်ရိုးက ကျေးရွာတွေဟာ မန္တလေးတိုင်း မြင်းခြံနယ်၊ ငါန်းဇွန်မြို့ရဲ့ မြစ်တဖက်ကမ်းမှာ တည်ရှိတဲ့ရွာတွေ ဖြစ်ပြီး ငါန်းဇွန်မြို့ပေါ်နေ စစ်အုပ်စုက ဒရုန်းနဲ့ ကင်းထောက်ကာ PDF တွေ ရှိမယ်အထင်နဲ့ ဗုံးကြဲသတ်ဖြတ်နေတာ ဖြစ်မယ်လို့ စစ်ကိုင်းနယ်ခံတွေက ပြောပါတယ်။


========================


🚩🚩 ၄။ မင်းတပ်တွင် ပြည်သူပိုင် နေအိမ် () လုံးကို စစ်ကောင်စီက မီးရှို့ခဲ့ပြီး ပေါင် (၅၀၀) ဗုံး နှစ်လုံး ကြဲချခဲ့


ချင်းပြည်နယ်၊ မင်းတပ်မြို့တွင် () မိုင် လမ်းခွဲနဲ့ လှေးကောင်းလမ်းခွဲကြားက ပြည်သူပိုင် နေအိမ် () လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသတွင်း သတင်းထောက်တဦးဖြစ်တဲ့ Hkl Mindat က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ (၂၀) ရက်နေ့ မနက် () နာရီခန့်မှာ ခလရ (၂၇၄) တပ်မှ စစ်ကောင်စီ တပ်သားများက ကားလမ်းမပေါ်က နေအိမ်နှစ်လုံးကို ထပ်မံမီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။

အဆိုပါ နေရာဝန်းကျင်ရှိ နေအိမ်များကို မီးရှို့ ဖျက်ဆီးနေတာ ဒီတကြိမ်နဲ့ဆို သုံးကြိမ်ထိ ရှိနေပြီလို့လည်း သိရပါတယ်။

ထို့အပြင် နိုဝင်ဘာလ (၁၉) ရက်နေ့ (၁၁) နာရီ (၄၀) မိနစ်ခန့်ကလည်း မင်းတပ် မြို့ပေါ်ကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာ တစီးဖြင့် ပေါင် (၅၀၀) ဗုံး () လုံး ကျဲချခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပေါက်မြို့နယ်မှာ () ရက်အတွင်း ပြည်သူ့စစ် စခန်းများကို ဒရုန်းဖြင့် ဗုံးသီး (၁၄၀) ကျော် ကြဲချတိုက်ခိုက်


မကွေးတိုင်း၊ ပေါက်မြို့နယ်က ပြည်သူ့စစ်ကျေးရွာများနဲ့ အခြေစိုက်စခန်းများကို ဒရုန်းဖြင့် ဗုံးသီး (၁၄၀) ကျော်ကို () ရက်အတွင်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပေါက်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) က သတင်းထုတ်ပြန် ထားပါတယ်။

ပေါက်မြို့နယ်၊ ယာကြီးပြင် ပျူရွာကို နိုဝင်ဘာ (၁၅) ရက်နေ့ ညနေ () နာရီ (၃၀) မိနစ်မှာ ဒရုန်းဖြင့် (၆၀) မမ () လုံး၊ နိုဝင်ဘာ (၁၆) ရက်နေ့ () နာရီ (၁၀) မိနစ် ကနေ (၁၀) နာရီခွဲ အတွင်း (၁၀၀) မမ () လုံးဖြင့် ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်များကို တိုက်ခိုက်ခဲ့တာပါ၊

အလားတူ နိုဝင်ဘာလ (၁၈) ရက်နေ့ မနက် () နာရီခွဲမှာ ယာကြီးပြင်ရွာ တောင်ဘက်က ဘန်ကာကင်းအား ဒရုန်းနဲ့ (၁၀၀) မမ () လုံး၊ (၁၁) နာရီမှာ ရွာအတွင်းက စစ်ကောင်စီတပ် အထိုင်နေရာကို (၁၀၀) မမ () လုံးကို ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။

အဆိုပါ တိုက်ခိုက်မှုများကို ပေါက် ပကဖ၊ မကွေးတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့၊ ပခုက္ကူခရိုင် အမှတ် () () နဲ့ (၁၂) တပ်ရင်းများက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်က ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ ဆိုပါတယ်။

ထို့အပြင် နိုဝင်ဘာ (၁၆) ရက်နေ့ မနက် (၁၁) နာရီ (၅၀) မိနစ်တွင် ပေါက်မြို့နယ်၊ ဒီဒုတ်ကွင်း ပြည်သူစစ်ရွာကို ပေါက်ပကဖက ဗုံးသီး အလုံး (၉၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ပြီး ပခုက္ကူခရိုင် အမှတ် () တပ်ရင်းကလည်း ဗုံးသီး (၁၄) လုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ () နာရီ (၄၅) မိနစ်မှာလည်း ဒီးဒုတ်ကွင်း ပျူရွာကို ဒရုန်းဖြင့် (၁၀၀) မမ ဗုံး () လုံး၊ (၁၉) ရက်နေ့ (၁၁) နာရီခွဲ အချိန်မှာ (၁၀) မမ () လုံး နဲ့ (၆၀) မမ (၁၆) လုံးဖြင့် ပေါက် ပကဖ၊ မကွေးတိုင်း ဒရုန်း လက်ရုံးတပ်ဖွဲ့နှင့် ပခုက္ကူခရိုင် အမှတ် () တပ်ရင်းတို့က တိုက်ခိုက်ခဲ့ပါသေးတယ်။

ထို့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာလ () ရက်နေ့ ကနေ (၁၁) ရက်နေ့အတွင်း ပေါက်မြို့နယ်၊ ကိုင်းလယ် ရဲစခန်းကို ပေါက်ပကဖက ဒရုန်း () စီးဖြင့် ဗုံးသီး အလုံး (၂၀၀) ကျော် ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ CDF KKG အခြေခံ မွမ်းမံ စစ်သင်တန်းဆင်းပွဲ ကျင်းပ


Chinland Defense Force (Kalay – Kabaw - Gangaw) တပ်ရင်း () က လေ့ကျင့်သင်ကြား ပေးခဲ့တဲ့ အခြေခံ စစ်ပညာနဲ့ မွမ်းမံ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့တယ်လို့ CDF - KKG က ထုတ်ပြန်ထားပါတယ်။

အဆိုပါ သင်တန်းဆင်းပွဲကို ပြီးခဲ့တဲ့ရက်ပိုင်းက လွတ်မြောက်နယ်မြေ တနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

သင်တန်းဆင်းပွဲတွင် သင်တန်းဆင်းပွဲတွင် စံပြဆု၊ လက်ဖြောင့်ဆုနှင့် ဇွဲဆု အစရှိတဲ့ တဦးချင်း ထူးချွန်ဆုများကိုလည်း ပေးအပ်ခဲ့တယ်လို့ သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment