23rd NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာများကို ဒီဇင်ဘာ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်မီအောင် ရောင်းချသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ပြောကြား

📌 ၂။ nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍ အချက်အလက်များ လိမ်လည်ရန် ကြိုးပမ်းနေ

📌 ၃။ ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်းနှင့် ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သား ပါဝင်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုအား ကန့်ကွက်ရှုတ်ချ

📌 ၄။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်

📌 ၅။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ()ရွာတွင် (၁၃၉၊ ၁၄၀)ရွာမြောက်သော ကျေးရွာ ပအဖများနှင့် (၁၄၀၊ ၁၄၁)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်

📌 ၆။ ၂၀၂၄ ခုနစ် အောက်တိုဘာလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀)ကို PRFထောက်ပို့မိသားစုထုတ်ပြန်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရေဦးမြို့၊ အုန်းတပေါင်းရွာ ကျောင်းထိုင် ဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့

🚩 ၂။ သစ်ခေါက်တောင် ကင်းစခန်းကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့

🚩 ၃။ ဖာပွန်မြို့နယ် မထောအခြေစိုက် ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်စခန်းအား သိမ်းပိုက် ရရှိ

🚩 ၄။ ဆော-ဆိပ်ဖြူ ကားလမ်းမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့

🚩 ၅။ ရေဦးမြို့ ထွေအုပ်ရုံးအတွင်း ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ဒရုန်းများနှင့် တိုက်ခိုက်၊ နယ်ထိန်းရဲ အပါ ၄ဦး သေဆုံး

🚩 ၆။ မတ္တရာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာများကို ဓါတု ဗုံးဖြင့် ကျဲချတိုက်ခိုက်

🚩 ၇။ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ဒဏ်ရာရကာ ဦး ဖမ်းဆီးခံရ

🚩 ၈။ MDY PDF နဲ့အတူ ပြည်တော်ဝင်မယ့် စစ်သည်တော်သစ်များကို ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာများကို ဒီဇင်ဘာ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်မီအောင် ရောင်းချသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဦးတင်ထွန်းနိုင်ပြောကြား


နိုဝင်ဘာ၂၂ရက်

Radio NUG

နွေဦးဖွံဖြိုးရေးဘဏ်ရဲ့ အစုရှယ်ယာများကို ဒီဇင်ဘာ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၁၀ သန်းပြည့်မီအောင် ရောင်းချသွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ပြောကြားလိုက်ပါတယ်။


နိုဝင်ဘာ၂၂ရက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က အသိပေးဆိုထားပါတယ်။


"နွေဦးဖွံ့ဖြိုးရေးဘဏ် (SDB) ရဲ့ ICO-2 ရောင်းတာ ဒီကနေ့ဆို ()ရက်မြောက်ပါပြီ။ ပထမဆုံး စရောင်းတာကနေ ၂၄ နာရီအတွင်းမှာ အမှာစာ အမေရိကန်ဒေါ်လာ . သန်းလောက်တောင်ရှိခဲ့လို့ အကုန်လုံးအားတက်ပျော်ရွှင်ခဲ့ကြတယ်..

နောက်ရက်တွေလည်း သူ့အတိုင်းအတာနဲ့သူ တရိပ်ရိပ်နဲ့ ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ဝယ်ကြလို့ အခုဆို ကန်ဒေါ်လာ . သန်း ဖိုးလောက် တော်လှန်ခွန်အား ဖြည့်တင်းထားနိုင်ပါပြီ။ ဒီဇင်ဘာ ရက်နေ့အထိ ကန်ဒေါ်လာ ၁၀ သန်းပြည့်မီအောင် ရောင်းချသွားမှာဆိုတော့ အချိန်နဲ့တွက်ရင် ၁၃ ရက်ကြီးများတောင် ကျန်ပါသေးတယ်"လို့ပြောပါတယ်။


နွေဦးဘဏ်အစုရှယ်ယာမှ ရောင်းချရငွေများထဲမှ  တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ သန်းကိုSDB ICO-2 ကနေ.. ထုတ်နုတ်သုံးစွဲလျက်ရှိနေတယ်လို့လည်း သတင်းရရှိပါတယ်။


========================


📌📌 ၂။ nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍ အချက်အလက်များ လိမ်လည်ရန် ကြိုးပမ်းနေ


နိုဝင်ဘာ ၂၂ 

Radio NUG 

nugmyamnar.org အမည်ဖြင့် Website အတုများပြုလုပ်၍ အချက်အလက်များ လိမ်လည်ရန် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန MOCIT မှ သတင်းထုတ်ပြန်ပါတယ်။


ဒါ့အပြင် NUGအစိုးရကို ပုံစံတူ email အတု၊ Domain အတု၊ Website အတုများဖြင့် ထင်ယောင်ထင်မှားဖြစ်အောင် ပြုလုပ်လျှက်ရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်မှလည်း သတိပေးဆိုထားပါတယ်။


လက်ရှိတွင် MOCIT အနေဖြင့် သက်ဆိုင်ရာ Hosting Provider နှင့် Domain Provider များအား တိုင်ကြားထားပြီး ၎င်းတို့နှင့်အတူတကွ ဖြေရှင်းဆောင်ရွက်နေပြီဖြစ်ပြီး အတုအယောင် website ကို access လုပ်၍ မရရှိစေရေးအတွက်လည်း  ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ယခု Phishing ကြောင့် မည်သည့် data များမှ ပါသွားခြင်း မရှိသည့်အတွက် ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) မဖြစ်စေရန်နှင့် ထိတ်လန့်ကြောက်ရွံ့ခြင်း (Panic) ကြောင့် security awareness ကို သတိလက်လွတ်ဖြစ်စေတတ်သည့်အတွက် ပြည်သူများအနေဖြင့် Panic မဖြစ်ပဲ NUG တရားဝင် Domain nugmyanmar.orgကို Security Awareness ရှိစွာဖြင့် စစ်ဆေးပြီး အသုံးပြုကြစေလိုကြောင်း တိုက်တွန်းထားပါတယ်။


ထိုကဲ့သို့ Security Awareness ရှိစွာ Report များပေးပို့လာသည့် ပြည်သူ တဦးတယောက်ချင်းအား  လွန်စွာကျေးဇူးတင်ရှိကြောင်း၊ Phishing အကြောင်းအရာများအား ပြည်သူများ သိရှိစေရန်အတွက် MoCIT   ဝဘ်ဆိုဒ်နှင့် Youtube တွင် ဖော်ပြထားသည့်အပြင် Awareness Training များကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၃။ ကြံ့ဖွတ်ပါတီ ကိုယ်စားလှယ်လောင်းနှင့် ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သား ပါဝင်တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ ဖွဲ့စည်းမှုအား ကန့်ကွက်ရှုတ်ချ


နိုဝင်ဘာ ၂၂ 

Radio NUG 


၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက် နေ့စွဲဖြင့် အာဏာသိမ်းစစ်ကောင်စီ ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ ဦးတင်ထွန်းဦး သည် စစ်တပ်လက်ဝေခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်ပြီး အတွင်းရေးမှူး ဦးအေးချမ်းမှာလည်း ရေတပ်စစ်ဦးစီးချုပ်ဟောင်း၏ သားဖြစ်ကြသည်ကို ထောက်ရှုခြင်းအားဖြင့် လွတ်လပ်သော မြန်မာသတင်းမီဒီယာသမားများအား ကိုယ်စားမပြုဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ဝါဒဖြန့်ချိရေးယန္တရား ပိုမိုခိုင်မာစေရန်နှင့် နိုင်ငံတကာကို သတင်းမှား ဖြန့်ချိရေး လုပ်ဆောင်ရန်အတွက် ဆောင်ရွက်ရန်သာ ဖြစ်မည်ဟု လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)က သုံးသပ်ပြီး ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ကြောင်း သတင်းထုတ်ပြန်ပါတယ်။


ယခုဖွဲ့စည်းခဲ့သည့် စစ်ကောင်စီ၏ သတင်းမီဒီယာကောင်စီသည် စစ်ကောင်စီ အကျိုးစီးပွားကိုသာ ကာကွယ်ပေးပြီး သတင်းမီဒီယာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် မည်သို့မျှရပ်တည် လုပ်ဆောင်နိုင်လိမ့်မည်ဟု မယုံကြည်ကြောင်း ဖော်ပြထားပါတယ်။


မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း သတင်းထောက် သုံးဦး ထပ်မံ အသတ်ခံခဲ့ရပြီး ၂၀၂၁ ခုနှစ်၊ စစ်တပ် က အာဏာသိမ်းပြီးချိန်မှ ရေတွက်လျှင် စုစုပေါင်း ရှစ်ဦးအထိ ရှိလာခဲ့တာကြောင့် Committee to Protect Journalists (CPJ) က 2024 Global Impunity Index တွင် အဆင့် ၁၀ သတ်မှတ်ခဲ့တယ်လို့ ဆိုထားပါတယ်။


စစ်တပ်မှ အာဏာသိမ်းပြီးနောက် ယနေ့ထိ ဖမ်းဆီး ထိန်းသိမ်း ထောင်ဒဏ်ချမှတ်ခံထားရသူများအနက် သတင်းသမား (၅၀) ဦးမှာလည်း ယနေ့အထိ အကျဉ်းထောင်အသီးသီးတွင် မတရားသော ပြစ်ဒဏ်ကို ကျခံနေရဆဲ ဖြစ်သည့်အပြင် နိုင်ငံကို စွန့်ခွာတိမ်းရှောင်ရသော သတင်းမီဒီယာသမား အများအပြားလည်း ရှိနေတယ်လို့ သိရပါတယ်။


ထို့ကြောင့် သတင်းမီဒီယာများ၊ သတင်းသမားများကာကွယ်ရေးနှင့် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆောင်ရွက်နေကြသည့် ဒေသတွင်းနှင့် နိုင်ငံတကာရှိ အဖွဲ့အစည်းများအနေဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အသိအမှတ်မပြုဘဲ သတင်းစာလွတ်လပ်ခွင့်နှင့် သတင်းသမားများ လုံခြုံရေးအတွက် ရည်ရွယ်၊ ဖွဲ့စည်း၊ ရပ်တည်လုပ်ဆောင်နေသည့် လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM)နှင့်သာ ဆက်သွယ်ဆောင်ရွက်သင့်ပါကြောင်း တိုက်တွန်းတောင်းဆိုထားပါတယ်။


========================


📌📌 ၄။ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရသူ အများဆုံးအဖြစ် မြန်မာနိုင်ငံ စံချိန်တင်


နို၀င်ဘာ ၂၂ 

Radio NUG 


၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံတွေထဲမှာ မြေမြှုပ်မိုင်းနဲ့ စစ်လက်နက်အကြွင်းအကျန်တွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးရသူအများဆုံးဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်း ပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL က သတင်းထုတ်ပြန်ထားပါတယ်။


မြန်မာနိုင်ငံရဲ့နောက်မှာ ဆီးရီးယား၊ ယူကရိန်းနဲ့  အာဖဂန်နစ္စတန်တို့ ရပ်တည်နေပြီး မြန်မာနိုင်ငံက ဆီးရီးယားနိုင်ငံကို ကျော်တက်ပြီး အများဆုံးနိုင်ငံအဖြစ် ရပ်တည်လာတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီတပ်တွေဟာ သူတို့ စီးနင်းတိုက်ခိုက်ခဲ့တဲ့ ကျေးရွာတွေမှာ မြေမြုပ်မိုင်းအများအပြား ထောင်ထားလေ့ရှိပြီး ဒီလိုလုပ်ရပ်ကြောင့် အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


၂၀၂၃ ခုနှစ်မှာ ဆီးရီးယားနိုင်ငံက မြေမြှပ်မိုင်းတွေကြောင့် သေဆုံးထိခိုက်သူဦးရေ  ၉၃၃ ယောက်ရှိခဲ့ပြီး မြန်မာနိုင်ငံက ၁၀၀၃ ယောက်ရှိကာ ပိုများခဲ့ပြီး မြေပြင်မှာ မြန်မာနိုင်ငံအနေနဲ့ အခုထက်ပင် ပိုမိုများပြားလာနိုင်ဖွယ်ရှိကြောင်း အဆိုပါ အစီရင်ခံစာက ဆိုပါတယ်။


========================


📌📌 ၅။ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ()ရွာတွင် (၁၃၉၊ ၁၄၀)ရွာမြောက်သော ကျေးရွာ ပအဖများနှင့် (၁၄၀၊ ၁၄၁)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်


နိုဝင်ဘာလ ၂၂ ရက်

Radio NUG

ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ()ရွာတွင် (၁၃၉၊၁၄၀)ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၄၀၊ ၁၄၁)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းဆောင်ရွက်ခဲ့ပါတယ်။


နိုဝင်ဘာ၂၂ရက် ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၌ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဗဟိုကော်မတီမှ ချမှတ်ထားသော မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်၍၊ ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ပြည်သူ့ဝန်ဆောင် မှုလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားရန်အတွက်၊ကျေးရွာများတွင် ပြည်သူ့အုပ်ချုပ်ရေး၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ၊ ခင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာ ()ရွာတို့တွင် (၁၃၉၊၁၄၀) ရွာမြောက်သော ကျေးရွာ ပအဖ များနှင့် (၁၄၀၊၁၄၁)ရွာမြောက်သော ကျေးရွာ ပကဖ များ ဖွဲ့စည်းနိုင်ခဲ့တယ်လို့ အသိပေးဖော်ပြပါတယ်။


အခမ်းအနားသို့ မြို့နယ် ပအဖ နာယက၊ မြို့နယ် ပအဖ ခေါင်းဆောင်၊ မြို့နယ် ပကဖ ဒုတာဝန်ခံ၊ တရားရေးဥက္ကဋ္ဌ၊ လူသားစာနာ တာဝန် ခံ၊ ပြည်သူ့ရင်ခွင် တာဝန်ခံ၊ ဘဏ္ဍာရေးတွဲဘက် တာဝန်ခံ၊ သတင်းပြန်ကြားရေး တာဝန်ခံ၊ သယံဇာတ တာဝန်ခံ၊ မြို့နယ် ပကဖ ဆက်သွယ်ရေး တာဝန်ခံ၊ မြို့နယ် ပအဖ ရုံးအဖွဲ့မှူး၊ တိုက်နယ် အမှတ် () ခေါင်းဆောင်၊ မြို့နယ် ပကဖ ရဲဘော်များ အသီးသီး တက်ရောက်ခဲ့ပါတယ်။


ထိုဖွဲ့စည်းမှု အခမ်းအနားကို နိုဝင်ဘာ ၂၂ ရက်နေ့ နေ့လည် (၁၂း၄၅)နာရီအချိန်တွင် စတင်၍၊ တက်ရောက်လာသူ ပြည်သူလူထု၏ အများဆန္ဒနှင့်အညီ အဆိုပြု၊ ထောက်ခံ၊ အတည်ပြုခါ၊ ရပ်ကျေး ပအဖ ()ဦးကို အသီးသီး ရွေးချယ်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ၂၀၂၄ ခုနစ် အောက်တိုဘာလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀)ကို PRFထောက်ပို့မိသားစုထုတ်ပြန်


နိုဝင်ဘာ၂၂ရက်

Radio NUG

၂၀၂၄ ခုနစ် အောက်တိုဘာလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀)ကို PRFထောက်ပို့မိသားစု ထုတ်ပြန်ခဲ့ပါတယ်။


နိုဝင်ဘာ၂၂ရက်မှာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ်PRFက အသိပေးဖော်ပြပါတယ်။


"ပြည်သူ့ကာကွယ်ရေးတပ်သားတွေကို ထောက်ပို့နိုင်ဖို့အတွက် အဆင့်ဆင့် ဆောင်ရွက်ရတဲ့ လုပ်ငန်းစဉ်များထဲမှာ ပြည်တွင်းပြည်ပ Fundraiser များရဲ့ အခန်းကဏ္ဍဟာ အရေးကြီးလှပါတယ်။ ဒီတာဝန်ကို ပါဝင်ထမ်းဆောင်ပေးကြတဲ့ Fundraiser များ အားလုံးကို လေးစားဂုဏ်ပြုအပ်ပါတယ်။ ၂၀၂၄ ခုနစ် အောက်တိုဘာလအတွင်း အင်တိုက်အားတိုက် တာဝန်ထမ်းဆောင်ခဲ့ကြသော Fundraiser များထဲမှရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀) ကို ဖော်ပြလိုက်ပါတယ်"လို့ဆိုပါတယ်။


Fundraiser များထဲမှ ရန်ပုံငွေအများဆုံး စုဆောင်းပေးခဲ့ကြတဲ့ အဖွဲ့  (၂၀)စာရင်းထဲတွင် CSC We are one OFP FR SMS နွေဦးရောင်ခြည်အဖွဲ့စတဲ့ အဖွဲ့များပါဝင်ပါတယ်။


ပြည်တွင်းကဖြစ်စေ၊ ပြည်ပကဖြစ်စေ ပြည်သူ့ကာကွယ်ရေးတပ်သား PDF တွေနဲ့ ကျောချင်းကပ် ခွန်အားဖြည့်ရင်း ဒီတော်လှန်ရေးမှာ ထောက်ပို့တပ်သားအနေနဲ့ ပါဝင်ကြဖို့လည်း ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ ရေဦးမြို့၊ အုန်းတပေါင်းရွာ ကျောင်းထိုင် ဆရာတော်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် တရားခံ ဦးကို PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့


နိုဝင်ဘာ ၂၂ 

Radio NUG 


အောက်တိုဘာလ ၃၁ ရက်နေ့ ညပိုင်းတွင် ရေဦးမြို့ အနီးရှိ အုန်းတပေါင်းကျေးရွာ ဘုန်းကြီးကျောင်းကို မျက်နှာဖုံးစွပ် သေနတ်သမားများက ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကျောင်းထိုင်ဆရာတော် အရှင်က္ကုန္ဒကသီရိ ပျံလွန်တော်မူခဲ့သည့် ဖြစ်စဉ်မှ ကျူးလွန်ခဲ့တဲ့ ဆက်စပ် တရားခံများကို PDF တပ်ဖွဲ့များက ၂၄ နာရီ အတွင်း ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၁ ရက်နေ့တွင် အဓိက တရားခံများနှင့် ဆက်စပ် တရားခံများကို စစ်ဒေသ၊ ပကဖ ပအဖ နှင့် ပလဖ တို့က ပူးပေါင်း၍ ထပ်မံ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရေဦး PDFထံမှ သိရပါတယ်။


"အားလုံးပေါင်း ဆရာတော်ကို သတ်ဖြတ်သွားသူက ဦးပေါ့။ ဦးကတော့ ဖမ်းဆီးရမိထားပြီး တစ်ဦးကတော့ ထွက်ပြေးတိမ်းရှောင်နေတယ်။ လူမှုရေး၊ ပုဂ္ဂိုလ်ရေး ပြဿနာကြောင့် သတ်ဖြတ်တယ်လို့ သိရတယ်။ သူတို့ကို တည်ဆဲ ဥပဒေအရ အရေးယူဖို့ ပလဖ ကို လွှဲပြောင်းထားပြီးပါပြီ" လို့ ပြောကြားထားပါတယ်။


အဆိုပါ ဖမ်းဆီးရမိသော တရာခံ ဦးကို ရေဦးမြို့နယ် ပကဖ မှ တည်ဆဲဥပဒေနှင့်အညီ အရေးယူနိုင်ရန်အတွက် ရေဦးမြို့နယ် ပလဖ သို့ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ သစ်ခေါက်တောင် ကင်းစခန်းကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့


နိုဝင်ဘာ ၂၂ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ သစ်ခေါက်တောင်ရွာ အခြေစိုက် စစ်ကောင်စီ ကင်းစခန်းကို အနီးကပ် ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Peacock Brother Urban Guerilla ဒေါင်းညီနောင် မြို့ပြပြောက်ကြားအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၂ ရက်နေ့မှာ သစ်ခေါက်တောင် ကင်းစခန်းကို အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲ ကြာချိန် မိနစ် ၃၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုကို မသိရပေမယ့် လက်နက်ကြီး ပြင်းပြင်းထန်ထန် ပစ်ခတ်ခဲ့တဲ့ကြားက ကာကွယ်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ဖာပွန်မြို့နယ် မထောအခြေစိုက် ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်စခန်းအား သိမ်းပိုက် ရရှိ


နိုဝင်ဘာ ၂၂ 

Radio NUG 


နိုဝင်ဘာလ ၂၂ရက် နံနက် ၀၇း၄၈နာရီအချိန်ခန့်တွင် KNLA အမှတ် () တပ်မဟာနှင့် ပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များမှ အကြမ်းဖက် စစ်ရှုံးမြန်မာစစ်တပ်၏ မဟာဗျူဟာကျသည့် မထောအခြေစိုက်  စကခ () လက်အောက်ခံ ခမရ-၄၀၇၊ ခမရ-၄၀၈နှင့် ခမရ-၄၀၄ တပ်စခန်းအား အလုံးစုံသိမ်းပိုက်ရရှိသွားကာ လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ-မူတြော်မှ သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက် စစ်ရှုံးမြန်မာစစ်တပ်၏ သေဆုံး၊  ဒဏ်ရာရရှိမှုနှင့် လက်နက်သိမ်းဆည်းရရှိမှု စာရင်းအချက်အလက် အပြည့်စုံရရှိသည်နှင့် အချိန်နှင့်တပြေးညီ ဆက်လက်တင်ပြပေးသွားမယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ မထောအခြေစိုက် တပ်စခန်းကို နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၀ ရက်အကြာတွင် သိမ်းပိုက်ရရှိခဲ့ပြီး ထိုစခန်းသည် ကူးဆိပ်စခန်းနှင့် မိုင်သာ ကွာဝေးကာ  ဖာပွန်-ကမမောင်းလမ်းပေါ်မှ အရေးပါသည့် တပ်စခန်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဆော-ဆိပ်ဖြူ ကားလမ်းမှ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့


နိုဝင်ဘာ ၂၂ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ အနီးက ဆော - ဆိပ်ဖြူ ကားလမ်းပိုင်းပေါ်က အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ Yenanthar Youth Force က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၂ ရက်နေ့ ၁၂ နာရီ ၂၀ မိနစ်မှာ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column နဲ့ ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ တပ်ကြပ် တဦးနဲ့ ရဲဘော်တဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကာ လက်နက် ကောက်ယူဖို့ ကြိုးစားခဲ့ပေမယ့် ဆိပ်ဖြူမြို့မှ စစ်ကူကား စီး ရောက်လာတာကြောင့် အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာလာခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးကို ပခုက္ကူခရိုင် အမှတ် ၁၉ တပ်ရင်း၊ ဆိပ်ဖြူဘာမထီ တပ်ခွဲ တပ်ခွဲ နှင့် ဆိပ်ဖြူမြို့နယ် အနောက်ပိုင်းဇုန် () ပကဖ၊ မကွေးတိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့နှင့် Yenanthar Column တို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေဦးမြို့ ထွေအုပ်ရုံးအတွင်း ပျူစောထီး သင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ဒရုန်းများနှင့် တိုက်ခိုက်၊ နယ်ထိန်းရဲ အပါ ၄ဦး သေဆုံး


နိုဝင်ဘာ ၂၂ 

Radio NUG 


နိုဝင်ဘာလ ၂၂ ရက်  နံနက် ၁၀:၃၀ အချိန်ခန့်တွင် ရေဦးမြို့ ထွေအုပ်ရုံးအတွင်း ပျူစောထီးသင်တန်းဆင်းပွဲ ပြုလုပ်နေစဉ် ရွှေဘိုခရိုင်အမှတ် ၁၄ တပ်ရင်း (ရေဦးPDF) နှင့် ရေဦးမြို့နယ် .က. ပူးပေါင်း၍ Fixed-Wing  Droneများဖြင့် ဗုံးသီး လုံးကြဲချ၍ တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ခိုက်မှုအတွင်း ဒုနယ်ထိန်း ရဲ ၁ဦး အပါအဝင်  စကစ၊ ပျူစောထီး ဦး ဗုံးသီးအစ ထိမှန်သေဆုံး၍ စကစ၊ ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာရရှိပြီး ၈ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိ၍ ဆေးရုံတွင် အသက်လုနေရကြောင်း ဖော်ပြထားပါတယ်။


တိုက်ခိုက်မှုအပြီးတွင် စကစတပ်သားများမှ  Drone များအား လက်နက်ငယ်များဖြင့် လိုက်လံပစ်ခတ်ခြင်း၊ ရေဦးမြို့အတွင်းမှ လက်နက်ကြီးဖြင့် အနီးအနားဝန်းကျင်အား ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ မတ္တရာမှာ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များနဲ့ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက ကျေးရွာများကို ဓါတု ဗုံးဖြင့် ကျဲချတိုက်ခိုက်


နိုဝင်ဘာ ၂၂ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင် စစ်ကောင်စီနဲ့ အမှတ် () စစ်ဒေသ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက အနောက်ဘက် မြစ်ရိုးရှိ ကျေးရွာများကို ဓါတုဗုံးများဖြင့် ကြဲချတိုက်ခိုက်ခဲ့ တယ်လို့ Voice Of Mandalay က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ၂၂ ရက် မနက် နာရီခန့်မှာ စတင်တိုက်ပွဲ ဖြစ်ပွားနေတာဖြစ်ပြီး စစ်ကောင်စီ တပ်ဘက်က အကျအဆုံး များပြားနေကာ မန္တလေး အလောင်းများကို မတ္တရာ မြို့တွင်းကို သယ်ယူနေရတယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီက Jet Fighter စီးဖြင့် ၁၁ ကြိမ်ထက်မနည်း ပစ်ကူပေးခဲ့ပြီး မတ္တရာ ဘော်လုံးကွင်း အတွင်းမှလည်း ဟောင်ဝှစ်ဇာ အပါအဝင် ၁၂၀ မမ များဖြင့် ပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မတ္တရာမြို့နယ်၊ အနောက်ဘက် မြစ်ကမ်းရှိ စိန်ပန်းကုန်းကျွန်း သဲကျွန်းရွာ တစ်ဝိုက်ကို စစ်ကောင်စီက ပေါင် ၅၀၀ ဗုံး လုံး၊ ပေါင် ၂၀၀ ဗုံး လုံးဖြင့် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားခဲ့ပြီး ဓါတုအဆိပ်ဗုံးများကို ထည့်သွင်းကျဲချခဲ့တာကြောင့် ပြည်သူများ မူးမေ့ သတိလစ်ကာ ထိခိုက်မှုများပြားခဲ့တယ်လို့ ဆိုပါတယ်။


ထို့ပြင် နေ့လည် နာရီခန့်မှာလဲ ပြည်သူများ ရှိနေတဲ့ အဆိုပါ ကျေးရွာများကို Missile လုံးဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ ပါသေးတယ်။


========================


🚩🚩 ၇။ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး ဒဏ်ရာရကာ ဦး ဖမ်းဆီးခံရ


နိုဝင်ဘာ ၂၂ ရက်၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူလေး အုပ်ချုပ်နယ်မြေ၊ မူးမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ပြည်သူ ဦးလည်း အကြောင်းမဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၀ ရက်နေ့ နေ့လည် ၁၀ နာရီခွဲ အချိန်မှာ နတ်သံကွင်း အခြေစိုက် စစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၇ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ယဉ်လှည်းရွာ အတွင်း လုံး၊ ရွာကြီးအင်းနဲ့ တောင်ဆူးကြားမှာ လုံး၊ သံကုန်းရွာတွင် လုံး၊ အညောင်းဆူး နဲ့ ငနွားဆင် ကျေးရွာကြားမှာ လုံးနဲ့ အနောက် ဝက်တူး တွင် လုံး အသီးသီး ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အနောက်ဝက်တူး ကျေးရွာနေ အသက် (၄၂) နှစ် အရွယ်ရှိ မမူနော် နဲ့ အသက် (၅၁) နှစ် အရွယ်ရှိ ဒေါ်သီတာစန်း တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


တဆက်ထဲမှာပဲ ကွင်းချောင်းဝအခြေစိုက် စစ်ကောင်စီတပ်မှ ဟောင်ဝစ်ဇာ လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့ရာ ဟော်ခို့ဂေါ် ကျေးရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး ထိုကျေးရွာကို စစ်ရှောင်လာတဲ့ သေဂေလူ ရွာမှ အသက် (၂၇) နှစ်အရွယ် နော်မုဂေဝါးနဲ့ အသက် (၂၃) နှစ်အရွယ် စောဆယ်ပလူဝါး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


ထို့ပြင် စစ်ကောင်စီတပ်က ရွာကြီးအင်း ကျေးရွာနေ ဦးသီလ (၄၅) နှစ် နဲ့ နို့ကလော် ကျေးရွာနေ စောနိုင်တင်ထူး အသက် (၃၃) နှစ်တို့ကို နိုဝင်ဘာလ ၂၀ ရက် နေ့လည် ၁၁ နာရီ ၄၀ မိနစ်မှာ ဖမ်းဆီးခဲ့ပြီး ကျောက်ကြီးရဲစခန်းကို ပို့ဆောင်ချုပ်နှောင်ထားခဲ့တယ်လို့ သိရပါတယ်။ 


========================


🚩🚩 ၈။ MDY PDF နဲ့အတူ ပြည်တော်ဝင်မယ့် စစ်သည်တော်သစ်များကို ခေါ်ယူနေ


နိုဝင်ဘာ ၂၂ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော်(မန္တလေး) MDY PDF နှင့်အတူ ပြည်တော်ဝင်မယ့် စစ်သည်တော် အသစ်များကို ခေါ်ယူနေကြောင်း MDY PDF က ထုတ်ပြန်ထားပါတယ်။


MDY PDF ဟာစုဆောင်း လေ့ကျင့် စုဖွဲ တိုက်ပွဲဝင်ဆိုတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်အတိုင်း စနစ်တကျ အကောင်အထည် ဖော်နေပြီး တိုက်ပွဲကြီးငယ်များစွာ အနိုင်တိုက်နိုင်ရုံမက ပြည်သူ့လွတ်မြောက်နယ်မြေများကို ဖော်ဆောင်ပေးနေပါတယ်။


တိုင်းရင်းသား နယ်မြေကို အားပြုပြီး မြေပြန့်ကို ထိုးဖောက်ဝင်ရောက်လာတဲ့ MDY PDF ဟာဆိုရင် တောင်စဉ် တောင်တန်းတွေကနေ တဆင့် ဧရာဝတီ မြစ်ကမ်းနံဘေးထိ ချီတက်ရောက်ရှိခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ရှေ့ဆက်မယ့် မြေပြန့်ဒေသ ခရီးစဉ်တွေအတွက် ရဲဝံ့တဲ့ တော်လှန်ရေး ခရီးသွားဖော်တွေကိုလည်း လိုအပ်လျက် ရှိတယ်လို့ MDY PDF က ဖိတ်ခေါ်ထားပါတယ်။


ရှေ့ဆက်ဖော်ဆောင်မယ့် မြေပြန့်ဒေသ လွတ်မြောက်‌ရေးအတွက် ရဲဝံ့သော ခိုင်မာသော ထက်သန်သော PDF စစ်သည် စစ်မေများစွာ လိုအပ်လျက် ရှိတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ကို ဆက်သွယ် ချိတ်ဆက်ကြဖို့ကိုလည်း တိုက်တွန်းနှိုးဆော် ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment