၂၀၂၄ နိုဝင်ဘာလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဒေသတွင်း လုံခြုံရေးကိုချိန်းခြောက်နေတဲ့မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ရုရှားကို အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ဆို
📌၂။ တရုတ်ရဲ့ ဖိအား ပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေးက ရပ်သွားမှာမဟုတ်ဘူးလို့ဆို
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စစ်မြေပြင်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများအတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦး ရည်မွန် နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တက်ရောက်
🚩 ၂။ မင်းလှမြို့နယ်မှာ မူးယစ်ဆေးရောင်းချနေသူများကို မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးယူမည်
🚩 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦးအထိရှိလာ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဒေသတွင်း လုံခြုံရေးကိုချိန်းခြောက်နေတဲ့မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ ရုရှားကို အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ဆို
နိုဝင်ဘာ၂၆ရက်
ဒေသတွင်း လုံခြုံရေးကိုချိန်းခြောက်နေတဲ့မြန်မာအကြမ်းဖက်စစ်အုပ်စုနဲ့ရုရှားကို အမျိုးသားညီညွတ်ရေးအစိုးရက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ နိုဝင်ဘာ၂၆ရက် NUG Press Briefingမှာ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကဆိုပါတယ်။
"မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်အုပ်စုဟာ ရုရှားနိုင်ငံနဲ့ ဆက်ဆံရေးပိုမိုတိုးတက်အောင် လုပ်ဆောင်တာတွေ့ရှိရပါတယ်။မကြာသေးမီက နေပြည်တော်ကိုရုရှားဖက်ဒရေးရှင်းဂါဗနာတဦးက လာရောက်လည်ပတ်ကာ အကြမ်းဖက်မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး ပူးပေါင်းဆောင်ရွက်ဖို့အတွက် လုပ်ဆောင်တာတွေ့ရပါတယ်။ရုရှားဖက်ဒရေးရှင်းဂါဗနာဆိုသူကလည်း သူတို့တိုင်းပြည်မှာ အတင်းအဓမ္မစစ်သားစုဆောင်းတာအပြင် လူ့အခွင့်ရေးချိုးဖောက်တာလုပ်နေတဲ့အတွက် နိုင်ငံတကာကပိတ်ဆို့အရေးယူခံထားရတဲ့သူတယောက်ဖြစ်ပါတယ်။အာရှမှာ မြန်မာအကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းအကြမ်းဖက်မှုတွေ ကျူးလွန်ရာကတဆင့် ဒေသလုံခြုံရေးကိုချိန်းခြောက်နေသလို ဥရောပတိုက်မှာလည်း ရုရှားနိုင်ငံဟာ ယူကရိန်းကိုကျူးကျော်ခြင်းဖြင့် ဒေသလုံခြုံရေးကို ချိန်းခြောက်နေပါတယ်။အဲဒီလုပ်ရပ် တွေကိုကျနော်တို့အနေနဲ့ ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ ရုရှားရဲ့စစ်လက်နက်အကူအညီများရရှိရေး အကြမ်းဖက်စစ်အုပ်စုကကြိုးစားနေသလို စစ်ရေးဆက်ဆံမှုများလည်းရရှိအောင်လုပ်ဆောင်နေပါတယ်။
========================
📌📌၂။ တရုတ်ရဲ့ ဖိအား ပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေးက ရပ်သွားမှာမဟုတ်ဘူးလို့ဆို
နိုဝင်ဘာ၂၆ရက်
တရုတ်ရဲ့ဖိအားပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေးက ရပ်သွားမှာမဟုတ်ဘူးလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နိုဝင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတခုမှာ ဆိုထားပါတယ်။
"ဒီလမ်းကြောင်းမရှိရင်တော့ နောက်လမ်းကြောင်းဖောက်ရမှာပဲ။ တော်လှန်ရေးမှာက ရွေးချယ်စရာမရှိဘူး။ သေချာတာ တခုကတော့ တရုတ်ရဲ့ ဖိအား ပိတ်ဆို့မှုတွေကြောင့် တော်လှန်ရေးက ရပ်သွားမှာမဟုတ်ဘူး။ အဲဒီ ဖိအားတွေကပဲ ကျွန်တော်တို့ရဲ့ တော်လှန်ရေးကို တောင်ဘက်ကို ထပ်ဆင်းဖို့နဲ့ အိန္ဒိယဘက်ကိုလမ်းဖောက်ဖို့ ပိုပြီးတော့ တွန်းအားပေးတဲ့ တွန်းအားအနေနဲ့တောင် ပိုဖြစ်သွားစေပါတယ်။"လို့ဆိုပါတယ်။
လက်ရှိမှာ တရုတ်နိုင်ငံဟာ မြန်မာအရေးကိုဝင်ရောက်စွက်ဖက်ရုံသာမကစကစကိုလည်းကူညီထောက်ပံ့မှုများလုပ်ဆောင်နေလျက်ရှိပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စစ်မြေပြင်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများအတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦး ရည်မွန် နှင့် ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တက်ရောက်
နိုဝင်ဘာ၂၆ရက်
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စစ်မြေပြင်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများအတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေး တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နှင့် ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်တို့တက်ရောက်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်မြောက် အထိမ်းအမှတ်အဖြစ်၊ တပ်ဦးနှင့် တပ်မတော်၏ လုပ်ငန်းစဉ်များ ရှင်းလင်းတင်ပြခြင်းနှင့် စစ်မြေပြင်တပ်ဖွဲ့ဝင်များ၏ အခက်အခဲများအတွက် ဝိုင်းဝန်းဖြေရှင်းနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၂၃ နှင့် ၂၄ ရက်များတွင် ကျင်းပခဲ့တယ်လို့သိရပါတယ်။
နိုဝင်ဘာ ၂၃ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲသို့ အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဥရောပတို့မှလည်းကောင်း နိုဝင်ဘာ ၂၄ ရက်နေ့ တွေ့ဆုံဆွေးနွေးပွဲသို့ ဂျပန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ စင်ကာပူ၊ မလေးရှား၊ ထိုင်း နိုင်ငံတို့မှလည်းကောင်း - မကဒတ တွင် တာဝန်ထမ်းဆောင်ခဲ့သူများ၊ မကဒတ ကို ကူညီထောက်ပံ့သူများ တက်ရောက်ခဲ့ကြပါတယ်။
ထိုဆွေးနွေးပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နှင့် ၈၈ မျိုးဆက် ခေါင်းဆောင် ကိုမင်းကိုနိုင်တို့ တက်ရောက်အမှတ်တရစကား ပြောကြားခဲ့တယ်လို့သိရပါတယ်။
တွေ့ဆုံဆွေးနွေးမှု နှစ်ရပ်တွင် ပါဝင် တက်ရောက်သူများက မကဒတ (ကျောင်းသားတပ်မတော်) ၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် ရံပုံငွေများ ထည့်ဝင်ကူညီခဲ့ကြရာ စုစုပေါင်း ကျပ် သိန်း ၁,၀၀၀ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
🚩🚩 ၂။ မင်းလှမြို့နယ်မှာ မူးယစ်ဆေးရောင်းချနေသူများကို မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးယူမည်
နိုဝင်ဘာ၂၆ရက်
ပဲခူးတိုင်းမင်းလှမြို့နယ်မှာ မူးယစ်ဆေးရောင်းချနေသူများကို မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကအရေးယူမယ်လို့အသိပေးကြေညာပါတယ်။
နိုဝင်ဘာ၂၆ရက်သတိပေးထုတ်ပြန်ချက်တရပ်ကို မင်းလှပြည်သူ့ကာကွယ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။
မင်းလှမြို့နယ်တွင်စာသင်ကျောင်းများရှေ့မူးယစ်ဆေးဝါးများရောင်းချပြီးတွင်ကျယ်စွာအသုံးပြုနေကြတာကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ကို တိုင်းကြားခဲ့ပေမယ့် ၊ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေမှာ အာဏာသိမ်းစစ်အုပ်စုရဲ့ တပ်ဖွဲ့ ဝင်တွေရဲ့ အကျိုးစီးပွားတွေ ပါဝင်ပတ်သက်နေတဲ့အတွက် တိုင်ကြားသူတွေသာ ခြိမ်းခြောက်ရန်ပြုခံနေရတယ်လို့ ဖော်ပြပါရှိပါတယ်။
ထို့အတွက် မူးယစ်ဆေးရောင်းချနေသူများ အနေနဲ့ ယင်းလုပ် ငန်းကို ဆက်မလုပ်ကြရန် နဲ့ မလိုက်နာတဲ့သူတွေကိုအရေးယူမယ်လို့ မင်စလှပကဖကအသိပေးဆိုပါတယ်။
========================
🚩🚩 ၃။ နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦးအထိရှိလာ
နိုဝင်ဘာ၂၆ရက်
နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦးအထိ ရှိလာပြီဖြစ်တယ်လို့သိရပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၂၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၈၂) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၇၁၅) ဦးရှိပြီး ထိုအထဲမှ (၂၁၁၅၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၅၃၉) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment