2nd NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။သတင်းသမားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုတို့ရရှိရေး ပူးပေါင်းဆောင်ရွက်ဖို့  နိုင်ငံတကာအသိုင်းအဝိုင်းကို NUG တောင်းဆို 

📌 ၂။ မြန်မာနိုင်ငံရဲ့သမိုင်းဆိုးကို ယခုမျိုးဆက်တွင် ရပ်တန့်အဆုံးသတ်ပစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြော

📌 ၃။ မြန်မာသတင်းထောက်တွေက သူတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်အတွက် ဆိုးရွားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ မြန်နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMထုတ်ပြန်

📌 ၄။ လက်ခုပ်ပင်အုပ်စု ကွမ်းတောအင်းကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲတွင် မိုးမိတ်ခရိုင် .က. မှ ရဲဘော်တွေ ပြည်သူလူထုနဲ့အတူ ပါဝင်လှုဒါန်းခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨⁨ ချီဖွေမြို့နယ် လဂွေကျေးရွာက  ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်စခန်းအားလုံးကို KIA PDF ပူးပေါင်းတပ် သိမ်းပိုက် 

🚩၂။ မူဆယ်မြို့အနီး စစ်တပ်ဘက်က အင်အားဖြည့်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား စစ်ရေးတင်းမာ

🚩 ၃။ ရခိုင်ဘက်သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆိုဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေကို မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်

🚩၄။ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက တလအတွင်း ဗုံးသီး ၇၀ ကျော်ကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ဦး ကျဆုံး 

🚩 ၅။ ပေါင်းတည်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး 

🚩 ၆။ရေစကြိုနဲ့မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့စစ်ကားတစီးကို တိုက်ခိုက် 

🚩 ၇။ Federal WingsကFederal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။သတင်းသမားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုတို့ရရှိရေး ပူးပေါင်းဆောင်ရွက်ဖို့  နိုင်ငံတကာအသိုင်းအဝိုင်းကို NUG တောင်းဆို 


နိုဝင်ဘာ၂ရက်

သတင်းသမားတွေအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနဲ့တရားမျှတမှုတို့ရရှိရေး မိမိတို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုလိုက်ပါတယ်။ 

သတင်းသမားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်ရေးအပြည်ပြည်ဆိုင်ရာ နေ့ဖြစ်တဲ့ ဒီနေ့ နိုဝင်ဘာ ရက်မှာ NUG က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အမှန်တရားအတွက် အသက်ကိုပဓာနမထားဘဲ တစိုက်မတ်မတ် ကြိုးစားနေကြတဲ့ ကမ္ဘာတဝန်းနဲ့ မြန်မာနိုင်ငံက သတင်း သမားများအားလုံးနဲ့အတူ ခိုင်ခိုင်ကြည်ကြည် ရပ်တည်လျက်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆိုပါတယ်။ 

အကြမ်းဖက်စစ်အုပ်စုရဲ့ အဆုံးစွန်ဆုံးသော အန္တရာယ်များအပါအဝင် အမျိုးမျိုးသော နှိပ်စက်မှုတွေနဲ့ ရင်ဆိုင်နေရပေမယ့်  မြေပြင်မှာ အမှန်တကယ်ဖြစ်ပေါ်နေတဲ့ အဖြစ်မှန်တွေကိုဖော်ထုတ်ဖို့ ပြည်သူလူထုရဲ့ သတင်းသိပိုင်ခွင့်နဲ့ သတင်းလွတ်လပ် ခွင့်တို့ကိုကာကွယ်ဖို့ မမောမပမ်း ဆက်လက်ကြိုးပမ်းဆောင်ရွက်နေကြတဲ့ မြန်မာနိုင်ငံက သတင်းသမားတွေရဲ့ သတ္တိနဲ့ စွန့်လွှတ်မှုများကို ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့လည်း အသိပေးထားပါတယ်။ 

သတင်းသမားတွေဟာ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်အဆက်ဆက်ရဲ့ ပစ်မှတ်ထား ဖိနှိပ်ရက်စက်တာကို ခံကြရတဲ့ အစုအဖွဲ့တွေထဲမှာပါဝင်ပြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ အကြမ်းဖက်စစ်အုပ်စုက ပြည်သူ့အာဏာကို လုယူဖို့ကြိုးစားခဲ့တဲ့   ၂၀၂၁ ခုနှစ်နောက်ပိုင်း သတင်းသမား ဦး သတ်ဖြတ်ခံရပြီး သတင်းသမား ၁၅၀ ထက်မနည်း ဖမ်းဆီးခံရခြင်းနဲ့ ညှင်းပမ်း နှိပ်စက်ခံခဲ့ရတယ်လို့ အချက်အလက်တွေအရ သိရပါတယ်။ 

ဒီထဲက သတင်းသမား ၆၄ ဦးထက်မနည်း အခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့အထိ မတရားဖမ်းဆီးထိန်းသိမ်းခံထားရပြီး အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရဆဲလို့လည်း မှတ်တမ်းတွေအရ သိရပါတယ်။

နယ်စည်းမခြား သတင်းထောက်များ - Reporters Without Borders-RSF ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်း လွတ်လပ်ခွင့် ညွှန်းကိန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေတာ တွေ့ရမှာဖြစ်ပါ တယ်။

အကြမ်းဖက်စစ်တပ်ရဲ့ စနစ်တကျကျူးလွန်နေတဲ့ အကြမ်းဖက်ရန်ပြုခြင်း၊ နှောက်ယှက်စော်ကားခြင်း၊ ရန်ရှာခြိမ်းခြောက် ခြင်းလုပ်ရပ်တွေကြောင့် သတင်းသမားအလုပ်ဟာ အန္တရာယ်တွေနဲ့ပြည့်နှက်နေတဲ့ အလုပ်အကိုင်တခုဖြစ်နေပါတယ်။ 

ဒါကြောင့် သတင်းသမားတွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေတင်မဟုတ်ဘဲ ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လွတ်လပ်စွာရေးသား ထုတ်ဖော်ပြောဆိုခွင့်အပေါ် တိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေကို မမေ့လျော့ကြဖို့ NUG က နှိုးဆော်ထားပါတယ်။ 

သတင်းလွတ်လပ်ခွင့်ဟာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအတွက် မရှိမဖြစ်လိုအပ်ပြီး တရားမျှတမှု၊ တာဝန်ခံ မှုနဲ့ လူ့အခွင့်အရေးတို့အတွက် တိုက်ပွဲဝင် ရုန်းကန်နေတဲ့နေရာမှာ အဓိကကျတဲ့ဒေါက်တိုင်တခုဖြစ်တာကြောင့် သတင်းသမားများအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနဲ့ တရားမျှတမှုတို့ရရှိရေး ပူးပေါင်းဆောင်ရွက်ကြဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို NUG က တောင်းဆိုထားပါတယ်။

အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်နေကြတဲ့ သတင်းသမားများ ကြောက်ရွံ့ရ မှုကင်းစွာနဲ့ လွတ်လပ်စွာလုပ်ကိုင်နိုင်တဲ့ နိုင်ငံတခုဖြစ်အောင် ဦးတည်ရည်မှန်းထားပြီး မိမိတို့အသက်ကို ပဓာနမထားဘဲ သတင်းတွေ ဖော်ပြပေးနေတဲ့ သတင်းသမားအားလုံးအပေါ်  မယိမ်းမယိုင်ထောက်ခံပံ့ပိုးသွားမှာဖြစ်ကြောင်းနဲ့ တရားမျှ တမှု၊ ဓမ္မတရားနဲ့ လွတ်လပ်ခြင်းတို့ထွန်းကားရာ အနာဂတ်မြန်မာနိုင်ငံတော် တည်ထောင်နိုင်ရေးတိုက်ပွဲ အောင်မြင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က အသိပေးထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ မြန်မာနိုင်ငံရဲ့သမိုင်းဆိုးကို ယခုမျိုးဆက်တွင် ရပ်တန့်အဆုံးသတ်ပစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာပြော


နိုဝင်ဘာ၂ရက်


မြန်မာနိုင်ငံရဲ့သမိုင်းဆိုးကို ယခုမျိုးဆက်တွင် ရပ်တန့်အဆုံးသတ်ပစ်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ပြောပါတယ်။

နိုဝင်ဘာ၂ရက်တွင်  ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနှင့် နယူးယောက်မြန်မာမိသားစုများ ရင်းနှီးစွာတွေ့ဆုံဆွေးနွေးပွဲမှာ ပြောပါတယ်။

"အနာဂါတ်ကိုသွားမယ်ဆိုရင်ကျနော်တို့အားလုံးအတူတူသွားရပါလိမ့်မယ်။ကျနော်တို့ဟာ သမိုင်းကပေးတဲ့တာဝန်ကိုထမ်းဆောင်တဲ့အခါမဟာဗျူဟာအနေနဲ့ပြောမယ်ဆိုရင်တော့ အချက်ငါးချက်ရှိပါတယ်။မြန်မာနိုင်ငံရဲ့သမိုင်းမှာနှစ်ပေါင်း၁၂၀သံသရာလည်ခဲ့တဲ့သမိုင်းရှိတယ်။အဲဒီသံသရာလည်ခဲ့တဲ့သမိုင်းဆိုးကိုကျနော်တို့ခေတ်မှာရပ်တန့်ပစ်ရမယ်"လို့ဝန်ကြီးကဆိုပါတယ်။

၂၀၂၁ ခု နှစ်ဖေဖော်ဝါရီ၁ရက်နေ့တွင်စစ်တပ်ကနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့သော်လည်းလူထုအုံကြွမှုများနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

အဆိုပါတွေ့ဆုံပွဲအခမ်းအနားသို့ NYCBCအမှုဆောင်များ၊မြန်မာအင်အားစုများတက်ရောက်ခဲ့ပြီး မေးခွန်းများမေးမြန်းခြင်း၊ဖြေကြားခြင်းတို့လည်းရှိခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာသတင်းထောက်တွေက သူတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်အတွက် ဆိုးရွားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ မြန်နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMထုတ်ပြန်


နိုဝင်ဘာ၂ရက်


မြန်မာသတင်းထောက်တွေက သူတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်အတွက် ဆိုးရွားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရတယ်လို့ မြန်နိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား IIMMမှ နိုဝင်ဘာ၂ရက်တွင် ထုတ်ပြန်လိုက်ပါတယ်။

"ဒီနေ့ဟာ သတင်းထောက်များအပေါ် ကျူးလွန်မှုများအတွက် ပြစ်ဒဏ်ကင်းလွတ်နေခြင်း အဆုံးသတ်ရေး နိုင်ငံတကာအထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။ မြန်မာသတင်းထောက်တွေက သူတို့ရဲ့ အသက်နဲ့ လွတ်လပ်ခွင့်အတွက် ဆိုးရွားတဲ့အန္တရာယ်တွေကို ရင်ဆိုင်နေရပါတယ်။ အများစုက သူတို့ရဲ့ အလုပ်တွေကြောင့် ခြိမ်းခြောက်ခံရခြင်း၊ အကျဥ်းချခံရခြင်း၊ ညဥ်းပန်းနှိပ်စက်ခံရခြင်း၊ သတ်ဖြတ်ခံရခြင်းတွေကို ကြုံတွေ့ရပါတယ်။ သူတို့ သတင်းပေးပို့တဲ့ မြန်မာနိုင်ငံက ရာဇဝတ်မှုတွေအကြောင်းကိုလည်း အစပျောက်စေပါတယ်။သတင်းထောက်တွေကို အကျဥ်းချတာ၊ ညဥ်းပန်းနှိပ်စက်တာနဲ့ သတ်ဖြတ်တာတွေက နိုင်ငံတကာရာဇဝတ်မှု မြောက်ပါတယ်။ ဒီအမှုတွေကို ယန္တရားက စုံစမ်းစစ်ဆေးနေပါတယ်"လို့ဆိုပါတယ်။

နယ်စည်းမခြား သတင်းထောက်များ - Reporters Without Borders (RSF) ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ကမ္ဘာ့သတင်းလွတ်လပ်ခွင့် ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံပေါင်း ၁၈၀ ရှိသည့်အနက် ၁၇၁ အဆင့်ထိ နိမ့်ကျနေကြောင်း သိရှိရပါတယ်။


========================


📌📌 ၄။ လက်ခုပ်ပင်အုပ်စု ကွမ်းတောအင်းကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲတွင် မိုးမိတ်ခရိုင် .က. မှ ရဲဘော်တွေ ပြည်သူလူထုနဲ့အတူ ပါဝင်လှုဒါန်းခဲ့


နိုဝင်ဘာ၂ရက်


မိုးမိတ်မြို့လက်ခုပ်ပင်အုပ်စု ကွမ်းတောအင်းကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲတွင် မိုးမိတ်ခရိုင် .က. မှ ရဲဘော်တွေ ပြည်သူလူထုနဲ့အတူ ပါဝင်လှုဒါန်းခဲ့တယ်လို့ နိုဝင်ဘာ၂ရက်မှာ ပကဖအသံကတရားဝင်သတင်းထုတ်ပြန်ဖော်ပြပါတယ်။

အောက်တိုဘာလ ၂၉ရက်နေ့က လက်ခုပ်ပင်အုပ်စု ကွမ်းတောအင်းကျေးရွာတွင် ပြုလုပ်ခဲ့တဲ့ ဘုံကထိန်ပွဲတွင် မိုးမိတ်ခရိုင် .က. မှ ရဲဘော်တွေ ပြည်သူလူထုနဲ့အတူ ပါဝင်လှုဒါန်းကူညီခဲ့ကြပါတယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။⁨⁨⁨⁨⁨⁨ ချီဖွေမြို့နယ် လဂွေကျေးရွာက  ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်စခန်းအားလုံးကို KIA PDF ပူးပေါင်းတပ် သိမ်းပိုက် 


နိုဝင်ဘာ၂ရက်

ကချင်ပြည်နယ် ချီဖွေမြို့နယ် လဂွေကျေးရွာမှာရှိတဲ့ ပြည်သူ့စစ်နဲ့စစ်ကောင်စီတပ်စခန်းများအားလုံးကို KIA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ရရှိထားပြီလို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

မနေ့နိုဝင်ဘာ ရက် မနက် ၁၁ နာရီ ၄၀ မိနစ်ခန့်အချိန်မှာ ချီဖွေမြို့ နယ် လဂွေကျေးရွာက ပြည်သူ့စစ်နဲ့ စစ်ကောင်စီ တပ်စခန်းများအားလုံးကို KIA PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

ဒါ့အပြင် စခနးသိမ်းတိုက်ပွဲအတွင်းမှာ ပြည်သူ့စစ်နဲ့စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာရှိတယ်လို့လည်း သိရပါတယ်။

KIA နဲ့ပူး‌ပေါင်းတပ်တွေဟာ ဇခုန်တန့်ယိန်း ထိန်းချုပ်ထားတဲ့ ချီဖွေမြို့ကို စက်တင်ဘာ ၂၉ မှာ သိမ်းပိုက်ခဲ့ပြီးနောက် ချီဖွေမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ ပြည်သူ့စစ်စခန်းတွေကို ဆက်လက် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါ တယ်။ 

KIA နဲ့ပူးပေါင်းတပ်တွေဟာ အောက်တိုဘာ ၁၄ ရက်နေ့မှာ အမှတ် ၁၀၀၂ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်း၊ အောက်တိုဘာ  ၂၁ ရက်မှာ အမှတ်-၁၀၀၃ နယ်ခြားစောင့်တပ်ဌာနချုပ်စခန်း၊ အောက်တိုဘာ ၃၁ ရက်မှာ နောက်ဆုံးလက်ကျန် တပ်စခန်း ဖြစ်တဲ့ အမှတ် ၁၀၁၁ နယ်ခြားစောင့်တပ်ရင်းဌာနချုပ်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် ဇခုန်တန့်ယိန်းရဲ့ NDAK လက်အောက်ခံ BGF နယ်ခြားစောင့်တပ်ရင်းဌာနချုပ်တပ်စခန်းအားလုံးကို KIA က ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

ဒါ့အပြင် ဆော့လော်မြို့ကို စက်တင်ဘာ ၃၀၊ ပန်ဝါမြို့ကို အောက်တိုဘာ ၁၈ ရက်တို့မှာ KIA နဲ့ PDF ပူးပေါင်းတပ်တွေ သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် တရုတ်-မြန်မာနယ်စပ်မြို့တွေဖြစ်တဲ့ ဖီမော်မြို့နဲ့ ကန်ပိုက်တီးမြို့တို့ကို သိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်နေတယ်လို့ သိရပါတယ်။


========================


🚩🚩၂။ မူဆယ်မြို့အနီး စစ်တပ်ဘက်က အင်အားဖြည့်နေတာကြောင့် စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား စစ်ရေးတင်းမာ


နိုဝင်ဘာ၂ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် - မြန်မာနယ်စပ်မြို့တမြို့ဖြစ်တဲ့ မူဆယ်မြို့အနီးမှာ စစ်ကောင်စီတပ်ဘက်က  အင်အား ဖြည့်တင်းကာ စစ်ရေးလှုပ်ရှားနေတာကြောင့် မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ရေးတင်းမာနေပြီး အချိန်မရွေး တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကပြောပါတယ်။

မနေ့ နိုဝင်ဘာ ရက် မနက်ပိုင်းက မူဆယ်မြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား နာရီဝက်ကြာ တိုက်ပွဲဖြစ်ခဲ့ရာက စစ်ရေးတင်းမာနေတာလို့ ဆိုပါတယ်။ 

မူဆယ်အနီးတွင် ကိုးကန့်တပ်-MNDAA ရခိုင့်တပ် AA တအာင်းတပ်-TNLA ရှမ်းတပ် -SSPP ကချင်တပ်- KIA စတဲ့ မြောက်ပိုင်းမဟာမိတ်တပ်တို့ရှိရာ မနေ့ကဖြစ်တဲ့တိုက်ပွဲဟာ စစ်ကောင်စီတပ်နဲ့ AA တပ်တို့ကြား တိုက်ပွဲဖြစ်ခဲ့တာလို့  သိရပါတယ်။

မနေ့က တိုက်ပွဲဖြစ်ခဲ့တဲ့နေရာဟာ မူဆယ် မန့်မိုင်ဒေသဖြစ်ပြီး ကချင်ဘုရားကျောင်း ဆုတောင်းတောင်ရဲ့ အောက်ဘက်က စာသင်ကျောင်းမှာ စစ်ကောင်စီဘက်က ဒီနေ့ နိုဝင်ဘာ ရက် မနက် နာရီဝန်းကျင်မှာ လူအင်အား လက်နက်အင်အား ဖြည့်တင်းလာတာလို့ စစ်ရေးသတင်းရင်းမြစ်တွေအဆိုအရ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဆုတောင်းတောင်အပေါ်ဘက်ကို ဆက်တက်လာမယ်ဆိုရင် တိုက်ပွဲတွေ အချိန်မရွေး  ဖြစ်လာနိုင်တယ်လို့ ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးလေ့လာနေသူတွေက ခန့်မှန်းနေကြပါတယ်။

လက်ရှိအခြေအနေဟာ မြောက်ပိုင်းမဟာမိတ်တပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေ ဖြစ်ပြီး စစ်ကောင်စီဘက်က မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရှိတဲ့နေရာကို ထိုးစစ်ဆင်လာမယ်ဆိုရင် တိုက်ပွဲတွေဟာ မြို့ထဲထိ ကူးစက်လာနိုင်တယ်လို့ ရှမ်းမြောက်ဒေသ စစ်ရေး၊ နိုင်ငံရေးလေ့လာနေသူ ဦးဇော်ဆန်က ဒေသတွင်းသတင်းဌာန တွေကို ပြောထားတာရှိပါတယ်။

တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တဲ့အတွက် ဒေသပြည်သူတွေအနေနဲ့ စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ သတိထားစောင့်ကြည့်နေဖို့လည်း တိုက်တွန်းထားပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA TNLA နဲ့ AA တို့က ၁၀၂၇ စစ်ဆင်ရေးကို ၂၀၂၃ အောက်တိုဘာမှာ စတင်ခဲ့ပြီး မူဆယ်မြို့ကလွဲလို့  ရှမ်းမြောက်ဒေသက စစ်ကောင်စီထိန်းချုပ်ရာ မြို့တွေနဲ့ ဒေသအားလုံးနီးပါးကို တိုက်ခိုက်သိမ်းပိုက်ထား ပြီးဖြစ်ပါတယ်။ 

တရုတ်ဘက်ကပေးတဲ့ဖိအားကြောင့် တိုင်းရင်းသားတပ်ဖွဲ့တွေအနေနဲ့ မူဆယ်မြို့ကို မတိုက်ခိုက်သေးပေမယ့် မူဆယ်မြို့ပြင်ကနေ ဝိုင်းပတ်ပတ်ဆိုထားတဲ့ အနေအထားရှိရာနေပြီး စစ်တပ်ဘက်က အင်းအားဖြည့်တင်းလာတဲ့အတွက် လက်ရှိမှာ စစ်ကောင်စီတပ်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်တွေကြား စစ်ရေးတင်းမာနေတာပဲဖြစ်ပါတယ်။


========================


 ⁨⁨🚩🚩 ၃။ ရခိုင်ဘက်သွားတဲ့လမ်းကြောင်းတွေကို ပိတ်ဆိုဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေကို မကွေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ကြားဖြတ်တိုက်ခိုက်


နိုဝင်ဘာ၂ရက်

ရခိုင်ပြည်နယ် ဘက်ကိုသွားတဲ့ လမ်းကြောင်းတွေကို ပိတ်ဆိုဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်တွေကို မကွေးတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်နေတာကြောင့် အထက်မင်းလှနယ်မှာ စစ်ရေးတင်းမာနေတယ်လို့ အထက်မင်းလှ ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်နဲ့မကွေးတိုင်းကို ချိတ်ဆက်ထားသောလမ်းပိုင်းတွေနဲ့ ပုသိမ်-မုံရွာလမ်းပိုင်းကို လာရောက်ပိတ်ဆို့တပ်စွဲဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတာကြောင့် အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲတွေ ဖြစ်နေတာနဲ့ပတ်သက်လို့ အခုလိုပြောဆိုလိုက်တာဖြစ်ပါတယ်။

မလွန်တပ်နယ်မှာရှိတဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံံ - ကပစ၂နဲ့ ကုန်းကြီး ကပစ-၁၀ က အင်အား ၁၀၀ ဝန်းကျင်ခန့်ဟာ အထက်မင်းလှမြို့နယ်နဲ့ရခိုင်ပြည်နယ်အမ်းမြို့နယ်သို့ဆက်သွယ်ထားတဲ့ လမ်းပိုင်းများ၊ ပုသိမ်-မုံရွာလမ်းပိုင်းတို့မှာ စစ်ကောင်စီတပ်တွေ လာရောက်ပိတ်ဆို့ခဲ့တာကြောင့် အောက်တိုဘာ ၃၀ နဲ့ ၃၁ ရက်မှာ တိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တွေ စိုးမိုးတဲ့နယ်မြေကို လာရောက်ပိတ်ဆို့တဲ့ စစ်ကောင်စီတပ်ကို အောက်တိုဘာ ၃၀ ရက်နေ့က ပဒေသာမိုင်းတွေ ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ထပ်ဘက်က သေဆုံးထိခိုက်ဒဏ်ရာရသူများခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အောက်တိုဘာ ၃၁ ရက်နေ့မနက်ကလည်း လူသားတံတိုင်းအဖြစ် ဖမ်းစီးထားတဲ့ အရပ်သားတွေကိုအသုံးပြုပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ကာ ပုသိမ်-မုံရွာလမ်းမကြီးတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းကွင်းထဲ ရောက်လာချိန်မှာ ပဒေသာမိုင်း၊ တိုက်မိုင်း၊ ဆွဲမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ဟန့်တားနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒီတိုက်ပွဲတွေမှာ စစ်တပ်ဘက်က ၁၁ ဦး သေဆုံးကာ ၁၇ ဦး ဒဏ်ရာရသွားတယ်လို့ သတင်းရထားပေမယ့် အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေတယ်လို့ အထက်မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်သည်။

လက်ရှိမှာ အထက်မင်းလှမြို့နယ်အတွင်းမှာ စစ်ရေးတင်းမာနေပြီး စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးလာတာတွေကို ဟန့်တားနေရတဲ့အတွက် ပြည်သူလူထုအနေနဲ့ လက်နက်နဲ့ခဲယမ်းရိက္ခာတွေ ကူညီထောက်ပံ့ပေးဖို့ အထက်မင်းလှ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ မကွေးတိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း တို့က ဆက်စပ်လမ်းပိုင်းတွေကို စစ်ကောင်စီဘက်က လုံခြုံရေးတိုးမြင့်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက တလအတွင်း ဗုံးသီး ၇၀ ကျော်ကြဲတိုက်ခိုက်ခဲ့တာကြောင့် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ဦး ကျဆုံး 


နိုဝင်ဘာ၂ရက်

ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို စစ်ကောင်စီက အောက်တိုဘာလအတွင်း လေကြောင်းကနေ ဗုံးသီး ၇၇လုံး ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ဦး ကျဆုံးခဲ့ရတယ်လို့ CDF-Mindat က ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ အောက်တိုဘာ ၁၈ ရက်က မင်းတပ်မြို့နယ် တိုက်နယ်- ကို တိုက်လေယာဉ် စင်းနဲ့  ဗုံးသီး လုံး ကြဲချ တိုက်ခိုက်ခဲ့ကာ အောက်တိုဘာ ၁၉ ရက်မှာ မင်းတပ်မြို့ပေါ်ကို လေကြောင်းကနေ ဗုံး၃လုံး ကြဲချတိုက်ခိုက်ခဲ့သလို အောက်တိုဘာ ၂၆ ရက်မှာ Y-12 လေယာဉ်နဲ့ ဗုံးသီးအလုံး ၇၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးထိခိုက်ရှိ၊ မရှိ အခြေအနေကိုတော့ ဖော်ပြထားတာမရှိပါ ဘူး။ 

အောက်တိုဘာ ရက်နဲ့ အောက်တိုဘာ ရက်မှာ မင်းတပ်မြို့ပေါ်က ပြည်သူလူထုနေထိုင်ရောအိမ်တွေကို စစ်ကောင်စီက မီးရှို့ဖျက်းဆီးခဲ့တဲ့အတွက် နေအိမ်အလုံး ၃၀ မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အောက်တိုဘာအတွင်း ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ဦး ကျဆုံးခဲ့ရာမှာ တဦးက မတော်တဆမှုကြောင့် အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း အသိပေးထားပါတယ်။

စစ်ကောင်စီဟာ ဩဂုတ်လနဲ့ စက်တင်ဘာအတွင်းကလည်း မင်းတပ်မြို့က နေအိမ်များကို မီးရှို့ဖျက်ဆီးတာ လေကြောင်း ကနေ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တဲ့အပြင် မင်းတပ်မြို့ အခြေစိုက် ခလရ-၂၇၄ တပ်ရင်းကို လေကြောင်းကတဆင့် လက်နက်ခဲယမ်းရိက္ခာဖြည့်တင်းတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ပေါင်းတည်မှာ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ဦးသေဆုံး 


နိုဝင်ဘာ၂ရက်

ပဲခူးတိုင်း ပေါင်းတည်မြို့နယ်အတွင်း အပြောင်းအရွှေ့လုပ်နေတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၁  ဦးသေဆုံး ပြီး ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ပဲခူးတိုင်း ပေါင်းတည်မြို့နယ် ကျောက်ကြီးတောင်စစ်တပ်အထိုင်စခန်းကနေ သစ်ပုတ်တာဝါတိုင် စစ်တပ်အထိုင်စခန်းဘက် ကို အင်အားဖြည့်တင်းဖို့ ထွက်လာတဲ့ အင်အား ၄ဝ ပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို မနေ့ နိုဝင်ဘာ ရက်က တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။  

အဲဒီစစ်ကြောင်းကို ပြည်ခရိုင်ပြည်သူ့ကာကွယ် ရေးတပ်မတော် ၃၆၀၁၊ PPDFတပ်ရင်း တပ်ခွဲ ၊တပ်ခွဲ တို့က ချီတက်ရွာ နဲ့ သစ်ရွာအကြားမှာ ကြိမ် မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လက်နက်ကြီး၊ လက်နက်ငယ်တွေအပါအဝင် စက်ကလေးတွေနဲ့  ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တွေ အထိအခိုက်အန္တရာယ်မရှိခဲ့ဘူးလို့လည်း အသိပေးပါတယ်။ 

မိုင်းဆွတြိုက်ခိုက်ခံလိုက်ရတဲ့စစ်‌ကြောင်းဟာ သေဆုံးသွားသူနဲ့ဒဏ်ရာစစ်သည်တွေကို အဲဒီနေ့ မနက် နာရီခွဲ အချိန်မှာ သစ်ပုတ်တာဝါတိုင်စစ်တပ်အထိုင်စခန်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ရေစကြိုနဲ့မြိုင်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့စစ်ကားတစီးကို တိုက်ခိုက် 


နိုဝင်ဘာ၂ရက်

မကွေးတိုင်း ရေစကြိုနဲ့မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် စစ်ကြောင်းနဲ့ စစ်ကားတစီးကိုတိုက်ခိုက်ခဲ့ရာ စစ်သား တဦး သေဆုံးသွားတယ်လို့ ရေစကြို ပကဖ က အသိပေးထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ၃၁ ရက် နေလယ် နာရီခန့်မှာ ရေစကြိုမြို့ပေါ်က အကြမ်းဖက်စစ်သားတွေကို သံပြားကာ အလုံပိတ်ကားနဲ့ ထွက်လာတဲ့ကားကို ရေစကြိုမြို့အထွက် ဘက်စုံစိုက်ပျိုးရေးခြံအနီးမှာ ပဒေသာမိုင်း လုံး မိုင်းပွိုင့် ပွိုင့်နဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ကားဟာ ခေတ္တရပ်တန့်သွားပြီး ခဏအကြာမှာ ဆက်လက်မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။

ကားဟာ သံပြားတွေနဲ့အလု့ပိတ်ထားတဲ့အပြင် စစ်တပ်ဘက်ကလုံခြုံရေးအားကောင်းတဲ့နေရာဖြစ်တာကြောင့် ဘယ်တပ်ထဲ ဝင်သွားတယ်ဆိုတာမသိရဘူးဖြစ်နေတယ်လို့ ရေစကြို ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေတိုက်ခိုက်မှုကို ရေစကြိုမြို့မရဲစခန်းအတွင်းမှာရှိတဲ့ စစ်အုပ်စုက လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်တာတွေရှိပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ထို့အတူ နိုဝင်ဘာ ရက် မနက် နာရီခန့်အချိန်က မြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းက ထွက်လာတဲ့ အကြမ်းဖက် စစ်သား ၇၀ ခန့်ပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံးသွား တယ်လို့ သိရပါတယ်။

ဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်းဟာ ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာကိုဝင်ပြီး ပြည်သူပိုင်အိမ်တွေကို ဝင်ရောက် ရှာဖွေမွှေနှောက်ကာ မနက် နာရီအချိန်ကပြီး နေအိမ်များကို မီးရှို့နေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ၆၀ မမ လက်နက်ကြီးတွေအပါအဝင် ဒရုန်းတွေနဲ့ တနေကုန်နီးပါး တိုက်ခိုက်ခဲ့တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထားပါ တယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အကြမ်းဖက်စစ်သားတွေဘက်က ထိခိုက်သေဆုံးမှု မသိရသေးဘဲ ညနေ နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ လင်းကတောနယ်မြေရဲစခန်းထဲ ပြန်ဝင်သွားကာ စစ်တပ်ကမီးရှိုးဖျက်ဆီးမငကြောင့် အိမ် ၁၅ လုံး မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ Federal WingsကFederal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့


နိုဝင်ဘာ၂ရက်


Federal WingsကFederal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့တယ်လို့ နိုဝင်ဘာ၂ရက်မှာ Federal Wingsဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။

"မြေပြင်က တိုက်ခိုက်ရေးရဲဘော်တွေအတွက် သတင်းကောင်းရှိပါတယ်။FW R&D တပ်ဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ Federal Shield လို့အမည်ပေးထားတဲ့ Drone Jammer ကို အောင်မြင်စွာနဲ့ စမ်းသပ်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရန်သူရဲ့ဒရုန်းရန်ကနေ ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တော့မှာဖြစ်ပြီး ဝယ်ယူရခက်ခဲမှုနဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကို ကျော်လွှားနိုင်တော့မှာပါ။FW ရဲ့ R&D ကိစ္စရပ်တွေကို အရှိန်အဟုန်မပျက်လုပ်ဆောင်နိုင်ဖို့ ဘတ် သန်းချီပြီး ယုံကြည်စွာကျောထောက်နောက်ခံမှုပြုခဲ့ကြတဲ့ နာမည်မဖော်လိုကြတဲ့ တော်လှန်ရေးမိတ်ဆွေတွေကို ကျေးဇူးအထူးတင်ဂုဏ်ပြုအပ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာအကြမ်းဖက်စကစဟာအရပ်သားနေထိုင်ရာနေရာများကိုလည်း ဒရုန်းစစ်ဆင်ရေးများနဲ့တိုက်ခိုက်လျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUGသတင်းထောက် ကိုခန်နှင့်မင်းသီဟန်တို့မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment