ရွှေညာမောင် (Radio NUG) နိုဝင်ဘာ ၂၊ ၂၀၂၄
ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၄ ရက်ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်တစ်စောင်မှာ အကြမ်းဖက်စစ်တပ်က ရွှေရောင်းဝယ်တဲ့လုပ်ငန်းကို ဆန်စပါးလို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ခဲ့ပြီး ဒီလို သတ်မှတ်တာက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကို နည်းမျိုးစုံနဲ့ ထောက်ပံ့နေတဲ့ ထောက်ပံ့ရေးလမ်းကြောင်းကို ထိန်းချုပ်ဖို့အတွက် ဆောင်ရွက်လာတာရဲ့ နောက်ဆက်တွဲ ဆောင်ရွက်လာတာဖြစ်တယ်လို့ ရွှေလုပ်ငန်းနဲ့နီးစပ်သူတစ်ဦးက အခုလို ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ PDF တွေကို ထောက်ပံ့တဲ့ ကိစ္စမှာ ရွှေရောင်းတာတို၊ ခြံတွေ ရောင်းတာတို၊ ရိက္ခာ ဘာညာပေးတယ်လေ။ အဲဒါအတွက်ကို အဲဒါလို့ မပြောဘဲနဲ့ သူတို့က အရေးကြီးကုန်စည်လို၊ ငွေပမာဏများတာ ရွှေနဲ့ အိမ်ကိုး။ အဲဒီဥစ္စာထက်ပိုဆိုးတာ အခုက"
ရွှေအရောင်းအဝယ်ကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်လိုက်ပြီးတဲ့နောက် လိုင်စင်တွေ ပြန်တင်ကြဖို့ အကြမ်းဖက်စစ်တပ်က ကြေညာထားပေမယ့် အဲဒီကြေညာချက်ထုတ်ပြီး တစ်ပတ်ကြာမြင့်တဲ့အထိ ရွှေလုပ်ငန်းရှင်အသင်း အပါအဝင် ရွှေဆိုင်များကိုလည်း တစ်စုံတစ်ရာ အကြောင်းကြားတာမရှိဘူးလို ပြောဆိုကြပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့က ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဖြစ်လာနိုင်ခြေရှိတဲ့ ရွှေလုပ်ငန်းအပေါ် သက်ရောက်မှုနဲ့ပတ်သက်ပြီး အခုလို ပြောပါတယ်။
"အခေါက်သမားတွေတော့ စိတ်ပူရမှာပေါ့နော်။ တစ်နေရာနဲ့ တစ်နေရာ အခေါက်သယ်ရတော့၊ ကျွန်မတို့က ရိုးရိုးလက်ဝတ်လက်စားရောင်းတာ ဆိုတော့ အဲဒီလိုင်းမဟုတ်တော့။ တချို့ကျတော့ အခေါက်ကုန်သည်တွေ ရှိတယ်လေ။ အဲဒါတွေကျတော့ သူတို့ စိတ်ပူရမယ်"
အကြမ်းဖက်စစ်တပ်က ရွှေရောင်းဝယ်ရေးလုပ်ငန်းကို တင်းကျပ်လာသလို နယ်စပ်က တင်သွင်းလာတဲ့ ကုန်စည်တွေကိုလည်း အတင်းအကျပ် ဖမ်းဆီးနေပြီး ဒီလုပ်ငန်းက တော်လှန်ရေးအဖွဲ့အစည်းတွေကို ထောက်ပံ့ပေးနေတဲ့လုပ်ငန်း ဖြစ်တယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒုချုပ် စိုးဝင်းက စွပ်စွဲပြောဆိုထားပါတယ်။

(Photo - ရန်ကုန်မြိုလယ်မှာ ခင်းကျင်းပြသထားသော ရွှေထည်များအား အောက်တိုဘာလအတွင်းတွေ့ရစဥ်)
No comments:
Post a Comment