30th NOV 2024 - Morning Daily News by Radio NUG

 


၂၀၂၄ နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက ဆက်သွယ်ပေးပို့လာတဲ့ အကြံပြုချက်များကို ဆွေးနွေး

📌 ၂။ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ်ပအဖအဖွဲ့နှင့်အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံတို့မှ ဖဲကြိုးဖြူ camping ပြုလုပ်

📌 ၃။ ရောမသဘောတူစာချုပ်တွင် လက်မှတ်မထိုးထားသော နိုင်ငံများနှင့် နယ်မြေအပေါ် တရားစီရင်ခွင့် မရှိကြောင်း စစ်ခေါင်းဆောင်ဘက်မှ တရုတ် ခုခံပြော

📌 ၄။ ညောင်လေးပင်ခရိုင်တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးကော်မတီ (ဗဟို) မှ ဦးဆောင်ပြီး သမဂ္ဂများဖွဲ့စည်းခြင်း၊ စိုက်ပျိုးရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် လူထုနှီးနှောဖလှယ်ပွဲများ ပြုလုပ်ခဲ့

📌 ၅။  မဟာချိုင်မြို့သစ် တံတားဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှုတွင် မြန်မာလုပ်သား ဦး သေဆုံး

📌 ၆။ နိုဝင်ဘာလအတွင်း တအာင်းစာပေအဖွဲ့ (TLA)မှ အခြေခံ တအာင်းဘုံစာ သင်တန်းကို  မြို့နယ်()ခု ဖွင့်လှစ် ပို့ချနိုင်ခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ ဝန်ထမ်းများနှင့် စစ်ကောင်စီမှ အဖမ်းဆီးခံ အမျိုးသမီးများကို ခေါ်ယူဖျက်ဆီးခြင်းကို လက်ခံပေးနေတဲ့ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း ပိုင်ရှင်များအား စစ်ရေးပစ်မှတ်အနေဖြင့် အရေးယူမည်

🚩 ၂။ ပဲခူးရိုးမ ခါချဉ်တောင်ပေါ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄၀ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရ

🚩 ၃။ စေတုတ္တရာနှင့် ပွင့်ဖြူ နယ်စပ်ရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီး/ငယ်များ ပစ်ခတ်ကာ ဝင်ရောက်ပြီး နေအိမ်များ မီးရှို့ပြီး ပစ္စည်းများ ခိုးယူကာ ပြည်သူများအား နှိပ်စက်သတ်ဖြတ်

🚩 ၄။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဟိုနမ့်ဒေသတွင် ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်

🚩 ၅။ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်တော၊ ကညင်တန်းရပ်ကွက်က နေအိမ် လုံး မီးလောင်ပြာကျ 

🚩 ၆။ ကြို့ပင်ကောက်တွင် စစ်ကောင်စီ သတင်းပေး တဦးအား ပစ်ခတ်ရှင်းလင်းခဲ့

🚩 ၇။ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက ဆက်သွယ်ပေးပို့လာတဲ့ အကြံပြုချက်များကို ဆွေးနွေး


နိုဝင်ဘာ၂၉ရက်

Radio NUG

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ အစည်းအဝေးမှာ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက ဆက်သွယ်ပေးပို့လာတဲ့ အကြံပြုချက်များကို ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါလုပ်ငန်းကော်မတီ အစည်းအဝေးကို (နိုဝင်ဘာလ ၂၉ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပြီး အစည်းအဝေးရဲ့ ပထမအစီအစဉ်အဖြစ် ကော်မတီသို့ ပြည်သူလူထုနဲ့ တော်လှန်ရေးအင်အားစုများက ဆက်သွယ်ပေးပို့လာတဲ့ အကြံပြုချက်များကို တခုချင်းအလိုက် အသေးစိတ် ဆွေးနွေးခဲ့ကြပါတယ်။


အဲ့ဒီနောက် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံအတွက် တရားစီရင်ရေးကဏ္ဍကို ကော်မတီဝင်များအကြား အမြင်သဘောထားများကို အပြန်အလှန် ဆွေးနွေးဖလှယ်ကြပါတယ်။


အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၉၀%) တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ်ပအဖအဖွဲ့နှင့်အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ရေးရာတာဝန်ခံတို့မှ ဖဲကြိုးဖြူ camping ပြုလုပ်


နိုဝင်ဘာ၂၉ရက်

Radio NUG

"အမျိုးသမီးနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအနေဖြင့် ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ်ပအဖအဖွဲ့နှင့် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံတို့မှ ဖဲကြိုးဖြူ camping ပြုလုပ်ခဲ့ကြပါတယ်။


နိုဝင်ဘာ၂၉ရက် ဒီပဲယင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ၊အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ "အမျိုးသမီးနှင့် မိန်းကလေးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအနေဖြင့် ဒီပဲယင်းမြို့နယ်အတွင်း မြို့နယ်ပအဖအဖွဲ့နှင့် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာတာဝန်ခံတို့မှ ဖဲကြိုးဖြူ camping ပြုလုပ်ခြင်းနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ လူ့အခွင့်အရေး တန်းတူညီမျှရရှိနိုင်စေရေး အစရှိသည်တို့ကို ဟောပြောဆွေးနွှေး၍၊ (၁၆)ရက်တာ လှုပ်ရှားမှု အစီအစဉ်တွင်ပါဝင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၃။ ရောမသဘောတူစာချုပ်တွင် လက်မှတ်မထိုးထားသော နိုင်ငံများနှင့် နယ်မြေအပေါ် တရားစီရင်ခွင့် မရှိကြောင်း စစ်ခေါင်းဆောင်ဘက်မှ တရုတ် ခုခံပြော


နိုဝင်ဘာ ၂၉ 

Radio NUG 


အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့မှုများအတွက် ဖမ်းဝရမ်းထုတ်ရန်  နိုင်ငံတကာရာဇဝတ်တရားရုံး (ICC) အစိုးရရှေ့နေ၏ လျှောက်ထားချက်နှင့် ပတ်သက်၍ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ အမှုလွှဲပြောင်းပေးခြင်းမရှိပါက ရောမသဘောတူစာချုပ်တွင် လက်မှတ်မထိုးထားသော နိုင်ငံများနှင့် နယ်မြေအပေါ် တရားစီရင်ခွင့် မရှိကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က စစ်ခေါင်းဆောင်ဘက် ရပ်တည်ပြီး ခုခံပြောဆိုခဲ့ပါတယ်။


နိုဝင်ဘာလ ၂၈ရက်နေ့က တရုတ်နိုင်ငံ ပေကျင်းမြို့၌ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် AFP သတင်းဌာန၏ မြန်မာစစ်ခေါင်းဆောင်အား ICC  ဖမ်းဝရမ်းထုတ်ရန် လျှောက်ထားမှုနှင့် ပတ်သက်၍ တရုတ်အစိုးရ မှတ်ချက်ကို မေးမြန်းရာ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ပါတယ်။


ICC တရားရုံးအနေဖြင့် မျှမျှတတ ဆောင်ရွက်သင့်သည်ဆိုသော ရပ်တည်ချက်ကို တရုတ်က  စွဲကိုင်ထားပြီး တရားစီရင်ရေးနှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေး အခြေခံမူ၊ ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့် အာဏာအသုံးပြုမှုစသော ICC   ရောမ သဘောတူစာချုပ်အတိုင်း တရုတ်နိုင်ငံအနေဖြင့် အသေအချာ လိုက်နာနေတယ်လို့ Mao Ning က ပြောဆိုပါတယ်။


အလားတူ စစ်ကောင်စီဘက်ကလည်း မြန်မာနိုင်ငံသည် ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်သကဲ့သို့ ICC ပြောကြားချက်များအပေါ် မည်သည့်အခါမှ အသိအမှတ်မပြုခဲ့ကြောင်း နိုဝင်ဘာ ၂၇ ရက်တွင် ပြန်လည်တုံ့ပြန်ထားပါတယ်။


========================


📌📌 ၄။ ညောင်လေးပင်ခရိုင်တွင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးကော်မတီ (ဗဟို) မှ ဦးဆောင်ပြီး သမဂ္ဂများဖွဲ့စည်းခြင်း၊ စိုက်ပျိုးရေးမူဝါဒနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကိစ္စရပ်များအတွက် လူထုနှီးနှောဖလှယ်ပွဲများ ပြုလုပ်ခဲ့


နိုဝင်ဘာ ၂၉ 

Radio NUG 


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၌ နိုဝင်ဘာလ (၁၉) ရက်နေ့မှ (၂၀)ရက်နေ့တွင် ဗဟိုအဆင့် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ် ထိန်းသိမ်းရေးကော်မတီမှ (၁၀) နှစ်တာ လုပ်ငန်းအစီအစဉ်များကို ခရိုင်နှင့် မူး/လယ်ဒို/ဆောထိမြို့နယ်မှ တာဝန်ရှိသူများနှင့် ဌာန/ဌာနခွဲဆိုင်ရာ တာဝန်ရှိသူများကို အစီအစဉ်ချပြခြင်းနှင့် နှီးနှောဖလှယ်ခြင်း၊ ကော်သူးလေ အလုပ်သမားများသမဂ္ဂ (Federation of Trade Unions Kawthoolei) ကော်သူးလေ ပညာရေးအလုပ်သမားများသမဂ္ဂ (Kawthoolei Education Workers Union) ကော်သူးလေ ကျန်းမာရေး အလုပ်သမားများ သမဂ္ဂ (Kawthoolei Health Workers Union) ကော်သူးလေ စိုက်ပျိုးရေး အလုပ်သမားများ သမဂ္ဂ (Kawthoolei Agriculture Worker Union) တို့ကို ပြန်လည်ဖွဲ့စည်း တည်ဆောက်ပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


ထို့နောက် ကော်သူးလေ စိုက်ပျိုးရေးဆိုင်ရာမူဝါဒကို ပြန်လည်ပြုပြင်ရေးနှင့် အတည်ပြုနိုင်ရေးအတွက် နိုဝင်ဘာလ (၂၂) ရက်နေ့မှ (၂၃) ရက်နေ့အတွင်း လယ်ဒိုမြို့နယ်ရှိ ဒေသခံပြည်သူကိုယ်စားလှယ်များနှင့် အသိပညာပေး နှီးနှောဖလှယ်ပွဲကို ရက်တိုပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စိုက်ပျိုးရေးမူဝါဒ ပြုလုပ်ရသည့် အဓိကရည်ရွယ်ချက်မှာ ဒေသခံပြည်သူများ စားဝတ်နေရေး ဖူလုံမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရန်အတွက် ရည်ရွယ်ပြီး သိပညာပေးနှီးနှောဖလှယ်ပွဲကို ရက်တို ပြုလုပ်ခဲ့ပြီး လယ်ဒိုမြို့နယ်အတွင်း ကျေးရွာအုပ်စုပေါင်း () အုပ်စုမှ လူဦးရေစုစုပေါင်း (၇၆)ဦး တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၅။  မဟာချိုင်မြို့သစ် တံတားဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျမှုတွင် မြန်မာလုပ်သား ဦး သေဆုံး


နိုဝင်ဘာ ၂၉ 

Radio NUG 


နိုဝင်ဘာလ(၂၉)ရက်နေ့ နံနက်အစောပိုင်းတွင် ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင် မဟာချိုင်မြို့သစ် ဖလန်စောင်လမ်းမပေါ်ရှိ တံတားသစ် ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း ပြိုကျမှုဖြစ်ပြီး မြန်မာလုပ်သား ()ဦးအပါအဝင် ()ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိသွားတယ်လို့ မြန်မာလုပ်သားအရေး ကူညီပေးနေသူများထံမှ သိရပါတယ်။


တည်ဆောက်နေသည့် ဂုံးကျော်တံတားပေါ် ကို ကရိန်းဖြင့် သံဘောင်တင်ရာက ပြုတ်ကျမှုဖြစ်ပြီး ကွန်ကရစ်တုံးများနှင့် သံဘောင်များ ပိခဲ့တာ ဖြစ်ပါတယ်။


ဒဏ်ရာရရှိသူများကို လူမူကယ်ဆယ်ရေးအဖွဲ့များက ဆေးရုံသို့ ပို့ဆောင်ပေးထားရပြီး အဆိုပါ တံတားသည် လွန်ခဲ့တဲ့ နှစ်ကလည်း ပြိုကျခြင်းကြောင့် လူထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ပါတယ်။


========================


📌📌 ၆။ နိုဝင်ဘာလအတွင်း တအာင်းစာပေအဖွဲ့ (TLA)မှ အခြေခံ တအာင်းဘုံစာ သင်တန်းကို  မြို့နယ်()ခု ဖွင့်လှစ် ပို့ချနိုင်ခဲ့


နိုဝင်ဘာ ၂၉ 

Radio NUG 


တအာင်းပြည်ရှိ တအာင်းစာပေအဖွဲ့(Ta'ang Literature Association-TLA)မှ နိုဝင်ဘာလအတွင်း၌ အခြေခံ တအာင်းဘုံစာ သင်တန်းကို မြို့နယ် ()ခု ဖွင့်လှစ် ပို့ချနိုင်ခဲ့ကြောင်း TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထိုအခြေခံ တအာင်းစာ သင်တန်းကို မန်တုံမြို့နယ်၊ မန်စပ်ကျေးရွာနှင့် ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတို့ နေရာ()ခုကို သင်တန်းကာလ ()လကျော်ကြာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တအာင်းစာသင်တန်းကို ဆရာ/ ဆရာမ ()ဦးဖြင့် အသေးစိတ် သင်ကြားပို့ချပေးကာ ထိုကျေးရွာများရှိ သံဃာတော် (၃၇)ပါး၊ အမျိုးသား (၂၀)ဦး၊ အမျိုးသမီး (၅၁)ဦး၊ စုစုပေါင်း (၁၀၈)ဦး တက်ရောက်သင်ယူ ပြီးမြောက်ခဲ့တယ်လို့ သိရပါတယ်။


()လကျော်ကြာ အခြေခံ တအာင်းစာသင်တန်းကို ပြီးစီးအောင်မြင်ခဲ့သည့် ကျေးရွာရှိ ဒေသခံလူငယ်နှင့် ကျောင်းသူ /ကျောင်းသားများကို တအာင်းစာပေအဖွဲ့မှ တအာင်းစာ တက်ရောက်ပြီးမြောက်ကြောင်း  (Certificate) လက်မှတ် ပေးအပ်ချီးမြင့်ခဲ့တယ်လို့ ဆိုပါတယ်။


အခြေခံတအာင်းဘုံစာသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက် တအာင်းဘုံစာ/ စကားပြန့်ပွားရေး၊ တအာင်းမျိုးနွယ်စုများ စကားလုံးအသုံးအနှုန်း ဝေါဟာရ တူညီခြင်း၊ တအာင်းပညာရေးဌာနဆိုင်ရာ တအာင်းစာပေ ထည့်သွင်းသင်ကြားနိုင်ခြင်း၊ တအာင်းမိခင်ဘာသာစကား မပပျောက်ခြင်း၊ တအာင်းအဖွဲ့အစည်း ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရုံးဌာနတိုင်း တအာင်းဘုံစာဘာသာဖြင့် အသုံးပြုနိုင်ခြင်း၊ တအာင်းစာအုပ်စာပေ ပုံနှိပ်မဂ္ဂဇင်းစာအုပ်များ ထုတ်ဝေနိုင်ခြင်း၊ တအာင်းပညာရေး ကျောင်းအတွင်း တအာင်းစာပေဘာသာရပ်များ ပို့ချပေးရန်အတွက် ဆရာ/မဝန်ထမ်းများ မွေးထုတ်နိုင်ရန် ရည်ရွယ်ပြီး ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်ပါတယ်။


ပြီးခဲ့သည့် အောက်တိုဘာလအတွင်း၌လည်း တအာင်းစာပေအဖွဲ့(TLA)မှ အခြေခံတအာင်းဘုံစာသင်တန်းကို နမ္မတူ၊ မိုင်းဝီးနှင့် မန်စီမြို့နယ်အတွင်းရှိ ကျေးရွာနှင့် ရပ်ကွက်ထဲတို့တွင် နေရာ()ခုကို ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ပြီး သင်တန်းသူ/သားများ စုစုပေါင်း (၁၀၉)ဦး တက်ရောက် သင်ယူပြီးမြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီ ဝန်ထမ်းများနှင့် စစ်ကောင်စီမှ အဖမ်းဆီးခံ အမျိုးသမီးများကို ခေါ်ယူဖျက်ဆီးခြင်းကို လက်ခံပေးနေတဲ့ ဟိုတယ်၊ တည်းခိုခန်းလုပ်ငန်း ပိုင်ရှင်များအား စစ်ရေးပစ်မှတ်အနေဖြင့် အရေးယူမည်


နိုဝင်ဘာ ၂၉ 

Radio NUG 


မုံရွာမြို့ပေါ်ရှိ စစ်ကောင်စီအလိုကျ ပြည်သူများအပေါ် အနိုင်ကျင့်၍ ငွေကြေးကောက်ခံမှုများ ပြုလုပ်နေသည့် လျှပ်စစ်ဝန်ထမ်းများ၊အကောက်ခွန်ဝန်ထမ်များ၊ passport ပတ်စ်ပို့ဌာနမှ ဝန်ထမ်းများ၊ စည်ပင်ဝန်ထမ်းများ စသည့် ဌာနများကို အ‌ရေးယူပေးပါရန် မုံရွာမြို့နယ် ပလဖထံသို့ တိုင်စာများ အဆက်မပြတ် ရောက်ရှိနေကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ သတင်း ထုတ်ပြန်ပါတယ်။


သို့ဖြစ်ပါ၍ ယခုကြေညာချက် ထုတ်ပြန်ချိန်မှစ၍ ယင်းဌာနများမှ တာဝန်ထမ်းဆောင်နေသည့် သစ္စာဖောက် လောက်ကောင် ဝန်ထမ်းများကို ပစ်မှတ်ထား အရေးယူသွားမယ်လို့ ဖော်ပြထားပါတယ်။


အလားတူ  အဖမ်းဆီးခံ မိန်းမကောင်း၊ မိန်းမပျိုများအား စစ်ကောင်စီမှ ဟိုတယ်၊ တည်းခိုခန်းများတွင်  ခေါ်‌ဆောင်၍ ဖျက်‌ဆီးခံနေရကြောင်း သတင်းရရှိထားပြီး ယင်းဖြစ်ရပ်များတွင် မတတ်သာ၍ ပြုလုပ်ဆောင်ရွက်ပေးရသည်ကို နားလည်သော်လည်း တိုင်ကြားခံရသူများမှာ ခွေးနှင့်အလားတူ စိတ်တူကိုယ်တူ ဆောင်ရွက်ပေးနေသည်များကို သတင်းရရှိခဲ့တာကြောင့် စစ်ကောင်စီ အလိုကျအသုံးတော်ခံ၍ မိမိအကျိုးစီးပွားတစ်ခုတည်းကို ကြည့်၍ ပြည်သူအပေါ် မငဲ့ကွက်သော လုပ်ငန်းရှင်များကိုလည်း စစ်ရေးပစ်မှတ်အနေဖြင့် သစ္စာဖောက်‌လောက်ကောင် ဝန်ထမ်းများနည်းတူ အရေးယူဆောင်ရွက်သွားမည်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပဲခူးရိုးမ ခါချဉ်တောင်ပေါ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၄၀ ဦးသေဆုံးကာ ၁၅ ဦးထက်မနည်း ဒဏ်ရာရ


နိုဝင်ဘာလ ၂၉ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမ အတွင်းရှိ မြို့ချောင်း - စိန်ကန့်လန့်၊ ခါချဥ်တောင် ပေါ်ကို တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ (၄၀) ဦး နေရာမှာ သေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၇ ရက်နေ့ မနက် နာရီခွဲတွင် ရိုးမဖြတ်ကျော်လမ်းအတိုင်း ခါချဉ်တောင်ပေါ် တက်လာတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို ဥတစ်လုံးတောင် အနီးမှာ စောင့်ကြိုမိုင်းဆွဲ တိုက်ခိုက်ခဲ့ကာ ပစ်ခတ်မှု မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ၄၀ ဦး နေရာမှာ သေဆုံးခဲ့ကာ ၁၅ ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေး တပ်ဘက်မှလည်း ရဲဘော်တဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ဗျူဟာစစ်ကြောင်းက ဆောင်ရွက်ခဲ့ တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ စေတုတ္တရာနှင့် ပွင့်ဖြူ နယ်စပ်ရှိ ကျေးရွာများကို စစ်ကောင်စီစစ်ကြောင်းမှ လက်နက်ကြီး/ငယ်များ ပစ်ခတ်ကာ ဝင်ရောက်ပြီး နေအိမ်များ မီးရှို့ပြီး ပစ္စည်းများ ခိုးယူကာ ပြည်သူများအား နှိပ်စက်သတ်ဖြတ်


နိုဝင်ဘာ ၂၉ 

Radio NUG 


မကွေးတိုင်း စေတုတ္တရာမြို့နယ်နှင့် ပွင့်ဖြူမြို့နယ် နယ်စပ်ရှိ ကျောက်ပုံရွာ ခဲပစ်ရွာ ညောင်ကုန်းရွာကို နိုဝင်ဘာလ ၂၈ ရက် မနက်တွင် စစ်သား၊ ပျူစစ်ကြောင်းမှ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ် ဝင်ရောက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် တပ်ရင်းမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ စစ်ကြောင်းကို မင်းဘူးခရိုင်၊ တပ်ရင်း ()နှင့် ပွင့်ဖြူမြို့နယ် ပကဖ ပူးပေါင်း၍ ခုခံကာကွယ်ခဲ့သော်လည်း ၄င်းစစ်ကြောင်းသည် ရွာထဲဝင်၍ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်း၊ ညောင်ကုန်းရွာမှ လူနေအိမ် () အိမ်ခန့် ကျောက်ပုံရွာမှ လူနေအိမ် (၁၁) အိမ်ခန့်ကို မီးရှို့ဖျက်စီးခြင်း အပစ်မဲ့ပြည်သူများကို ရိုက်နှက်နှိပ်စက်ခြင်းများ ပြုလုပ်ခဲ့ပြီး ကျောက်ပုံရွာမှ ဒေါ်တင်ပိုင် အသက် (၆၅)နှစ် ရန်သူ့ကျည်ထိ သေဆုံးခြင်း၊ ပြည်သူပိုင် နွားတစ်ကောင် ကျည်ထိပီး သေဆုံးခြင်းများ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါစစ်ကြောင်းသည် မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ လယ်မရွာနှင့် ကျွဲခြံရွာကို တောလမ်းအတိုင်း ဆက်လက်ဝင်ရောက်လာပီး၊ မဲဇလီဘက်မှ စစ်ကြောင်းနှင့် နှစ်ဘက်ညှပ်၍ ညနေ ၃နာရီခွဲခန့်အချိန်တွင် လက်နက်ကြီး အချက်(၅၀) နီးပါးဖြင့် စတင်ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။


မင်းဘူးခရိုင် တပ်ရင်း ()အနေဖြင့် အဆိုပါ စစ်ကြောင်းကို  စစ်မျက်နှာ သုံးခုဖြင့် ခုခံကာကွယ်ခြင်း၊ ရန်သူ လာရာလမ်းကို မိုင်းတပ်စိတ်မှ မိုင်းထောင်ဖောက်ခွဲခြင်း မကွေးတိုင်း ပကဖ ဒရုံးလက်ရုံးတပ်ဖွဲ့မှ ဒရုံးဗုံးသီးချခြင်းဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ပီး ရန်သူအထိအခိုက်အကျဆုံး များစွာရှိနိုင်တယ်လို့ ဖော်ပြထားပါတယ်။


ရန်သူဘက်မှ လက်နက်ကြီး ပစ်ကူအားကောင်းခြင်း၊ လက်နက်ငယ် ကျည်ပေါင်းများစွာ ပစ်ခတ်နိူင်ခြင်း ဒလံ လမ်းပြကောင်းခြင်းတို့ကြောင့် ရဲဘော်များ အထိအခိုက်မရှိဘဲ ဆုတ်ခွာပေးလိုက်ရတယ်လို့ သိရပါတယ်။


အဆိုပါစစ်ကြောင်းသည် ကျွဲခြံရွာကိုလည်း ဝင်ရောက်၍ လက်နက်ငယ် လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခြင်းကြောင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူပိုင် ပစ္စည်းများ ဆိုင်ကယ်များကို ခိုးယူကာ မဲဇလီစခန်းကုန်းသို့ ဆုတ်ခွာသွားတယ်လို့ ဖော်ပြထားပါတယ်။


မဲဇလီစခန်းကုန်းမှ ဆုတ်ခွာလာသော ရန်သူကားကို  ရွှေဘို ရွာသစ်ရွာနှင့် မကျည်းရုံးရွာကြားတွင် တပ်ရင်း () ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် ရန်သူ ထိခိုက်မှုရှိကြောင်း စလင်းဆေးရုံမှ သိရပါတယ်။


စစ်ကောင်စီများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ပွင့်ဖြူမြို့နယ် မကျည်းရုံကျေးရွာမှ ပြည်သူအဖွားအို ဒေါ်အုံးကြည် ကျည်ထိဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နိုဝင်ဘာလ ၂၉ရက်နေ့တွင် မင်းဘူးခရိုင် တပ်ရင်း  ()မှ ကျွဲခြံရွာ၊ ကျောက်ပုံရွာ၊ ခဲပစ်ရွာ၊ ညောင်ကုန်းရွာများကို နယ်မြေရှင်းလင်းရေး လုပ်ဆောင်ခြင်း၊ ကျောက်ပုံရွာမှ ရန်သူကျည်ထိပီး သေဆုံးသူ ဒေါ်တင်ပိုင်အား ကောင်းမွန်စွာ သဂြိုလ်ပေးခြင်း လယ်မရွာမှ မီးမငြိမ်းသေးသော လူနေအိမ်များကို  မီးငြိမ်းသတ်ခြင်း၊ မကွေးတိုင်း၊ ဒရုံးလက်ရုန်းတပ်ဖွဲ့နှင့် ပူးပေါင်း၍ မဲဇလီတံတားထိပ် စစ်တပ်ဂိတ်ကို ဒရုံးဗုံးသီးချ ပြန်လည်တိုက်ခိုက်ခြင်း လုပ်ငန်းများ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


ထိတွေ့တိုက်ပွဲကြောင့် လယ်မရွာ ကျွဲခြံရွာ ညောင်ကုန်းရွာ ကျောက်ပုံရွာ ခဲပစ်ရွာများမှ ပြည်သူများ ရွာလုံးကျွတ် စစ်ဘေးရှောင်နေရပြီး နေအိမ်မီးရှို့ခံ ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများအတွက်ကိုလည်း ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၄။ စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်က ဟိုနမ့်ဒေသတွင် ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း နေအိမ်များအား မီးရှို့ခြင်းများ ပြုလုပ်


နိုဝင်ဘာ ၂၉ 

Radio NUG


စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ပအိုဝ်းနယ်မြေဖြစ်သည့် မောက်မယ်မြို့နယ် ဟိုနမ့်ဒေသ ထီဖက်နမ်ကျေးရွာရှိ ဒေသခံ နေအိမ် လုံးကို နိုဝင်ဘာလ ၂၈ရက်နေ့တွင် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း PNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထို့အပြင် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် ထီဖက်နမ်ကျေးရွာမှ ဒေသခံ ဦးကိုလည်း ဟိုနမ့်အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ရုံးတွင် ဖမ်းဆီးထားတယ်လို့ ဖော်ပြထားပါတယ်။


ပအိုဝ်းရဟန်းတော် သံဃာတော်များ၏ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပစ်ပယ်ပြီး ဟိုနမ့်ဒေသအတွင်း တိုက်ပွဲဖော်ဆောင်လာသည့် စစ်ကောင်စီနှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် လက်ရှိတွင် ပအိုဝ်းပြည်သူများအား ဖမ်းဆီးခြင်း ပအိုဝ်းပြည်သူ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လာခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့် မောင်တော၊ ကညင်တန်းရပ်ကွက်က နေအိမ် လုံး မီးလောင်ပြာကျ 


နိုဝင်ဘာ ၂၉ 

Radio NUG 


နိုဝင်ဘာလ ၂၈ ရက်နေ့ မနက် ၁၀နာရီ ၅၀မိနစ်ခန့်တွင် မောင်တောမြို့၊ မြို့သူကြီး၊ နခခ ()က အကြမ်းဖက်စစ်ကောင်စီ ပစ်ခတ်တဲ့  လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် မောင်တောမြို့၊ ကညင်တန်းရပ်ကွက်က နေအိမ် လုံး မီးလောင်ပြာကျသွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


လက်ရှိတွင် အာရက္ခတပ်တော်သည် မောင်တောမြို့တွင် တစ်ခုတည်း ကျန်ရှိနေတဲ့ အကြမ်းဖက်စစ်ကောင်စီ၏ နခခ ()စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်‌ရေးအတွက် ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက် ရှိပါတယ်။


နခခ () စခန်း မကျဆုံးရေးအတွက် ဒေသခံပြည်သူတို့ နေထိုင်ရာ ရပ်ရွာတွေကို လေကြောင်း၊ လက်နက်ကြီးတို့နဲ့ နေ့စဉ် ပစ်ခတ်တိုက်ခိုက်နေပါတယ်။


========================


🚩🚩 ၆။ ကြို့ပင်ကောက်တွင် စစ်ကောင်စီ သတင်းပေး တဦးအား ပစ်ခတ်ရှင်းလင်းခဲ့


နိုဝင်ဘာလ ၂၉ ရက်၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့နယ်၊ ကုန်းရွာအုပ်စု၊ ကွင်းချောင်းကျေးရွာမှာ နေထိုင်တဲ့ စစ်ကောင်စီ သတင်းပေး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Dragon Brothers (GBK-PDF) အဖွဲ့က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ၂၈ ရက်နေ့ နာရီ ၃၅ မိနစ်တွင် စစ်ကောင်စီ သတင်းပေး နေထက်လင်း ဆိုသူအား သာယာဝတီ ခရိုင်၊ တပ်ရင်း ၃၈ဝ၂၊ တပ်ခွဲ () Dragon Brothers (GBK-PDF) ရဲဘော်များက ပစ်ခတ် ရှင်းလင်းခဲ့တာပါ။


၎င်းထံမှ စစ်ကောင်စီနဲ့ ဆက်သွယ်ထားတဲ့ လက်ကိုင်ဖုန်း တလုံးနဲ့ ငွေသားများ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


နေထက်လင်း အပါအဝင် ညီအကို သုံးဦးလုံးဟာ ပျူစောထီး သင်တန်းဆင်းများ ဖြစ်ကြပြီး စစ်ကောင်စီအတွက် အသွင်ယူကာ ထောက်လှမ်းပေးခြင်း၊ စစ်ကောင်စီ စစ်ကြောင်းထွက်ချိန်မှာ အရှေ့က ဆိုင်ကယ်နဲ့ ကင်းထောက်ပေးခြင်းများ လုပ်ဆောင်ပေးနေတဲ့ အဓိကထောက်တိုင်တဦး ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ အခြေခံ စစ်ပညာသင်တန်းဆင်းပွဲ ကျင်းပ


နိုဝင်ဘာလ ၂၉ ရက်၊ 

Radio NUG


ယောဒေသ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ယပကတ) Yaws’ People Defense Force – YPDF အဖွဲ့ရဲ့ တပ်သားသစ် အခြေခံ စစ်ပညာသင်တန်း အပတ်စဉ် သင်တန်းဆင်းပွဲ ကျင်းပခဲ့တယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ၂၆ ရက်နေ့က ကျင်းပခဲ့တဲ့ အဆိုပါ သင်တန်းဆင်းပွဲကို အခမ်းနား နှစ်ရပ်ဖြင့် ကျင်းပခဲ့တာ ဖြစ်ပြီး သင်တန်းသား ၃၀ တက်ရောက်သင်တန်းဆင်းခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနား ပထမပိုင်းကို သင်တန်းကွင်းတွင် ကျင်းပခဲ့ပြီး ရဲဘော်များက စစ်ရေးပြ စစ်ကြောင်းချီတက် အလေးပြုခြင်း၊ သစ္စာရေ သောက်ခြင်း၊ ကိုယ်ပိုင်နံပါတ် ထုတ်ပေးခြင်း၊ သင်တန်းဆင်း မိန့်ခွန်းပြောခြင်းများ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။


ဒုတိယပိုင်းကို ယောနက ခန်းမမှာ ပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားခြင်း၊ ဂုဏ်ပြုဆုပေးအပ်ခြင်း၊ ထူးချွန် ဆုချီးမြှင့်ခြင်းတို့ကို ပြုလုပ်ခဲ့ပါတယ်။


ထို့ပြင် လက်နက်နဲ့တကွ အလင်းဝင်ရောက်ခဲ့တဲ့ ပြည်သူ့စစ် တဦးအား ငွေကျပ်သိန်း ၅၀ ချီးမြှင့်ပေးခဲ့ပြီး အလင်းဝင်ရောက်နိုင်ဖို့ ကူညီပေးသူများနဲ့ ၆၀ မမ ဗုံးသီးနဲ့ ဆက်သွယ်ရေး ပစ္စည်းများ လာရောက်အပ်နှံခဲ့သူများကို ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သင်တန်းဆင်းပွဲကို မဟာမိတ် တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ရပ်ကျေး ပအဖ/ပကဖ တာဝန်ရှိသူများ ပြည်သူလူထုများ စုစုပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment