4th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိမ်းသိမ်းခံထားရသူအားလုံးလွတ်မြောက်စေဖို့ နိုင်ငံခြားရေးဝန်ကြီး ဆုမွန်တောင်း

📌 ၂။ DMကျန်းမာရေးဝန်ထမ်းများအနေနဲ့ သင်ကြားရင်းတော်လှန်၊တော်လှန်ရင်းသင်ကြားဖို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံတိုက်တွန်း

📌 ၃။ သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာကျင်းပတဲ့Kachin IDP Fundraising Concert လူ့အခွင့်ရေးဒုဝန်ကြီးတက်ရောက်

📌 ၄။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်းမိသားစု ၃၅ကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေ ဟင်းချက်ပြုတ် ရောင်းချပွဲက ဒီလအတွက် ဒေါ်လာ ၁သောင်း ၃ထောင် ကျော် လက်ခံ ရရှိ


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကိုင်းတိုင်းတလျှောက်လုံးမှာKIAတပ်ဖွဲ့နဲ့ထိစပ်နေတဲ့နေရာတိုင်းမှာ NUGကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအတူတကွပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်အသိပေးဆို

🚩 ၂။ ကျည်ကာထုတ်လုပ်ရေးကိုရံပုံငွေအခြေအနေအရ ခေတ္တရပ်နားထားတယ်လို့ Federal Wingsဒရုန်းတပ်ဖွဲ့အသိပေး

🚩 ၃။ Northern Rehabilitation Center ( NRC ) ကနေ ခြေတုတပ်ဆင်ပေးမှုအယောက် ( ၂၀၀ ) ပြည့်သွားခဲ့

🚩 ၄။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား PDFနဲ့ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ရာစစ်ကောင်စီ ဦးသေဆုံး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ 

🚩 ၅။ တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရမှာဖြစ်တယ်လို့ဆို

🚩 ၆။⁨⁨⁨⁨⁨⁨⁨⁨ သထုံမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့ TPDF (P2-7805 တပ်ခွဲ )က ရဲဘော်တွေအတွက်  ကျည်ကာဦးထုတ် အလုံး ၂၀ လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိမ်းသိမ်းခံထားရသူအားလုံးလွတ်မြောက်စေဖို့ နိုင်ငံခြားရေးဝန်ကြီး ဆုမွန်တောင်း


နိုဝင်ဘာ၄ရက်


ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီး ထိမ်းသိမ်းခံထားရသူအားလုံးလွတ်မြောက်စေဖို့  NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆုမွန်ကောင်းတောင်းဆိုလိုက်တယ်လို့

နိုဝင်ဘာလအတွင်းမှာ  ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့်ဆိုထားပါတယ်။

"သတိရ တယ် အန်တီ။ ကျန်းမာပါစေ။ မတရားဖမ်းဆီး ထိမ်းသိမ်းခံထားရသူအားလုံး နဲ့ အတူ အမြန်ဆုံးလွတ်မြောက်ပါစေ"လို့ဆိုထားပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၂၈) ဦးရှိပြီး ထိုအထဲမှ (၂၁၀၇၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှသိရပါတယ်။


========================


📌📌 ၂။ DMကျန်းမာရေးဝန်ထမ်းများအနေနဲ့ သင်ကြားရင်းတော်လှန်၊တော်လှန်ရင်းသင်ကြားဖို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံတိုက်တွန်း


နိုဝင်ဘာ၄ရက်


CDMကျန်းမာရေးဝန်ထမ်းများအနေနဲ့ သင်ကြားရင်းတော်လှန်၊တော်လှန်ရင်းသင်ကြားဖို့ ကျန်းမာရေးဒုဝန်ကြီး ဒေါက်တာရွှေပုံက ဆေးတက္ကသိုလ်၁ မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ တိုက်တွန်းထားပါတယ်။

"ကျမတို့အခုအချိန်မှာ တော်လှန်ရေးကာလတခုကိုကြံကြံခံ ဖြတ်သန်းနေကြရတာဖြစ်ပါတယ်။ဒေသအသီးသီးမှာ အားလုံးဟာအသက်သွေးချွေးတွေရင်းပြီးတော့ဆောင်ရွက်နေရတာဖြစ်ပါတယ်။ထိခိုက်မှုတွေများသလိုဆုံးရှုံးမှုတွေကလည်းမနည်းပါဘူး။အသက်ဆုံးရှုံးရတဲ့သူနာပြု၊ဆရာဝန် သူရဲကောင်းတွေလည်းမနည်းတော့ပါဘူး။ လက်ရှိလည်းကျရာတာဝန်များကိုထမ်းဆောင်နေကြတဲ့ကျန်းမာရေးဝန်ထမ်းတွေဒေသအနှံ့မှာထောင်ချီပြီးရှိနေပါတယ်။ကျမတို့အနေနဲ့သင်ကြားရင်တော်လှန်၊တော်လှန်ရင်းသင်ကြားလုပ်ဆောင်ကြဖို့လိုအပ်ပါတယ်။ဒါမှသာခါးဆက်မပြတ်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စကစတပ်များဟာ လေကြောင်းကနေကျန်းမာရေးအဆောက်အဦနဲ့ဆေးရုံဆေးခန်းများကိုတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၃။ သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်မှာကျင်းပတဲ့Kachin IDP Fundraising Concert လူ့အခွင့်ရေးဒုဝန်ကြီးတက်ရောက်


နိုဝင်ဘာ ၄ရက်


သြစတေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်၌ Kachin IDP Fundraising Concert ကို  နိုဝင်ဘာလ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခွန်းဗဟန်းထန် တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခမ်းအနားတွင် ဒုတိယဝန်ကြီးက "ရန်ပုံငွေပွဲကို ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ယခုလိုဝန်းရံပေးကြတာကို အထူးပင်ကျေးဇူးတင်ပါကြောင်း၊လက်ရှိအချိန်တွင်မြန်မာ တနိုင်ငံလုံး ကြည့်မည်ဆိုလျှင် စစ်ဘေးရှာင် စုစုပေါင်း သန်းခန့်ရှိနေပြီး ထိုအထဲတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်အရေအတွက်မှာ () သိန်းကျော်ရှိနေပါကြောင်း၊ သို့သော်လည်း မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာနဲ့ယှဉ်ပါက အမြဲတမ်းမေ့ပျောက်နိုင်ငံ ကဲ့သို့ ဖြစ်ခဲ့ရပါကြောင်း၊ အကြမ်းဖက်အာဏာ သိမ်းမှုဖြစ်စဉ်အပြီးတွင် မြန်မာ့အရေးကို နိုင်ငံတကာက ထဲထဲဝင်ဝင်လုပ်ဆောင်မည့် အခြေအနေမျိုး ဖြစ်လာသော်လည်း ယူကရိန်းရုရှားအရေးဖြစ်ပေါ်လာသည့်အတွက် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ၎င်းအပေါ်တွင် ဖုံးလွှမ်းသွားခဲ့ပါကြောင်း၊ ယခုအခါလည်း အစ္စရေးနှင့် ပါလက်စတိုင်း အရေးဖြစ်လာသဖြင့် နိုင်ငံတကာ၏အာရုံစိုက်မှုသည် ပိုမိုမှေးမှိန်လာသည့်အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများလုံလောက်စွာ မရရှိခဲ့သော်လည်း ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုနှင့် အပြန်အလှန်အသိအမှတ်ပြု ကူညီမှုတို့ကြောင့် နွေဦးတော်လှန်ရေးသည် ယနေ့အချိန်ထိ ထိရပ်တည်လာနိုင်ခဲ့သည့်အတွက် အထူးပင်ဂုဏ်ယူရပါကြောင်း၊ ဆက်လက်၍လည်း ပြည်ထောင်စုစိတ်ဓါတ်အပြည့်ဖြင့် ပြည်ထောင်စုကို အတူတကွပိုင်ဆိုင်သည့် စစ်မှန်သည့် ပြည်ထောင်စုကို တည်ဆောက်ကြရန် တိုက်တွန်းလိုကြောင်း"အမှာစကားတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

အဆိုပါအခမ်းအနားအား ဗစ်တိုးရီးယားပြည်နယ်ရှိ ကချင်အဖွဲ့အစည်း (KAV) က ကြီးမှူး၍ ကျင်းပခဲ့ကြောင်းသိရပါတယ်။


========================


📌📌 ၄။ ဆန်ဖရန်ဘေးဧရိယာ နွေဦးလဘက်ရည်ဝိုင်းမိသားစု ၃၅ကြိမ်မြောက် နွေဦးတော်လှန်ရေးရန်ပုံငွေ ဟင်းချက်ပြုတ် ရောင်းချပွဲက ဒီလအတွက် ဒေါ်လာ ၁သောင်း ၃ထောင် ကျော် လက်ခံ ရရှိ


နိုဝင်ဘာ ၄ရက်

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်ဘေးဧရိယာ မြန်မာတိုင်းရင်းသားမိသားစုများက လစဉ် ဟင်းချက်ပြုတ်ရောင်းချပြီး နွေဦးတော်လှန်ရေးအတွက် ရန်ပုံငွေအလှု ရှာဖွေကြရာမှာ ဒီလမှာလဲ ဒေါ်လာ ၁သောင်း ၃ထောင် ၆၃၈ ဒေါ်လာ ရှာဖွေနိုင်ခဲ့တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာစားသွယ်ဖွယ် ဟင်းလျာမျိုးစုံကို ချက်ပြုတ်လှူဒါန်းသူများ၊ ငွေသားသက်သက် လာရောက်လှူဒါန်းသူများ၊ နေအိမ်ခြံဝင်းအလှဆင်ဖို့ စားပင်စိုက်ပင်များ ပျိုးထောင် ရောင်းချ လှူဒါန်းပေးသူများ၊ ခြံထွက်အသီးအနှံများ လှူဒါန်းပေးသူများနဲ့ အားပေးကူညီကြသော စားသုံးသူအလှူရှင်များအားလုံးကို ကျေးဇူးတင်ရှိကြောင်း နွေဦးလဘက်ရည်ဝိုင်းမိသားစုက ရေးသားထားပါတယ်။

ယခုအချိန်မှာ မြန်မာပြည်တဝှမ်းလုံးမှာ စစ်ရှိန်မြင့်နေတဲ့အပြင် စစ်ဘေးသင့်ပြည်သူတွေမှာ စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုတွေကို အလူးအလဲ ခံစားနေရပါတယ်။ ထောက်ပို့ပြည်သူတွေက စဉ်ဆက်မပြတ် တိုးပြီး ထောက်ပို့လုပ်ကြဖို့ လိုအပ်နေပါတယ်။ မြန်မာပြည်တဝှမ်းက တော်လှန်ရေးတပ်ဖွဲ့တွေအားလုံးကလည်း စည်းစည်းလုံးလုံးနဲ့ ဘေးပယောဂတွေ သွေးခွဲတာတွေကို ကြံ့ကြံ့ခံပြီး ဆက်လက်တိုက်ပွဲဝင်သွားကြပါရန် မေတ္တာရပ်ခံလိုပါတယ်လို့ နွေဦးလဘက်ရည်ဝိုင်းတာဝန်ခံတွေက ရေဒီယိုအင်န်ယူဂျီကို ဖြေကြားသွားပါတယ်။

လစဉ်အလှူငွေများအားလုံးကို မြန်မာအညာဒေသ နဲ့ တိုင်းရင်းသားဒေသများက လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းများထံ တိုက်ရိုက်ပေးပို့ လှူဒါန်းကြတာ ဖြစ်ပါတယ်။ အဲသည်အဖွဲ့အစည်းများက လက်ခံရရှိကြောင်း မှတ်တမ်းများအပါအဝင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်များကို အလှုရှင်များကို အသိပေးထုတ်ပြန်ပေးတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့် မင်းနွေဦးတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။ စစ်ကိုင်းတိုင်းတလျှောက်လုံးမှာKIAတပ်ဖွဲ့နဲ့ထိစပ်နေတဲ့နေရာတိုင်းမှာ NUGကာကွယ်ရေးဝန်ကြီးဌာနနဲ့ စစ်ရေးအတူတကွပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်အသိပေးဆို


နိုဝင်ဘာ၄ရက်


စစ်ကိုင်းတိုင်းတလျှောက်လုံးမှာKIAတပ်ဖွဲ့နဲ့ထိစပ်နေတဲ့နေရာတိုင်းမှာ NUGကာကွယ်ရေးဝန်ကြီးဌာနနဲ့စစ်ရေးအတူတကွပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်အသိပေးဆိုပါတယ်။

နိုဝင်ဘာလအတွင်းBBCသတင်းဌာနနဲ့မေးမြန်းခန်းမှာ KIAမှဒုတိယဗိုလ်ချုပ်ကြီး ဂွမ်မော်ကဆိုပါတယ်။

"နွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့အဖွဲ့တွေနဲ့ကျနော်တို့ထိစပ်နေတာဖြစ်ပါတယ်။အဲဒီထဲမှာ အထူးသဖြင့်တော့ ကာကွယ်ရေးဝန်ကြီးဌာနMODနဲ့ဖြစ်ပါတယ်။MODနဲ့တော့စစ်ကိုင်းတိုင်းတလျှောက်လုံးမှာကျနော်တို့နဲ့ထိစပ်နေတဲ့နေရာတိုင်းမှာ အတူတကွ နွေဦးတော်လှန်ရေးစကတည်းကလက်တွဲဆောင်ရွက်နေတာဖြစ်ပါတယ်။အခြားကျနော်တို့နဲ့ထိစပ်မှုမရှိသေးတဲ့အဖွဲ့တွေနဲ့တော့လက်တွေ့လက်တွဲ ပြီးဆောင်ရွက်နေတာမရှိသေးပါဘူး။လိုအပ်လို့ရှိရင်တော့ပူးပေါင်းဆောင်ရွက်မှုတွေရှိလာမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာ KIAတပ်ဖွဲ့အနေနဲ့စကစနဲ့တွေ့ဆုံညှိနှိုင်းမယ့်အချိန်မဟုတ်သေးဘူးလို့ဆိုထားပြီးတော့ စစ်ဆင်ရေးများရှေ့ဆက်လက်လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ ကျည်ကာထုတ်လုပ်ရေးကိုရံပုံငွေအခြေအနေအရ ခေတ္တရပ်နားထားတယ်လို့ Federal Wingsဒရုန်းတပ်ဖွဲ့အသိပေး


နိုဝင်ဘာ၄ရက်


ကျည်ကာထုတ်လုပ်ရေးကိုရံပုံငွေအခြေအနေအရ ခေတ္တရပ်နားထားတယ်လို့ Federal Wingsဒရုန်းတပ်ဖွဲ့က နိုဝင်ဘာ၄ရက်မှာ အသိပေးဆိုပါတယ်။

"အသက်ကယ်နိုင်လို့ ဖြစ်ရတဲ့ပီတိက Federal Wings တွေအတွက် ဘာနဲ့မှလဲလို့မရတဲ့အရာတစ်ခုပါ။FW ရဲ့ ကျည်ကာထုတ်လုပ်ရေးရံပုံငွေမှာ ပါဝင်ဖူးရင် ဒီပီတိဟာ ရောင်းရင်းတို့နဲ့သက်ဆိုင်တဲ့အရာလဲဖြစ်ပါတယ်။ကျည်ကာထုတ်လုပ်မှုကို စမ်းသပ်အောင်မြင်အပြီးမှာ FW ဟာ နည်းပညာကို အလကားဖြန့်ဝေပေးဖို့ မဆိုင်းမတွဆုံးဖြတ်ခဲ့ကြပြီး ကျည်ကာထုတ်လုပ်ရေးနည်းပညာကို စိတ်ပါဝင်စားတဲ့ တလရတပ်ဖွဲ့တွေဆီကို ဖြန့်ဝေသင်ကြားပေးနေတာ ယခုဆိုရင် 2nd Batch ကိုရောက်ရှိနေပါပြီ။ပြည်သူလူထုပေးပို့တဲ့ရံပုံငွေနဲ့ ထုတ်လုပ်ခဲ့တဲ့ ကျည်ကာဦးထုပ်နဲ့ ကျည်ကာပြားတွေကို လိုအပ်တဲ့ရဲဘော်ရဲဘက်တွေဆီ အလျဉ်းသင့်သလိုဖြန့်ဝေပေးနိုင်ခဲ့ပါတယ်။လတ်တလောမှာတော့ ကျည်ကာထုတ်လုပ်ရေးကိုရံပုံငွေအခြေအနေအရ ခေတ္တရပ်နားထားပြီး နည်းပညာဖြန့်ဝေမှုကိုသာ အားပြုလုပ်ဆောင်နေပါတယ်"လို့ဆိုထားပါတယ်။


နည်းပညာနဲ့ အသက်တွေကာကွယ်နိုင်အောင် ပါဝင်ကူညီလှူဒါန်းခဲ့ကြသူ တစ်ဦးတစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ဂုဏ်ပြုအပ်တယ်လို့FederalWingsကဆိုပါတယ်။


========================


🚩🚩 ၃။ Northern Rehabilitation Center ( NRC ) ကနေ ခြေတုတပ်ဆင်ပေးမှုအယောက် ( ၂၀၀ ) ပြည့်သွားခဲ့


နိုဝင်ဘာ၄ရက်


Northern Rehabilitation Center ( NRC ) ကနေ ခြေတုတပ်ဆင်ပေးမှုအယောက် ( ၂၀၀ ) ပြည့်သွားခဲ့တယ်လို့ နိုဝင်ဘာ၄ရက်မှာ ဒေါက်တာခင်မောင်လွင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် အသိပေးဆိုထားပါတယ်။

"ကျွန်တော်တို့ရဲ့ Northern Rehabilitation Center ( NRC ) ကနေ ခြေတုလေးတွေပြုလုပ်ပေးနေတာ အယောက် ( ၂၀၀ ) ပြည့်သွားပါပြီ

ခြေတုလေးတွေနဲ့ လူမှုဘဝထဲမှာရှင်သန်လှုပ်ရှားနေကြတာတွေကိုတွေ့ရလို့ဝမ်းသာကြည်နူးရပါတယ်"လို့ဆိုပါတယ်။

အဖက်ဖက်ကဝိုင်းဝန်းပံ့ပိုးပေးနေကြတဲ့ ပြည်တွင်း/ပြည်ပ ကအလှူရှင်တွေကိုလည်းကျေးဇူးအထူးတင်ရှိတယ်လို့ဆိုထားပြီးNRC ကထုတ်လုပ်တဲ့ခြေတုတွေကို quality ကောင်းအောင် အစဉ်အမြဲကြိုးစားနေတယ်လို့ဆိုထားပါတယ်။


========================


🚩🚩 ၄။ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား PDFနဲ့ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ရာစစ်ကောင်စီ ဦးသေဆုံး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ 


 နိုဝင်ဘာလ ရက်


ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား PDFနဲ့ပူးပေါင်းတပ်ဖွဲ့များတိုက်ခိုက်ရာစစ်ကောင်စီ ဦးသေဆုံး လက်နက်နှင့်ခဲယမ်းများ သိမ်းဆည်းရမိ ခဲ့ပါတယ်။

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဆင်ရိုးခင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်အား တောင်ပိုင်းစစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ၊ တပ်ရင်း ၃၇၀၂၊ အထူးကွန်မန်ဒိုတပ်ရင်း ရိုးမ စစ်ကြောင်းနှင့် KNLA တပ်ရင်း ပူးပေါင်းတပ်ဖွဲ့တို့က နိုဝင်ဘာ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးခဲ့တယ်လို့တောင်ပိုင်းစစ်ဒေသ

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)ကသတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွင် စစ်ကောင်စီတပ်၏ G3 လက်၊ G3 ကျည် ၁၇၄ တောင့်၊ G3 ကျည်ဘောက် ခု၊ ကိုးလုံးကျည် (၂၉) တောင့် နှင့် အခြားလက်လုပ်သေနတ်များကို သိမ်းဆည်းရမိခဲ့ပါတယ်။

တိုက်ပွဲပြီးသွားပြီးနောက် အထိနာသွားသော စစ်ကောင်စီတပ်သည် ဆင်ရိုးခင်ကျေးရွာထဲသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ရာ ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၅။ တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရမှာဖြစ်တယ်လို့ဆို


နိုဝင်ဘာ၄ရက်


တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရမှာဖြစ်တယ်လို့ နိုဝင်ဘာလအတွင်း စစ်ရေးသုံးသပ်ချက်များကိုတင်ပြတဲ့ PDFInsightကဖော်ပြပါတယ်။

"တိုက်ခိုက်ရေးအပိုင်းမှာဘယ်သူက တပ်စိတ်မှူးဖြစ်သင့်လဲ၊ ဘယ်သူက တပ်စုမှူးနဲ့ သင့်လျော်မလဲ၊ ဘယ်သူက တပ်ခွဲကိုဦးဆောင်နိုင်မလဲ စသဖြင့်တပ်ရင်းမှူးတွေက မိမိရဲဘော်ကို သိထားရပါမယ်။ ဒီနေရာမှာ တပ်စိတ်မှူးတွေအရေးကြီးပါတယ်။ တပ်စိတ်ကောင်းမှ တပ်ရင်းကောင်းတာပါ။တပ်ရင်းမှူးတွေဟာ Local ခေါင်းဆောင်တွေမဟုတ်ဖူးဆိုတာ တပ်ရင်းအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာရင် သိလာပါတယ်။ အောက်ခြေရဲဘော်အဆင့်ထိ တပ်ရင်းမှူးက နေရာတကာဝင်ပြီးပါဖို့ မလိုပါဘူး။ ဘာကြောင့်လဲဆိုတော့ ဆင့်ကဲအမိန့်ပေး ကွပ်ကဲမှုကြောင့်ပါ။ တပ်ရင်းမှူးဟာ နေရာတကာဝင်ပါနေရင် သက်ဆိုင်ရာ တပ်စိတ်မှူး၊ တပ်စုမှူး၊ တပ်ခွဲမှူး၊ ဒုတပ်ရင်းမှူးတို့ရဲ့ အခန်းကဏ္ဍဟာ ပျောက်သွားပြီး တပ်ရင်းမှူးကလွဲရင် ဘယ်သူ့အမိန့်မှ မနာခံဘူးဆိုပြီး CoC ပျက်သွားပါမယ်။ အဲဒီလိုမဖြစ်အောင် တပ်ရင်းမှူးတွေက ဆင့်ကဲအမိန့်ပေးကွပ်ကဲတတ်အောင် မိမိရဲ့ တပ်စိတ်၊တပ်စု၊တပ်ခွဲမှူးတွေကိုပြုစုပျိုးထောင်ပေးရပါမယ်"လို့ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်းမှူးများဟာ မိမိအစိုးရနဲ့ မိမိဝန်ကြီးဌာနရဲ့ လိုအပ်ချက်တွေ၊ ရည်မှန်းချက်တွေကို နားလည်နိုင်အောင်ကြိုးစားရမှာဖြစ်ပြီး

ကိုယ်လိုချင်တာ ကိုယ်လုပ်ချင်တိုင်းလုပ်ခွင့်မရလို့ MoD အောက်ကထွက်တာ၊ မိမိဘာသာအဖွဲ့ခွဲရပ်တည်တာဟာ တော်လှန်ရေးမှာ အလွန်အန္တရာယ်ကြီးသလို တော်လှန်ရေးအချိန်လည်းမလိုအပ်ပဲ ကြာမြင့်သွားနိုင်တယ်လို့ PDFInsightကသုံးသပ်ထားပါတယ်။


========================


🚩🚩 ၆။⁨⁨⁨⁨⁨⁨⁨⁨ သထုံမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့ TPDF (P2-7805 တပ်ခွဲ )က ရဲဘော်တွေအတွက်  ကျည်ကာဦးထုတ် အလုံး ၂၀ လှူဒါန်း


နိုဝင်ဘာ၄ရက်


သထုံမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့ TPDF (P2-7805 တပ်ခွဲ )က ရဲဘော်တွေအတွက်  ကျည်ကာဦးထုတ် အလုံး ၂၀ လှူဒါန်းခဲ့တယ်လို့ နိုဝင်ဘာ၄ရက်မှာ သထုံမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့ကဖော်ပြပါတယ်။

သထုံမြို့နယ် ပြည်သူ့ကာရေးတပ်ဖွဲ့ TPDF (P2-7805 တပ်ခွဲ )ကို ရဲဘော်တွေရဲ့ အသက်ကို ကယ်မယ့်  ကျည်ကာဦးထုတ် အလုံး ၂၀ လှူဒါန်းပေးပါသော Australis TPDF ထောက်ပို့အဖွဲ့ အား မိမိတို့ TPDF တပ်ဖွဲ့မှ အထူးကျေးဇူးတင်ရှိပါတယ်လို့ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment