၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ အိမ်နီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးဟာအင်မတန်မှအရေးကြီးပြီး မြန်မာနိုင်ငံအတွက် အိန္ဒိယ၊တရုတ်၊ထိုင်းနိုင်ငံတို့အားလုံးဟာအရေးပါတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဆို
📌 ၂။ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကိုဖော်ထုတ်ပြီး တရားမျှတမှုရအောင်ဆောင်ရွက်သွားမယ်လို့ NUGပညာရေးဝန်ကြီးဌာန ထုတ်ပြန်
📌 ၃။ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ရတဲ့အမှုများထဲတွင် အမျိုးသမီးတင်မကဘဲအမျိုးသားLGBT တွေလည်းပါဝင်ပြီး အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမှုများတည်ဆောက်၍ သက်ဆိုင်ရာသို့ခွဲဝေချထား
📌 ၄။ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ SDB တိုကင် တစ်ခု ကို $0.0025 နှုန်း ဖြင့် အနည်းဆုံး $10 မှ စတင် ရင်းနှီးပြီး ရှယ်ယာပိုင်ရှင် အဖြစ် ပါဝင်နိုင်
📌 ၅။ Clean Yangonရဲ့စစ်ဘေးရှောင်သွေးချင်းများအတွက် လိုတရ အစီအစဉ်စစ်ရှောင်စခန်း (၁၅) ခု အိမ်ထောင်စုပေါင်း (၁,၀၁၂) စုကပါဝင်နေ
📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၂၈) ဦးအထိရှိလာ
၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ တောင်ကုတ်မြို့နယ်က ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်
🚩 ၂။ ပေါက်ခေါင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်း စုံစမ်းနေတဲ့ သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း
🚩 ၃။ တအာင်းပြည်အတွင်း တင်သွင်းတဲ့ စားသောက်ကုန်၊ စက်သုံးဆီအမျိုးမျိုးနဲ့ အိမ်သုံးကုန်ပစ္စည်းများအတွက် အခွန် ကင်းလွတ်ခွင့်ပြုမယ်လို့ TNLA ပြော
🚩 ၄။ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းက စစ်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးခန့်သေဆုံး
🚩 ၅။ ကန့်ဘလူမြို့နယ်မှာ တပတ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူ အရပ်သား ၁၂ဝ ကျော်ထိရှိ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ အိမ်နီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးဟာအင်မတန်မှအရေးကြီးပြီး မြန်မာနိုင်ငံအတွက် အိန္ဒိယ၊တရုတ်၊ထိုင်းနိုင်ငံတို့အားလုံးဟာအရေးပါတယ်လို့ NUGနိုင်ငံခြားရေးဝန်ကြီးဆို
နိုဝင်ဘာ၆ရက်
အိမ်နီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးဟာ အင်မတန်မှအရေးကြီးပြီး မြန်မာနိုင်ငံအတွက် အိန္ဒိယ၊တရုတ်၊ထိုင်းနိုင်ငံတို့အားလုံးဟာအရေးပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က
နိုဝင်ဘာ၅ရက်မှာ ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။
"အိမ်နီချင်းနိုင်ငံတွေနဲ့ဆက်ဆံရေးဟာအင်မတန်မှအရေးကြီးပါတယ်။ဆက်ဆံဆောင်ရွက်တာတွေလည်း ရှိပါတယ်။ပြီးတော့ အိန္ဒိယရဲ့မြန်မာအရေးအပေါ်စိတ်ပါဝင်စားလာမှုကိုပြောရမယ်ဆိုလို့ရှိရင်အိန္ဒိယကဒီမိုကရေစီနိုင်ငံဖြစ်တယ်။ဖက်ဒရယ်စနစ်လည်းကျင့်သုံးတဲ့အခါကြတော့သူ့ရဲ့ အတွေ့အကြုံတွေကိူမြန်မာပြည်ရဲ့ပဋိပက္ခတွေဖြေရှင်းတဲ့အခါမှာ မတူညီတဲ့အစုအဖွဲ့တွေကိုချဥ်းကပ်နေတာတော့ကျမတို့တွေ့ရပါတယ်။ကျမတို့အတွက်အိန္ဒိယလည်းအရေးကြီးသလိုတရုတ်နဲ့ထိုင်းကလည်းအရေးကြီးပါတယ်"လို့ဆိုပါတယ်။
မြန်မာနိုင်ငံပဋိပက္ခနဲ့မတည်ငြိမ်မှုဟာအိမ်နီးချင်းနိုင်ငံများအပေါ်သက်ရောက်မှုရှိပြီးတော့ မြန်မာအရေးကြိုးစားအားထုတ်နေတဲ့အမျိုးသားညီညွတ်ရေးအစိုးရအပေါ်လည်းအိမ်နီးချင်းနိုင်ငံတွေကစိတ်ဝင်စားသင့်တယ်လို့ဝန်ကြီးကဆိုပါတယ်။
========================
📌📌 ၂။ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံမိသားစု လုပ်ကြံသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကျူးလွန်သူတွေကိုဖော်ထုတ်ပြီး တရားမျှတမှုရအောင်ဆောင်ရွက်သွားမယ်လို့ NUGပညာရေးဝန်ကြီးဌာန ထုတ်ပြန်
နိုဝင်ဘာ၆ရက်
စစ်ကိုင်းတိုင်း ကနီမြို့နယ်က အမျိုးသားညီညွတ်ရေးအစိုးရ-NUG ရဲ့ ပညာရေးဘုတ်အဖွဲ့တာဝန်ခံနဲ့ မိသားစု လုပ်ကြံ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ အမိန့်ပေးစေခိုင်းသူတွေနဲ့ကျူးလွန်သူအားလုံးကို ဖော်ထုတ်ပြီး တရားမျှတမှုရအောင် ဆောင်ရွက်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနဲ့ ဇနီးဖြစ်သူ ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ ၃လအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာ တို့ တပုန်းကျေးရွာကအိမ်မှာရှိနေစဉ် နိုဝင်ဘာ ၄ရက် ညပိုင်းမှာ ရက်စက်စွာသတ်ဖြတ်ခံခဲ့ရတာနဲ့ပတ်သက်လို့ NUG ပညာရေးဝန်ကြီးဌာနက အခုလို့ အသိပေးလိုက်တာဖြစ်ပါတယ်။
အမှန်တရားဘက်ကရပ်တည်ပြီး တိုင်းပြည်ကောင်းကျိုး၊ ဒေသကောင်းကျိုးအတွက် ကိုယ်ကျိုးမဖက်ဘဲ ဆောင်ရွက်နေသူ ဆရာဦးဝင်းဌေးတို့မိသားစု အခုလို တရားလက်လွတ် ရက်ရက်စက်စက် မတရားသတ်ဖြတ်ခံရတာနဲ့ပတ်သက်လို့ ကျူးလွန် သူနဲ့ ကျူးလွန်တဲ့အဖွဲ့အစည်းကိုလည်း NUG ပညာရေးဝန်ကြီးဌာနက အပြင်းအထန် ကန့်ကွက်ရှုတ်ချထားပါတယ်။
ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်စေဖို့ သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
ဦးဝင်းဌေးတို့မိသားစုသတ်ဖြတ်ခံရတဲ့ တပုန်းကျေးရွာဟာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ထားတဲ့ ဒေသတခုဖြစ်ပြီး ပျူစောထီးအချိူ့လည်းရှိနေတယ်လို့ သိရပါတယ်။
========================
📌📌 ၃။ လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ရတဲ့အမှုများထဲတွင် အမျိုးသမီးတင်မကဘဲအမျိုးသားLGBT တွေလည်းပါဝင်ပြီး အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမှုများတည်ဆောက်၍ သက်ဆိုင်ရာသို့ခွဲဝေချထား
နိုဝင်ဘာ၆ရက်
လိင်ပိုင်းဆိုင်ရာ ချိုးဖောက်ရတဲ့အမှုများထဲတွင် အမျိုးသမီးတင်မကဘဲအမျိုးသားLGBT တွေလည်းပါဝင်ပြီး အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာနက အမှုများတည်ဆောက်၍ သက်ဆိုင်ရာသို့ခွဲဝေချထားလေ့ရှိတယ်လို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနမှ ဒုတိိယဝန်ကြီး ေဒါ်အိသဥ္ဇာမောင်ကဆိုပါတယ်။
"ကျမတို့ဝန်ကြီးဌာနကိုတက်လာတဲ့အမှုတွေသည်လိင်ပိုင်းဆိုင်ရာချိုးဖောက်ခံရတဲ့အမှုတွေဖြစ်တယ်။ ချိုးဖောက်ခံရတဲ့အထဲမှာ အမျိုးသမီးတင်မကဘူး။အမျိုးသားတွေပါပါတယ်။LGBT တွေလည်းပါတယ်။ကလေးသူငယ်နဲ့အမျိုးသမီးတွေလည်းပါတယ်။အပြင်ကိုသတင်းအဖြစ်ထုတ်ဖော်ပြောကြားဖို့ရာမှာ ကာယကံရှင်စိတ်ဆန္ဒအရမ်းအရေးကြီးတယ်ဆိုတော့ အမှုတင်တဲ့အခါမှာတောင်နံပါတ်နဲ့တင်တယ်။နာမည်အလွှဲအပြောင်းနဲ့တင်ကြရတာဖြစ်တယ်"လို့ဆိုပါတယ်။သို့သော်ကျော်ဇောအမှုများကိုပြည်သူလူထုနဲ့ညှိနှိုင်း၍သတင်းထုတ်ပြန်ရှင်းလင်းလေ့ရှိတယ်လို့ဆိုပါတယ်။
========================
📌📌 ၄။ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ SDB တိုကင် တစ်ခု ကို $0.0025 နှုန်း ဖြင့် အနည်းဆုံး $10 မှ စတင် ရင်းနှီးပြီး ရှယ်ယာပိုင်ရှင် အဖြစ် ပါဝင်နိုင်
နိုဝင်ဘာ၆ရက်
နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ SDB တိုကင်တစ်ခုကို $0.0025 နှုန်းဖြင့် အနည်းဆုံး $10 မှ စတင် ရင်းနှီးပြီး ရှယ်ယာပိုင်ရှင် အဖြစ် ပါဝင်နိုင်ပြီလို့ SDBဘဏ်က နိုဝင်ဘာ၆ရက်မှာ တရားဝင်အသိပေး ကြေညာပါတယ်။
"နှစ်ပေါင်းများစွာ ဝေးလံခက်ခဲတဲ့ နိုင်ငံတော်သစ်ဆီကို အတူ ထွက်ခွါလာခဲ့ရတာ နောက်ဆုံးအချိန် ရောက်ရှိလာပါပြီ။ နွေဦးဘဏ်ရဲ့ ICO Round 2 မှာ ပြည်သူအားလုံးရဲ့ရည်မှန်းချက်နဲ့ မဟာမိတ်သွေးချင်းတို့အနာဂတ်ကို ပြန်လည်ပိုင်ဆိုင်စေမယ့် အိမ်ပြန်ခရီးစဉ်ကို ခေါ်ဆောင်သွားဖို့ အသင့်ဖြစ်နေပါတယ်။ ပထမ အကြိမ် ICO နဲ့ နှိုင်းယှဉ်လိုက်ရင် ဒီတကြိမ်မှာတော့ 2.5 ဆ ပိုပြီး တည်ငြိမ်စွာ ရွေ့လာနိုင်ခဲ့ပါတယ်။ နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ဒီဇင်ဘာလ ၅ ရက်နေ့ အထိ SDB တိုကင် တစ်ခု ကို $0.0025 နှုန်း ဖြင့် အနည်းဆုံး $10 မှ စတင် ရင်းနှီးပြီး ရှယ်ယာပိုင်ရှင် အဖြစ် ပါဝင်နိုင်ပါပြီ"လို့ဆိုပါတယ်။
နွေဦးဘဏ်ဖွင့်လှစ်ရန်အချိန်သုံးမိနစ်သာလိုအပ်ပြီးစကစလက်အောက်ခံဘဏ်တွေမှာ တစ်နှစ်ငွေစုတဲ့ အတိုးနှုန်းဟာဆိုရင် နွေဦးဘဏ်က ပေးတဲ့အတိုးနှုန်း ထက်နည်းပါးတယ်လို့သိရပါတယ်။
========================
📌📌 ၅။ Clean Yangonရဲ့စစ်ဘေးရှောင်သွေးချင်းများအတွက် လိုတရ အစီအစဉ်စစ်ရှောင်စခန်း (၁၅) ခု အိမ်ထောင်စုပေါင်း (၁,၀၁၂) စုကပါဝင်နေ
နိုဝင်ဘာ၆ရက်
Clean Yangonရဲ့စစ်ဘေးရှောင်သွေးချင်းများအတွက် လိုတရ အစီအစဉ်စစ်ရှောင်စခန်း (၁၅) ခု အိမ်ထောင်စုပေါင်း (၁,၀၁၂) စုကပါဝင်နေတယ်လို့ နိုဝင်ဘာ၆ရက်မှာ CleanYangonက အသိပေးဖော်ပြပါတယ်။
"စစ်ဘေးရှောင်သွေးချင်းများအတွက် လိုတရ အစီအစဉ်လေးကို ၂၀၂၄ ခုနှစ် အောက်တိုဘာလမှစတင်ပြီး ဆောင်ရွက်ထားပါတယ်။ ပြည်တွင်း/ပြည်ပ စေတနာရှင်များကိုယ်စား ကျနော်တို့ Clean Yangon မှဆောင်ရွက်နေခြင်းပဲဖြစ်ပါတယ်။ဒီအစီအစဉ်ရဲ့ အဓိက ရည်ရွယ်ရင်းကတော့ အလှူရှင်ကိုပဲ အမြဲတမ်း မျှော်နေစရာမလိုဘဲ ကိုယ့်ခွန်ကိုယ့်အားနဲ့ပါဝင်ဆောင်ရွက်ရင်း စခန်းတွင်းမှာ ရန်ပုံငွေရရှိစေနိုင်ဖို့ပါပဲ။စစ်ဘေးရှောင်စခန်းတွေမှာ နာရေး/သာရေး၊ ရိက္ခာပြတ်လတ်မှု အစရှိသဖြင့် အရေးပေါ်လိုအပ်ချက်တွေရှိလာတဲ့အခါ ဖြေရှင်းနိုင်ကြဖို့အတွက် လိုတရအစီအစဉ်ကို Clean Yangon မှ အကောင်အထည်ဖော်ပေးခြင်းဖြစ်ပါတယ်"လို့ဆိုပါတယ်။
လတ်တလောအနေနဲ့ စစ်ရှောင်စခန်း (၁၅) ခု အိမ်ထောင်စုပေါင်း (၁,၀၁၂) စု၊ လူဦးရေပေါင်း (၄,၅၂၉) ဦးရေဟာ Clean Yangon ရဲ့ လိုတရအစီအစဉ်မှာ လှုပ်ရှားပါဝင်နေကြပြီလိူ့သိရပါတယ်။
========================
📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၂၈) ဦးအထိရှိလာ
နိုဝင်ဘာ၆ရက်
ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ နိုဝင်ဘာလ ၅ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၉၂၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့AAPPကဖော်ပြပါတယ်။
ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၆၃၁) ဦးရှိပြီး ထိုအထဲမှ (၂၁၀၈၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၄၈၈) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ တောင်ကုတ်မြို့နယ်က ပန်းမြောက်တောင် စစ်တပ်အမြောက်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်
နိုဝင်ဘာ၆ရက်
ရခိုင်ပြည်နယ် တောင်ကုတ်မြို့က အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် - စကခ ၅ နဲ့ ၃ မိုင်ကျော်သာဝေးတဲ့ ပန်းမြောက်တောင်ပေါ်က စစ်ကောင်စီအမြောက်တပ်စခန်းကို ရခိုင့်တပ်တော် AA က သိမ်းပိုက်လိုက်ပြီလို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။
ပန်းမြောက်တောင် အမြောက်တပ်ရင်းကို AA က အောက်တိုဘာ ၃၀ ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၃ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်ရရှိခဲ့တာလို့ စစ်ရေးအခြေအနေသိသူတွေရဲ့ အဆိုကိုကိုးကားပြီး Western News က ဖော်ပြပါတယ်။
AA ရဲ့ ထိုးစစ်ကို စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးတွေကြဲပြီးခုခံသလို တောင်ကုတ်မြို့မှာရှိတဲ့ တပ်ရင်းတွေက လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ကူပေးနေတဲ့ကြားက AA က သိမ်းပိုက်လိုက်တာလို့ သိရပါတယ်။
ပန်းမြောက်တောင်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူများပြီး လက်နက်နဲ့တကွ တပ်ပြန်ဆုတ်လာတဲ့သူ တွေလည်းတွေ့ရတယ်လို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။
ပန်းမြောက်တောင် အမြောက်တပ်ရင်း သိမ်းပိုက်ရရှိတာနဲ့ပတ်သက်လို့ AA ဘက်က နိုဝင်ဘာ ၆ ရက်နေ့ မွန်းလွဲပိုင်းအချိန် ထိ ထုတ်ပြန်တာမရှိသေးပေမယ့် နယ်မြေတပ်ဖွဲ့ဝင်တွေကတဆင့် စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုထားတယ်လို့ လည်း Western News က ဖော်ပြထားပါတယ်။
ပန်းမြောက်တောင်နဲ့ စကခ ၅ တပ်ကြားမှာရှိတဲ့ သိမ်တောင်ရပ်ကွက် ဝေဠုဝန်ကျောင်းတိုက်ရှိရာ တောင်ပေါ်မှာ တပ်ဆုတ် လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားပြီး စကခ ၅ တပ်မက တပ်ဖွဲ့ဝင်တွေနဲ့ပူးပေါင်းကာ AA ထိုးစစ်ကို ပြန်လည် တိုက်ခိုက်ဖို့ ခံစစ်ပြင်ဆင်နေတာလည်းရှိတယ်လို့ ဆိုပါတယ်။
လက်ရှိမှာလည်း တောင်ကုတ်မြို့ထဲမှာ အပြစ်မဲ့အရပ်သားပြည်သူ ၆ သောင်းကျော်ပိတ်မိနေပြီး စစ်တပ်က မြို့ပြင်ထွက် ခွင့်မျပးဘဲ လူသားဒိုင်းကာအသုံးပြုနေရာ အရပ်သားအချို့ဟာ လေကြောင်းအန္တရာယ်နဲ့ လက်နက်ကြီးအန္တရာယ်ကနေ ကာကွယ်ရမယ့်အခြေခံအချက်တွေကိုမသိတာ စစ်လက်နက်ပစ္စည်းဆိုင်ရာ အသိပညာအားနည်းတာတွေကြောင့် လေယာဉ် ပျံဝဲနေချိန်မှာ အိမ်အပြင်ထွက်ပြီးကြည့်နေတာတွေရှိနေတဲ့အတွက် လူငယ်တွေကပဲ လေကြောင်းအန္တရာယ် အသိပညာပေး တာတွေ လုပ်ပေးနေရတယ်လို့ သိရပါတယ်။
========================
🚩🚩 ၂။ ပေါက်ခေါင်းမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့သတင်း စုံစမ်းနေတဲ့ သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း
နိုဝင်ဘာ၆ရက်
ပဲခူးတိုင်းအနောက်ခြမ်း ပေါက်ခေါင်းမြို့နယ်မှာ စစ်တပ်အတွက် စစ်သားသစ်စုဆောင်းပြီး တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေ စုံစမ်းနေတဲ့ စစ်တပ်သတင်းပေး ကျော်မင်းထွန်း (ခ) ဖိုးနီ ကို ပစ်ခတ်ရှင်းလင်းတယ်လို့ ပြည်ခရိုင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်းက ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ပေါက်ခေါင်းမြို့နယ် သဖန်းကိုင်းအုပ်စု ကံကလေးရွာက ကျော်မင်းထွန်း (ခ) ဖိုးနီကို ကံကလေးရွာနဲ့ဘန်းမွေးပြန်ရွာကြားမှာ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ ၅ က ပစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပြီး နေရာမှာ တင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ ဆိုပါတယ်။
သေဆုံးသူ ဖိုးနီဟာ အကြမ်းဖက်စစ်ကောင်စီအတွက် စစ်မှုထမ်းစုဆောင်းတာ၊ နွေဦးတော်လှန်ရေး ထောက်ပို့တပ်သားများ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကိုစုံစမ်းပြီး ပေါင်းတလည်ရဲစခန်းမှာ ၃ကြိမ်ထက်မနည်း တိုင်တန်းကာ သတင်းပို့ခြင်း၊ ဒေသပြည်သူ ၂ ဦးကို PDF နဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဓားနဲ့ထိုးခဲ့သူဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျော်မင်းထွန်း (ခ) ဖိုးနီ ကျေးရွာနေပြည်သူတွေကို အချိန်ရှိတိုင်းစိန်ခေါ်လေ့ရှိပြီး "မင်းတို့မှာ PDF အဖွဲ့ရှိသလို ငါ့မှာလည်း ပြည်သူချစ်တဲ့ ဘဘမင်းအောင်လှိုင်ရဲ့ပြည်သူ့စစ်တပ် ရှိတယ်။ တရွာလုံးကိုမီးရှို့ ပြာချပစ်မယ်" ဆိုပြီး ခြိမ်းခြောက်နေသူလည်းဖြစ်တယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းက အသိပေးထား ပါတယ်။
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဘက်က စစ်ရေးအရှိန်မြှင့်ကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ စစ်သား၊ ရဲ၊ ထွေအုပ် စာရေးများ၊အုပ်ချုပ်ရေးမှူးများ၊ပျူစောထီးတပ်ဖွဲ့ဝင်များ၊သတင်းပေးလမ်းပြများကို ပြတ်ပြတ်သားသားအရေးယူ ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုနဲ့နီးစပ်ရာနေရာတွေကို ရှောင်တိမ်းသွားလာနေထိုင်ကြဖို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတိပေးထားပါတယ်။
========================
🚩🚩 ၃။ တအာင်းပြည်အတွင်း တင်သွင်းတဲ့ စားသောက်ကုန်၊ စက်သုံးဆီအမျိုးမျိုးနဲ့ အိမ်သုံးကုန်ပစ္စည်းများအတွက် အခွန် ကင်းလွတ်ခွင့်ပြုမယ်လို့ TNLA ပြော
နိုဝင်ဘာ၆ရက်
တအာင်းပြည်အတွင်းမှာရှိတဲ့ ဒေသနေပြည်သူလူထုရဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တအာင်းပြည်အတွင်း တင်သွင်း လာတဲ့ စားသောက်ကုန်၊ စက်သုံးဆီအမျိုးမျိုးနဲ့ အိမ်သုံးကုန်ပစ္စည်းများအတွက် အခွန်ကင်းလွတ်ခွင့်ပြုမယ်လို့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အကောက်ခွန်ဌာနက ပြောပါတယ်။
တအာင်းပြည်အတွင်းမှာရှိတဲ့ ဒေသနေပြည်သူလူထုရဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ တအာင်းပြည်အတွင်း တင်သွင်းတဲ့ သွင်းကုန်/ပိုကုန်အပေါ် အခွန်ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း အောက်တိုဘာ ၂၅ ရက်နေ့ကတည်းက အသိပေးထုတ်ပြန်ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီအခွန်ကင်းလွတ်ခွင့်မှာ တအာင်းပြည်အတွင်းတင်သွင်းတဲ့ စားသောက်ကုန်ပစ္စည်းများ၊ စက်သုံးဆီအမျိုးမျိုးနဲ့ အိမ်သုံးကုန် ပစ္စည်းတွေသာ အကျုံးဝင်တယ်လို့ သိရပါတယ်။
ပြည်မဒေသဖြစ်တဲ့ မန္တလေးကနေ တအာင်းပြည်အတွင်းကို တင်သွင်းလာတဲ့ သွင်းကုန်တွေဖြစ်တဲ့ စားသောက်ကုန်ပစ္စည်း များ၊ စက်သုံးဆီအမျိုးမျိုး၊ အိမ်သုံးကုန်ပစ္စည်းများနဲ့ တအာင်းပြည်အတွင်း အချင်းချင်း ကူသန်းရောင်းဝယ်တဲ့ သွင်းကုန်/ ပို့ကုန်တွေအပေါ် အခွန်ကောက်ခံမှာမဟုတ်ကြောင်းနဲ့ ဒေသနေပြည်သူလူထုအပေါ် အခွန်ကင်းလွတ်ခွင့်ပေးသွားမယ်လို့ အသိပေးထားပါတယ်။
ဒါပေမဲ့ တအာင်းပြည်နဲ့တရုတ်ပြည်ကြား ကူးသန်းရောင်းဝယ်တဲ့ သွင်းကုန်/ပို့ကုန် ကုန်ပစ္စည်းများနဲ့ တအာင်းပြည်ကနေ ပြည်မဒေသဖြစ်တဲ့ မန္တလေးဘက် တင်ပို့တဲ့ကုန်ပစ္စည်းတွေကိုတော့ PSLF/TNLA အကောက်ခွန်ဌာနအနေနဲ့ အခွန်ကောက်ခံ မှာဖြစ်တယ်လို့ သိရပါတယ်။
========================
🚩🚩 ၄။ ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းပိုင်းက စစ်စခန်း ၂ ခုကို တော်လှန်ရေးတပ်တွေတိုက်ခိုက် စစ်တပ်ဘက်က ၁၀ ဦးခန့်သေဆုံး
နိုဝင်ဘာ၆ရက်
မကွေးတိုင်း ငဖဲမြို့နယ်ထဲက အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီတပ်စခန်း ၂ ခုကို တော်လှန်ရေးတပ် တွေ တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ၁၀ ဦးခန့် သေဆုံးနိုင်တယ်လို့ PRA -မကွေးက ဒီနေ့ နိုဝင်ဘာ ၆ ရက်မှာ ထုတ်ပြန်ပါတယ်။
ငဖဲမြို့နယ် ဂုတ်ကြီးကျေးရွာထိပ် ဘုံဘောလမ်းဆုံနဲ့မိုင်တိုင် ၁၁ မှာရှိတဲ့ အမ်း-ပဒါန်းလမ်းပိုင်းကို လုံခြုံရေးယူထားတဲ့ စစ်ကောင်စီကင်းစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေဖြစ်တဲ့ PRA-မကွေး၊ အရှိုချင်းကာကွယ်ရေးတပ်-ACDF နဲ့ မင်းဘူးခရိုင် အမှတ် ၂ တပ်ရင်းတို့ပူးပေါင်းပြီး မနေ့ နိုဝင်ဘာ ၅ ရက် မနက် ၁၁ နာရီခန်ါမှာ တပြိုင်တည်း စီးနင်းတိုက်ခိုက် ခဲ့တာလို့ သိရပါတယ်။
ဒီတိုက်ပွဲမှာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေနဲ့ တိုက်ပွဲဖြစ်ချိန် နာရီဝက်ခန့်အကြာမှာ စစ်တပ်ဘက်က စစ်ကူတွေရောက် လာပြီး နှစ်ဖက်ပိတ်ဆို့ကာ ညှပ်ပစ်ခတ်တာ နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းက ဟောင်၀စ်ဇာလက်နက်ကြီး တွေနဲ့ ဆက်တိုက်ပစ်ခတ်လာတာတွေကြောင့် အပြီးသတ်ရှင်းလင်းရေးမလုပ်နိုင်တော့ဘဲ တော်လှန်ရေးတပ်တွေ ဆုတ်ခွာခဲ့ ရတယ်လို့ အသိပေးထားပါတယ်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ဒဏ်ရာရသွားသူတွေကို နတ်ရေကန်လမ်းဟောင်း အတိုင်း ကား၊ ဆိုင်ကယ်တွေနဲ့ စစ်တပ်ဘက်က သယ်ထုတ်သွားတယ်လို့ သိရပါတယ်။
တော်လှန်ရေးတပ်ပေါင်းစုတွေအနေနဲ့ ဧရာ၀တီမြစ်အနောက်ဘက်ခြမ်းဒေသတွေကိုထိန်းချုပ်စိုးမိုးနိုင်ဖို့ စစ်ရေးရည်မှန်း ချက်အဖြစ် ဆောင်ရွက်နေတာဖြစ်ပြီး အမ်း-ပဒါန်းလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေးဟာ စစ်ရေးရည်မှန်းချက်ရဲ့ ရှေ့ပြေး လှုပ်ရှားမှုဖြစ်တယ်လို့ တိုက်ပွဲဝင်တော်လှန်ရေးအဖွဲ့တွေက ဆိုပါတယ်။
ဒေသအသီးသီးမှာ စစ်နယ်ဝန်းတိုးချဲ့လာတာနဲ့အတူ တော်လှန်ရေးအင်းအားစုတွေတညီတညွတ်တည်း စုပေါင်းအကောင် အထည်ဖော်သွားမယ်လို့လည်း PRA -မကွေးက ထုတ်ပြန်ထားပါတယ်။
========================
🚩🚩 ၅။ ကန့်ဘလူမြို့နယ်မှာ တပတ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူ အရပ်သား ၁၂ဝ ကျော်ထိရှိ
နိုဝင်ဘာ၆ရက်
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခြင်းခံရတဲ့ အရပ်သားအရေအတွက်ဟာ တပတ်အတွင်း ၁၂ဝ ကျော်အထိရှိလာပြီလို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါ တယ်။
ကာဘိုးအထိုင်စခန်းကထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းအင်အား ၁၆၀ ခန့်ဟာ အောက်တိုဘာ ၃၀ ရက်နေ့က ကျောက်တိုင်နဲ့ ကျီစုကျေးရွာကို မီးရှို့ဖျက်စီးခဲ့ပြီး အိုင်ပေါင်းချောင်ရွာက အပြစ်မဲ့ပြည်သူ ၃၇ ဦးကို ဖမ်းစီးခေါ်ဆောင်သွားခဲ့တယ်လို့ ဆိုပါတယ်။
ဒီစစ်ကြောင်းဟာ နိုဝင်ဘာ ၁ ရက်နေ့မှာလည်း ကာဘိုးတိုက်နယ်အတွင်းက ဝက်တိုးတောင်ရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် ပြည်သူပိုင်နေအိမ် ၁၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ၅ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ အသိပေးပါတယ်။
နိုဝင်ဘာ ၄ ရက်နေ့ မနက်ပိုင်းမှာတော့ ကာဘိုးပျူအထိုင်ကနေ ကား ၃ စီးနဲ့ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ ပါတဲ့ ပူးပေါင်းအင်အား ၁၀၀ ခန့်ဟာ ဘူးကြီးကျေးရွာကို၀င်ရောက်ခဲ့ပြီး ရွာထဲမှာပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူ ၅၀ ဦးနဲ့ ညနေ ၄ နာရီခွဲအချိန်မှာ ကျီကုန်းရွာကိုဝင်ပြီး အပြစ်မဲ့ပြည်သူ ၃၀ ဦးကို အကြောင်းမဲ့ထပ်မံဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဒါကြောင့် အောက်တိုဘာ ၃၀ ကနေ နိုဝင်ဘာ ၄ ရက်နေ့ထိ စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးခံရသူပေါင်း ၁၂၂ ဦးထိ ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။
ဒါ့အပြင် နိုဝင်ဘာ ၅ ရက် ညနေ ၄ နာရီ ဝန်းကျင်မှာလည်း ဇီးကုန်းမြို့ လက်ဆည်ရပ်ကွက်ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့က မီးရှို့ဖျက်စီးသွားတဲ့အပြင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပေမယ့် အသေးစိတ် မသိရသေးတဲ့အတွက် ဆက်လက်စုံစမ်းနေတယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ထုတ်ပြန်ထားပါတယ်။
ကန့်ဘလူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေ စစ်ကြောင်းထိုးနေရာ မလယ်ရွာအထိုင်ကထွက်လာတဲ့ စစ်ကြောင်း၊ ကာဘိုးအထိုင်ကထွက်ပြီး ဇီးကုန်းမြို့ လက်ဆည်ရပ်ကွက် ဘုန်းကြီးကျောင်းမှာ ယာယီတပ်စွဲနေတဲ့စစ်ကြောင်းနဲ့ ကန့်ဘလူ ၆၀၀၆ တကရတပ်ကထွက်လာပြီး နတ်အင်းရွာကို ရောက်နေတဲ့စစ်ကြောင်း စတဲ့စစ်ကြောင်း ၃ ခုနဲ့ စစ်ကြောင်းထိုးနေတာ လို့ သိရပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment