6th NOV 2024 - Morning Daily News by Radio NUG

 


၂၀၂၄ နိုဝင်ဘာလ ၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ယူရဖို့ မဟာမိတ်များနဲ့အတူတူ  ရှာဖွေနေကြတယ်လို့  NUG နိုင်ငံခြားရေးဝန်ကြီး သတင်းစကားပါး

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် ဆွေးနွေး

📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ

📌 ၄။နဲ့ မိုင်းလား တရုတ် - မြန်မာ နယ်စပ်တွင် လူတစ်ယောက်ကို အကန့်အသတ်နှင့် ဈေးဝယ်ယူနေရ

📌 ၅။ ၁၀ လအတွင်း ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၆) ဦးနှင့် အမျိုးသား (၂၅၀) ဦး စုစုပေါင်း (၃၇၆) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဟု CNF ပြောကြား

🚩 ၂။ KNDF ၆၀၆ တပ်ရင်း ရဲဘော်ဓာတ်ပုံများအသုံးပြု၍ လိမ်လည်မှုများ ရှိနေတယ်လို့ သတိပေး

🚩 ၃။ သာစည်ရဲကင်းကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု ရှိနိုင်

🚩 ၄။ လမ်းကင်းယူရန် Jammer ကားဖြင့် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရ

🚩 ၅။ လားရှိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်

🚩 ၆။ နောင်ချိုတွင် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့

🚩 ၇။ ပုလဲမြို့နယ်တွင်း စကစ မှ  လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်

🚩 ၈။ တန့်ဆည် အနောက်ခြမ်း ဇီးပေါက်ရွာ ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်မှု ပြုလုပ်ခဲ့

🚩 ၉။ ဖယ်ခုံမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ

🚩 ၁၀။ PDF ရဲဘော်တဦး စတားလင့် လုံးဖြင့် အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ယူရဖို့ မဟာမိတ်များနဲ့အတူတူ  ရှာဖွေနေကြတယ်လို့  NUG နိုင်ငံခြားရေးဝန်ကြီး သတင်းစကားပါး


နိုဝင်ဘာ

Radio NUG

စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ဆောက်ယူရဖို့ မဟာမိတ်များနဲ့အတူတူ  ရှာဖွေနေကြတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုဝင်ဘာ၅ရက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) , ကရင်အမျိုးသားအစည်းအရုံး(KNU) , ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) , ချင်းအမျိုးသားတပ်ဦး(CNF) တို့၏ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ သတင်းစကားပါး ပြောပါတယ်။


"ဒီနေ့ ပူးတွဲသတင်းစာရှင်းလင်းပွဲကနေ ပြည်သူလူထုကို တင်ပြလိုတဲ့ သတင်းစကားက စစ်အာဏာရှင်စနစ် အဆက်ဆက်အောက်မှာ ပျောက်ဆုံးခဲ့ရတဲ့ ကျွန်မတို့ တိုင်းပြည်ရဲ့ စုစည်းညီညွတ်မှုနဲ့ ဂုဏ်သိက္ခာကို ကျွန်မတို့ ဘယ်လိုအခြေခံနဲ့ ပြန်လည်တည်ဆောက်ယူရမလဲ ဆိုတဲ့အဖြေကို ကျွန်မတို့ဟာ မဟာမိတ်များနဲ့အတူတူ  ရှာဖွေနေကြတယ်ဆိုတဲ့ သတင်းစကားပဲ ဖြစ်ပါတယ်" လို့ ဝန်ကြီးက ပြောပါတယ်။


လက်ရှိမှာ နိုင်ငံတကာက မြန်မာပြည်အရေးကို ပုံစံအမျိုးမျိုးနဲ့ ချဥ်းကပ်တဲ့အခါ မတူညီမှုအပေါ်မှာ စစ်တပ်အတွက် အခွင့်အရေးရပြီး စစ်တပ်က တစ်နိုင်ငံလုံးကို ဗြောင်းဆန်အောင် သောင်းကျန်းနေတယ်လို့ KNUဗဟိုမှ အထွေထွေအတွင်းရေးမှူး ပဒိုတာဒိုမူးကလည်း ပြောဆိုခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် ဆွေးနွေး


နိုဝင်ဘာ

Radio NUG

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များ နိုဝင်ဘာလ ရက်နေ့၊ နာရီအချိန်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ၍ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) အပေါ်တွင် ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်က နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ဆောင်ရွက်ပြီးစီးခဲ့သော လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ယူနစ်လွှတ်တော်ဥက္ကဋ္ဌ ဦးမြင့်ထွေးက ရှင်းလင်းပြောကြားခဲ့ပါတယ်။


ယင်းနောက်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း)အပေါ်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီမှ တက်ရောက်လာသူများက  သုံးသပ်အကြံပြုမေးမြန်းကာ ယူနစ်လွှတ်တော် ကိုယ်စားလှယ်များဘက်မှလည်း ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ ဥပဒေရေးရာကော်မတီနှင့် ဖက်ဒရယ်ရေးရာကော်မတီတို့မှ အဖွဲ့ဝင်များ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်ဘက်မှ ယူနစ်လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေး ကျင်းပ


နိုဝင်ဘာ

Radio NUG

မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီအစည်းအဝေးကို (နိုဝင်ဘာလ ရက်) မှာ Zoom Platform မှတဆင့် ကျင်းပခဲ့ကြပါတယ်။ 


အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၈၇%) တက်ရောက်ခဲ့ကြပါတယ်။


ဒီအစည်းအဝေးမှာ အစီအစဉ် () အနေနဲ့ ကော်မတီရဲ့ ဝင်စာ၊ ထွက်စာတို့အပေါ် ဆွေးနွေးခဲ့ပြီး အစီအစဉ် () အနေနဲ့ ကော်မတီရဲ့ ပထမလ အစီရင်ခံစာ (မူကြမ်း) အပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ 


အစီအစဥ် () အနေနဲ့ ချိတ်ဆက်ညှိနှိုင်းရေးအတွက် တွေ့ဆုံရမယ့် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးကိစ္စကို ဆွေးနွေးခဲ့ကြပါတယ်။


အဲ့ဒီနောက်မှာ အစီအစဉ် () အနေနဲ့  မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။နဲ့ မိုင်းလား တရုတ် - မြန်မာ နယ်စပ်တွင် လူတစ်ယောက်ကို အကန့်အသတ်နှင့် ဈေးဝယ်ယူနေရ


နိုဝင်ဘာ  

Radio NUG 


ရှမ်းမြောက် နယ်စပ်ဂိတ်တွေ အားလုံးကို တရုတ်ဘက်က ကုန်စည်တင်သွင်းခွင့် ကန့်သတ်ပိတ်ပင်လိုက်ပြီးနောက် UWSA ထိန်းချုပ်ထားတဲ့ "" ဒေသနဲ့ မိုင်းလား အထူးဒေသ () နယ်စပ်ဂိတ်တွေမှာ တရုတ်ဘက်က အသီးအရွက်တွေ ဈေးတစ်ခြင်းစာရဖို့်အတွက် တန်းစီ ဝယ်ယူနေကြတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။


တရုတ်ပြည် အစိုးရအနေနဲ့ ကုန်ပစ္စည်းအပြင် အသီးအရွက်တွေထိပါ ဝယ်ယူခွင့် ကန့်သတ်လိုက်တာဟာ  ညီနောင်မဟာမိတ်ထံ ကုန်ပစ္စည်းတွေ နည်းလမ်းအမျိုးမျိုးနဲ့ ရောက်ရှိမှာကို မလိုလားတာကြောင့် အခုလို တင်းကြပ်ထားတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။


ဒါ့အပြင် မိုင်းလား၊ တာ့လော့ (ကိုမုန်း) မှာလည်း  တရုတ်ဘက်က ဟင်းသီး၊ ဟင်းရွက်အပြင် အသား၊ ငါးတွေကို အကန့်အသတ်နဲ့ ဝယ်ယူနေရတယ်လို့ သိရပါတယ်။


တရုတ်နိုင်ငံဟာ ၁၀၂၇ စစ်ဆင်ရေးအတွင်း တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေရှိတဲ့ ဒေသတွေဘက်ကို စားသောက်ကုန်၊ စက်သုံးပစ္စည်း၊ ဆေးဝါးပစ္စည်း၊ လျှပ်စစ်ပစ္စည်းနဲ့ ဆောက်လုပ်ရေး ပစ္စည်းတို့ကို တင်သွင်းခွင့် ကန့်သတ်ပိတ်ပင်ထားသလို ဖြတ် ဖြတ်ဖြစ်တဲ့ ရေ၊ မီး၊ ဆေးဝါး၊ စားသောက်ကုန်နဲ့ လက်နက် ခဲယမ်း သယ်ဆောင်ခွင့်တွေကိုပါ ဖြတ်တောက်ခဲ့ပါတယ်။


========================


📌📌 ၅။ ၁၀ လအတွင်း ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၆) ဦးနှင့် အမျိုးသား (၂၅၀) ဦး စုစုပေါင်း (၃၇၆) ဦး သေဆုံးခဲ့


နိုဝင်ဘာ

Radio NUG


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ အောက်တိုဘာလ ၃၁ ရက်နေ့အထိ ရခိုင်ပြည်နယ်၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၂၆) ဦးနှင့် အမျိုးသား (၂၅၀) ဦး စုစုပေါင်း (၃၇၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၄) ဦး ပါဝင်တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ (၃၇၆) ဦးအနက် (၁၅၉) ဦးမှာ  စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ပြီး  (၁၀၉) ဦးမှာ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ပါတယ်။


အောက်တိုဘာလ ၃၀ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မောင်းကျေးရွာနှင့် မီးချောင်းထိုးကျေးရွာများကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် မောင်းကျေးရွာနေ အသက် ၁၈ နှစ်အောက် ကလေးငယ် နှစ်ဦးအပါအဝင် ဒေသခံ ငါးဦးမှာ ဗုံးစထိမှန်၍ သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဟု CNF ပြောကြား


နိုဝင်ဘာ  

Radio NUG 


၂၀၂၄ခုနှစ် နိုဝင်ဘာလ()ရက်နေ့တွင် ပြုလုပ်သည့် EAOs များနှင့်အတူ NUG သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီ၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ ဆက်လက်တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး (CNF)မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားခဲ့ပါတယ်။


မင်းအောင်လှိုင်ရဲ့ နိုင်ငံရေးပြဿနာက စစ်အာဏာသိမ်းခြင်းကို လက်မခံနိုင်တဲ့ လက်နက်ဆွဲကိုင်ခြင်းက နိုင်ငံရေးပြဿနာလို့ ပြောပါတယ်။ အဲဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီးတော့ ရွေးကောက်ပွဲဝင်ဖို့ နိုင်ငံရေးပါတီတည်ထောင်ဖို့ ကမ်းလှမ်းနေတာ ဖြစ်ပါတယ်။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် ယနေ့ နိုင်ငံရေးပြဿနာဟာ စစ်အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖြစ်တဲ့အတွက် ဒီကမ်းလှမ်းချက်က လက်ခံနိုင်စရာမရှိဘူးလို့ ပြောလိုပါတယ်။ဟု ပြောဆိုခဲ့ပါတယ်။


ထို့ကြောင့် ရပ်တည်ချက်၊ ယုံကြည်ချက်အတွက် အားကောင်းမောင်းသန်နှင့် ပိုပြီး တိုက်ပွဲဝင်မည်ဖြစ်သည်ဟုလည်း ဆိုထားပါတယ်။


စစ်ကောင်စီရဲ့ လုပ်ရပ်မှန်သမျှက လုံးဝဆွေးနွေးနိုင်စရာမရှိဘူး။ စစ်ကောင်စီရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအောက်ကလုပ်တဲ့ဟာသမျှကတော့ ကျွန်တော်တို့က အပြတ်သတ် ငြင်းပယ်တယ်။ ဆွေးနွေးနိုင်စရာ  အကြောင်းမရှိဘူး။ဟု ဆလိုင်းထက်နီက ဆက်လက်ပြောပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ နိုင်ငံရေးမှာ စစ်တပ်အာဏာ ကင်းစင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲနိုင်ဖို့ ကနဦး ကျွန်တော်တို့ စစ်အာဏာရှင်စနစ်ကို အပြတ်တိုက်နေတာ ဖြစ်ပါတယ်။ဟု ဆလိုင်းထက်နီ ဆိုထားပါတယ်။


========================


🚩🚩 ၂။ KNDF ၆၀၆ တပ်ရင်း ရဲဘော်ဓာတ်ပုံများအသုံးပြု၍ လိမ်လည်မှုများ ရှိနေတယ်လို့ သတိပေး


နိုဝင်ဘာ

Radio NUG

KNDF ၆၀၆ တပ်ရင်း ရဲဘော်ဓာတ်ပုံများ အသုံးပြု၍ လိမ်လည်မှုများ ရှိနေတယ်လို့ နိုဝင်ဘာ ရက် KNDF ဒုစစ်ဦးစီးချုပ် မာဝီက ဆိုရှယ်မီဒီယာမှာ အသိပေးဖော်ပြထားပါတယ်။


"အသိပေးပါရစေ (၆၀၆ တပ်ရင်းက ရဲဘော်တွေ အလှူလုံးဝ မခံပါ။ ကျွန်တော်တို့တပ်ဖွဲ့ရဲ့ ရဲဘော်တွေပုံသုံးပြီး ငွေလိမ်စားနေတဲ့သူတွေ ရှိနေပါတယ်။ တစ်ယောက်ယောက်က အလှူလာခံရင် သို့မဟုတ် ဘာအတွက်ပါဆိုပြီး ငွေတောင်းရင် တန်းမပေးပါနဲ့။ တပ်ဖွဲ့ ဌာန တပ်ရင်းနံပါတ်မေးပါ နာမည်မေးပါ ကိုယ်ပိုင်နံပါတ်မေးပါ။ သူပြောတဲ့ သတင်းအချက်အလက်နဲ့ သက်ဆိုင်ရာ တပ်ရင်းကို စုံစမ်းပေးပါ" လို့ ဆိုထားပါတယ်။


မသင်္ကာတာရှိရင် ချက်ချင်းသက်ဆိုင်ရာကို အကြောင်းကြားပေးဖို့နဲ့ KNDF ၆၀၆ တပ်ရင်းက အပြင်မှာ အလှူခံခြင်း လုံးဝ မလုပ်ဆောင်ဘဲ စစ်ဦးစီးတပ် ဖြစ်တဲ့အတွက် စစ်ဦးစီးရုံးကနေပဲ ရံပုံငွေကိစ္စ လုပ်ဆောင်တယ်လို့ ဆိုပါတယ်။


လိမ်လည်သူကို သိရှိရပါကလည်း ထိရောက်စွာ အရေးယူမယ်လို့ ဆိုထားပါတယ်။


========================


🚩🚩 ၃။ သာစည်ရဲကင်းကို အင်အားဖြည့်လာတဲ့ စစ်ကောင်စီ ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ထိခိုက်ကျဆုံးမှု ရှိနိုင်


နိုဝင်ဘာ  

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့၊ သာစည် ရဲကင်းကို အင်အားဖြည့် ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်း အဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်ကျဆုံးမှု ရှိနိုင်တယ်လို့ Snipe Rangers Force (Local - PDF)

က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့၊ နေ့လည် နာရီခွဲ အချိန်မှာ အရာတော် သစ်ကျင်းကြီးကနေ ထွက်လာတဲ့ စစ်ကောင်စီ ပူး‌ပေါင်းအင်အား ၁၃၀ ဝန်းကျင်ကို သာစည်ရဲကင်းအရောက်မှာ ၆၀ မမ လက်လုပ် လုံးနဲ့ အစစ် လုံး ပေါင်း လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း ရဲစခန်းထဲကို လုံးနဲ့  ညောင်ပင်အောက်မှာ လုံး ကျရောက် ပေါက်ကွဲခဲ့ပြီး လုံးမှာ Error တက်ပြီး ပေါက်ကွဲခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Snipe Rangers Force (Local - PDF) Hero Brother Monywa (Local - PDF) BLACK DRAGON Monywa (Local - PDF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ လမ်းကင်းယူရန် Jammer ကားဖြင့် ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ဦး ဒဏ်ရာရ


နိုဝင်ဘာ  

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မြပုလဲ အထိုင်ဂိတ်စခန်းကနေ လမ်းကင်းယူရန် Jammer ကားနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ဗိုလ် ဦး အပါအဝင် ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ Brave Heart Army က သတင်းထုတ်ပြန် ထားပါတယ်။


နိုဝင်ဘာလ ရက် မနက် နာရီခွဲဝန်းကျင်မှာ အင်အား ၂၀ ခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့ကို M 18 မိုင်း လုံး ပွိုင့်ဖြင့် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်အဆင့် ဦး အပါအဝင် ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့အတွင်း သတင်းပေးပို့ချက်အရ သိရကြောင်း ဖော်ပြထားပါတယ်။


တိုက်ခိုက်မှုအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်ဘက်က ၆၀ မမ လက်နက်ကြီး လုံးနဲ့ လက်နက်ငယ်များ ပြန်လည်ပစ်ခတ် ခဲ့ပေမယ့် အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို Brave Heart Army - BHA Myaung Revolution Army - MRA နဲ့ Chindwin Fighter Group - CFG တို့မှ ရဲဘော်များ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၅။ လားရှိုးမြို့အနီးရှိ ကျေးရွာများကို စစ်တပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာ ရက်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းစစ်တပ်သည် လားရှိုးမြို့အနီးရှိ ကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


မယ်ဟန်မြို့နယ်နှင့် ရပ်ကွက် ၁၂ ဟတ်ကာကျေးရွာသို့ နံနက် ၀၀ နာရီ ၄၄ မိနစ်နှင့် ၀၀ နာရီ ၄၉ မိနစ်တို့တွင် ဗုံး လုံး အသီးသီး ကြဲချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများ ထိခိုက်မှု မရှိခဲ့သော်လည်း နေအိမ်အများအပြား၊ အများပြည်သူပိုင် နေရာများ၊ လမ်းများနှင့် လျှပ်စစ်ဓာတ်ကြိုးများ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ နောင်ချိုတွင် စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ် အများအပြား ပျက်စီးခဲ့


နိုဝင်ဘာ  

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ် TNLA တပ်မဟာ ထိန်းချုပ်နယ်မြေ၊ မြောင်ဇီးရွာတွင် စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံနေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA က သတင်းထုတ်ပြန် ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် အစောပိုင်း နာရီ၊ နာရီ ၃၇ မိနစ် နဲ့ ညနေ နာရီ ၃၉ မိနစ်တို့တွင် ဂျက်ဖိုက်တာဖြင့် မြောင်ဇီးရွာကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။


အလားတူ မနက် ၁၀ နာရီကနေ ၁၁ နာရီခွဲထိ ဘန့်ဘွေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးသီး ၂၀ ကျော် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဆမ္မဆယ် ကျေးရွာက ဒေသခံနေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရပါတယ်။


ထို့အပြင် နိုဝင်ဘာ ရက်နေ့ကလည်း ဘန့်ဘွေးရွာ အခြေစိုက် စစ်ကောင်စီ တပ်က ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် ဆမ္မဆယ်ရွာက ဒေသခံ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။


ထိုအပြင် နိုဝင်ဘာလ()ရက်နေ့တွင်လည်း ဘန့်ဘွေးကျေးရွာရှိ စစ်ကောင်စီတပ်မှ ပြည်သူများကို ဦးတည်ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ဆမ္မဆယ်ကျေးရွာ ဒေသခံနေအိမ်()လုံး ထိခိုက်ပျက်စီးခဲ့သည်။ 


ပြီးခဲ့တဲ့ နိုဝင်ဘာလ ရက်နေ့ကလည်း နောင်ချိုမြို့နယ် ဘူတာရပ်ကွက် () ကတ္တီပင် ဘုန်းကြီးကျောင်းအနီးကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ ဗုံး လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ နေအိမ် လုံး ပျက်စီးဆုံးရှုံး ခဲ့ရပါသေးတယ်။


========================


🚩🚩 ၇။ ပုလဲမြို့နယ်တွင်း စကစ မှ  လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာလ ရက်နေ့ နေ့လယ် :၁၅ နာရီခန့်အချိန်တွင်  ပုလဲမြို့နယ် အိုင်းမကျေးရွာအား အကြမ်းဖက်စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသမီး ၂ဦး  (အသက် ၇၀ နှစ်ခန့်နှင့် ၂၅ နှစ်ခန့်) နှင့် အမျိုးသား အသက် ၄၀ခန့် () ဦးတို့ သေဆုံးပြီး၊ ()ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်မှ သတင်းထုတ်ပြန်ပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် :၀၀နာရီ အချိန်ခန့်တွင်လည်း ပုလဲမြို့ပေါ်ရှိ စကစ အကြမ်းဖက်များက လက်နက်ကြီးနှင့် ပစ်ခတ်သောကြောင့် အလယ်ဘုံကျေးရွာ ဘုန်းကြီးကျောင်းဝန်းအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျောင်းနေ အသက် (၄၀)နှစ်ခန့် ဝေယျာဝစ္စပြုလုပ်နေသူ အမျိုးသား  () ဦး သေဆုံးခဲ့ပြီး ဘုန်းကြီးကျောင်းလည်း အများအပြား ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၈။ တန့်ဆည် အနောက်ခြမ်း ဇီးပေါက်ရွာ ပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်မှု ပြုလုပ်ခဲ့


နိုဝင်ဘာ  

Radio NUG


စစ်ကိုင်းတိုင်း၊ ရေဦးခရိုင်၊ တန့်ဆည်မြို့ အနောက်ဘက်ခြမ်းက ဇီးပေါက်ရွာက ပြည်သူများကို ပစ်မှတ်ထားပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ စီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ People's defense comrade က သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ နိုဝင်ဘာလ ရက်နေ့ နာရီနဲ့ ၁၀ နာရီ ၃၈ မိနစ်မှာ MiG-29 ဂျက်ဖိုက်တာ စီး ဖြင့် ပေါင် ၅၀၀ ဗုံးများ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ၁၀ နာရီ ၅၅ မိနစ်ခန့် မှာလည်း MiG-29 တစီး ဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇီပေါက်ရွာက စာသင်ကျောင်းဆောင်၊ သာသနိက အဆောက်အအုံနဲ့ ပြည်သူပိုင် နေအိမ် လုံးတို့ကို ထိခိုက်ပျက်စီးခဲ့ကာ ကျွဲ နွား တိရိစ္ဆာန် တချို့လည်း ထိမှန်သေဆုံး ခဲ့ရတယ်လို့ သိရပါတယ်။


ထို့ပြင် နိုဝင်ဘာ ရက်နေ့ ညနေ နာရီ ဝန်းကျင်မှာလညး ကန့်ဘလူနယ်၊ ကာဘိုး အထိုင်စခန်းမှ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့ဟာ ဇီးကုန်းမြို့ပေါ်က လက်ဆည် ရပ်ကွက်ကိုလည်း မီးရှို့ဖျက်ဆီးနေကြတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၉။ ဖယ်ခုံမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ


နိုဝင်ဘာ  

RadioNUG 


ရှမ်းပြည်နှင့် ကရင်နီပြည်အစပ် ဖယ်ခုံမြို့နယ်မှာ နိုဝင်ဘာလအတွင်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုနဲ့ ထိုးစစ်ဆင်မှုတွေကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


နိုဝင်ဘာ ၄ရက် ညနေပိုင်းအထိ ဖယ်ခုံနဲ့ မိုးဗြဲမြို့ပေါ် ရပ်ကွက်များ၊ ရွှေပြည်အေးနဲ့ ကသဲရွာကိုလည်း လေကြောင်းတိုက်ခိုက်ခဲ့ပြီး ဝါရီဆူးပလိုင် ကျေးရွာမှာလည်း အင်အား ၄၀ ခန့် တပ်စွဲထားတယ်လို့ သိရပါတယ်။


ဖယ်ခုံနယ်ခံတွေဟာ အကြိမ်ကြိမ် စစ်ရှောင်ခဲ့ရပြီး လက်ရှိမှာ လမ်းတွေ ပိတ်ဆို့ထားတာကြောင့် နီးစပ်ရာ စစ်ဘေးရှောင်စခန်းတွေနဲ့ တောတောင်နေရာတွေမှာသာ စုပေါင်းခိုလှုံနေကြရတယ်လို့ သိရပါတယ်။


ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ဖယ်ခုံ - မိုးဗြဲလမ်း၊ ပင်လောင်း - လွယ်ကော်လမ်း၊ ကသဲကွင်းလမ်းဆုံတို့ကို တော်လှန်ရေးအင်အားစုတွေက ပိတ်ထားပြီး ၁၀ ရက်အတွင်း တိမ်းရှောင်ကြဖို့ သတိပေးထားပါတယ်။


========================


🚩🚩 ၁၀။ PDF ရဲဘော်တဦး စတားလင့် လုံးဖြင့် အလင်းဝင်လာကြောင်း စစ်ကောင်စီ ဝါဒဖြန့်


နိုဝင်ဘာ  

Radio NUG


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် အတွင်းရှိ PDF တပ်ရင်း၊ တပ်ဖွဲ့တခုမှ ရဲဘော်တဦး စတားလင့် လုံးနဲ့ အလင်းဝင်လာခဲ့ကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ဝါဒဖြန့် တယ်လီဂရမ် စာမျက်နှာများမှာ ရေးသားဖော်ပြနေပါတယ်။


ဖြစ်စဉ် အမှန်မှာ ပြီးခဲ့တဲ့ တလခန့်က ချင်းအမျိုးသား ကယ်ရီသမား တဦးဟာ စတားလင့် လုံးဖြင့် လမ်းမှားပြီး ဂန့်ဂေါမြို့ထဲ ဖြတ်သန်းမိရာမှ သိသိချင်း ပြန်လှည့်ဖို့ ကြိုးစားခဲ့ပေမယ့် စိုင်းဒူး ရွာဘက်က စစ်ကောင်စီဂိတ်တွင် ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။


၎င်းယူဆောင်လာတဲ့ စတားလင့် လုံးနဲ့အတူ ဂန့်ဂေါမြို့ရှိ ခလရ ၅၀ တပ်အတွင်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး စစ်ဆေးမေးမြန်းခဲ့ရာ PDF မဟုတ်ဘဲ အခကြေးငွေယူပြီး ပို့ဆောင်ပေးတဲ့ ကယ်ရီသမားတဦးသာ ဖြစ်ကြောင်း ပြောဆိုခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ ၎င်းကယ်ရီသမားက ဆိုပါတယ်။


လွန်ခဲ့တဲ့ တလကျော်ထဲက အဆိုပါ ချင်းအမျိုးသားအား ပြန်လွှတ်ပေးခဲ့တာဖြစ်ပြီး စတားလင့် လုံးကို သိမ်းယူထားခဲ့ကာ ယခုအချိန်မှ စိတ်ဓါတ်စစ်ဆင်ရေး အနေဖြင့် ဝါဒဖြန့်နေတာ ဖြစ်တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံခဲ့ရသူ ချင်းအမျိုးသားဟာလဲ လုံခြုစိတ်ချရတဲ့ နေရာမှာ ရောက်ရှိနေပြီ ဖြစ်တယ်လို့ ယောအလင်းတန်း က ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment