7th NOV 2024 - Evening Daily News by Radio NUG


၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်ရွေးကောက်ပွဲအနိုင်ရDonaldTrumpကို ယာယီသမ္မတဒူဝါလရှီးလမှဂုဏ်ယူပြီး ခိုင်မာတဲ့ဆက်ဆံရေးသွားဖို့မျှော်လင့်

📌 ၂။ ရွေးကောက်ပွဲအနိုင်ရသည့် အမေရိကန်သမ္မတသစ်ကို ဂုဏ်ယူကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ၃။ အမေရိကန်အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်ပြောကြား

📌 ၄။ ပဲခူးတိုင်း အရှေ့ခြမ်းက ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲများ ကျင်းပခဲ့

📌 ၅။မင်းဘူးခရိုင်အမှတ်၇တပ်ရင်းရဲ့ပြည်သူမေတ္တာ သိန်း (၇၀၀)ကမ်ပိန်း ကျပ်သိန်း (၂၇၀) ဝန်းကျင်ရရှိထား


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။စစ်စခန်းကုန်းကို တိုက်ခိုက်နေတဲ့ BPDF က CDM ရဲတဦး ကျန်းမာရေးအခြေအနေကြောင့် ကျဆုံး

🚩၂။တရွာကို ၃ယောက် တပ်သားသစ်စုဆောင်းပေးဖို့နဲ့ လူမပေးနိုင်ရင် တပ်သားသစ်တဦးအတွက် ၆၃ သိန်းပေးဖို့ အမိန့်ပေးတဲ့ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူမယ်လို့ ဝေါပကဖက သတိပေး 

🚩၃။ တောင်ကုတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်နဲ့ထွက်ပြေး

🚩၄။ ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာမှာတပ်စွဲနေတဲ့ စစ်တပ်စခန်းတိုက်ခိုက်ရာ စစ်သားနဲ့ပျူတွေအထိနာပြီး ထွက်ပြေး

🚩 ၅။ ရေစကြို ပကဖ က ပထမဆုံးအကြိမ် သင်တန်းသားသစ်တွေခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ အမေရိကန်ရွေးကောက်ပွဲအနိုင်ရDonaldTrumpကို ယာယီသမ္မတဒူဝါလရှီးလမှဂုဏ်ယူပြီး ခိုင်မာတဲ့ဆက်ဆံရေးသွားဖို့မျှော်လင့်


နိုဝင်ဘာ၇ရက်


အမေရိကန်ရွေးကောက်ပွဲအနိုင်ရDonaldTrumpကို ယာယီသမ္မတဒူဝါလရှီးလမှဂုဏ်ယူပြီး ခိုင်မာတဲ့ဆက်ဆံရေးသွားဖို့မျှော်လင့်တယ်လို့ နိုဝင်ဘာ၆ရက်မှာ ၎င်း၏Twitter မှတစ်ဆင့်ရေးသားဆိုထားပါတယ်။

"သင်၏ ရွေးကောက်ပွဲအောင်ပွဲအတွက်DonaldTrump အား ဂုဏ်ပြုပါတယ်။ မင်းရဲ့ခေါင်းဆောင်မှုဆီပြန်ရောက်တာနဲ့ အရေးကြီးပြီး ခိုင်မာတဲ့ဆက်ဆံရေးကို ဆက်သွားဖို့ ငါတို့မျှော်လင့်နေပါတယ်"လို့ဆိုထားပါတယ်။အမေရိကန်သမ္မတလောင်း DonaldTrumpဟာ နိုဝင်ဘာ၆ရက်နေ့က အမေရိကန်နိုင်ငံရွေးကောက်ပွဲမှာ သာလွန်မဲအရေအတွက်နဲ့အနိုင်ရရှိခဲ့ပါတယ်။


========================


📌📌 ၂။ ရွေးကောက်ပွဲအနိုင်ရသည့် အမေရိကန်သမ္မတသစ်ကို ဂုဏ်ယူကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးပြော


နိုဝင်ဘာ၇ရက်


ရွေးကောက်ပွဲအနိုင်ရသည့် အမေရိကန်သမ္မတသစ်ကို ဂုဏ်ယူကြောင်း NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ၎င်း၏ဆိုရှယ်မီဒီယာမှတစ်ဆင့် ၇ေးသားထားပါတယ်။ 

"ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဒါဟာ ဒီမိုကရေစီရဲ့ အလှပါပဲ။ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲရလဒ်ကို လက်ခံပါ။ လေးစားလျှက် ဒုတိယသမ္မတ။ ဂုဏ်ယူပါတယ် ရွေးကောက်ခံသမ္မတ Donald Trump"လို့ပြောကြားထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံခြားရေးမူဝါဒမှာ လွတ်လပ်တက်ကြွ၍ ဘက်မလိုက်သောနိုင်ငံရေးမူဝါဒကိုကျင့်သုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ အမေရိကန်အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်ပြောကြား


နိုဝင်ဘာ၇ရက်


အမေရိကန်အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်က နိုဝင်ဘာ၇ရက်မှာ ဆိုရှယ်မီဒီယာကနေ သုံးသပ်ပြောကြားထားပါတယ်။

"ကျမရဲ့ မြန်မာမိတ်ဆွေများဟာ အမေရိကန်အုပ်ချုပ်ရေးအသစ်က မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အနာဂတ်မှာ ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲဆိုတာစိတ်ဝင်စားနေကြတယ်။ အထူးသဖြင့် လက်ရှိဒီမိုကရေစီရရှိရေး ကြိုးပမ်းနေမှုအပေါ် အစိုးရအသစ်ရဲ့သဘောထားက ဘယ်လိုသက်ရောက်မှုရှိလာမလဲဆိုတာကိုပေါ့၊ သမိုင်းကြောင်းအရ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်မူဝါဒဟာ အင်အားကြီး ပါတီနှစ်ခုလုံးရဲ့ အထောက်အပံ့ကို ရရှိဖူးပြီး မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးအပေါ် ကတိကဝတ်ပြုလာခဲ့တာကြောင့် ဒီအတွက် တည်ငြိမ်မှုရှိတယ်။ အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းအသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့သုံးသပ်မိပါတယ်"လို့ပြောပါတယ်။

မြန်မာအရေးကိုအမေရိကန်အစိုးရ ကူနိုင်မှုအားမြန်မာပြည်သူများကလည်းမျှော်လင့်လျက်ရှိပါတယ်။


========================


📌📌 ၄။ ပဲခူးတိုင်း အရှေ့ခြမ်းက ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲများ ကျင်းပခဲ့


နိုဝင်ဘာ၇ရက်

ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ ထိန်းချုပ်တဲ့ ပဲခူးတိုင်း အရှေ့ခြမ်းက ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲကျင်းပခဲ့တယ်လို့ အမှတ် () စစ်ဒေသခွဲ သတင်းစာမျက်နှာမှာ ဖော်ပြထားပါတယ်။PDF တွေဟာ ပဲခူးတိုင်းအရှေ့ခြမ်းနယ်မြေတွေမှာ စစ်ရေးအခြေနေများကို တိုးမြှင့်ဆောင်ရွက်လျှက်ရှိသလို ဒေသခံပြည်သူများ ငြိမ်းချမ်းစွာ နေထိုင်နိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက်လျှက်ရှိတာကို တွေ့ရပါတယ်။ ဒီအချက်ဟာ PDF တွေရဲ့ နယ်မြေစိုးမိုးမှုကို ပြသနေတယ်လို့လည်း PDF Insight ကသုံးသပ်ထားပါတယ်။


========================


📌📌 ၅။မင်းဘူးခရိုင်အမှတ်၇တပ်ရင်းရဲ့ပြည်သူမေတ္တာ သိန်း (၇၀၀)ကမ်ပိန်း ကျပ်သိန်း (၂၇၀) ဝန်းကျင်ရရှိထား


နိုဝင်ဘာ၇ရက်


မင်းဘူးခရိုင်အမှတ်၇တပ်ရင်းရဲ့ပြည်သူမေတ္တာ သိန်း (၇၀၀)ကမ်ပိန်း ကျပ်သိန်း (၂၇၀) ဝန်းကျင်ရရှိထားတယ်လို့ နိုဝင်ဘာ၇ရက်မှာ မင်းဘူးခရိုင်အမှတ်၇တပ်ရင်းက တရားဝင်အသိပေးဆိုပါတယ်။

"ပြည်သူမေတ္တာ သိန်း (၇၀၀)"ကမ်ပိန်းရဲ့ သတ်မှတ်ကာလ နိုဝင်ဘာလ (၁၅) ရက်ကိုရောက်ဖို့ () ရက်သာလိုပါတော့တယ်။ ခုချိန်ထိ ကျပ်သိန်း (၂၇၀) ဝန်းကျင်ရရှိထားပါပြီ။ ဒါဟာ အားလုံးရဲ့ပါဝင်မှုကြောင့်သာဖြစ်ပါတယ်။ ကျန်တဲ့ () ရက်မှာ ကျွန်တော်တို့မျှော်မှန်းတဲ့ ကျပ်သိန်း (၇၀၀) ပြည့်နိုင်မလား ဆိုတာ သံသယမရှိပါဘူး။ နောက်ဆုံးပန်းဝင်ခါနီးအချိန်ထိ မျှော်လင့်ချက်ရှိပါတယ်။ အတူဝိုင်းရုန်းပေးကြရင် () ရက်အတွင်းလည်းဘာမဆိုဖြစ်သွားနိုင်ပါတယ်"လို့ဆိုပါတယ်။"ပြည်သူမေတ္တာ သိန်း ၇၀၀" ကမ်ပိန်းပြုလုပ်ရတဲ့ရည်ရွယ်ချက်မှာ လိုအပ်နေတဲ့လက်နက်ခဲယမ်းတွေဝယ်ယူနိုင်ဖို့ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။စစ်စခန်းကုန်းကို တိုက်ခိုက်နေတဲ့ BPDF က CDM ရဲတဦး ကျန်းမာရေးအခြေအနေကြောင့် ကျဆုံး


နိုဝင်ဘာ၇ရက်


ကရင်နီပြည် ဘောလခဲခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီစခန်းကုန်းတခုကို တိုက်ခိုက်နေချိန်မှာ ကျန်းမာရေးမကောင်းတဲ့ CDM ရဲတပ်သား ဖေရယ် ကျဆုံးခဲ့ရတယ်လို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-BPDF က ဒီနေ့ နိုဝင်ဘာ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးမဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်းအမှတ်-၁၁၀၅ ကရဲဘော်တွေ ပါဝင်တိုက်ခိုက်နေချိန်မှာ CDM ရဲတပ်သား ဖေရယ် ကျဆုံးခဲ့တာပဲဖြစ်ပါတယ်။

နေမကောင်းဖြစ်နေတဲ့ CDM ရဲတပ်သား ဖေရယ်ကို ရှေ့တန်းတိုက်ပွဲကနေ နောက်တန်းဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ ပေမယ့် နိုဝင်ဘာ ရက်နေ့ကပဲ ဆေးရုံမှာ ကျဆုံးသွားတာလို့ သိရပါတယ်။ 

ရဲဘော်ဖေရယ်ဟာ အခုနှစ် မတ်လ ရက်နေ့မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်သားအဖြစ်ကနေစွန့်လွှတ်ပြီး CDM ပြုလုပ်ကာ BPDF တပ်ရင်းကိုဝင်ရောက်ခဲ့ပြီး ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့တယ်လို့ BPDF က အသိပေးထား ပါတယ်။

နိုင်ငံတော်နဲ့လူမျိုးအတွက် စွမ်းစွမ်းတမံတိုက်ပွဲဝင်ရင်း အသက်ပေးလှူခဲ့တဲ့ ရဲဘော် ဖေရယ်ကို အာဇာနည်အဖြစ် အသိမှတ် ပြု လေးစားဂုဏ်ယူစွာ ဦးညွှတ်အလေးပြုပါတယ်လို့ BPDF ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဘောလခဲမြို့နယ်အတွင်းက အရေးပါတဲ့ စစ်ကောင်စီစခန်းကုန်းအချို့ကို ကရင်နီတပ်ပေါင်းစုက ဒီနှစ်လယ်ပိုင်းမှာ သိမ်းပိုက် နိုင်ခဲ့ပြီး ၁၂ မိုင် စခန်းကုန်းနဲ့ ဝမ်မလန်း စခန်းကုန်းတို့ကို သိမ်းပိုက်ဖို့ကျန်သေးတယ်လို့ သိရပါတယ်။


========================


🚩🚩၂။တရွာကို ၃ယောက် တပ်သားသစ်စုဆောင်းပေးဖို့နဲ့ လူမပေးနိုင်ရင် တပ်သားသစ်တဦးအတွက် ၆၃ သိန်းပေးဖို့ အမိန့်ပေးတဲ့ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူမယ်လို့ ဝေါပကဖက သတိပေး 


နိုဝင်ဘာ၇ရက်


တရွာကို လူ ၃ယောက် တပ်သားသစ်စုဆောင်းပေးဖို့နဲ့ လူမပေးနိုင်ရင် တပ်သားသစ်တဦးအတွက် ၆၃ သိန်းပေးဖို့ အမိန့်ပေး စေခိုင်းတဲ့ ဝေါမြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူမယ်လို့ ဝေါပကဖက သတိပေးပြောကြားလိုက်ပါတယ်။ 

ပဲခူးတိုင်း ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက တရွာကို လူ ဦး တပ်သားသစ်စုဆောင်းပေးဖို့ လူမပေးနိုင်ရင် တပ်သား သစ်တဦးအတွက် ကျပ် ၆၃ သိန်းနှုန်းပေဖို့ အစည်းအဝေးခေါ်ပြီး အမိန့်ပေးစေခိုင်းလိုက်တာနဲ့ပတ်သက်လို့ ဝေါမြို့နယ် ပကဖ က ဒီနေ့ နိုဝင်ဘာ ရက်မှာ သတိပေးပြောကြားလိုက်တာ‌ဖြစ်ပါတယ်။ 

ဝေါမြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းက ဝေါမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာအုပ်စု ၆၄ စုက အုပ်ချုပ်ရေးမှူးတွေကို အောက်တိုဘာလကုန်ပိုင်းမှာ အစည်းအဝေးခေါ်ယူပြီး အခုလို အမိန့်ပေးလိုက်တာလို့ သိရပါတယ်။ 

စစ်မှုထမ်းဖို့အတွက် ကျေးရွာလူဦးရေ အချိုးအစားလိုက် လစဉ် လူငယ် အနည်းဆုံး တဦးကနေ ဦးအထိ တပ်သားသစ်  စုဆောင်းပေးရမှာဖြစ်ပြီး စစ်မှုထမ်းဖို့ လူမပေးနိုင်ရင် လူစားထိုးဖို့ ရှာဖွေပေးရမယ့် ထွေအုပ် ဒုဦးစီးမှူးအတွက် ကျပ်တသိန်း ပေးရမယ်လို့ အမိန့်ပေးလာတယ်လို့ ဆိုပါတယ်။ 

အခုလို ဝေါမြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးက အတင်းအဓမ္မ စစ်သားစုဆောင်းခိုင်းတာကိုမခံနိုင်တဲ့ ရပ်ကျေးအုပ်ချုပ်ရေး မှူးတွေကတော့ ရာထူးကနေနှုတ်ထွက်ထွက်ဖို့ ပြင်ဆင်နေကြတယ်လို့ သိရပါတယ်။ 

အရင်က လတကြိမ် စစ်သားတစ်တယောက်ရှာဖွေပေးရပြီး လူရှာမပေးနိုင်ရင် အစားထိုးဖို့ ကျပ်သိန်း ၅ဝ ကောက်ခံရာက အခုလကစပြီးကျပ် ၆၃ သိန်းအထိ တိုးမြင့်လိုက်တဲ့အတွက် ရပ်ကျေးအုပ်ချုပ်ရေးမှူးအများစု မကျေမနပ်ဖြစ်ကာ နှုတ်ထွက် ဖို့ ပြင်ဆင်နေကြတာလို့လည်း သိရပါတယ်။

ဒါကြောင့် ဝေါမြို့နယ်ပကဖက မြို့နယ်အုပ်ချုပ်ရေးမှူး သီဟထွန်းအပါအဝင် စစ်သားသစ်စုဆောင်းပေးနေတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေနဲ့ ဌာနဆိုင်ရာအားလုံးကို အရေးယူမယ်လို့ သတိပေးလိုက်တာပဲ ဖြစ်ပါတယ်။


========================


🚩🚩၃။ တောင်ကုတ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်နဲ့ထွက်ပြေး


နိုဝင်ဘာ၇ရက်


ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးဟာ မနေ့ နိုဝင်ဘာ ရက် ညနေ ပိုင်းမှာ လက်နက်နဲ့တကွ ထွက်ပြေးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

တောင်ကုတ်မြို့နယ်အထွက် ကိုင်းရှည်စစ်ကောင်စီ စစ်ဆေးရေးဂိတ်တံတားမှာ တာဝန်ကျနေတဲ့ စစ်သား ဦး လက်နက် ကိုယ်စီနဲ့ ထွက်ပြေးသွားတာလို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေအဆိုကို အခြေခံပြီး Western News က ဖော်ပြပါတယ်။

အခုလို စစ်သားတွေ လက်နက်နဲ့တကွ ထွက်ပြေးသွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ကုတ်မြို့နယ် အတွင်း သေနတ်တွေပစ်ဖောက်ပြီး လိုက်လံရှာဖွေခဲ့ပေမယ့် ရှာမတွေ့ဘူးလို့ သိရပါတယ်။ 

တောင်ကုတ်မြို့ အဝင်အထွက်နေရာတခုဖြစ်တဲ့ ကိုင်းရှည်တံတားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ရာချီပြီး နေရာယူ တပ်စွဲထားတဲ့ ကာကင်းတခုဖြစ်တယ်လို့ သိရပါတယ်။ 

ဒီနေ့ နိုဝင်ဘာ ရက် မနက်ပိုင်းမှာတော့ စစ်ကောင်စီတပ်နဲ့ ရခိုင့်တပ်တော် AA တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ စကခ- တပ်မ၊ ခမရ ၅၄၄ တပ်ရင်း၊ ခမရ - ၃၄၆ တပ်ရင်းတို့ရှိနေပြီး ဒီတပ်ရင်းတွေကို သိမ်းပိုက်နိုင်ဖို့ ရခိုင့်တပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

တောင်ကုတ်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကို ရခိုင့်တပ်တော် AA က လနဲ့ချီ ဝိုင်းရံပိတ်ဆို့ခဲ့ပြီးနောက် အောက်တိုဘာနောက်ဆုံးပတ်ကစပြီး ထိုးစစ်အရှိန်မြှင့်ကာ တိုက်ခိုက်နေတာလဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာ တောင်ကုတ်မြို့တွင်းမှာ အပြစ်မဲ့အရပ်သားပြည်သူ သောင်းကျော်ပိတ်မိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် တွေက မြို့ပြင်ထွက်ခွင့်မပေးဘဲ လူသားဒိုင်းကာအဖြစ် အသုံးပြုနေတယ်လို့ သိရပါတယ်။


========================


🚩🚩၄။ ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာမှာတပ်စွဲနေတဲ့ စစ်တပ်စခန်းတိုက်ခိုက်ရာ စစ်သားနဲ့ပျူတွေအထိနာပြီး ထွက်ပြေး


နိုဝင်ဘာ၇ရက်


ပဲခူးတိုင်း ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်အုပ်စုဘက်က အထိနာပြီး ထွက်ပြေးသွားတယ်လို့ တိုက်ပွဲဝင်တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ 

ဇီးကုန်းမြို့နယ် ဘော်ဘင်ရွာမှာ အထိုင်ချတပ်စွဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုဟာ ကြို့ပင်ကောက်မြို့နယ်ဘက်ကရွာတွေကို စစ်ကြောင်းထိုးနေတဲ့အတွက် တော်လှန်ရေးအဖွဲ့တွေက နိုဝင်ဘာ ရက်နေ့ ညနေ နာရီခန့်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကင်းပတ်နေတဲ့အချိန်မှာ တိုက်ခိုက်တာဖြစ်ပြီး စစ်အုပ်စုဘက်က အထိနာသွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ဘော်ဘင်ရွာက ပျူစောထီးတွေ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့နဲ့ ပျူစောထီးတွေ ထွက်ပြေးသွားချိန်မှာ ၆၀ မမ လက်နက်ကြီးကျည်တလုံးနဲ့ စစ်ယူနီဖောင်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။  

အဆိုပါတိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၁ တပ်ခွဲ- နတ်စစ်သည်တပ်ဖွဲ့၊ တပ်ရင်း ၃၈၀၂ မြေအောက်ပျောက်ကျားတပ်ဖွဲ့ BTZM GBK PDF ပဲခူးရိုမအခြေပြုတပ်ဖွဲ့တို့ ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၅။ ရေစကြို ပကဖ က ပထမဆုံးအကြိမ် သင်တန်းသားသစ်တွေခေါ်ယူ


နိုဝင်ဘာ၇ရက်


အနာဂတ်ဖက်ဒရယ်တိုင်းပြည်ထူထောင်ရာမှာ လိုအပ်နေတဲ့စစ်သားကောင်းတွေ မွေးထုတ်နိုင်ဖို့ ရေစကြို ပကဖ က ပထမဆုံးအကြိမ်အနေနဲ့ သင်တန်းသားသစ်တွေခေါ်ယူ နေပါတယ်။

အကြမ်းဖက်စစ်ကောင်စီကိုတိုက်ထွန်ပြီး အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီတိုင်းပြည် တည်ဆောက်ရာမှာပါဝင်ဖို့ လူငယ် လူလတ်ပိုင်းတွေကို သင်တန်းသားအဖြစ်ခေါ်ယူနေတာပဲဖြစ်ပါတယ်။

သင်တန်းတက်လိုသူတွေဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်ကြားအရွယ်ရှိရမှာဖြစ်ပြီး ကျန်းမာသန်စွမ်းတဲ့ အမျိုးသားတွေ သာမက အမျိုးသမီးတွေပါလျောက်ထားနိုင်တယ်လို့ သိရပါတယ်။ 

သင်တန်းတက်ခွင့်ရသူတွေဟာ သင်တန်းဆရာတွေချမှတ်ထားတဲ့ စည်းကမ်းတွေကို လိုက်နာနိုင်ရမှာဖြစ်ပြီး သင်တန်း ကာလပြီးဆုံးအောင်တက်ရောက်နိုင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ 

သင်တန်းပြီးရင်လည်း အနည်းဆုံး တာဝန်ထမ်းဆောင်နိုင်ရမှာဖြစ်ပြီး ရေစကြိုမြို့နယ်အတွင်းမှာရှိတဲ့ တပ်ခွဲတွေမှာ ပေးအပ်တဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်နိုင်ရမယ်လို့ ဆိုပါတယ်။

ဘယ်သူ့တိုက်တွန်းချက်မှမပါဘဲ မိမိတို့ဆန္ဒအလျောက် သင်တန်းလာတက်နိုင်သူဖြစ်ဖို့လိုပြီး  တော်လှန်ရေးစိတ်ဓာတ် ပြင်းပြစွာနဲ့ စိတ်အားထက်သန်စွာနဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြီးတိုင်တွန်းလှန်တိုက်ခိုက်လိုစိတ်ရှိသူတွေကို ဦးစားပေး ခေါ်ယူမှာဖြစ်တာကြောင့် နိုဝင်ဘာ ၁ဝ ရက်နေ့ နောက်ဆုံးထား လျောက်ထားနိုင်တယ်လို့ ရေစကြို ပကဖ က ထုတ်ပြန်ထား ပါတယ်။

သင်တန်းတက်လိုသူတွေအနေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ်-ပကဖ လူမှုကွန်ယက်စာမျက်နှာရဲ့ မက်စင်ဂျာ ကနေ စာရင်းပေးသွင်းနိုင်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment