7th NOV 2024 - Morning Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG အစိုးရအနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ သံတမန်ဆက်သွယ်ရေး လမ်းကြောင်း ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး အသိပေးဆို

📌 ၂။ စစ်ကောင်စီအား နည်းအမျိုးမျိုးဖြင့် ထောက်ပံ့နေမှုများ ဖြတ်တောက်ပိတ်ဆို့ရန် ASEAN UN နှင့် နိုင်ငံတကာကို ပဒိုစောတာဒိုမူး အကြံပြု

📌 ၃။ "BECA" (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန် ကာလ အသိပေးနှိုးဆော်

📌 ၄။ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ ကော်စက်ရုံမှ အလုပ်သမား () ဦးအတွက် နစ်နာကြေး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့

📌 ၅။ ကလေးငယ်များ အပါအဝင် မြန်မာ () ဦးကို ပွဲစားက ထိုင်းနိုင်ငံ တောတွင်းတနေရာမှာ စွန့်ပစ်ထားခဲ့

📌 ၆။ စစ်ရာဇဝတ်မှုများကို တဆင့်ခံ ကျူးလွန်နေသော Airbus ကုမ္ပဏီတွင် ပြင်သစ်၊ ဂျာမနီနှင့် စပိန်အစိုးရတို့ဟာ ရှယ်ယာအမြောက်အများ ပိုင်ဆိုင်ထား

📌 ၇။ "ကူညီစာနာ ပြည်မြန််မာ" ခေါင်းစဥ်နဲ့ ဂျပန် မြို့ကြီး () မြို့ မှာ မြန်မာပြည်အတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေပွဲတွင် အဆိုတော် ဆောင်းဦးလှိုင် လာရောက် ဖျော်ဖြေမယ်

📌 ၈။ Handmade Carbon Fiber ဖုန်းကာဘာတွေကို Federal Wings R&D Team ရဲ့သီးသန့် ရံပုံငွေအတွက် ရောင်းချမည်

📌 ၉။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး/အမျိုးသား စုစုပေါင်း (၅၄၀) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျဆုံးရဲဘော်သုံးဦးအတွက် ဦးညွတ်ဂုဏ်ပြုလွှာကို ကာကွယ်ရေးဝန်ကြီး လက်မှတ်ရေးထိုးပေးပို့

🚩 ၂။ မင်းတပ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ် () လုံးပျက်စီး

🚩 ၃။ တောင်ကုတ်၊ ကင်းတောင်ရွာကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲ

🚩 ၄။ နမ့်လန်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ် () ဦး ဒဏ်ရာရ

🚩 ၅။ RSO မူဆလင် လက်နက်ကိုင် အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင် တဦး သေဆုံးပြီး () ဦး ဒဏ်ရာရ

🚩 ၆။ မင်္ဂလာဒုံ လေကြောင်းရန် ကာကွယ်ရေးတပ်နဲ့ လေတပ်ဝင်း တို့ကို မစ်ဇိုင်းဒုံးကျည် () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

🚩 ၇။ ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် နယ်မြေရှင်းလင်း ဆောင်ရွက်

🚩 ၈။ ကင်းပတ်လာတဲ့ ပျူစောထီးများကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိ

🚩 ၉။ အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ NUG အစိုးရအနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ သံတမန်ဆက်သွယ်ရေး လမ်းကြောင်း ရှိနေတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး အသိပေးဆို


NUG အစိုးရအနေနဲ့ တရုတ်နိုင်ငံအစိုးရနဲ့ သံတမာန်ဆက်သွယ်ရေးလမ်းကြောင်း ရှိနေတယ်လို့ နိုဝင်ဘာ () ရက်နေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။

"NUG အနေနဲ့ တရုတ်နဲ့ ဆက်ဆံရေးချန်နယ်တွေရှိသလားလို့ မေးရင် ရှိတယ်လို့ ပြောလို့ရတယ်။ သို့သော် ဒီချန်နယ်တွေကို ဘေဂျင်းအနေနဲ့ ဒီအသံတွေကို ဘယ်လောက်အထိ နားထောင်သလဲဆိုတဲ့ အခြေအနေကတော့ ကျမတို့မှာ အခုအချိန်အထိ အကြီးအကျယ် စိန်ခေါ်မှု ရှိနေဆဲပဲ ဖြစ်ပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများအပေါ် တရုတ်နိုင်ငံရဲ့ဖိအားပေးမှုများအား တိုင်းရင်းသားအစုအဖွဲ့များနဲ့ NUG တို့ အဖြေရှာဆွေးနွေးမှုများလည်း ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက အသိပေးဆိုခဲ့ပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီအား နည်းအမျိုးမျိုးဖြင့် ထောက်ပံ့နေမှုများ ဖြတ်တောက်ပိတ်ဆို့ရန် ASEAN UN နှင့် နိုင်ငံတကာကို ပဒိုစောတာဒိုမူး အကြံပြု


စစ်ကောင်စီထံသို့ စစ်လက်နက်ပစ္စည်းများ ရောက်ရှိနိုင်မှု ရပ်တန့်ရန်၊ စစ်ကောင်စီကို သံတမန်ရေးရာအရ တရားဝင်မှု မပေးအပ်ရန် နှင့် စစ်လက်နက်ပစ္စည်းများ ဝယ်ယူမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၎င်းတို့၏ ဝင်ငွေလမ်းကြောင်းများကို ဖြတ်တောက်ပိတ်ဆို့ရန် စသည်ဖြင့် လိုအပ်ကြောင်း နိုဝင်ဘာလ () ရက်နေ့က KNU, KNPP, CNFနှင့် NUG တို့ ပူးတွဲကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲတွင် ကေအန်ယူ-ကရင်အမျိုးသားအစည်းအရုံး အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးမှ  ASEAN UN နှင့် နိုင်ငံတကာ ကိုအကြံပြုခဲ့ပါတယ်။

ဒီနေ့တော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်ပြီး ပါဝင်သူများ အားလုံး ပထဝီနိုင်ငံရေးရဲ့ ချောက်ထဲကို မကျဖို့ကိုလည်း သတိထား ဆင်ခြင်ကြရမှာဖြစ်သလို မိမိ လိုချင်ရာပန်းတိုင်ကို ရောက်ရှိနိုင်ဖို့ ကြိုးစားကြရမှာ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။

ပြည်သူလူထုကြောင့် တော်လှန်ရေး အောင်မြင်နေတာဖြစ်ပြီး ဒုက္ခကို ကြံ့ကြံ့ခိုင်ပြီး ကျော်လွှားတောင့်ခံနေကြတဲ့ ပြည်သူလူထုကို ဂုဏ်ယူကြောင်း၊ သန်းခေါင်ယံပြီးလို့ရှိရင် မနက်အလင်းက ဝင်လာမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ပဒိုစောတာဒိုမူးမှ လေယာဥ်ဆီ၊ အမြောက် လက်နက်ကြီး ကျည်များ၊ လက်နက်ငယ်များ၊ ခဲယမ်းမီးကျောက်များ နှင့် လက်နက်များ ထုတ်လုပ်သည့် ပစ္စည်းများ မြန်မာနိုင်ငံထဲကို ဆက်လက် ပေးပို့နေခြင်းများသည် ပဋိပက္ခကိုတိုးမြှင့်စေပြီး  စစ်ရာဇ၀တ်မှုများနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို ကျူးလွန်ရန်အတွက် တွန်းအားပေးမှုကို ဖြစ်ပေါ်စေသည်ဟု မီးမောင်းထိုးပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ "BECA" (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန် ကာလ အသိပေးနှိုးဆော်


BECA (စနစ်ဟောင်း ဒသမတန်း) နောက်ဆုံးအကြိမ် Registration ပိတ်သိမ်းရန်ကာလကို ပညာရေးဝန်ကြီးဌာနက နိုဝင်ဘာလ () ရက်နေ့မှာ အသိပေးကြေညာလိုက်ပါတယ်။

(၂၀၂၄) ခုနှစ်၊ အခြေခံပညာ ပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (စနစ်ဟောင်းဒသမတန်း) နောက်ဆုံးအကြိမ် ဖြေဆိုခွင့်လျှောက်ထားခြင်းကာလသည် အောက်တိုဘာ () ရက်နေ့မှ နိုဝင်ဘာ (၁၀) ရက်နေ့ အထိ ဖြစ်ခြင်းကြောင့် လျှောက်ထားနိုင်သည့်ကာလ () ရက်သာ ကျန်ရှိတော့ပါကြောင်း ထပ်မံ ကြိုတင်တိုက်တွန်းနှိုးဆော်အပ်တယ်လို့ ဖော်ပြပါတယ်။

စနစ်ဟောင်းဒသမတန်းအတွက် နောက်ဆုံးအကြိမ် ကျင်းပသည့် BECA Registration ကာလဖြစ်သည့်အတွက် နိုဝင်ဘာလ (၁၀) ရက်၊ (၁၂) နာရီ နောက်ဆုံးထား၍ (https://mes.moeedu.org) တွင် Registration Form ဖြည့်သွင်းနိုင်ကြပါရန် ကြိုတင်အသိပေးတိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၄။ ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံခဲ့ရတဲ့ ထိုင်းနိုင်ငံ၊ ကော်စက်ရုံမှ အလုပ်သမား () ဦးအတွက် နစ်နာကြေး ရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့


ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်မြို့နယ်ရှိ ကော်စက်ရုံမှ အလုပ်သမား () ဦးအား ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ၍ နစ်နာကြေးရရှိအောင် ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ NUG အလုပ်သမားဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။

ကော်စက်ရုံမှ အလုပ်သမား () ဦးအား ကြိုတင် အကြောင်းကြားခြင်းမရှိဘဲ အလုပ်ထုတ်ခံရ၍ စမွတ်ပရာကန်မြို့နယ်၊ ဆဝါဒီကန်ရုံးတွင် အမှုဖွင့်တိုင်ကြားပေးခဲ့ပြီး အောက်တိုဘာလ (၂၅) ရက်နေ့တွင် လုပ်အားခ ဘတ် (၈၀၀၀၀) ကျော် လက်ဝယ်ပြန်ရအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ဖော်ပြပါတယ်။

အဲ့ဒီနောက် နိုဝင်ဘာလ () ရက်နေ့တွင် အလုပ်ထုတ်နစ်နာကြေး တစ်ဦးကို ဘတ် (၁၆၀၀၀) နှုန်းဖြင့် () ဦးအတွက် ဘတ် (၁၂၈၀၀၀) ရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၅။ ကလေးငယ်များ အပါအဝင် မြန်မာ () ဦးကို ပွဲစားက ထိုင်းနိုင်ငံ တောတွင်းတနေရာမှာ စွန့်ပစ်ထားခဲ့


မလေးရှား နိုင်ငံကို တရားမဝင် သွားရောက်မယ့် ကလေးငယ်များ အပါအဝင် မြန်မာနိုင်ငံသား () ဦးကို ထိုင်းနိုင်ငံ တောင်ပိုင်း၊ ရနောင်းခရိုင်၊ တောတွင်းတနေရာမှာ ပွဲစားက စွန့်ပစ်ခဲ့ကြောင်း ထိုင်းအခြေစိုက် Khaosod သတင်း က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ () ရက်နေ့မှာ ရနောင်းခရိုင်၊ ကပွေးမြို့နယ်၊ ဘန့်နားအုပ်စု၊ ဘန့်ထောင်းလန်ကျေးရွာအနီး၊ တောင်ခြေ တောထဲမှာ မြန်မာနိုင်ငံသား အမျိုးသား () ဦး၊ အမျိုးသမီး () ဦးနှင့် () နှစ်မှ () နှစ်အရွယ် ကလေးငယ် () ဦး ပါတဲ့ အဖွဲ့ကို ထိုင်းစစ်တပ် အမှတ် (၂၅) ခြေလျင်တပ်ရင်းနဲ့ ကျေးရွာလုံခြုံရေး တပ်ဖွဲ့များက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

၎င်းတို့ဟာ မလေးရှားနိုင်ငံက အမျိုးတွေဆီ ပွဲစား အဆက်အသွယ်ဖြင့် သွားရောက်ဖို့လာတာ ဖြစ်ပြီး လုံခြုံရေး တင်းကြပ်ထားတာကြောင့် ပွဲစားများက ဆက်မသွားနိုင်တော့ဘဲ လမ်းတနေရာမှာ စွန့်ပစ်ထားတာလို့ ဆိုပါတယ်။

၎င်းတို့ အားလုံးမှာ ပင်ပန်းနွမ်းနယ်နေကြပြီး ကလေးများက ဆာလောင်သဖြင့် ငိုကြွေးနေကြတာကြောင့် အစာ/ရေစာနဲ့ ဆေးဝါးကုသမှု ပေးခဲ့ပြီး တရားမဝင် ဝင်ရောက်မှုနဲ့ အရေးယူဖို့ ကပွေးမြို့နယ် ရဲစခန်းမှာ ဆက်လက် ထိန်သိမ်းထားတယ်လို့ သိရပါတယ်။


========================


📌📌 ၆။ စစ်ရာဇဝတ်မှုများကို တဆင့်ခံ ကျူးလွန်နေသော Airbus ကုမ္ပဏီတွင် ပြင်သစ်၊ ဂျာမနီနှင့် စပိန်အစိုးရတို့ဟာ ရှယ်ယာအမြောက်အများ ပိုင်ဆိုင်ထား


စစ်ရာဇဝတ်မှုများကို တဆင့်ခံ ကျူးလွန်နေသော Airbus ကုမ္ပဏီတွင် ပြင်သစ်၊ ဂျာမနီနှင့် စပိန်အစိုးရတို့ဟာ ရှယ်ယာအမြောက်အများ ပိုင်ဆိုင်ထားတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့က ဖော်ပြလိုက်ပါတယ်။

"ပြင်သစ် အစိုးရ - ၁၀. %၊ဂျာမန် အစိုးရ -၁၀. %၊စပိန် အစိုးရ - . %တို့ဖြစ်ကြပါတယ်" လို့ ဆိုပါတယ်။

လက်ရှိမှာ Airbus ကုမ္ပဏီအနေနဲ့ မြန်မာစစ်အုပ်စုရဲ့ အသက်သွေးကြော AVIC ကုမ္ပဏီမှာ ဆက်လက်ပါဝင်နေတာကို ရပ်တန့်ဖို့ မြန်မာပြည်သူလူထုအနေနဲ့ တောင်းဆိုထားတယ်လို့လည်း သိရှိရပါတယ်။


========================


📌📌 ၇။ "ကူညီစာနာ ပြည်မြန််မာ" ခေါင်းစဥ်နဲ့ ဂျပန် မြို့ကြီး () မြို့ မှာ မြန်မာပြည်အတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေပွဲတွင် အဆိုတော် ဆောင်းဦးလှိုင် လာရောက် ဖျော်ဖြေမယ်


"ကူညီစာနာ ပြည်မြန််မာ" ခေါင်းစဥ်နဲ့ ဂျပန် မြို့ကြီး () မြို့ မှာ မြန်မာပြည်အတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေပွဲတွင် အဆိုတော် ဆောင်းဦးလှိုင် လာရောက်ဖျော်ဖြေမယ်လို့ နိုဝင်ဘာလ () ရက်မှာ နွေဦးစာချုပ် - ဂျပန်က ဖော်ပြအသိပေးဆိုပါတယ်။

"(2024) ဒီဇင်ဘာလ အတွင်းမှာ ကူညီစာနာ ပြည်မြန်မာ ခေါင်းစဉ်ဖြင့် ကျနော်တို့ရဲ့ ပြည်သူ့ဘက်မှာ ရပ်တည်တဲ့ နိုင်ငံကျော် တေးရေး၊ တေးဆို ကိုဆောင်းဦးလှိုင်က ဂျပန် မြို့ကြီး () မြို့ မှာ မြန်မာပြည်အတွက် ကူညီထောက်ပံ့ဖို့ ရန်ပုံငွေပွဲ ကိုလာရောက်ကျင်းပတော့မှာ ဖြစ်ပါတယ်။ ဒီပွဲလေးဟာ မြေပြင်မှ ပြည်သူများအတွက် လိုအပ်တဲ့နေရာတွေမှာ တိုက်ရိုက်ပြန်လည်လှူဒါန်းနိုင်ဖို့ ရည်ရွယ်ပြီး ပြုလုပ်ရခြင်းဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ပွဲစဉ်များကို ဂျပန်ရဲ့ မြို့ကြီးများဖြစ်တဲ့ Nagoya တွင် December 8 (Sun) Tokyo တွင် December 15 (Sun) နှင့် Shizuoka တွင်  December 22 (Sun) တို့မှာ ကျင်းပဖို့စီစဉ်ထားတယ်လို့ သိရပါတယ်။ 

ပွဲနဲ့ ပတ်သတ်ပြီး အသေးစိတ်ကိုတော့ သက်ဆိုင်ရာ Page တွေကနေ တစ်ဆင့် ဆက်လက်ကြေငြာသွားမှာဖြစ်ပြီးတော့ ပွဲတွေအတွက် လက်မှတ်တွေလည်း မကြာခင် စတင်ရောင်းချမှာဖြစ်တဲ့အတွက် ဝယ်ယူအားပေးကြဖို့ ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၈။ Handmade Carbon Fiber ဖုန်းကာဘာတွေကို Federal Wings R&D Team ရဲ့သီးသန့် ရံပုံငွေအတွက် ရောင်းချမည်


Federal Wings ဒရုန်းတပ်ဖွဲ့ ရဲဘော်တွေရဲ့ လက်မှုလက်ရာဖြစ်တဲ့ Carbon Fiber ဖုန်းကာဘာတွေကို R&D Team ရဲ့သီးသန့်ရံပုံငွေအတွက် ရောင်းချပေးနေတယ်လို့ Federal Wings ဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။

"FW R&D Team ရဲဘော်တွေရဲ့ လက်မှုလက်ရာဖြစ်တဲ့ Carbon Fiber ဖုန်းကာဘာတွေကို R&D Team ရဲ့သီးသန့်ရံပုံငွေအတွက် ရောင်းပါမယ်။ ဒရုန်းဘော်ဒီတွေကို ထုတ်လုပ်ရာကနေ ထွက်ရှိတဲ့ အလေအလွင့် Carbon Fiber အစတွေကနေ Recycle အနေနဲ့ ထုတ်လုပ်ရေးရဲဘော်တွေကိုယ်တိုင် ထုတ်လုပ်ထားခြင်းဖြစ်လို့ တော်လှန်ရေးအငွေ့အသက် မကင်းတဲ့ Product တစ်ခုလို့ ဆိုနိုင်ပါတယ်" လို့ ဖော်ပြထားပါတယ်။

လတ်တလောမှာ iphone တွေ အတွက်ပဲ ဝယ်ယူအားပေးနိုင်ဦးမှာဖြစ်ပြီး Handmade ဖြစ်တာမို့ () ကြိုတင် Pre-order မှာယူထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး/အမျိုးသား စုစုပေါင်း (၅၄၀) ဦး သေဆုံးခဲ့


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ (၂၀၂၄) ခုနှစ်၊ ဇန်နဝါရီလ () ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၃၃) ဦးနှင့် အမျိုးသား (၃၀၇) ဦး စုစုပေါင်း (၅၄၀) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် (၁၈) နှစ်အောက် ကလေးငယ် (၁၀၉) ဦး ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါ (၅၄၀) ဦးအနက် ရခိုင်ပြည်နယ်မှာ (၁၅၉) ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး (၁၁၉) ဦးဖြင့် စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ပါတယ်။

ထို့ပြင် ဆယ်လတာ ကာလအတွင်း နိုင်ငံတဝန်း စစ်အုပ်စု၏ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၂၂၈) ဦးနှင့် အမျိုးသား (၂၄၇) ဦး စုစုပေါင်း (၄၇၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ၎င်းအရေအတွက်တွင် အသက် (၁၈) နှစ်အောက် သေဆုံးသူ (၇၅) ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဆိုပါ (၄၇၅) ဦးအနက် သေဆုံးမှု အများဆုံးဒေသမှာ (၁၁၁) ဦးဖြင့် စစ်ကိုင်းတိုင်းမှ ဖြစ်ပြီး ရခိုင်ပြည်နယ်မှာ (၁၀၉) ဦးဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ကျဆုံးရဲဘော်သုံးဦးအတွက် ဦးညွတ်ဂုဏ်ပြုလွှာကို ကာကွယ်ရေးဝန်ကြီး လက်မှတ်ရေးထိုးပေးပို့


ကျဆုံးရဲဘော်သုံးဦးအတွက် ဦးညွတ်ဂုဏ်ပြုလွှာကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ လက်မှတ်ရေးထိုးပေးပို့ခဲ့တယ်လို့ တမူး PDF တပ်ရင်း - က နိုဝင်ဘာလ () ရက်မှာ တရားဝင် အသိပေးဆိုထားပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ကျဆုံးရဲဘော်သုံးဦးအတွက် ဦးညွတ်ဂုဏ်ပြုလွှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ လူငယ်တွေနဲ့ လူကြီးတွေရဲ့ စွန့်လွှတ်ပေးဆပ်မှု အင်မတန်ကြီးမားတယ်လို့ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က ပြောကြားထားပါတယ်။


========================


🚩🚩 ၂။ မင်းတပ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုရားကျောင်းအပါအဝင် နေအိမ် () လုံးပျက်စီး


နိုဝင်ဘာလ () ရက်နေ့ မနက် (၀၂း၁၁) နာရီခန့်တွင်  မင်းတပ်မြို့နယ်၊ တိုက်နယ် () ထဲက ကျေးရွာ () ရွာကို  စစ်ကောင်စီက  ပေါင် (၅၀၀) ဗုံးအပါအဝင် ရော့ကက်များ၊ ပွိုင့်ဖိုက်များဖြင့် လေကြောင်းတိုက်ခိုက်မှု () ကြိမ် အပြင်းအထန်ပြုလုပ်ခဲ့ရာ နေအိမ် () လုံးခန့် နှင့် ဘုရားရှိခိုးကျောင်း () ကျောင်း ပျက်စီးသွားကြောင်း ခိုနူမ်းသုန် သတင်းဌာနမှာ ဖော်ပြထားပါတယ်။

အရပ်သားထိခိုက်မှု ရှိ/ မရှိ အသေးစိတ်ထပ်မံ သိရဖို့ မေးနေတုန်းလို့ မင်းတပ်မြို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာလအတွင်း မင်းတပ်မြို့နယ်တွင် စစ်ကောင်စီသည် ဂျက်ဖိုက်တာ ထောက်ပို့ကင်းထောင် Y- 12 လေယာဉ်များ အသုံးပြု၍ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၈၀) နီးပါး ပြုလုပ်ခဲ့ကြောင်း၊ လေကြောင်းတိုက်ခိုက်မှုကြောင့် CDF - မင်းတပ်မှ ရဲဘော် () ဦးကျဆုံးခဲ့ရပြီး () ဦးမှာ ယာဉ်မတော်တဆမှုကြောင့် ကျဆုံးခဲ့ကြောင်း CDF မင်းတပ်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တောင်ကုတ်၊ ကင်းတောင်ရွာကို စစ်ကောင်စီ ထပ်မံ ဗုံးကြဲ


နိုဝင်ဘာလ () ရက်နေ့ မနက် () နာရီခွဲခန့်တွင် တောင်ကုတ်မြို့နယ်၊ ကင်းတောင်ရွာကို အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာတစီးနဲ့ ထပ်မံ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AMP မှာ ဖော်ပြထားပါတယ်။

သစ်တောရုံးနားမှာ ကျ‌ရောက်ပေါက်ကွဲပြီး သစ်တောရုံး၊ အိမ် () လုံး၊ ကားတစီး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အောက်တိုဘာလ () ရက်‌ကလည်း ကင်းတောင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ နှစ်ကြိမ် လာရောက်ဗုံးကြဲခဲ့လို့ အရပ်သားပြည်သူ () ယောက် သေဆုံးပြီး (၁၇) ယောက် ထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ နမ့်လန်မှာ လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ ကလေးငယ် () ဦး ဒဏ်ရာရ


နိုဝင်ဘာလ () ရက် နေ့လယ် () နာရီဝန်းကျင် နမ့်လန်မြို့ ကောင်းလန်းရပ်ကွတ်မှာ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့တာကြောင့် အသက် (၁၀) နှစ်ဝန်းကျင်အရွယ် ကလေး‌ငယ်နှစ်ယောက်ကို ထိမှန်ပြီး ဒဏ်ရာရခဲ့တယ်လို့ဒေသသတင်းများအရ သိရပါတယ်။

ပန်ဟိုက်မှာလည်း တစ်လုံးကျပေါက်ကွဲပြီး လူ ထိခိုက်မှုမရှိဘဲ အိမ်တွေသာ ထိခိုက်ခဲ့တယ်" လို့ သိရပါတယ်။

အောက်တိုဘာအတွင်းမှာ စစ်ကောင်စီက နမ့်လန်မြို့မှာ ဆက်တိုက်အင်အားဖြည့်နေပြီး နမ့်လန်မြို့ပတ်ပတ်လည်မှာ စစ်ကောင်စီတပ်သားတွေက နေရာတော်တော်များများ ယူထားကာ အဲလက်နက်ကြီးကို ကိုးကန့်တပ်ဘက် ပစ်ခတ်လိုက်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ RSO မူဆလင် လက်နက်ကိုင် အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် AA တပ်ဖွဲ့ဝင် တဦး သေဆုံးပြီး () ဦး ဒဏ်ရာရ


ဘင်္ဂလားဒေ့ရှ် - မောင်တောနယ်စပ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များကို RSO အဖွဲ့က ချောင်းမြောင်း ပစ်ခတ်ခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် () ဦး သေဆုံးကာ () ဦး ဒဏ်ရာရရှိခဲ့ တယ်လို့ Developement Media Group က ဖော်ပြထားပါတယ်။

နိုဝင်ဘာလ () ရက်နေ့က နတ်မြစ်ကြောင်း တလျောက် လုံခြုံ‌ရေး ဆောင်ရွက်နေတဲ့ AA တပ်ဖွဲ့ဝင်များကို RSO အဖွဲ့က နတ်မြစ် တဖက်ကမ်း (ဘင်္ဂလားဒေ့ရှ့် ပိုင်နက်ရေပြင်) ဂျာလီယာကျွန်း (Jaliadwip) မှ မော်တော်ဘုတ် တစီးဖြင့် ထွက်လာပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း AA တပ်ဖွဲ့ဝင် () ဦး‌ သေဆုံးကာ () ဦး ဒဏ်ရာရရှိ သွားခဲ့ပြီး RSO တပ်ဖွဲ့က ဂျာလီယာကျွန်းပေါ်ကို ပြန်လည်တက်ရောက် သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် နိုဝင်ဘာလ () ရက်နေ့ နေ့လည် () နာရီခွဲခန့်ကလည်း နတ်မြစ်အတွင်း လုံခြုံ‌ရေး ဆောင်ရွက်နေတဲ့ AA တပ်ဖွဲ့ဝင်များကို RSO အဖွဲ့က ဂျာလီယာကျွန်း ပေါ်ကနေ သေနတ်ဖြင့် အချက် (၅၀) ခန့် လှမ်းပစ်ခဲ့သေးတယ်လို့ သိရပါတယ်။

RSO အပါအဝင် ARSA, ARA စတဲ့ မူဆလင်လက်နက်ကိုင် အဖွဲ့များဟာ နတ်မြစ် တဖက်ကမ်း (ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင်နက်) နဲ့ ဂျာလီယာကျွန်း တို့မှာ အခြေပြုပြီး AA လုံခြုံရေးအဖွဲ့ကို ချောင်းမြောင်း တိုက်ခိုက်ခြင်းနဲ့ ရခိုင် ဒေသခံများကို ဖမ်းဆီး၊ ညှင်းပန်း၊ သတ်ဖြတ်ခြင်းတို့ကို မကြာခဏ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။


========================


🚩🚩 ၆။ မင်္ဂလာဒုံ လေကြောင်းရန် ကာကွယ်ရေးတပ်နဲ့ လေတပ်ဝင်း တို့ကို မစ်ဇိုင်းဒုံးကျည် () လုံးဖြင့် ပစ်ခတ်တိုက်ခိုက်


ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့နယ်က စစ်ကောင်စီရဲ့ လေကြောင်းရန် ကာကွယ်ရေး တပ်နဲ့ လေတပ်ဝင်း အတွင်းကို မစ်ဇိုင်းဒုံးကျည် လုံးဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ Shadwo SAF က သတင်းထုတ်ပြန် ထားပါတယ်။

နိုဝင်ဘာလ () ရက်နေ့ (၁၁း၄၀) နာရီတွင် အဆင့်မြှင့်တင်ထားသော မစ်ဇိုင်း ဒုံးကျည် () လုံးဖြင့် ပစ်ခတ်ခဲ့တာလို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ အပေါင်းအပါများဟာ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေလျက် ရှိတဲ့အပြင် အဖက်ဖက်မှ ဒုက္ခပေးနေသည်ကို မခံနိုင်လို့ ပြည်ပသို့ထွက်ခွာမယ့် တိုင်းရင်းသား ပြည်သူလူထုနဲ့ လူငယ်များကို နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း ညစ်ပတ်ပြီး လှည့်ပြန်စေခြင်းများကို ဆောင်ရွက်နေကြောင်း တိုင်ကြားမှုများစွာ လက်ခံရရှိထားတဲ့အတွက် အခုလို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီကို အားပေးထောက်ခံ ပံပိုးနေတဲ့ မည်သည့် အဖွဲ့အစည်းကိုမဆို ဆက်လက်တိုက်ခိုက်သွားမှာဖြစ်ပြီး ယခု Mission အား အမည်တပ် အကြောင်းပြပြီး သီးသန့် အလှူငွေ ကောက်ခံခြင်း လုံးဝမရှိကြောင်း Shadow - SAF အဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၇။ ကျိုက်ထိုတွင် စစ်ကောင်စီ စစ်ကြောင်း ပြန်ထွက်သွားပြီးနောက် နယ်မြေရှင်းလင်း ဆောင်ရွက်


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ KNU ထိန်းချုပ်နယ်မြေ အတွင်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ပြန်လည်ထွက်ခွာသွားခဲ့ပြီး တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့တယ်လို့ ရန်ကုန်တိုင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့စစ် သင်တန်းဆင်း တပ်သားသစ်များကို တပ်မ (၇၇) နဲ့ တပ်မ (၄၄) တို့က ဦးဆောင်လာခဲ့တဲ့ အင်အား (၂၀၀) ကျော်ပါ စစ်ကြောင်းဟာ နိုဝင်ဘာလ () ရက်နေ့ မနက်ပိုင်းမှာ မုပ္ပလင်၊ သိမ်ဇရပ် လမ်းပိုင်းကို ပြန်လည်ဆုတ်ခွာသွားခဲ့တာပါ။

စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်သွားပြီးနောက် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ () ကျေးနယ် ကာကွယ်ရေး တပ်ဖွဲ့နှင့် တော်လှန်ရေး အင်အားစုများက တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာများနဲ့ လက်နက်ကြီး ကျရောက်ခဲ့တဲ့ နေရာများကို  နယ်မြေရှင်းလင်း ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

နယ်မြေရှင်းလင်း ဆောင်ရွက်ရာမှာ ကပစ ထုတ် (5.56) ကျည်ဖာခွံ တခုနဲ့ ကျည်ခွံများ၊ RPG အခွံတခု၊ မပေါက် ကွဲသေးတဲ့ (၄၀) မမ တလုံး၊ စစ်ပြောက်ကျား ဖိနပ်တရံ၊ (၁၂၀) မမ အစ တခုနဲ့ ဆေးကုသထားသော ဆေးထိုးအပ် နဲ့ ဂွမ်း တို့ကို တွေ့ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ (၁၂၀) မမ လက်နက်ကြီးကြောင့် ဘုန်းကြီးကျောင်း ဇရပ်တခု အနည်းငယ် ပျက်စီးခဲ့ပြီး ပြည်သူပိုင် နေအိမ်တလုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ကင်းပတ်လာတဲ့ ပျူစောထီးများကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ ရရှိ


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူရွာမှ ကင်းပတ်ထွက်လာတဲ့ ပျူစောထီးများကို 8+ အညာမြေတပ်ပေါင်းစု အဖွဲ့က စောင့်ကြို တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးခဲ့တယ်လို့ M.V.P Revoulation force အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

နိုဝင်ဘာလ () ရက်နေ့၊ မနက် () နာရီခန့်မှာ နာရီဝက်ခန့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ပျူစောထီး () ဦး သေဆုံးတာကို မျက်မြင်တွေ့ရကာ လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းပျူစောထီးများထံမှ MA-1 သေနတ် () လက်၊ G-3 သေနတ် () လက်နဲ့ (5.56) ကျည် (၁၈၀) တောင့်၊ G-3 ကျည် (၈၀) တောင့်၊ ဖုန်း () လုံး၊ Icon () လုံးတို့ကို သိမ်းဆည်းရရှိခဲ့ပြီး တပ်ပေါင်းစုမှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို 8+ အညာမြေ တပ်ပေါင်းစုမှ M.V.P Revoulation force, အလင်တန်း ပြောက်ကျား တပ်ဖွဲ့ မြိုင်, UAV frighter, မဟူရာအလင်းတန်း, ပြောက်ကျား, Phoneix People Defence Force, Scopion People Defence Force, ဋ္ဌေးအောင် ပြောက်ကျားတပ်ဖွဲ့, ဇာမဏီ Drone တပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၉။ အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေ


အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေတယ်လို့ BPLA က နိုဝင်ဘာလ () ရက်မှာ အသိပေးကြေညာထားပါတယ်။

"အမှတ် (၃၀၈) အညာစစ်ဒေသအတွက် BPLA က တပ်သားသစ်များ စိစစ်ရွေးချယ်ခေါ်ယူနေပါပြီ။ BPLA Facebook Page Messenger မှတဆင့် ဆက်သွယ်စုံစမ်းနိုင်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် BPLA စစ်ရေးတာဝန်ခံ မောင်ဆောင်းခကလည်း "စစ်ကို စစ်နဲ့တူအောင် တိုက်ချင်တယ်ဆိုရင်တော့ BPLA ဆီ လာခဲ့ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်" လို့ ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment