8th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမေရိကန်ရွေးကောက်ပွဲအနိုင်ရDonaldTrumpကို ယာယီသမ္မတဒူဝါလရှီးလမှဂုဏ်ယူပြီး ခိုင်မာတဲ့ဆက်ဆံရေးသွားဖို့မျှော်လင့်

📌 ၂။ ရွေးကောက်ပွဲအနိုင်ရသည့် အမေရိကန်သမ္မတသစ်ကို ဂုဏ်ယူကြောင်း NUGနိုင်ငံခြားရေးဝန်ကြီးပြော

📌 ၃။ အမေရိကန်အစိုးရအဖွဲ့အသစ်မှာ ခေါင်းဆောင်အသစ်တွေ ပါလာတာကြောင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒအသစ်တွေ ဖန်တီးနိုင်တဲ့ အခွင့်အလမ်းသစ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေ ဖြစ်ပေါ်လာနိုင်တယ်လို့ ဒေါ်မီမီဝင်းဘတ်ပြောကြား

📌 ၄။ ပဲခူးတိုင်း အရှေ့ခြမ်းက ကျေးရွာတွေမှာ ပြည်သူလူထုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့ စုပေါင်းပြီး စုပေါင်းမဟာဘုံကထိန်ပွဲများ ကျင်းပခဲ့

📌 ၅။မင်းဘူးခရိုင်အမှတ်၇တပ်ရင်းရဲ့ပြည်သူမေတ္တာ သိန်း (၇၀၀)ကမ်ပိန်း ကျပ်သိန်း (၂၇၀) ဝန်းကျင်ရရှိထား


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨ မတ္တရာနယ်က ဟင်္သာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၂။ ရေတာရှည်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီး

🚩၃။ မင်္ဂလာဒုံက စစ်တပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ဦး ဒဏ်ရာရသွားတယ်လို့ RUC ပြော

🚩 ⁨⁨၄။ KNU နယ်မြေက ရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သားတဦးသေဆုံးကာ ဘုရာကျောင်းနဲ့အိမ်တွေပျက်စီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျရန် မကြာတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


နိုဝင်ဘာ၇ရက်

အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျရန် မကြာတော့ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄)မှာဝန်ကြီးချုပ်ကပြောကြားပါတယ်။

"ယခုအချိန်သည် အရေးကြီးသည့်အချိန်ကာလ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဝန်ကြီးဌာနများ အချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်ကြရန်နှင့် တာဝန်ရှိသူအဆင့်ဆင့်အပေါ်တွင်လည်း သေချာစွာ ကြပ်မတ်ဆောင်ရွက်ကြရန်အချိန်လည်း ဖြစ်နေပြီဖြစ်ကြောင်း၊ အားလုံးပူးပေါင်း ဆောင်ရွက်မှုသည် အရေးပါကြောင်းနှင့် အကြမ်းဖက် စစ်ကောင်စီ ပြုတ်ကျရန် မကြာတော့ ကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း နှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးတို့အပါအဝင်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းနေမှုကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို CRPH ထပ်လောင်းတောင်းဆို


နိုဝင်ဘာ၈ရက်

မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီအရေးကြိုးပမ်းနေမှုကို ဆက်လက်ပံ့ပိုးကူညီပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက CRPH ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။ 

၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ရာမှာ အခုလို တောင်းဆိုလိုက်တာဖြစ်ပါတယ်။ 

ဒီမိုကရေစီကိုလိုလားတဲ့ မြန်မာပြည်သူတရပ်လုံးက မိမိတို့လိုလားချက်နဲ့ သဘောထားဆန္ဒအမှန်ကို ရဲဝံ့စွာဖော်ထုတ်နိုင်ခဲ့ တဲ့ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဟာ အရပ်သားအစိုးရကကျင်းပတဲ့ ပထမဆုံး ရွေးကောက်ပွဲ ဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတမှုရှိခဲ့ယုံသာမက ပြည်သူ့ဆန္ဒအမှန် ဖြစ်တယ်ဆိုတာ စစ်တပ်က အာ‌ဏာသိမ်းယူ‌ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ရက်နောက်ပိုင်း နိုင်ငံတဝှမ်း ဆန္ဒပြမှုများနဲ့ လက်ရှိအချိန်ထိ အကြမ်းဖက်စစ်တပ်ကို ခုခံတွန်းလှန်နေ ကြတဲ့ ခုခံတွန်းလှန်မှုတွေက သက်သေပြနေတယ်လို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်တပ်က လက်နက်အင်အားနဲ့ တည်ဆဲအရပ်သားအစိုးရထံကနေ နိုင်ငံတော်အာဏာကို ဥပဒေမဲ့လုယူခဲ့တာ ဟာ နိုင်ငံတော်ပုန်ကန်မှုဆိုတဲ့ ရာဇဝတ်မှုကို ကျူးလွန်ခဲ့တာဖြစ်ပြီး နိုင်ငံ့ခေါင်းဆောင်တွေနဲ့ အရပ်သားပြည်သူတွေကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်တာ ကျေးရွာနဲ့ မြို့တွေက လူနေအိမ်၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အုံနဲ့စစ်ဘေးရှောင် စခန်းတွေကို လေကြောင်းကနေတိုက်ခိုက်တာ စတဲ့ စစ်ရာဇဝတ်မှုတွေကို လူမဆန်စွာ ကျူးလွန်လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ပွင့်လင်းမြင်သာမှုရှိတဲ့ ခုလိုအချိန်မှာတောင် အကြမ်းဖက်စစ်တပ်က ရာ‌ဇဝတ်မှုတွေကို ပေါ်ပေါ်တင်တင် ကျူးလွန်နေတာ တွေကို ထိထိရောက်ရောက်အပြစ်ပေးအရေးယူနိုင်ဖို့ နိုင်ငံတကာ အသိုက် အဝန်းရဲ့ ပံ့ပိုးကူညီမှု ပူးပေါင်းဆောင်ရွက်မှုတွေ ရရှိစေဖို လွှတ်တော်ကဏ္ဍဘက်ကနေ တိုးမြှင့်လုပ်ဆောင် သွားမယ်လို့လည်း CRPH က အသိပေးထားပါတယ်။ 

ရာဇဝတ်မှုတွေဆက်လက်ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ပံ့ပိုးကူညီတာဟာ အကြမ်းဖက်လုပ်ရပ်တွေကို အသိအမှတ်ပြုလက်ခံရာရောက်ပြီး လက်ရှိပဋိပက္ခကို ပိုမိုကြီးထွားစေဖို့ ပံ့ပိုးနေတာဖြစ်တဲ့အတွက် ပြည်သူ့ကိုယ်စားလှယ် များအနေနဲ့ ဒီလုပ်ရပ်ကိုကန့်ကွက်ပြီး တားမြစ်နိုင်ဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။  

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ အဖက်ဖက်မှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်နေရပြီး တော်လှန်ရေးအင်အားစု တွေ ဘက်က သိသာထင်ရှားတဲ့အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်နေချိန်ဖြစ်တဲ့အတွက် ဒီမိုကရေစီအင်အားစုများအကြား ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းစဉ်အပါအဝင် အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်နိုင်ရေး ကုလသမဂ္ဂ၊ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအသိုက်အဝန်း အနေနဲ့ ပံ့ပိုးကူညီမှု၊ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပေးအပ်ဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီက CRPH တောင်းဆိုတိုက်တွန်းထားပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ နှင့် တက္ကဆက် မိသားစုများတွေ့ဆုံမယ်


နိုဝင်ဘာ၈ရက်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် တက္ကဆက် မိသားစုများ တွေ့ဆုံမယ်လို့သိရပါတယ်။

နိုဝင်ဘာ၂၄ရက် မွန်းလွဲပိုင်းကနေညနေပိုင်းအထိ ကျင်းပသွားမှာဖြစ်ပြီးတော့ တက္ကဆက်ပြည်နယ်တွင်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှစ်မများအားလုံး ကြွရောက်အားပေးကြဖို့ ဖိတ်ကြားထားပါတယ်။

တွေ့ဆုံပွဲတွင် ဝန်ကြီးဒေါက်တာဆာဆာမှ လက်ရှိ မြန်မာနိုင်ငံတွင်းတော်လှန်ရေးနှင့် ပတ်သက်သည့် အခြေအနေ ဆောင်ရွက်နေမှုများကို ပြောပြပေးမှာဖြစ်ပြီး တွေ့ဆုံပွဲလာရောက်သူများ၏ သိလိုသည့်မေးခွန်းများကိုလည်း ဖြေကြားပေးမှာဖြစ်ပါတယ်။

လက်ရာကောင်းမွန်လှတဲ့ စားဖိုမှူးများ ပြင်ဆင်ချက်ပြုတ်တဲ့ သန့်ရှင်းလတ်ဆတ်သော မြန်မာအစားအသောက်များကိုလည်း ရောင်းချပေးသွားမှာဖြစ်ကာရရှိသောရန်ပုံငွေများကို စစ်ဘေးသင့်ပြည်သူများအတွက် ပေးပို့လှူဒါန်းသွားမှာ ဖြစ်ပါတယ်။


========================


📌📌 ၄။ ၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းက လူဦးရေ  သန်းကျော် အငတ်ဘေးကြုံလာနိုင်


နိုဝင်ဘာ၈ရက်

၂၀၂၅ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းက လူဦးရေ  သန်းကျော် အငတ်ဘေးကြုံလာနိုင်တယ်လို့ဆိုပါတယ်။အဆိုပါသတင်းအချက်အလက်ကို ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က နိုဝင်ဘာလ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး ကုန်သွယ်ရေးလမ်းကြောင်းတွေ ပိတ်ဆို့နေမှုတွေကြောင့်  လူဦးရေ  သန်းကျော် အငတ်ဘေးကြုံလာနိုင်တယ်လို့ဖော်ပြပါတယ်။

UNDP က ကောက်ယူထားတဲ့အချက်အလက်တွေအရ ၂၀၂၃ ခုနှစ်နဲ့ ၂၀၂၄ ခုနှစ်အတွင်း ရခိုင်ပြည်နယ်အတွင်းကို ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်တာ၊ ဝင်ငွေမရှိတာ၊ ငွေကြေးဖောင်းပွမှု၊ ပြည်တွင်းထုတ်ကုန် သိ သိသာသာကျဆင်းမှုနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ၊ လူမှုဖူလုံရေးကွန်ရက်တွေ မရှိတာကြောင့်  ရခိုင်ပြည်သူဟာ လာမယ့်လတွေအတွင်း ပိုပြီးဆိုးရွားတဲ့အခြေ အနေ နဲ့ ကြုံတွေ့နိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ ကရင်နီပြည်ရဲဌာခွဲမှ အမှုပေါင်း ၄၁မှုအား ကိုဆောင်ရွက်ခဲ့ပြီး ထိုအမှုများတွင် စစ်ကောင်စီနှင့်ပတ်သက်သော အမှုအချို့လည်းပါဝင်


နိုဝင်ဘာ၈ရက်

ကရင်နီပြည်ရဲဌာခွဲမှ အမှုပေါင်း ၄၁မှုအား ကိုဆောင်ရွက်ခဲ့ပြီး ထိုအမှုများတွင် စစ်ကောင်စီနှင့်ပတ်သက်သော အမှုအချို့လည်းပါဝင်တယ်လို့သိရပါတယ်။

၂၀၂၄ ဇူလိုင်မှ စက်တင်ဘာအထိကရင်နီပြည်ရဲဌာခွဲမှ အမှုပေါင်း ၄၁မှုအား ဆောင်ရွက်ခဲ့ပြီး  စစ်ကောင်စီနှင့်ပတ်သက်သော အမှု () မှု၊ လူ သတ်မှု ()မှု၊ ခိုးမှု()မှု၊ မူးယစ်ဆေးဝါးမှု (၂၅) မှု၊ အခြားမှု (၁၀)မှုအဖြစ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။တရားရုံးများတွင် စစ်ဆေးဆဲ အမှု (၂၁)မှုနှင့် စိစစ်ဆဲအမှု (၂၀)မှု ရှိကြောင်း ထုတ်ပြန်ပါတယ်။ကရင်နီပြည်နယ်၌ ရဲစခန်းနှင့် ရဲကင်း ၃၀ ကျော်ကို ရဲတပ်သား ၇၀၀ခန့်ဖြင့် ဖွင့်လှစ်ထားကာ ၂၀၂၄တွင် ရဲဝန်ထမ်း ,၀၀၀ ပြည့်မီရန် IEC က လျာထားကြောင်းသိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================


🚩🚩 ၁။⁨⁨⁨ မတ္တရာနယ်က ဟင်္သာကုန်းရွာကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရ


နိုဝင်ဘာ၈ရက်

မန္တလေးတိုင်း မတ္တရာမြို့နယ် ဟင်္သာကုန်းရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

မနေ့ နိုဝင်ဘာ ရက် ညနေ နာရီခွဲဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်တပ်က အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ် တာကြောင့် ဟင်္သာကုန်းရွာ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၆၅ နှစ်အရွယ် အမျိုးသမီး တဦး အပါအဝင် ဦး ဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။

မတ္တရာမြို့နယ်အတွင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေရှိတဲ့နေရာကို အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်နေတာတွေကြောင့် နိုဝင်ဘာ ရက်နေ့ မနက်ပိုင်းကလည်း ကိုးပင်ရွာက အသက် ၇၀ ၀န်းကျင်အရွယ်ရှိ အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။

မတ္တရာမြို့နယ် ထီးတော်မိုးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်၊ မန္ထလေး-ညောင်ကွဲလမ်းပိုင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်၊ မင်းကွန်းဘက်မှာတပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်၊ ခလရ-၉၅ တပ်က အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့နဲ့ မတ္တရာမြို့ ဘောလုံးကွင်းမှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်နေတာ ကြောင့် အရပ်သားပြည်သူတွေ သေဆုံးနေရတာလို့ Voice Of Mandalay အဖွဲ့က အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ရေတာရှည်မှာ တိုက်ပွဲမရှိဘဲ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် အရပ်သားတဦး ဒဏ်ရာရပြီး နေအိမ်အချို့ ပျက်စီး


နိုဝင်ဘာ၈ရက်

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် အရပ်သားပြည်သူတဦး ဒဏ်ရာရပြီး အိမ်အချို့ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တောင်းမြစ်အရှေ့ဘေးကမ်းကကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ ပစ်ခတ်နေရာ နိုဝင်ဘာ ရက်နေ့ကလည်း တိုက်ပွဲမရှိဘဲ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်ခဲ့ တာကြောင့် အရပ်သားတဦး ထိခိုက်ဒဏ်ရာရပြီး အိမ်တလုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ ကီးကူစစ်ကြောင်းက အသိပေး ပါတယ်။

ရေတာရှည်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်တာခြင်းမရှိဘဲ အပြစ်မဲ့ပြည်သူများနေထိုင်ရာ စစ်တောင်းမြစ် အရှေ့ခြမ်းမှာရှိတဲ့ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေကြောင့် စစ်ဘေးရှောင်နေရတဲ့သူ တထောင်ကျော်ရှိပြီး အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩၃။ မင်္ဂလာဒုံက စစ်တပ်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို မိုင်းခွဲတိုက်ခိုက်မှု စစ်တပ်ဘက်က ဦး ဒဏ်ရာရသွားတယ်လို့ RUC ပြော


နိုဝင်ဘာ၈ရက်

ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် နိုင်ငံရေးမှတ်တိုင်အနီးမှာရှိတဲ့ စစ်တပ်အိမ်ထောင်သည်ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို ပဒေသာမိုင်းတွဲနဲ့  ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးဒဏ်ရာရသွားတယ်လို့ Rangoon Urban Column -RUC က ဒီနေ့ နိုဝင်ဘာ ရက်မှာ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။

မင်္ဂလာဒုံမြို့နယ်ကိုဖြတ်သန်းသွားတဲ့ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမဘေး နိုင်ငံရေးမှတ်တိုင်အနီးက အိမ်ထောင်သည် ဝန်ထမ်းအိမ်ရာ လုံခြုံရေးဂိတ်ကို နိုဝင်ဘာလ ရက်နေ့ နာရီ ၁၀ မိနစ်ခန့်မှာ ပဒေသာမိုင်းတွဲနဲ့ ဖောက်ခွဲတိုက်ခိုက်တာ နဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

ဖောက်ခွဲတိုက်ခိုက်မှုအတွင်း အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး ဒဏ်ရာရခဲ့ရာ သူတို့ကို တပ်တွင်းသို့ ခေါ်ဆောင်သွား တယ်လို့ မြေပြင်တန်ပြန်ထောက်လှမ်းရေးအဖွဲ့တွေက သတင်းပေးပို့ထားတယ်လို့ RUC က အသိပေးထားပါတယ်။

RUC က ဖောက်ခွဲတိုက်ခိုက်ခဲ့တဲ့စစ်ရေးပစ်မှတ်ဟာ တပ်မိသားစုနဲ့အိမ်ထောင်သည်များနေထိုင်ရာ လိုင်းခန်းဖြစ်ပြီး လေတပ်ကမိသားစုဝင်တွေလည်း နေထိုင်တယ်လို့ သိရပါတယ်။

ရှေ့တန်းစစ်မြေပြင်မှာ လက်နက်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်နေတဲ့ စစ်တပ်ရဲ့အကျည်းတန်တဲ့လုပ်ရပ်တွေ ကျူးလွန်နေတာ ရပ်တန့်စေဖို့အတွက် နောက်တန်းမှာရှိတဲ့ စစ်တပ် ဝန်ထမ်းအိမ်ရာတွေကို Rangoon Urban Column -RUC က ဖောက်ခွဲတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩 ⁨⁨၄။ KNU နယ်မြေက ရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သားတဦးသေဆုံးကာ ဘုရာကျောင်းနဲ့အိမ်တွေပျက်စီး


နိုဝင်ဘာ၈ရက်

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင်နဲ့ ဒူးပလယာခရိုင်အတွင်းက ရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် အရပ်သားတဦးသေဆုံးကာ ဘုရာကျောင်းနဲ့ အိမ်တွေ ပျက်စီးသွားတယ်လို့ KNU ဘက်က ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ကော်သူးလေအုပ်ချုပ်နယ်မြေ ခလယ်လွီထူခရိုင် လယ်ဒိုမြို့နယ်အတွင်းက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ကျေးရွာပိုင်ခရစ်ယာဘုရားရှိခိုးကျောင်း တကျောင်းပျက်စီးကာ အပြစ်မဲ့အရပ်သားတဦး သေဆုံးပြီး တဦး ထိခိုက်ဒဏ်ရာရခဲ့သလို နွားတကောင်လည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလ ရက် မနက် နာရီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ် ခလရ-၂၆၄ တပ်ရင်းက  ၁၂၀ မမ လက်နက်ကြီး လုံးပစ်ခတ်ခဲ့ရာ ငဖယ်အင်းကျေးရွာ အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၇ နှစ်အရွယ် ဦးကျော်မျိုးအေး  သေဆုံးခဲ့ရတဲ့အပြင် အရပ်သားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး  ကျေးရွာပိုင် ခရစ်ယာန်ဘုရားရှိခိုးကျောင်းပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

ထို့အတူ နိုဝင်ဘာ ရက်နေ့ကလည်း လယ်ဒိုမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ကွင်းချောင်းဝ က နေ ၁၂၀ မမ လုံး ပစ်ခတ်ခဲ့ရာ ပဲသောင်ရွာနဲ့လိန်ပင်ရွာကြား ကျရောက်ပေါက်ကွဲခဲ့ပြီး ပဲသောင်ကျေးရွာက စောဆာကပေါ် ရဲ့ နွားတကောင်ထိခိုက်ဒဏ်ရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ နိုဝင်ဘာ ရက်နေ့ကလည်း စကခ-၁၂ လက်အောက်ခံ ခမရ-၂၃၁ တပ်ရဲ့ တပ်သစ်အမြှောက်ကုန်းကနေ လက်နက်ကြီးနဲ့ပစ်ခတ်ရာ ဒူးပလယာခရိုင် ကျုံဒိုးမြို့နယ် ရေပူကြီးကျေးရွာမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး ရေပူကြီးရွာက ဒေါ်မတ္တာရဲ့ နေအိမ်နဲ့အိမ်အသုံးအဆောင်ပစ္စည်းတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒူးပလာယာခရိုင် ပြည်သူ့ဆက်ဆံရေးနှင့် သတင်းပြန်ကြားရေးကလည်း အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ နယ်မြေဆုံးရှုံးများလာချိန်မှာ ပြည်သူလူထုနေထိုင်ရာကျေးရွာတွေနဲ့ စစ်ဘေးရှောင် များနေထိုင်ရာ နေရာတွေကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာ လေကြောင်းကနေတိုက်ခိုက်တာတွေ ပိုပြီးလုပ်ဆောင်တဲ့ အတွက် ပြည်သူလူထုအနေနဲ့ လက်နက်ကြီးနဲ့လေကြောင်းအန္တရာယ်သတိပြုနေထိုင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment