8th NOV 2024 - Morning Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေး

📌 ၃။ အမေရိကန်နိုင်ငံ ဖိုဝိန်းမြို့ရှိ မြန်မာမိသားစုများနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း၊ ဒေါက်တာ မီမီဝင်းဘတ်တို့ တွေ့ဆုံမယ်

📌 ၄။ လုံခြုံရေးကောင်စီအနေဖြင့်  မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီး ပြောကြား

📌 ၅။ အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဖော်ထုတ်

📌 ၆။ ဘန်ကောက်အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာလုပ်သား ၁၆၀ကျော် ဖမ်းဆီးခံရ

📌 ၇။ စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်

📌 ၈။ဒေသဘက်မှ ညီနောင်မဟာမိတ် ()ဖွဲ့ ဘက်ကို ကုန်ပစ္စည်းများ မရောက်အောင် တရုတ်ထောက်လှမ်းရေးများနှင့် တင်းကြပ်ထား

📌 ၉။ ပလက်ဝ ကောင်စီ (PC) ရဲ့ ဒေသန္တရ အစိုးရ ဌာနများအတွက် ကျပ်သိန်း ၃၀၀၀ ကမ်ပိန်း ပြုလုပ်နေ


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အင်းတကော်မြို့ အဆိပ်ကုန်းရွာ ဓားပြတိုက်မှုတွင် တပ်မ ၇၇ တံဆိပ်ပါသူ တွေ့မိဟု ဆို

🚩 ၂။ အမ်း (နပခ) လက်ရုံးတပ်စခန်း ခု၊ တိုင်ကျိုးကျေးရွာရှိ အထိုင်စခန်းနဲ့ ပုဂံတောင်က ယာယီ အထိုင်စခန်းတို့ကို AA သိမ်းပိုက်

🚩 ၃။ မြိုင်တွင် ဈေးဝယ်ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ဦး တိုက်ခိုက်ခံရပြီး သေဆုံး

🚩 ၄။ တညောင် ရဲစခန်းနှင့် လျှပ်စစ်ရုံးခွဲ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၅။ ဇီးဖြူကုန်း ပျူစခန်းကို ရက်ဆက် ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး အရာရှိ တဦး အပါအဝင် ၁၀ ဦး ဒဏ်ရာရ

🚩 ၆။ ဘုတလင်မြို့နယ် သဖန်ရွာမှ နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးပြီး သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီတို့ တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ

Radio NUG

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် ရေးဆွဲရေးလုပ်ငန်းကော်မတီတို့သည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးတွင် နှစ်ဖက် အပြန်အလှန် မိတ်ဆက်ကြပြီးနောက် မန္တလေးလုပ်ငန်းကော်မတီအနေဖြင့် မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ (မူကြမ်း) ရေးဆွဲရေးလုပ်ငန်းစဉ်နှင့် လက်ရှိဆောင်ရွက်နေမှုများအား တာဝန်ရှိသူများက တင်ပြမျှဝေခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် CRPH ဥက္ကဋ္ဌနှင့်တကွ အဖွဲ့ဝင်များက မန္တလေးလုပ်ငန်းကော်မတီ၏ ဆွေးနွေးမေးမြန်းမှုများအပေါ်  ပြန်လည်ဖြေကြားပြီး အကြံပြုချက်များလည်း ပြောကြားခဲ့ကြပါတယ်။


ထို့အပြင် ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဥ်း၍ အပြန်အလှန် သဘောထားများ၊ အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး ရှေ့ဆက်လုပ်ငန်းစဥ်များအတွက်လည်း လိုအပ်သလို ချိတ်ဆက်တွေ့ဆုံကြရန် ဆွေးနွေးသဘောတူခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့်တကွ CRPH အဖွဲ့ဝင်များ ပါဝင်တက်ရောက်ကြပြီး မန္တလေးလုပ်ငန်းကော်မတီမှလည်း ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနနှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီတို့ တွေ့ဆုံဆွေးနွေး


နိုဝင်ဘာ  

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊  ပညာရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများ၊ ပညာရေးဝန်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီဝင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့အကြား  တွေ့ဆုံဆွေးနွေးမှုကို နိုဝင်ဘာလ () ရက်နေ့ မွန်းလွဲ  ()နာရီအချိန်တွင် အွန်လိုင်းမှတဆင့် ပြုလုပ်ခဲ့ကြတယ်လို့ NUG ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊  ပညာရေးဝန်ကြီးဌာန တာဝန်ရှိပုဂ္ဂိုလ်များ၊  ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ၏ ပညာရေးကော်မတီဝင်များ၊ ချင်းပြည်ပညာရေးဘုတ်အဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင်များ စုစုပေါင်း(၇၃)ဦး တက်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အစည်းအဝေးကို ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC)   အလှည့်ကျသဘာပတိ ဒေါက်တာကင်တန်လင်းမှ အဖွင့်အမှာစကားပြောကြား၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးမှ အဖွင့်မိန့်ခွန်း ပြောကြားပြီး မြို့နယ်အသီးသီးမှ ပညာရေးလုပ်ငန်းဆောင်ရွက်ချက်များ၊ ကြုံတွေ့ရသည့် အခက်အခဲပြဿနာများကို  ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီမှ တာဝန်ရှိသူများ အပြန်အလှန်မေးမြန်း ဖြေကြားမှုများ ဆောင်ရွက်ခဲ့ကြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီတို့အကြား ဆက်လက် ပူးပေါင်းဆောင်ရွက်သွားကြရေးနှင့် ပုံမှန်တွေ့ဆုံမှုများ ဆက်လက်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ အမေရိကန်နိုင်ငံ ဖိုဝိန်းမြို့ရှိ မြန်မာမိသားစုများနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်း၊ ဒေါက်တာ မီမီဝင်းဘတ်တို့ တွေ့ဆုံမယ်


နိုဝင်ဘာ  

Radio NUG

နိုဝင်ဘာလ ၁၀ရက်နေ့တွင် ဒေါက်တာ မီမီဝင်းဘတ်နှင့် ဖို့ဝိန်းမြို့မိသားစုများ တွေ့ဆုံပွဲ ကျင်းပမယ်လို့ သတင်းရရှိပါတယ်။


နေ့လယ် ၁နာရီမှ ညနေ ၄နာရီအထိ မြို့လယ်စာကြည့်တိုက်မှာ တွေ့ဆုံမှာဖြစ်ပြီး အထူးဧည့်သည်အဖြစ် လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း ပါဝင်တက်ရောက်မယ်လို့ သိရပါတယ်။


အလားတူ နိုဝင်ဘာလ ၁၁ရက်နေ့တွင် အမေရိကန်နိုင်ငံ ဖိုဝိန်းမြို့ရှိ မြန်မာမိသားစုများနဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တွေ့ဆုံမယ်လို့ သတင်းရရှိပါတယ်။


ညနေ ၆နာရီမှ ၈နာရီ အထိ ဇေတဝန်ကျောင်းတိုက်မှာ တွေ့ဆုံမယ်လို့ သိရပါတယ်။


========================


📌📌 ၄။ လုံခြုံရေးကောင်စီအနေဖြင့်  မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်တယ်လို့ သံအမတ်ကြီး ပြောကြား


နိုဝင်ဘာ

Radio NUG

လုံခြုံရေးကောင်စီအနေဖြင့်  မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်တယ်လို့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ မျက်နှာစုံညီအစည်းအဝေး၌ လူ့အခွင့်အရေးကောင်စီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။


"မိမိအနေဖြင့် လူ့အခွင့်အရေးကောင်စီ၏ တောင်းဆိုချက်များ ထပ်လောင်း တောင်းဆိုလို၍ ကောင်စီအနေဖြင့် မြန်မာ့အကျပ်အတည်းအား ဖြေရှင်းရာတွင် အရေးပါသည့် အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ရန် တောင်းဆိုပါကြောင်း၊ စစ်ကောင်စီနှင့်တကွ ၎င်း၏ အနွယ်အပွားများကိုလည်း တာဝန်ခံမှု ရှိစေရမည် ဖြစ်ပြီး နစ်နာသူများနှင့် ၎င်းတို့၏ မိသားစုများအတွက်လည်း တရားဥပဒေကြောင်းအရ မျှတမှုဖြင့် ပြန်လည်ကုစားပေးရမည်ဖြစ်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးမှ တောင်းဆိုထားသည့် မြန်မာအရေးကိစ္စ တစ်စုံလုံးအား အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံးသို့ တင်သွင်းရေးအတွက် ပြတ်သားစွာ လုပ်ဆောင်သင့်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။


အကြမ်းဖက်မှုစက်ဝန်းအား ရပ်တန့်ရန်နှင့် တာဝန်ခံမှု ရှိစေရန် ပြစ်ဒဏ်ကင်းလွတ်ခွင့်အား ချုပ်ငြိမ်းခြင်းအပြင် အခြားသော နည်းလမ်း မရှိကြောင်း၊ သို့ဖြစ်ရာ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားမှ သက်သေ အထောက်အထားများ စုဆောင်းနိုင်ရေးအတွက် လိုအပ်သည့် အရင်းအမြစ်များ ထောက်ပံ့ပေးရန်နှင့် ၎င်းတို့နှင့် ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းတောင်းဆိုလိုကြောင်း သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေးမှာ သံအမတ်ကြီး ဖော်ထုတ်


နိုဝင်ဘာ

Radio NUG

အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေးအရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရတယ်လို့ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနှင့် အပြန်အလှန်ဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က ပြောပါတယ်။


"စစ်ကောင်စီ၏ ယုတ်ရင်းရက်စက်သော လေကြောင်းတိုက်ခိုက်မှုများ၊ မတရား ဖမ်းဆီးချုပ်နှောင်မှုများ၊ အကြမ်းဖက်မှုများနှင့် အတင်းအကျပ် တပ်သားစုဆောင်းမှုများမှ လွတ်မြောက်နိုင်ရန် ရိုဟင်ဂျာအပါအဝင် များစွာသော မြန်မာပြည်သူများ အတင်းအကျပ် နေရပ်စွန့်ခွာနေရကာ ဝေးလံခေါင်ဖျားသော နေရာ ဒေသများ သို့တည်းမဟုတ် အိမ်နီးချင်းနိုင်ငံများနှင့် အခြား ဒေသတွင်းနိုင်ငံများတွင် ခိုလှုံ နေထိုင်နေရလျက်ရှိကြောင်း၊ လူမှုရေးနောက်ခံ အမျိုးမျိုး ကွဲပြားကြသည့် ဒုက္ခသည် အများစုအနေဖြင့်လည်း တတိယ နိုင်ငံများ၌ နိုင်ငံရေး ခိုလှုံခွင့်နှင့် ယာယီအကာအကွယ်ပေးမှုများ လျှောက်ထားလျက်ရှိကြောင်း၊ ဒုက္ခရောက်နေသော မိမိတို့၏ မြန်မာပြည်သူများအား အကူအညီပေးအပ်လျက်ရှိသော အိမ်ရှင်နိုင်ငံ အစိုးရများနှင့် ပြည်သူများအား ကျေးဇူးတင်ရှိသည့်နည်းတူ ၎င်းတို့ အား လိုအပ် သည့် အကူအညီနှင့် စောင့်ရှောက်မှုများ ပိုမို ပေးအပ်ပေးရန် တောင်းဆိုလိုပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် အိမ်နီးချင်းနိုင်ငံများ၌ ပိတ်မိနေသည့် ဒုက္ခသည်များအနေဖြင့် လုံခြုံရေး အရ စိန်ခေါ်မှုများစွာ ကြုံတွေ့နေရပြီး ပြန်လည်နေရာချထားရေး အခွင့်အလမ်းများအတွက် အပါအဝင် အခြားသော မသေချာ၊ မရေရာမှုများကိုလည်း ရင်ဆိုင် နေရလျက်ရှိကြောင်း"သံအမတ်ကြီးကပြောပါတယ်။


၎င်းတို့အနေဖြင့် UNHCR သို့ ချဉ်းကပ်ကာ နိုင်ငံတကာ အကာအကွယ် ရရှိနိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အများစုမှာ UNHCR ထံမှ ပြန်ကြားမှုကို စောင့်ဆိုင်းလျက်ရှိ ကြောင်း၊ ၎င်းတို့ အနေဖြင့် စိတ်ဒဏ်ရာများရကာ ကူကယ်ရာမဲ့နေသည်ဟု ခံစားနေရ လျက်ရှိကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောပါတယ်။


========================


📌📌 ၆။ ဘန်ကောက်အနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်များတွင် မြန်မာလုပ်သား ၁၆၀ကျော် ဖမ်းဆီးခံရ


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာလ ရက်နေ့က စမွတ်ပရကန်ခရိုင်ထဲရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်အများစုပါဝင်သော အလုပ်နေရာပေါင်း ၃၀ ခန့်ကို ထိုင်းလဝကဌာနက ကွင်းဆင်းစစ်ဆေးခဲ့စဉ် မြန်မာအလုပ်သမား ၁၆၀ ကျော် ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ထိုင်းသတင်းဌာနများမှာ ဖော်ပြထားပါတယ်။


မြန်မာအလုပ်သမားများနှင့်အတူ ကမ္ဘောဒီးယားနိုင်ငံသား ၇၅ ဦး၊ လာအို နှစ်ဦးနှင့် ထိုင်းနိုင်ငံသား ၄၉ ဦး စုစုပေါင်း ၂၈၇ ဦးကို ဖမ်းဆီးခဲ့ကြောင်း ထိုင်းလဝက က ထုတ်ပြန်ထားပါတယ်။


မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို အလုပ်သမားများသည် တရားမဝင် ဝင်ရောက်လာမှု၊ အလုပ်လုပ်ကိုင်ခွင့် ကျော်လွန်နေထိုင်မှု၊ ခွင့်ပြုချက်မရှိသော အလုပ်များတွင် ဝင်ရောက်လုပ်ကိုင်နေမှု၊ ဧည့်စာရင်း မတိုင်မှုနှင့် အခြားအမှုများဖြင့် အမှုဖွင့်ထားပြီး ထိုင်းနိုင်ငံသားများမှာ နိုင်ငံခြားသားအလုပ်သမားများကို တရားမဝင် ခန့်အပ်ထားမှုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း ဆိုပါတယ်။


အလုပ်ရှင်နှင့် အလုပ်သမားများကို စုစုပေါင်း ဘတ်နှစ်သိန်းခွဲခန့် ဒဏ်ငွေချမှတ်ထားပြီး အားလုံးကို ဖမ်းဆီးထားကာ ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


တရားမဝင် နိုင်ငံခြားသားအလုပ်သမားများအား ဖမ်းဆီးနှိမ်နှင်းရေးကို နိုင်ငံတော်ရဲတပ်ဖွဲ့က ဦးဆောင်ကာ စမွတ်ပရကန်ခရိုင်အပြင် အခြားခရိုင်များတွင်လည်း ထပ်မံဆောင်ရွက်မည်ဖြစ်ပြီး တရားမဝင် နိုင်ငံခြားသား အလုပ်သမားများကို တွေ့ရှိပါက သတင်းပို့တိုင်ကြားရန် ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ စစ်ကောင်စီက ဝါဒဖြန့်ဘာသာရပ်အချို့ကို ကျောင်းတွေမှာ ထည့်သွင်းသင်ကြားဖို့ပြင်ဆင်


နိုဝင်ဘာ  

Radio NUG 


အခုလက်ကျန် စာသင်နှစ် ဒါမှမဟုတ် လာမယ့်ပညာသင်နှစ်တွေမှာ စစ်တပ်ရဲ့ မတရား စစ်မှုထမ်းဥပဒေ၊ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေနဲ့ အာဏာရှင်ဆန့်ကျင်တဲ့ အင်အားစုတွေကို ပုံဖျက်ရေးဆွဲထားတဲ့ အကြမ်းဖက်ဥပဒေစတဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို စစ်ကောင်စီလက်အောက်က အခြေခံပညာ ကျောင်းသူ/ကျောင်းသားတွေ သင်ယူရဖို့ ရှိနေပါပြီလို့ Burma Affairs Conflict Study မှ သတင်းထုတ်ပြန်ပါတယ်။


ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ရန်ကုန်၊ မကွေး၊ မွန်ပြည်နဲ့ ရှမ်းပြည်တောင်ပိုင်းက စစ်ကောင်စီထိန်းချုပ်ထားတဲ့ မြို့ကြီးတွေမှာ အခြေခံပညာ အထက်တန်းအဆင့် ဆရာ/ဆရာမတွေကို စစ်တပ်ရဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အကြမ်းဖက်မှု ဥပဒေတွေနဲ့ပတ်သက်ပြီး ရက်တိုသင်တန်းတွေ ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


ဒီသင်တန်းတွေရဲ့ ရည်ရွယ်ချက်က စစ်ကောင်စီရဲ့ ဝါဒဖြန့်ဘာသာရပ်တွေကို ဆရာ/ဆရာမတွေက တဆင့် Grade  11 နဲ့ Grade 12 အတန်းအပါအဝင် အခြေခံပညာကျောင်းတွေက ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်လူငယ်တွေဆီ ပျံ့နှံ့ရောက်ရှိဖို့ ဖြစ်တယ်လို့ သိရပါတယ်။


ဒီသင်တန်းတွေကို‌ စစ်ကောင်စီရဲ့ ဥပဒေရေးရာဝန်ကြီးဌာနနဲ့ ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းလုပ်ဆောင်တာဖြစ်ပြီး စစ်ကောင်စီရဲ့ ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်းကို ရန်ကုန်မှာ အောက်တိုဘာ ၂၈ က စတင်ခဲ့ကာ အခြေခံပညာ ဆရာ/ဆရာမ  ၃၀၀ ကျော်တက်ရောက်ခဲ့ပါတယ်။


သင်တန်းကာလအနေနဲ့ အချို့သင်တန်းတွေက ၁၀ ရက်ကြာမြင့်မှာ ဖြစ်ပြီး၊ အချို့သင်တန်းတွေကတော့ ၁၂ ရက်ကြာမြင့်မှာ ဖြစ်ပြီး အခြား စစ်ကောင်စီထိန်းချုပ်ထားတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာလည်း မကြာမီ အလားတူသင်တန်းမျိုးတွေ စတင်အကောင်ထည် ဖော်လာနိုင်ချေ ရှိပါတယ်။ 


========================


📌📌 ၈။ဒေသဘက်မှ ညီနောင်မဟာမိတ် ()ဖွဲ့ ဘက်ကို ကုန်ပစ္စည်းများ မရောက်အောင် တရုတ်ထောက်လှမ်းရေးများနှင့် တင်းကြပ်ထား


နိုဝင်ဘာ  

Radio NUG 


ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်ဒေသကနေ ညီနောင်မဟာမဟာမိတ် ()ဖွဲ့ MNDAA TNLAနဲ့ AAတို့ထံ ကုန်ပစ္စည်းများ မရောက်ရှိအောင် တရုတ်ဘက်က ထွက်ပေါက်အကုန်လုံးကိုရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့အတူ တရုတ်ဘက်က ထောက်လှမ်းရေးတွေပါ လုံခြုံရေးလာရောက်ရယူပြီး အထူးတင်းကြပ်ထားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


လူနှင့် ပစ္စည်း အဝင်ရပြီး လမ်းမကြီးအပြင် အခြားဖြတ်လမ်း သွားလို့ရတဲ့ မြေသားလမ်းတွေပေါ်အထိ တရုတ်ရဲတွေကရဲတွေနဲ့ ပေါင်းပြီး တင်းကြပ်ထားတယ်လို့ သိရပါတယ်။


မိုင်းလား၊ ညီနောင်မဟာမိတ် ()ဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေအပြင် KIA သိမ်းပိုက်ထားတဲ့ နယ်စပ်တွေကိုလည်း တရုတ်ဘက်က ရက်အကန့်သတ်မရှိ ပိတ်ပင်ထားသလို မူဆယ်မှာလည်း ပစ္စည်းအကန့်အသတ်နဲ့သာ ထုတ်ခွင့်ပြုထားလို့ စက်သုံးဆီတွေလည်း စတင်ပြတ်လပ်လာနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၉။ ပလက်ဝ ကောင်စီ (PC) ရဲ့ ဒေသန္တရ အစိုးရ ဌာနများအတွက် ကျပ်သိန်း ၃၀၀၀ ကမ်ပိန်း ပြုလုပ်နေ


နိုဝင်ဘာ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ချင်းတော်လှန်ရေး အင်အားစုတခုဖြစ်တဲ့ ပလက်ဝကောင်စီ (PC) ရဲ့ ဒေသန္တရ အစိုးရ ဌာနများအတွက် အရေးပေါ်လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန်အရှိန်အဟုန်မြှင့်တင် ကီမိုတခွင်ကမ်ပိန်း ပြုလုပ်နေတယ်လို့ သိရပါတယ်။


ကြားကာလ ခူမီး(ချင်း) မျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ (IKACC) နဲ့ ပလက်ဝကောင်စီ (PC) တို့ ဦးစီး ပြုလုပ်တဲ့ အဆိုပါ ကမ်ပိန်းကို နိုဝင်ဘာလ ရက် ကနေ ၂၀၂၅၊ ဇန်နဝါရီလ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပြီး ကျပ်သိန်း ၃၀၀၀ ရန်ပုံငွေ ရရှိရေးအတွက် ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။


ကမ်ပိန်းမှ ရရှိသော ဘဏ္ဍာငွေများကို ပလက်ဝကောင်စီရဲ့ ဌာနများဖြစ်ကြတဲ့ ကာကွယ်ရေး၊ ရဲတပ်ဖွဲ့၊ ပညာရေး၊ ကျန်းမာရေး၊ IDPs စခန်း၊ လူသားစာနာအကူအညီ စတဲ့ကဏ္ဍစုံမှာ အသုံးပြုသွားမယ်လို့ အသိပေးထားပါတယ်။


လက်ရှိမှာ ကာကွယ်ရေးဌာနဖြစ်တဲ့ CDF-ပလက်ဝ မှာ စစ်ရေးအသုံးစားရိတ်နဲ့ မြေပြင် အရေးပေါ် လိုအပ်ချက် အများအပြား ရှိနေပြီး ရဲတပ်ဖွဲ့၊ ပညာရေး ကဏ္ဍ၊ ကျန်းမာရေး ကဏ္ဍတို့မှာလည်း လိုအပ်ချက်တွေ အများအပြား ရှိနေတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ အင်းတကော်မြို့ အဆိပ်ကုန်းရွာ ဓားပြတိုက်မှုတွင် တပ်မ ၇၇ တံဆိပ်ပါသူ တွေ့မိဟု ဆို


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာလ ၄ရက်နေ့ မနက် ၁၀း၃၀ နာရီခန့်ကဖြစ်ပွားခဲ့သော အင်းတကော်မြို့အပိုင် အဆိပ်ကုန်းကျေးရွာ ဓားမြမှုကြောင့် အင်းတကော်နယ်အတွင်း အစစ်အဆေးများ တင်းကြပ်နေကြောင်း ဆိုင်ကယ် ကယ်ရီသတင်းရပ်ကွက်မှ သိရှိရတယ်လို့ အင်းတကော်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF)မှ သတင်းဖော်ပြထားပါတယ်။


အဆိပ်ကုန်းကျေးရွာသို့ ခြံမြေဝယ်ရန် လာရောက်သော သူဌေးနှင့် အခြား ဦး စီးလာသော ကားအား  အဆိပ်ကုန်းရွာလမ်း တစ်နေရာအရောက် ဆိုင်ကယ်စီး လက်နက်ကိုင်များမှ လက်နက်ပြ၍ ဓားမြတိုက်သွားရာ ငွေကျပ် သိန်းသုံးရာ ကျော်ခန့်ပါသွားတယ်လို့ သိရပါတယ်။


ဓားမြများစီးလာသော ဆိုင်ကယ်အနီရောင်ဟု သိရှိရသဖြင့် ပိုက်စိပ်တိုက် စစ်ဆေးရှာဖွေနေပြီး အင်းတကော် ဆယ်မိုင်ကုန်းလမ်းဆုံ၌ စစ်ဆေးမှုများ တင်းကြပ်နေတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါဖြစ်စဥ်အတွင်း ဓားမြတစ်ဦး၏ အတွင်းအင်္ကျီတွင် တပ်မ ၇၇ ဘတ်တံဆိပ်အား တွေ့မြင်လိုက်ကြရသဖြင့် စစ်ဆေးနေမှုမှာ နေရာလွဲနေကြောင်း ပြောဆိုနေကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ အမ်း (နပခ) လက်ရုံးတပ်စခန်း ခု၊ တိုင်ကျိုးကျေးရွာရှိ အထိုင်စခန်းနဲ့ ပုဂံတောင်က ယာယီ အထိုင်စခန်းတို့ကို AA သိမ်းပိုက်


နိုဝင်ဘာ  

Radio NUG


အမ်းမြို့ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ရဲ့ လက်ရုံးတပ်များ ဖြစ်ကြတဲ့ ခမရ (၃၇၁) နဲ့ စစ်လက်နက် ပစ္စည်းသိုလှောင်ရေးတပ် (COD) တို့ကို အာရက္ခတပ်တော် (AA) က ဆက်လက်သိမ်းပိုက်ခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ်ထံက သိရပါတယ်။


အမ်းမြို့ဧရိယာထဲမှာ ပါဝင်ပြီး အရေးပါတဲ့ နပခရဲ့ အဆိုပါ လက်ရုံးတပ်များ သိမ်းပိုက်နိုင်မှုနှင့် ပတ်သက်ပြီး AA ဘက်က တစုံတရာ သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေမယ့် မြေပြင် စစ်ရေး သတင်းရင်းမြစ်များနဲ့ နီးစပ်သူများက အတည်ပြုထားပါတယ်။


လက်ရှိမှာတော့ နပခ ဌာနချုပ် တည်ရှိရာ အမ်းမြို့က တပ်ရင်းများ ဖြစ်ကြတဲ့ ခမရ (၃၇၃) ခမရ (၃၇၁) ကုတင် ၃၀၀ ဆေးတပ်၊ ကံ့ကော်တစ်ထောင် ဘုရား၊ ပူလောင်တောင် ဘုရားကုန်း၊ စရဖ တပ်၊  နပခ အနီးရှိ မိုက်ကရိုဝေ့ တောင်ကုန်း၊ စစ်လက်နက် သိုလှောင်ရေးတပ် COD အမှတ် () တိုက်စည်းကျောင်း၊ BE တပ်ရင်း၊ သရက်ပင် တပ်စခန်းနဲ့ နတလ ဂိတ်များကို AA က သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


အမ်းမြို့က တပ်ရင်းအများအပြားကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် AA ရဲ့ ထိုးစစ်ဟာ မကြာခင် နပခ ဌာနချုပ်ကို ရောက်လာတော့မှာဖြစ်ပြီး အမ်းတိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ တပ်သားအများအပြားကို အသုံးပြု ခုခံခဲ့ပေမယ့် AA ရဲ့ ပြင်းထန်တဲ့ ထိုးစစ်ကို ဟန့်တားနိုင်ခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။


အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့ မြောက်ဘက် မိုင် (၂၀) အကွာက တိုင်ကျိုး စံပြကျေးရွာ အခြေစိုက် စစ်ကောင်စီ တပ်စခန်းနဲ့ ပုဂံတောင် ယာယီအထိုင်စခန်းတို့ကို နိုဝင်ဘာလ ရက်နေ့မှာ AA က သိမ်းပိုက်ခဲ့ပါသေးတယ်။


အဆိုပါ တပ်စခန်း ခုကို နိုဝင်ဘာ ရက်နေ့က စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တိုင်ကျိုး တိုက်ပွဲကို စစ်ကူလာတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ ခန့်ကိုလည်း မောင်ရွှေဂျိုင် အရောက်မှာ ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အများပြား သေဆုံးပြီး လက်နက်ချ အညံ့ခံသူတွေလည်း ရှိတယ်လို့ သိရပါတယ်။ 


စစ်ကောင်စီက တောင်ကျိုးရွာနဲ့ ပုဂံတောင်တို့တွင် အခိုင်အမာ ခံစစ်ပြင်ထားပေမယ့် AA ရဲ့ ထိုးစစ်ကို မခံနိုင်တာကြောင့် ဆပ်သွားကျေးရွာကို တပ်ဆုတ်ခဲ့ရပြီး ရိုးတောင်ခြေရင်းက ကျောင်းတောင် ကျေးရွာနဲ့ ဆင်ကူး ကျေးရွာတို့ကို တပ်အင်အား ၆၀ ခန့် ထပ်မံဖြည့်တင်း ခံစစ်ပြင်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မြိုင်တွင် ဈေးဝယ်ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ဦး တိုက်ခိုက်ခံရပြီး သေဆုံး


နိုဝင်ဘာ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကခရိုင်၊ မြိုင်မြို့နယ်တွင် ချောင်းဆုံ ဂိတ်ကနေ မြိုင်မြို့ပေါ်ကို ဈေးဝယ်ထွက်လာတဲ့ ရဲတပ်ဖွဲ့ဝင် ဦးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦးလုံး သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၂၅ မိနစ်ခန့်မှာ မြိုင်မြို့‌ မြောက်ဘက် ချောင်းဆုံဂိတ်ကနေ ဆိုင်ကယ်တစီးနဲ့ ဈေးဝယ် ထွက်လာတဲ့ သုံးပွင့် ဗိုလ်(ရဲ) အဆင့်ရှိ ချစ်စမ်းမောင်နဲ့ ရဲတပ်သား တဦးကို ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း ၎င်းရဲတပ်ဖွဲ့ဝင် ဦးစလုံး သေဆုံးခဲ့ပြီး MA-3 သေနတ် တလက်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


၎င်းတိုက်ခိုက်မှုကို မြိုင်မြို့နယ် ပကဖ တပ်ရင်း ခွဲ နှင့် Joker ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


မြိုင်မြို့နယ်နှင့် မြို့ပေါ် နယ်မြေများကို မြိုင် ပကဖ က စိုးမိုးထားပြီး စစ်တပ်စခန်းများကို ရိက္ခာဖြတ်တောက်ခြင်း ဆက်သွယ်ရေး ဖြတ်တောက်ခြင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှား တိုက်ခိုက်ခြင်းများ လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တညောင် ရဲစခန်းနှင့် လျှပ်စစ်ရုံးခွဲ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဦး သေဆုံး


နိုဝင်ဘာ ရက်

Radio NUG


မကွေးတိုင်း၊ စလင်းမြို့နယ်၊ တညောင်တိုက်နယ်ရှိ စစ်ကောင်စီ တပ်စွဲထားရာ တညောင် ရဲစခန်းနှင့် လျှပ်စစ်ခွဲရုံးတို့ကို တပြိုင်နက် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ-စလင်း)က ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် နာရီခန့်မှာ တညောင်ရဲစခန်းနဲ့ လျှပ်စစ်ခွဲရုံးတို့ကို လက်နက်ကြီး၊ လက်နက်ငယ်၊ Drone များနဲ့ RPG များဖြင့် တပြိုင်နက်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကာ တညောင် ရဲစခန်း ပတ်လည်က အတားအစီးများကိုလည်း မီးရှို့ဖျက်စီးနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါစစ်ဆင်ရေးကို စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း-ပကဖ) နဲ့ ရပ်ကျေး ပကဖ များ၊ မင်းဘူး ခရိုင် ပကဖ၊ မကွေးတိုင်း ပကဖ ရဲ့ Drone လက်ရုံးတပ်ဖွဲ့ ဖြစ်တဲ့ သိန်းငှက်နက် ဆိပ်ဖြူ တော်လှန်ရေး တပ်ဦး၊ Chauk Guerrilla Force (CGF) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၅။ ဇီးဖြူကုန်း ပျူစခန်းကို ရက်ဆက် ဒရုန်းစစ်ဆင်ရေး ပြုလုပ်ခဲ့ပြီး အရာရှိ တဦး အပါအဝင် ၁၀ ဦး ဒဏ်ရာရ


နိုဝင်ဘာ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာရှိ ပျူစခန်းကို နိုဝင်ဘာ ရက်နေ့မှ ရက်နေ့ထိ ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) နည်းပညာ တပ်ရင်းက ရက်ဆက်တိုက် ဒရုန်း စစ်ဆင်ရေး ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ရက်နေ့ ညနေ နာရီခွဲမှာ ပြုလုပ်ခဲ့တဲ့ တိုက်ခိုက်မှုတွင် စစ်ကောင်စီ အရာရှိ တဦး၊ တပ်သား ဦးနဲ့ ပျူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး အရာရှိ ဖြစ်သူမှာ ခြေထောက်တဖက် ဖြတ်ထုတ်ရတဲ့ အခြေအနေထိ ရောက်ခဲ့ တယ်လို့ ဆိုပါတယ်။


ထို့အပြင် နိုဝင်ဘာ ရက်နေ့ မှာလည်း မနက် နာရီနဲ့ ညနေ နာရီခွဲမှာ ကြိမ်စီနဲ့ နိုဝင်ဘာ ရက်နေ့ ၁၁ နာရီခွဲမှာ ကြိမ် တိုက်ခိုက်ခဲ့ရာ ပျူခေါင်းဆောင် ဦး အပါအဝင် ဦး ဒဏ်ရာရခဲ့ ပါသေးတယ်။


အလားတူ နိုဝင်ဘာ ရက် ညနေ နာရီမှာလည်း ထပ်မံ တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ပျူစခန်း အတွင်းရှိ အဆောက်အဦး တလုံး မီးလောင်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ရက်တာ စစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်မှ အရာရှိအဆင့် ဦး အပါအဝင် စုစုပေါင်း ၁၀ ဦးထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၆။ ဘုတလင်မြို့နယ် သဖန်ရွာမှ နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးပြီး သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး


နိုဝင်ဘာ  

Radio NUG 


နိုဝင်ဘာလ ရက်နေ့တွင် ဘုတလင်မြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းက သဖန်ရွာမှ ပြည်သူပိုင် နေအိမ် ၃၂ လုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သပြေပင်ရွာကို ထပ်မံ စစ်ကြောင်းထိုး ဝင်ရောက်လျက်ရှိကြောင်း စည်ပါရွာ ပကဖထံမှ သိရပါတယ်။


စစ်ကြောင်းထိုး ဝင်ရောက်နေသောကြောင့် မကျီးအုတ်ရွာ၊ သဖန်ရွာ၊ အင်းတဲရွာနှင့် သပြေပင်ရွာမှ ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာထွက်ပြေးနေရပြီး ပြည်သူများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ရှိမရှိကို အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment