10th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ် အစုရှယ်ယာများ ဝယ်ယူထားမှု ငွေစာရင်း SDB-RMs များကတဆင့် ဝယ်ယူထားမှု၊ စာရင်းသွင်းငွေလွှဲနေမှုများက

တရိပ်ရိပ်ဆက်လက် တက်နေဆဲဖြစ်တယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဆို

📌 ၂။ တော်လှန်အမွေကမ်ပိန်းမှာ ပါဝင်ဖို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း

📌 ၃။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ (၂၅) နှစ်ပြည့် အထိမ်းအမှတ်နေ့သို့ MSFC မှ သဝဏ်လွှာ ပေးပို့

📌 ၄။ ကလေးအကျဉ်းထောင်တွင် အခန်းခ သောင်းမှ သိန်းအထိ တောင်းကာ အခန်းခ မပေးနိုင်သူများ အသက်သေဆုံးတဲ့အထိ အလုပ်လုပ်ရ

📌 ၅။ အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၂၄) ဦးထိ ရှိခဲ့

📌 ၆။ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားမိတ်ဖက် ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီကို ဖိအားပေးကမ်ပိန်း စတင်

📌 ၇။အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပြင်ဆင်မှု ဘယ်အဆင့်ရောက်ပြီလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမည်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကချင်ဒေသမှာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် KIO ဥက္ကဋ္ဌ အား တရုတ်ဗဟိုအစိုးရက ဘေကျင်း သို့ ဖိတ်ခေါ်

🚩 ၂။ ရပ်စောက်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဓာတုဗုံး အသုံးပြု တိုက်ခိုက်

🚩 ၃။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ (,၅၀၀) ကျော် တိမ်းရှောင်နေရ

🚩 ၄။ ဂန့်ဂေါမြို့နယ် မင်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူ () ဦး သေဆုံး

🚩 ၅။ ချင်းတွင်းမြစ်ကူးတံတားဂိတ်တွင် ရပ်နားထားသော စစ်ကောင်စီ မော်တော်ယာဥ် () စီးအား တော်လှန်ရေးတပ်ဖွဲ့မှ drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့

🚩 ၆။ စစ်ကိုင်းတွင် ရဲတပ်ကြပ်ကြီး တဦးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့

🚩 ၇။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တပ်ရင်း() တပ်ရင်း() တပ်ရင်း()တို့မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ နွေဦးဖွံဖြိုးရေးဘဏ် အစုရှယ်ယာများ ဝယ်ယူထားမှု ငွေစာရင်း SDB-RMs များကတဆင့် ဝယ်ယူထားမှု၊ စာရင်းသွင်းငွေလွှဲနေမှုများက

တရိပ်ရိပ်ဆက်လက် တက်နေဆဲဖြစ်တယ်လို့ စီမံ/ဘဏ္ဍာဝန်ကြီး ဆို


နွေဦးဖွံဖြိုးရေးဘဏ် အစုရှယ်ယာများ ဝယ်ယူထားမှု ငွေစာရင်း SDB-RMs များကတဆင့် ဝယ်ယူထားမှု၊ စာရင်းသွင်း ငွေလွှဲနေမှုများက တရိပ်ရိပ်ဆက်လက် တက်နေဆဲဖြစ်တယ်လို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်က ဒီဇင်ဘာလ () ရက်ညပိုင်းမှာ ဆိုရှယ်မီဒီယာကတဆင့် အသိပေးဆိုထားပါတယ်။

"ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်ဝယ်ယူမှုကတော့ မနေ့ည သန်းခေါင်ယံမှာ ပြီးဆုံးသွားပြီဆိုပေမယ့် SDB-RMs များကတဆင့်

ဝယ်ယူထားမှု၊ စာရင်းသွင်းငွေလွှဲနေမှုများက တရိပ်ရိပ်ဆက်လက် တက်နေဆဲပါ.. တော်လှန်အောင်ပွဲကို ရည်သန်ယုံကြည်စွာ ရင်းနှီးအပ်နှံကြသူ တဦးချင်း တယောက်ချင်းကို လေးစားဦးညွတ် ဂါရဝပြုအပ်ပါတယ်" လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူလူထုထံမှ အစုရှယ်ယာ ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၃ သန်း နီးပါးခန့် ရရှိထားဖြစ်ကြောင်းလည်း နွေဦးဖွံ့ဖြိုးရေးဘဏ်က ဒီဇင်ဘာလ () ရက်မှာ အသိပေးကြေညာထားပါတယ်။

"ICO 2 ကာလ ပြီးဆုံးသည့်တိုင် RM များမှ တဆင့် စာရင်းပေး ဝယ်ယူကြသည့် ငွေလွှဲကျန်များ ပြန်လည်ပြင်ဆင်နိုင်ဖို့ နှင့် စာရင်းကျန် အမှာစာများ ဖြည့်စွက် ကိုက်ညီမှုများရှိနေသည့်အတွက် နောက်ဆုံး စာရင်းပိတ် ရင်းနှီးမှု ပမာဏအားဖြင့် အပြောင်းအလဲ ရှိနိုင်ကြောင်း မေတ္တာထား အသိပေးအပ်ပါတယ်"လို့ ဆိုပါတယ်။

နွေဦးဖွံဖြိုးရေးဘဏ် အစုရှယ်ယာများရောင်းချခြင်းကို နိုဝင်ဘာလမှ ဒီဇင်ဘာ () ရက်နေ့အထိ သတ်မှတ်ရောင်းချခဲ့သော်လည်း ဝယ်ယူသူအလွန် များပြားလွန်းသောကြောင့် ဒီဇင်ဘာ () ရက်နေ့အထိ () ရက်တာ ထပ်မံ ရက်တိုးမြှင့်ခဲ့ရပါတယ်။

လက်ရှိမှာ အစုရှယ်ယာများ ရောင်းချရငွေများထဲမှ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဒေါ်လာ () သန်းကို SDB ICO-2 ကနေ ထုတ်နုတ်သုံးစွဲလျက်ရှိတယ်လို့လည်း သိရပါတယ်။ 


========================


📌📌 ၂။ တော်လှန်အမွေကမ်ပိန်းမှာ ပါဝင်ဖို့ အမျိုးသမီး၊လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ဒုဝန်ကြီး တိုက်တွန်း


တော်လှန်အမွေကမ်ပိန်းမှာ ပြည်သူအများ ပါဝင်ကြဖို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်အိသဉ္စာမောင်က ရုပ်သံဖိုင်ကတဆင့် အခုလို တိုက်တွန်းထားပါတယ်။

"အခုလို တော်လှန်ရေးကာလအတွင်း နိုင်ငံရေးအံတုမှုတွေထဲမှာ ပါဝင်နေကြတဲ့ အမျိုးသမီးတွေကို ထောက်ပံ့ပေးဖို့အတွက် တော်လှန်အမွေဆိုတဲ့ လက်မှတ်ရောင်းချတဲ့ ကံစမ်းမဲ အစီအစဥ်ကို ကျမတို့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ဒီအစီအစဥ်လေးကနေပြီးတော့မှ နိုင်ငံရေးအကျဥ်းသူ အမျိုးသမီးတွေ၊ စစ်ဘေးရှောင် အမျိုးသမီးတွေနဲ့ တော်လှန်ရေးတိုက်ပွဲတွေအတွင်း၊ လှုပ်ရှားမှုတွေအတွင်း ပါဝင်ဆောင်ရွက်နေကြတဲ့ လူငယ်အမျိုးသမီးတွေအတွက် အထောက်အပံ့ဖြစ်ဖို့ ဆောင်ရွက်နေတာလည်းရှိတာကြောင့်မို့လို့ တော်လှန်ပြည်သူများအနေနဲ့ ကျမတို့ကမ်ပိန်းမှာ ပါဝင်ဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်" လို့ ဆိုပါတယ်။

တော်လှန်အမွေ ကမ်ပိန်းလေးဟာ အခုဆိုရင် ရည်မှန်းတားဂတ်ပမာဏ ပြည့်မှီဖို့ မဲအစောင်ရေ (၈၅၀) ပဲ လိုတော့တယ်လို့ သိရပါတယ်။

ကံထူးရှင်များအနေနဲ့ ပထမဆု ပတ္တမြားတဆင်စာ၊ အထူးဆု နွေဦးတော်လှန်ရေးဦးထုပ် အလုံး (၂၀) ၊လက်ရာမြောက် ကော်ဖီပန်းချီ (၁၀) ကား၊ ဆီဆေးပန်းချီကားနဲ့ အလှဆင်ထားတဲ့ အိတ်လှလှအလုံး (၂၀) စတဲ့ ဆုလက်ဆောင်တွေကို ပိုင်ဆိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

တော်လှန်အမွေမှ ရရှိလာသော ရောင်းချရငွေများကို ဝန်ကြီးဌာနရဲ့အစီအစဉ်အောက်မှ စစ်ရှောင် ကလေးများနှင့် အမျိုးသမီးများအတွက် ၃၀% ထောင်ဒဏ်ကျ အမျိုးသမီးများနှင့် လူငယ်များအတွက် ၃၀ % အမျိုးသမီး ရဲဘော်များ အထွေထွေအသုံးစရိတ်အတွက် ၃၀% အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ ၁၀% အနေနဲ့  သုံးစွဲသွားမှာပဲ ဖြစ်ပါတယ်။


========================


📌📌 ၃။ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ (၂၅) နှစ်ပြည့် အထိမ်းအမှတ်နေ့သို့ MSFC မှ သဝဏ်လွှာ ပေးပို့


အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (၂၅) နှစ်တာ ကြာမြင့်သော အမျိုးသမီးအဖွဲ့များ စုဖွဲ့ထားနိုင်မှု ခရီးလမ်းတွင် မြန်မာနိုင်ငံရှိ အမျိုးသမီးများ၏ အခွင့်အရေး မြှင့်တင်ရေးနှင့် ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး လှုပ်ရှားမှုများ၊ အမျိုးသမီးများ ခေါင်းဆောင်မှုကဏ္ဍတွင် ပါဝင်လာနိုင်ရေးကို မဆုတ်မနစ် ကြိုးစား လုပ်ဆောင်ခဲ့သည့်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီမှ ဂုဏ်ယူပါကြောင်း သဝဏ်လွှာတွင် ဖော်ပြထားပါတယ်။

ထို့အပြင် စစ်မှန်သော ငြိမ်းချမ်းရေးကို ဦးတည်သည့် နိုင်ငံရေး၊ လူမှုရေး၊ ဂျဲန်ဒါတန်းတူရေး၊ တိုင်းရင်းသား တန်းတူရေး၊ တရားမျှတမှုကို အခြေခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံ ထူထောင်ရေးအတွက် နွေဦးတော်လှန်ရေးတွင် တက်ကြွစွာ ဦးဆောင်ပါဝင်ခဲ့သည့် အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ညီအစ်မများကို မွန်ပြည်ဖက်ဒရယ်ကောင်စီမှ လေးစားစွာ ဂုဏ်ပြုအပ်ပါကြောင်း၊ 

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)သည် ၂၅ နှစ်ကြာ ကာလအတွင်း မျိုးဆက်သစ် အမျိုးသမီး ခေါင်းဆောင်များကို ပြုစုပျိုးထောင်ပေးနိုင်ခြင်း၊ ကျား/ အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေး အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်နိုင်ခြင်း၊ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေသော အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုအပြင် တရားဥပဒေချိုးဖောက်မှုများအတွက် တရားမျှတမှုရရှိရန် စွမ်းစွမ်းတမံ တောင်းဆိုတိုက်တွန်း လုပ်ဆောင်နိုင်ခဲ့သည့်အတွက်လည်း ကျေးဇူးတင် ဂုဏ်ယူရပါကြောင်း

အမျိုးသမီးများ၏ အခွင့်အရေးနှင့် လွတ်လပ်မှုကို ရှေးရှု၍ နိုင်ငံတော်တိုးတက်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးအတွက် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အဓိက ကျသော အခန်းကဏ္ဍသည် ဆုံးဖြတ်ချက်ချသော ကဏ္ဍတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်ရေး အပြင် တိုင်းရင်းသားများ၏ အခွင့်အရေးကိုလည်း ဂရုပြုပါဝင်စေရေးတွင်လည်း အပြုသဘော ဆောင်သော အကျိုးသက်ရောက်မှုများ ရရှိစေခဲ့သည်ကိုလည်း တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ အနေဖြင့်လည်း အမျိုးသမီးများ၏ ခေါင်းဆောင်မှု စွမ်းရည်မြှင့်တင်ရေး၊ ဂျဲန်ဒါတန်တူရေး၊ လူမှုစည်းလုံးညီညွတ်ရေးနှင့် တန်းတူအခွင့်အရေးများ ရှိစေရေးအတွက် ဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပြီး ၂၅ နှစ်ပြည့် ဖြစ်သည့် အခါမွန်အခါကောင်းနေ့ထူးတွင် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) အနေဖြင့် သမိုင်းတလျောက် ပြုလုပ်ဆောင်ရွက်ခဲ့သည့် အောင်မြင်မှုများ၊ ထူးချွန်မှုများအတွက် ချီးမြှင့် ဂုဏ်ပြုရင်း၊ အနာဂတ်သို့ ရဲရင့်တိုးတက် ဆောင်ရွက်သွားနိုင်ရန် နှင့် အမျိုးသမီးများ အားလုံး မျှော်လင့်နေသည့် စစ်အာဏာရှင်စနစ် သာမက အာဏာရှင်စနစ် အမျိုးမျိုး အမြန်ဆုံး အဆုံးသတ်နိုင် အောင် ဆက်လက်ကြိုးစားလုပ်ဆောင်ပေးနိုင်ပါစေကြောင်း၊ အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ရှိ ညီအစ်မများ အားလုံး ဘေးကင်းလုံခြုံကြပြီး အောင်မြင်မှုများစွာ ရရှိနိုင်ပါစေကြောင်း မွန်ပြည် ဖက်ဒရယ်ကောင်စီမှ ဆုမွန်တောင်းထားပါတယ်။


========================


📌📌 ၄။ ကလေးအကျဉ်းထောင်တွင် အခန်းခ သောင်းမှ သိန်းအထိ တောင်းကာ အခန်းခ မပေးနိုင်သူများ အသက်သေဆုံးတဲ့အထိ အလုပ်လုပ်ရ


ကလေးအကျဉ်းထောင်တွင်းမှ ထောင်ပိုင် အောင်မိုးဝင်း နှင့်ထောင်ပိုင်လေး ချိုမင်းလတ်တို့သည် အခန်းခ သောင်းမှ သိန်းအထိ တောင်းကာ ငွေကြေးမတတ်နိုင်ပါက မကောင်းမွန်သော အခန်းများတွင် နေရသည့်အပြင် အခန်းခအတွက် 'ပိုက်ဆံ မထွက်တဲ့‌ကောင် အလုပ်ဖိခိုင်း' ဆိုသည့် အာဏာစက်အောက်တွင် အသက်သေဆုံးရသည်ထိပင် အခန်းကြွေးကို ခန္ဓာနှင့်ဆပ်နေရသည့် အခြေနေများ ရှိနေကြောင်း PPNM မှ သတင်းထုတ်ပြန်ထားပါတယ်။

အကျဉ်းသား အေးချမ်းအောင်သည် အခန်းကြွေးကို ခန္ဓာဖြင့် ဆပ်‌ရသူဖြစ်ပြီး အလုပ်ကြမ်းလုပ်ရင်း အမောဖောက်ကာ သေဆုံးသွားခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

သေဆုံးချိန်ကို ဆေးရုံတ္ငင် သေဆုံး‌သည်ဟု ထုတ်ပြန်ထားသော်လည်း လက်တွေ့မှာ ရောဂါအခံရှိသူများကိုပင်လျင် အလုပ်မလုပ်ပါက လျှော့ရက်‌ ဖြတ်မည်ဟု ချိန်းခြောက်ကာ အလုပ်ကြမ်းများကို ဖိခိုင်းလျက်ရှိတယ်လို့ သိရပါတယ်။

ထိုမျှသာမက အကျဉ်းထောင်တွင် မီးသီး၊ မီးလုံး၊ သော့မှအစ အစစအရာရာ အထွေထွေပြင်ဆင်စရိတ်များကို အကျဉ်းသားများထံမှ ကောက်ခံသည့်အပြင် ခရီးသွားလာရေး စရိတ်များကိုပင်  အကျဉ်းသားများထံမှ အတင်းအကျပ် တောင်းယူလေ့ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အကျဉ်းထောင်များ၏ ယုတ်မာသည့် အုပ်ချုပ်ရေးစနစ်တစ်ခုဖြစ်သော သွေးခွဲအုပ်ချုပ်ခြင်းကို အဆိုပါ ကလေးအကျဉ်းထောင်တွင် ဖောဖောသီသီ သုံးစွဲနေပြီး နိုင်ငံရေးအကျဉ်းသားများကို ပြစ်မှုကြီးကျူးလွန်ထားသူများက အုပ်ချုပ်‌စေတယ်လို့ သိရပါတယ်။

ထောင်ပိုင်ခေါ် ထောင်အရာရှိများက နှစ်ကြီးသမားများကို လက်သပ်မွေးကာ‌ တရားဥပဒေဘောင်ကို ကျော်လွန်သည့် အခွင့်အရေးများပေးပြီး နိုင်ငံရေး အကျဉ်းသားများနှင့် ၎င်းတို့ အမြင်မကြည့်သည့် အကျဉ်းသားများကို ကိုယ်ထိလက်ရောက် ကျူးလွန်စေခြင်း၊ စိတ်ရောကိုယ်ပါ အနှောင့်အယှက်ပေးခြင်းများကို ပြုလုပ်စေတယ်လို့ သိရပါတယ်။

ကလေးအကျဉ်းထောင်တွင်လည်း ထောင်ပိုင်၏ လက်မွေး တန်းစီးချုပ် ကျော်နိုင်လင်း () ရခိုင်သည် တန်းစီးချုပ်ဆိုသည့် နေရာကို အလွဲသုံးစားပြုကာ ထောင်ပိုင်များ မြှောက်ပင့်ပေးသည့်အတိုင်း နိုင်ငံရေးအကျဉ်းသားနှင့် အခြားအကျဉ်းသား စုစုပေါင်း () ဦးကို အကြောင်းမဲ့ ကိုယ်ထိလက်ရောက် နာ‌ကျင်စေခဲ့သည့်အပြင် ထောင်ပိုင် အောင်မိုးဝင်းမှာ "မင်းတို့တွေ စစ်တပ်နဲ့ တရားသူကြီးတွေကို သုံးလေးဆယ် ပေးရတုန်းက အသံမထွက်ဘူး။ အခု ငါတို့ကို နှစ်သိန်း သုံးသိန်းပေးရတော့မှ အသံလာမထွက်နဲ့'' လို့ ပြောဆိုကြိမ်းမောင်းမှုမျိုးကိုပင် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်လျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၂၄) ဦးထိ ရှိခဲ့


၂၀၂၄ ခုနှစ်၊ ၁၁ လတာကာလအတွင်း နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးထိန်းသိမ်းခြင်းခံထားရပြီး အကျဉ်းထောင်အတွင်း လုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိသောကြောင့် အသက်ဆုံးရှုံးခဲ့ရသူ (၂၄) ဦးထိ ရှိခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ AAPP က ဖော်ပြပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်တွင် နေထိုင်သော သန်လျင်ရေတပ်မှ တပ်သား ပြည့်စုံဦး () ပါပါးသည် CDM လှုပ်ရှားမှု၌ ပါဝင်ခဲ့သောကြောင့် စစ်အုပ်စု၏ ဖမ်းဆီးခြင်းကို ခံခဲ့ရပြီး သေဒဏ်အမိန့် ချမှတ်ခြင်းခံခဲ့ရပြီး  အကျဉ်းထောင်အတွင်း၌ ကျောက်ကပ်ရောဂါနှင့် အဆုတ်ရေဝိုင်းရောဂါများကို ခြောက်လခန့် ခံစားခဲ့ရပြီး လုံလောက်သော ဆေးဝါးကုသခွင့် မရရှိသဖြင့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်မှာ သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၂၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားမိတ်ဖက် ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီကို ဖိအားပေးကမ်ပိန်း စတင်


တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားမိတ်ဖက် ပြင်သစ်အခြေစိုက် Airbus ကုမ္ပဏီကို ဖိအားပေးကြဖို့ ကမ်ပိန်းစတင်ပြီဖြစ်ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုကမ်ပိန်းက ဒီဇင်ဘာ () ရက်မှာ အသိပေးလိုက်ပါတယ်။

"အကြမ်းဖက်စစ်အုပ်စုကို နေ့စဉ်လေကြောင်း ဗုံးကြဲနိုင်ဖို့ လက်နက်၊ ဒုံးကျည်နဲ့ အဆင့်မြင့်နည်းပညာကို ထောက်ပံ့ရောင်းချနေတဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီ မှာ ရင်းနှီးမြုပ်နှံထားတဲ့ စီးပွားမိတ်ဖက် ပြင်သစ်အခြေစိုက်  Airbus ကုမ္ပဏီကို ဖိအားပေးကြရအောင်ပါ။ဆထက်တပိုး ဖြစ်ပွားနေတဲ့ လေကြောင်းတိုက်ခိုက် အကြမ်းဖက်မှုတွေမှာ ပါ၀င်နေတဲ့ Airbus ကုမ္ပဏီကို တရုတ် အစိုးရ ကုမ္ပဏီမှ နှုတ်ထွက်ရန် ဒါမှမဟုတ်  အကြမ်းဖက်စစ်အုပ်စုအပေါ် လက်နက်များ ရောင်းချခြင်းမပြုရန် AVIC ကုမ္ပဏီအပေါ်ဖိအားပေးနိုင်ဖို့ တောင်းဆိုချက်‌တွေနဲ့အတူ နိုင်ငံတကာက ချမှတ်ထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေကို လေးစားလိုက်နာဖို့ Airbus ကုမ္ပဏီ Facebook Page မှာ Comment ပေး တောင်းဆိုသွားဖို့ ရှိပါတယ်" လို့ ဆိုပါတယ်။

ဒီဇင်ဘာ (၁၀) ရက် လူ့အခွင့်အရေးနေ့မှာ ကမ်ပိန်း စတင်ပြီး Facebook အသုံးပြုသူ တော်လှန်လူထုများမှ တယောက်ချင်းစီ ကော့မန့် (Comment) ပေးနိုင်ပြီး ကောမန့် ပေးပုံ အသေးစိတ်ကို Blood Money Campaign - MM Facbook စာမျက်နှာမှာ ဖော်ပြထားပါတယ်။


========================


📌📌 ၇။အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပြင်ဆင်မှု ဘယ်အဆင့်ရောက်ပြီလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ကျင်းပမည်


(၇၆) နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ်အသွင်ကူးပြောင်းရေးကာလနှင့် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးအတွက် ပြင်ဆင်မှု ဘယ်အဆင့်ရောက်ပြီလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ (Panel Discussion) ကို ယခုနှစ် လူ့အခွင့်အရေး Campaign တတိယမြောက် စကားဝိုင်းအနေနှင့် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက် (အင်္ဂါနေ့) မြန်မာစံတော်ချိန် () နာရီတိတိ အချိန်တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါဆွေးနွေးပွဲတွင် မမေနှင်း (JCC-TJ) နော်ဆဲဆဲ စည်းရုံးရေးနှင့် နိုင်ငံရေးအဖွဲ့ခေါင်းဆောင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) ဦးကျော်ဇော်၊ အတွင်းရေးမှူး အဖွဲ့ဝင် (မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေး - SCPRU) NUG ဗညားခွန်အောင် အတွင်းရေးမှူး - (ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ) တို့က ဆွေးနွေးသွားကြမည်ဖြစ်ကာ ဒေါ်ခင်လေး (Woman Advocacy Coalition Myanmar) က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါဆွေးနွေးပွဲကို မနက်ဖြန် ဒီဇင်ဘာလ (၁၀) ရက် မြန်မာစံတော်ချိန် () နာရီတိတိတွင် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ PVTV နှင့် အခြားသော တော်လှန်ရေး media များတွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သွားမည်ဖြစ်ပါ၍ ပြည်သူများအနေဖြင့် စောင့်မျှော် ကြည့်ရှုနားဆင်နိုင်ကြောင်းအသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်၊ မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ ကချင်ဒေသမှာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် KIO ဥက္ကဋ္ဌ အား တရုတ်ဗဟိုအစိုးရက ဘေကျင်း သို့ ဖိတ်ခေါ်


ကချင်ပြည်နယ်မှာ တိုက်ပွဲများ ပြင်းထန်နေချိန်တွင် တရုတ် ဗဟိုအစိုးရက ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ဘေကျင်းမြို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ () ရက်နေ့မှာ KIO ဥက္ကဋ္ဌ တရုတ်နိုင်ငံကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ကချင် စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပြောဆိုထားပါတယ်။

ယခုတွေ့ဆုံမှုဟာ ယခင်က တိုင်းရင်းသား တပ်များနဲ့ ပုံမှန်တွေ့ဆုံနေကျ တရုတ် အထူးကိုယ်စားလှယ် (သို့မဟုတ်) ဒေသဆိုင်ရာ အာဏာပိုင်များက ဖိတ်ခေါ်ခြင်း မဟုတ်ဘဲ ပီကင်း (ဘေကျင်း) ထိ သွားရောက်ခြင်း ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

လက်ရှိအချိန်မှာ KIO/KIA တပ်ဖွဲ့ဟာ ကချင်ပြည်နယ်ရဲ့ ဒုတိယ အကြီးဆုံးမြို့ ဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် အပါအဝင် စစ်ကောင်စီ တပ်ရင်းတပ်ဖွဲ့ များစွာ အခြေစိုက်ထားတဲ့ ဗန်းမော်မြို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

တရုပ်နိုင်ငံဘက်က နယ်စပ်ဒေသမှာ တိုက်ပွဲများ ဖော်ဆောင်ခြင်း မပြုဖို့ ပြောဆိုမှုတွေ ရှိပေမယ့် တရုတ်-မြန်မာ နယ်စပ်က ကုန်သွယ်ရေး မြို့များဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တီ အပါအဝင် စစ်ကောင်စီ တပ် စခန်းများနဲ့ ကချင် အထူးဒေသ () တခုလုံးကိုလည်း KIA က သိမ်းပိုက်ထိန်းချုပ် ထားပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း KIA က ကချင်ပြည်နယ်မှာ မြို့ပေါင်း (၁၄) မြို့နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းက မဘိမ်းမြို့၊ နမ့်ဖင်ကာရွာ နှင့် စစ်ကောင်စီ တပ်ရင်းများကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ရပ်စောက်တွင် စစ်ကောင်စီက ဒရုန်းဖြင့် ဓာတုဗုံး အသုံးပြု တိုက်ခိုက်


ရှမ်းပြည်နယ်၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူ ဒေသတွင် စစ်ကောင်စီက ဒရုန်းဖြင့် ဓာတုဗုံး အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ဓနုပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာ () ရက်နေ့ ညနေ () နာရီခန့်မှာ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဓာတုဗုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး DPLA ရဲဘော်များ ဓာတုအဆိပ်သင့် မူးဝေအော့အန်ခြင်းများ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ (၃၀) ရက်နေ့က စတင်ပြီး ဓနု ပြည်သူ့လွတ်မြောက်ရေး တပ်တော် (DPLA) ဟာ နယ်မြေခံ စစ်ကောင်စီတပ်များဖြစ်တဲ့ ကျောက်ဂူအမြောက်တပ် (အမတ - ၃၄၉) နောင်ဝိုးတပ် (ခလရ - ၂၉၂) တို့အပြင် တောင်ခမ်းမြို့ကို ရပ်စောက်ဘက်မှ စစ်ကူသွားတဲ့ စစ်ကောင်စီ တပ်များနဲ့ တိုက်ပွဲဖြစ်ပွားနေခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ပြည်သူတဦး ဒဏ်ရာရခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ (,၅၀၀) ကျော် တိမ်းရှောင်နေရ


ကရင့်အမျိုးသား အစည်းအရုံး (KNU) ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ () ဦး ဒဏ်ရာရခဲ့ပြီး စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ (,၅၆၀) ဦး တိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ () ရက်နေ့မှာ အုန်းပင်စုရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီတပ်က ထွနီကုန်းရွာကို လက်နက်ကြီး () လုံး၊ ရေလဲဗမာရွာကို () လုံးနဲ့ () ရက်နေ့မှာ ပရဲစီ (မရမ်းစိန်) ရွာကို () လုံး ပစ်ခတ်ခဲ့ရာ ရေလဲဗမာ ကျေးရွာမှာ လာရောက်ခိုလှုံနေတဲ့ ဥသျှစ်ကုန်းရွာသား အသက် (၃၇) နှစ်အရွယ် စောနေတာ ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။

အလားတူ ဆောထိမြို့နယ်၊ တော်ဝီရွာမှာ နေရာယူထားတဲ့ စစ်ကောင်စီ တပ်ကလည်း ဒီဇင်ဘာ () ရက်နေ့မှာ ဂွေးကုန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး () လုံး၊ () ရက်နေ့မှာ () လုံးနဲ့ () ရက်နေ့မှာ () လုံးထိ ကျဲချခဲ့ပါတယ်။

ထို့အပြင် တယောလူ (ခလရ - ၅၇) စခန်းမှ လက်နက်ကြီး () လုံး ကဇင်းပင် ဘုန်းကြီးကျောင်းဝင်းကို ပစ်ခတ်ခဲ့ပြီး ဒီဇင်ဘာ () ရက်နေ့မှာ ပိန်းဇလုပ် အခြေစိုက် ခလရ -၂၆၄ တပ်က ပျဉ်ရေကြီး ရွာကို ဟောင်ဝစ်ဇာဖြင့် (၁၂၀) မမ () လုံး ပစ်ခတ်ခဲ့ပါသေးတယ်။

ဒီဇင်ဘာလ () ရက်နေ့မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်နဲ့ KNLA တပ်ရင်း () တပ်ဖွဲ့များ ရေဖြူကန် ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

ထိုသို့ စစ်ကောင်စီ တပ်က စစ်ကြောင်းထိုး ဝင်လာတာကြောင့် ချုံအင်း၊ ဂွေးကုန်း၊ ကောက်မယ့်သူနဲ့ ရေဖြူကန် ကျေးရွာတို့မှ ဒေသခံ (,၅၆၀) ဦး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၄။ ဂန့်ဂေါမြို့နယ် မင်းရွာတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ဒေသခံ ပြည်သူ () ဦး သေဆုံး


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မင်းရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ ယောအလင်းတန်းက ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ () ရက်နေ့ မနက် (၁၀) နာရီ (၃၅) မိနစ် ဝန်းကျင်မှာ ဂန့်ဂေါမြို့နယ်၊ ပြည့်ဝ (ပစ်မ) ရွာ အမြောက်တပ်က ဟောင်ဝစ်ဇာ အမြောက်ဖြင့် (၁၂၂) မမ () လုံး အကြောင်းမဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ လက်နက်ကြီးကျည် () လုံးဟာ မင်းရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် (၇၂) နှစ်အရွယ်ရှိ ဦးပြူး ဆိုသူ သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ ချင်းတွင်းမြစ်ကူးတံတားဂိတ်တွင် ရပ်နားထားသော စစ်ကောင်စီ မော်တော်ယာဥ် () စီးအား တော်လှန်ရေးတပ်ဖွဲ့မှ drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့


ကလေးဝမြို့ ချင်းတွင်းမြစ်ကူးတံတားဂိတ်တွင် ရပ်နားထားသော စစ်ကောင်စီတပ်ဖွဲ့များအားတင်ဆောင်ထားသည့် မော်တော်ယာဥ် () စီးအား တော်လှန်ရေးတပ်ဖွဲ့မှ drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကလေးဝ PDF က ဒီဇင်ဘာလ () ရက်မှာ အတည်ပြုပါတယ်။

"ကလေးဝမြို့ ချင်းတွင်းမြစ်ကူးတံတားဂိတ်တွင် ရပ်နားထားသော စစ်ကောင်စီတပ်ဖွဲ့များအား တင်ဆောင်ထားသည့် မော်တော်ယာဥ် () စီးအား တော်လှန်ရေးတပ်ဖွဲ့မှ drop bomb များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ ခေါင်းဆောင်တဦးနှင့် ၎င်း၏ ရဲဘော်တဦး ထိမှန်ဒါဏ်ရာရရှိခဲ့တယ်" လို့ ဆိုပါတယ်။

၎င်းတိုက်ခိုက်မှုကြောင့် လက်စားချေသည့်အနေနှင့် စကစများသည် စစ်ရေးပစ်မှတ်နှင့် သက်ဆိုင်မှုမရှိသော မြို့တောင်ဖက် () မိုင်ခွဲအကွာ ရှိ ရှမ်းအင်းကျေးရွာအား လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ အသက် () နှစ်အရွယ် ကလေးငယ် () တဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် (၁၁) နှစ်အရွယ် ကလေးငယ် () တဦးနှင့် အသက် (၃၂) အရွယ် အမျိုးသမီးတဦးတို့ ထိခိုက်ဒါဏ်ရာ (ပြင်းထန်စွာ) ရရှိခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၆။ စစ်ကိုင်းတွင် ရဲတပ်ကြပ်ကြီး တဦးကို နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့က ရဲတပ်ကြပ်ကြီးတဦးကို နေအိမ်မှာဝင်ရောက်စီးနင်းပြီး ဖမ်းဆီးခဲ့တယ်လို့ ရတနာပုံ တပ်ဦးက သတင်းထုတ်ပြန် ထားပါတယ်။

ဒီဇင်ဘာလ () ရက်နေ့ နေ့လည် (၁၁) နာရီအချိန်ခန့်မှာ ရဲတပ်ကြပ်ကြီး ယဉ်ထွန်းမောင်ကို Burmese Revolution Force - B.R.F ရတနာပုံတပ်ဦး၊ Brave Soldiers Guerilla Force နဲ့ မဟာမိတ်များက ဝင်ရောက် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တပ်ကြပ်ကြီးနဲ့ အတူ (7.62) ကျည် (18) တောင့်၊ (5.56) ကျည် (38) တောင့်၊ လက်ပစ် (1) လုံး လက်ထိပ် (1) ခု၊ ဦးထုတ် (2) လုံးနှင့်အပေါ်ဖောင်း () စုံ တို့ကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တပ်ရင်း() တပ်ရင်း() တပ်ရင်း()တို့မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများကျင်းပ


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တပ်ရင်း() တပ်ရင်း() တပ်ရင်း()တို့မှာ လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများကျင်းပခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ()ရက်တွင် စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ တပ်ရင်း() တပ်ရင်း() တပ်ရင်း()တို့အား လူ့အခွင့်အရေးတာဝန်ခံ၊ စစ်ကိုင်းခရိုင်အတွင်းရေးမှူး၊ ကလေးသူငယ်ရေးရာတာဝန်ခံတို့ပူပေါင်းကာ "လူ့အခွင့်အရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ "ခေါင်းစဉ်ဖြင့် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများ

ကျင်းပခဲ့တယ်လို့သတင်းရရှိပါတယ်။

ထို့အပြင် လူ့အခွင့်အရေးနှင့် စစ်သည်တော်ကျင့်ဝတ် လက်ကမ်းစာစောင်များ ဝေငှခဲ့တယ်လို့သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက်၊ မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment