11th Dec 2024 - Morning Daily News by Radio NUG

၂၀၂၄ ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် NUG အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ ယာယီသမ္မတ ပြော

📌 ၂။  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နဲ့ စစ်သည်ကျင့်ဝတ် (COC) အပိုဒ်တွေကို သရုပ်ဖော်ထားတဲ့ လက်ကမ်းစာစောင်တွေကို လူ့အခွင့်အရေးနေ့မှာ အဓိကထား ဖြန့်ဝေခဲ့

📌 ၃။ တော်လှန်ရေးလုပ်နေပေမယ့် လူ့အခွင့်အရေးကို မေ့ထားလို့မရဘဲ တော်လှန်ရင်းနဲ့ လူ့အခွင့်အ‌ရေးကိုအတူ ဖေါ် ဆောင်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပြောကြား

📌 ၄။ နိုင်ငံတကာလူ့အခွင့်အရေးနေ့အကြို အထိမ်းအမှတ်ပွဲအနေဖြင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) က  Freedom of Expressions ခေါင်းစဉ်ဖြင့် ဟောပြောခဲ့

📌 ၅။ လူ့အခွင့်အရးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန်အတွက် စစ်ကောင်စီကို (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် ထုတ်ပြန်

📌 ၆။ ဂန့်ဂေါမြို့နယ်မှ ပုလဲမြို့နယ်အတွင်း ခိုလှုံနေသည့်အမြဲစစ်ရှောင်များအား ပုလဲမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ထောက်ပံ့

📌 ၇။ ပြည်သူ့ပန်းတိုင်မှ ထုတ်ဝေသည့် အစီရင်ခံစာကို မီဇိုရမ်ပြည်နယ်မှ အစိုးရဌာနနှင့် အဖွဲ့အစည်းအချို့ကို ပေးအပ်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချင်းပြည်နယ် ချွန်ကျုံးရွာကို အကြမ်းဖက် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၄ဦး သေဆုံး၊ CDF ဟားခါး ရှုံချ

🚩 ၂။ ပခုက္ကူ၊ မြိုင်နဲ့ ပေါက် ဒေသများမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့

🚩 ၃။ ရွာသစ်ကျေးရွာကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၄။ တောင်ကုတ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လုံးထက်မနည်း မီးလောင်ပျက်စီး

🚩 ၅။ နောင်ချိုမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံ ဦး သေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၆။ MSRF မှ ရဲဘော်သစ်များရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - () သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

🚩 ၇။ လောင်းကစားဝိုင်းများတွင် ပါဝင်ပတ်သက်နေမှုများကို သတိပေးထားပြီး ဖမ်းဆီးစစ်ဆေး အရေးယူသွားမယ်လို့ မြိုင် ပကဖ ထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် NUG အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ ယာယီသမ္မတ ပြော


ဒီဇင်ဘာ၁၀ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဒီဇင်ဘာ ၁၀ရက်တွင် ကျင်းပတဲ့ ၃၀ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ က ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ မြန်မာစစ်အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် NUG အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့  ပြောကြားလိုက်ပါတယ်။


"ဒီရက်ပိုင်းမှာ ဆီးရီးယားမှာ အာဏာရှင် သမ္မတ ဘာရှားအာဆတ် ပြုတ်ကျသွားပြီး တော်လှန်ရေးအင်အားစုတွေ အောင်ပွဲခံလိုက်တဲ့သတင်းဟာ ကျွန်တော်တို့နိုင်ငံအတွက်လည်း အားတက်စရာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။  အခု ကျွန်တော်တို့ရဲ့ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင် စစ်ကောင်စီခေါင်းဆောင်တွေကို ပြည်သူလူထုဟာ အဆုံးသပ်နိဂုံးချုပ်ပေးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဆီးရီးယားနိုင်ငံမှာ အာဏာရှင်ခေါင်းဆောင်တစ်ယောက် အရှုံးပေး ထွက်ပြေးရသလိုမျိုး၊ ကျွန်တော်တို့ နိုင်ငံမှာလည်း အာဏာရှင်ခေါင်းဆောင်တွေ လက်မြှောက် အရှုံးပေးသွားအောင် ကျွန်တော်တို့ အစိုးရတစ်ဖွဲ့လုံးက အလုပ်နဲ့ သက်သေပြဖို့ လိုတယ်လို့ ယုံကြည်ပါတယ်"လို့ယာယီသမ္မတက ပြောပါတယ်။


အချိန်နဲ့ ဒီရေဟာ လူကို မစောင့်ဘူးဆိုတဲ့ စကားရှိပါတယ်။ တော်လှန်ရေး ဒီရေကလည်း ကျွန်တော်တို့ကို စောင့်နေမှာ မဟုတ်ပါဘူး။ လက်ရှိ နွေဦးတော်လှန်ရေးလှိုင်းလုံးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ တော်လှန်ရေး သမိုင်းတွေထဲမှာ အကြီးမားဆုံးနဲ့ အကျယ်ပြန့်ဆုံးသော တော်လှန်ရေး လှိုင်းလုံးကြီးဖြစ်ပါတယ်။ အဲဒါကို ကျွန်တော်တို့အနေနဲ့ တင်းပြည့်ကျပ်ပြည့် ရှေ့ဆောင်ရှေ့ရွက် မပြုနိုင်ဘူးဆိုရင်၊ ကျွန်တော်တို့ဟာ လှိုင်းထဲမှာ မြှုပ်သွားတဲ့သူတွေ ဖြစ်သွားနိုင်ပါတယ် လို့ ဆိုပါတယ်။


တော်လှန်ရေးအလုပ်ဆိုတာဟာ ခြေတစ်ဖက်လှမ်းထားရုံနဲ့ မလုံလောက်ဘူးလို့ ပြောချင်ပါတယ်။ တော်လှန်ရေးအလုပ်မှာ ခြေစုံရပ် မြှုပ်နှံမှ - လူထုက အားကိုးထိုက်တဲ့ ခေါင်းဆောင် / တိုင်းပြည်နဲ့ လူ့အဖွဲ့အစည်းက အားကိုးထိုက်တဲ့ ခေါင်းဆောင်တွေဖြစ်နိုင်တယ်ဆိုတာ လုံးဝ မေ့လို့ မရပါဘူး။ ကျွန်တော်တို့ဟာ တချိန်ကျရင် နွေဦးတော်လှန်ရေးသမိုင်းအကြောင်း- ကျွန်တော်တို့ မြေးမြစ်တွေကို ပြန်ပြောပြတဲ့အခါမှာ "ငါတို့တတွေဟာ ဘယ်လောက် ယုံကြည်ချက် ပြင်းထန်ခဲ့ကြောင်း / ငါတို့ဟာ ဘယ်လောက်အထိ ခြေစုံရပ် မြှုပ်နှံခဲ့သူတွေ ဖြစ်ကြောင်း" ပြန်ပြောပြပြီး ဂုဏ်ယူနိုင်ဖို့ လိုပါတယ်။ လို့ ယာယီသမ္မတက ပြောထားပါတယ်။


========================


📌📌 ၂။  အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နဲ့ စစ်သည်ကျင့်ဝတ် (COC) အပိုဒ်တွေကို သရုပ်ဖော်ထားတဲ့ လက်ကမ်းစာစောင်တွေကို လူ့အခွင့်အရေးနေ့မှာ အဓိကထား ဖြန့်ဝေခဲ့


ဒီဇင်ဘာ ၁၀ရက်

Radio NUG

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နဲ့ စစ်သည်ကျင့်ဝတ် (COC) အပိုဒ်တွေကို သရုပ်ဖော်ထားတဲ့ လက်ကမ်းစာစောင်တွေကို လူ့အခွင့်အရေးနေ့မှာ အဓိကထားဖြန့်ဝေခဲ့တယ်လို့ ဒီဇင်ဘာ၁၀ရက် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက အသိပေးဆိုထားပါတယ်။


"ဒီနှစ် လူ့အခွင့်အရေးနေ့မှာ ပြည်သူတွေကြားထဲနဲ့ အစိုးရ အုပ်ချုပ်ရေး၊ ကာကွယ်ရေး တပ်ဖွဲ့တွေကြားထဲ အဓိကထားဖြန့်တာကတော့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်း (UDHR) နဲ့ စစ်သည်ကျင့်ဝတ် (COC) အပိုဒ်တွေကို သရုပ်ဖော်ထားတဲ့ လက်ကမ်းစာစောင်တွေပဲ ဖြစ်ပါတယ်။ ပြည်သူတွေကြားထဲမှာရှိနေတဲ့ ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ပြည်သူတွေရဲ့ လူ့အခွင့်အရေးကို လေးစားကာကွယ်ပေးဖို့ တာဝန်ရှိတာကို သိရှိဖို့အတွက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းကို ဖြန့်ဝေခြင်းဖြစ်ပါတယ်။ တဖက်မှာလည်း "ပြည်သူမုန်းရင် စစ်ရှုံးမယ်၊ ပြည်သူမပါရင် တော်လှန်ရေးမနိုင်ဘူး" ဆိုတဲ့အတိုင်းပဲ ပြည်သူလူထုအပေါ်မှာ လက်နက်ကိုင်ပြီး အနိုင်ကျင့်တဲ့၊ စော်ကားတဲ့၊ ဗိုလ်ကျတဲ့ သူတွေမဖြစ်ဖို့ ရည်ရွယ်ပြီး ပြဌာန်းထားတဲ့ စစ်သည်ကျင့်ဝတ်တွေကို ကောင်းကောင်းမွန်မွန် ကြေညက်၊ နားလည်၊ သဘောပေါက်ဖို့လိုအပ်ပါတယ်၊ နားလည် သဘောပေါက်ရုံမကပဲ ကျင့်သုံးဖို့အတွက်လည်း အထူးအရေးကြီးပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။

 

ဒီလက်ကမ်းစာစောင်တွေကို အဓိကထားဖြန့်ဝေရာမှာ ဖြန့်ဝေမှုတွေ အားကောင်းခဲ့ပြီး ဖြန့်ဝေမှုနဲ့ပတ်သက်ပြီးတော့ အသိပညာတိုးမြင့်မှု ရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးလုပ်နေပေမယ့် လူ့အခွင့်အရေးကို မေ့ထားလို့မရဘဲ တော်လှန်ရင်းနဲ့ လူ့အခွင့်အ‌ရေးကိုအတူ ဖေါ် ဆောင်ရမှာ ဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ပြောကြား


ဒီဇင်ဘာ ၁၀ရက်

Radio NUG

တော်လှန်ရေးလုပ်နေပေမယ့် လူ့အခွင့်အရေးကို မေ့ထားလို့မရဘဲ တော်လှန်ရင်းနဲ့ လူ့အခွင့်အ‌ရေးကိုအတူ ဖေါ် ဆောင်ရမှာ ဖြစ်တယ်လို့ ဒီဇင်ဘာလအတွင်း ကျင်းပတဲ့ လူ့အခွင့်အရေးစကားဝိုင်းမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက ပြောပါတယ်။


ကျွန်မတို့က တော်လှန်ရေးလုပ်နေပေမယ့် လူ့အခွင့်အရေးကို လျှော်ထားလို့ မရဘူး။ တော်လှန်ရေးထဲမှာ စာရင်းခဏမှတ်ထားလိုက်လို့မရဘူး။ တော်လှန်ရင်းနဲ့ လူ့အခွင့်အ‌ရေးကို ဖေါ် ဆောင်ရမှာ ဖြစ်တယ်။ အမျိုးသမီးအခွင့်အရေးကို ရရှိအောင် ကြိုးစား‌ပေးရမှာ ဖြစ်တယ်။ LGBT Rights ကိုလည်း မေ့ထားလို့ မရပါဘူး။ ဒါကြောင့် NUGအစိုးရ စတင်ဖွဲ့စည်းကတည်းက ကလေးသူငယ်အခွင့်အရေး ကာကွယ်ရေးမူဝါဒ၊လုပ်ငန်းခွင်လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ကာကွယ်ရေးမူဝါဒတွေကိုလည်းချမှတ်ပြီးဖြစ်တယ်"လို့ ဝန်ကြီးက ပြောပါတယ်။


တော်လှန်ရေး ကာလမှာ တော်လှန်ရေးအင်အားစုအသီးသီးအနေနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာအောင် ဆောင်ရွက်ကြိုးပမ်းကြရာမှာ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနဟာအားကြိုးမာန်တက် ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၄။ နိုင်ငံတကာလူ့အခွင့်အရေးနေ့အကြို အထိမ်းအမှတ်ပွဲအနေဖြင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) က  Freedom of Expressions ခေါင်းစဉ်ဖြင့် ဟောပြောခဲ့


ဒီဇင်ဘာ ၁၀ရက်

Radio NUG

၂၀၂၄ ခုနှစ် နိုင်ငံတကာလူ့အခွင့်အရေးနေ့အကြို အထိမ်းအမှတ်ပွဲအနေဖြင့် စာရေးဆရာမ မသီတာ (စမ်းချောင်း) က  Freedom of Expressions ခေါင်းစဉ်ဖြင့် Zoom မှတဆင့် ဟောပြောခဲ့ပါတယ်။ 


လူ့အခွင့်အရေးများထဲမှ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဆုံးရှုံးနေသည့် လွတ်လပ်စွာ ဖော်ထုတ်ရေးခွင့်နှင့်ပတ်သက်၍ သိရှိနိုင်စေရန် ရည်ရွယ်ကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။


 Zoom မှတဆင့် အဖွဲ့အစည်းပေါင်းစုံမှ စုစုပေါင်း ၈၁ ဦးထိတက်ရောက်ခဲ့ကြပြီး မြေပြင်တွင်  တမာမြေအမျိုးသမီးအခွင့်အရေးအင်အားစုမှ ပြည်သူလူထုနှင့်အတူ projector မှတဆင့် တက်ရောက်နားထောင်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ လူ့အခွင့်အရးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန်အတွက် စစ်ကောင်စီကို (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် ထုတ်ပြန်


ဒီဇင်ဘာ ၁၀ 

Radio NUG 


လူ့အခွင့်အရးချိုးဖောက်မှုများကို အမြန်ဆုံးရပ်တန့်ရန်အတွက် အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) မှ ဖမ်းဝရမ်းထုတ်ပြန်၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် အချိန်ရောက်ရှိကြောင်း ဒီဇင်ဘာလ ၁၀ရက်နေ့တွင် ကျရောက်သည့် (၇၆) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့တွင်ကချင်လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (KHRW)” မှ သတင်းထုတ်ပြန်ပါတယ်။


မိမိတို့နိုင်ငံသည် နှစ်ပေါင်းများစွာ အာဏာရှင်စနစ် စစ်အုပ်ချုပ်မှုကြောင့် ပြည်သူလူထုများသည် အခြေခံလူ့အခွင့်အရေးများကို ယနေ့အချိန်ထိ ချိုးဖောက်ခံနေရပြီး အာဏာသိမ်းစစ်ကောင်စီ၏ နှစ် အုပ်ချုပ်မှုကာလအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှုန်း ပိုမိုးမြင့်လာနေကာ ပြည်သူလူထုများအပေါ် အာဏာသိမ်းစစ်ကောင်စီသည် နည်းလမ်းမျိုးစုံဖြင့် နိုင်ငံတကာလူ့အခွင့်အရေးများကို အများဆုံး ချိုးဖောက်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အာဏာသိမ်းစစ်ကောင်စီသည် ပြည်သူလူထုများကို စစ်တိုက်လေယာဉ်နှင့် လေကြောင်းတိုက်ခိုက်ရေးစနစ်ဖြင့် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခြင်း၊ ဘာသာရေး ဘုရားကျောင်းဆောင်များကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်ခြင်း၊ ကလေးသူငယ်များနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းနှင့် သတင်းအမှောင်းချ တိုက်ခိုက်ခြင်းများကို နေ့စဉ်နဲ့အမျှ ပေါ်ပေါ်ထင်ထင် ဆက်လက် ကျူးလွန် ချိုးဖောက်နေလျှက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၆။ ဂန့်ဂေါမြို့နယ်မှ ပုလဲမြို့နယ်အတွင်း ခိုလှုံနေသည့်အမြဲစစ်ရှောင်များအား ပုလဲမြိုနယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ထောက်ပံ့


ဒီဇင်ဘာ ၁၀ 

Radio NUG 


ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနှင့်အတူ သစ်တောတာဝန်ခံ၊ မြို့နယ်ပအဖအဖွဲ့ဝင်များ၊ ပညာရေးဘုတ်အဖွဲ့ဝင်များ၊ မြို့နယ် ပလဖအဖွဲ့များ၊ တိုက်နယ်ပအဖ လူသားစာနာတာဝန်ခံ၊ တိုက်နယ်ပကဖ တာဝန်ခံနှင့်အဖွဲ့ဝင်များ၊ ကျောတိုက်နယ် ပအဖ၊ ပကဖများတို့သည် ဂန်ဂေါမြို့နယ် ကျောမြို့အနီးမှ  နေရပ်မပြန်နိုင်သည့် စစ်ဘေးရှောင်ပြည်သူများထံသို့ သွားရောက်ခဲ့ကြောင်း သတင်းရရှိပါတယ်။


လူသားစာနာတာဝန်ခံနှင့်အဖွဲ့များသည် စစ်ဘေးရှောင်များ  ရေရှည်နေထိုင်သွားနိုင်ရေး၊ ကလေးများစဉ်ဆက်မပျက် ပညာသင်ယူနိုင်ရေး၊ သစ်တောကြိုးဝိုင်းအတွင်း သယံဇာတ မူဝါဒနှင့်အညီနေထိုင်သွားလာလုပ်ကိုင်နိုင်ရေး၊ ဒေသတွင်းအခါအား‌လျော်စွာ ထုတ်ပြန်သည့် ဒေသန္တရ အမိန့်များ နာခံပေးရန်တို့နှင့် အားပေးစကားများပြောကြားခဲ့ကြပြီး လူသားစာနာအကူအညီများ ထောက်ပံ့ပေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


လူသားစာနာအကူအညီများပေးအပ်ရာတွင် လူသားစာနာတာဝန်ခံမှ အကူအညီတောင်းမှုကြောင့် အရပ်ဖက်အဖွဲ့အစည်းမှ လှူထားသော ငွေကျပ် ,၁၁၀,၀၀၀ (ခုနှစ်ဆယ့်တစ်သိန်းတစ်သောင်း) နှင့် ဆန် ၁၀ အိတ်၊ ဆီ၂၀ပိဿာ၊ အနွေးထည်မျိုးစုံ၊ တခြားအဝတ်အထည်များ ထောက်ပံ့ကူညီပေးခဲ့ကြတယ်လို့ သိရပါတယ်။


ပုလဲမြို့နယ်အတွင်း ထပ်တိုးနေထိုင်သည့် စစ်ရှောင် ကမ့်တစ်ခုဖြစ်သည့်အတွက် အမိုးအကာ၊ စောင်၊ ခြင်ထောင်၊ ရိက္ခာမျိုးစုံ၊ အိမ်သာ၊ ကလေးများ ပညာသင်ကြားနိုင်ရန် သင်ထောက်ကူပစ္စည်းများ၊ စာရေးကိရိယာများ အရေးတကြီးလိုအပ်နေပါသောကြောင့် အဖွဲ့အစည်းများ၊အလှူရှင်များအနေဖြင့် အမြန်ဆုံး အကူအညီများ ပေးသွားကြပါရန် လေးစားစွာဖြင့် မေတ္တာရပ်ခံထားပါတယ်။


========================


📌📌 ၇။ ပြည်သူ့ပန်းတိုင်မှ ထုတ်ဝေသည့် အစီရင်ခံစာကို မီဇိုရမ်ပြည်နယ်မှ အစိုးရဌာနနှင့် အဖွဲ့အစည်းအချို့ကို ပေးအပ်


ဒီဇင်ဘာ ၁၀ 

Radio NUG 


အိန္ဒိယနိုင်ငံ မီီဇိုရမ်ပြည်နယ်ရှိ ဝန်ကြီးချုပ်ရုံး အတွင်းရေးမှူး၊ ပြည်ထဲရေးဌာန နှင့် CID တပ်ဖွဲ့မှ တာဝန်ရှိသူများနှင့် မီဇိုကျောင်းသားသမဂ္ဂဥက္ကဋ္ဌတို့အား ပြည်သူ့ပန်းတိုင်အဖွဲ့ဝင် ကိုကောင်းသူဝင်းမှ ၂၀၂၄ နိုဝင်ဘာလ နောက်ဆုံးပတ်နှင့် ဒီဇင်ဘာလ ပထမပတ်တို့တွင် သွားရောက်တွေ့ဆုံကာ ပြည်သူ့ပန်းတိုင်မှ ထုတ်ဝေထားသည့် "အဟောင်းစွန့်၍ အသစ်တည်ဆောက်ခြင်း (သို့မဟုတ်) နွေဦးတော်လှန်ရေးသို့ ဘက်ပြောင်းပူးပေါင်းခြင်း (Out with the Old, In with the New: Defecting to Myanmar's Spring Revolution)" အစီအရင်ခံစာ စာအုပ်များကို ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဘက်ကူးပြောင်းလာသည့် Defectors များထံမှ မြန်မာစစ်တပ်အတွင်း ကြုံတွေ့ခံရသည့် အခြေအနေများ၊ စကားသံများကို သိရှိစေရန်နှင့်  Defectors ရေးရာကိစ္စများကို လေ့လာဖတ်ရှုကာ ပိုမိုနားလည်ပြီး အကူအညီပေးနိုင်စေရန် ရည်ရွယ်တယ်လို့ ဖော်ပြထားပါတယ်။


ယခု အစီရင်ခံစာသည် ပြည်သူ့ပန်းတိုင်၏ ပထမဆုံး အစီရင်ခံစာဖြစ်ပြီး "အတွေးအခေါ်လမ်း" အစီအစဥ်များတွင် တင်ဆက်ခဲ့သည့် ဘက်ပြောင်းခဲ့သူများ၏ နိုင်ငံရေး အမြင်၊ အတွေးအခေါ်နှင့် အကြံပြုချက်များကို စုစည်းပေးထားခြင်းဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ ချင်းပြည်နယ် ချွန်ကျုံးရွာကို အကြမ်းဖက် စစ်ကောင်စီမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိသားစုဝင် ၄ဦး သေဆုံး၊ CDF ဟားခါး ရှုံချ


ဒီဇင်ဘာ ၁၀

Radio NUG 

v

ဒီဇင်ဘာလ (၁၀)ရက်နေ့  မနက် :၀၀ ခန့်တွင် အကြမ်းဖက် စစ်ကောင်စီက ချင်းပြည်နယ် ချွန်ကျုံးရွာကို  တိုက်လေယာဉ်နဲ့ နှစ်ကြိမ်တိတိ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား မိသားစုဝင် ()ယောက် နေထိုင်သော အိမ်ပေါ်သို့  ဗုံးကျရောက်ပေါက်ကွဲခဲ့ရာ မိသားစုဝင် ()ယောက် ပွဲချင်းသေဆုံးပြီး ()ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း CDF ဟားခါးမှ သတင်းထုတ်ပြန်ပါတယ်။


ထို့နောက် ဒုတိယအကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ()ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လူနေအိမ် ()လုံး ပျက်စီးကာ ()လုံး ထိခိုက်မှုရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ စစ်ကောင်စီက အရပ်သားနေထိုင်သော ချွန်ကျုံးကျေးရွာအပေါ် ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်မှုအပေါ်  CDF-Hakha မှ ပြင်းထန်စွာ ရှုံ့ချသည့်အပြင် War Crimeလည်း ကျူးလွန်တာဖြစ်သည့်အတွက် လုံးဝ (လုံးဝ) လက်မခံကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပခုက္ကူ၊ မြိုင်နဲ့ ပေါက် ဒေသများမှာ စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့များ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့


ဒီဇင်ဘာ ၁၀ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပေါက်မြို့နယ်၊ မြိုင်မြို့နယ်နဲ့ ပခုက္ကူ မြို့နယ်တို့မှာ စစ်ကောင်စီ၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းတပ်ဖွဲ့များ နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့တယ်လို့ မြိုင် ပကဖ က ထုတ်ပြန်ထားပါတယ်။


မြိုင်မြို့နယ်မှာ နိုဝင်ဘာလ ၂၀ ရက်နေ့က မီးသတ်ရုံးရှေ့ တပ်စွဲထားတဲ့ စစ်ကောင်စီ အင်အား ဦးခန့် ကင်းပုန်း ဝပ်ချိန် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ရဲတပ်သား တဦး သေဆုံးခဲ့ပြီး ပျူစောထီး ဦး ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှာလည်း ချောင်းဆုံဂိတ်ကို ရိက္ခာပို့ ထွက်လာတဲ့ စစ်ကောင်စီ တပ်အင်အား ၁၈ ဦးခန့်ကို ခြုံခို တိုက်ခိုက်ခဲ့ရာ ဦး အပြင်းအထန် ဒဏ်ရာရခဲ့ပြီး ဒီဇင်ဘာ ရက်မှာလည်း ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီ တပ်အင်အား ၁၀ ဦးခန့်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးခန့် ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


ထို့အပြင် မြိုင်မြို့နယ်၊ ကန်နီပျူရွာ အနီးမှာလည်း နိုဝင်ဘာ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တို့မှာ တိုက်ပွဲ ကြိမ် ဖြစ်ပွားခဲ့ပြီး ပျူစောထီး ဦး သေဆုံးကာ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တွင်းမ ပျူစောထီး ရွာမှာလည်း နိုဝင်ဘာ ၁၃ ရက်၊ ၁၇ ရက်နဲ့ ၂၀ ရက်နေ့တို့မှာ တော်လှန်ရေး ပူးပေါင်းတပ်တွေ ထောင်တားတဲ့ မိုင်းနင်းမိကာ ရဲ နှစ်ဦး သေဆုံးခဲ့ပြီး ပျူစောထီး ဦး ခြေထောက်ဖြတ်ခဲ့ရတယ်လို့ သိရပါတယ်။


အလားတူ ပခုက္ကူ မြို့နယ်မှာလည်း နိုဝင်ဘာ ၂၀ ရက်နေ့မှာ အောင်သာ ပျူရွာအနီး ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ပျူစောထီး ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှာလည်း ပခုက္ကူ-ကမ္မဒေသ၊ ကန်တော်ကျေးရွာက စစ်ကောင်စီ ဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် ပေါက်မြို့နယ်မှာလည်း နိုဝင်ဘာ ၂၂ ရက်နေ့ကနေ ဒီဇင်ဘာ ရက်နေ့အတွင်း ဇီးပြား - ထရော်ကိုင်း ပျူရွာများကို Drone များဖြင့် တိုက်ခိုက်ခဲ့ရာ ပျူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကာ ပျူစောထီးများနဲ့ မနေလိုတဲ့ သံဃာတော် ပါးနဲ့ ပြည်သူ ၁၃ ဦးလည်း လာရောက်ပူးပေါင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ပေါက်မြို့နယ် တောင်ပိုင်းမှာလည်း နိုဝင်ဘာ ရက်နေ့မှာ သစ်ချိုကုန်း ပျူများနှင့်လည်းကောင်း၊ ၁၃ ရက်နေ့မှာ ကိုင်းလယ် ရဲစခန်းမှ စစ်သားများနှင့် လည်းကောင်း၊ ၂၉ ရက်နေ့မှာ သစ်ချိုကုန်း၊ ပင်တောင်၊ တပ်ကုန်း၊ ရွာသစ် ပျူ ပူးပေါင်းအင်အားများနှင့်လည်းကောင်း ဒီဇင်ဘာ ရက်နဲ့ ရက်နေ့များတွင် ၎င်းပျူစောထီး အင်အားများနဲ့ ဝါးတော၊ ကျောက်ကာ ရွာအနီးမှာလည်းကောင်း နေ့စဉ် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် အဆိုပါ တိုက်ပွဲများအတွင်း ပျူစောထီး အများအပြား သေဆုံးနိုင်သလို တိုက်ပွဲအတွင်း လက်နက်ကြီး ပစ်ကူပေးနေရင်း ကပစ (၂၄) တပ်ရင်းက စစ်ကောင်စီ တပ်ဖွဲ့ ၁၂၀ မမ ပြောင်းကွဲကာ ဦး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မ တပ်ပေါင်းစု၊ ပကဖ အမှတ် (၁၊၂) တပ်ရင်း၊ ပခုက္ကူ ခရိုင် အမှတ် (၁၊၂၊၅၊၆၊၇၊၁၇) တပ်ရင်းများ၊ PLC တပ်ပေါင်းစု၊ အညာမြေ တပ်ပေါင်းစု၊ ဧရာဒေါင်း တပ်ဖွဲ့၊ ဂဠုန် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က သူ့နေရာနဲ့သူ ပူးပေါင်းဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။


========================


🚩🚩 ၃။ ရွာသစ်ကျေးရွာကို ဝင်ရောက်မီးရှို့နေတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ဦးသေဆုံးကာ ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၁၀ ရက်၊ 

Radio NUG


မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာကို ဝင်ရောက်မီးရှို့ ဖျက်စီးနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးပြီး ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင်၊ အမှတ် တပ်ရင်းက ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှ စပြီး မင်းတုန်းမြို့နယ်က မြောက်ပြင် ကြိုးဝ ရွာသစ် ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေတဲ့ အင်အား ၈၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းဟာ ဒီဇင်ဘာလ ရက်နေ့မှာ ရွာသစ် ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာ ဖြစ်ပါတယ်။


ညနေ နာရီခွဲခန့် အချိန်မှာ စတင်မီးရှို့နေတဲ့ အဆိုပါစစ်ကြောင်းကို နာရီ မိနစ် ၄၀ ခန့်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး မျက်မြင် သေဆုံးခဲ့ပြီး ဦးခန့် ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ဆိုပါတယ်။


မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့တဲ့ အဆိုပါ တိုက်ပွဲအတွင်းမှာ သရက်ခရိုင်၊ အမှတ် () တပ်ရင်းက ရဲဘော် တဦးလည်း ခြေထောက် ကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထိုသို့တိုက်ခိုက်ခံရပြီးနောက် ပြန်ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဟာ လမ်းတလျောက် စွန့်လွှတ်မိုင်း (မြေမြှပ်) များ ထောင်ထားခဲ့ပြီး မင်းတုန်းမြို့နယ်က အင်အားထပ်ပေါင်းကာ မြောက်ပြင်း ကျေးရွာမှာ အင်အား ၁၀၀ ခန့်နဲ့ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်နေရာယူ တပ်စွဲထားတယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီ စစ်ကြောင်းက မီးရှို့ဖျက်စီးခဲ့တာကြောင့် ရွာသစ်ကျေးရွာက ဒေသခံ ပြည်သူလူထုရဲ့ နေအိမ် (၆၀) ကျော် မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တောင်ကုတ်ကို စစ်ကောင်စီက ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လုံးထက်မနည်း မီးလောင်ပျက်စီး


ဒီဇင်ဘာ ၁၀ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်ကို စစ်ကောင်စီက ထက်မံဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ် လုံးထက်မနည်း မီးလောင်ပျက်စီး ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ရက်နေ့ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကံပိုင်ရပ်ကွက်၊ သံတွဲလမ်းခွဆုံကို ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။


ထိုသို့ ဗုံးကြဲတိုက်ခိုက် ခံခဲ့ရတာကြောင့် သံတွဲ လမ်းခွဆုံနားက အရပ်သား ပြည်သူပိုင် နေအိမ် လုံး ထက်မနည်း မီးလောင်ပျက်စီး ခဲ့ရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ရက်နေ့ကလည်း အဆိုပါ သံတွဲလမ်းခွဆုံကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ခရစ်ယာန် ဘုရားကျောင်းနဲ့ နေအိမ် ၁၅ လုံး မီးလောင်ပျက်စီးခဲ့ရပါသေးတယ်။


========================


🚩🚩 ၅။ နောင်ချိုမှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ပြီး ဒေသခံ ဦး သေဆုံးကာ ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၁၀ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ဒေသခံ ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့တယ်လို့ PSlF/TNLA က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၀ ရက် နေ့လည် ၁၁ နာရီမှာ စစ်ကောင်စီရဲ့ ဘန့်ဘေး တပ်စခန်းကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး တလုံးဟာ နောင်ချိုု၊ တရုတ်ကုန်း ရပ်ကွက် () ထဲ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၅၂ နှစ် အရွယ်ရှိ ဦးဖိုးရှုပ်ဆိုသူ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


အလားတူဒီဇင်ဘာလ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲ အချိန်တွင် သရက်ကုန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဆမ္မဆယ် ကျေးရွာမှာကို လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ပါတယ်။


အဆိုပါ လက်နက်ကြီး လုံးဟာ အမှတ် () သကြားစက်ရုံ ဝင်းအတွင်းနဲ့ စက်ရုံဘေးမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး စက်ရုံဝန်ထမ်း အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


၎င်းအမျိုးသား ဦးဟာ ဦးခေါင်းမှာ ထိမှန်ဒဏ်ရာ ရခဲ့ပြီး အမျိုးသမီးတဦးကတော့ ပေါင်မှာ ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ MSRF မှ ရဲဘော်သစ်များရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် - () သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်


ဒီဇင်ဘာ ၁၀ 

Radio NUG 


မွန်ပြည်တော်လှန်ရေးတပ် (MSRF) မှ ဦးစီးပြုလုပ်သည့် အခြေခံစစ်သင်တန်း အပတ်စဉ် - () သင်တန်းဆင်းပွဲ အခမ်းအနားကို ဒီဇင်ဘာလ ရက်နေ့တွင် လွတ်မြောက်နယ်မြေတနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အခြေခံစစ်သင်တန်းဆင်းပွဲကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ဥက္ကဋ္ဌ နာဲမွန်စိုင်း၊ MSFC ကာကွယ်ရေးဌာန ဌာနမှူး နာဲဒင်းပလဟံသာ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ -(၃၃) ဗျူဟာမှူး စောဒါးကို၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) တပ်ရင်း () ရေးသိန်းငှက်နှင့် ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) မှ တာဝန်ရှိသူများ ရဲဘော်များ တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခြေခံစစ်သင်တန်း အပတ်စဉ် () သည် မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် မဟာမိတ်တပ်ရင်းတပ်ဖွဲ့များထံသို့ ရောက်ရှိလာသော ရဲဘော်သစ်များအတွက် ပို့ချသည့် အခြေခံစစ်သင်တန်းဖြစ်တယ်လို့ သိရပါတယ်။


အခြေခံစစ်သင်တန်း အပတ်စဉ် () တွင် မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနတပ်ရင်း၊  ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (KBDF) နှင့် ရေးသိမ်းငှက်အဖွဲ့မှ ရဲဘော်သစ်များ ပါဝင် တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ လောင်းကစားဝိုင်းများတွင် ပါဝင်ပတ်သက်နေမှုများကို သတိပေးထားပြီး ဖမ်းဆီးစစ်ဆေး အရေးယူသွားမယ်လို့ မြိုင် ပကဖ ထုတ်ပြန်


ဒီဇင်ဘာ ၁၀ ရက်၊ 

Radio NUG


မြိုင်မြို့နယ်အတွင်း တော်လှန်ရေးအဖွဲ့အစည်းများက လောင်းကစား ဝိုင်းများနှင့် ပက်သက်ဆက်နွယ်နေခြင်းကို သတိပေးထားပြီး ဖမ်းဆီးအရေးယူမှုများ ပြုလုပ်သွားမယ်လို့ မြိုင် ပကဖ က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ အသိပေး ထုတ်ပြန်ထားပါတယ်။


မြို့နယ်အတွင်း လောင်းကစားဝိုင်းများ မပြုလုပ်စေရေး အကြိမ်ကြိမ် တားမြစ်ခဲ့ပေမယ့် မြေပြင်တွင် ဆက်လုပ်နေကြတာကို ပြည်သူလူထုရဲ့ တိုင်တန်းချက်အရ ကြားသိနေရပြီး တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ဆက်နွယ်နေတာကို လက်တွေ့ကျကျ တွေ့မြင်နေရတယ်လို့ ဖော်ပြထားပါတယ်။


တော်လှန်ရေးကာလ အရှိန်အဟုန် မပျက်စေရေး တွန်းထိုးဆောင်ရွက်နေရမယ့် အချိန်မှာ လောင်းကစား ပြုလုပ်မှုများကြောင့် တော်လှန်ရေး လုပ်ငန်းများ လျော့ကျနေခြင်း၊ စီးပွားရေး ပျက်ပြားခြင်း၊ ခိုက်ရန် ဖြစ်ပွားနိုင်ခြင်း၊ အများပြည်သူ အမြင်မှာ အထင်သေး ခံရခြင်း၊ ယုံကြည်မှု မရှိခြင်း၊ မြို့နယ်တွင်း ခိုး၊ ဆိုး၊ လု၊ နှိုက် ကိစ္စရပ်များနဲ့ သတ်ဖြတ်လုယက်မှုများ ဖြစ်ပေါ်လာခြင်း စတဲ့ ဆိုးကျိုးများ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။


ထို့ကြောင့် တော်လှန်ရေး တပ်ဖွဲ့ဝင်များ လောင်းကစား ကိစ္စရပ်များမှာ ပါဝင်ပတ်သက်ခြင် မပြုစေရေးအတွက် ခေါင်းဆောင်များမှ နေ့စဉ် ပြောကြားပေးရန်နဲ့ လောင်းကစား ကိစ္စရပ်များကို စုံစမ်းစစ်ဆေး ဖမ်းဆီးရန် လိုအပ်တယ်လို့ မြိုင် ပကဖ က ပြောပါတယ်။


မြိုင်မြို့နယ်အတွင်း လောင်းကစားဝိုင်းများ ပြုလုပ်နေသည်ကို ဝင်ရောက်ဖမ်းဆီးခဲ့ပါက ဦးဆောင်ပြုလုပ်သူအား ထိရောက်စွာ အရေးယူ သွားမှာဖြစ်ပြီး လောင်းကစားဝိုင်း အတွင်းက ငွေကြေးနဲ့ ပစ္စည်းများကို မြို့နယ်အတွင်း လိုအပ်တဲ့ နေရာများမှာ အသုံးပြုသွားမယ်လို့ ဆိုပါတယ်။


ထို့ပြင် မြို့နယ်အတွင်းနဲ့ ထိစပ်မြို့နယ်များမှ မည်သူမဆို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများ ရောင်းချ၊ သုံးစွဲခြင်းများ ရှိနေတယ်လို့ တိုင်တန်းလာပါက ဝင်ရောက်ဖမ်းဆီးပြီး ပြည်သူလူထုရဲ့ ရှေ့မောက်တွင် တရားစီရင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment