၂၀၂၄ ဒီဇင်ဘာလ ၁၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရန်ကုန်မြို့တနေရာမှာ လှုပ်ရှားလုပ်ဆောင်
📌 ၂။ ဘယ်လ်ဂျီယံနိုင်ငံက ICJ ရဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အမှုမှာ တရားဝင် intervention လုပ်ဖို့ လျှောက်ထား
📌 ၃။ မြန်မာပြည်တွင်းက ပဋိပက္ခဒေသတွေမှာ ကာကွယ်ဆေးလုံးဝထိုးခွင့်မရသေးတဲ့ ကလေးတွေသန်းနဲ့ချီရှိကြောင်း UN High Commissioner ကိုအဆိုတော်ဖြူဖြူကျော်သိန်းပြောကြားခဲ့
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီရှိ
🚩 ၂။ မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ၍ လေကြောင်းအန္တရာယ်ကြောင့် ပွဲလမ်းသဘင်များလုံးဝမပြုလုပ်ကြရန် မင်းတပ်ပအဖသတိပေးထုတ်ပြန်
🚩 ၃။ ကျည်ကာတပ်ဆင်ပြည်လည်းဝင်ကမ်ပိန်းမှာပါဝင်ဖို့လူထုကို တပ်ရင်း၈၀၅နေပြည်တော်PDFကမေတ္တာရပ်ခံ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရန်ကုန်မြို့တနေရာမှာ လှုပ်ရှားလုပ်ဆောင်
ဒီဇင်ဘာ ၁၇ရက်
ဗကသများအဖွဲ့ချုပ်နှင့် မဟာမိတ်များမှ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးရန်ကုန်မြို့တနေရာမှာ လှုပ်ရှားလုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။
ဒီဇင်ဘာ၁၇ရက်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကအသိပေးဖော်ပြပါတယ်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ ပူးပေါင်းပြီး ယမန်နေ့ ဒီဇင်ဘာလ ၁၆ရက်နေ့က "တော်လှန်ရေးသမားကို သေ မိန့်ချရုံနဲ့ တော်လှန်ရေးကို သတ်လို့မရဘူး" စာသားပါ ဘန်နာကို ရန်ကုန်မြို့တနေရာမှာ ချိတ်ဆွဲခဲ့ပါတယ်။
အဆိုပါစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကိုမဟာမိတ်များနဲ့အတူ ပြုလုပ်ခဲ့တာလို့သိရပါတယ်။
========================
📌📌 ၂။ ဘယ်လ်ဂျီယံနိုင်ငံက ICJ ရဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အမှုမှာ တရားဝင် intervention လုပ်ဖို့ လျှောက်ထား
ဒီဇင်ဘာ၁၇ရက်
ဘယ်လ်ဂျီယံနိုင်ငံက ICJ ရဲ့ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတဲ့ ရိုဟင်ဂျာဂျီနိုဆိုက်အမှုမှာ တရားဝင် intervention လုပ်ဖို့ လျှောက်ထားလိုက်ပြီလို့သိရပါတယ်။
ဒီဇင်ဘာလအတွင်းမှာ ဂမ်ဘီယာက မြန်မာနိုင်ငံအပေါ်တရားစွဲဆိုထားတဲ့အမှုအပေါ် ပူးပေါင်းပါဝင်ဖို့ နိုင်ငံများက ICJတရားရုံးသို့ အသီးသီးလျှောက်ထားပါတယ်။
လက်ရှိမှာအကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ICCနိုင်ငံတကာရာဇဝတ်တရားရုံးရဲ့ ဝရမ်းထုတ်မယ့်အရေးနဲ့လည်းရင်ဆိုင်နေရပြီး ထိတ်လန့်တုန်လှုပ်လျက်ရှိနေပါတယ်။
========================
📌📌 ၃။ မြန်မာပြည်တွင်းက ပဋိပက္ခဒေသတွေမှာ ကာကွယ်ဆေးလုံးဝထိုးခွင့်မရသေးတဲ့ ကလေးတွေသန်းနဲ့ချီရှိကြောင်း UN High Commissioner ကိုအဆိုတော်ဖြူဖြူကျော်သိန်းပြောကြားခဲ့
ဒီဇင်ဘာ၁၇ရက်
မြန်မာပြည်တွင်းက ပဋိပက္ခဒေသတွေမှာ ကာကွယ်ဆေးလုံးဝထိုးခွင့်မရသေးတဲ့ ကလေးတွေသန်းနဲ့ချီရှိကြောင်း UN High Commissioner ကိုအဆိုတော်ဖြူဖြူကျော်သိန်းကပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာလအတွင်း ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနကကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားမှာအဆိုတော်ဖြူဖြူကျော်သိန်းကပြောကြားခဲ့ပါတယ်။
"Mr. Volker Trk (United Nations High Commissioner for Human Rights), Madame Isabelle Rome (Ambassador for Human Rights) တို့နဲ့လည်း တွေ့ခွင့်၊ သီးသန့်စကားပြောခွင့် ရခဲ့ပါတယ်။UN High Commissioner ကိုလည်း မြန်မာပြည်တွင်းက ပဋိပက္ခဒေသတွေမှာ ဒီ ၃ နှစ်ကျော်အတွင်း ကာကွယ်ဆေးလုံးဝထိုးခွင့်မရသေးတဲ့ ကလေးတွေသန်းနဲ့ချီရှိကြောင်း ပြောပြခဲ့ပါတယ်။ သူကလည်း မြန်မာ့အရေးကို နိုင်ငံတကာမြင်ကွင်းမှာ အာရုံစိုက်မှုပိုရဖို့ကြိုးစားကြမယ့်အကြောင်း ပြောပါတယ်"လို့အဆိုတော်ဖြူဖြူကျော်သိန်းကပြောပါတယ်။
လက်ရှိမှာမြန်မာနိုင်ငံက ကလေးငယ် ၆ သန်းကျော် နေရပ်စွန့်ခွာနေရပြီး ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပုံမှန်ပညာရေး ပြတ်တောက်မှု တွေအောက်မှာ ရုန်းကန်နေရပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီရှိ
ဒီဇင်ဘာ၁၇ရက်
ရခိုင်ပြည်နယ်၊အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီရှိတယ်လို့သိရပါတယ်။
ဒီဇင်ဘာလ ၁၆ ရက်နေ့ ညပိုင်း အာရက္ခတပ်တော် AA ထုတ်ပြန်သောရုပ်သံဗီဒီဖိုင်အရသတင်းရရှိပါတယ်။
ရုပ်သံအရရခိုင်ပြည်နယ်အမ်း နပခ တပ်ရင်းမှ အာရက္ခတပ်တော် AA ထံ လက်နက်ချသူများ၊ အလင်းဝင်လာသူ ရာနှင့်ချီကို တွေ့မြင်ရပြီး၄င်းတို့ကို စစ်သုံ့ပန်းဥပဒေအတိုင်းစနစ်တကျဆောင်ရွက်နေတာကိုတွေ့ရှိရပါတယ်။
ထို့အပြင်စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်၊ ဂွ စသဖြင့် အမ်း နပခ တပ်ရင်းအနေဖြင့်လည်း အမြန်ဆုံးလက်နက်ချကြရန်နှိုးဆော်ထားပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၃) ရက်နေ့မှစတင်၍ ဖြစ်ပွားလာခဲ့သော အာရက္ခဒေသအတွင်း တိုက်ပွဲများ မှာ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့သို့ရောက်သည့်တိုင်အောင် တိုက်ပွဲအရှိန်သည် လျော့ကျ သွားခြင်းမရှိဘဲ တိုက်ပွဲများမှာ နေ့စဉ်နှင့်အမျှ ဆက်လက်ပြင်းထန်လျက်ရှိပြီး တိုက်ပွဲကာလမှာ (၁) နှစ်တိတိ ပြည့်မြောက်ခဲ့ပြီးဖြစ်ပါတယ်။
========================
🚩🚩 ၂။ မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ၍ လေကြောင်းအန္တရာယ်ကြောင့် ပွဲလမ်းသဘင်များလုံးဝမပြုလုပ်ကြရန် မင်းတပ်ပအဖသတိပေးထုတ်ပြန်
ဒီဇင်ဘာ၁၇ရက်
ချင်းပြည်နယ်၊မင်းတပ်မြို့သိမ်းတိုက်ပွဲဆင်နွှဲနေ၍ လေကြောင်းအန္တရာယ်ကြောင့် ပွဲလမ်းသဘင်များလုံးဝမပြုလုပ်ကြရန် မင်းတပ်ပအဖသတိပေးထုတ်ပြန်လိုက်ပါတယ်။
ဒီဇင်ဘာ၁၇ရက် မှာမင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကသတိပေးစာတရပ်ကိုထုတ်ပြန်ပါတယ်။
မင်းတပ်မြို့နယ်အတွင်း မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသည့်ကာလဖြစ်ပြီးစကစဘက်မှလေကြောင်းတိုက်ခိုက်မှုများမကြာခဏလုပ်ဆောင်နေသောကြောင့်ဘာသာရေးနှင့်သက်ဆိုင်သည့် အခမ်းအနားများ၊ လူစုလူဝေး၊ ရိုးရာပွဲလမ်းသဘင်များလုံးဝ(လုံးဝ)မပြုလုပ်ကြရန်အသိပေးဆိုထားပါတယ်။
သက်ဆိုင်ရာသတိပေးချက်အားလိုက်နာခြင်းမရှိပါကဥပဒေအရအရေးယူခြင်းခံရမယ်လို့အသိပေးကြေညာထားပါတယ်။
========================
🚩🚩 ၃။ ကျည်ကာတပ်ဆင်ပြည်လည်းဝင်ကမ်ပိန်းမှာပါဝင်ဖို့လူထုကို တပ်ရင်း၈၀၅နေပြည်တော်PDFကမေတ္တာရပ်ခံ
ဒီဇင်ဘာ၁၇ရက်
ကျည်ကာတပ်ဆင်ပြည်လည်းဝင်ကမ်ပိန်းမှာပါဝင်ဖို့လူထုကို တပ်ရင်း၈၀၅နေပြည်တော်PDFကမေတ္တာရပ်ခံထားပါတယ်။ဒီဇင်ဘာ၁၇ရက် တပ်ရင်း၈၀၅နေပြည်တော်PDFကအသိပေးဆိုထားပါတယ်။
"ကျည်ကာဆိုတာ ဘယ်လိုပုံစံမျိုးလဲ မသိခင်ကတည်းက ရဲဘော်တွေဟာ ဖက်ဆစ်တပ်ကို ရဲရင့်စွာ တိုက်ခဲ့ကြပါတယ်။ ကျည်ကာဆိုတာ ဘာမှန်းမသိခင်ကတည်းက တချို့ရဲဘော်တွေ မြင့်မြတ်စွာ ပေးဆပ်သွားခဲ့ကြပြီ။နောက်ပိုင်း တိုက်ပွဲတွေမှာ ကျည်ကာကြောင့် အသက်ဘေးကလွတ်သူတွေကို ကျနော်တို့ မြင်တွေ့လာရပါတယ်။ စစ်ဆင်ရေးသွားတဲ့အခါ ကျနော်တို့မှာရှိတဲ့ ဦးထုပ်အနည်းငယ်ကို အရေးကြီးတဲ့နေရာ၊ အန္တရာယ်ပိုများနိုင်တဲ့နေရာက ရဲဘော်တွေကို ဦးစားပေးပြီး ဆောင်းခိုင်းရပါတယ်။ အခုထိ ကျနော်တို့တပ်ဖွဲ့မှာ ဦးခေါင်းထိပြီး ကျဆုံးတဲ့ ရဲဘော်(၂) ဦး၊ ဦးခေါင်းထိဒဏ်ရာရ ရဲဘော် (၂) ဦးရှိပါတယ်။ ကျနော်တို့ ယခင်စစ်ဆင်ရေးတိုင်းမှာ ဘာအကာအကွယ်မှ မပါဘဲ ရဲရဲရင့်ရင့်တိုက်ပွဲဝင်ခဲ့ကြပါတယ်"လို့ဆိုပါတယ်
တပ်ဖွဲ့မှာလက်ရှိ ကျည်ကာကမ်ပိန်းပြုလုပ်နေပြီး ရဲဘော် (၉၀) ဦးစာ ကျည်ကာတပ်ဆင်နိုင်ဖို့.. ရဲဘော်တစ်ယောက်ကို (၂၁) သိန်းကျပ် ကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။
ပရောဂျက် ကာလအတွင်း တစ်ယောက်ချင်း နိုင်ရာပမာဏနဲ့ ဝိုင်းဝန်းကာ ဖြည့်တင်းကူကြမယ်ဆိုရင်ကမ်ပိန်းဟာ သတ်မှတ်ထားတဲ့ မျှော်မှန်းပမာဏကို ပြည့်မှီကာ ရဲဘော်များအတွက် ဖြည့်တင်းတပ်ဆင်နိုင်မှာဖြစ်ပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment