17th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ (Giren) ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်

📌 ၂။ NUG ပညာရေးဝန်ကြီးဌာနအောက် စာသင်ကျောင်းတွေ FYO အဖွဲ့မှ ဦးဆောင်ပြီး  လားရှိုးမှာ စတင်ဖွင့်လှစ်

📌 ၃။ ရွှေပြည်သာ သပိတ်ကော်မတီမှ ရဲဘော် နှစ်ဦးကို စစ်ကောင်စီက မတရား ဖမ်းဆီးခဲ့

📌 ၄။ မန္တလေးတွင် နှစ်ပတ်အတွင်း လူငယ်ထု တစ်ရာကျော် စကစရဲ့မတရားဖမ်းဆီးမှု ခံခဲ့ရ

📌 ၅။ ရွှေဘိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာလူတွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားပြီး အကျဉ်းဦးစီး ဝန်ထမ်းများကလည်း အဂတိလိုက်စားမှုများဖြင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို အကျပ်ကိုင်လျက်ရှိ

📌 ၆။ (၂၀၂၅) ခုနှစ်မှာ ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့ပြန်ဘူးဆိုရင် မြန်မာနိုင်ငံက ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရလိမ့်မယ်လို့ UN-OCHA မြန်မာ ထုတ်ပြန်

📌 ၇။ နွေဦးဘဏ် ICO Round 2 မှာ Equity Token များကို အစုရှယ်ယာရှင်များထံသို့ အောင်မြင်စွာ ဖြန့်ဝေထားပြီး

📌 ၈။ CDM စစ်သားနှင့် ရဲများအတွက် ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် () ဖွင့်လှစ်

📌 ၉။ PLA ထိန်းသိမ်းထားသည့် ဆင် (၁၃၈) ကောင်ထဲက အကောင် (၆၀) ကို TNLA လွှဲပြောင်းတာဝန်ယူ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး ရှေ့တန်းပို့ခံရတဲ့ လူငယ် လူရွယ်တွေကို စစ်တိုက်ရဲအောင် စိတ်ကြွရူးသွပ်ဆေးပြားတွေ ဗုံးပေါလအော သုံးစေပြီး စစ်တိုက်ခိုင်းတာမျိုးတွေ ရှိနေတယ်လို့ ဒေါက်တာစိုးသူရဇော်ဆို

🚩 ၂။ စစ်ကောင်စီက သူတို့ ထုတ်ထားတဲ့ ကင်းထောက်လေယာဉ် နှစ်မျိုးကို ထုတ်ပြခဲ့ပြီး လေကြောင်းစွမ်းအားကို ပိုမို အသုံးပြုရမယ်လို့ စစ်ခေါင်းဆောင် ပြောကြား

🚩 ၃။ ပေါက်မြို့၊ စပါးမျှောရွာမှ ပြည်သူ () ဦးကို စစ်တပ်က သတ်ဖြတ်၊ ပြည်သူ (၆၀) ကျော်ကို ဖမ်းဆီးပြီး နေအိမ် () လုံးကို မီးရှို့ဖျက်ဆီးခဲ့

🚩 ၄။ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ () ဦး ဒဏ်ရာရ

🚩 ၅။ တောင်ငူ တပခကို ယာယီတာဝန်နဲ့လာတဲ့ စစ်ကောင်စီဗိုလ်ကြီးနဲ့ သတင်းပေးကို ဖမ်းမိ

🚩 ၆။ လှိုင်သာယာ တံတားဟောင်း အနီးက ခမရ - ၅၃၂ တပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား () ဦး ဒဏ်ရာရ

🚩 ၇။ ညောင်ပင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခံရပြီး () ဦး ဒဏ်ရာရ

🚩 ၈။ ရန်ကုန် ရဲတပ်ရင်း () မှ ရဲတပ်သား တဦး တောင်သာ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌 ၁။ ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ (Giren) ရဲ့ နှစ်ပတ်လည် အစည်းအဝေးကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် တက်ရောက်


ဂျပန်လွှတ်တော်အမတ်များသမဂ္ဂ (Giren) ရဲ့နှစ်ပတ်လည် အစည်းအဝေးကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း တက်ရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဟာ မြန်မာ့ဒီမိုကရေစီရေးကို ထောက်ခံအားပေးသော ပါတီပေါင်းစုံပါဝင်သည့် လွှတ်တော်အမတ်များသမဂ္ဂ (Giren) ရဲ့နှစ်ပတ်လည် အစည်းအဝေးကို တက်ရောက်ပြီး မြန်မာ့အရေးနှင့် ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် တင်ပြဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၂။ NUG ပညာရေးဝန်ကြီးဌာနအောက် စာသင်ကျောင်းတွေ FYO အဖွဲ့မှ ဦးဆောင်ပြီး  လားရှိုးမှာ စတင်ဖွင့်လှစ်


ရှမ်းမြောက် ကိုးကန့်တပ်မတော် (MNDAA) သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးကာလမှာ ကျောင်းနေအရွယ် ကလေးတွေ စာသင်နိုင်ဖို့အတွက် Education Supporting Center ကို လွတ်လပ်သော လူငယ်များအဖွဲ့ FYO မှ ဦးဆောင်ပြီး စတင်ဖွင့်လှစ်သွားမယ်လို့ သတင်းရရှိပါတယ်။

FYO တာဝန်ရှိသူတစ်ဦးက "စာရင်းကတော့ ၂၀ နေ့အထိ နောက်ဆုံးထားပြီး ကောက်မယ်။ တစ်တန်းကို ၃၀ လက်ခံဖို့ စီစဉ်ထားတယ်။ များလာရင် ထပ်လက်ခံဖို့ ရှိပါတယ်။ ကလေးတွေရဲ့ လုံခြုံရေးအတွက် နေရာကတော့ ခွဲသင်မယ်။ ဒီလ ၂၁ ရက်နေ့မှာ စာ စသင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ အခု လာအပ်တဲ့ ကလေးတွေတော့ အယောက် ၂၀ ကျော်ပါပြီ။ အွန်လိုင်းပေါ်မှာလည်း ကျောင်းအပ်လက်ခံပါတယ်" လို့ ပြောပါတယ်။

ESC မှာ မူလတန်းကနေ ၁၂ တန်းအထိ လက်ခံထားပြီး မတတ်နိုင်သူ‌တွေကို ထောက်ပံ့ပေးမည်ဖြစ်ကာ တတ်နိုင်သူတွေအတွက် ကျောင်းအပ်ခကို မူလတန်းက သောင်းခွဲ၊ အလယ်တန်းက သောင်းနဲ့ အထက်တန်းကိုတော့ ဘာသာတစ်ခုကို သောင်းနှုန်းနဲ့ ကောက်ခံတယ်လို့ ဆိုပါတယ်။

အဆိုပါကျောင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ပညာရေးဝန်ကြီးဌာနအောက်မှာ ဖွင့်လှစ်ထားတဲ့‌ကျောင်းဖြစ်ပြီး စာမေးပွဲလည်း ဖြေခွင့်ပေးမယ်လို့ သိရပါတယ်။

အလားတူ လားရှိုးမှာ MNDAA တပ်ဖွဲ့ကလည်း ကျောင်းနေအရွယ် ကလေးတွေအတွက် ဒီဇင်ဘာ ရက်က စာသင်ဝိုင်းတွေ စတင်ဖွင့်လှစ်သင်ကြားပေးနေတယ်လို့သိရပါတယ်။


========================


📌📌 ၃။ ရွှေပြည်သာ သပိတ်ကော်မတီမှ ရဲဘော် နှစ်ဦးကို စစ်ကောင်စီက မတရား ဖမ်းဆီးခဲ့


ရွှေပြည်သာ သပိတ်ကော်မတီမှ ကိုရန်နောင်ကြည်ဝင်းနဲ့ ကိုသက်ထူးဇော် တို့ကို အကြမ်းဖက် စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ မတရား ဖမ်းဆီးခဲ့တယ်လို့ New Generation Youth Strike Committee NGYSC က သတင်းထုတ်ပြန်ထားပါတယ်။

၎င်းတို့နှစ်ဦးဟာ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကျရောက်တဲ့အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့လှုပ်ရှားမှုကို လုပ်ဆောင်ပြီး ညပိုင်းတွင် ရွှေပြည်သာမြို့နယ်၊ အမှတ် () ရပ်ကွက်က မိုတယ် တခုမှာ ဝင်ရောက် နားခိုနေချိန် သန်းခေါင်စာရင်း အကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီး သွားခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ သပိတ်ရဲဘော် () ဦးကို ရွှေပြည်သာ စစ်ကြောရေးမှာ စစ်ဆေးနေပြီး စစ်ခုံရုံးတင်ကာ မတရား ပုဒ်မများဖြင့် တရားစွဲဆို ထောင်ချနိုင်ရေး လုပ်ဆောင်နေတယ်လို့ NGYSC က ဖော်ပြထားပါတယ်။

ဒီဇင်ဘာလ (၁၀) ရက်နေ့ လူ့အခွင့်အရေးနေ့ လှုပ်ရှားမှုတွင်၂၀၀၈ ခြေဥစာအုပ်နဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ် အလံ တို့ကို မီးရှို့ခြင်း အပါအဝင်လူ့အခွင့်အရေး ထွန်းကားစေ တရားမျှတ လွတ်လပ်မြေစာသားကို ကိုင်ဆောင်ပြီး မြန်မာပြည်ရဲ့ ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေးအတွက် တိုက်ပွဲဝင် လှုံဆော်ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၄။ မန္တလေးတွင် နှစ်ပတ်အတွင်း လူငယ်ထု တစ်ရာကျော် စကစရဲ့မတရားဖမ်းဆီးမှု ခံခဲ့ရ


(၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့မှ (၁၅) ရက်နေ့ အထိ နှစ်ပတ်တာ ကာလအတွင်း မန္တလေးမြို့ရှိ လူငယ်ထု တရာကျော် စကစရဲ့မတရားဖမ်းဆီးမှုခံခဲ့ရ‌ကြောင်း ဒီဇင်ဘာ (၁၆) ရက်မှာ မန္တလေးသပိတ်အင်အားစုက အသိပေးဖော်ပြပါတယ်။

ယခုအခါ နိုင်ငံအနှံ့အပြားတွင် စစ်ရှုံးနေသော အကြမ်းဖက်စစ်တပ်သည် လူသားအရင်းအမြစ် လိုအပ်ချက် ကြီးမားလာပါသည်။ ထို့ကြောင့် မတရားပြဌာန်းလိုက်သော စစ်မှုထမ်းဥပဒေကို အသက်သွင်းပြီး နိုင်ငံအနှံ့ တပ်သားသစ်များကို အဓမ္မစုဆောင်းနေပါတယ်။ မန္တလေးသပိတ်အင်အားစု အနေဖြင့် (၂၀၂၄) ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့မှ (၁၅) ရက်နေ့ အထိ နှစ်ပတ်တာကာလအတွင်း မြေပြင်သတင်းမီဒီယာများကို အခြေခံပြီး မန္တလေး မြို့နယ် () မြို့နယ်တွင် စစ်မှုထမ်း ဥပဒေကြောင့် မတရားဖမ်းဆီးခံရသော လူငယ်များအား စာရင်းပြုစုခဲ့ပါတယ်လို့ ဖော်ပြပါတယ်။

ထိုသို့ အခြေခံပြုစုရာ အောင်မြေသာဇံမြို့နယ်တွင် (၂၁) ဦး၊ ချမ်းအေးသာဇံမြို့နယ်တွင် () ဦး၊ မဟာအောင်မြေမြို့နယ်တွင် () ဦး၊ ချမ်းမြသာစည်မြို့နယ်တွင် () ဦး၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၃၆) ဦး၊ အမရပူရမြို့နယ်တွင် (၁၇) ဦးနှင့် ပုသိမ်ကြီးမြို့နယ်တွင် (၃၄) ဦး စုစုပေါင်း (၁၂၅) ဦး မတရားဖမ်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး ဖမ်းဆီးရာတွင် တွေ့ရှိရသည်မှာ နေ့/ မချိန်မရွေး ဖမ်းဆီးခြင်း၊ ညအချိန်မတော် ဧည့်စာရင်း ဥပဒေကို အကြောင်းပြပြီး ဖမ်းဆီးခြင်းများကို ဆက်တိုက်ပြုလုပ်လာသည်ကို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ထို့ကြောင့် မန္တလေးမြို့နေ့ လူငယ်လူထုအနေဖြင့် အချိန်မတော် နေအိမ်ပြင်ပသို့ သွားလာခြင်း၊ မလိုအပ်ပဲ ခရီးသွားလာခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့ သွားလာခြင်းများကို တတ်နိုင်သမျှရှောင်ကြဉ်သင့်တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ ရွှေဘိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာလူတွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားပြီး အကျဉ်းဦးစီး ဝန်ထမ်းများကလည်း အဂတိလိုက်စားမှုများဖြင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို အကျပ်ကိုင်လျက်ရှိ


နိုင်ငံတဝန်းရှိ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသားများကို ဖိနှိပ်မှုများ ဆက်လက်ဆိုးရွားစွာ ဖြစ်ပေါ် နေပြီး ယခင်သီတင်းပတ်အတွင်းရရှိထားသည့် သတင်းအချက်အလက်များအရ ရွှေဘိုအကျဉ်းထောင်၌ နိုင်ငံရေးအကျဉ်းသားများအား ထောင်ဝင်စာလူတွေ့ခွင့်မပေးဘဲ ပိတ်ပင်ထားသည်မှာ () လဝန်းကျင်ရှိနေပြီဖြစ်ပြီး အကျဉ်းဦးစီးဝန်ထမ်းများကလည်း အဂတိလိုက်စားမှုများဖြင့် ထောင်ဝင်စာ တွေ့ဆုံခွင့်ကို အကြပ်ကိုင်လျက်ရှိတယ်လို့ AAPP က အတည်ပြုဆိုထားပါတယ်။

အလားတူပင် မြောင်းမြအကျဉ်းထောင်ရှိ နာမကျန်းဖြစ်နေသည့် အကျဉ်းသားများမှာ အကျဉ်းထောင်တွင်းလုံလောက်သည့် ဆေးဝါးကုသခွင့်မရရှိနေသလို မိသားစုဝင်များမှ ဆေးဝါးပို့ခွင့်ကိုပါ ကန့်သတ်ခံထားရလျက်ရှိပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇,၈၈၈) ဦးရှိပြီး ထိုအထဲမှ (၂၁,၃၁၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (,၆၉၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ၆။ (၂၀၂၅) ခုနှစ်မှာ ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့ပြန်ဘူးဆိုရင် မြန်မာနိုင်ငံက ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရလိမ့်မယ်လို့ UN-OCHA မြန်မာ ထုတ်ပြန်


(၂၀၂၄) ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန်နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ () ဒဿမ () သန်းထဲကလူဦးရေ () ဒဿမ () သန်းဟာ မည်သည့်အကူအညီမှ မရရှိခဲ့သည့်အပြင် ရရှိခဲ့တဲ့သူတွေဟာလည်း ပြည့်စုံအောင် ရရှိခဲ့ခြင်း မရှိပါဘူး။ (၂၀၂၅) ခုနှစ်မှာလည်း ရန်ပုံငွေ လုံလောက်စွာ မရရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ ကြရပါလိမ့်မယ်လို့ ဒီဇင်ဘာ (၁၆) ရက်မှာ UN-OCHA Myanmar က ဖော်ပြပါတယ်။

မြန်မာနိုင်ငံအတွက် (၂၀၂၅) ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ်က နိုင်ငံတစ်ဝန်းမှာရှိတဲ့ ထိခိုက်လွယ်သူ လူဦးရေ () ဒဿမ () သန်းကို လူမှုဘ၀ရှင်သန်ရေး အကူအညီတွေပေးအပ်ဖို့  ကန်ဒေါ်လာ () ဒဿမ () ဘီလီယံ အဆိုပြုတောင်းဆိုထားကြောင်း သိရှိရပါတယ်။


========================


📌📌 ၇။ နွေဦးဘဏ် ICO Round 2 မှာ Equity Token များကို အစုရှယ်ယာရှင်များထံသို့ အောင်မြင်စွာ ဖြန့်ဝေထားပြီး


နွေဦးဘဏ်၏ ICO Round 2 မှာ Spring DB များကို အစုရှယ်ယာရှင်များထံသို့ ဒီဇင်ဘာ (၁၆) ရက်နေ့မှာ အောင်မြင်စွာ ဖြန့်ဝေထားပြီးဖြစ်တယ်လို့ နွေဦးဘဏ်က အသိပေးကြေညာပါတယ်။

"နွေဦးဘဏ် ICO Round 2 မှာ SDB Equity Token ဖြစ်သည့် Spring DB များ ကို အစုရှယ်ယာရှင်များထံသို့  ဒီဇင်ဘာ (၁၆) ရက်နေ့မှာ အောင်မြင်စွာ ဖြန့်ဝေထားပြီးကြောင်း ဦးစွာ သတင်းကောင်းပါးလိုက်ပါတယ်။ 

နွေဦးဘဏ် app အတွင်း ယခင် Seed Round ICO ကို Spring DB Token ဟု အမည်ပြင်ဆင်ထားပြီး မိမိ၏ Seed Round နှင့် Round 2 ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း ပမာဏအား ပေါင်းထည့် ပေးထားသည်ကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် အိမ်ပြန်လှိုင်းသစ်အတွက် စိတ်အားထက်သန်ပြီး ခိုင်မာတဲ့ ပြည်သူ့ထောက်ခံမှုတွေကြောင့်သာ ICO Round 2 အောင်မြင်စွာ ပြီးမြောက်ခဲ့တာဖြစ်ပြီး နွေဦးဘဏ်မှ ဝမ်းမြောက်ဂုဏ်ယူစွာ ကျေးဇူးတင်ရှိအပ်တယ်လို့လည်း ဆိုထားပါတယ်။


========================


📌📌 ၈။ CDM စစ်သားနှင့် ရဲများအတွက် ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် () ဖွင့်လှစ်


ပြည်သူနှင့် ယုံကြည်ရပ်တည်လျက် ဘဝသစ်ကို တည်ဆောက်နေကြသည့် CDM စစ်သား၊ ရဲများကို ပြည်သူ့ပန်းတိုင်မှ အတတ်နိုင်ဆုံး ကူညီီပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် သက်မွေးပညာသင်တန်းများ အစီအစဉ်မှ အီလက်ထရောနစ် စက်ပစ္စည်းပြင်လုပ်ငန်း ပြုလုပ်လိုသူ CDM စစ်သား၊ ရဲ များအတွက် ဖုန်း၊ ကွန်ပျူတာပြင်သင်တန်း အမှတ်စဉ် () ကို ဒီဇင်ဘာလ (၁၄) ရက်နေ့က မဲဆောက်မြို့၌ စတင်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါတယ်။

သင်တန်းကာလမှာ ဖြစ်ပြီး သင်တန်းတက်ရောက်ပြီးပါက အနည်းဆုံး မိမိကိုယ်တိုင် ဖုန်းမှန်လဲ၊ ဘတ္ထရီလဲ၊ ဆားကစ်ဘုတ်လဲလှယ်ခြင်းများ၊ ကွန်ပျူတာ ကောင်း/မကောင်း hardware, software စစ်ဆေးခြင်း၊ software installation, windows installation များ လုပ်ကိုင်နိုင်ပြီး တနိုင်တပိုင် ပြုပြင်နိုင်သည့် အနေအထားထိ ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၉။ PLA ထိန်းသိမ်းထားသည့် ဆင် (၁၃၈) ကောင်ထဲက အကောင် (၆၀) ကို TNLA လွှဲပြောင်းတာဝန်ယူ


သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ထိန်းသိမ်းထားသည့် ဆင်အကောင်ရေ (၁၃၈) ကောင်နဲ့အတူ ဆင်ဦးစီးမိသားစုဝင်တွေထဲမှ ဆင်အကောင် (၆၀) ကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ထံ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

အများပြည်သူပိုင် ဆင်ဝိုင်း (၂၁) ဝိုင်းထဲက (၁၂) ဝိုင်းကို PSLF/TNLA က ထိန်းသိမ်းကာကွယ်ပေးမယ်ဆိုတာကြောင့် ဆင်အကောင်ရေ (၆၀) ကို စာရင်းဇယား မှတ်တမ်းနဲ့အတူ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ သိရပါတယ်။

"TNLA နဲ့ PLA တို့အကြား မဟာမိတ်ဆက်ဆံရေး ပိုမိုခိုင်မာလာစေဖို့နဲ့ မဟာမိတ်တပ်ဖွဲ့အချင်းချင်း အပြန်အလှန် လေးစားမှုတွေအရ ရေရှည်ခိုင်မြဲတဲ့ မဟာမိတ်အကျိုးကို ရည်ရွယ်ပြီး လွှဲပြောင်းပေးအပ်ခဲ့တာ ဖြစ်ပါတယ်လို့ PLA တာဝန်ရှိသူက ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ အတင်းအဓမ္မ စစ်သားစုဆောင်းပြီး ရှေ့တန်းပို့ခံရတဲ့ လူငယ် လူရွယ်တွေကို စစ်တိုက်ရဲအောင် စိတ်ကြွရူးသွပ်ဆေးပြားတွေ ဗုံးပေါလအော သုံးစေပြီး စစ်တိုက်ခိုင်းတာမျိုးတွေ ရှိနေတယ်လို့ ဒေါက်တာစိုးသူရဇော်ဆို


အတင်းအဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းပို့ခံရတဲ့ လူငယ် လူရွယ်တွေကို စစ်တိုက်ရဲအောင် စိတ်ကြွရူးသွပ်ဆေးပြားတွေ ဗုံးပေါလအော သုံးစေပြီး စစ်တိုက်ခိုင်းတာမျိုးတွေရှိနေတယ်လို့ မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ဆိုပါတယ်။

"ကြားကာလအလွန်မှာ မြန်မာနိုင်ငံရဲ့ လူမှုဘဝအဖုံဖုံကို မနည်းပြန်လည်တည်ဆောက်ရလိမ့်မယ်။ အစကတည်းက အရာရာနောက်ကျနေတဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ စစ်အာဏာအသိမ်းခံလိုက်ရတဲ့အတွက်ကြောင့် ကဏ္ဍပေါင်းစုံဟာ ပျက်စီးယိုယွင်းသွားပြီ။ ကဏ္ဍပေါင်းစုံဟာ အလုံးစုံ ပျက်သုဉ်းသွားပြီလို့တောင် ပြောလို့ရတယ်။ မနည်းပြန်လည်ထူထောင်ရမယ့်အထဲမှာ မူးယစ်ဆေးဝါးတွေ အင်မတန်ကျယ်ပြန့်နေတဲ့ ကိစ္စကလည်း ထိပ်ဆုံးကဘဲ။ စျေးပေါပေါနဲ့ ဖောဖောသီသီရနိုင်တဲ့ ရာမလို ဆေးမျိုးက အစ ပိုက်ဆံတတ်နိုင်တဲ့လူတွေမှာ သုံးနိုင်တဲ့ E, K နဲ့ Happy Water လို အဆုံး ပွထနေတဲ့ မူးယစ်ဆေးဝါးတွေရဲ့ ပျံ့နှံ့မှုဟာ အင်မတန်ကြောက်စရာကောင်းနေပြီ။ ဒီလို မူးယစ်ဆေးဝါးတွေ အထိန်းအကွပ်မဲ့ ပျံ့နှံ့နေတာကို ရန်သူက အမိအရ အခွင့်ရေးယူ အသုံးချနေပါတယ်။ အတင်းအဓမ္မစစ်သားစုဆောင်းပြီး ရှေ့တန်းပို့ခံရတဲ့ လူငယ် လူရွယ်တွေကို စစ်တိုက်ရဲအောင် ရဲဆေးတင်ပေးတဲ့အနေနဲ့ ရာမ လို စိတ်ကြွရူးသွပ်ဆေးပြားတွေ ဗုံးပေါလအော သုံးစေပြီး စစ်တိုက်ခိုင်းတာမျိုးတွေ ရှိလာပါပြီ" လို့ ၎င်းက ဆိုပါတယ်။

လက်ရှိမှာ စကစတပ်စခန်းများကိုတော်လှန်ရေးအင်အားစုများကသိမ်းပိုက်ရာမှာစခန်းအတွင်းမူးယစ်ဆေးပြားများကိုလည်းသိမ်းဆည်းရမိခဲ့ပါတယ်။

"အခုလိုကာလမျိုး တိုက်ပွဲတွေ ပြင်းထန်လွန်းပြီး စစ်နယ်ဝန်းတွေ ကျယ်ပြန့်လာတာနဲ့အမျှ အကြမ်းဖက်စစ်တပ်အနေနဲ့ သူ့ရဲ့အောက်ခြေစစ်သားတွေကို ဆေးကျွေးပြီး တိုက်ပွဲဝင်ခိုင်းလာတာမျိုး မကြာခဏကြုံလာရပါတယ်။ ဆေးကြွနေတဲ့ အကြမ်းဖက်စစ်သားတွေက ဘာဆိုဘာမှ မသိတော့ဘဲ အာရုံတခုတည်းမှာဘဲ နစ်ဝင်သွားပြီး တိုက်ပွဲကြားမှာ ကျည်ဆံတွေ ပလူပျံနေလည်း အကြောက်အလန့်မရှိ ဇွတ်ထိုးတက်လာတာမျိုးတွေ  မကြာခဏကြုံလာရတယ်" လို့ မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ထပ်လောင်းဆိုထားပါတယ်။


========================


🚩🚩 ၂။ စစ်ကောင်စီက သူတို့ ထုတ်ထားတဲ့ ကင်းထောက်လေယာဉ် နှစ်မျိုးကို ထုတ်ပြခဲ့ပြီး လေကြောင်းစွမ်းအားကို ပိုမို အသုံးပြုရမယ်လို့ စစ်ခေါင်းဆောင် ပြောကြား


စစ်ကောင်စီ လေတပ်က တီထွင်ထုတ်လုပ်ထားတယ်လို့ ဆိုတဲ့ MTX-1A နှင့် MTX-1B ကင်းထောက် လေယာဉ် နှစ်မျိုးကို ဒီဇင်ဘာ (၁၅) ရက်နေ့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင် တပ်တော် ဝင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တပ်တော်ဝင် အခမ်းအနားမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲများမှာ လေကြောင်းစွမ်းအားကို မိုမိုအသုံးပြု ရမယ်လို့လည်း ပြောကြားခဲ့ပါတယ်။

MTX-1A လေယာဉ်ကို (၂၀၂၁) ခုနှစ်၊ မတ်လ (၂၅) ရက်က အောင်မြင်စွာ စမ်းသပ်ပျံသန်း နိုင်ခဲ့သလို MTX-1B ကို (၂၀၂၄) ခုနှစ်၊ မတ်လမှာ စမ်းသပ်ပျံသန်း နိုင်ခဲ့တာဖြစ်ပြီး စတင်အသုံးပြုဖို့ ယမန်နေ့က တပ်တော်ဝင်ခဲ့တာပါ။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကရင်နီ၊ ရခိုင်၊ ကချင်နဲ့ ကရင် ပြည်နယ်တို့မှာ စစ်ကောင်စီ ရဲ့ ရဟတ်ယာဉ်နဲ့ လေယာဉ်တချို့ ပစ်ချခံရသလို ပျက်ကျတာတွေလဲ အမြောက်အများ ဖြစ်ပွားခဲ့ပါတယ်။

ဒီဇင်ဘာ ရက်နေ့က တပ်တော်ဝင် အခမ်းအနားမှာ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ လေယာဉ်တွေ အတွက် ရဟတ်ယာဉ်၊ တိုက်ခိုက်ရေးနဲ့ ကုန်တင်လေယာဉ် အပါအဝင် စုစုပေါင်း () စီးကို ပြန်လည်အစားထိုး ဖြည့်တင်းခဲ့ပါသေးတယ်။

ထို့အပြင် စစ်ကောင်စီက ဖိုက်တာ ဂျက်လေယာဉ်တွေရဲ့ ကုန်ကျစားရိတ် မြင့်မားမှုကြောင့် နောက်ပိုင်း တိုက်ပွဲ တွေမှာ ကုန်တင်လေယာဉ်တွေကို အသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေရတာလဲ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပေါက်မြို့၊ စပါးမျှောရွာမှ ပြည်သူ () ဦးကို စစ်တပ်က သတ်ဖြတ်၊ ပြည်သူ (၆၀) ကျော်ကို ဖမ်းဆီးပြီး နေအိမ် () လုံးကို မီးရှို့ဖျက်ဆီးခဲ့


ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက် (၄း၃၀) အချိန်ခန့်တွင် ပေါက်မြို့နယ်၊ စပါးမျှောကျေးရွာကို အကြမ်း စစ်တပ်နှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး ပြည်သူ (၇၀) ခန့်ကို ဖမ်းဆီးကာ နေအိမ် () လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပျူစောထီး ကျေးရွာအနီး၌ ဖမ်းဆီးသွားသော ပြည်သူများထဲမှ () ဦးကို သတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးသွားသူများထဲမှ စပါးမျှောကျေးရွာသား ကိုသိန်းဝင်း၊ ကိုမောင်ငြိမ်း၊ ကိုဖြိုးကျော်၊ ကိုနေတိုး နှင့် လှိုင်းထက်ကို တို့ကို သတ်ဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသော ပြည်သူ (၆၅) ဦးခန့်ကို ပျူစောထီး ကျေးရွာများတွင် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ () ဦး ဒဏ်ရာရ


ကရင့်အမျိုးသားအစည်းအရုံး KNU ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ ဆောထိမြို့နယ်အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပြည်သူ () ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အင်္ဂနီ ကျေးရွာတွင် အခြေချထားတဲ့ စစ်ကောင်စီရဲ့  ခလရ ၅၇ တပ်ပေါင်းစု ကနေ ရုံးတိုင်းကျေးရွာ အတွင်းကို လက်နက်ကြီး (၆၀ - မမ) () လုံး ပစ်ခတ်ခဲ့ရာ ရုံတိုင်းရွာနေ အသက် (၆၇) နှစ်အရွယ်ရှိ ဒေါ်သေး ဆိုသူ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာလည်း ၎င်းစစ်ကောင်စီတပ်ဖွဲ့က စံဖဲကျေးရွာကို လက်နက်ကြီး (၆၀ - မမ) () လုံး ပစ်ခတ်ခဲ့ရာ စံဖဲရွာခံ ဦးခင်ဝင်း အသက် (၄၂) နှစ်နဲ့ မစန်းမူ အသက် (၄၅) နှစ်တို့ နှစ်ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

ထို့အပြင် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ပိန်းဇလုပ် အခြေစိုက် ခလရ - ၂၆၄ တပ်ကနေ ချုံအင်းကျေးရွာကို (၁၂၀) မမ လက်နက်ကြီး () လုံးနဲ့ ဂွေးကုန်းကျေးရွာကို () လုံး ပစ်ခတ်ခဲ့သေးတယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ တောင်ငူ တပခကို ယာယီတာဝန်နဲ့လာတဲ့ စစ်ကောင်စီဗိုလ်ကြီးနဲ့ သတင်းပေးကို ဖမ်းမိ


ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက်လမ်းပိုင်းတနေရာမှာ  စစ်ကောင်စီတပ်ဗိုလ်ကြီးအဆင့် အရာရှိ () ဦးနဲ့ သတင်းပေး အမျိုးသား () ဦးကို ဖမ်းမိခဲ့တယ်လို့ Fire Dragon PDF အဖွဲ့ ထံက သိရပါတယ်။

ဒီဇင်ဘာ () ရက် မနက်ပိုင်းမှာ ရှောင်တခင် စစ်ဆေးရေးလုပ်နေချိန်မှာ အရပ်ဝတ်အိမ်စီးကားနဲ့ လာတဲ့ စကစ သုံးပွင့်အရာရှိနဲ့ သူရဲ့သတင်းပေးဆိုသူကို ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တောင်ငူစစ်ဌာနချုပ်ကို အလုပ်ကိစ္စ (ယာယီတာဝန်)နဲ့သွားမှာဖြစ်ကာ အခုလို စကစအရာရှိကို ပထမဆုံးအကြိမ် ဖမ်းမိတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားသူတွေဟာ ရွှေကျင်အခြေစိုက် ခလရ - ၅၇ တပ်ရင်းက DSA အပတ်စဥ် - ၅၈ ဆင်း အသက် (၂၉) နှစ်အရွယ် ဗိုလ်ကြီး ညီညီအောင်နဲ့ သူရဲ့သတင်းပေးအဖြစ်ဆောင်ရွက်နေသူ အသက် (၂၁) နှစ်အရွယ် ပြည့်ဖြိုးအောင် () ချစ်စရာ  ရွှေကျင်မြို့နယ်၊ ရှမ်းရွာနေထိုင်သူတို့ ဖြစ်တယ်လို့ ဆိုပါတယ်။

၎င်းတို့ () ဦးဟာ ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ စစ်မှုထမ်းဖို့ လူငယ်တွေကို အတင်းအကြပ်လူစုရာမှာပါဝင်တာ၊ တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်သူတွေကို ဖမ်းဆီးဖို့သတင်းစုံစမ်းတာတွေကို လုပ်ကိုင်ခဲ့တာကို ဝန်ခံထွက်ဆိုထားတယ်လို့ သိရပါတယ်။ 

ဒီဇင်ဘာ (၁၀) ရက်မှာ ကရင့်အမျိုးသားလွတ်မြောက်ရေးတပ် - KNLA တပ်မဟာ - ၃၊ တပ်ရင်း - ထံကို လွှဲပြောင်းပေးလိုက်ပြီး အရေးယူမှုကိုတော့ KNLA ဘက်က ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Fire Dragon PDF တပ်ဖွဲ့အနေနဲ့ စစ်ကောင်စီတပ်သား၊ ပျူစောထီး () ဦးအထိ ဖမ်းဆီးရမိထားပြီး စစ်သုံ့ပန်းတွေကို KNU ထံလွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ လှိုင်သာယာ တံတားဟောင်း အနီးက ခမရ - ၅၃၂ တပ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား () ဦး ဒဏ်ရာရ


ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ လှိုင်သာယာ တံတားဟောင်း အနီးရှိ စစ်ကောင်စီ ခမရ - ၅၃၂ တပ်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်လို့ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန် ပကဖ) က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၅) ရက်နေ့ () နာရီခွဲ အချိန်ခန့်မှာ ပြင်းအားမြင့် မိုင်း () လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်သား () ဦး ထိခိုက်မှု ရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့က လှိုင်သာယာ တံတားများကို ပိတ်ပစ်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ညောင်ပင်ကုန်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ခံရပြီး () ဦး ဒဏ်ရာရ


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကုန်း ကျေးရွာထဲက နေအိမ် တလုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ () ဦး ဒဏ်ရာရခဲ့တယ်လို့ တနင်္သာရီ ပကဖ ဇုံ - ၅၊ တောဗုံးကြီး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၅) ရက်နေ့ မွန်းလွဲ () နာရီခန့်မှာ ညောင်ပင်ကုန်းရွာထဲက နေအိမ်တအိမ်မှာ စစ်ကောင်စီ တပ်သား (၁၀) ဦးခန့် စုဝေးနေချိန်မှာ တနင်္သာရီပကဖ ဇုန် - ဒရုန်းအဖွဲ့က ဗုံးသီးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဒရုန်းဖြင့် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား () ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရခဲ့သူ နှစ်ဦးကို ဇဝဲကျေးရွာက ခမရ (၅၅၆) တပ်ရင်းကို ကားဖြင့် တင်ဆောင်သွားတယ်လို့ ဖော်ပြထားပါတယ်။

၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ ညောင်ပင်ကုန်း ကျေးရွာ အနီးနား တဝိုက်မှာ အင်အား (၆၀) ခန့်ဖြင့် ကိုယ်ရောင်ဖျောက် လှုပ်ရှားနေတာ နှစ်ပတ်ခန့် ကြာမြင့်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ရန်ကုန် ရဲတပ်ရင်း () မှ ရဲတပ်သား တဦး တောင်သာ ပကဖ ထံ လက်နက်နဲ့ အလင်းဝင်


ရန်ကုန် ရဲတပ်ရင်း () မှော်ဘီမှ ရဲတပ်သား တဦး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ (ပကဖ) ထံကို လက်နက် ခဲယမ်းနဲ့တကွ အလင်းဝင်လာတယ်လို့ တောင်သာ ပကဖ က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ (၁၆) ရက်နေ့မှာ အဆိုပါ ရဲတပ်သားဟာ အကြမ်းဖက် စစ်တပ်အောက်မှ ရုန်းထွက်ပြီး G-3 သေနတ် () လက်၊ ကျည် (၂၂၁) တောင့် နှင့်အတူ ပြည်သူ့ရင်ခွင် ခိုလှုံအလင်းဝင်လာခဲ့တာလို့ ဆိုပါတယ်။

လက်နက်နဲ့တကွ အလင်းဝင်လာတဲ့ အဆိုပါ ရဲတပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း (၅၀) ချီးမြှင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဖက်ဆစ်ဝါဒီ စစ်တပ်အောက်ကနေ နိုင်ငံနဲ့ ပြည်သူကို အကြမ်းဖက် ဖျက်ဆီးရာမှာ ပါဝင်နေတဲ့ စစ်သား၊ ရဲသား များအနေနဲ့ အမြန်ဆုံးဆက်သွယ် အလင်းဝင်ရောက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာကြဖို့ကိုလည်း တောင်သာမြို့နယ် ပကဖ က တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment