1st Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။⁨⁨⁨⁨⁨⁨ မန္တလေး PDF ထိန်းချုပ်ရာဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး

📌 ⁨⁨၂။မင်းအောင်လှိုင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်လို့ NUG နဲ့ K2C ပူးတွဲကြေညာ

📌 ⁨⁨၃။ မုံရွာမြို့က ရွှေဆိုင်ဓားပြတိုက်မှုမှာပါဝင်သူ ဦး ထပ်မံဖမ်းမိထားပြီမို့ လွတ်မြောက်နေသူ ဦး အဖမ်းခံဖို့ မုံရွာပလဖ သတိပေး


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨⁨ဂွမြို့ အနီး လောင်းကျိုးကမ်းခြေအထိ AA သိမ်းပိုက် 

🚩 ၂။ ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရ

🚩 ၃။ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သံဃာတပါးပျံလွန်တော်မူပြီး ၂ပါး ဒဏ်ရာ ပြင်းထန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။⁨⁨⁨⁨⁨⁨ မန္တလေး PDF ထိန်းချုပ်ရာဒေသတွေကို NUG ကာကွယ်ရေးဝန်ကြီး ကွင်းဆင်းစစ်ဆေး


ဒီဇင်ဘာလ ၃၀ရက်။


မန္တလေးတိုင်းအတွင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး ထိန်းချုပ်ရာဒေသတွေကို အမျိုးသားညီညွတ်ရေး အစိုးရ-NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကွင်းဆင်းစစ်ဆေးခဲ့တဲ့ဓာတ်ပုံတွေ မနေ့ နိုဝင်ဘာ ၃ဝ ရက်နေ့မှာ လူမှုကွန်ယက်စာမျက်နှာမှာ ပျံ့နှံ့လာပါတယ်။ 

လူထုသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာစန်းက မနေ့ နိုဝင်ဘာ ၃၀ ရက်ညမှာ သူသွားခဲ့တဲ့ဒေသတွေ တွေ့ဆုံခဲ့တဲ့ မန္တလေး PDF ခေါင်းဆောင်များ၊ မန္တလေးတော်လှန်ရေးရဲ့ နိုင်ငံရေးခေါင်းဆောင်များ၊ NUG-MOD နဲ့ စစ်ရုံးချုပ်က ခေါင်းဆောင်တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကို သူရဲ့ လူမှုကွန်ယက်စာမျက်နှာကနေဝေမျှခဲ့တာကြောင့် NUG ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန် မန္တလေး PDF ထိန်းချုပ်ရာဒေသတွေကို ကွင်းဆင်းစစ်ဆေးခဲ့တာကို သိရတာဖြစ်ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ PDF စစ်ရုံးချုပ် တာဝန်ရှိသူများ၊ မန္တလေး PDF တာဝန်ခံ ကိုမုန်တိုင်း၊ မန္တလေး PDF စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်၊ အခြားစစ်ဦးစီးအဖွဲ့ဝင်များနဲ့အတူ မန္တလေး PDF ထိန်းချုပ်နယ်မြေတွေမှာ ကွင်းဆင်းစစ်ဆေးခဲ့တာလို့ ဓာတ်ပုံမှတ်တမ်းတွေ ညွှန်းဆိုနေပါတယ်။

ဝန်ကြီးကွင်းဆင်းခဲ့တဲ့ နေ့ရက်၊ ဒေသ စစ်ရေးနဲ့သက်ဆိုင်တဲ့သတင်းစကားတွေကိုတော့ ဒေါက်တာတေဇာစန်းက အသိပေး မထားပေမယ့် ဝန်ကြီးရဲ့ ကွင်းဆင်းပုံရိပ်များနဲ့အတူ တနိုင်ငံလုံးတော်လှန်ရေး၊ မန်းဒေသတော်လှန်ရေးဟာ ခြေလှမ်းမှန်မှန်နဲ့ ရှေ့ကို ချီတက်နေတယ်လို့ အသိပေးထားပါတယ်။ 

"တော်လှန်ရေးဆိုတာ လိုတာထက်ပိုပြီး ကြာမြင့်သွားရင်လည်း မကောင်းပါဘူး။ အရင်းအနှီးနဲ့ ဘေးထွက်အကျိုးဆက်တွေ က ကြီးလွန်းအားကြီးပါတယ်။ ဒါ့ကြောင့် ပြည်သူများနဲ့တကွ တော်လှန်ရေးအင်အားစုများအားလုံးက ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်ကြဖို့ အရေးကြီးပါတယ် " လို့ ဒေါက်တာတေဇာစန်းက သူ့အမြင်ကို ရေးသားဖော်ပြထားပါတယ်။

တော်လှန်ရေးတပ်ဦးတာဝန်ယူထားတဲ့ NUG တော်လှန်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းကြီးတွေကြား အခုထက်ပိုပြီး လက်တွဲညီညီ၊ဟန်ချက်ညီညီဖြစ်တာကို ပြည်သူလူထုက မျှော်လင့်နေတယ်လို့လည်း အသိပေးထားပါတယ်  

NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ ရှေ့တန်းစစ်စခန်းက ရဲဘော်တွေနဲ့အတူရှိနေတဲ့ မှတ်တမ်းဓာတ်ပုံတွေ ထုတ်ပြန် ခဲ့ဖူးသလို တိုက်ပွဲပြင်းထန်နေတဲ့ စစ်ကိုင်းတိုင်းအတွင်းထိ ရောက်ရှိလာခဲ့တဲ့ ဓာတ်ပုံမှတ်တမ်းတွေကို NUG က ထုတ်ပြန် ခဲ့တာရှိပါတယ်။

အခုတွေ့ရတဲ့ ဓာတ်ပုံမှတ်တမ်းတွေအရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဟာ စစ်ခေါင်းဆောင်တွေရှိရာ နေပြည်တော် အနီးတဝိုက်ကဒေသတွေထိ ရောက်ရှိလာပြီး ကွင်းဆင်းစစ်ဆေးတာမျိုးဖြစ်နိုင်တယ်လို့ စစ်ရေးလေ့လာသူတွေက မှတ်ချက်ပြု ပြောဆိုနေကြပါတယ်။


========================


📌📌 ⁨⁨၂။မင်းအောင်လှိုင်နဲ့ ပတ်သက်ဆက်စပ်သူအားလုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ကြုံတွေ့ရမယ်လို့ NUG နဲ့ K2C ပူးတွဲကြေညာ


ဒီဇင်ဘာလ ၃၀ရက်။


အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့ ပတ်သက်ဆက်စပ်သူတွေအားလုံး ပျက်စီးဆုံးရှုံးမှုတွေနဲ့ မလွဲမသွေ ရင်ဆိုင် ကြုံတွေ့ကြရမယ်လို့ NUG နဲ့ K2C လို့ခေါ်တဲ့ KNU KNPP CNF တို့က နိုဝင်ဘာ ၃ဝ ရက်စွဲနဲ့ ပူးတွဲကြေညာလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC က ဖမ်းဝရမ်းထုတ်ရန် ICC တရားလိုရှေ့နေရဲ့ လျှောက်ထားမှုနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အစိုးရ- NUG ကရင်အမျိုးသားအစည်းအရုံး-KNU ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP) ချင်းအမျိုးသားတပ်ဦး- CNF တို့က ပူးတွဲထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ ရာဇဝတ်ခုံရုံး-ICC ရှေ့နေချုပ်ရဲ့ ဆောင်ရွက်ချက်ကို NUG နဲ့ K2C လို့ခေါ်တဲ့ KNU KNPP CNF တို့က ထောက်ခံကြိုဆိုထားပါတယ်။


ဒါဟာ မြန်မာ့တပ်မတော်အပါအဝင် မြန်မာနိုင်ငံရဲ့ လုံခြုံရေးစနစ်၊ တရားရေးစနစ်၊ နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲဖို့ အရေးပေါ်လိုအပ်နေပြီဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုနိုင်တယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

ဒါ့အပြင် မြန်မာ့တပ်မတော်သမိုင်းမှာ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတရားခံအဖြစ် နိုင်ငံတကာတရားရုံး တခုက ဖမ်းဝရမ်းထုတ်ဖို့ ပထမဆုံးအကြိမ် လျှောက်ထားခြင်းခံရတာလို့လည်း အသိပေးထားပါတယ်။

ဒါကြောင့် စစ်တပ်အတွင်းမှာရှိတဲ့ တပ်မတော်သားတွေအနေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူ မင်းအောင်လှိုင်လက်ထဲကနေ တပ်မတော်ကို ပြန်လည်ကယ်တင်ဖို့ ပြည်သူလူထုလိုလားတဲ့ နိုင်ငံရေးနဲ့ ပတ်သက်မှုမရှိသော ပြည်သူလူထုကိုအကာအကွယ်ပေးသော အကျိုးပြုတပ်မတော်အဖြစ် ဖက်ဒရယ် ဒီမိုကရေစီအခြေခံ မူများနဲ့အညီ လုံခြုံရေးကဏ္ဍအသစ်ကို ဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတရားခံအဖြစ် ဝရမ်းထုတ်ခံရမယ့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်နည်းနဲ့မှ တရားမဝင်ဘဲ သမိုင်းအမှောင်လမ်းထဲတိုးဝင်တဲ့ မိုက်တွင်းနက်ခြင်းသာဖြစ်ပြီး စစ်တပ်အတွက်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝ ဖြစ်လာမှာ မဟုတ်ဘူးလို့ ထပ်ပြီးအသိပေးထားပါတယ်။  

အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့လည်း အကြမ်းဖက်စစ်ခေါင်းဆောင် ဦးဆောင်နေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့ ပုံစံမျိုးစုံဆက်ဆံနေတာဟာ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်ပွားနေတာကို အားပေးတဲ့အခြေအနေမျိုးဖြစ်နေတာကြောင့် ဒါမျိုမဖြစ်အောင် သတိမူဖို့ NUG နဲ့ K2C တို့က သတိပေး ထားပါတယ်။


လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ခံရမယ့် တရားခံကို နိုင်ငံတကာက ဖမ်းဆီးအရေးယူနိုင်ရေး နဲ့ မြန်မာပြည်သူလူထုအပေါ် ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုများကိုဖော်ထုတ်ပြီး နိုင်ငံတကာ ဥပဒေများနဲ့အညီ ICC ICJ စတဲ့ နိုင်ငံတကာတရားစီရင်ရေးယန္တရားတွေကတဆင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး အစွမ်းကုန် အရှိန်မြှင့်ကြိုးပမ်းအားထုတ်သွားမယ်လို့ NUG နဲ့ K2C တို့က ကတိပြုထားပါတယ်။

ဒါ့အပြင် စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ရာဇဝတ်မှုတွေကြောင့် နစ်နာခဲ့၊ နစ်နာနေရတဲ့ တိုင်းရင်းသား ပြည်သူများနဲ့ အနာဂတ်ပြည်ထောင်စုမှာ စစ်တပ်က အာဏာသိမ်းယူတာမျိုး ထပ်မဖြစ်ပေါ်ရေးအတွက်ရည်ရွယ်တဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုဖော်ဆောင်ရေးဟာ မိမိတို့အတွက် မမှိတ်မသုန်ထားရှိတဲ့ ကတိကဝတ်ဖြစ်တယ် လို့ NUG နဲ့ K2C တို့က ပူးတွဲကြေညာထားပါတယ်။

ICC တရားလိုရှေ့နေ မစ္စတာ ကာရင် အေ အေခမ်းက နိုဝင်ဘာ ၂၇ရက်မှာ မင်းအောင်လှိုင်ကို ICC က ဖမ်းဝရမ်းထုတ်ပေး ရန် ရုံးတော်ကို လျှောက်ထားခဲ့တာဖြစ်ပါတယ်။


========================


📌📌 ⁨⁨၃။ မုံရွာမြို့က ရွှေဆိုင်ဓားပြတိုက်မှုမှာပါဝင်သူ ဦး ထပ်မံဖမ်းမိထားပြီမို့ လွတ်မြောက်နေသူ ဦး အဖမ်းခံဖို့ မုံရွာပလဖ သတိပေး


ဒီဇင်ဘာလ ၃၀ရက်။


ကျပ်သိန်းပေါင်းတသောင်းခွဲခန့် ဆုံးရှုံးခဲ့တဲ့ မုံရွာမြို့ နဝရက်ရွှေဆိုင် ဓားပြတိုက်မှုမှာပါဝင်ခဲ့သူ ဦးကို ထပ်မံဖမ်းဆီး ရမိထားပြီဖြစ်တာကြောင့် လွတ်မြောက်နေတဲ့သူ ဦး အမြန်ဆုံး အဖမ်းခံဖို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖ က သတိပေး ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာအတွင်းက မုံရွာမြို့ပေါ်မှာရှိတဲ့ နဝရတ်ရွှေဆိုင် ဓားပြတိုက်မှုမှာပါဝင်ခဲ့တဲ့ အသက် ၂၄ နှစ်အရွယ် စိုးသူ () အရှည်ကြီး၊ အသက် ၂၀ အရွယ် ဟိန်းကိုကို () မိုးညို၊ အသက် ၂၅ နှစ်အရွယ် အောင်နိုင်ထွန်း()တောသား() အငယ်လေးတို့ကို ထပ်မံဖမ်းဆီးရမိတာနဲ့ပတ်သက်လို့ မုံရွာပလဖက မနေ့ နိုဝင်ဘာ ၃၀ မှာ အသိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

လက်ရှိမှာ နဝရတ်ရွှေဆိုင်ဓားပြတိုက်မှုမှာ အဓိကကြိုးကိုင်သူဖြစ်တဲ့ ကတုံးနဲ့ ဓာပြတိုက်ရာမှာပါတဲ့ ခိုင်ခိုင်လွင်တို့ ထွက်ပြေးလွတ်မြောက်နေတာကြောင့် လာရောက်အဖမ်းခံဖို့ မုံရွာပလဖက သတိပေးလိုက်တာလည်းဖြစ်ပါတယ်။ 

အဖမ်းမခံဘူးဆိုရင် ထွက်ပြေးတိမ်းရှောင်ရာဒေသအလိုက် ပစ်မိန့်ပေးရလိမ့်မယ်လို့လည်း မုံရွာပလဖက ထပ်ပြီး သတိပေး ထားပါသေးတယ်။

ထပ်မံဖမ်းဆီးရမိသူတွေကို မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံကိုသီဟနဲ့ မုံရွာခရိုင်တပ်ရင်း- တာဝန်ခံ ဒေါနမောင်မောင်နဲ့  ရဲဘော်တွေ ပူးပေါင်းဖမ်းဆီးခဲ့တာလို့ သိရပါတယ်။

စက်တင်ဘာ ၂၅ နဲ့  ၂၆ရက်က မုံရွာမြို့ပေါ်က နဝရက်ရွှေဆိုင်အပါအဝင် နေရာ၃ ခုမှာ ဓားပြတိုက်ခံခဲ့ရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး  နဝရက်ရွှေဆိုင်ဓားပြတိုက်ခံရမှုမှာ ကျပ်သိန်းတသောင်းခွဲခန့် ဓားပြတိုက်ခံခဲ့ရတယ်လို့ မုံရွာ-ပလဖက အသိပေးပါတယ်။ 

ဓားပြတိုက်ခံရပြီး ပတ်ခန့်အကြာ အောက်တိုဘာ ၁၅ ရက်နေ့မှာ ဓားပြတိုက်ရာမှာပါဝင်ခဲ့တဲ့ အမျိုးသား၃ ဦးကို သေနတ် လက်နဲ့အတူ မုံရွာပလဖက ဖမ်းဆီးရမိခဲ့ပြီး နိုဝင်ဘာ ၁၂ ရက်မှာတော့ ဓားပြတိုရာမှာပါဝင်တဲ့ အသက် ၂၂ နှစ်အရွယ် မေလရောင် (ခေါ်) အမွှေစိန်က မုံရွာ ပလဖထံ ဆက်သွယ်ပြီး အဖမ်းခံခဲ့တာကြောင့် လက်ရှိမှာ ဓားပြ ဦးအထိ မုံရွာ ပလဖက ဖမ်းဆီးရမိထားပြီဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မုံရွာမြို့ပေါ်က ရွှေဆိုင် ဖုန်းဆိုင် စတိုးဆိုင်နဲ့ လူနေအိမ်တွေ မကြာခဏ ဓားပြတိုက် ခံရပြီး လူသေဆုံးမှုတွေအထိ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩



========================

========================



🚩🚩 ၁။⁨⁨⁨⁨⁨⁨ဂွမြို့ အနီး လောင်းကျိုးကမ်းခြေအထိ AA သိမ်းပိုက် 


ဒီဇင်ဘာလ ၃၀ရက်။


ရခိုင်ပြည် တောင်ဘက်အစွန်ဆုံးက ဂွမြို့ကို ထိုးစစ်ဆင်နေတဲ့ ရခိုင့်တပ်တော်ဟာ မနေ့ နိုဝင်ဘာ ၃၀ ရက်မှာ လောင်းကျိုး ကမ်းခြေကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေကိုကိုးကားပြီး ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။


ရခိုင့်တပ်တော်ဟာ သံတွဲမြို့နယ်ဘက်ကစပြီး ဂွမြို့ကို သံတွဲ-ဂွလမ်းပိုင်းအတိုင်း ထိုးစစ်ဆင်လာကာ စစ်ကောင်စီတပ်တွေ ကို တဆင့်ချင်းသိမ်းလာခဲ့တာလို့ သိရပါတယ်။


လောင်းကျိုးရွာဟာ ရွာကြီးမဟုတ်ပေမယ့် စစ်ရေးအရ စစ်တပ်အထိုင်ချခဲ့တဲ့နေရာဖြစ်တယ် ဒေသတွင်းသတင်းရင်းမြစ် တွေက ဆိုပါတယ်။


လောင်းကျိုးကျေးရွာအထိ ရခိုင့်တပ်တော်က သိမ်းပိုက်ပြီးတဲ့နောက် ဂွမြို့ကနေ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ညောင်ချောင်းကျေးရွာကို လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အိမ်တလုံး ပျက်စီးသွားတယ်လို့  ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ လေးဝတီ FM က ဖော်ပြထားပါတယ်။ 


လက်ရှိမှာ ညောင်ချောင်းရွာ ရွှေတွင်းတူးရွာနဲ့ ကင်းပုံကျေးရွာတို့ဟာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ခတ် မှုဒဏ်ကို အပြင်းအထန်ခံနေရတာတယ်လို့ သိရပါတယ်။ 


ဒါအပြင် စစ်ကောင်စီဟာ ဂွမြို့ကနေ အနီးဝန်းကျင်ကျေးရွာတွေကို ခြေလျင်စစ်ကြောင်းထိုးနေပြီး ညောင်ချောင်းဆည်နဲ့ ဇီးခုံကျေးရွာအနီးက တောင်ခြေမှာ စခန်းချထားတယ်လို့လည်း သိရပါတယ်။


ဒါကြောင့် လက်ရှိမှာလည်း နေရာ ခုလောက်မှာ ရခိုင့်တပ်တော်နဲ့ အကြမ်းဖက်စစ်ကောင်စီတို့ကြား တိုက်ပွဲတွေ ဆက်ဖြစ် နေတယ်လို့ Narinjara သတင်းဌာနက အသိပေးဖော်ပြထားပါတယ်။ 


ဂွမြို့နယ်ကို ရခိုင့်တပ်တော်က ထိုးစစ်ဆင်နေတာ ၃လကျော်ကြာမြင့်လာတာနဲ့အမျှ သံတွဲ-ဂွ လမ်းပိုင်းက တံတားတွေ၊ ဘုန်းကြီးကျောင်းတွေနဲ့ ဆေးရုံတွေကို စစ်ကောင်စီက ဗုံးကြဲဖျက်ဆီးခဲ့ပြီးဖြစ်တယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 


ဒါဟာ ရခိုင့်တပ်တော်အနေနဲ့ ဂွမြို့နဲ့ အနီးဆုံနေရာတွေထိ ထိုးစစ်ဆင်လာပဲဖြစ်ပါတယ်။


========================


⁨⁨🚩🚩 ၂။ ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရ


ဒီဇင်ဘာလ ၃၀ရက်။


ရှမ်းပြည်နယ်မြောက်ပိုင်းက TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့ အတွက် အရပ်သားပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦးဒဏ်ရာရသွားတယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ 

ကျောက်မဲမြို့က အင်ကြင်းတောင်ရပ်ကွက်ကို စစ်ကောင်စီတပ်က မနေ့ နိုဝင်ဘာ ၃၀ ရက် ညနေ နာရီခွဲခန့်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ သေဆုံးရတာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ပေါင် ၅၀၀ ဗုံးနဲ့ ကြဲချခဲ့တာဖြစ်တဲ့အတွက် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ရသလို နေအိမ်  လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီရဲ့ ဗုံးတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေကို ဆေးရုံကိုအရေးပေါ်ပိုဆောင်ကာ ဆေးဝါးကုသပေးနေပြီး သေဆုံးရုပ်အလောင်းတွေကို ရှင်းလင်းရှာဖွေနေတယ်လို့လည်း TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် 

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုခံရတဲ့နေရာဟာ လူနေထူထပ်တဲ့ ရပ်ကွက်တခုဖြစ်ပြီး စစ်ရေးနဲ့သက်ဆိုင်တာမရှိတဲ့ နေရာလို့ ဒေသတွင်းသတင်းတွေကဆိုပါတယ်။ 

ဒါဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ အမြဲတမ်းအသင့်ရှိနေတယ်လို့ TNLA ဘက်က ထုတ်ပြန်ကြေညာပြီးနောက် ရက်အကြာမှာပဲ စစ်တပ်က ပြည်သူလူထုနေထိုင်ရာ ရပ်ကွက်ကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

နောင်ချိုမြို့မှာဆိုရင်လည်း အကြမ်းဖက်စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နိုဝင်ဘာလအတွင်းမှာ အပြစ်မဲ့ အရပ်သားပြည်သူ ၁၈ ဦးသေဆုံးပြီး ၃၄ ဦးဒဏ်ရာရရှိကာ နေအိမ်များစွာ ထိခိုက်ပျက်စီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ဆီဆိုင်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ပစ်ခတ်မှုကြောင့် သံဃာတပါးပျံလွန်တော်မူပြီး ၂ပါး ဒဏ်ရာ ပြင်းထန်


ဒီဇင်ဘာလ ၃၀ရက်။


ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဆီဆိုင်-လွိုင်ကော်လမ်းမကြီးပေါ် က အောင်ကလပ်ကျေးရွာမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့က ထီးစဲခါးရေတံခွန်ကျောင်းက ဆရာတော်ရဲ့ကားကို ပစ်ခတ်ခဲ့တာကြောင့် သံဃာတပါးပျံလွန်တော်မူပြီး ၂ပါး ဒဏ်ရာပြင်းထန်စွာရရှိခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- PNLA က ဒီနေ့ ဒီဇင်ဘာ ရက်မှာ ထုတ်ပြန်ပါတယ်။

မနေ့ နိုဝင်ဘာ ၃၀ ရက်နေ့ နေ့လည် နာရီခန့်အချိန်မှာ ထီစဲးခါးကျောင်းဆရာတော်လိုက်ပါလာတဲ့ကာကို စစ်ကောင်စီတပ် ဖွဲ့တွေ ဝိုင်းဝန်းပစ်ခတ်တာကြောင့် အပစ်ခံရတဲ့နေရာမှာတင် ဆရာတော်ပျံလွန်တော်မူခဲ့ပြီး ယာဉ်ပေါ်ပါ အခြားဆရာတော် ပါး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အောင်ကလပ်ကျေးရွာဟာ ဆီဆိုင်-လွိုင်ကော် လမ်းမကြီးပေါ်မှာရှိပြီး အဲဒီနေရာမှာ တပ်စွဲနေတာလည်း စစ်ကောင်စီတပ်ဖွဲ့ သာရှိတယ်လို့ အသိပေးထားပါတယ်။

ဒါအပြင် မနေ့ နိုဝင်ဘာ ၃၀ ရက် မနက် နာရီအချိန်တုန်းကလည်း စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းနဲ့ ဟိုနမ့်ဒေသက ပအိုဝ်းကျေးရွာ ရွာကို ဗုံး ၁၄ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာတရွာက အိမ် ၁၁အိလုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီလုပ်ရပ်တွေဟာ ပအိုဝ်းရဟန်း သံဃာတော်တွေရဲ့ မေတ္တာရပ်ခံချက်ကို လျစ်လျူရှုပြီး ပအိုဝ်းဒေသကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေက ပအိုဝ်းကျေးရွာတွေကို ဖျက်ဆီးတာ ဒေသနေ ပြည်သူ တွေကိုသတ်ဖြတ်တာနဲ့ ရဟန်းသံဃာတော်တွေကို ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတာပဲဖြစ်တယ်လို့ PNLA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တွေဟာ နိုဝင်ဘာ ၂၀ရက်နေ့ကလည်း နမ့်ယင်ကျေးရွာကဒေသနေ အရပ်သား တဦးကို ပွန်ချောင်းတံတားအနီးတနေရာမှာ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PNLA မှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment