1st Jan 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ PDF သင်တန်းသူ၊ သင်တန်းသားများနှင့် သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်

📌၂။ ၂၀၂၄မှာ အကြမ်းဖက်စစ်တပ်က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးရာနဲ့ စီးပွားရေးအပါအဝင် အရာအားလုံး ကျဆုံးနေပြီလို့ ဆို

📌၃။ ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့ မြို့တွင် ကျင်းပသောကရင်နှစ်သစ်ကူး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့

📌၄။ တော်လှန်အမွေ ကမ်းပိန်းဆက်လက်ပါဝင်ပေးကြဖို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတိုက်တွန်း

📌၅။ ကိုရီးယားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားများ၏ ဒုက္ခအဝဝတို့ အဆုံးသတ်ပြီး၊  ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ခံစားရနိုင်သည်အထိ ဆက်လက်၍ ထောက်ပံ့ဝန်းရံပေးကြဖို့ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ဆို

📌၆။ စစ်အစိုးရ လက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူးဟု ထိုင်း ငြင်းဆို

📌၇။ မြန်မာပြည်အကျဥ်းထောင် အသီးသီးတွင် အကျဥ်းချခံနေရသော ရိုဟင်ဂျာများ လွတ်ရက်စေ့သည့်တိုင်အောင် ထပ်မံချုပ်နှောင်ခံထားရ


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို KNU ကန့်ကွက်ရှုတ်ချ

🚩 ၂။ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီရိ ရဲ့ ဈာပနာ အခမ်းအနားကို TNLA ဒုဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်

🚩 ၃။ ကေအဲန်ယူ - တပ်မဟာ () အတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နေ့စဥ်နှင့်အမျှ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံရပြီး အမြောက်အများ သေဆုံး၊ ဒဏ်ရာရကာ ရိက္ခာများလည်း ပြတ်လပ်နေ 

🚩 ၄။ မင်းတပ် ခလရ (၂၇၄) တပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီးထိန်းသိမ်း

🚩 ၅။ ကြို့ပင်ကောက် မြို့နယ် ဥယျာဉ်ကြီး အုပ်စု ဥယျာဉ်ကြီး ကျေးရွာရှိ စကစနှင့် ပျူစောထီးစစ်ကြောင်းအား ၂ရက် တိုက်ခိုက်မှု ၁၁ဦး သေဆုံး

🚩 ၆။ အကြမ်းဖက်စစ်ကောင်စီက PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၇။ ရေပြာရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ PDF သင်တန်းသူ၊ သင်တန်းသားများနှင့် သွားရောက်တွေ့ဆုံပြီး လိုအပ်သည်များကို ထောက်ပို့ပေးအပ်


ဒီဇင်ဘာ ၃၁ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သင်တန်းကျောင်းများသို့ သွားရောက်ပြီး သင်တန်းနည်းပြအဖွဲ့များ၊ သင်တန်းသူ၊ သင်တန်းသားများကို တွေ့ဆုံနှုတ်ဆက်ကာ နေ့လယ်စာ ကျွေးမွေးခြင်း၊ လိုအပ်သော အသုံးအဆောင်ပစ္စည်းများကို ပေးအပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


သင်တန်းသူ၊ သင်တန်းသားများနှင့် တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးချုပ်ကမိမိတို့ရဲ့ ကိုယ်ပိုင်ဘဝတွေကို စွန့်လွှတ်ပြီး PDF တွေအဖြစ်နဲ့ တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ လူငယ်တွေကို လေးစားကျေးဇူးတင်ကြောင်း၊ PDF တွေဟာ မြန်မာနိုင်ငံရဲ့သမိုင်းအသစ်ကို အသက်သွေးချွေးတွေနဲ့ ရေးထိုးနေကြသူများဖြစ်ကြောင်း၊ စစ်အာဏာရှင်တွေကြောင့် အောက်ကျနောက်ကျဖြစ်နေရတဲ့ နိုင်ငံတော်ကို ပြန်လည် ထူထောင်တည်ဆောက်ကြတဲ့အခါမှာလည်း ဒီလူငယ်တွေရဲ့ အားနဲ့ပဲ တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ ဒါ့ကြောင့်  ရဲဘော်ရဲဘက်တွေအချင်းချင်း အပြန်အလှန်  စောင့်ရှောက်ကြရင်း စစ်ရေးရည်မှန်းချက်တွေကို ပေါက်မြောက်အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါတယ်။


အဆိုပါ ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ် ကိုယ်ရေးအရာရှိ၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသခွဲမှူး() ရဲဘော်စောရှား၊ ကာကွယ်ရေးဝန်ကြီးဌာန နည်းပညာအကြံပေး ဒေါက်တာလောကနတ်၊ တောင်ပိုင်းစစ်ဒေသအထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF) တပ်ဖွဲ့မှူးရဲဘော် အောင်စံရှား၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) နှင့် ပကဖ တာဝန်ရှိသူများ လိုက်ပါခဲ့ကြောင်း သိရပါတယ်။


========================


📌📌၂။ ၂၀၂၄မှာ အကြမ်းဖက်စစ်တပ်က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးရာနဲ့ စီးပွားရေးအပါအဝင် အရာအားလုံး ကျဆုံးနေပြီလို့ ဆို


ဒီဇင်ဘာ ၃၁

Radio NUG


၂၀၂၄မှာအကြမ်းဖက်စစ်တပ်က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးရာနဲ့ စီးပွားရေးအပါအဝင်အရာအားလုံးကျဆုံးနေပြီလို့ ဒီဇင်ဘာ၃၁ရက် နှစ်သစ်ကူးမိန့်ခွန်းမှာ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းကဆိုပါတယ်။


"တော်လှန်ရေးကာလအတွင်းမှာ နေရာကဏ္ဍအသီးသီးကနေ ဆက်လက်တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်၊ ရဲမေ တိုက်ပွဲဝင်သူရဲကောင်းအားလုံးကို 

 လေးစားပါတယ်။ ဂုဏ်ပြုပါတယ်။ ၂၀၂၄မှာ အကြမ်းဖက်စစ်တပ်က စစ်ရေး၊ နိုင်ငံရေး၊ နိုင်ငံတကာရေးရာနဲ့ စီးပွားရေးနဲ့ ပြည်သူလူထု ပူးပေါင်းပါဝင်ရေးလုပ်ငန်းစဥ်အားလုံးမှာ  အဖက်ဖက်က ကျဆုံးနေတာ အားလုံးအသိဖြစ်ပါတယ်။ ဘယ်လိုပဲစစ်တပ်က သတ်ဖြတ်မှုတွေရှိရှိ၊ဖိနှိပ်မှုတွေရှိရှိ ကြောက်စိတ်နဲ့ ကျွန်တော်တို့တော်လှန်ရေးကိုမတားဆီးနိုင်ပါဘူး"လို့ ဝန်ကြီးက ပြောပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ လက်ရှိမှာ စစ်ရှုံးနေတဲ့အတွက် ငြိမ်းချမ်းရေးဆွေးနွေးပွဲများလည်း ကမ်းလှမ်းလျက်ရှိနေပါတယ်။


========================


📌📌၃။ ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့ မြို့တွင် ကျင်းပသောကရင်နှစ်သစ်ကူး အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ဂုဏ်ပြုသဝဏ်လွှာ ပေးပို့


ဒီဇင်ဘာ ၃၁

Radio NUG

ဒီဇင်ဘာလ ( ၃၁ )ရက် ဂျာမနီနိုင်ငံ၊ ဖရန့်ဖို့ မြို့တွင် နံနက်ပိုင်း၌ ကျင်းပပြုလုပ်သော ကရင်နှစ်သစ်ကူးမင်္ဂလာအခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။


အဆိုပါသဝဏ်လွှာအား ဒေါ်ချိုချိုမျိုးဝင့်မှ ဂုဏ်ပြုဖတ်ကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌၄။ တော်လှန်အမွေ ကမ်းပိန်းဆက်လက်ပါဝင်ပေးကြဖို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနတိုက်တွန်း


ဒီဇင်ဘာ ၃၁

Radio NUG

တော်လှန်အမွေ ကမ်းပိန်းဆက်လက်ပါဝင်ပေးကြဖို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက တိုက်တွန်းလိုက်ပါတယ်။


Happy New Year လို့ နှုတ်ခွန်းဆက်ရင်းနဲ့  အာဏာရှင်လက်အောက်မှာ အသက်ရှင်သန်ရေးအတွက် ကြိုးပမ်းအားထုတ်နေရတဲ့ စစ်ရှောင်ဘဝတွေနဲ့ အကျဉ်းထောင်ထဲက ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ခံစားနေကြရပြီး အခြေခံလိုအပ်ချက်တွေတောင် မရရှိနိုင်တဲ့အနေအထားမှာ အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ လုံခြုံတဲ့ နေအိမ် တစ်နေ့တာ စားစရာ သောက်သုံးရေနဲ့ အသက်အန္တရာယ်အတွက် စိုးရိမ်စရာမလိုတဲ့ အနေအထားတစ်ခုရောက်မှသာလျှင် ပိုမိုကောင်းမွန်တဲ့ဘဝရှေ့ရေးအတွက် တဆင့်ထပ်မံ ကြိုးပမ်းနိုင်မှာဖြစ်ပါတယ်။ MOWYCA ဝန်ကြီးဌာနကလည်း အခြေခံလိုအပ်သော နေရာများကိုလည်း ကူညီထောက်ပံ့ပေးနိုင်ဖို့ အတတ်နိင်ဆုံးကြိုးစားနေတဲ့အချိန်မှာ ပြည်သူတွေရဲ့ အားဖြင့် ဝိုင်းဝန်းဖြည့်တင်းပေးနိုင်စေရန် ဌာနက တော်လှန်အမွေ ကမ်းပိန်းလေး ပြုလုပ်နေလျှက်ရှိပါတယ်လို့ဖော်ပြပါတယ်။


ကမ်ပိန်းမှရရှိငွေများကို စစ်ရှောင် ကလေးများနှင့် အမျိုးသမီးများအတွက် ၃၀% ထောင်ဒဏ်ကျ အမျိုးသမီးများနှင့် လူငယ်များအတွက် ၃၀%၊အမျိုးသမီး ရဲဘော်များအထွေထွေအသုံးစရိတ်အတွက် ၃၀ % အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ ၁၀% စသဖြင့် ခွဲဝေ ထောက်ပံ့ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌၅။ ကိုရီးယားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားများ၏ ဒုက္ခအဝဝတို့ အဆုံးသတ်ပြီး၊  ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ခံစားရနိုင်သည်အထိ ဆက်လက်၍ ထောက်ပံ့ဝန်းရံပေးကြဖို့ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ်ဆို


ဒီဇင်ဘာ ၃၁

Radio NUG

ကိုရီးယားပြည်သူများအနေဖြင့် မြန်မာနိုင်ငံသားများ၏ ဒုက္ခအဝဝတို့ အဆုံးသတ်ပြီး၊  ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ခံစားရနိုင်သည်အထိ ဆက်လက်၍ ထောက်ပံ့ဝန်းရံပေးကြဖို့ ကိုရီးယားနိုင်ငံ NUGကိုယ်စားလှယ်က ဆိုလိုက်ပါတယ်။


ဒီဇင်ဘာ၃၁ရက်မင်္ဂလာနှစ်သစ် နှုတ်ခွန်းဆက် သဝဏ်လွှာမှာ ကိုရီးယားနိုင်ငံNUGကိုယ်စားလှယ် ဦးရန်နိုင်ထွန်းက ဆိုထားပါတယ်။


၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့၊ မင်္ဂလာနှစ်သစ်အခါသမယတွင် ကိုရီးယားနိုင်ငံရှိ ပြည်သူပြည်သားအပေါင်းနှင့်တကွ အာဏာပိုင်အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များ၊ နိုင်ငံတဝှမ်းလုံးရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအား မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းကို ဦးစွာပို့သအပ်တယ်လို့ဆိုပါတယ်။


ကိုရီးယား နိုင်ငံတော်နှင့် နိုင်ငံသားများသည်  မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး လှုပ်ရှားမှုအပေါ် များစွာ စာနာထောက်ထားကြသည့်အလျောက်၊ လိုအပ်သော အကူအညီများကိုလည်း ပြည့်၀စွာ ထောက်ပံ့ကူညီခဲ့ကြသည့်အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း ထပ်လောင်း၍ မှတ်တမ်းတင် ဂုဏ်ပြုအပ်တယ်လို့ဆိုပါတယ်။


မြန်မာပြည်သူများကလည်း ကိုရီးယားပြည်သူများ၏ ဒီမိုကရေစီရေးလှုပ်ရှားမှုများကို တခဲနက် ထောက်ခံအားပေးနေသကဲ့သို့ ကိုရီးယားပြည်သူများ အနေဖြင့်လည်း မြန်မာစစ်အာဏာရှင်တို့၏ အကြမ်းဖက်ရက်စက်ယုတ်မာမှုမျိုးစုံကို စဉ်ဆက်မပြတ် ခံစားနေကြရသည့် မြန်မာနိုင်ငံသားများ၏ ဒုက္ခအဝဝတို့ အဆုံးသတ်ပြီး၊ မိမိတို့နည်းတူ ဒီမိုကရေစီအခွင့်အရေးများ အပြည့်အ၀ ခံစားရနိုင်သည်အထိ ဆက်လက်၍ ထောက်ပံ့ဝန်းရံပေးကြပါရန် အနူးအညွတ်ပန်ကြားရင်း ဤဆုတောင်းသဝဏ်လွှာဖြင့် မင်္ဂလာနှစ်သစ်အား ခွန်းဆင့်ကြိုဆို နှုတ်ခွန်းဆက်သလိုက်ပါတယ်လို့သဝဏ်လွှာမှာဆိုထားပါတယ်။


========================


📌📌၆။ စစ်အစိုးရ လက်နက်ရရှိရေး ဘဏ်တွေ ငွေလွှဲပေးထားတဲ့ အထောက်အထားမတွေ့ဘူးဟု ထိုင်း ငြင်းဆို


ဒီဇင်ဘာ ၃၁ 

Radio NUG 


ထိုင်းဘဏ်တချို့ဟာ စစ်ကောင်စီလက်နက်ရရှိရေးအတွက် ငွေကြေးလွှဲပြောင်းမှု အကူအညီတွေ ပေးနေကြောင်း ကုလသမဂ္ဂ ကျွမ်းကျင်သူတစ်ယောက်ရဲ့ အစီရင်ခံစာကို အထောက်အပံ့ဖြစ်စေမယ့် အထောက်အထား တစ်စုံတရာ မတွေ့ရှိသေးကြောင်း ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေး အေဂျင်စီတို့က ဒီဇင်ဘာ ၃၀ ရက် တနင်္လာနေ့မှာ ပြောဆိုခဲ့ပါတယ်။ 


ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) ရဲ့ ဇွန်လက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ ထိုင်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီတွေဟာ မြန်မာ(စစ်ကောင်စီ) ရဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ ပစ္စည်းတွေအတွက် ရန်ပုံငွေတွေကို ထိုင်းဘဏ်တွေကတဆင့် လွှဲပြောင်းပေးခဲ့ကြောင်း၊ ထိုင်းဘဏ်တွေကတဆင့် ၂၀၂၂ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ သန်း ၆၀ လွှဲပြောင်းခဲ့ပြီး ၂၀၂၃ ဘဏ္ဍာနှစ်မှာတော့ သန်း ၁၂၀ လွှဲပြောင်းခဲ့ကြောင်း သိရပါတယ်။ 


မြန်မာစစ်တပ် လက်နက်ဝယ်ယူမှုအတွက် အသုံးပြုနိုင်တဲ့ ငွေကြေးလွှဲပြောင်းမှုအားလုံးကို စုံစမ်းစစ်ဆေးနိုင်စွမ်း မရှိဘူးလို့ ထိုင်းဘဏ်တွေက တုံ့ပြန်ခဲ့ပြီးနောက် ဇူလိုင်လမှာတော့ ထိုင်းအစိုးရက ယခင်ငွေပေးငွေယူမှုတွေနဲ့ စုံစမ်းစစ်ဆေးနိုင်စွမ်းတွေကို ပြန်လည်သုံးသပ်ဖို့ လုပ်ငန်းအဖွဲ့တစ်ခု ဖွဲ့စည်းခဲ့ပါတယ်။


"ငွေကြေးအဖွဲ့အစည်းတချို့ဟာ OHCHR အစီရင်ခံစာမှာ ဖော်ပြထားတဲ့သူတွေနဲ့ ငွေပေးချေမှုတွေ ပြုလုပ်ခဲ့ကြောင်း စုံစမ်းတွေ့ရှိခဲ့ပေမယ့် အဲဒီလွှဲပြောင်းမှုတွေဟာ လက်နက်ဝယ်ယူမှုနဲ့ ဆက်စပ်နေတဲ့ အထောက်အထား မတွေ့ရှိရကြောင်း" ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတို့ရဲ့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ထိုင်းဘဏ်တွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေအတွင်း တင်းကျပ်မှု အဆင့်တွေ မတူညီကြကြောင်း သုံးသပ်တွေ့ရှိရတယ်လို့ ပူးတွဲထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပြီး ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနဲ့ အကြမ်းဖက်မှု တန်ပြန်မှုဆိုင်ရာ ကျင့်ထုံးတွေ မြှင့်တင်ဖို့ လိုအပ်ကြောင်း မီးမောင်းထိုးပြထားပါတယ်။


ဒါကြောင့်ပဲ တရားမဝင် ငွေကြေးထောက်ပံ့မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် လမ်းကြောင်းတွေအဖြစ် ငွေကြေးအဖွဲ့အစည်းတွေကို အသုံးပြုနေတဲ့ အန္တရာယ်တွေကို ပိုမိုကောင်းမွန်စွာ စီမံခန့်ခွဲနိုင်စေမှာဖြစ်ပြီး ပုံစံအသစ်တွေအဖြစ် ပေါ်ထွက်လာနိုင်တယ်လို့ ထိုင်းဗဟိုဘဏ်နဲ့ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးရုံးတွေက ပြောကြားခဲ့ပါတယ်။


========================


📌📌၇။ မြန်မာပြည်အကျဥ်းထောင် အသီးသီးတွင် အကျဥ်းချခံနေရသော ရိုဟင်ဂျာများ လွတ်ရက်စေ့သည့်တိုင်အောင် ထပ်မံချုပ်နှောင်ခံထားရ


ဒီဇင်ဘာ ၃၁ 

Radio NUG 


အကျဉ်းထောင်အသီးသီးတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်သည့် ပုဒ်မများဖြင့် ဖမ်းဆီး အရေးယူခြင်းခံထားရသည့် ရိုဟင်ဂျာများအား တွေ့ရှိရပြီး အင်းစိန်ထောင်၊ ပုသိမ်ထောင်၊ မြောင်းမြထောင်၊ မအူပင်ထောင်၊ ပြည်ထောင်တို့တွင် အဓိကထား ဖမ်းဆီးအကျဉ်းချထားခြင်းဖြစ်သည်ကို စိစစ်သိရှိရကြောင်း PPNM မှ သတင်းထုတ်ပြန်ပါတယ်။


ပုသိမ်အကျဥ်းထောင်တွင် ရိုဟင်ဂျာ(၁၀၀၀)ကျော် အကျဉ်းချခံထားရပြီး မြောင်းမြအကျဉ်းထောင်တွင် ရိုဟင်ဂျာ ကျား/ စုစုပေါင်း (၃၅၂) ဦး ရှိကာ မအူပင်အကျဉ်းထောင်တွင် ရိုဟင်ဂျာအကျဥ်းသား ကျား (၃၂)ဦးနှင့် ()ဦး စုစုပေါင်း (၃၈)ဦးရှိတယ်လို့ ဖော်ပြထားပါတယ်။


အလားတူ ပြည်အကျဥ်းထောင်တွင် ရိုဟင်ဂျာ ကျား (၄၀)ဦးနှင့် ထပ်တိုး (၂၀)ဦး ရောက်ရှိခဲ့ပြီး စုစုပေါင်း (၆၀)ဦးရှိကာ အမျိုးသမီး အရေအတွက်ကိုမှု အတည်ပြုရန် လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် အင်းစိန်အကျဉ်းထောင်တွင် ရိုဟင်ဂျာ (၅၀၀)ဝန်းကျင် ရှိပါတယ်။


အကျဉ်းထောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း၊ အချိန်မှီ ဆေးကုသခွင့် မရရှိခြင်းတို့ကြောင့် ရိုဟင်ဂျာ အမျိုးသား ()ဦး ယခုနှစ်အတွင်း သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


PPNM စုံစမ်းမှုကာလအတွင်း မြောင်းမြအကျဉ်းထောင်တွင် လွတ်ရက်စေ့သော်လည်း ပြန်ခွင့်မရသေးသည့် ရိုဟင်ဂျာ ၁၅၀ ဦးရှိပြီး မအူပင်အကျဉ်းထောင်၌လည်း ၂၀၂၄ လွတ်လပ်ရေးနေ့တွင် လွတ်မြောက်သော်လည်း အချုပ်သားအနေဖြင့် ရိုဟင်ဂျာများကို ထောင်ထဲတွင် ဆက်လက်ထားရှိတယ်လို့ သိရပါတယ်။


လဝကမှ လာရောက်ထုတ်ယူရန် ရခိုင်ပြည်သို့ လွှဲပြောင်းရန် တိုက်ပွဲပြင်းထန်နေ၍ လုပ်ဆောင်မရသောကြောင့် အကျဉ်းထောင်တွင်း ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရပြီး ဖမ်းဆီးခံထားရသည့် ရိုဟင်ဂျာများသည် မိသားစုပါဆယ် ပို့ဆောင်ပေးမည့်သူများ မရှိပါသဖြင့် နိူင်ငံရေး အကျဥ်းသားများမှ ဝိုင်းဝန်းစောင့်ရှောက်ကျွေးမွေးထားပါတယ်။


မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) အနေဖြင့် နိုင်ငံရေးအကျဉ်းသားအရေး၊ အကျဥ်းသားအခွင့်အရေးနှင့် လူ့အခွင့်အရေးကို လေးစားလိုက်နာ တန်ဖိုးထားသည့်အဖွဲ့ဖြစ်၍ ဖမ်းဆီးခံ ရိုဟင်ဂျာများအရေးကိုလည်း အသိပေးထုတ်ပြန်ရခြင်းဖြစ်ကြောင်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကို KNU ကန့်ကွက်ရှုတ်ချ


ဒီဇင်ဘာ ၃၁ ရက်၊ 

Radio NUG


ဒီဇင်ဘာလ ၃၀ ရက်၊ ကရင်သက္ကရာဇ် ၂၇၆၄ ခုနှစ်၊ သလေထိုင်ခုတ်ဖို () ရက်နေ့မှာ ကျရောက်တဲ့ ကရင့်နှစ်ကူး ပွဲတော် ကျင်းပရာ နေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အပေါ် ကန့်ကွက်ရှုတ်ချကြောင်း KNU က ထုတ်ပြန်ထားပါတယ်။


ကရင့်အမျိုးသား အစည်းအရုံး၊ ဒူးသထူခရိုင်အတွင်းက ယိုကလားနဲ့ ထီးဖဒိုထာကြားနဲ့ မူတြောခရိုင်အတွင်းက နိုဖောထီး ကျေးရွာတို့မှာ ကျင်းပတဲ့ ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားအပြီး ပျော်ပွဲရွှင်ပွဲများနဲ့ အားကစားပွဲများ ကျင်းပရာ နေရာများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ၊


ယခုလုပ်ရပ်က ကရင်လူမျိုးများ အထွတ်အမြတ်ထားရာ ကရင်နှစ်သစ်ကူး ပွဲတော်ကို ဂုဏ်သိက္ခာ ညိုးနွမ်းစေပြီး ပွဲတော်တက်ရောက် သူများကို သွေးစွန်းညစ်ထေး သေကြေပျက်စီးစေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်အဖြစ် ကေအန်ယူက သတ်မှတ်ပြီး ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုပါတယ်။


ယနေ့ ပြည်သူ တရပ်လုံး ကြုံတွေ့နေရတဲ့ ဒုက္ခ ဆင်းရဲများနှင့်အတူ မြန်မာနိုင်ငံကို စနစ်တကျ ဖျက်ဆီးနေတဲ့ အဓိကတရားခံမှာ လက်ရှိ စစ်တပ်သာဖြစ်ပြီး ကောင်းမွန်တဲ့ အနာဂတ်နဲ့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို လိုလားတဲ့ တပ်ဗိုလ် တပ်မှူးများက ဦးဆောင်ကာ လက်ရှိအနေအထားမှ ဖောက်ထွက်ပြီး သမိုင်းသစ်ကို ဖန်တီးကြဖို့ တာဝန် ရှိတယ်လို့ နားလည်ကြောင်း ‌KNU က ဆိုပါတယ်။


စစ်အာဏာရှင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုထူထောင်ဖို့ ကြိုးပန်းနေကြတဲ့ တော်လှန်ရေး အဖွဲ့များက ရေရှည်တည်တံခိုင်မြဲတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်ရှိ အာဏာသိမ်း စစ်တပ်ထဲမှ ပြည်သူကို အမှန်တကယ် ကာကွယ်လိုသူများ အနေနဲ့ တော်လှန်ရေး အဖွဲ့အစည်းများနဲ့ ဆက်သွယ်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး လမ်းကြောင်းမှ တာဝန်ရှိသော စစ်တပ်ကို ထူထောင်တဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ကြဖို့ ဖိတ်ခေါ်ထားပါတယ်။


လူသားမျိုးနွယ်အပေါ် ဆိုးဝါးလှတဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes Against Humanity) ပြစ်မှုမြောက်တဲ့ တိုက်ခိုက်မှုမျိုးကို (၂၇၆၄) ခုနှစ် ကရင် နှစ်သစ်ကူး ပွဲတော် ကျင်းပတဲ့ အခါသမယမှာ စစ်တပ်က ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။


ပြည်သူလူထုကို ပစ်မှတ်ထား တိုက်ခိုက်နေမှုများကို တာဝန်ယူ၊ တာဝန်ခံတဲ့ အမှန်တရားနဲ့ တရားမျှတမှု စနစ်ကို ဖော်ထုတ်ကာ ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်တပ်အဆင့်မျိုးမှ နိုင်ငံရေးတွင်း မပါတဲ့ အခင်းအကျင်း ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များမှာ ပါဝင်ခြင်းဖြင့် သမိုင်းဆိုးကို ပြုပြင်ကြဖို့ KNU က သဘောထား ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ပဓာနနာယက ဆရာတော် ဘဒ္ဒန္တသီရိ ရဲ့ ဈာပနာ အခမ်းအနားကို TNLA ဒုဥက္ကဋ္ဌ နှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်


ဒီဇင်ဘာ ၃၁

Radio NUG

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ဟင်းဟောင်း ကျေးရွာက  ဆရာတော်ဘဒ္ဒန္တနန္ဒသီရိ ရဲ့ အန္တိမအဂ္ဂိစျာပနအခမ်းအနားကို TNLA ဒုဥက္ကဋ္ဌနှင့် စစ်ဦးစီးချုပ်တို့ သွားရောက်ဖူးမျှော်ခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၂၅ ရက်နေ့မှ ၂၉ ရက်နေ့အထိ () ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့တဲ့ အန္တိမ အခမ်းအနားသို့ PSLF/TNLA ဒုဥက္ကဋ္ဌ() ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား(တားဇိုက်ဇား) ဒုဥက္ကဋ္ဌ () ဗိုလ်ချုပ် တားခူးလန်း(တားခူရ်လာင်း) စစ်ဦးစီးချုပ် ဗိုလ်ချုပ် တားဟိုပလန်(တားဟိူဝ်ပ္လါင်)နှင့် ဌာနဆိုင်ရာထိပ်ပိုင်းခေါင်းဆောင်များက သွားရောက်ဖူးမျှော်ခဲ့ကြတာပါ။


ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒသီရိမဟာထေရ်မြတ်ဟာ သက်တော် (၈၉) နှစ်၊ သိက္ခာတော် (၆၉) ဝါဖြင့် ၁၃၈၆-ခုနှစ် တော်သလင်းလဆန်း () ရက် အင်္ဂါနေ့ ညနေ နာရီခွဲ အချိန်မှာ ဘဝနတ်ထံ ပျံလွန်တော်မူခဲ့တာ ဖြစ်ပါတယ်။


ဆရာတော်ရဲ့ ဥတုဇကလာပ်တော်ကို ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်တွင် လှည့်လည် အပူဇော်ခံခဲ့ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ မီးသဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။


ဆရာတော်ဟာ ဟင်းဟောင်းကျေးရွာ ဇေတဝန်ကျောင်းတွင် ကျောင်းထိုင်ဆရာတော် အဖြစ် ၅၇ နှစ်တိုင်တိုင် သာသနာ့ဝန်ကို ထမ်းဆောင်တော်မူခဲ့တာ ဖြစ်ပါတယ်။


ဆရာတော်ရဲ့ အန္တိမအဂ္ဂိ စျာပနပူဇော်ပွဲကို ကျေးရွာအသီးမှ တပည့်ဒါယကာ၊ ဒါယိကာမတို့က လာရောက်ဖူးမျှော်ခဲ့ကြပြီး စျာပနပွဲ ဖြစ်မြောက်ရေးအတွက်  ဒုဗိုလ်မှူးကြီးတားမဝါဝ်းမှ မတည်လှူဒါန်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ကေအဲန်ယူ - တပ်မဟာ () အတွင်းရှိ အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နေ့စဥ်နှင့်အမျှ ဖြတ်တောက်တိုက်ခိုက်ခြင်း ခံရပြီး အမြောက်အများ သေဆုံး၊ ဒဏ်ရာရကာ ရိက္ခာများလည်း ပြတ်လပ်နေ 


ဒီဇင်ဘာ ၃၁ 

Radio NUG 


ကေအဲန်ယူ ထိန်းချုပ်နယ်မြေ ကော့ကရိတ်မြို့နယ်၊ မြဝတီမြို့သို့ ထိုးစစ်ဆင်လာသော နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းသည် မြဝတီမြို့သို့ မရောက်နိုင်ဘဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိိုက်ခိုက်မှုကြောင့် ရှေ့ဆက်မတိုးနိုင်သလို နောက်ပြန်ဆုတ်၍လည်း မရနိုင်တော့ပဲ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးဘေး တောင်ကြောတွင်သာ ပိတ်မိနေကြကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်လည်း ကေအဲန်ယူ - တပ်မဟာ () K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သားတစ်ချို့သေဆုံးခဲ့ပြီး အမြောက်အများ ဒဏ်ရာရခဲ့ကာ ထိုပစ်ခတ်တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းတစ်ချို့ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်း၏ လက်ရှိအခြေအနေသည် (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် လက်နက်ခဲယမ်းများ လျော့နည်းလာပြီး ရိက္ခာများလည်း ပြတ်လပ်နေကြကာ ထိုစစ်ကြောင်းမှ စစ်သည်တစ်ချို့သည်လည်း အာဏာဖြင့် ညွှန်ကြားလာသော အထက်အမိန့်အား မလိုက်နာနိုင်တော့ဘဲ အလံဖြူထောင်ကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အများအပြား အလင်းဝင်လာနေကြသလို နေ့စဥ်နှင့်အမျှ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။


ထို့အတူ K.N.U တပ်မဟာ () ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင်ရှိသော နှစ်ပေါင်းများစွာ ရာဇဝင်တွင်လာခဲ့သည့် စစ်ကောင်စီ၏ အဓိကကျသော အနန်းကွင်းဗျူဟာ စခန်းသည်လည်း (K.N.L.A) ဦးဆောင်သော တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ပိတ်ဆို့တိုက်ခိုက်မှုကြောင့် နေ့စဥ်နှင့်အမျှ ထိခိုက်သေဆုံး၊ ဒဏ်ရာရမှုများရှိနေပြီး စခန်းတွင်းရှိ ၎င်းတို့၏ ရိက္ခာများလည်း လျော့နည်းလာကာ ထိုအနန်းကွင်းဗျူဟာ စခန်းသို့ စစ်ကူလာသော အကြမ်းဖက်စစ်ကောင်စီ ပူးပေါင်းတပ်ရင်းများသည်လည်း အနန်းကွင်းဗျူဟာစခန်းသို့ မရောက်နိုင်ကြဘဲ (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ဖြတ်တောက်တိုက်ခိုက်မှုကို ခံနေရပြီး အများအပြား ထိခိုက်သေဆုံး၊ ဒဏ်ရာ ရခဲ့ကြပါတယ်။


ထိုအနန်းကွင်းဗျူဟာစခန်း၏ စားနပ်ရိက္ခာအတွက် Y-12 လေယာဥ်ဖြင့်သာ လာရောက်ချပေးနေရပြီး ထိုလေယာဥ်မှ လာရောက်ချပေးသော ရိက္ခာထုပ်များသည်လည်း ၎င်းတို့၏ စခန်းတွင်းသို့ အားလုံးမကျဘဲ စခန်းအပြင်သို့ ကျကာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ သိမ်းဆည်းရမိခြင်းခံရတယ်လို့ ဖော်ပြထားပါတယ်။


ထိုစခန်းတွင်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်တစ်ချို့လည်း အထက်အမိန့်အား ဖီဆန်၍ ထွက်ပြေးကာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ လာရောက်ပူးပေါင်းခဲ့ကြတယ်လို့ သိရပါတယ်။


ကေအဲန်ယူ - ဒူးပလာယာခရိုင်၊ တပ်မဟာ () မှ ကျန်ရှိနေသေးသော အကြမ်းဖက် စစ်ကောင်စီတပ်၏ ဗျူဟာကုန်း နှင့် တပ်စခန်းများအား (K.N.L.A) ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ နေရာအနှံ့ နေ့စဥ်နှင့်အမျှ ပိတ်ဆို့တိုက်ခိုက်လျှက်ရှိနေပြီး ရန်သူအား ခြွေစစ်စနစ်ဖြင့် အမြစ်ပြတ်သည်အထိ ဖော်ဆောင်လျှက်ရှိကာ ခြွေစစ်စနစ်ဖြင့် အထိနာလျှက်ရှိသော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များသည် လက်နက်ကြီးများဖြင့် သော်လည်းကောင်း၊ လေယာဥ်အပြင် ဒရုန်းများဖြင့် သော်လည်းကောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအား ပြန်လည်ဗုံးကျဲ ပစ်ခတ်မှုကြောင့် တချို့သော လက်နက်ကြီးကျည်များမှာ ပြည်သူနေကျေးရွာများအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး ကျေးရွာနေ ပြည်သူများလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသလို တစ်ချို့လည်း ထိမှန် သေဆုံး၊ ဒဏ်ရာရခဲ့သည့်အပြင် ပြည်သူပိုင် ဥယျဥ်ခြံမြေနှင့် အိုးအိမ်ပစ္စည်းများစွာလည်း ထိမှန်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ မင်းတပ် ခလရ (၂၇၄) တပ်မှ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီးထိန်းသိမ်း


ဒီဇင်ဘာ ၃၁ ရက်၊ 

Radio NUG


ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ မင်းတပ်မြို့ ခလရ (၂၇၄) တပ်ရင်းမှ စခန်းစွန့်ခွာ ထွက်ပြေးလာကြတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာ အမှတ် - ၈၁ ယောဗျူဟာက ထုတ်ပြန်ထားပါတယ်။


ချင်းညီနောင်နဲ့ မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များရဲ့ ထိုးစစ်ကြောင့် ခလရ (၂၇၄) တပ်ကနေ စခန်းစွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သား ဇော်မျိုးထွဋ်၊ ကျော်လတ်နဲ့ လှခိုင်ဆိုသူ သုံးဦးကို ယောနယ်အတွင်း တနေရာမှာ ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။


ယောဗျူဟာအနေဖြင့် ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းများကို စစ်ဥပဒေနှင့်အညီ ထိန်းသိမ်းထားပြီး လိုအပ်သော တကိုယ်ရေ အသုံးအဆောင် ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ကျန်းမာရေးနှင့် ဆေးဝါး ကုသမှု ပေးခြင်းများကို ဆောင်ရွက်ပေးလျက် ရှိတယ်လို့ သိရပါတယ်။


ယောဒေသအတွင်း စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်း‌ဆောင်နေကြတဲ့ စစ်ကောင်စီတပ်သားများအနေနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလိုပါက ဗျူဟာ (၈၁) ယောဗျူဟာကို ဆက်သွယ်နိုင်ပြီး လက်နက် အပြည့်အစုံဖြင့် ခိုလှုံလာပါက ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးမှာ ဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက် မြို့နယ် ဥယျာဉ်ကြီး အုပ်စု ဥယျာဉ်ကြီး ကျေးရွာရှိ စကစနှင့် ပျူစောထီးစစ်ကြောင်းအား ၂ရက် တိုက်ခိုက်မှု ၁၁ဦး သေဆုံး


ဒီဇင်ဘာ ၃၁ 

Radio NUG 


သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၁ တပ်ခွဲ - YOMA (GBK) PDF ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် သာယာဝတီ ခရိုင်တပ်ရင်း ၃၈ဝ၂ တပ်ခွဲ -. Dragon Brothers (GBK) PDF ပြည်သူကာကွယ်ရေး တပ်ဖွဲ့ နှင့် ပဲခူးရိုးမ  BTZM (GBK) PDF နှင့် သာယာဝတီ ခရိုင် ပကဖ အဖွဲ့နှင့် မဟာမိတ် တပ်ပေါင်းစုမှတို့မှ 29.12.2024 ညနေ ၄း၃ဝ နာရီ ချိန်မှာ ၆၀ မမ ၄၀မမ လက်နက်ကြီး လက်နက်ငယ်များဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲ နာရီကြာ ထိတွေ့မှု ဖြစ်ပွားခဲ့ပြီး စကစနှင်ပျူစောထီး များမှ ယောက် သေဆုံးပြီး ဥယျာဉ်ကြီးကျေးရွာ ဘုန်းကြီးကျောင်းသို့ တပ်ဆုတ် အထိုင်ချခဲ့တယ်လို့ ဖော်ပြထားပါတယ်။


30.12.2024. မနက်ပိုင်း နာရီ အချိန်မှာ  ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ နာရီ ကြာဖြစ်ပွားခဲ့ပြီး စကစနှင့် ပျူစောထီး ယောက် ထပ်မံသေဆုံးပြီး အများပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကာ  ရက်ဆက်တိုက် တိုက်ပွဲအတွင်း စကစနှင့် ပျူစောထီးပေါင်း ၁၁ ယောက် သေဆုံးတယ်လို့ သိရပါတယ်။


30.12.2024 ညနေ နာရီ အချိန်မှာ နာရေးကား စီးဖြင့် လာရောက်သယ်ဆောင်သွားသည်ဟု မျက်မြင်ပြည်သူ တစ်ဦးဆီက သိရပါတယ်။


========================


🚩🚩 ၆။ အကြမ်းဖက်စစ်ကောင်စီက PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်


ဒီဇင်ဘာ ၃၁ 

Radio NUG 


ဒီဇင်ဘာ ၃၁ မနက် ၁၁ နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဘဲ အကြမ်းဖက်စစ်ကောင်စီက ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO/PNLA ဌာနချုပ်ကို ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၄လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဌာနချုပ်အတွင်းရှိ အများပြည်သူကို ဝန်ဆောင်မှုပေးနေသည့် ဆေးခန်းတစ်ခု ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ရေပြာရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်


ဒီဇင်ဘာ ၃၁ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ ရေပြာအိုင် ရဲစခန်းမှ ရဲတပ်သား တစ်ဦး လက်နက်နှင့်တကွ အလင်းဝင်လာခဲ့တယ်လို့ Young Revolution Front က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၃၁ ရက်နေ့ မနက်ပိုင်းမှာ ပေါက်တောင်ပိုင်း၊ YRF ပကဖ ဗိုလ်နားပေါက် တပ်ဖွဲ့ထံကို ဆက်သွယ်ပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


၎င်း ရဲတပ်သားဟာ G3 သေနတ် တလက်၊ ကျည် ၈၂ တောင့်တို့ကို တပါတည်း ယူဆောင်လာခဲ့သလို ပေါက်မြို့ပေါ်က ၎င်းရဲတပ်သားရဲ့ မိခင်ဖြစ်သူကိုပါ တပါတည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


နောက်ထပ်လည်း CDM ပြုလုပ်လိုတဲ့ စစ်ကောင်စီ တပ်သားများအနေဖြင့် YRF ထံကို ဆက်သွယ်နိုင်တယ်လို့ အသိပေး ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment