22nd Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးစိုးမိုးဒေသများသို့ ‌‌ကွင်းဆင်းသွားရောက်

📌၂။ အမ်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့အထိ ပြည်သူစုစုပေါင်း သေဆုံးသူ (၁၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၆)ဦးထိ ရှိ

📌၃။ မီဇိုးလူငယ်အသင်း CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ သိန်းဖိုး စားနပ်ရိက္ခာများ ပေးအပ်

📌၄။ လားရှိုးမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်များက ချိုးဖျက်ခဲ့တဲ့ တံတားတစင်းကို MNDAA ပြန်လည်ပြုပြင် 

📌၅။ ဘူးသီးတောင် အမှတ် () ရပ်ကွက် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ AA သတင်းထုတ်ပြန်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ထိခိုက်ဒဏ်ရာရ ရဲဘော်များနဲ့ KNDF ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ

🚩 ၂။ AA တပ်မွေးနေ့မှာ လူမလာနိုင်လို့ လက်ဆောင်ပို့ပေးလိုက်တယ်ဆိုပြီး လက်နက်ကြီးပစ်ခဲ့တဲ့ တပ်ကြပ်ကြီး AA ထံမှာ ဖမ်းဆီးခံရ

🚩 ၃။ မင်းတပ် ခလရ ၂၇၄ ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်က သိမ်းပိုက်ကြောင်း သတင်းများ ထွက်ပေါ်

🚩 ၄။ အောင်သပြေဂူ ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ

🚩 ၅။ မြိုင်၊ သရက်ကွ ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကာ PDF ရဲဘော် ဦးကျဆုံး

🚩 ၆။ ကပစ ၂၂ တပ်အတွင်း ဝင်ထောင်ထားတဲ့ မိုင်း လုံး ပေါက်ကွဲပြီး ဦးသေ ဦး ဒဏ်ရာရ

🚩 ၇။ သီပေါမြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်

🚩 ၈။ ပုလဲမြို့သိမ်း တိုက်ပွဲအတွင်း အင်အားထပ်ဖြည့်ထားတဲ့ စစ်ကောင်စီ တပ်သား ဦး BNRA ထံ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌၁။ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း မကွေးတိုင်းအတွင်းရှိ တော်လှန်ရေးစိုးမိုးဒေသများသို့ ‌‌ကွင်းဆင်းသွားရောက်


ဒီဇင်ဘာ ၂၁ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်းနှင့် အဖွဲ့သည် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း မကွေးတိုင်း၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်ရှိ NUG စိုးမိုးထိန်းချုပ် နယ်မြေများသို့ သွားရောက်၍ စစ်ရှောင်စခန်းတာဝန်ခံများ၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ အရပ်ဘက်လူမှုရေး အသင်းအဖွဲ့များနှင့်တွေ့ဆုံ၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများကို အမှန်တစ်ကယ်လိုအပ်နေသူများထံ ပိုမို ထိရောက်မှုရှိစွာ ပေးအပ်နိုင်ရေးနှင့်စပ်လျဥ်း၍ ဆွေးနွေး ညှိနှိုင်းခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


ဒုတိယဝန်ကြီးနှင့် အဖွဲ့ဝင်များသည် ခရီးစဥ်အတွင်း ဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများကို ပြည်သူများ သိရှိနားလည်အောင် ရှင်းလင်းပြောကြားခြင်း၊ စစ်ဘေးရှာင်များကို တွေ့ဆုံ၍ စိတ်ခွန်အားပေးခြင်းနှင့် လူသားစာနာထောက်ပံ့မှုများ ပေးအပ်ခြင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းမှတဆင့် တိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်လိုက်ရသူများ၊ နေအိမ်မီးရှို့ခံရသည့် ပြည်သူများအား တွေ့ဆုံ၍ နှစ်သိမ့် ဆွေးနွေးခြင်း၊ လူသားစာနာ အကူအညီများပံ့ပိုးခြင်း၊ income generation အတွက် ဝန်ကြီးဌာနက ထောက်ပံ့ထားမှုအပေါ် အကောင်အထည်ဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှုလေ့လာခြင်း၊ ဆက်လက် ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ်များကို ဖော်ထုတ်ခြင်း၊ စာသင်ကျောင်းများ၌ ဗုံးခိုကျင်းတူးဖော်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခြင်း၊ မြို့နယ်များ၌ ဖွင့်လှစ်ထားသည့် ဆေးခန်းများနှင့် သူနာပြုသင်တန်းကျောင်းများသို့ သွားရောက်၍ တာဝန်ကျ ဆရာဝန်ကြီး၊ သူနာပြုများ၊ လူနာများနှင့် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင် အားပေးစကားများပြောကြားခြင်း၊ လူ့အခွင့်အရေးနေ့နှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး လှုပ်ရှားမှု အခမ်းအနားများပြုလုပ်ရာတွင်  ဒေသခံပြည်သူလူထုနှင့်အတူ တသားတည်း ပူးပေါင်းပါဝင်မှုများ ဆောင်ရွက်ခဲ့ပါကြောင်း အစီရင်ခံ သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌၂။ အမ်းမြို့နယ်အတွင်း ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့အထိ ပြည်သူစုစုပေါင်း သေဆုံးသူ (၁၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၆)ဦးထိ ရှိ


ဒီဇင်ဘာ ၂၁ 

Radio NUG 


အမ်းမြို့နယ်အတွင်း စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုကျူးလွန်မှုကြောင့် ၂၀၂၃ ခုနှစ်၊နိုဝင်ဘာလ ၁၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့အထိ ပြည်သူစုစုပေါင်း သေဆုံးသူ (၁၃)ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ (၃၆)ဦးထိ ရှိခဲ့ပြီး သေဆုံးသူမိသားစုဝင်များနှင့် ထိခိုက်ဒဏ်ရာရရှိသူများလည်း အကူညီအထောက်အပံ့များ လိုအပ်လျက်ရှိကြောင်း လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် HDCOမှ သတင်းထုတ်ပြန်ထားပါတယ်။


ရက္ခိုင်ပြည်၊ အမ်းမြို့နယ်အတွင်း အာရက္ခတပ်တော်နှင့် မြန်မာစစ်ကောင်စီတို့အကြား ၂၀၂၄ ခုနှစ်၊ ဧပြီလအတွင်းမှ စတင်၍ တကျော့ပြန်တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ရာ ၂၀၂၄ ခု နှစ်ကုန်ခါနီးတွင် တိုက်ပွဲ အရှိန်အမြင့်ဆုံးရောက်ရှိလာပြီး စစ်ရှောင်ပြည်သူများမှာ သောင်းချီတိုးလာသဖြင့် အကူညီလိုအပ်ချက်များစွာဖြင့် ယာယီစစ်ရှောင်နေကြရတယ်လို့ ဖော်ပြထားပါတယ်။


လတ်တလော စစ်ရှောင်ပြည်သူများမှာ စားနပ်ရိက္ခာများ၊ ကျန်းမာရေးစောင့်ရှောက်မှုများ၊ အမိုးအကာများ၊ အိုးခွက်ပန်းကန်စသော မီးဖိုချောင်သုံးပစ္စည်းများ၊ တစ်ကိုယ်ရည်သုံးပစ္စည်းများ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ မိခင်နှင့်ကလေးများအတွက် အာဟာရများ၊ခြင်ထောင်များအပြင် ဆောင်းရာသီ‌တွင်း ဖြစ်သဖြင့် အနွေးထည်များလည်း အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ သိရပါတယ်။


အထူးသဖြင့် တချို့ စစ်ရှောင်ပြည်သူများမှာ နေရာ အတည်တကျမရှိဘဲ မြေကွက်လပ်များတွင် ယာယီတဲထိုး၍ စစ်ရှောင်လျက်ရှိပြီး ၎င်းတို့အတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၃။ မီဇိုးလူငယ်အသင်း CYMA က မြန်မာစစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ သိန်းဖိုး စားနပ်ရိက္ခာများ ပေးအပ်


ဒီဇင်ဘာ ၂၁ 

Radio NUG 


ဒီဇင်ဘာလ ၂၁ရက်နေ့တွင် မီဇိုးလူငယ်အသင်း Central Young Mizo Association (CYMA) က မြန်မာနှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်များအတွက် ခရစ္စမတ်လက်ဆောင်အဖြစ် ရူပီးငွေ သိန်းခန့်တန်ဖိုးရှိသော အခြေခံစားနပ်ရိက္ခာများကို ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မီဇိုရမ်ပြည်နယ် အိုင်ဇောလ်ခရိုင်အတွင်းမှာရှိသော မြန်မာ စစ်ဘေးရှောင်စခန်း ခု နှင့် မဏိပူရ်ပြည်နယ်က စစ်ဘေးရှောင်စခန်း နှစ်ခု စုစုပေါင်း ခုအတွက် အခြေခံစားနပ် ရိက္ခာများကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့သည်ဟု သိရပါတယ်။


မြန်မာနိုင်ငံက စစ်ဘေးရှောင်များနေထိုင်ကြသော Tuiral Camp Sihhmui Camp 1, Camp 2, Sairang Camp, Leitan Camp, YHAI Camp နှင့် မဏိပူရ်ပြည်နယ်မှ စစ်ဘေးရှောင်လာသူများနေထိုင်ကြသော BSUP Edenthar Camp, RAY Camp တို့ကို ခရစ္စမတ်လက်ဆောင်အဖြစ် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


စစ်ဘေးရှောင်စခန်း ခုအတွက် ဆန်အိတ် ၁၂၅ အိတ်၊ ဆီ ၄၅ ဖာ၊ ပဲ ၁၆ အိတ်၊ အသားတု ၂၂ အိတ်ဖြင့် လူဦးရေ အနည်းအများပေါ်မူတည်ပြီး ခွဲဝေပေးအပ်ခဲ့သည်ဟု သိရပါတယ်။


========================


📌📌၄။ လားရှိုးမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီ တပ်များက ချိုးဖျက်ခဲ့တဲ့ တံတားတစင်းကို MNDAA ပြန်လည်ပြုပြင် 


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်၊ လားရှိုးမြို့မှာ မြို့သိမ်းတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီ တပ်များက ချိုးဖျက်ခဲ့တဲ့ ရေပူစမ်းသို့ သွားရာ တံတားကို ပြည်လည်ပြုပြင်နေကြောင်း MNDAA က အသိပေးထားပါတယ်။


ရေပူစမ်း တံတားပြုပြင်ရေး လုပ်ဆောင်နေတာ တပတ်ခန့် ရှိနေပြီဖြစ်ပြီး နောက်လအစပိုင်းလောက်မှာ ပြီးမယ်လို့ ခန့်မှန်းကြောင်း တာဝန်ရှိသူ တဦးက ဆိုပါတယ်။


လားရှိုးမြို့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို တဆင့်ချင်း ဆောင်ရွက်လျက်ရှိပြီး လမ်းပန်းဆက်သွယ်ရေး ချောမွေ့စေဖို့အတွက် ကျိုးပျက်နေတဲ့ တံတားတွေကို ဦးစားပေးအနေနဲ့ ပြန်လည်ပြုပြင်နေတယ်လို့ ဆိုပါတယ်။


မကြာသေးမှီ အချိန်ကလည်း အီနိုင်းတံတားကို ပြန်လည်ပြုပြင်ပေးခဲ့ကာ လျှပ်စစ်မီးနဲ့ ရေရရှိရေး လုပ်ငန်းများကိုလည်း ကြိုးစားဆောင်ရွက် နေတယ်လို့ သိရပါတယ်။


လားရှိုးမြို့ရဲ့ အထင်ကရ နေရာတွေထဲက တစ်ခုဖြစ်တဲ့ ရေပူစမ်းဟာ ဆောင်းရာသီအတွင်းမှာ လာရောက်သူ အများဆုံး ဖြစ်တဲ့အတွက် တံတားပြုပြင်ပြီး နောက်ပိုင်းမှာ လူပိုစည်ကားလာမှာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


📌📌၅။ ဘူးသီးတောင် အမှတ် () ရပ်ကွက် မီးလောင်မှုဖြစ်စဉ်နှင့်ပတ်သက်၍ AA သတင်းထုတ်ပြန်


ဒီဇင်ဘာ ၂၁ 

Radio NUG 


ဒီဇင်ဘာလ (၂၀) ရက်နေ့၊ ညနေ  () နာရီ  (၂၇) မိနစ်ခန့်အချိန်တွင် ဘူးသီးတောင်မြို့၊ အမှတ် () ရပ်ကွက်ရှိ အာလီဂျူဟ၏ နေအိမ်၌ မီးစတင်လောင်ကျွမ်းခဲ့ပြီး ယင်းမှတစ်ဆင့် အနီးဝန်းကျင်ရှိ လူနေအိမ်တချို့သို့ မီးကူးစက်ခဲ့သော ဖြစ်စဉ်တစ်ခုရှိခဲ့ကြောင်း အာရက္ခတပ်တော် AAမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ မီးလောင်မှုဖြစ်စဉ်အတွင်း ဘူးသီးတောင်မြို့၊ အမှတ် () ရပ်ကွက်မှ စုစုပေါင်း (၂၆) အိမ်ခန့် မီးလောင်ကျွမ်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော် ( ULA/AA) တပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူ လူထုနှင့် ပူးပေါင်း၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့မှုကြောင့် ယင်းနေ့ ညနေ () နာရီခန့်၌ပင် မီးငြိမ်းသွားပြီး ဖြစ်တယ်လို့ သိရပါတယ်။


၎င်းမီးလောင်မှုဖြစ်စဉ်နှင့် ပတ်သက်၍ ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးလျက်ရှိပါကြောင်းနှင့် နောက်ဆက်တွဲသတင်းများရရှိပါက ထပ်မံအသိပေးထုတ်ပြန်သွားမယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ ထိခိုက်ဒဏ်ရာရ ရဲဘော်များနဲ့ KNDF ဥက္ကဋ္ဌတို့ တွေ့ဆုံပွဲ အခမ်းအနား ကျင်းပ


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူးနှင့် ထိခိုက်ဒဏ်ရာရ ရဲဘော်များ တွေ့ဆုံခြင်း အခမ်းအနားတခု ကျင်းပခဲ့တယ်လို့ KNDF, B-31 က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် ဗျူဟာ အမှတ် () မှ ဦးစီးပြီး နေ့လည် နာရီကနေ နာရီခွဲအထိ အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ ဆိုပါတယ်။


အခမ်းအနားမှာ KNDF ဥက္ကဋ္ဌ ခွန်ဘီထူးနဲ့ ဗဟိုကော်မတီ အဖွဲ့ဝင်များ၊‌ ဗျူဟာ အမှတ် () နှင့် အမှတ် ()  က တပ်ဗိုလ်၊ တပ်မှူးများ တက်ရောက်တွေ့ဆုံခဲ့ကြပြီး ထိခိုက်ဒဏ်ရာရ ရဲဘော်များကို စိတ်ခွန်အားပေး စကားများ ပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ AA တပ်မွေးနေ့မှာ လူမလာနိုင်လို့ လက်ဆောင်ပို့ပေးလိုက်တယ်ဆိုပြီး လက်နက်ကြီးပစ်ခဲ့တဲ့ တပ်ကြပ်ကြီး AA ထံမှာ ဖမ်းဆီးခံရ


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


အာရက္ခတပ်တော် (AA) ရဲ့ ၁၅ နှစ်ပြည့် တပ်မွေးနေ့မှာ ဟောင်ဝစ်ဇာ လက်နက်ကြီးကျည်မှာ “AA နှစ်ပတ်လည်အတွက် လက်ဆောင်" ဟု စာရေးပြီး ပြည်သူများရှိရာ နေရာများကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ တပ်ကြပ်ကြီး AA ထံမှာ ဖမ်းဆီးခံထားရတယ်လို့ Western News က ဖော်ပြထားပါတယ်။


ရခိုင်ပြည်၊ အမ်းမြို့နယ်၊ အခြေစိုက် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ရှိ အမှတ် (၃၇၄) အမြှောက်တပ်က တပ်ကြပ်ကြီး မျိုးမင်းထွန်းဆိုသူဟာ ၂၀၂၄၊ ဧပြီလ ၁၀ ရက်နေ့မှာ ကျရောက်ခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ၁၅ နှစ်ပြည့် နှစ်ပတ်လည်နေ့မှာ ပစ်ခတ်ခဲ့တာပါ။


ထိုသို့ ပစ်ခတ်ရာမှာ "သာလီစွပါ... လူမလာနိုင်လို့ လက်ဆောင်ပဲ ပို့ပေးလိုက်မယ်နော်။ OK” ဆိုပြီး ဟောင်ဝစ်ဇာ အမြောက်ကျည်မှာ AA အတွက် လက်ဆောင်ဟု စာတန်းရေးပြီး လက်မ ထောင်ပြကာ အရပ်သား ပြည်သူများ ရှိရာကို ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


ထိုသို့ ပစ်ခတ်ခဲ့တာက လက်ကမြင်းကြောထပြီး ပစ်ခတ်ခဲ့မိတာ ဖြစ်ကြောင်းနဲ့ လက်ရှိ AA ထံမှာ လက်နက်ချကာ ဖမ်းဆီးခံထားရကြောင်း တပ်ကြပ်ကြီး မျိုးမင်းထွန်းက ဝန်ခံပြောဆိုထားပါတယ်။


ထို့ပြင် “AA က အမ်းကို သိမ်းလိုက်ပြီ ဟုတ်လား၊ ယူနီဖောင်း အစုတ်ကိုပဲ အရင်လာသိမ်းအုံးလို့ လှောင်ပြောင် ပြောဆိုကာ ဗီဒီယို တင်ထားခဲ့တဲ့ တပ်သား တဦးလည်း အမ်းတိုက်ပွဲအတွင်း သေဆုံးသွားခဲ့ပြီ ဖြစ်တယ်လို့ ၎င်းက ဆက်ပြောပြထားပါတယ်။


ရခိုင့်တပ်တော် AA က အမ်းမြို့သိမ်း တိုက်ပွဲအတွင်း နပခ ဒု-တိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းနှင့် တိုင်း ဦးစီးမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သန်း အပါအဝင် စစ်ကောင်စီ အရာရှိနဲ့ တပ်ဖွဲ့ဝင် အများအပြားကို ဖမ်းဆီးရမိထားတာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ မင်းတပ် ခလရ ၂၇၄ ကို ချင်းညီနောင်နှင့် ပူးပေါင်းတပ်က သိမ်းပိုက်ကြောင်း သတင်းများ ထွက်ပေါ်


ဒီဇင်ဘာလ ၂၁ 

Radio NUG 


ချင်းပြည်နယ်တောင်ပိုင်း၊ မင်းတပ်မြို့ကို ထိန်းချုပ်ထားသော စစ်ကောင်စီ၏ ခလရ - ၂၇၄ တပ်ရင်းကို ချင်းညီနောင် ပူးပေါင်း တပ်များက သိမ်းနိုင်ပြီဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင် စစ်ဆင်ရေးအဖြစ် ချင်းညီနောင်နှင့် မဟာမိတ်အဖွဲ့များက ဖော်ဆောင်လျက်ရှိရာ တိုက်ပွဲရက်ပေါင်း ၄၃ ရက်မြောက်ဖြစ်သည့် ဒီဇင်ဘာလ ၂၁ ရက် မနက်ပိုင်းတွင် ခလရ - ၂၇၄ ကို သိမ်းနိုင်ခြင်းဖြစ်ပြီး CDF Mindat စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေ အတည်မပြုသေးဘူးလို့ သိရပါတယ်။


မနက် ၁၁ နာရီခန့်တွင် မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီသည် Y – 12 ဗုံးကြဲလေယာဉ်ဖြင့် ၁၀ လုံးတွဲ၊ လုံးတွဲ၊ လုံးတွဲ ဗုံးသီးများအသုံးပြု၍ တနာရီခန့် တိုက်ခိုက်သွားကြောင်း၊ နံနက် နာရီခွဲကလည်း ပေါင် ၅၀၀ ဗုံးဖြင့် ကြဲချတိုက်ခိုက်တယ်လို့ သိရပါတယ်။


မင်းတပ်မြို့ပေါ်ရှိ စံမင်းသီရိ စေတီကုန်း၊ ဝန်ထမ်းအိမ်ရာ လိုင်းခန်း (စံပြရပ်ကွက်) ခရိုင်ဆောက်လုပ်ရေး ဝန်း၊ တာဝါတိုင်ကုန်း၊ ဟိုတပ် (မင်းတပ်) မြလေးပွင့်စေတီကုန်း၊ မိုင်းကုန်းကို သိမ်းပိုက်ကာ မင်းတပ်မြို့နေရာအများစုကို သိမ်းပိုက်ထိန်းချုပ်ထားသည်ဟု ချင်းညီနောင်အဖွဲ့က ဒီဇင်ဘာလ ၂၀ရက်နေ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ အောင်သပြေဂူ ကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိ


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ မုဆိုး - The Hunter က ဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ၁၈ ရက်နေ့ မနက် နာရီခန့်မှာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ် - ၂၊ KNDF တပ်ရင်း အမှတ် - ၂၊ KNDF တပ်ရင်း အမှတ် - ၁၄၊ KNDF UAV နဲ့ Loikaw PDF တို့ ပူးပေါင်းကာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ပွင့်အဆင့်ရှိ ဗိုလ် ဦး၊ တပ်ကြပ် ဦး အပါအဝင် တပ်သားအဆင့် ဦး သေဆုံးခဲ့ပြီး ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် MA 1 လက်၊ MA 11 လက်နဲ့ MA 3 လက်ကို သိမ်းဆည်းရရှိခဲ့ပြီး ကရင်နီ ပူးပေါင်းတပ်ဘက်မှ ရဲဘော်တဦးလည်း လက်မောင်းရှပ်ထိ (မစိုးရိမ်ရ) ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း အထိနာသွားတဲ့ စစ်ကောင်စီတပ်က ဒရုန်း အပါအဝင် လက်နက်ကြီး အများအပြားဖြင့် ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ မြိုင်၊ သရက်ကွ ပျူစောထီးရွာကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု ရှိကာ PDF ရဲဘော် ဦးကျဆုံး


ဒီဇင်ဘာ ၂၁ 

Radio NUG 


ဒီဇင်ဘာလ ၁၉ ရက်နေ့မှ စတင်ပြီး မြိုင်မြို့နယ်၊ သရက်ကွ ပျူစောထီးရွာကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်စဉ် ပျူစောထီးရွာအတွင်း တပ်စွဲထားသော စစ်ကောင်စီ တပ်သားအားလုံး တပ်ပျက်၍ ထွက်ပြေးသွားသောကြောင့် တော်လှန်ရေး ရဲဘော်များ ပျူစောထီးရွာတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ပခုက္ကူခရိုင် အမှတ် ၁၇ တပ်ရင်းမှ သိရပါတယ်။


သရက်ကွ ပျူစောထီးရွာအတွင်း နယ်မြေရှင်းလင်းရေးများ ဆက်လက် လုပ်ဆောင်နေပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား သေဆုံးမှု အရေအတွက်နှင့် လက်နက်ခဲယမ်း သိမ်းဆည်းမှု အခြေအနေကို စစ်ဆေးနေဆဲ ဖြစ်ကာ PDF ရဲဘော် ၂ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကပစ ၂၂ တပ်အတွင်း ဝင်ထောင်ထားတဲ့ မိုင်း လုံး ပေါက်ကွဲပြီး ဦးသေ ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူနယ်စပ်၊ ရွေဘိုကျွန်း က.. (၂၂) တပ်အတွင်း ဝင်ထောင်ထားခဲ့တဲ့ မိုင်း လုံး ပေါက်ကွဲခဲ့ပြီး စစ်ကောင်စီ တပ်သား ဦးသေ ဦး ဒဏ်ရာရခဲ့တယ်လို့ Young Revolution Front - YRF က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၉ ရက် ညပိုင်းမှာ က.. (၂၂) တပ်အတွင်းကို ဝင်ရောက်ကာ ပေ ၁၀၀ အကွာထိ ထိချက်ပြင်းတဲ့ တိုက်မိုင်းအမျိုးအစား ပဒေသာ မိုင်း လုံးကို ဝင်ထောင်ထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ဒီဇင်ဘာ ၂၀ ရက်နေ့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းမှာတော့ အဆိုပါ မိုင်း လုံးစလုံး ပေါက်ကွဲသွားခဲ့တယ်လို့ သိရပြီး ပထမမိုင်းတလုံး ပေါက်ကွဲမှုအတွင်း စစ်ကောင်စီတပ်သား တဦးသေပြီး တဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ကျန်မိုင်း လုံး ပေါက်ကွဲမှုအတွင်း ထိခိုက်မှုကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာတော့ ၎င်း ကပစ ၂၂ တပ်မှ စစ်ကောင်စီ တပ်သားများဟာ အနီးနားရှိ ကျေးရွာ တောတိုက်ကို ဒရုန်းနဲ့ ဗုံးသီး လုံး အကြောင်းမဲ့ ကျဲချခဲ့ရာ လုံး ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် လမ်းမှားပြီး ဆိုင်ကယ်မောင်းလာသူ တဦးအား ကပစ (၂၂) တပ် အစောင့် စစ်သားများက ပစ်ခတ်ခဲ့ရာ ဗိုက်နေရာကို ထိမှန်ခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်း Young Revolution Front - YRF နဲ့ တကိုယ်တော် ကျားဆိုး အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၇။ သီပေါမြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ခြေထောက်တစ်ဖက်ပြတ်ထွက်


ဒီဇင်ဘာ ၂၁ 

Radio NUG 


တအာင်းပြည် တပ်မဟာ ()နယ်မြေ၊ သီပေါမြို့တွင် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်း နင်းမိပြီး ပေါက်ကွဲကာ ခြေထောက်တစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။


ဒီဇင်ဘာလ ၁၈ရက် ညနေပိုင်း ()နာရီအချိန်တွင် အသက် (၃၁)နှစ်အရွယ် ဦးစိုင်းသန်းကျော်သည် စစ်ကောင်စီတပ် ခလရ(၂၃)တပ်စခန်းအနီးတွင် သံတိုသံစ သွားရောက်ကောက်ယူနေစဥ် ယခင်စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းနင်းမိခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


မိုင်းပေါက်ကွဲမှုကြောင့် ၎င်း၏ လည်ပင်း၊ လက်နှင့် ခြေထောက်များတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၎င်းကို လူမှုကူညီရေးအသင်းဖြစ်သည့် နယ်စည်းမခြား ပရဟိတအသင်းမှ ဆေးခန်းသို့ ပို့ဆောင်ကာ ဆေးကုသခံယူလျက်ရှိတယ်လို့ သိရပါတယ်။


ပြီးခဲ့သည့် အောက်တိုဘာ ၂၉ ရက်နေ့တွင်လည်း ဦးစိုင်းမြင့်ခိုင်သည် ၎င်းနေအိမ်ဝန်းကျင်တွင် သန့်ရှင်းရေးလုပ်နေစဉ် စစ်ကောင်စီတပ် ထောင်ထားသည့် မြေမြှုပ်မိုင်းကို ဓားဖြင့် ခုတ်မိရာ ပေါက်ကွဲပြီး သေဆုံးသွားခဲ့ပါတယ်။


========================


🚩🚩 ၈။ ပုလဲမြို့သိမ်း တိုက်ပွဲအတွင်း အင်အားထပ်ဖြည့်ထားတဲ့ စစ်ကောင်စီ တပ်သား ဦး BNRA ထံ အလင်းဝင်


ဒီဇင်ဘာ ၂၁ ရက်၊ 

Radio NUG


ပုလဲမြို့သိမ်း တိုက်ပွဲအတွင်းမှာ Mi 17 ဖြင့် အင်အား ထပ်ဖြည့်ထားတဲ့ ဘုတလင် စစ်ကြောင်းမှ တပ်သား ဦး ဗမာအမျိုးသား တော်လှန်ရေး တပ်မတော် (BNRA) ထံသို့ အလင်းဝင် CDM ပြုလုပ်လာတယ်လို့ ထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပုလဲမြို့ကို Mi 17 ဖြင့် အင်အား ထပ်ဖြည့်ထားတဲ့ ဘုတလင်စစ်ကြောင်းက စစ်ကောင်စီ လက်အောက်ခံ စစ်သားများအနက် ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တပ်သား ဦးဟာ MA-1 လက်၊ ကျည်ဘောက် ဘောက်၊ MA3 လက်၊ ကျည်ဘောက် ဘောက်နဲ့ .၅၆ ကျည် ၇၅၆ တောင့်တို့နဲ့ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။


ထို့အပြင် ဒီဇင်ဘာ ၁၁ ရက်နေ့မှာလဲ ပုလဲမြို့ရှိ စစ်ကောင်စီ စစ်ကြောင်းမှ နောက်ထပ် တပ်သား ဦး ဒရုန်း စင်း နှင့်အတူ BNRA ထံ ထပ်မံ အလင်းဝင်ခဲ့ကာ ၎င်းအလင်းဝင် စစ်သား ဦးလုံးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်း သင်တန်း အပတ်စဉ် သင်တန်းဆင်း ရဲဘော်များ ဖြစ်ကြပါတယ်။


အဆိုပါ လက်နက်နဲ့ အလင်းဝင်လာ သူတွေကို ကျပ်သိန်း ၅၀ စီနဲ့ လက်နက်မဲ့ အလင်းဝင်လာသူတွေကို ကျပ် သိန်းစီ အသိမှတ်ပြု ချီးမြှင့်ပေးခဲ့ပြီး ဘေးကင်းရာကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။


ဘုတလင်စစ်ကြောင်းမှ ပုလဲမြို့ကို တပ်ကူဖြည့်ထားတဲ့ စစ်ကောင်စီစစ်ကြောင်းကနေ CDM ပြုလုပ် အလင်းဝင်ခဲ့သူ ဦးထိ ရှိခဲ့ပြီး အဲ့ဒီထဲက ဦးဟာ BNRA ထံကို ဆက်သွယ် အလင်းဝင်ရောက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment