24th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ တရားဥပဒေစိုးမိုးရေးဟာ တော်လှန်ရေးကာလတွင်  အလွန်အရေးကြီးပြီး တရားဥပဒေစိုးမိုးမှသာ နိုင်ငံ တည်ငြိမ်မှုရှိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌၂။ "အကြမ်းဖက်စစ်ကောင်စီရဲ့ပြုလုပ်မယ့်ရွေးကောက်ပွဲက နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော လက်ခံနိုင်စရာအကြောင်းမရှိဘူး" လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား

📌၃။ သေဒဏ်ပေးတာကို ဖျက်သိမ်းလို့မရသေးတဲ့ ကာလအတွင်းမှာ သေဒဏ်ကို လက်လွတ်စပါယ် မပေးဖို့အတွက် အများကြီး ဂရုစိုက်ရမယ်လို့ ဆို

📌၄။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးဌာန အကြံပေးက သတင်းစာရှင်းလင်းပွဲမှာ AAကို နိုင်ငံအဆင့် ဆက်ဆံလို့မရဘူးဆိုတဲ့ စကားပြောဆို

📌၅။ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ဦး ကို ပြန်လည်လွှတ်ပေး၊ မင်းတပ် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို နေရပ်သို့ ပြန်လည် ပို့ဆောင်

📌၆။ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို  အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ထားသည်မှာ () နှစ် နီးပါးကြာမြင့်နေပြီ ဖြစ်

📌၇။ CDM စစ်သား၊ ရဲ နှင့် မိသားစုများအတွက် စိတ်ကျန်းမာရေးအသိပညာပေး

📌၈။ စစ်ရှောင်ပြည်သူများအတွက် အနွေးထည်နဲ့ စောင်များ ဖြန့်ဝေပေးနိုင်ရန် NUG Payက နှလုံးသားချင်းတူ အနွေးဓာတ်လေးကူ အစီအစဥ် စတင်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမြန်လမ်းတွင် နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ

🚩 ၂။ ဗန်းမော်တိုက်ပွဲအတွင်း စစ်သားများ သေဆုံးနေမှုများနှင့် လက်နက်ခဲယမ်း အမြောက်အများ ရရှိထား

🚩 ၃။ အုတ်တွင်းမြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

🚩 ၄။ ပျူရွာကို လာတဲ့ ထောက်ပို့ စစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံး

🚩 ၅။ အောင်ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ဦး နဲ့ လက်နက် လက်ကို ဖမ်းဆီးရမိ

🚩 ၆။ ရဲဗလတံဆိပ် ရထားတဲ့ ပျူခေါင်းဆောင်နှင့် မိသားစုကို ပစ်ခတ်ရှင်းလင်း

🚩 ၇။ သံတွဲမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၈။ ဂွမြို့နယ်မှာ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ

🚩 ၉။ မင်းတပ်မြို့ပေါ်မှာ စကစရဲ့မြေမြုပ်မိုင်းများ ရှင်းလင်းနေ၍ အရပ်သားပြည်သူများ ဝင်ရောက်နေထိုင်ခြင်း မပြုသေးရန် သတိပေး

🚩 ၁၀။ ထီးလင်းစစ်ကြောင်းအား အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ တရားဥပဒေစိုးမိုးရေးဟာ တော်လှန်ရေးကာလတွင်  အလွန်အရေးကြီးပြီး တရားဥပဒေစိုးမိုးမှသာ နိုင်ငံ တည်ငြိမ်မှုရှိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ဒီဇင်ဘာ၂၃ရက်

Radio NUG

တရားဥပဒေစိုးမိုးရေးဟာ တော်လှန်ရေးကာလတွင်  အလွန်အရေးကြီးပြီး တရားဥပဒေစိုးမိုးမှသာ နိုင်ငံ တည်ငြိမ်မှုရှိနိုင်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလပြည်သူ့တရားစီရင်ရေး ဖော်ဆောင်မှုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၄)မှာ ပြောပါတယ်။


အစည်းအဝေးတွင် တရားဥပဒေစိုးမိုးရေးနှင့် တရားစီရင်ရေးဆိုင်ရာ ကိစ္စရပ်များအား အစည်းအဝေးတက်ရောက်လာသူများမှ အပြန်အလှန် တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်နဲ့ အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။ "အကြမ်းဖက်စစ်ကောင်စီရဲ့ပြုလုပ်မယ့်ရွေးကောက်ပွဲက နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော လက်ခံနိုင်စရာအကြောင်းမရှိဘူး" လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ပြောကြား


ဒီဇင်ဘာ၂၃ရက်

Radio NUG

"အကြမ်းဖက်စစ်ကောင်စီရဲ့ပြုလုပ်မယ့်ရွေးကောက်ပွဲက နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော လက်ခံနိုင်စရာအကြောင်းမရှိဘူး"လို့ ဒီဇင်ဘာလအတွင်း PVTVနဲ့တွေ့ဆုံမေးမြန်းခန်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ပြောပါတယ်။


"စစ်ကောင်စီရဲ့ ဒီရွေးကောက်ပွဲဟာ အဖြေမဟုတ်ဘူး။ နံပါတ်တစ်အချက်ပေါ့။ အာဆီယံကိုရော၊ အိမ်နီးနားချင်းနိုင်ငံတွေရော၊ကမ္ဘာ့နိုင်ငံတွေကလည်း ဒီအတိုင်းပဲ နိုင်ငံတကာနဲ့တွေ့တိုင်း ကျွန်မတို့ဆွေးနွေးခဲ့တယ်။ ဒုတိယအချက်က စစ်ကောင်စီမှာ ရွေးကောက်ပွဲ လုပ်ဖို့အခွင့်အရေးမရှိဘူး။ တရားဝင်မှုလည်းမရှိပါဘူး။ စစ်ကောင်စီကို အကြမ်းဖက်တပ်အဖြစ်လည်း ကျွန်မတို့ကြေညာထားတာဖြစ်တယ်။ပြည်သူလူထုကို ရန်သူသဖွယ် ပြုမူကျင့်ကြံနေတာဖြစ်တဲ့အတွက် တိရိစ္ဆာန်အဖြစ် ကြေညာထားတာဖြစ်တယ်။ လက်တွေ့လည်းပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ပြုလုပ်မယ့်ရွေးကောက်ပွဲက နိုင်ငံရေးအရရော၊ ဥပဒေကြောင်းအရရော၊ လူ့အခွင့်ရေးရှုထောင့်တွေအရရော လက်ခံနိုင်စရာအကြောင်းတွေမရှိဘူး" လို့ ဝန်ကြီးက ပြောပါတယ်။


ဒီဇင်ဘာ၁၉ရက် ထိုင်းနိူင်ငံဘန်ကောက်မြို့မှာ ကျင်းပတဲ့ မြန်မာအရေးဆွေးနွေးပွဲမှာ စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးက ၄င်းတို့ရွေးကောက်ပွဲ ကျင်းပရန်စီစဥ်နေကြောင်းနဲ့ ရွေးကောက်ပွဲကို ကူညီထောက်ပံ့ဖို့သာ မြန်မာပြည်ရဲ့အခြေအနေကို လိမ်လည်ပြောဆိုခဲ့ပါတယ်။


"နောက်မမေ့ဖို့လိုတာက ၂၀၂၀ ရွေးကောက်ပွဲကို မဲမသမာမှုနဲ့ဆိုပြီး လုပ်ကြံပြီးတော့ အမှုစွဲပြီး ဒီစကစက အာဏာသိမ်းခဲ့တာဖြစ်တယ်။သူစွပ်စွဲခဲ့တဲ့၂၀၂၀ ရွေးကောက်ပွဲမဲပေးတဲ့မဲပေးနိုင်မှု၊ နိုင်ငံတကာ စောင့်ကြည့်လေ့လာမှု၊ လူထုရဲ့ပါဝင်မှု တရားမျှတမှုဖြစ်စေနိုင်တဲ့၂၀၂၀က အခြေအနေနဲ့ အခုအခြေအနေနဲ့ ယှဥ်ကြည့်ပါဦး။ အခုအခြေအနေက မြို့ပေါင်းရာဂဏန်းလောက်နီးပါး ကျွန်မတို့တော်လှန်ရေးအင်အားစုတွေနဲ့ တိုင်းရင်းသားတွေက သိမ်းပိုက်ထားတာဖြစ်တယ်။ မြို့ကြီးတွေကို စကစအုပ်ချုပ်လို့မှမရဘဲ ဘယ်လိုတရားမျှတတဲ့ရွေးကောက်ပွဲ ဖြစ်မလဲ။ဘယ်လိုမျိုး မဲဆန္ဒရှင်လူထုရဲ့ ပါဝင်မှုကို စကစကအာမခံချက်ပေးနိုင်မလဲ"လို့ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ထပ်လောင်းပြောပါတယ်။


========================


📌📌၃။ သေဒဏ်ပေးတာကို ဖျက်သိမ်းလို့မရသေးတဲ့ ကာလအတွင်းမှာ သေဒဏ်ကို လက်လွတ်စပါယ် မပေးဖို့အတွက် အများကြီး ဂရုစိုက်ရမယ်လို့ ဆို


ဒီဇင်ဘာ၂၃ရက်

Radio NUG

"သေဒဏ်ပေးတာကို ဖျက်သိမ်းလို့မရသေးတဲ့ ကာလအတွင်းမှာ သေဒဏ်ကို လက်လွတ်စပါယ်မပေးဖို့အတွက် အများကြီးဂရုစိုက်ရမယ်"လို့ လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။


"သေဒဏ်ပေးတာကို ဖျက်သိမ်းလို့မရသေးတဲ့ ကာလအတွင်းမှာ သေဒဏ်ကို လက်လွတ်စပါယ်မပေးဖို့အတွက် အများကြီးဂရုစိုက်ရပါလိမ့်မယ်။ အထူးသဖြင့် ဒေသန္တရဥပဒေတွေမှာ မလိုလားအပ်ပဲ သေဒဏ်ပေးနိုင်တဲ့အထိ ခွင့်ပြုတယ်ဆိုတဲ့ အမိန့်အာဏာတွေကို ဥပဒေကြောင်းအရ ပြန်ပြီးစိစစ်ရမယ်။  မလိုအပ်ရင် ဖျက်သိမ်းဖို့ လုပ်ဆောင်မှာဖြစ်ပါတယ်။"လို့ဆိုပါတယ်။


လက်ရှိမှာ တော်လှန်ရေးအင်အားစုဘက်အနေနဲ့ ပြစ်မှုနဲ့ပြစ်ဒဏ်ကို မျှတအောင်ပေးနိုင်ဖို့အတွက် NUG တရားရေးဝန်ကြီးဌာန၏ တရားစီရင်ရေးစနစ်ကို အခြေပြုလျက်ရှိပါတယ်။


========================


📌📌၄။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးဌာန အကြံပေးက သတင်းစာရှင်းလင်းပွဲမှာ AAကို နိုင်ငံအဆင့် ဆက်ဆံလို့မရဘူးဆိုတဲ့ စကားပြောဆို


ဒီဇင်ဘာ ၂၃

Radio NUG

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် ဒီဇင်ဘာ (၁၉)ရက်က ကျင်းပခဲ့သည့် မြန်မာ့အရေးနှင့် ပတ်သက်သည့်  ()နိုင်ငံ အလွတ်သဘောဆွေးနွေးပွဲတွင် နယ်စပ်ဒေသသည် မြန်မာစစ်အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် မရှိတော့ကြောင်း အာရက္ခတပ်တော် AAလို အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ အင်အားစုတွေကို နိုင်ငံအဆင့်တစ်ခုအနေနဲ့ ထိတွေ့ဆက်ဆံလို့ မရကြောင်း အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး၀န်ကြီးဌာန၏ အကြံပေးဖြစ်သူ Md Touhid Hossain က သတင်းထောက်များအား ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ The Financial Express က ဒီဇင်ဘာ(၂၂)ရက်တွင် သတင်းဖော်ပြထားပါတယ်။


စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး မြေပြင်တွင် အောင်ပွဲများ ရရှိနေသည့် အာရက္ခတပ်တော်AA နှင့် ထိတွေ့ဆက်ဆံရန် တွန့်ဆုတ်သည့် စကားမျိုးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံခြား‌ရေးဝန်ကြီးဌာန၏ အကြံပေးဆိုသူက ဒီဇင်ဘာ ၁၉ ဘန်ကောက်သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်တာဖြစ်ပြီး ၎င်း၏ သဘောက စစ်ကောင်စီနဲ့ပဲ နယ်စပ်အရေး စကားပြောမယ်လို့ ဆိုပါတယ်။


နယ်စပ်ဒေသက မြန်မာစစ်အစိုးရရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့ဘူးလို့ စစ်အစိုးရထံ ကျွန်တော် အကြောင်းကြားခဲ့ပါတယ်။ အခု အာရက္ခတပ်တော် (AA)လို အစိုးရအဖွဲ့အစည်းမဟုတ်တဲ့ အင်အားစုတွေက နယ်စပ်ကိုချုပ်ကိုင်ထားတယ်။ နိုင်ငံအဆင့်တစ်ခုအနေနဲ့ သူတို့နဲ့ ထိတွေ့ဆက်ဆံလို့ မရဘူး။ စစ်အစိုးရ အနေနဲ့ နယ်စပ်နဲ့ ရခိုင်အရေးကိစ္စတွေကို ဖြေရှင်းဖို့ နည်းလမ်းရှာရမယ်"လို့ Hossain က သတင်းထောက်များအား ပြောကြားခဲ့တာပါ။


မြန်မာပြည်နွေဦးတော်လှန်ရေး၏ အဖွဲ့အစည်းများဖြစ်ကြတဲ့ NUG အစိုးရအပါအဝင်၊ အာရက္ခတပ်တော်၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများနဲ့ မြန်မာပြည်ငြိမ်းချမ်းရေးကို တိုက်ရိုက်ဆွေးနွေးဖြေရှင်းဖို့ကို အိမ်နီးချင်းနိုင်ငံအစိုးရများက တရားဝင် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာမျိုးတွေကို ခုချိန်ထိ ဝန်လေးနေတယ်လို့ မြန်မာ့အရေးသုံးသပ်သူက မှတ်ချက်ပေးပါတယ်။


ဘင်္ဂလားဒေ့ရှ် ရဲ့ မူဝါဒအရ နောက်ထပ် ဒုက္ခသည်များကို ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွင်းသို့ ထပ်မံဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကြောင့် တရားမ၀င်သော လမ်းကြောင်းများမှ နည်းလမ်း အမျိုးမျိုးဖြင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ၀င်ရောက်လာခဲ့သူ ၆၀,၀၀၀ ကို မဖြစ်မနေ လက်ခံခဲ့ရကြောင်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။


========================


📌📌၅။ ကန်ပက်လက်မြို့ကို သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသား ဦး ကို ပြန်လည်လွှတ်ပေး၊ မင်းတပ် နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို နေရပ်သို့ ပြန်လည် ပို့ဆောင်


ဒီဇင်ဘာ ၂၃  

Radio NUG 


ဒီဇင်ဘာလ ၂၁ ရက်နေ့ ၁၂ နာရီအချိန် ချင်းပြည်နယ်၊ ကန်ပက်လက်တွင် တပ်စွဲထားသော စစ်သားနှင့် ရဲများအားလုံး ဆုတ်ခွာသွားပြီးနောက် ချင်းညီနောင်တပ်ဖွဲ့က ကန်ပက်လက်မြို့ကို  အပြီးသတ်တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်း၊ ယင်းသို့ သိမ်းပိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသားများ အပါအဝင် အကျဉ်းသား ဦးကို ပြန်လည် လွှတ်ပေးလိုက်ကြောင်း  ကန်ပက်လက် အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့ခေါင်းဆောင် ဆလိုင်းအောင်လင်းက ပြောဆိုထားပါတယ်။


" ဦးကတော့ တော်လှန်ရေးနဲ့ပတ်သက်တာတွေ လုပ်တဲ့အတွက်ကြောင့်။ ဦးကတော့ လမ်းမှာ စစ်ကြောင်းနဲ့တိုးလို့ အဖမ်းခံရတာ။ အဖမ်းခံရပြီး နှိပ်စက်တာတွေ။ လက်သည်းအခွံခွာ သံကို မီးပူ တိုက်ပြီးတော့မှ နှိပ်စက်တာတွေရှိတယ်။ နောက်တစ်ဦးကတော့ တော်လှန်ရေးမှာပါပြီးတော့ အိမ်မှာနေတဲ့အချိန် သတင်းပေး ဒလန်ကြောင့် အဖမ်းခံရတယ်။ သူ့ကိုလည်း နှိပ်စက်ထားတာရှိတယ်။ နောက်တစ်ဦးက ကယ်ထုတ်ထားတဲ့အထဲမှာ ပါလာတာက စကစ တပ်သားတစ်ယောက်ပဲ။ မနေချင်လို့ ထွက်ပြေးတဲ့အချိန်မှာ သူ့ကိုပြန်ပြီးတော့ ပစ်ပြီးတော့ ပြန်ဖမ်းတာ။ ဒဏ်ရာနဲ့ ရင်အုပ်မှာ ဒဏ်ရာရပြီးတာ့ ထောင်ထဲထည့်ထားတယ်။ ထောင်ထဲ ထည့်ထားတာကို ကျွန်တော်တို့ဆီကနေ ပြီးတော့ ဆေးဝါးကုသပေးပြီးတော့ အသက်ရှင်တာပေါ့။  ပြီးတော့မှ အခြားအကျဉ်းသား ဦးပေါ့။ ကယ်ထုတ်ထားတာပါ" ဟု ဆလိုင်းအောင်လင်းက ဆိုသည်။ 


အလားတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင်လည်း နိုင်ငံရေးအကျဉ်းသား ၁၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီး   သက်ဆိုင်ရာနေရပ်များဆီသို့ ပြန်လည် ပို့ဆောင်ပေးလိုက်ပြီဖြစ်ကြောင်း မင်းတပ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းယောမန်က ပြောဆိုထားပါတယ်။


========================


📌📌၆။ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို  အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ထားသည်မှာ () နှစ် နီးပါးကြာမြင့်နေပြီ ဖြစ်


ဒီဇင်ဘာ၂၃ရက်

Radio NUG

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို  အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ထားသည်မှာ () နှစ် နီးပါးကြာမြင့်နေပြီဖြစ်တယ်လို့ ဒီဇင်ဘာ၂၃ရက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က အသိပေးဆိုပါတယ်။


နိုင်ငံတဝန်း အကျဉ်းထောင်များရှိ နိုင်ငံရေးအကျဉ်းသားများအနေဖြင့် အကျဉ်းသားများ၏ အခွင့်အရေး အပြည့်အဝမရရှိကြဘဲ နည်းလမ်းမျိုးစုံဖြင့် ဖိနှိပ်ခံနေကြရပါတယ်။ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၁၅ ဦးကို  အကြောင်းပြချက်မရှိဘဲ တိုက်ပိတ်ထားသည်မှာ () နှစ် နီးပါးကြာမြင့်နေပြီဖြစ်ပြီး ၎င်းတို့ထံမှ ငွေကြေးအကျပ်ကိုင်မှုများလည်း ရှိကြောင်း သိရှိရတယ်လို့ဆိုပါတယ်။


ထို့ပြင် ဧရာဝတီတိုင်း၊ ဟင်္သာတအကျဉ်းထောင်တွင် ထောင်အာဏာပိုင်များက အကျဉ်းသားများထံ အကြောင်းပြချက်အမျိုးမျိုးဖြင့် ငွေကြေးတောင်းခံမှုများရှိနေပြီး ဖိနှိပ်မှုများလည်း လုပ်ဆောင်နေကြောင်း သိရပါတယ်။


မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၉၈၉) ဦးရှိပြီး ထိုအထဲမှ (၂၁၄၁၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၈၂၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌၇။ CDM စစ်သား၊ ရဲ နှင့် မိသားစုများအတွက် စိတ်ကျန်းမာရေးအသိပညာပေး


ဒီဇင်ဘာ၂၃ရက်

Radio NUG

CDM စစ်သား၊ ရဲ နှင့် မိသားစုများအတွက် စိတ်ကျန်းမာရေးအသိပညာပေးခဲ့တယ်လို့ ဆိုပါတယ်။


ပြည်သူ့ပန်းတိုင် Safe House နေထိုင်နေသူ CDM တပ်၊ ရဲ မိသားစုများဆီသို့ အဖွဲ့မှ စိတ်ကျန်းမာရေး ဆွေးနွေးပေးနေသူများကိုယ်တိုင် ဒီဇင်ဘာလ၂၂ ရက်နေ့က သွားရောက်ပြီး ရင်းရင်းနှီးနှီး တွေ့ဆုံဖလှယ်ပေးခဲ့တယ်လို့ဆိုပါတယ်။


စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ၊ မတည်ငြိမ်မှုတွေ၊ မိသားစုအပေါ်သက်ရောက်မှုတွေကို ခံနိုင်ရည်ရှိစွာ ဘယ်လိုဖြတ်ကျော်ကြမလဲ? စိတ်ဖိစီးမှုတွေကို ဘယ်လိုဖြေလျှော့ကြမလဲ? စိတ်ကျန်းမာရေး ကောင်းမွန်စေရန် ဘယ်လို ထိန်းသိမ်းကြမလဲ? စတဲ့ စိတ်ကျန်းမာရေး ပညာပေးမှုအနေဖြင့် လုပ်ဆောင်ခဲ့ကြပါတယ်။


CDM စစ်သား၊ ရဲများအနေနဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ မိမိတို့ရဲ့ စိတ်ကျန်းမာရေးအခြေအနေများကို တစ်ဦးချင်း တိုင်ပင်ဆွေးနွေး လိုပါက ပြည်သူ့ပန်းတိုင်ရဲ့ တယ်လီဂရမ် @PeopleGoal ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။


========================


📌📌၈။ စစ်ရှောင်ပြည်သူများအတွက် အနွေးထည်နဲ့ စောင်များ ဖြန့်ဝေပေးနိုင်ရန် NUG Payက နှလုံးသားချင်းတူ အနွေးဓာတ်လေးကူ အစီအစဥ် စတင်


ဒီဇင်ဘာ၂၃ရက်

Radio NUG

စစ်ရှောင်ပြည်သူများအတွက် အနွေးထည်နဲ့ စောင်များ ဖြန့်ဝေပေးနိုင်ရန် NUG Payက နှလုံးသားချင်းတူ အနွေးဓာတ်လေးကူ အစီအစဥ် စတင်နေပြီဖြစ်ကြောင်း ဒီဇင်ဘာ၂၃ရက် NUG Payက တရားဝင် အသိပေးဆိုထားပါတယ်။


"ဆောင်းတွင်းအအေးဓာတ်နဲ့ အေးခိုက်တဲ့ အချိန်ခါပါ။ အိမ်နဲ့ အဝေးမှာ စစ်ဒဏ်ရှောင်နေရတဲ့ ပြည်သူတွေအတွက် အနွေးဓာတ်ပေးနိုင်ဖို့ NUGPay နဲ့ ပြည်သူများ စုစည်းကြပါမယ်"လို့ ဆိုပါတယ်။


လှုဒါန်းမှုများကို ဒီဇင်ဘာ၂၃ရက် မှစ၍ ဇန်နဝါရီ၅ရက်၂၀၂၅ ခုနှစ်အထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




========================

========================




🚩🚩 ၁။ အမြန်လမ်းတွင် နွားထိုးကြီး PDFက လမ်းပိုင်းစစ်ဆေးမှုလုပ်ပြီး ခရီးသည်တွေနဲ့ တွေ့ဆုံ


ဒီဇင်ဘာ ၂၃ 

Radio NUG 


ဒီဇင်ဘာ ၂၃ ရက် မနက် ၁၀ နာရီခွဲခန့်တွင် နွားထိုးကြီးမြို့နယ်နဲ့ မိတ္ထီလာမြို့နယ်ကြားက မိုင်တိုင် (၃၁၈)မှာ Natogyi People Defence Forceက နယ်မြေစိုးမိုးရေး လုပ်ဆောင်ခဲ့ပြီး ခရီးသွားယာဉ်တွေကို စစ်ဆေးတာ၊ ခရီးသည်တွေနဲ့ တွေ့ဆုံတာတွေ လိုအပ်တဲ့ အသိပညာပေးမှုတွေ ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ပြည်သူတွေအနေနဲ့ ရန်ကုန် -မန္တလေး အမြန်လမ်းမကြီးပေါ်ကို မလိုအပ်ဘဲ ခရီးမသွားကြရန်၊ အချိန်မတော် မထွက်ကြရန်နဲ့ တိုက်ပွဲနဲ့ တိုးရင် ရှေ့ဆက်မမောင်းဘဲ နီးစပ်ရာ လုံခြုံတဲ့ နေရာတွေမှာ နေထိုင်ကြရန် သတိပေးထားပါတယ်။


စစ်ကောင်စီလော်ဘီတွေမှ နွားထိုးကြီး PDFက ကားတွေကို စစ်ဆေးရင်း ယာဥ်ငယ်တစ်စီးကို ဇီးတောဆည်ဘောင်ဘက်ကို ခေါ်သွားတယ်လို့ ရေးသားဖော်ပြထားတာနဲ့ ပတ်သက်ပြီး နွားထိုးကြီးPDFမှ အိမ်စီးကားတစ်စီးပေါ်မှာ ပြောက်ကျားအင်္ကျီတွေ့တာ‌ကြောင့် ကားပေါ် ပါလာတဲ့သူတွေကို အောက်ခဏဆင်းခိုင်းကာ ယာယီစစ်ဆေးမှု ပြုလုပ်ပေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ ဆိုပါတယ်။


နွားထိုးကြီး PDF စစ်ဆေးမှုတွေ ပြုလုပ်အပြီးမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တွေ အဲဒီနေရာကို ရောက်လာသေးတယ်လို့ ပြည်သူတွေဆီက သိရပါတယ်။


တော်လှန်ရေးကာလ နှစ်ပြည့်တော့မှာမို့ ပြည်သူတွေအနေနဲ့ စည်းကမ်းလိုက်နာပြီး တော်လှန်ရေးမှာ ပါဝင်ပေးကြဖို့ နွားထိုးကြီး PDFက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၂။ ဗန်းမော်တိုက်ပွဲအတွင်း စစ်သားများ သေဆုံးနေမှုများနှင့် လက်နက်ခဲယမ်း အမြောက်အများ ရရှိထား


ဒီဇင်ဘာ ၂၃ 

Radio NUG 


ဗန်းမော်တိုက်ပွဲအတွင်း စစ်သားများ သေဆုံးနေမှုများနှင့် လက်နက်ခဲယမ်း အမြောက်အများ ရရှိထားတဲ့ ရုပ်သံများ လူမှုကွန်ယက်မှာ ထွက်ပေါ်လာပါတယ်။


ကချင်လွတ်လပ်ရေးတပ် KIAနဲ PDF ပူးပေါင်းတပ်တွေရဲ့ ဗန်းမော်မြို့ မြို့သိမ်းတိုက်ပွဲဟာ ဆက်ပြင်းထန်နေပြီး ကေအိုင်အေဘက်က စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ ထိန်းချုပ်လိုက်ပြီ ဖြစ်ပါတယ်။


ဗန်းမော်အခြေစိုက် စစ်ကောင်စီတပ်ရဲ့ ရဲစခန်းကို ရဖို့ ရက်နဲ့ချီ တိုက်နေပြီး ဒေသခံတွေက တိုက်ပွဲအလယ်တဝိုက်မှာ ကျန်ရှိနေသေးတာကြောင့် ပြည်သူတွေ စစ်ရှောင်လို့ရအောင် KIAဘက်က လမ်းဖွင့်ပေးထားတာကြောင့် အပြီးသတ်သိမ်းဖို့ ခက်နေတဲ့သဘောလို့ သိရပါတယ်။


========================


🚩🚩 ၃။ အုတ်တွင်းမြို့မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်


ဒီဇင်ဘာ ၂၃၊ 

Radio NUG


ပဲခူးတိုင်း၊ အုတ်တွင်းမြိုနယ်၊ ကန်ကလေး ကျေးရွာအနီးမှာ အခြေချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက် ခဲ့တယ်လို့ တောင်ပိုင်းတိုင်း စစ်ဒေသ၊ အမှတ် စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် ၁၁ နာရီ ၂၄ မိနစ်ခန့်က ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ဦး သေဆုံးကာ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို တောင်ပိုင်းတိုင်းစစ်ဒေသ၊ အမှတ် () စစ်ဒေသခွဲ၊ PDF အမှတ် (၃၅၀၂) တပ်ရင်း၊ Delta one Drone Force) စစ်တောင်းစစ်ကြောင်း၊ အုတ်တွင်း(ပကဖ) ဒရုန်းတပ်ဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်နေ့ကလည်း အုပ်တွင်း မြို့မ ရဲစခန်းနှင့် ထွေအုပ်ရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ပျူရွာကို လာတဲ့ ထောက်ပို့ စစ်ကြောင်းအား ပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံး


ဒီဇင်ဘာ ၂၃၊ 

Radio NUG


မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ် အထိုင်ချထားရာ ပျူရွာကို လက်နက်၊ အင်အားနဲ့ စားနပ်ရိက္ခာ ထောက်ပို့ဖို့လာတဲ့ စစ်ကြောင်းကို ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ Young Wolf PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၃ ရက်နေ့က ၎င်းထောက်ပို့ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း မဟာမိတ် တပ်များက ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး မျက်မြင်သေဆုံးခဲ့ပြီး ဒဏ်ရာရသူများကိုလည်း ပြန်ဆွဲပြေးသွားတာ  ရှိခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Young Wolf PDF မန္တလေးခရိုင် တပ်ရင်း () ဆားတောင်မိုးကြိုး၊ ဆားတောင်မြို့ပြ ပျောက်ကြား SD အဖွဲ့များနဲ့ နယ်မြေခံ ပူးပေါင်းမဟာမိတ်များက ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ကလည်း ဆားတောင် မြို့နယ်က စစ်ကောင်စီတပ် အထိုင်စခန်းကို ဒရုန်းဗုံးသီး ၁၂ လုံး ကြဲချတိုက်ခိုက် ခဲ့သေးတယ်လို့ Young Wolf PDF အဖွဲ့ရဲ့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ အောင်ဇေယျ စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ဦး နဲ့ လက်နက် လက်ကို ဖမ်းဆီးရမိ


ဒီဇင်ဘာ ၂၃၊ 

Radio NUG


စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ဆင်ရေး စစ်ကြောင်းမှ စစ်ကောင်စီ တပ်သား ဦးကို အရှင်ဖမ်းဆီး ရမိခဲ့ပြီး လက်နက် လက်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ Justice Solider PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ ၎င်း စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီရမိခဲ့တာဖြစ်ပြီး MA 1 တလက်၊ MA 2 တလက်၊ MA 3 သုံးလက်နဲ့ စစ်ကောင်စီ တပ်သား ရုပ်အလောင်း ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။


အောင်ဇေယျ စစ်ကြောင်းကို အမှတ် (၃၂) ဗျူဟာမှ ကောပရာ စစ်ကြောင်း၊ Venom စစ်ကြောင်း၊ ကျားသစ်နက် စစ်ကြောင်းနဲ့ Justice Solider PDF တပ်ဖွဲ့တို့က နေ့ညမပျက် နှိမ်နင်းတိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ရဲဗလတံဆိပ် ရထားတဲ့ ပျူခေါင်းဆောင်နှင့် မိသားစုကို ပစ်ခတ်ရှင်းလင်း


ဒီဇင်ဘာ ၂၃ 

Radio NUG 


ဒီဇင်ဘာလ ၂၂ရက် နာရီအချိန်တွင် မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာ အုပ်စု တမာကန်အုပ်ကြီး (ဝမ်းတွင်းမြို့နယ်အရှေ့ခြမ်းရှိ ပျူစောထီးအဖွဲ့တွင် အကြီးဆုံးဖြစ်သူ) (စစ်ကောင်စီပေးအပ်ထားသော ရဲဗလတံဆိပ် ရရှိထားသူ) ပျူခေါင်းဆောင် မောင်လွင်နှင့် မိသားစုဟာ ကျေးရွာတွေအပေါ်  အလွန်အကျူး ဖိနှိပ် အနိုင်ကျင့်နေပြီး လက်အောက်ခံပျူစောထီးများကို ကိုယ်ရံတော် အစောင့်အဖြစ်မွေးကာ တမာကန်အုပ်စုအတွင်းရှိ ရွာများအားလုံး အပေါ် ဆက်၍ ဆက်၍ ပိုတိုးပြီး အနိုင်ကျင့်ဖိနှိပ်နေပါသဖြင့် WTRFအဖွဲ့မှ လူမိုက်တို့သွားရာလမ်းဖြစ်သော ငရဲ သို့ ထို သုံးယောက်လုံးအား ပို့ပေးလိုက်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


မောင်လွင်ကို ၂၀၂၁ အတွင်း ပထမတစ်ကြိမ် ပစ်ခတ်ရှင်းလင်းရာ အသက်မသေဘဲ လမ်းမလျောက်နိုင်တဲ့ ဒုက္ခိတ ဖြစ်နေခဲ့သော်လည်း သူ၏ သားနှင့် မိန်းမဟာ သူ့အရှိန်နှင့် စိတ်တူကိုယ်တူ ပူးပေါင်းပြီး တမာကန်အုပ်စု ကျေးရွာများ ဖြစ်သော တမာကန်၊ ကျောက်အိုး၊ မင်းကုန်၊ တောင်ဆည်ရွာ စသည့် ကျေးရွာများမှ တစ်အိမ် တစ်သောင်း စစ်မှုထမ်းအကြောင်းပြ ကောက်ခံခြင်း၊ လူငယ် ရှိတဲ့ အိမ်များဆိုရင် ၃သိန်း၊ ၅သိန်း၊ ၁၀သိန်း စီ တောင်းခြင်း၊ ရွာအားလုံးမှ ပြည်သူတွေကို ချိန်းခြောက် အကြပ်ကိုင်ခြင်း၊ သားဖြစ်သူဟာလည်း သူ့အဖေအလိုအကျ စစ်သားတွေကို အကြိုအပို့ လုပ်ပေးခြင်း၊ ပျူစောထီးသင်တန်းများ တက်ရောက်ခြင်း စသဖြင့် ပြည်သူ့ဆန့်ကျင်ဘက်မှာ ရပ်ကာ အကြောက်အလန့်မရှိ မိုက်လုံးကြီးနေကြသဖြင့် WTRFအဖွဲ့မှ ထိုသုံးယောက်လုံး သုတ်သင်ရှင်းလင်းလိုက်ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ သံတွဲမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၂၃၊ 

Radio NUG


ရခိုင်ပြည်နယ်၊ သံတွဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနက ဖော်ပြထားပါတယ်။


ဒီဇင်လာလ ၂၃ ရက်နေ့ ညနေ နာရီ ကျော်ခန့်မှာ သံတွဲမြို့၊ အမှတ် () ညောင်ပင်ဈီး ရပ်ကွက်ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ စီးဖြင့် ဗုံး ကြိမ် ကြဲချ တိုက်ခိုက်ခဲ့ကာ စက်သေနတ်ဖြင့်လည်း ကြိမ်တိုင် မိနစ် ၃၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


၎င်း ဗုံးသီး တလုံးဟာ အမှတ် () ညောင်ပင်ဈီး ရပ်ကွက်က ဦးဖိုးကျော်ရဲ့ နေအိမ်မှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ်ရှိ  ဦးဖိုးကျော် ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒေါ်ခင်ခင်နွယ်၊ ဦးသန်းဝင်း နဲ့ ဒေါ်မလုံးနန့်တို့ ဒဏ်ရာ ရရှိခဲ့ပါတယ်။


အလားတူ သမုတ်ချောင်းကျေးရွာမှာလဲ ဗုံးသီးကျရောက် ပေါက်ကွဲခဲ့ပြီး ဦးအောင်သိန်းတင်၊ ဒေါ်အေးအေးသန်းနဲ့ ဒေါ်နွယ်နွယ်တို့ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း သံတွဲမြို့ကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦးနဲ့ အမျိုးသား ဦး ဒဏ်ရာရခဲ့ပါသေးတယ်။


========================


🚩🚩 ၈။ ဂွမြို့နယ်မှာ စစ်ကျန်မိုင်း နင်းမိပြီး ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ


ဒီဇင်ဘာ ၂၃၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှာ စစ်ပွဲကာလက လက်ကျန် မြေမြှုပ်မိုင်း နင်းမိပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေး ပူးပေါင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၇ ရက်မှာ ကုလားပြင် ကျေးရွာက အသက် ၃၀ အရွယ် မမိုးမိုးစံ ဆိုသူဟာ စပါးရိတ်ရန် လယ်ကွင်းထဲသို့ အဆင်း မိုင်းနင်းမိပြီး ခြေထောက်တဖက် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။


အလားတူ ဂျိုက်ကောက်ကျေးရွာမှာလည်း ဒီဇင်ဘာ ၁၈ ရက်နေ့က အသက် (၄၇) နှစ်အရွယ်ရှိ ဦးကျော်စိုးလွင်ဟာ နွားလှန်ရင်း မိုင်းနင်းမိကာ ခြေထောက်တဖက် ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။


ဂွမြို့နယ်မှာ စစ်ပွဲကာလအတွင်း မြေမြှပ်မိုင်း နင်းမိတာကြောင့် ထိခိုက်ဒဏ်ရာ ရရှိသူ ဦးနဲ့ သေဆုံးသူ ဦးထိ ရှိလာပြီ ဖြစ်တယ်လို့ ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေး ပူးပေါင်းအဖွဲ့က ပြောပါတယ်။


ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး ပူးပေါင်းအဖွဲ့အနေနဲ့လည်း အရပ်သား ပြည်သူများ စစ်ပွဲလက်ကျန် လက်နက် ပစ္စည်းများနှင့် ဆက်စပ်ပြီး ဆောင်ရန်ရှောင်ရန် လိုအပ်တာတွေကို အသိပညာမျှဝေ‌ရေး လုပ်ငန်းများ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ မင်းတပ်မြို့ပေါ်မှာ စကစရဲ့မြေမြုပ်မိုင်းများ ရှင်းလင်းနေ၍ အရပ်သားပြည်သူများ ဝင်ရောက်နေထိုင်ခြင်း မပြုသေးရန် သတိပေး


ဒီဇင်ဘာ၂၃ရက်

Radio NUG

ချင်းပြည်နယ် မင်းတပ်မြို့ပေါ်မှာ စကစရဲ့မြေမြုပ်မိုင်းများရှင်းလင်းနေ၍ အရပ်သားပြည်သူများ ဝင်ရောက်နေထိုင်ခြင်း မပြုသေးရန် ဒီဇင်ဘာ၂၃ရက် CDFမင်းတပ်က အသိပေးကြေညာပါတယ်။


ဒါ့အပြင်စကစရဲ့ လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်နေ၍ ပြည်သူများအနေနဲ့ ခွင့်ပြုချက်မရှိဘဲ မြို့ထဲသို့ဝင်ထွက်သွားလာခြင်း မပြုရန် သတိပေး နှိုးဆော်ထားပါတယ်။


========================


🚩🚩 ၁၀။ ထီးလင်းစစ်ကြောင်းအား အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြု


 ဒီဇင်ဘာ ၂၃ရက်

Radio NUG

ထီးလင်းစစ်ကြောင်းအား အထိနာအောင် ကြားဖြတ်တိုက်ခိုက်ခဲ့သည့် ရဲဘော်များအား ဒေသခံပြည်သူတွေ ကြိုဆိုဂုဏ်ပြုခဲ့တယ်လို့ ဒီဇင်ဘာ၂၃ရက် ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ရင်းများက အသိပေးဆိုပါတယ်။


"မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့ ထွက်ခွာလာသော အင်အား ၈၀ ပါ စစ်ကြောင်းအားအထိနာ နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်ခဲ့သည့် ထီးလင်းမြို့နယ် ခရိုင်တပ်ရင်းများမှ ရဲဘော်များအား ဒေသခံပြည်သူများမှ အောင်သပြေတို့ဖြင့် လှိုက်လှဲစွာ ကြိုဆိုခဲ့ကြတယ်" လို့ ဆိုပါတယ်။


ဒေသခံပြည်သူများမှ စားသောက်ဖွယ်ရာများဖြင့် တည်ခင်းဧည့်ခံပြီး စစ်အာဏာရှင်ပြုတ်ကျသည်ထိ တိုက်ပွဲဝင်ပေးကြရန်နှင့် ဘေးအန္တရာယ်ကင်းကြပါစေကြောင်း ဆုတောင်းပေးခဲ့ကြပါတယ်။


တော်လှန်ရေးရဲဘော်များမှလည်း ပြည်သူနှင့်လက်တွဲညီညီ ဆက်လက်တော်လှန်သွားမည်ဖြစ်ပြီး  လိုအပ်သော ကူညီထောက်ပံ့မှုများ ပေးကြပါရန် တင်ပြခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment