25th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ခရစ္စမတ်ဆုတောင်းစကား ပြောကြား

📌၂။ တရားစီရင်ရေး ပုံရိပ်ကောင်းများ ရရှိစေရန်အတွက် တရားသူကြီး တစ်ဦးချင်းစီတိုင်းက တာဝန်ယူ ဆောင်ရွက်ရန် တရားရေးဝန်ကြီးဦးသိန်းဦးပြောကြား

📌၃။ မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်များကို ချင်းပြည်ကောင်စီဂုဏ်ပြု

📌၄။ စစ်ရှောင်စခန်းစက်ရေတွင်း တူးဖေါ်မှု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု

📌၅။ စစ်ရှောင်ကလေးအယောက်၃၀၀ ကျော်အတွက် ခရစ်စမတ်လက်ဆောင်အနွေးထည်များကို CRPH Support Group, Norwayနဲ့ အလှူရှင်များစုပေါင်းလှူဒါန်း

📌၆။ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ CDM ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နှစ်သစ်ကူးကာလ ပြင်ဦးလွင်မြို့မှာ မသင်္ကာတဲ့ လူငယ်တွေကို စစ်တပ်က ပစ်မိန့်ပေးထား

🚩 ၂။ စစ်ကိုင်း၊ တပ်မ (၃၃) မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံး

🚩 ၃။ ညောင်လေးပင်တွင် စစ်ကောင်စီ ဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့

🚩 ၄။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်း

🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကာ ဦး ဖမ်းဆီးခံရ

🚩 ၆။ ရေဦးမြို့နယ်တွင်း ကျေးရွာချင်းဆက်ချောင်းကူးတံတားတစင်း ရေဦးပကဖ ဆောက်လုပ်

🚩 ၇။ Justice Solider PDF မှ သင်တန်းသား သစ်များ ထပ်မံခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ခရစ္စမတ်ဆုတောင်းစကား ပြောကြား


ဒီဇင်ဘာ ၂၄ 

Radio NUG 


ကမ္ဘာတဝန်းမှာ ပျော်ရွှင်စွာကြိုဆိုကြတဲ့ ခရစ္စမတ်ရက်မြတ် အခါသမယကို ဒီဇင်ဘာလ ၂၅ရက်နေ့တွင် ရောက်ရှိမှာဖြစ်ပြီးလောကဝမ်းမြောက် ဘုရားကြွလာလို့ အမည်ရတဲ့ ကမ္ဘာကျော် ဓမ္မတေးသံစုံကျုး သီချင်း()ပုဒ်လိုပါပဲ ခရစ္စမတ်အခါသမယမှာ မွေးနေ့တော်ရှင် ယေရှုခရစ်တော်ရဲ့ ချစ်ခြင်းမေတ္တာအားဖြင့် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာသူ ကမ္ဘာသားများ အားလုံး ကျန်းမာ ရွှင်လန်းပြီး ငြိမ်းချမ်းသာယာကြပါစေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလမှ ဆုမွန်ကောင်း တောင်းထားပါတယ်။

" ခရစ္စမတ်ဆိုတာ ငြိမ်းချမ်းမှု၊ နွေးထွေးမှု၊ ပျော်ရွှင်မှု၊ ချစ်ခြင်းမေတ္တာတရားတို့နဲ့ ဖြတ်သန်းရတဲ့ ရက်မြတ် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေနဲ့တော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ဖို့ တော်လှန်ရေးတိုက်ပွဲကို ၀င်နေရတဲ့ အချိန်အခါ ဖြစ်တာကြောင့် တော်လှန်ရေးတာဝန်တွေကို ထမ်းရွက်ရင်း ခရစ္စမတ် အချိန်အခါသမယကို ဖြတ်သန်းနေကြရတဲ့ ရဲဘော်တွေရှိသလို တဖက်မှာလည်း ဆက်တိုက်ဆိုသလို စစ်ရှုံးနိမ့်နေတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထား တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကျွန်တော်တို့ ပြည်သူတွေ၊ ကလေးသူငယ်တွေနဲ့ မိခင်တွေဟာ မလုံခြုံမှု၊ စိုးထိတ်ကြောက်လန့်မှုများနဲ့ မိမိရဲ့ နေရပ်တွေကို စွန့်ခွာပြီး ခရစ္စမတ်အချိန်အခါသမယကို ဖြတ်သန်းနေရပါတယ်။ မကြာခင်ဆိုရင် ၂၀၂၄ ခုနှစ် ကုန်ဆုံးပြီး ၂၀၂၅ နှစ်သစ်ကို ရောက်ရှိတော့မှာဖြစ်ပါတယ်။ ကျနော်တို့ရဲ့ တော်လှန်ရေးဟာဆိုရင်လည်း () နှစ်တာ ပြည့်မြောက်တော့မှာ ဖြစ်ပါတယ်။ နှစ်တာနီးပါး ကြာမြင့်လာတဲ့ တော်လှန်ရေးခရီးတလျှောက်လုံးမှာ ကြုံတွေ့လာရတဲ့ အခက်အခဲ အကျပ်အတည်းတွေကို ပြည်သူလူထုကြီးက ကြံ့ကြံ့ခံပြီး တော်လှန်ရေးအပေါ် အားပေးထောက်ခံမှု၊ တော်လှန်ရေး ရဲဘော်ရဲဘက်များ၊ မဟာမိတ်အင်အားစုများရဲ့ မလျှော့တမ်း တစိုက်မတ်မတ် အားထုတ် ကြိုးပမ်းမှုတွေကို အားတက်ဖွယ်ရာ မြင်တွေ့ရပြီး ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်အတွင်းမှာဆိုရင် စစ်ကောင်စီရဲ့ ရှုံးနိမ့်မှု၊ ပြိုလဲမှုတွေဟာ ကြီးကြီးမားမား ဖြစ်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့  လက်တွဲ တိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကျဆုံးခဲ့ပြီ ဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ် တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်။  "


ကျွန်တော်တို့ မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဟာ ကမ္ဘာကြီးနဲ့ထပ်တူ ခရစ္စမတ်အချိန်အခါကို ပျော်ရွှင်မှု၊ ငြိမ်းချမ်းမှု၊ နွေးထွေးလုံခြုံမှု အပြည့်နဲ့ ဖြတ်သန်းခွင့် ရထိုက်ပါတယ်။ အဲဒီအတွက်လည်း ရည်မှန်းထားတဲ့အတိုင်း တော်လှန်ရေးပန်းတိုင်ကို အောင်မြင်အောင် မလျှော့သော ဇွဲလုံ့လနဲ့ အားစိုက်ကာ ကြိုးစားသွားရမှာ ဖြစ်ပြီး အခုလို ခရစ္စမတ် အချိန်အခါသမယမှာ ကျွန်တော်ချစ်မြတ်နိုးရတဲ့ ပြည်သူလူထုတစ်ရပ်လုံး ငြိမ်းချမ်း ပျော်ရွှင်ကြပါစေ၊ မေတ္တာတရားများ လွမ်းခြုံတဲ့ နွေးထွေးမှုနဲ့ လွတ်လပ်မှုတို့ကို အနှစ်သာရပြည့်၀စွာ ခံစားနိုင်ကြပါစေ။ အားလုံးအတွက် ပျော်ရွှင်ဖွယ်ရာ ခရစ္စမတ်ဖြစ်ပါစေလို့ ထပ်မံပြီး ယာယီသမ္မတမှ ဆုတောင်းမေတ္တာပို့သထားပါတယ်။


========================


📌📌၂။ တရားစီရင်ရေး ပုံရိပ်ကောင်းများ ရရှိစေရန်အတွက် တရားသူကြီး တစ်ဦးချင်းစီတိုင်းက တာဝန်ယူ ဆောင်ရွက်ရန် တရားရေးဝန်ကြီးဦးသိန်းဦးပြောကြား


ဒီဇင်ဘာ၂၄ရက်

Radio NUG

တရားစီရင်ရေး ပုံရိပ်ကောင်းများ ရရှိစေရန်အတွက် တရားသူကြီး တစ်ဦးချင်းစီတိုင်းက တာဝန်ယူ ဆောင်ရွက်ရန် တရားရေးဝန်ကြီး ဦးသိန်းဦးက ပြောကြားလိုက်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးနှင့် မြေပြင် တရားသူကြီးများ တွေ့ဆုံ ဆွေးနွေးပွဲ ဒီဇင်ဘာ၂၁ရက်တွင် ပြောပါတယ်။


"လာမည့် ၂၀၂၅ ခုနှစ်သည် နိုင်ငံရေးအရ အလွန်အရေးကြီးသည့် ကာလဖြစ်သည်နှင့် အညီ တရားစီရင်ရေး ပုံရိပ်ကောင်းများ ရရှိစေရန်အတွက် တရားသူကြီး တစ်ဦးချင်းစီတိုင်းက တာဝန်ယူ ဆောက်ရွက်ရမည်ဖြစ်ကြောင်း ထို့အပြင် အသွင်ကူပြောင်းရေးကာလ တရားမျှတမှုလုပ်ငန်းစဉ်များတွင်လည်း တရား‌ရေးဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့် အဓိကကျသည့် ကဏ္ဍတွင် ပါဝင်ပြီး ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း"ဝန်ကြီးကပြောပါတယ်။


မင်းအောင်လှိုင်တို့ အနေဖြင့် အတုအယောင် ရွေးကောက်ပွဲ အထမြောက်စေရန် လုပ်ဆောင်မှုများကို ကမ္ဘာက အသိအမှတ်မပြုနိုင်ရေး အတွက် အမျိုးသား ညီညွှတ်ရေးအစိုးရ အနေဖြင့် သံတမန်နည်းလမ်းအရ ဆောင်ရွက်နေသကဲသို့ တရားရေးဝန်ကြီးဌာန အနေဖြင့်လည်း ယခုကာလအတွင်း တရားစီရင်ရေးလုပ်ငန်းများအား ပိုမိုကောင်းမွန်သော နည်းလမ်းများ ရှာဖွေပြီး တရားသူကြီး၊ ဥပ‌ ဒေအရာရှိ၊ အကျဉ်းဦးစီးဌာန စသည့် သုံးချောင်းထောက်ပုံစံ စနစ်တိုင်း ဟန်ချက်ညီညီ လုပ်ဆောင်ရန် လိုကြောင်း တရားရေးဝန်ကြီးက ထပ်လောင်းပြောပါတယ်။


အခမ်းအနားသို့  တရားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှုးချုပ်  ဦးအားမာန် ကြားကာလ တရားစီရင်ရေးဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ညွှန်ကြားရေးမှူးများ၊ ဝန်ကြီး ဌာန အကြံပေးပုဂ္ဂိုလ်များ၊ ကြားကာလ တရားစီရင်‌ရေးဆိုင်ရာ ဦးစီးဌာန တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်တရားရုံး (၂၉) ရုံးမှ တရားသူကြီးများနှင့် ဆက်သွယ်ရေး တာဝန်ခံများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၃။ မြို့သိမ်းတိုက်ပွဲများဆင်နွှဲခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်များကို ချင်းပြည်ကောင်စီဂုဏ်ပြု


ဒီဇင်ဘာ ၂၅ 

Radio NUG 


မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲခဲ့သော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၏ ပေးဆပ်အောင်ပွဲဆင်နိုင်မှုအပေါ်  ဂုဏ်ပြုကြောင်း ချင်းပြည်ကောင်စီက ၂၀၂၄ခုနှစ် ဒီဇင်ဘာလ (၂၄)ရက်နေ့တွင် ထုတ်ပြန်ထားပါတယ်။


မင်းတပ်နှင့် ကန်ပက်လက်မြို့သိမ်း‌ အောင်ပွဲဆင်နွှဲခဲ့ကြသော ချင်းညီနောင်နှင့် မဟာမိတ်တပ်ပေါင်းစုများ၊ တိုက်ပွဲဝင် သူရဲကောင်းများ၏ အသက်သွေးချွေး စတေးပေးဆပ်အောင်ပွဲဆင်နိုင်မှုအပေါ် လေးမြတ်စွာဂုဏ်ပြုသည်ဟု ဖော်ပြထားပါတယ်။


ချင်းပြည်နယ်အတွင်း စစ်ကောင်စီတပ်စခန်းများ ကင်းစင်ရေး၊ အပြီးတိုက်ထုတ်ရေး တော်လှန်ရေးတပ်ဖွဲ့များက မြို့သိမ်းတိုက်ပွဲများဖြင့် ထိုးစစ်ဆင်နေချိန်ကာလဖြစ်သည်ဟုလည်း ဆိုထားပါတယ်။


ချင်းပြည်ကောင်စီအနေဖြင့် ချင်းပြည်တဝှမ်း တော်လှန်ရေးတိုက်ပွဲဆင်နွှဲနေကြသော သူရဲကောင်းစစ်သည်များ၊ အသက်သွေး ပေးဆပ်ခဲ့သူများအား ဦးညွတ်အလေးပြုသည်ဟု ထုတ်ပြန်ထားပါတယ်။


========================


📌📌၄။ စစ်ရှောင်စခန်းစက်ရေတွင်း တူးဖေါ်မှု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သွားရောက်ကြည့်ရှု


ဒီဇင်ဘာ ၂၄ 

Radio NUG 


ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံနှင့် တိုက်နယ်ပအဖခေါင်းဆောင်တို့သည် ဒီဇင်ဘာလ ၂၃ရက်နေ့တွင် စစ်ရှောင်စခန်းတခုမှာ  စက်ရေတွင်း တူးဖေါ်နေသည့် နေရာသို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပုလဲမြို့နယ်မှ သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါစစ်ရှောင်စခန်းမှာ ပျူ‌စောထီးကျေးရွာနှင့် နီးခဲ့သောကြောင့် ရွာမီးရှို့ခံရခြင်း၊ ဖမ်းဆီးပြန်ပေးဆွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်း၊ မိမိတို့ပိုင်  ဥစ္စာပစ္စည်းများ မကြာခဏ လုယက်ခံရခြင်းတို့ကြောင့် ကျေးရွာကို စွန့်ခွာကာ စစ်ဘေးရှောင်နေခဲ့ရခြင်းကြောင့် သောက်သုံးရေ ရှားပါးနေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


သောက်သုံးရေရရှိရန် သံဃမေတ္တာ အဖွဲ့ဝင် ဆရာတော်တစ်ပါး ချိတ်ဆက်ပေးမှုဖြင့်ထိုင်ဝမ်မှအလှူရှင်များမှ ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ လူသားစာနာတာဝန်ခံထံသို့ အလှူငွေများ ပေးပို့ခဲ့ပြီး စက်ရေတွင်း တူးဖေါ်သည့် ပညာရှင်များဖြင့်  တူးဖေါ်ခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။


ယခုလို ပုလဲမြို့နယ် စစ်ဘေးရှောင်ပြည်သူများအတွက် အဖက်ဖက်မှလှူဒါန်းပေးပါသော အလှူရှင်အားလုံးကို ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ အသိအမှတ်ပြုအပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၅။ စစ်ရှောင်ကလေးအယောက်၃၀၀ ကျော်အတွက် ခရစ်စမတ်လက်ဆောင်အနွေးထည်များကို CRPH Support Group, Norwayနဲ့ အလှူရှင်များစုပေါင်းလှူဒါန်း


ဒီဇင်ဘာ၂၄ရက်

Radio NUG

စစ်ရှောင်ကလေးအယောက်၃၀၀ ကျော်အတွက် ခရစ်စမတ်လက်ဆောင်အနွေးထည်များကို CRPH Support Group, Norwayနဲ့ အလှူရှင်များ စုပေါင်းလှူဒါန်းခဲ့တယ်လို့ ဒီဇင်ဘာ၂၄ရက်မှာ CRPH Support Group, Norway အထွေထွေအတွင်းရေးမှူး မဝတ်မှုန်ဝင်းက ပြောပါတယ်။


"Refugees Camp တွေမှာ ခလေးရောလူကြီးရော ဆောင်းတွင်းအနွေးထည် လိုနေကြတယ်။ မီဇိုယမ်ကမ့်မှာ ရောက်နေကြတဲ့ ခလေးတွေအရေအတွက်စာရင်းကို ၂၀၂၂ထဲက ရထားပြီး ၂၀၂၂ ဒီဇင်ဘာတုန်းကလဲ လက်ဆောင်ပို့ခဲ့ဖူးတယ်။ ဘာလို့လဲဆိုတော့ တခြားနေရာမှာ ခလေးတွေ ခရစ်စမတ်ဆို ပျော်ကြရတယ်။ ဒီကမ့်ထဲက ခလေးတွေမှာ အပျော်လဲမရ၊ ဘာလက်ဆောင်မှလဲမရကြဘူးလေ။ဒါကြောင့် သူတို့ တဒင်္ဂလေးပျော်စေ လိုအပ်နေတဲ့အနွေးဓါတ်လေးလည်းရစေဆိုပြီး ဒီproject လေးလုပ်ဖြစ်ခဲ့တယ်။ အလှူရှင်ထဲမှာ South East Asia ပွဲစီစဉ်ကရတဲ့ အမြတ်လှူတဲ့ NORAK  organizationလည်းပါတယ်"လို့ပြောပါတယ်။


CRPH Support Group, Norwayဟာ စစ်ရှောင်များအတွက် ထောက်ပံ့မှုများ မကြာခဏလုပ်ဆောင်လျက်ရှိပြီး နွေဦးတော်လှန်ရေးအတွက်လည်း စျေးပွဲတော်များ ရောင်းချထောက်ပို့လျက်ရှိပါတယ်။


========================


📌📌၆။ အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ CDM ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်


ဒီဇင်ဘာ၂၄ရက်

Radio NUG

"အလောင်းတော်ကဿပအမျိုးသားဥယျာဉ်မှ CDM ဆင်ဝန်ထမ်းများနှင့် ဆင်များအတွက် ကူညီထောက်ပံ့မှုများ ဖိတ်ခေါ်အပ်ပါတယ်"လို့ ဒီဇင်ဘာ၂၄ရက် NUG သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးဆိုပါတယ်။


ထောက်ပံ့လိုသူများအနေနဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ NUGPay (သို့) SDB အကောင့်များသို့ တိုက်ရိုက် ပါဝင်ထောက်ပံ့နိုင်မှာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ နှစ်သစ်ကူးကာလ ပြင်ဦးလွင်မြို့မှာ မသင်္ကာတဲ့ လူငယ်တွေကို စစ်တပ်က ပစ်မိန့်ပေးထား


ဒီဇင်ဘာ ၂၄ 

Radio NUG 


စစ်တက္ကသိုလ်တွေရှိရာ ပြင်ဦးလွင်မြို့မှာ နှစ်သစ်ကူးကာလအတွင်း တော်လှန်ရေးရဲဘော်တွေ စိမ့်ဝင်လာပြီး ဖောက်ခွဲမှုတွေ လုပ်မှာစိုးရိမ်လို့ ဆိုပြီး ညလုံးပေါက် အရပ်ဝတ်နဲ့ လုံခြုံရေးတွေချထားတယ်လို့ People's Spring မှာ ဖော်ပြထားပါတယ်။


"ဒီနယူးရီးယားညမှာ ဟိုတယ်တွေအကုန်ပြည့်နေတာရော။ လူတွေက အခုထဲကစည်နေတာရောနဲ့ဆိုတော့ လုံခြုံရေးစိုးရိမ်ပြီး ပြီးခဲ့တဲ့ တပတ်လောက်ကစပြီး နေရာတိုင်းမှာ အရပ်ဝတ်နဲ့ လုံခြုံရေးတွေချထားတယ်"လို့ မြို့ခံတစ်ဦးက ပြောဆိုထားပါတယ်။


ဒါ့အပြင် စစ်တက္ကသိုလ်ကျောင်းဆင်းပွဲတွေပြုလုပ်စဥ်က ချထားတဲ့ မြို့အဝင် လုံခြုံရေးဂိတ်တွေလည်း မဖြုတ်သေးဘူးလို့ သိရပါတယ်။


လူစုလူဝေးနဲ့ လာတဲ့လူငယ်တွေကို အဓိကထားစောင့်ကြည့်ခိုင်းထားပြီး မသင်္ကာရင် ပစ်မိန့်ပါပေးထားတယ်လို့ သိရပါတယ်။


လုံခြုံရေး အဓိကချထားတဲ့အချိန်ဟာ ညနေ၆နာရီကနေ နောက်ရက် မနက်၁နာရီလောက်အထိ ဖြစ်တယ်လို့ လုံခြုံရေးတွေကို မြင်တွေ့နေရတဲ့ ဒေသခံတွေက ပြောပါတယ်။


========================


🚩🚩 ၂။ စစ်ကိုင်း၊ တပ်မ (၃၃) မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၂ ဦး သေဆုံး


ဒီဇင်ဘာလ ၂၄၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ အခြေစိုက် စစ်ကောင်စီရဲ့ တပ်မ (၃၃) မှ ထွက်လာတဲ့ စစ်ယာဉ်တန်းကို မဟာမိတ် ရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၂ ဦး သေဆုံးခဲ့တယ်လို့ Generation Z Power - GZP (Mandalay) အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၃ ရက် နေ့လည် ၁၁ နာရီခွဲ အချိန်မှာ စစ်ကိုင်းမြို့၊ ရေမြတ်လမ်းဆုံ၊ ဖွံ့ဖြိုးရေး တက္ကသိုလ်အနီးမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးနောက် မိုင်းရှင်းရန် အိမ်စီးကား စီးဖြင့် ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို လက်နက်ငယ်များဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ရာ နာရီ ဝန်းကျင် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ ၁၂ ဦးခန့် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ မဟာမိတ် တပ်ဖွဲ့များမှ ရဲဘော် ဦး မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို Generation Z Power - GZP (Mandalay) ပြည်သူ့ကာကွယ်ရေး မြို့ပြပြောက်ကျား တပ်ဖွဲ့၊  Taw Twin Tup Pee LDF BRA LDF Phoenix (Sgg) မှောင်မဲအဖွဲ့ စစ်ကိုင်းမြို့နယ် ပကဖတို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၃။ ညောင်လေးပင်တွင် စစ်ကောင်စီ ဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်အိမ်ကို ဝင်ရောက်တိုက်ခိုက် မီးရှို့ဖျက်ဆီးခဲ့


ဒီဇင်ဘာလ ၂၄၊ 

Radio NUG


ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ဂျောင်းတာ ရွာထိပ်က စစ်ကောင်စီ ဂိတ်စခန်းနဲ့ ကျောင်းစု ပျူခေါင်းဆောင် အောင်စိုးမိုးရဲ့ နေအိမ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပဲခူးခရိုင် .က. က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၂ ရက်နေ့ မနက် နာရီခန့်မှာ ဂျောင်းတာ စစ်ကောင်စီ ဂိတ်စခန်းနဲ့ ပျူခေါင်းဆောင်ရဲ့ နေအိမ်တို့ကို အင်အား အလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ ဂိတ်စခန်းမှ MA 3 သေနတ် တလက်၊ ရှေ့ထွက်မိုင်း တလုံး၊ အီနာဂါ ဗုံးသီး လုံးနဲ့ ပြည်သူတွေထံက ငွေကောက်ခံထားတဲ့ စာရွက်စာတမ်းများ ရရှိခဲ့ကာ ဂိတ်စခန်းကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။


အလားတူ ဂျောင်းတာအုပ်စုအတွင်း ပျူစောထီးများကို စစ်သင်တန်းပေးနေတဲ့ ပျူခေါင်းဆောင် အုပ်ကြီးအိမ်ကိုလည်း ဝင်ရောက်ပစ်ခတ်ခဲ့ရာ လက်လုပ်ကိုးလုံးသေနတ် လက်နဲ့ လက်လုပ်သေနတ် လက်ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ တစုံတရာ ထိခိုက်မှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။


အဆိုပါ စစ်ဆင်ရေးကို KNLA နဲ့ ပဲခူးခရိုင် ပကဖ တို့က ဦးဆောင်ကာ ဒိုက်ဦး မြို့နယ် ပကဖ၊ ကဝမြို့နယ် ပကဖ၊ ရန်ကုန်တိုင်း တိုက်ခိုက်ရေး တပ်ဖွဲ့ မအူပင်ခရိုင် ပကဖ၊ ဝေါမြို့နယ် ဆေးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထို့အတူ လက်ရုံးတပ်များ ဖြစ်တဲ့ ပဲခူးခရိုင် အင်းတကော်နဲ့ ကဝမြို့နယ် ဒရုံးတပ်ဖွဲ့များကလည်း ရွှေကျင်မြို့နယ် ဒုံဇရစ် ၅၈၉ တပ်ရင်းကို မနက် နာရီမှ စတင်ကာ လက်နက်တိုက်၊ ကင်းဂိတ် နေရာများကို ဗုံးကြဲချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၄။ ဟုမ်းလမ်း ဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးအား ပစ်ခတ်ရှင်းလင်း


ဒီဇင်ဘာ ၂၄

Radio NUG

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်း၊ ဘူတာရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်သူကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Freeland Attack Force က သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ၁၀ မိနစ်ခန့်မှာ ဟုမ်းလမ်း၊ ဘူတာရပ်ကွက်က အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစန်းငွေအား ရုံးအရှေ့မှာ ရှိနေချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။


ထိုသို့ ပစ်ခတ်ရာမှာ လက်နက်ချို့ယွင်းမှူ ဖြစ်ပေါ်ခဲ့တာကြောင့် ဦးစန်းငွေရဲ့ ဝမ်းဗိုက်ကို တချက်သာ ပတ်ခတ်နိုင်ခဲ့ပြီး ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဦးဆန်းလွင်ဟာ စစ်မှုထမ်း ကိစ္စများမှာ တက်ကြွစွာ ပါဝင်နေကာ ၎င်းရဲ့ သားသမီးများကို စစ်မှုမထမ်းရစေရန် လုပ်ဆောင်ကာ စစ်မှုထမ်းအတွက်ဆိုပြီး ငွေကြေးကောက်ခံတာတွေ လုပ်ဆောင်ခဲ့တာကြောင့် စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာလို့ အသိပေးထားပါတယ်။


========================


🚩🚩 ၅။ ခလယ်လွီထူ ခရိုင်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့ကာ ဦး ဖမ်းဆီးခံရ


ဒီဇင်ဘာလ ၂၄၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒို မြို့နယ်နှင့် စောထိမြို့နယ်အတွင်းမှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရခဲ့ကာ ဦး ဖမ်းဆီးခံခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၁၆ ရက်နေ့ နာရီ ၁၅ မိနစ် ခန့်အချိန်မှာ ဆောထိမြို့နယ်၊ ရှမ်းရွာခြေတော်ရာမှ အလုပ်ပြန်လာတဲ့ မောင်တင်တင်မောင် ဆိုသူကို ခလရ (၅၇) ပူးပေါင်း တပ်ရင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ရာ နားထင် ကျည်ထိမှန် ဒဏ်ရာနဲ့သေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် နာရီမှ ၁၀ နာရီ အချိန်မှာ ပိန်းဇလုပ် အခြေစိုက် ခလရ (၂၆၄) တပ်ရင်း က ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ လက်ခံရွာ၊ ငါးဖယ်အင်းရွာနဲ့ ကြိတ်ကွင်းရွာမှာ ကျရောက် ပေါက်ကွဲခဲ့ကာ နေ့လည် နာရီ အချိန်မှာလည်း ၁၂၀ မမ လုံးကို ထပ်မံပစ်ခတ်ခဲ့ရာ တောင်ခင်ရွာမှာ ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၄၂ နှစ်အရွယ် ဦးသန်းလှိုင်ဆိုသူ ထိမှန်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ထို့အပြင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် နာရီ ၁၅ မိနစ် အချိန်မှာ စစ်ကောင်စီတပ်များက ကြိတ်ကွင်းကျေးရွာကို စစ်ကြောင်းထိုးလာပြီး ဦးစိုးမြ၊ ဦးမောင်မြတင်၊ နော်ထက်ဆာဖိုး၊ နော်မမဲ၊ စောခလယ်ထူးနှင့် မောင်သိန်းစိုးတို့ ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။


ထိုသို့ စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် ကြိတ်ကွင်းရွာ၊ လေးအိမ်စုရွာ၊ နွားရေချောင်းရွာတို့က ပြည်သူ ,၃၄၇ ဦး, အိမ်ခြေ ၂၉၅ လုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။ 


ဒီဇင်ဘာလ ၂၀ ရက်နေ့မှာတော့ ၎င်းစစ်ကောင်စီ စစ်ကြောင်းဟာ အသက် ၇၁ နှစ်အရွယ် ဖီးကော်လယ်နှင် ၅၅ နှစ်အရွယ် စောလဲပွဲမူး တို့နှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့ကာ ကြိတ်ကွင်းကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ ရေဦးမြို့နယ်တွင်း ကျေးရွာချင်းဆက်ချောင်းကူးတံတားတစင်း ရေဦးပကဖ ဆောက်လုပ်


ဒီဇင်ဘာ၂၄ရက်

Radio NUG

"စစ်ရေးအေးနေချိန်တွင် ကျေးရွာချင်းဆက် ချောင်းကူးတံတာများကို ပြည်သူများ ၊ပကဖ ပအဖ များ ပူးပေါင်းဆောက်လုပ်နေကြောင်း အသိပေးအပ်ပါတယ်"လို့ ဒီဇင်ဘာ၂၄ရက် ရေဦးပကဖက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးအဖွဲ့များဟာ မြို့နယ်များတွင်စစ်ရေးအပြင် ပြည်သူ့အရေးကိစ္စများကိုလည်းလုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၇။ Justice Solider PDF မှ သင်တန်းသား သစ်များ ထပ်မံခေါ်ယူနေ


ဒီဇင်ဘာလ ၂၄၊ 

Radio NUG


Justice Solider PDF အဖွဲ့မှ အပတ်စဉ် (၁၁) အတွက် သင်တန်းသားသစ်များအား ထပ်မံ ခေါ်ယူနေတယ်လို့ ထုတ်ပြန်ထားပါတယ်။


သင်တန်းသားအဖြစ် လျောက်ထားလိုသူများဟာ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း ဖြစ်ရမှာ ဖြစ်ပြီး စစ်မှုထမ်းနိုင်ဖို့ လုံလောက်တဲ့ ကျန်းမာရေး ကောင်းမွန်သူ ဖြစ်ရမယ်လို့ ဆိုပါတယ်။


စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် သန္နိဌာန်ချထားသူ ဖြစ်ရမှာဖြစ်ပြီး တော်လှန်ရး ပြီးဆုံးတဲ့အထိ တာဝန်ထမ်းဆောင်ရမယ်လို့ ဖော်ပြထားပါတယ်။


ထို့အပြင် အထက်က ပေးအပ်တဲ့ တာဝန်ကို တိကျသေချာစွာ လိုက်နာနိုင်ပြီး ရာဇဝတ်မှု ကင်းရှင်းသူ ဖြစ်ရမယ်လို့ အသိပေးထားပါတယ်။ 


အထက်ပါ စည်းကမ်းချက်များကို လိုက်နာနိုင်ပြီး Justice Solider PDF မှာ ပါဝင် တာဝန်ထမ်းဆောင်လိုပါက Page မှာ လာရောက်ဆက်သွယ် လျောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment