29th Dec 2024 - Morning Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီ () ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး 

📌၂။ ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ရေးရာကော်မတီနှင့် AAPP တို့ ပူးပေါင်း၍ Mental Health ဆိုင်ရာ သင်တန်း () ကြိမ် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကာ သင်တန်းသားဦးရေ (၂၄၀) ကျော် တက်ရောက်ခဲ့

📌၃။ တအာင်း (ပလောင်) အမျိုးသားပါတီမှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပြည်သူနှင့် အတူ ရပ်တည်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ထုတ်ပြန်

📌၄။ အာရက္ခဒေသတွင် ဘိန်းစာရွက်ပင်‌တွေကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ရှင်းလင်းဖျက်ဆီး

📌၅။ တောင်ဒဂုံတွင် စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ညီဖြစ်သူ တိမ်းရှောင်နေလို့ အကိုဖြစ်သူ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်

📌၆။ ရွာငံမြို့၊ မင်းပလောင်ကျေးရွာကို စကစမှ  ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အကူအညီများ လိုအပ်နေ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသူများကို CDF-Mindat စစ်ဦးစီးချုပ်မှ လိုက်လံကြည့်ရှုအားပေး

🚩 ၂။ အမ်းမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

🚩 ၃။ ချောက်တွင် CRA တပ်စခန်းကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းက ကိုးတန်း ကျောင်းသားတစ်ဦးကို ဖမ်းဆီးသွားခဲ့

🚩 ၄။ တောင်သာမြို့၊ သပြေပင်ရွာ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂ဦး သေဆုံး၊ PDF ၁ဦး ကျဆုံး

🚩 ၅။ ပုပ္ပါးတောင်မကြီးပေါ်က  ဆက်သွယ်ရေးစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီးရမီ

🚩 ၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး အပါအဝင် ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ

🚩 ၇။ ပေါက်တောမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ တစ်ဦး သေဆုံး

🚩 ၈။ မုံရွာမြို့နယ်အတွင်း လူသတ်၊ ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး

🚩 ၉။ စလင်း ပကဖ က ၄၅ ရက်ကြာ အထူး တိုက်ခိုက်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရေးရာကော်မတီ () ရပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေးနွေး 


ဒီဇင်ဘာ ၂၈ 

Radio NUG 


ဒီဇင်ဘာလ ၂၆ ရက်၊ နေ့လယ် (:၃၀) နာရီအချိန်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရှိ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီ၊ ပြည်သူ့ရေးရာကော်မတီ၊ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာကော်မတီနှင့် ပညာရေးကော်မတီတို့မှ အဖွဲ့ဝင်များသည် နွေဦးတော်လှန်ရေးအတွင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ ပညာဆက်လက်သင်ကြားနိုင်ရေး၊ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားနိုင်ရေးနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အစည်းအဝေးတွင် ကော်မတီ()ရပ်မှ ကော်မတီအဖွဲ့ဝင်များအနေဖြင့် ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ရဲဘော်များနှင့် စစ်ရှောင်လူငယ်များ၏ ပညာဆက်လက်သင်ကြားနိုင်ရေး၊ နိုင်ငံခြားပညာတော်သင် စေလွှတ်နိုင်ရေး၊ မြို့နယ်များတွင် ဘုတ်အဖွဲ့ကျောင်းများအပြင် CBO CSO ကျောင်းများ၊ ပုဂ္ဂလိက သင်ယူမှုများဖြင့် ဖက်ဒရယ်ပညာရေးကို ဖော်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန် မူဝါဒများ ချမှတ်ဆောင်ရွက်နိုင်ရေး၊ လက်မှုပညာရပ်များ၊ စက်မှုပညာရပ်များ၊ စီးပွားရေးစွမ်းရည်ဖွံ့ဖြိုးရေးဆိုင်ရာပညာရပ်များ၊ သတင်းအချက်အလက်နှင့် နည်းပညာဆိုင်ရာပညာရပ်များ၊ ဆက်သွယ်ရေးနည်းပညာရပ်များ သင်ကြားပေးနိုင်ရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာကုစားမှုများ ဆောင်ရွက်ပေးနိုင်ရေးနှင့်စပ်လျဥ်း၍ မေးမြန်းဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ထို့နောက် သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးရာတွင် ပညာရေးကဏ္ဍတွင် နွေဦးတော်လှန်ရေးအတွင်း ပညာသင်ယူခွင့် ဆုံးရှုံးနေသော CDM ကျောင်းသားများနှင့် တော်လှန်ရေးသမားများအတွက် ရှေ့ဆက် ပညာသင်ယူနိုင်ရေးအစီအစဥ်များ ဆောင်ရွက်ထားရှိမှုများ၊  အခြေခံပညာပြီးမြောက်ကြောင်း စစ်ဆေးအကဲဖြတ်ခြင်း (Basic Education Completion Assessment- BECA) စာမေးပွဲများ စီစဥ်ဆောင်ရွက်နေမှုများ၊ ကာကွယ်ရေးဝန်ကြီးဌာနရှိ တပ်ရင်းတပ်ဖွဲ့များမှ ရဲဘော်များအနေဖြင့် အဆင့်မြင့်ပညာသင်ကြားနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ထားရှိမှုများ၊ ဆေးဝါးတက္ကသိုလ်၊ ဆေးတက္ကသိုလ်များအား ဖွင့်လှစ်ထားရှိမှုနှင့် တက်ရောက်နေမှုအခြေအနေများ၊ သက်မွေးပညာကဏ္ဍအား မြှင့်တင်ဆောင်ရွက်နေမှုများ၊ နိုင်ငံတကာနှင့် ချိတ်ဆက်လျက် အွန်လိုင်းပညာရေးများ တက်ရောက်နိုင်ရန် ဆောင်ရွက်ထားမှုများ၊ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ (Interim Federal Education Council-IFEC) အနေဖြင့် အကောင်အထည်ဖော်လုပ်ဆောင်နေမှုများနှင့် ကျန်းမာရေးကဏ္ဍတွင်  ဆေးရုံပေါင်း (၈၀) ကျော်ဖွင့်နိုင်မှု၊ စိတ်ကျန်းမာရေးဆိုင်ရာပြန်လည်ကုစားမှုအတွက် အရေးပေါ် ဆောင်ရွက်ရန် ကျန်းမာရေးမူဝါဒများ ရေးဆွဲနေမှုများ၊ ကိုယ်အင်္ဂါစွန့်လွှတ်ခဲ့ရသည့် မသန်စွမ်းရဲဘော်များအတွက် ခြေတု၊ လက်တုဌာန (၁၁) ခုအား ဖွင့်လှစ်ထားရှိပြီး ၎င်းတို့၏ ဘဝများ ပိုမိုတိုးတက်အောင် စီစဉ်ဆောင်ရွက်နေမှုများအား ပြန်လည် ရှင်းလင်းဖြေကြားခဲ့တယ်လို့ သိရပါတယ်။


ကော်မတီအဖွဲ့ဝင်များအနေဖြင့်လည်း လွှတ်တော်ကဏ္ဍတွင် မူဝါဒများ ထွက်ပေါ်လာရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ချိတ်ဆက်ညှိနှိုင်းလျက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်ပြုလုပ်သွားရန် ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးအား ညနေ (:၀၀) နာရီအချိန်တွင် ရုတ်သိမ်းခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း၊ ရေးရာကော်မတီ()ရပ်မှ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးဝန်ကြီးဌာနနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ဒုတိယဝန်ကြီး ဂျာထွယ်ပန်နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၂။ ၂၀၂၄ ခုနှစ်တွင် ပြည်သူ့ရေးရာကော်မတီနှင့် AAPP တို့ ပူးပေါင်း၍ Mental Health ဆိုင်ရာ သင်တန်း () ကြိမ် စီစဉ်ဆောင်ရွက်နိုင်ခဲ့ကာ သင်တန်းသားဦးရေ (၂၄၀) ကျော် တက်ရောက်ခဲ့


ဒီဇင်ဘာ ၂၈ 

Radio NUG 


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၊ ပြည်သူ့ရေးရာကော်မတီသည် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (Assistance Association for Political Prisoners−AAPP)နှင့်အတူ ချိတ်ဆက်ပူးပေါင်း၍ CDM ဝန်ထမ်းများအတွက် Mental Health ဆိုင်ရာ သင်တန်းများအား ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပို့ချဆွေးနွေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


Mental Health ဆိုင်ရာသင်တန်းများအား ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှ ဒီဇင်ဘာလအတွင်း () ကြိမ် စီစဉ်ဆောင်ရွက်ခဲ့ကာ ကယား (ကရင်နီ) ကရင်၊ ချင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ဧရာဝတီ စသည့် တိုင်းဒေသကြီးနှင့်ပြည်နယ် (၁၀) ခုအတွက် ရည်ရွယ်ပြုလုပ်နိုင်ခဲ့ပြီး သင်တန်းကာလ () ရက်ဖြင့် နံနက် နာရီမှ နေ့လယ် ၁၂ နာရီအထိ () နာရီကြာ ပို့ချဆွေးနွေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

အလားတူ သင်တန်းများအား တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံးမှ CDM ဝန်ထမ်းများ၊ ရဲဘော်များနှင့် လွှတ်တော်ကိုယ်စားလှယ်များ စိတ်ပိုင်းဆိုင်ရာဆန်းစစ်မှုများကို လေ့လာသိရှိစေရန်နှင့် တော်လှန်ရေးကာလအတွင်း စိတ်ဓာတ်ခွန်အားတိုးပွားစေရန် ရည်ရွယ်လျက် လစဉ်ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းအပတ်စဉ်တိုင်းတွင် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ CDM (၃၀) ဦးခန့် တက်ရောက်လေ့လာခဲ့ကြတယ်လို့ သိရပါတယ်။

 

သင်တန်းတွင် သင်တန်းနည်းပြက စိတ်ကျန်းမာရေးပြဿနာအဆင့်များ၊ Stress Management နှင့် Self-Care ခေါင်းစဉ်များဖြင့် သင်ကြားပို့ချခဲ့ပြီး သင်တန်းကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်ကျန်းမာအောင်နေထိုင်နည်းများ၊ စိတ်ကျန်းမာရေးအစွဲများကို ဖယ်ခွာခြင်း၊ စိတ်ပင်ပန်းဖိစီးမှုဖြစ်စေသည့် အကြောင်းအရင်းများ၊ အခြေအနေများ၊ လက္ခဏာများ၊ တုံ့ပြန်ပုံများနှင့် ကိုယ်တွယ်ဖြေရှင်းနည်းများကို လက်တွေ့သုံးသပ်လေ့ကျင့်ခဲ့ကြပြီး မိမိကိုယ်ကို ဂရုစိုက်ခြင်းနည်းလမ်းများအား စစ်တမ်းများ၊ ဆန်းစစ်ချက်များဖြင့်လည်း သင်တန်းသားများနှင့် အတူတကွ လုပ်ဆောင်ခဲ့ကြပါတယ်။


ပြည်သူ့ရေးရာကော်မတီအနေဖြင့် ပြည်သူလူထုနှင့်အတူ နွေဦးတော်လှန်ရေးခရီးလမ်းအား လက်တွဲညီစွာ လျှောက်လှမ်းလျက်ရှိသည်နှင့်အညီ ယခုကဲ့သို့ စိတ်ဓာတ်ခွန်အားပေး မျှဝေဆွေးနွေးပွဲများ၊ စိတ်ကျန်းမာရေးသင်တန်းများအား ဆက်လက်စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ပြီး စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာများကို AAPP Facebook Page တွင်လည်း သွားရောက် လေ့လာနိုင်ကြောင်း အသိပေးထားပါတယ်။


========================


📌📌၃။ တအာင်း (ပလောင်) အမျိုးသားပါတီမှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေးတွင် ပြည်သူနှင့် အတူ ရပ်တည်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ထုတ်ပြန်


ဒီဇင်ဘာ ၂၈ 

Radio NUG 


တအာင်း(ပလောင်)အမျိုးသားပါတီအနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့် ပြည်သူလူထုမှ ဦးဆောင်သည့် နွေဦးတော်လှန်ရေး၏ အန္တိမပန်းတိုင်ဖြစ်သည့် စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ် ဟူသမျှ ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးတို့အတွက် ပြည်သူတစ်ရပ်လုံးနှင့် အတူရပ်တည်ပြီး ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တတိယအကြိမ် တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံတွင် သဘောထားထုတ်ပြန်ခဲ့ပါတယ်။


ဒီဇင်ဘာလ (၂၄-၂၅) ()ရက်ကြာ တတိယအကြိမ် တအာင်း(ပလောင်)အမျိုးသားပါတီ ညီလာခံကို တအာင်းပြည်တစ်နေရာတွင် အောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး ပါတီဗဟိုကော်မတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များနှင့် လေ့လာသူများ စုစုပေါင်း (၉၃) ဦး တက်ရောက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


တတိယအကြိမ် တအာင်း(ပလောင်)အမျိုးသားပါတီညီလာခံမှ ပါတီ၏ စတုတ္ထသက်တမ်းတွင် ဆက်လက်တာဝန် ထမ်းဆောင်မည့် ဗဟိုကော်မတီဝင် (၃၈)ဦး၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် (၂၁) ဦးနှင့် ဗဟိုဥက္ကဋ္ဌအဖွဲ့၊ အထွေထွေအတွင်းရေးမှူးအဖွဲ့တို့ကို လျှို့ဝှက်ဆန္ဒမဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်နိုင်ခဲ့သည့်အပြင် အတည်ပြုချက် () ချက်၊ မှတ်တမ်းတင်ခြင်း (၁၁)ချက်နှင့် ရှေ့လုပ်ငန်းစဉ် () ချက် ချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


ညီလာခံတွင် အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ ဦးဆောင်ကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ခဲ့ပြီး အရပ်သားပြည်သူလူထုအပေါ် တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ လက်နက်ကြီးများဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူလူထုမှ နေရပ်စွန့်ခွာပြီး အတိဒုက္ခ ရောက်နေခြင်းတို့အပေါ် စာနာထောက်ထားတယ်လို့ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။


နွေဦးတော်လှန်ရေး၊ ၁ဝ၂၇ စစ်ဆင်ရေးနှင့် အခြားတိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့မှ စစ်အာဏာရှင်အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် ကြိုးပမ်းလုပ်ဆောင်မှုများနှင့် အောင်မြင်မှုများ ရရှိခြင်းတို့အပေါ် ကြိုဆိုဂုဏ်ပြုပါကြောင်း၊ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ - TPCC မှ ဦးဆောင်အကောင်အထည်ဖော်မည့် နိုင်ငံရေး လမ်းပြမြေပုံအဆင့်ဆင့်တိုင်းတွင် ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၄။ အာရက္ခဒေသတွင် ဘိန်းစာရွက်ပင်‌တွေကို ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ ရှင်းလင်းဖျက်ဆီး


ဒီဇမ်ဘာ ၂၈ 

Radio NUG 


အာရက္ခဒေသ၊ နယ်မြေတချို့တွင် ပြည်သူတချို့ နားလည်မှု လွဲမှားပြီး အနည်းအကျဉ်း စိုက်ပျိုးထားတဲ့ အာဆီယံ (ခေါ်) ဘိန်းစာရွက်ပင်‌တွေကို အခုရက်ပိုင်းအတွင်း ရက္ခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့က ဦးဆောင်ပြီးက ULA/AA တပ်ဖွဲ့ဝင်များ၊ အာရက္ခပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးဌာနက တပ်ဖွဲ့ဝင်များနဲ့ အုပ်ချုပ်ရေးဌာနဆိုင်ရာတို့ ပူးပေါင်းပြီး ကွင်းဆင်းရှင်းလင်း မီးတိုက် ဖျက်ဆီး ဆောင်ရွက်လျက်ရှိကြောင်း APM မှာ ဖော်ပြထားပါတယ်။


ထို့အပြင် ဘိန်းစာရွက်ပင် စိုက်ပျိုးထားသူများကို နောက်ထပ် လုံးဝ မစိုက်ဖို့ အသိပညာပေး ရှင်းလင်း ပြောပြပြီး နောက်ထပ် စိုက်တာ တွေ့ရှိပါက ဥပဒေနဲ့အညီ ထိထိရောက်ရောက် ပြတ်ပြတ်သားသား အရေးယူသွားမယ်လို့ သတိပေးထားတယ်လို့ သိရပါတယ်။


သိပ္ပံအခေါ်အဝေါ် Mitragyna speciosa အာဆီယံ (ခေါ်) ဘိန်းစာပင် (ခေါ်) ဘိန်းစာရွက်ပင်သည် စားသောက်ပါက မူးယစ်စေတဲ့ အပင် တစ်မျိုးဖြစ်ပြီး အလွန်အကျွံသောက်သုံးမိပါက ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်‌စေကာ အသက်ပါ ဆုံးနိုင်ပါတယ်။


========================


📌📌၅။ တောင်ဒဂုံတွင် စစ်မှုထမ်းစာရင်းမှာ ပါတဲ့ ညီဖြစ်သူ တိမ်းရှောင်နေလို့ အကိုဖြစ်သူ ဘုန်းကြီးကို လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်


ဒီဇင်ဘာ ၂၇ 

Radio NUG 


တောင်ဒဂုံမြို့နယ် ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းထဲ ပါသူတစ်ယောက်ကို ရပ်ကွက်အုပ်ချုပ်ရေးမှုးနဲ့ အပေါင်းအပါတွေက စစ်မှုထမ်းဖို့ လာခေါ်ချိန်မှာ ညီဖြစ်သူ မရှိတာကြောင့် အစ်ကိုဖြစ်သူ ဘုန်းကြီးဝတ်နေသူကို သင်္ကန်းချွတ်ကာ လူဝတ်လဲပြီး စစ်မှုထမ်းဖို့ ခေါ်ဆောင်သွားတယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


အစ်ကိုဖြစ်သူက ဘုန်းကြီးဝတ်နေတာ ၁နှစ်လောက်ရှိပြီး စစ်မှုထမ်းပါတဲ့ ညီ မရှိလို့ အိမ်ကို ခဏပြန်လာကြည့်ချိန်မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေ၊ အရပ်ဝတ်နဲ့ ရဲတွေက ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။


========================


📌📌၆။ ရွာငံမြို့၊ မင်းပလောင်ကျေးရွာကို စကစမှ  ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးခဲ့တာကြောင့် အကူအညီများ လိုအပ်နေ


ဒီဇင်ဘာ ၂၈ 

Radio NUG 


ရွာငံမြို့နယ် မင်းပလောင်ကျေးရွာကို ဒီဇင်ဘာ 22ရက် နှင့် 23ရက် မှာ စစ်ကောင်စီမှ  ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခဲ့ပြီးနောက် ကျေးရွာနေ ပြည်သူများ စားနပ်ရိက္ခာ ပြတ်တောက်နေပြီး မိုးကာ အိုးခွက်ပန်းကန်များ စောင်များ ဆေးဝါးများ အရေးပေါ်လိုအပ်လျက် ရှိကြောင်း DSNDA မှ သတင်းထုတ်ပြန်ထားပါတယ်။


ဓနုပြည်နယ်အမျိုးသားကာကွယ်ရေး တပ်တော်မှ လက်ရှိတွင်  တစ်အိမ်ကို ဆန်( )ပြည်နှုန်းဖြင့် ခွဲဝေပေးထားပြီး အခြားသော လိုအပ်ချက်များကိုလည်း စီမံဆောင်ရွက်ပေးလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


မင်းပလောင်ရွာအား ပြန်လည်နေရာချထားရေးနှင့် ပြန်လည်တည်ဆောက်ရေးတို့အတွက် အစွမ်းကုန်ကြိုးစားအားထုတ်သွားမည် ဖြစ်ပြီး ပြည်သူများအနေဖြင့် မင်းပလောင်ကျေးရွာကို ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ၁။ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသူများကို CDF-Mindat စစ်ဦးစီးချုပ်မှ လိုက်လံကြည့်ရှုအားပေး


ဒီဇင်ဘာ ၂၈ 

Radio NUG 


မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရရှိသူများကို ချင်းကာကွယ်ရေးတပ်ဖွဲ့  ( မင်းတပ်)  စစ်ဦးစီးချုပ်မှ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထို့အပြင် မင်းတပ်မြို့ပေါ်ရှိ ပြည်သူနေအိမ်များအား စစ်ကောင်စီမှ ဖျက်စီးခဲ့သည့် မှတ်တမ်းဓာတ်ပုံများကိုလည်း ဖော်ပြခဲ့ပါတယ်။


========================


🚩🚩 ၂။ အမ်းမြို့က ထွက်ပြေးလာတဲ့ စစ်ကောင်စီ တပ်သားများထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ


ဒီဇင်ဘာ ၂၈၊ 

Radio NUG


ရက္ခိုင်ပြည်၊ အမ်းမြို့နယ်ဘက်ကနေ ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်ကောင်စီ တပ်သားများထံမှ လက်နက် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF-Asho) က ထုတ်ပြန်ထားပါတယ်။


အမ်းမြို့နယ်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA) က တိုက်ခိုက် သိမ်းပိုက်ခဲ့ ပြီးတဲ့နောက်မှာ စစ်ကြောင်းပျက် ထွက်ပြေး လွတ်မြောက်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့များကို အမ်း - ပဒါန်း လမ်းအနီး၊ ပျဉ်းဝ စစ်ဆေးရေးဂိတ် အနောက် မီတာ ၁၅၀၀ ခန့်မှာ ပိတ်ဆို့တားဆီးခဲ့တယ်လို့ ဆိုပါတယ်။


အင်အား ၉၀ ခန့်ပါတဲ့ စစ်ကြောင်း ( ကြောင်း) ကို CDF - Asho က ပိတ်ဆို့တားဆီးခဲ့ရာမှာ အသာတကြည် လက်နက်ချ အလင်းဝင်ခဲ့တဲ့ စစ်ကောင်စီ တပ်သားများ ရှိခဲ့ပြီး ခြေဦးတည့်ရာ ထွက်ပြေးသွားခဲ့ကြသူတွေလည်း ရှိတယ်လို့ သိရပါတယ်။


ထွက်ပြေးလွတ်မြောက်သွားသူတွေကို လိုက်လံရှာဖွေ ရှင်းလင်းခဲ့ရာ ရက်အတွင်း စစ်ကောင်စီ တပ်သား ၁၇ ဦးကို ထပ်မံဖမ်ဆီး ရမိခဲ့ကာ လက်နက်ခဲယမ်း အများအပြားနှင့် စစ်အသုံးအဆောင် များစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ ချောက်တွင် CRA တပ်စခန်းကို ဝင်ရောက် စီးနင်းခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းက ကိုးတန်း ကျောင်းသားတစ်ဦးကို ဖမ်းဆီးသွားခဲ့


ဒီဇင်ဘာ ၂၈၊ 

Radio NUG


မကွေးတိုင်း၊ ချောက်မြို့နယ်၊ ကုန်းကြီး ပျူရွာကနေ ထွက်လာတဲ့ စစ်ကြောင်းဟာ CRA တပ်စခန်းကို ဝင်ရောက် စီးနင်းခဲ့ကာ အပြန်မှာ ကိုးတန်း ကျောင်းသားတစ်ဦးကို ဖမ်းဆီးသွားခဲ့တယ်လို့ Chauk Revolution Army က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် နာရီခွဲခန့်မှာ အင်အား ၁၀၀ ခန့်ရှိ အဆိုပါ စစ်ကြောင်းဟာ CRA စခန်း အနီးကို ရောက်ရှိလာပြီး တစ်နာရီကျော်ကြာ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း အင်အား မမျှတာကြောင့် ဆုတ်ခွာပေးခဲ့ရာမှာ စစ်ကောင်စီ စစ်ကြောင်းက ကုန်းကြီး - နရွဲတော လမ်းပေါ်က CRA စစ်ဆေးရေး ဂိတ်စခန်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။


ထိုနောက် ၎င်း စစ်ကြောင်းဟာ အပြန်လမ်းမှာ ကံသစ်ကုန်းရွာက နေအိမ် လုံးကို မီးရှို့ ဖျက်ဆီးခဲ့ကာ အသက် ၁၄ နှစ်အရွယ် ကိုးတန်းကျောင်းသား မောင်မင်းခန့်ကို ဖမ်းဆီးခေါ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် နရွဲတော ရွာမှ နေအိမ် လုံး ထိခိုက် ပျက်စီးခဲ့ပါသေးတယ်။


========================


🚩🚩 ၄။ တောင်သာမြို့၊ သပြေပင်ရွာ အနောက်ဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်သား ၂ဦး သေဆုံး၊ PDF ၁ဦး ကျဆုံး


ဒီဇင်ဘာ ၂၈ 

Radio NUG 


ဒီဇင်ဘာလ (27)ရက်နေ့တွင် တောင်သာမြို့နယ် သပြေပင်ရွာ အနောက်ဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စကစ အင်အား 70 ဦးခန့်တို့နှင့် မြင်းခြံခရိုင်အမှတ် 3 တပ်ရင်းတို့ ထိပ်တိုက်တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


စစ်ကောင်စီဘက်မှ Mi 35 Helicopter နှင့် ပစ်ကူပေးခဲ့ပြီး တိုက်ပွဲအပြီးတွင် စစ်ကောင်စီဘက်မှ 2 ဦးသေဆုံးပြီး၊ 8 ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး G3 ကျည်ဘောက် 2 ဘောက်၊ လက်ပစ်ဗုံး 3 လုံး၊ ကျည် 80 တောင့်၊ 40 မမ သီး 1 လုံး သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း PDF ရဲဘော် ၁ဦး ကျဆုံးခဲ့ပြီး မြင့်မြတ်စွာ အသက်ပေးလှူသွားသော အာဇာနည် ရဲဘော် ဇင်မင်းထိုက် () ထိုက်ကြီး အား အလေးနီပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပုပ္ပါးတောင်မကြီးပေါ်က  ဆက်သွယ်ရေးစခန်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦးကို ဖမ်းဆီးရမီ


ဒီဇင်ဘာ ၂၈၊ 

Radio NUG


မန္တလေးတိုင်းဒေသကြီး၊ညောင်ဦး ခရိုင်၊ ကျောက်ပန်းတောင်း မြို့နယ်၊ ပုပ္ပား တောင်မကြီးပေါ်ရှိ စစ်ကောင်စီရဲ့ ဆက်သွယ်ရေး စခန်းကို ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Popa Production & Guerilla Force - PPGF က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်နေ့ နာရီ အချိန်မှာ ပုပ္ပါးတောင်မကြီး ပေါ်ရှိ ဆက်သွယ်ရေး စခန်းမှာ တာဝန်ကျနေတဲ့ စစ်ကောင်စီ တပ်သား ဦးကို ဝင်ရောက် စီးနင်းခဲ့ရာ အရာခံဗိုလ် အဆင့်ရှိသူ အပါအဝင် ဦးကို အရှင် ဖမ်းဆီး ရမိခဲ့တယ်လို့ ဆိုပါတယ်။


ကျန်တစ်ဦးမှာ ပြည်သူတွေကြားထဲ ဝင်ရောက်ထွက်ပြေး သွားခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီး ခဲ့ပါက ပြည်သူတွေ ထိခိုက်မှာ စိုးတာကြောင့် ငဲ့ညှာပေးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ ဝင်ရောက်စီးနင်းမှုကို Popa Production & Guerilla Force - PPGF နဲ့ Myingyang Black Tiger (MBT) တို့က ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


စစ်ဆင်ရေးအတွင်းမှာ MA11 သေနတ် တလက်၊ UZI သေနတ် တလက်နဲ့ ခဲယမ်းတချို့ကို သိမ်းဆည်း ရရှိခဲ့ပြီး ဖမ်းဆီးလာခဲ့တဲ့ စစ်သားနှစ်ဦးကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ခေါ်ဆောင်လာခဲ့ပေမယ့် ခုခံထွက်ပြေးခဲ့တာကြောင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်း ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူများ အနေဖြင့် အပျော်အပါး ပွဲလမ်းသဘင်များကို စစ်ကောင်စီ တပ်သားများနဲ့ နီးစပ်ရာများမှာ မပြုလုပ်ဖို့ အထူး မေတ္တာရပ်ခံထားပြီး Popa Guerilla Force တပ်ဖွဲ့မှ ပြုလုပ်နေတဲ့ အောင်လံလွှင့်မည် စကားဝါမြေဆီ ထီလက်မှတ် ကမ်းပိန်းမှာလည်း ပါဝင်ကူညီ ပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၆။ ခလယ်လွီထူ ခရိုင်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကလေးငယ် ဦး အပါအဝင် ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၂၈၊ 

Radio NUG


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေး အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ မူးမြို့ နယ်နဲ့ လယ်ဒို မြို့နယ် အတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်ခြင်း၊ မြေမြုပ်မိုင်းများ ထောင်ထားခြင်းတို့ကြောင့် ကလေးငယ် ဦး အပါအဝင် ဦး ပြည်သူ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၂၁ ရက်နေ့ မနက် နာရီခန့်တွင် သေဂေလူ ကျေးရွာမှ အသက် ၃၃ နဲ့ ၄၄ နှစ် အရွယ် အမျိုးသား ဦး ဟာ စစ်ကောင်စီ တပ်က ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ဒီဇင်ဘာလ ၂၂ ရက်နေ့ နာရီ ၅၅ မိနစ်ခန့်မှာ ထွနီကုန်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၅ နှစ်အရွယ် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။


ဒီဇင်ဘာ ၂၃ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်အချိန်မှာလည်း ခမရ - ၄၃၉ တပ်ရင်းမှ ခင်ကြီးကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံး လုံး ကျဲချခဲ့သလို ညနေ နာရီ ၄၉ မိနစ်မှာ အင်းတောကန် ကျေးရွာအတွင်းကို ဒရုန်းဖြင့် ဗုံးသီး လုံး ထပ်မံကျဲချခဲ့ရာ အသက် ၃၅ နှစ်အရွယ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


ဒီဇင်ဘာ ၂၂ ရက်နေ့ မနက် နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်က လယ်ဒိုမြို့နယ်၊ ဘုရားဇီးကုန်း ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အသက် ၄၅ နှစ်အရွယ်ရှိ အမျိုသမီး တစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ကာ စစ်ကောင်စီတပ်က နယ်မြေ ရှင်းလင်းချိန်မှာ ရွာသား တစ်ဦးကို ဖမ်းဆီးသွားခဲ့ပြီးနောက် ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် မနက် နာရီခန့်မှာ စစ်ကောင်စီတပ်က ခိုလို ကျေးရွာအတွင်း စစ်ကြောင်း ထိုးချိန်မှာ ထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်း နင်းမိတာကြောင့် ရွာသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည် နာရီ ၁၄ မိနစ်ခန့်မှာ ကျောက်တံခါးမှ စစ်ကောင်စီ တပ်က ခိုလို ကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး လုံး ကျဲချခဲ့ရာ ရွာသား ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ညနေ နာရီ ၁၅ မိနစ်မှာလည်း ဗုံးသီး လုံး သမင်ကုန်း ရွာအတွင်း ထပ်မံကြဲချခဲ့ရာ ရွာသား ဦး ဒဏ်ရာရခဲ့ပါတယ်။


ထို့အပြင် ဒီဇင်ဘာလ ၂၅ ရက်နေ့ ညနေ နာရီ အချိန်မှာ နတ်သံကွင်းမှ စစ်ကောင်စီ တပ်များက ၁၂၀ မမ လုံး ပစ်ခတ်ခဲ့ပြီး ညနေ နာရီခန့်မှာ ၁၂၀ မမ လုံး ထပ်မံပစ်ခတ် ခဲ့ရာ တောကြောင်ပေါက် ကျေးရွာနေ အသက် ၁၂ နှစ်နဲ့ နှစ် အရွယ် မောင်နှမ ဦး ထိမှန်သေဆုံးခဲ့ပြီး အသက် ၃၀ အရွယ် အမျိုးသမီးတဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ ပေါက်တောမှာ စစ်ကောင်စီရဲ့ လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ တစ်ဦး သေဆုံး


ဒီဇင်ဘာ ၂၈၊ 

Radio NUG


ရက္ခိုင်ပြည်၊ ပေါက်တော မြို့နယ်မှာ၊ စစ်တွေမြို့ အခြေစိုက် စစ်ကောင်စီ တပ်ကနေ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကြောင့် အရပ်သား ပြည်သူ ဦး သေဆုံးခဲ့တယ်လို့ ရခိုင်ဒေသ အခြေစိုက် APM က ဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ၂၇ ရက်၊ နာရီခွဲ အချိန်မှာ စစ်တွေမြို့ အမှတ် (၃၄၄) အမြောက်တပ်နဲ့ ပွိုင့်ကမ်းနားလမ်းကနေ ပေါက်တောဘက်ကို လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


ပစ်ခတ်မှုအတွင်း ပေါက်တောမြို့နယ်၊ တောင်ညိုရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ ပြည်သူ အမျိုးသမီး ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ပါတယ်။


သေဆုံးခဲ့ရသူဟာ တောင်ညိုရွာက အသက် ၅၂ နှစ် အရွယ်ရှိ ဒေါ်မြသိန်းဝေ ဆိုသူ ဖြစ်ပြီး ဘယ်ဖက် ရင်အုံကို ကျည်စဖောက်ဝင် ဒဏ်ရာနဲ့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။


စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်များဟာ ငပြီကျွန်း အဝကန် ရွာဘက်မှာ လုံး၊ တောင်ညို ရွာဘက်ကို လုံး၊ ငပြီကျွန်းအလယ်ရွာနဲ့ သရက်တော ရွာကြားမှာ လုံး ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ ဖော်ပြ ထားပါတယ်။


========================


🚩🚩 ၈။ မုံရွာမြို့နယ်အတွင်း လူသတ်၊ ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး


ဒီဇင်ဘာ ၂၈၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း လူသတ်၊ ဓါးပြတိုက်မှု ကျူးလွန်ခဲ့သူများကို ဖော်ထုတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း မုံရွာ ပလဖ က သတင်းထုတ်ပြန် ထားပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက် နာရီ အချိန်ခန့်မှာ မုံရွာမြို့နယ်၊ သလ္လာ အမှတ် () ရပ်ကွက်၊ မိုးကောင်း လမ်းအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဓားပြတိုက် လူသတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့ တရားခံများကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။


၎င်းအမှု ကျူးလွန်ခဲ့တဲ့ တရားခံများကို မုံရွာမြို့နယ် ပလဖ တာဝန်ခံမှ ဦးဆောင်ပြီး မုံရွာမြို့နယ် (ပကဖ) တပ်ရင်း () ရဲဘော်များက ၁၂ နာရီအတွင်း ထုတ်ဖော်ဖမ်းဆီး နိုင်ခဲ့တာလို့ ဆိုပါတယ်။


ကျုးလွန်ခဲ့ကြသူများဟာ အသက် ၁၇ နှစ်ကနေ ၂၂ နှစ် အရွယ်ရှိ လူငယ် အမျိုးသား ဦးနှင့် အမျိုးသမီး ဦး ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။


တရားခံများကို ချုပ်ရက်ရမာန် ရယူကာ စတင်စစ်ဆေးမှုများ ပြုလုပ်နေကာ ထွက်ဆိုချက်များ ထပ်မံပေါ်ပေါက် လာပါက ဖော်ပြပေးသွားမယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၉။ စလင်း ပကဖ က ၄၅ ရက်ကြာ အထူး တိုက်ခိုက်ရေးသင်တန်း ကျင်းပပြုလုပ်ခဲ့


ဒီဇင်ဘာ ၂၈၊ 

Radio NUG


မကွေးတိုင်း၊ စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ-စလင်း) မှ စိုးမိုး နယ်မြေအတွင်း (၄၅) ရက်ကြာ အထူးတိုက်ခိုက်ရေး သင်တန်းကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ အထူးတိုက်ခိုက်ရေးသင်တန်း သင်တန်းဆင်းပွဲကို စလင်းမြို့နယ် ပကဖ တာဝန်ခံနှင့်တကွ တာဝန်ခံများ၊ တာဝန်ရှိသူ အသီးသီး တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်း ရဲဘော်များကို အားပေးခဲ့တယ်လို့ ဆိုပါတယ်။


စလင်း ပကဖ စိုးမိုးနယ်မြေအတွင်း အခက်အခဲများစွာဖြင့် စစ်သင်တန်းသင်ယူတက်မြောက်ခဲ့သော ရဲဘော်များအား အထူးလေးစား ဂုဏ်ယူကြောင်းနဲ့ ရည်ရွယ်ချက်ကောင်းများစွာဖြင့် စုဖွဲ့ထားတဲ့ အင်အားစု တရပ်မှ စစ်ရေး နိုင်ငံရေး ပြည့်ဝတဲ့ တပ်ဖွဲ့၊ တပ်စု တခုအဖြစ် ပြည့်ဝအောင် ကြိုးစားမှုအပေါ် အသိမှတ်ပြုကြောင်း၊ ပြည်သူ့စစ် မဟာဗျူဟာကို ကောင်းစွာနားလည်ပြီး ကောင်းစွာကျင့်သုံးရန် အထူးသတိပေး မှာကြားခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment