5th Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨၁။ အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အင်မတန်ဆိုးဝါးရက်စက်တဲ့ စစ်ရာဇဝတ်မှုများပါဝင်တယ်"လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ဖွင့်ချပြောဆို

📌 ⁨⁨၂။ အစိုးရယန္တရားမှန်သမျှလူ့အခွင့်ရေးအသိရှိစွာလုပ်ငန်းဆောင်တာများလုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆို

📌 ⁨⁨၃။ ဗကသများအဖွဲ့ချုပ်က ကရင်နီဒေသမှ ရေဘေးသင့်ပြည်သူများကို ငွေကြေးအရ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့

📌 ⁨⁨၄။ ၁၀ သန်း အောင်လံ နှင့်အတူ ဝယ်ယူခွင့် () ရက်တိုးမည်


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတဲ့ ပထမရက်မှာ KIA က စစ်တပ်စွဲရာနေရာ ၁၀ ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကား ၁စီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ 

🚩 ၂။ ရခိုင်ပြည် အမ်းမြို့နယ်ဘက်သွားမယ် စစ်ကောင်ဏီတပ်တွေကို ကြားဖြတ်တိုက်ခဲ့မှုတွေမှာ စစ်သား ၅ဝ ခန့် သေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းများသိမ်းပိုက်ရရှိ

🚩၃။ ပေါင်းတည်ကထွက်လာတဲ့ အင်းအား ၄ဝ ကျော်ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှု စစ်သား၂ဦးသေပြီး ဦး ဒဏ်ရာပြင်းထန်

🚩၄။ဟားခါးနဲ့ထန်တလန်မြို့နယ်ကြးက စစ်ကောင်စီရဲ့ C3 စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်  

🚩 ၅။⁩ ⁨ဒေသတွင်းပြည်သူများရဲ့လုံခြုံရေးစိန်ခေါ်မှုနဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ဆို

🚩 ၆။⁨⁨အမ်းမြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိများထွက်ပြေးလွတ်မြောက်နေ

🚩 ၇။နှစ်ပတ်ကြာ စစ်ကြောင်းထိုးမှုအတွင်း ကျွန်းလှပြည်သူ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨၁။ အကြမ်းဖက်စစ်ကောင်စီတပ်က အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများတွင် အင်မတန်ဆိုးဝါးရက်စက်တဲ့ စစ်ရာဇဝတ်မှုများပါဝင်တယ်"လို့ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုး ဖွင့်ချပြောဆို


ဒီဇင်ဘာ၅ရက်

ဒီဇင်ဘာ၄ရက်ကျင်းပတဲ့ (၇၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ်စကားဝိုင်းမှာ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကအခုလိုပြောကြားခဲ့ပါတယ်။

"အကြမ်းဖက်စစ်ကောင်စီက အမျိုးသမီးနဲ့ကလေးငယ်တွေအပေါ်ချိုးဖောက်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လိင်ပိုင်းဆိုင်ရာအမှုပေါင်း၁၅၀လောက်ရှိပါတယ်။အင်မတန်မှများပြားတဲ့ကိန်းဂဏ္ဍန်းဖြစ်တယ်။အဲဒီအမှုတွေထဲမှာအင်မတန်ဆိုးဝါးတဲ့အမှုတွေပါပါတယ်။ပြန်လည်ပြီးပြောပြလို့မရတဲ့ဆိုးဝါးတဲ့အမှုတွေပါတယ်ဆိုတာလည်း ကျမအနေနဲ့ပြောပြလိုတယ်။ဥပမာအားဖြက့်အသက်၈၂အရွယ် အဘွားကိုအဓမ္မပြုကျင့်တာပါ။နောက်ပြီးတော့ အမျိုးသမီးကိုသူ့ခင်ပွန်းရှေ့မှာ အုပ်စုလိုက်အဓမ္မပြုကျင့်တာ။အကြမ်းဖက်စကစရဲ့စစ်တပ်တွေကကျူးလွန်တာပါ။ပြီးတော့အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာ။အဲဒါတွေကအင်မတန်မှဆိုးဝါးတဲ့စစ်ရာဇဝတ်မှုမြောက်တဲ့အမှုတွေဖြစ်တယ်"လို့ဝန်ကြီးကပြောပါတယ်။

ဒါ့အပြင် "၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလ ( )ရက်နေ့တွင် ကျရောက်တဲ့ တိုင်ပင်ဖော်စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့  နှစ်ပြည့်နှစ်ပတ်လည်အထိမ်းအမှတ်နေ့လည်းဖြဆ်သလို ဒီကာလဟာလဲ ၁၆ ရက်တာ အပြည်ပြည်ဆိုင်ရာလှုပ်ရှားမှု(နိုဝင်ဘာ ၂၅ ရက် - အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတိုက်ဖျက်ရေး နေ့ မှ ဒီဇင်ဘာ ၁၀ ရက် - လူ့အခွင့်အရေးနေ့အထိ) နှင့် တိုက်ဆိုင်စွာကျရောက်နေပါတယ်။အဲဒီထဲမှာ တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုရဲ့အရေးကြီးတဲ့လုပ်ငန်းစဉ် လည်းပါပါတယ်"လို့ဆိုပါတယ်။

တိုင်ပင်ဖော် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ဝန်ဆောင်မှုကိုအမျိုးသမီး၊ လူငယ်နှင့်ကလေး သူငယ် ရေးရာ ဝန်ကြီးဌာနရဲ့ လက်အောက်ရှိ အစီအစဉ်တစ်ရပ်အဖြစ် စတင်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

" နှစ် အတွင်းမှာလည်း တိုင်ပင်ဖော် က ကလေးသူငယ် အမူအကျင့်နဲ့ ဆယ်ကျော်သက် ကလေးများနဲ့ မိဘအုပ်ထိန်းသူများအတွက် တိုင်ပင်ဆွေးနွေးခြင်း အစီအစဉ်တွေ၊ လူငယ်များရဲ့ စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းအတွက် အစီအစဉ်တွေ၊ လိင်အခြေပြု အကြမ်းဖက်ခံရခြင်းမှ လွတ်မြောက်လာသူများအတွက် စိတ်ပိုင်းဆိုင်ရာ တိုင်ပင်ဆွေးနွေးခြင်းတွေ အပြင် ဂီတကုထုံး နဲ့ psychiatrist referral အစီအစဉ်တွေ၊ ပဋိပက္ခဒေသက ကျန်းမာရေးဝန်ထမ်းများကို စိတ်ပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်း သင်တန်းတွေပေးနိုင်တဲ့အထိ လှုပ်ရှားပြီး ပြည်သူလူထုရဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် ဆောင်ရွက်နိုင်တဲ့ အတွက် တိုင်ပင်ဖော်က ဆရာ၊ဆရာမများအတွက် အင်မတန် ဂုဏ်ယူရပါတယ်"လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာလှလှစိုးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ⁨⁨၂။ အစိုးရယန္တရားမှန်သမျှလူ့အခွင့်ရေးအသိရှိစွာလုပ်ငန်းဆောင်တာများလုပ်ဆောင်ဖို့လိုအပ်တယ်လို့ဆို


ဒီဇင်ဘာ၅ရက်


အစိုးရယန္တရားမှန်သမျှ လူ့အခွင့်ရေးအသိရှိစွာလုပ်ငန်းဆောင်တာများလုပ်ဆောင်ဖို့လိုအပ်တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီဇင်ဘာ၄ရက် လူ့အခွင့်အရေးစကားဝိုင်းမှာ ဆိုပါတယ်။

"အစိုးရယန္တရားထဲမှာပါဝင်နေတဲ့တယောက်ချင်းစီတိုင်း ယာယီသမ္မတကနေဝန်ကြီး၊ဒုဝန်ကြီး၊အတွင်းဝန်၊ဝန်ထမ်းအထိအဆင့်ဆင့်ဟာ အစိုးရအဖွဲ့ဝင်တွေပဲ။အဲဒီတော့ဒီလူတွေအကုန်လုံးဟာ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့လိုမယ်။အဲဒီလိုမဟုတ်ဘဲနဲ့အစိုးရရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့သူတွေကလူ့အခွင့်ရေးဆိုတဲ့အသိမရှိဘဲအဲဒီလစ်ဟာမှုနဲ့မြေပြင်မှာအလုပ်လုပ်တယ်။မူဝါဒတွေချတယ်။ကိုယ့်ပါဝါကိုအသုံးချတယ်ဆိုလို့ရှိရင် အစိုးရရဲ့ဂုဏ်သိက္ခာကိုထိခိုက်ရုံတင်မကဘူး။တော်လှန်ရေးရဲ့ပုံရိပ်ကိုပါသွားပြီးထိခိုက်စေတယ်"လို့ဆိုပါတယ်။

လူ့အခွင့်အရေးကြေညာစာတမ်းအရလူတိုင်းလွတ်လပ်စွာအသက်ရှင်နေထိုင်ခွင့်နဲ့လွတ်လပ်စွာယုံကြည်ပြောဆိုခွင့်၊လွတ်လပ်စွာရေးသားခွင့်၊ထုတ်ဝေခွင့်အပါအဝင် လူတိုင်း လွတ်လပ်စွာပညာသင်ယူခွင့်တို့ပါဝင်ပါတယ်။


========================


📌📌 ⁨⁨၃။ ဗကသများအဖွဲ့ချုပ်က ကရင်နီဒေသမှ ရေဘေးသင့်ပြည်သူများကို ငွေကြေးအရ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့


ဒီဇင်ဘာ၅ရက်


ဗကသများအဖွဲ့ချုပ်က၂၀၂၄ အောက်တိုဘာလအတွင်း ကရင်နီဒေသမှ ရေဘေးသင့်ပြည်သူများကို ငွေကြေးအရ ကူညီပံ့ပိုးမှု ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ၅ရက်မှာ ဗကသများအဖွဲ့ချုပ်က သတင်းထုတ်ပြန်ဖော်ပြပါတယ်။ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ - ဗကသများအဖွဲ့ချုပ် က ၄၆ သိန်းကျော်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ၈၈ သိန်းကျော်ဖြင့် စုစုပေါင်း ကျပ် ၁၃,၅၃၈,၄၈၁ တိတိ ကူညီပံ့ပိုးနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ယခုလှူဒါန်းမှုဖြစ်မြောက်နိုင်ရေးအတွက် အဘက်ဘက်မှ ကူညီပံ့ပိုးခဲ့သော ပြည်သူလူထုအသီးသီးကို ဗကသများအဖွဲ့ချုပ်က ကျေးဇူးအထူးတင်ရှိကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨၄။ ၁၀ သန်း အောင်လံ နှင့်အတူ ဝယ်ယူခွင့် () ရက်တိုးမည်


ဒီဇင်ဘာ၅ရက်


ယနေ့ ဒီဇင်ဘာ ရက်နေ့ နေ့လည် နာရီ ခွဲ ခန့်မှာ ICO Round 2 မျှော်မှန်းပမာဏ အမေရိကန် ဒေါ်လာ (၁၀) သန်း ပန်းတိုင်ကို အောင်မြင်စွာ ရောက်ရှိ ပြည့်မီသွားပြီ ဖြစ်ပါတယ်။ 

ဒီလို အောင်လံ စိုက်ထူနိုင်အောင် တစ်ဆယ် တစ်ရာ တစ်ထောင် က စလို့ သိန်းဂဏန်းအထိ နေ့စဥ် စက္ကန့်နှင့်အမျှ တခဲနက် အားပေးဝန်းရံမှုများကြောင့်သာ ဖြစ်ပါတယ်။ ဘုံအနာဂတ်ကို ရင်းနှီးမြှုပ်နှံကြသူ အစုစု၏ ယုံကြည်သက်ဝင်မှု ခွန်အားတိုင်းကို တန်းတူ တန်ဖိုးထား ဂုဏ်ယူရကြောင်း နွေဦးဖွံဖြိုးရေးSDBဘဏ်က အသိပေးဆိုပါတယ်။

 ထပ်လောင်းပြောလိုပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နည်းပညာ အခက်အခဲကို ကျော်လွှားပြီး အမိအရ ပါဝင်လိုတဲ့ နိုင်ငံတကာမှ ပြည်သူလူထု ကို လေးစားသောအားဖြင့် လည်းကောင်း ICO 2 နှင့် ပတ်သက်ပြီး ကောင်းနိုးရာရာ အကြံပြုကြတဲ့ နွေဦးပျားရပ်ဝန်းမှ တောင်းဆိုမှုကို ထောက်ရှု သောအားဖြင့် လည်းကောင်း နွေဦးဘဏ်၏ ဒါရိုက်တာဘုတ်အဖွဲ့မှ နောက်ဆုံးအခွင့်အရေး ရှယ်ယာဝယ်ယူခွင့်အား ဒီဇင်ဘာ () ရက်နေ့ အထိ တိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်းကို လေးစားစွာ အသိပေးအပ်ပါတယ်လို့ဆိုပါတယ်။

ဒါကြောင့် အိမ်ပြန်လှိုင်းသစ် ပန်းတိုင်ကို ကျော်လွန်သွားခဲ့သည့်တိုင် လာမည့် () ရက်မှာလည်း စံချိန်တင် စုစည်း ညီညွတ်ကြဖို့ ဆန္ဒပြုအပ်ပါတယ်ထုတ်ပြန်ထားပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။⁨⁨ ဗန်းမော်မြို့သိမ်းတိုက်ပွဲစတဲ့ ပထမရက်မှာ KIA က စစ်တပ်စွဲရာနေရာ ၁၀ ခုကျော်ကို သိမ်းပိုက်နိုင်ခဲ့ပြီး တင့်ကား ၁စီး အပါအဝင် လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ 


ဒီဇင်ဘာ၅ရက်

ကချင်လွတ်လပ်ရေးတပ်မတော် KIA က ဗန်းမော်နဲ့ မံစီဒေသတခုလုံးသိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်လျက်ရှိရာ ထိုးစစ်ပထမ နေ့ဖြစ်တဲ့ ဒီဇင်ဘာ ရက်နေ့မှာတင် စစ်ကောင်စီတပ်စွဲရာနေရာ ၁၀ ခုကျော်ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး တင့်ကား ၁စီး အပါအဝင် လက်နက်ခဲယမ်းတွေလည်း သိမ်းပိုက်ရရှိထားတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့အဝင်က စစ်ကောင်စီ ခလရ-၄၇ ရဲ့ရှေ့တန်းစခန်းတွေဖြစ်တဲ့ ဖန်းခါးကုန်း ဂိတ်စခန်းနဲ့ ညောင်ပင်သာစခန်းကို ဒီဇင်ဘာ ရက် မနက်အစောပိုင်းမှာ သိမ်းပိုက်ခဲ့တဲ့အပြင် ဗန်းမော်တက္ကသိုလ်နဲ့ ရွာကြီး ရွာကိုလည်း ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တဦးက ဆိုပါတယ်။ 

တိုက်ပွဲအတွင်း တင့်ကား စီးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့တွေ ဆုတ်ခွာသွားတယ်လို့ လည်း အသိပေးပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့ပြီး မိုးမောက်- ဗန်းမော်ကြား မိုင်ဒေသက စစ်ကောင်စီတပ်တွေ  ပြန်ဆုတ်ခွာနေတာလို့ ရှင်းပြပါတယ်။ 

KIA နဲ့ ပူးပေါင်းတပ်တွေဟာ မံစီနဲ့ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ဝိုင်းဝန်းပိတ်ဆို့ကာ ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဗန်းမော်-မိုးမောက်ကြား မိုင်နဲ့ မိုင်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကိုလည်း တိုက်ခိုက်နေတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ဗန်းမော်မြို့ဟာ ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့အတွက် ရေလမ်း၊ ကုန်းလမ်းနဲ့ လေကြောင်းလမ်းပါ အသုံးပြုနိုင်တာကြောင့် အချက်အချာကျတဲ့မြို့တမြို့ဖြစ်ပါတယ်။

အခုလိုတိုက်ပွဲတွေဖြစ်နေတာကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးတိမ်းရှောင်နေကြရာမှာ စစ်တပ်က ဒေသနေပြည်သူ တွေ ထွက်ခွာမယ့် ရေလမ်းရော ကုန်းလမ်းပါပိတ်ထားတဲ့အတွက် ပိတ်မိနေတဲ့သူတွေရှိနေသေးတယ်လို့ သိရပါတာယ်။


========================


🚩🚩 ၂။ ရခိုင်ပြည် အမ်းမြို့နယ်ဘက်သွားမယ် စစ်ကောင်ဏီတပ်တွေကို ကြားဖြတ်တိုက်ခဲ့မှုတွေမှာ စစ်သား ၅ဝ ခန့် သေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းများသိမ်းပိုက်ရရှိ


ဒီဇင်ဘာ၅ရက်

ရခိုင်ပြည်နယ်ထဲက အမ်းမြို့ကိုစစ်ကူသွားမယ့် စစ်ကောင်စီတပ်တွေနဲ့ရိက္ခာတင် စစ်ယာဉ်တန်းတွေကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာမှာ စစ်သား ၅ဝ ခန့်သေဆုံးပြီး သေနတ် လက်နဲ့ ခဲယမ်းများသိမ်းပိုက်ရရှိခဲ့တယ်လို့ လူထုတော်လှန်ရေးသပိတ် အင်အားစု PRA-မကွေးက ဒီနေ့ ဒီဇင်ဘာ ရက်မှာ ထုတ်ပြန်ပါတယ်။ 

PRA-မကွေးက နိုဝင်ဘာနဲ့ဒီဇင်ဘာပထမပတ်အတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့ တိုက်ပွဲသတင်းတွေကို ထုတ်ပြန် ရာမှာ အခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။ 

 မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမပေါ် က စွန်တက်ရွာနဲ့ လင်းတဲရွာကြားမှာ အင်အား ၅၀ ခန့်ပါတဲ့ စစ်တပ်ရိက္ခာ တင်စစ်ကား စီးကို ဒီဇင်ဘာ နေ့လယ် နာရီခန့်မှာ PRA-Magway တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲပြီးနောက် အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် ၁၀ မိနစ်ကျော်တဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထက်မနည်းသေဆုံးကာ ရိက္ခာတင်ကား၂စီး ရှေ့ဆက်မသွားနိုင်တော့တဲ့အထိ ပျက်စီးသွားခဲ့တယ်လို့ မြေပြင်သတင်း ပေးပို့ချက်တွေအရ သိရတယ်လို့ ဆိုပါတယ်။

တိုက်ပွဲအသီးသီးရဲ့မှတ်တမ်းတွေအရ PRA-Magway အနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာပထမပတ်အတွင်း ရန်သူစစ်ကောင်စီ တပ်ဖွဲ့ရဲ့ အင်အား ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး လက်နက်ငယ် လက်၊ ခဲယမ်းနဲ့စစ်အသုံးအဆောင် တွေသိမ်းဆည်းရမိခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ် 

လက်ရှိမှာ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ-အမ်း) ကနေ စစ်ရှုံးပြီး ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ် ပြေးတွေကို PRA-Magway က ကင်းပုန်းချပြီး ပိတ်ဆို့ဖမ်းဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ထိတွေ့တိုက်ပွဲတွေ အခါမလပ်ဖြစ်နေတယ်လို့ သိရပါတယ်။

လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway)အနေနဲ့ မိမိတို့တဖွဲ့တည်းအပြင် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ချမှတ်ထားတဲ့ စစ်ရေးရည်မှန်းချက်တွေကို တဆင့်ချင်း အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ PRA-Magway သတင်းနှင့် ပြန်ကြားရေးကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩၃။ ပေါင်းတည်ကထွက်လာတဲ့ အင်းအား ၄ဝ ကျော်ပါစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့မှု စစ်သား၂ဦးသေပြီး ဦး ဒဏ်ရာပြင်းထန်


ဒီဇင်ဘာ၅ရက်

ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတည်မြို့နယ် စမ်းကြီးရွာကထွက်လာတဲ့ အင်အား ၄ဝ ကျော်ပါ စစ်တပ်စစ်ကြောင်းကို တော်လှန် ရေးတပ်ဖွဲ့က နတ္တလင်းမြို့နယ်အတွင်းမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရသွားတယ် လို့ သာယာဝတီခရိုင် အမှတ်- တပ်ရင်း ၃၈၀၁ က ထုတ်ပြန်ပါတယ်။

စမ်းကြီးရွာကထွက်လာတဲ့ အင်အား ၄၄ ဦးခန့်ရှိ စစ်တပ်စစ်ကြောင်း နတ်တလင်းမြို့နယ်အတွင်းက တောင်ကျစမ်းအထက် ပြောင်‌တောင်ခြေရင်းအရောက်မှာ သာယာဝတီခရိုင် အမှတ်- တပ်ရင်း ၃၈၀၁ တပ်ခွဲ- Phoenix DF က ရဲဘော်တွေ ဒီဇင်ဘာ ရက်နေ့ ညနေ နာရီဝန်းကျင်မှာ မိုင်ဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီစစ်ကြောင်းဟာ နတ်တလင်းမြို့နယ် ပန်တင်းပင်‌ကျေးရွာကိုရောက်ရှိလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ဝ ခန့်နဲ့ ကွင်းကျယ် အထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၄ ဦးပါ စစ်ကြောင်းလို့ အသိပေးပေးပါတယ်။

ပန်းတင်ပင်ကျေးရွာကိုရောက်နေတဲ့စစ်သားတွေနဲ့ သူတို့ကိုသွားကြိုတဲ့စစ်သားတွေပါတဲ့ စစ်ကြောင်းကို ပြည်သူ့ကာကွယ် ရေးတပ်မတော် တောင်ပိုင်းတိုင်းစစ်‌‌ဒေသ စစ်ဒေသခွဲ-၂၊ ပဲခူးတိုင်းစစ်ဌာန၊ သာယာဝတီခရိုင်၊ အမှတ်- တပ်ရင်း (၃၈၀၁) တပ်ခွဲ () Phoenix DF ရဲဘော်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ 

ပြည်သူကာကွယ်ရေးတပ်မတော်အနေနဲ့ စ‌စ်ကောင်စီတပ်၊ ရဲ၊ ပျူစောထီးတွေနဲ့ စစ်ကောင်စီထောက်တိုင်တွေကို အခါအခွင့် သင့်ရင် သင့်သလို တိုက်ခိုက်မှာဖြစ်တဲ့အတွက် မိဘပြည်သူများ ထိခိုက်မှုမရှိစေဖို့ သူတို့အနီးသွားလာ လှုပ်ရှားတာတွေ မလုပ်ဖို့ Phoenix DF ရဲဘော်တွေက အသိပေးထားပါတယ်။


========================


🚩🚩၄။ဟားခါးနဲ့ထန်တလန်မြို့နယ်ကြးက စစ်ကောင်စီရဲ့ C3 စခန်းကုန်းကို ချင်းတော်လှန်ရေးတပ်များ သိမ်းပိုက်  


ဒီဇင်ဘာ၅ရက်

ချင်းပြည်နယ်အတွင်းက ဟားခါးနဲ့ ထန်တလန်မြို့နယ်ကြားမှာရှိတဲ့ စစ်ကောင်စီရဲ့ C3 စစ်စခန်းတောင်ကုန်းကို ချင်းတော်လှန်ရေးတပ်တွေ သိမ်းပိုက်ရရှိထားပြီလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

စစ်ရေးအရ အရေးပါပြီး ဗျူဟာကျတဲ့တပ်စခန်းကုန်းတခုဖြစ်တဲ့ စစ်ကောင်စီရဲ့ C3 တောင်ကုန်းစခန်းကို မနေ့ ဒီဇင်ဘာ ရက် ညနေပိုင်းမှာ သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၃၀ ဝန်းကျင် တပ်စွဲထားတဲ့ အဲဒီစခန်းကုန်းကို ချင်းတော်လှန်ရေးတပ်တွေ ဝင်တိုက်ချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး ထွက်ပြေးသွားကြတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေပြောဆိုချက်ကို ကိုးကားပြီး VOC သတင်းဌာနက အသိပေးပါတယ်။ 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန်ခွာထွက်ပြေးသွားတာကြောင့် ချင်းတော်လှန်ရေးတပ်တွေ နယ်မြေရှင်းလင်းရေးလုပ်ခဲ့ ရာ သေနတ် လက်နဲ့လက်ပစ်ဗုံးတွေအပါအယင်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း သိရပါတယ်။ 

မြေပြင်မှရြှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ပြောဆိုချက်အရ C3 စခန်းကုန်းက ထွက်ပြေးသွားတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ Auto တောင်ကုန်းစခန်းဘက်ကို သွားရောက်ပူးပေါင်းကြတယ်လို့လည်း သိရပါတယ်။


========================


🚩🚩 ၅။⁩ ⁨ဒေသတွင်းပြည်သူများရဲ့လုံခြုံရေးစိန်ခေါ်မှုနဲ့ အခက်အခဲတွေကိုဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ TNLA ဆို


ဒီဇင်ဘာ၅ရက်

တအာင်းဒေသတွင်းက မိဘပြည်သူများရဲ့ လုံခြုံရေးစိန်ခေါ်မှု၊ စားဝတ်နေရေးအခက်အခဲ အကြပ်အတည်းတွေကို ဖြေရှင်း နိုင်ဖို့ အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်နေတယ်လို့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ဝေတဲ့ နိုဝင်ဘာထုတ်စာစောင် အယ်ဒီတာ့အာဘော်ကနေ အသိပေးလိုက်တာဖြစ်ပါတယ်။

TNLA ပါဝင်တဲ့ ညီနောင်မဟာမိတ်များရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တအာင်းဒေသအတွင်းမှာရှိတဲ့ မြို့နယ် ၁၂ ခု စစ်ကောင်စီ လက်အောက်ကနေ လွတ်မြောက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဆင်ရေးတနှစ်တာကာလအတွင်းမှာ စစ်ကောင်စီဘက်က အပြစ်မဲ့အရပ်သားပြည်သူတွေကိုဦးတည်ပြီး လေကြောင်း ကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူတွေ အသက်သေဆုံးရပြီး ထိခိုက် ဒဏ်ရာရတာ နေအိမ် အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ နိုဝင်ဘာထုတ်စာစောင်မှာ ဖော်ပြထားပါတယ်။

ဒါကြောင့် ဒေသတွင်းပြည်သူတွေရဲ့ အကြပ်အတည်း အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ PSLF/TNLA အနေနဲ့ တအာင်းဒေသ အတွင်း တင်ပို့ရောင်းချမယ့် စားသောက်ကုန်ပစ္စည်းတွေ စက်သုံးဆီနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေအတွက် အခွန်ကင်းလွတ် ခွင့်ပြုထားတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုဆိုတဲ့ လုံခြုံရေးစိန်ခေါ်မှုကို ဖြေရှင်းနိုင်ဖို့လည်း တွေ့ဆုံဆွေးနွေးဖို့ အသင့်ရှိ တယ်လို့ PSLF/TNLA က သူတို့သဘောထားကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်မှုညှိနှိုင်းပေးမှု ဒေသနေပြည်သူတွေ စစ်ဘေးဒဏ်ခံစားနေရတာတွေကိုငဲ့ညှာပြီး စစ်ရေးတင်းမာမှု တွေကို တွေ့ဆုံဆွေးနွေးဖြေရှင်းရန်ဖို့ အသင့်ရှိတယ်လို့ TNLA က နိုဝင်ဘာ ၂၅ ရက်မှာထုတ်ပြန်ခဲ့ပေမယ့် စစ်ကောင်စီဟာ နိုဝင်ဘာ ၃၀ ရက်နေ့မှာ ကျောက်မဲမြို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၁၀ ဦး သေဆုံးပြီး ၂၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၂၅ လုံး ပျက်စီးခဲ့ရတယ်လို့ TNLA က အသိပေးထားပါတယ်။


========================


🚩🚩 ၆။⁨⁨အမ်းမြို့မ ရဲစခန်းက ဒုရဲမူးကြီးဝင်းနိုင် အပါအဝင် အရာရှိများထွက်ပြေးလွတ်မြောက်နေ


ဒီဇင်ဘာ၅ရက်  

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေတဲ့ အမ်းမြို့က မြို့မရဲစခန်းက ဒုရဲမှူးကြီး ဝင်းနိုင် အပါအဝင် အရာရှိတွေ စစ်ပွဲအတွင်းက ထွက်ပြေးသွားပြီး လွတ်မြောက်နေတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

ထွက်ပြေးသွားတဲ့အဖွဲ့မှာ အမ်းမြို့ ရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဒုရဲမှူး၊ မြို့နယ်မှူး၊ ခရိုင်အရာရှိများနဲ့ တပ်ဖွဲ့ဝင်အင်အား ၄၀ န့်ပါဝင်တယ်လို့ အမ်းမြို့ရဲတပ်ဖွဲ့မိသားစုဝင်တွေက အတည်ပြုထားတယ်လို့ ဒေသတွင်းသတင်းဌာနတခု ဖြစ်တဲ့ လေးဝတီ FM ။က ဒီနေ့မှာ ထုတ်ဖော်ထားပါတယ်။ 

သူတို့ဟာ ထွက်မပြေးခင်တရက်အလို ညပိုင်းမှာ လျှို့ဝှက်အစည်းအဝေးလုပ်ပြီး နောက်တရက်မှာ စစ်ကောင်စီတပ်ရင်းကို ရွေ့ပြောင်းသလိုဟန်ဆောင်ပြီး ရိုးမဘက်ကို ထွက်ပြေးသွားကြတာလို့ ဒေသတာဝန်ကျရဲတပ်ဖွဲ့မိသားစုဝင်တွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး ဖော်ပြလိုက်တာဖြစ်ပါတယ်။

ဒုရဲမှူးကြီး ဝင်းနိုင်နဲ့ မြို့နယ်မှူး မင်းဦးတို့ ဦးဆောင်ထွက်ပြေးသွားတာဖြစ်ပြီး နပခ မှာ တာဝန်ချပေးထားတဲ့ တပ်ဖွဲ့ဝင် ၁၀ ဦး လည်း အတူပါသွားတယ်ဆိုပါတယ်။

ရခိုင့်တပ်တော်က အမ်းမြို့မရဲစခန်းကို နိုဝင်ဘာ ၂၃ ရက်က သိမ်းပိုက်ခဲ့ရာ မသိမ်းပိုက်ခင်ရက်ပိုင်းအလိုမှာ အထက်အရာရှိ ကြီးတွေ ထွက်ပြေးသွားကြတာလို့ သတင်းရင်းမြစ်တွေကအဆိုအရ သိရပါတယ်။

အမ်းမြို့မရဲစခန်း သိမ်းပိုက်ခံရပြီးတဲ့နောက် ရဲစခန်းမှာရှိတဲ့ လက်ကျန်တပ်ဖွဲ့ဝင်အချို့ဟာ BE တပ်လို့ခေါ်တဲ့ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းမှာ ပူးပေါင်းခဲ့ကြပေမယ့် အဲ့ဒီ BE တပ်ကို ရခိုင့်တပ်တော်က ထိမ်းချုပ်နိုင်ချိန်မှာလည်း ဒုရဲမှူးနဲ့ အဖွဲ့ ဖမ်းဆီးခံရတဲ့အထဲမပါဝင်ဘဲ ပျောက်ဆုံးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီလက်အောက်ခံတပ်တွေကြား အမ်း-နပခ ဌာနချုပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ အခုလို တိုက်ပွဲကနေ ရှောင်ပြေးက ခြေရာဖျောက်နေကြတာပဲ ဖြစ်ပါတယ်။

ရခိုင့်တပ်တော် AA ရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုတွေကြောင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တော်လှန်ရေးအင်အားစုတွေက ကြားဖြတ်တိုက်ခိုက်နေရာ ပြီးခဲ့တဲ့ရက်ပိုင်း ကပဲ စစ်သား ၁၂ ဦးကို လက်နက်ခဲယမ်းတွေနဲ့အတူ တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တာရှိပါတယ်။


========================


🚩🚩 ၇။နှစ်ပတ်ကြာ စစ်ကြောင်းထိုးမှုအတွင်း ကျွန်းလှပြည်သူ ၂သောင်းနီးပါး စစ်ဘေးရှောင်နေရ 


ဒီဇင်ဘာ၅ရက်

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေပါတဲ့ ပူးပေါင်းအင်အား ၂၀၀ ခန့်ဟာ နိုဝင်ဘာ ၂၀ ရက်ကနေ ဒီဇင်ဘာ ရက်အထိ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးနေတာကြောင့် အပြစ်မဲ့ ဒေသနေပြည်သူ ၂သောင်း နီးပါး  စစ်ဘေးရှောင်နေကြရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။ 

၂ဝ၁၅ ခုနှစ် ရွေးကောက်ခံ ကြံ့ခိုင်ရေးအမတ် ဦးကျော်ညွန့်ရဲ့ ဇာတိရွာဖြစ်တဲ့ ကုက္ကိုကုန်းရွာနဲ့အနီးတဝိုက်ကရွာတွေကို ဂျက်ဖိုက်တာနဲ့ နိုဝင်ဘာ ၂၀ မှာ ၂ကြိမ်၊ ၂၁ ရက်နေ့က ၂ကြိမ်၊ ၂၂ ရက်နေ့မှာ Mi-35 နဲ့ ၂ကြိမ်၊ ၂၄ ရက်မှာလည်း Mi35 နဲ့ ကြိမ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာရှိပြီး ဒရုန်းနဲ့ တိုက်ခိုက်မှုမှာ အပြစ်မဲ့အရပ်သားပြည်သူတဦး သေဆုံးခဲ့ရ တယ်လို့ အသိပေးထားပါတယ်။ 

၂ပတ်ကြာ လှည့်လည်စစ်ကြောင်းထိုးနေစဉ်ကာလအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ခံတယ်ဆိုပြီး ကုက္ကိုကုန်း ရွာကို တကြိမ်၊ မဒေါင်၊ လွှတ်တိုက်နဲ့ ဆွဲလှဲရွာတို့ကို ၂ကြိမ်စီ မီးရှို့ဖျက်ဆီးတာတွေကျူးလွန်ခဲ့တဲ့အပြင် ပြည်သူပိုင်ပစ္စည်း တွေကို ခိုးယူလုယက်တာတွေ ပေါ်ပေါ်တင်တင်လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။ 

မြေပြင်သတင်းတွေအရ လုယက်ထားတဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ကံပေါက်ရွာပျူအထိုင်စခန်းကို ကားတွေနဲ့သယ်ပြီး ဝေစုခွဲနေတာတွေလည်းရှိတယ်လို့ သိရပါတယ်။ 

လက်ရှိမှာ ကျွန်းလှမြို့နယ်က ကုက္ကိုကုန်း၊ တကုန်း၊ သံပုရာပင်စု၊ မြဘုံသာ၊ လွှတ်တိုက်၊ မဒေါင်၊ ဆွဲလှဲ၊ တောင်ယာဆိပ်၊ ကန့်ဘလူမြို့နယ်က လက်ခုပ်ပင်ရွာ၊ ကောလင်းမြို့နယ်အတွင်းက ရွာသစ်၊ အောင်ချမ်းသာ၊ ပေတပင် စတဲ့ ကျေးရွာ ၁၂ ရွာက ဒေသနေ အပြစ်မဲ့ပြည်သူ ၂သောင်းနီးပါးဟာ ဆောင်းတွင်းကာလမှာပဲ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ တိမ်းရှောင်နေ ကြရတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ဒီဇင်ဘာ ရက်က ထုတ်ပြန်ထားပါ တယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment