10th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ "အုပ်ချုပ်မှုကဏ္ဍကို ပြန်လည် သုံးသပ်မှုတွေနဲ့အတူ ရှေ့သွားမယ့် လုပ်ငန်းစဥ်တွေ ရှင်းရှင်း လင်းလင်း ဖြစ်နေစေဖို့ အင်မတန်အရေးကြီးတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တအာင်း(ပလောင်)အမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေး

📌၃။ သြစတြေးလျဝန်ကြီးချုပ်ဟောင်းနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ တွေ့ဆုံ

📌၄။ အမေရိကန် ကိုယ်စားလှယ် ကွန်ဂရက်လွှတ်တော်အမတ် French Hill နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ NDAA Burma Act နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အဓိကထား ဆွေးနွေးခဲ့

📌၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်

🚩 ၂။ တစ်လတာ ထိုးစစ်အပြီးတွင် ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများအားလုံးကို KIAရဲ့ ဦးဆောင်မှုနဲ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့

🚩 ၃။ ဆီဆိုင်မြို့နယ်ရှိ PNOနှင့် စစ်ကောင်စီအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်

🚩 ၄။ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား တပ်မဟာ () တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ အပြီးသတ် သိမ်းပိုက်ရရှိ

🚩 ၅။ စစ်ကောင်စီတပ် ရဲနဲ့ ပျူစောထီးများ စီးလာတဲ့ကား စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျုခေါင်းဆောင် အပါအဝင် ဦး သေဆုံး

🚩 ၆။ ကပစ ၂၁ မှ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာ မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်

🚩 ၇။ KNU တပ်မဟာ တွင် စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးအပါဝင် ၁၆ ဦး အလံဖြူထောင် အလင်း၀င် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ "အုပ်ချုပ်မှုကဏ္ဍကို ပြန်လည် သုံးသပ်မှုတွေနဲ့အတူ ရှေ့သွားမယ့် လုပ်ငန်းစဥ်တွေ ရှင်းရှင်း လင်းလင်း ဖြစ်နေစေဖို့ အင်မတန်အရေးကြီးတယ်"လို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


ဇန်နဝါရီ၉ရက်

Radio NUG

"အုပ်ချုပ်မှုကဏ္ဍကို ပြန်လည် သုံးသပ်မှုတွေနဲ့အတူ ရှေ့သွားမယ့် လုပ်ငန်းစဥ်တွေ ရှင်းရှင်း လင်းလင်း ဖြစ်နေစေဖို့ အင်မတန်အရေးကြီးတယ်"လို့ ဇန်နဝါရီလ () ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၅) မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့ပါတယ်။


"အုပ်ချုပ်မှုကဏ္ဍကို ပြန်လည် သုံးသပ်မှုတွေနဲ့အတူ ရှေ့သွားမယ့် လုပ်ငန်းစဥ်တွေကို အဆင့်ဆင့်သော ယန္တရားတွေက ရှင်းရှင်း လင်းလင်း ဖြစ်နေစေဖို့ အင်မတန်အရေးကြီးတယ်ဆိုတာ ပြောလိုပါကြောင်း။  ဒါမှသာ လက်ရှိဖြစ်ပေါ်နေတဲ့ အဆင်မပြေမှုတွေအပေါ်မှာ မူပိုင်းဆိုင်ရာ အားနည်းချက်လား လူပိုင်းဆိုင်ရာ အားနည်းချက်တွေလားဆိုတာကို သုံးသပ်ပြီးတော့ သေချာဖြေရှင်းနိုင်မှာဖြစ်ပါကြောင်း။ ဝန်ကြီးဌာနအချင်းချင်းသော်လည်းကောင်း၊ မြို့နယ်တွေ အချင်းချင်းသော်လည်းကောင်း၊ မြို့နယ် တစ်မြို့နယ်ချင်းစီက တာဝန်ခံ အချင်းချင်းသော်လည်းကောင်း အားလုံးရဲ့ လုပ်ဆောင်မှုတွေဟာ အချင်းချင်း ညှိညှိနှိုင်းနှိုင်းနဲ့ ပေါင်းစပ်လုပ်ဆောင်ကြဖို့ လိုအပ်မှာဖြစ်ကြောင်း"ဝန်ကြီးချုပ်က ပြောပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၅) တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။


အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် တအာင်း(ပလောင်)အမျိုးသားပါတီတို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီလ ရက်

Radio NUG

ဇန်နဝါရီလ ၉ရက်နေ့ ညနေ ၅နာရီတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့်  တအာင်း(ပလောင်)အမျိုးသားပါတီတို့သည် နှစ်ဖက် ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် ကဏ္ဍများအပေါ် ဗီဒီယိုကွန်ဖရင့်မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် တအာင်း(ပလောင်)အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဂျားတို့က အသီးသီး နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပါတယ်။


ယင်းဆွေးနွေးမှုတွင် နှစ်ဖက်အဖွဲ့အစည်းတို့က လွှတ်တော်ကဏ္ဍ၊ နိုင်ငံရေးနှင့် မြေပြင်လိုအပ်ချက်များတွင် ရှေ့ဆက် လက်တွဲ ပူး‌ပေါင်းဆောင်ရွက်သွားမည့် အခြေအနေများအား အပြန်အလှန် ဆွေးနွေးညှိနှိုင်းတိုင်ပင်ခဲ့တယ်လို့ သိရပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ တအာင်း (ပလောင်) အမျိုးသားပါတီမှ ဗဟိုအလုပ်အမှုဆောင်‌ ကော်မတီဝင်များ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၃။ သြစတြေးလျဝန်ကြီးချုပ်ဟောင်းနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာ တွေ့ဆုံ


ဇန်နဝါရီ၉ရက်

Radio NUG

သြစတြေးလျဝန်ကြီးချုပ်ဟောင်းနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့တယ်လို့ ဇန်နဝါရီ၉ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အသိပေးဆိုပါတယ်။


"ဩစတေးလျ၏ ၃၀ ဦးမြောက် ၀န်ကြီးချုပ် Scott Morrison  မိန့်ခွန်းကို တွေ့ဆုံနားဆင်ခွင့်ရတာ အရမ်းကောင်းပါတယ်။ သြစတြေးလျ၏ ဝန်ကြီးချုပ် Scott Morrison သည် "အနာဂတ် အုပ်ချုပ်ရေး- အမျိုးသားရေးဝါဒ ခေတ်၏ နိုင်ငံတကာ လုံခြုံရေး" တွင် မိန့်ခွန်းပြောနေစဉ် သြစတြေးလျဟု မကြာခဏ ရည်ညွှန်းပြီး အာရှသို့ တံခါးပေါက်အဖြစ် အသိအမှတ်ပြုထားသော သြစတြေးလျသည် လွတ်လပ်၊ ပွင့်လင်း၍ သာယာဝပြောသော အင်ဒို-ပစိဖိတ်ဒေသကို မြှင့်တင်ရာတွင် Quad အဖွဲ့ဝင်အဖြစ် အဓိကအခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ၎င်းသည် မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် အရေးကြီးသော မိတ်ဖက်ဖြစ်လာစေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၅ နှစ်သစ်ကို ကြိုဆိုသည့်အနေဖြင့် သြစတြေးလျနှင့် မြန်မာနိုင်ငံအကြား မျှဝေထားသော ဒီမိုကရေစီစံနှုန်းများနှင့် အခြေခံမူများကို ထိန်းသိမ်းကာကွယ်ရာတွင် ပိုမိုခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုကို မျှော်လင့်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဆိုပါတယ်။


========================


📌📌၄။ အမေရိကန် ကိုယ်စားလှယ် ကွန်ဂရက်လွှတ်တော်အမတ် French Hill နဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ NDAA Burma Act နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အဓိကထား ဆွေးနွေးခဲ့


ဇန်နဝါရီ၉ရက်

Radio NUG

အမေရိကန် ကိုယ်စားလှယ် ကွန်ဂရက်လွှတ်တော်အမတ် French Hill နဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတို့ NDAA Burma Act နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုအဓိကထားဆွေးနွေးခဲ့တယ်လို့ ဇန်နဝါရီ ၉ရက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက အတည်ပြုဆိုထားပါတယ်။

 

"အမေရိကန် ကိုယ်စားလှယ် ကွန်ဂရက်လွှတ်တော်အမတ် French Hill နဲ့ တွေ့ဆုံခဲ့ပါတယ်။ အမေရိကန်လွှတ်တော် ကိုယ်စားလှယ် ကွန်ဂရက်လွှတ်တော်အမတ် French Hill နဲ့ တွေ့ဆုံခွင့်ရတာ အရမ်းကောင်းပါတယ်။ မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ အကျပ်အတည်းတွေ၊ ဒေသတွင်း စိုးရိမ်မှုတွေနဲ့ ဒေသတွင်းကို သက်ရောက်တဲ့ ကျယ်ပြန့်တဲ့ လှုပ်ရှားမှုတွေကို ဆွေးနွေးခွင့်ရတဲ့အတွက် အထူးပဲ ကျေးဇူးတင်ရှိပါတယ်။ NDAA Burma Act နှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို အပြည့်အဝ အကောင်အထည်ဖော်ရန် အရေးတကြီး လိုအပ်နေကြောင်း ကျွန်ုပ်တို့ မီးမောင်းထိုးပြခဲ့ပါတယ်" လို့ ဆိုပါတယ်။


မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်အတွက် ထောက်ခံအားပေးရန် မြန်မာအမေရိကန် လွတ်လပ်ရေး စည်းရုံးရေး စည်းလုံးညီညွတ်မှု မြှင့်တင်ရေး နှင့် ဆွေးနွေးပွဲအတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ်လို့ ဝန်ကြီးက ဆိုပါတယ်။


အမေရိကန်-မြန်မာ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတွင် မြန်မာပြည်သူများ၏ တရားဝင်ကိုယ်စားလှယ်များနှင့် ပိုမိုနက်ရှိုင်းစွာ အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများပြုလုပ်ဖို့ မျှော်လင့်တယ်လို့ ဆိုထားပါတယ်။


========================


📌📌၅။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီတို့ တွေ့ဆုံ ဆွေးနွေး


ဇန်နဝါရီ၉ရက်

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် မုံရွာလူထုသပိတ်ဦးဆောင်ကော်မတီတို့ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ()ရက်နေ့၊ ၁၃၀၀နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။


အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက် စကားပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(ပထမမူကြမ်း)အပေါ် သုံးသပ်ပြီးစီးမှုအခြေအနေနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


 ထို့နောက် တက်ရောက်လာသော  မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်များမှလည်း ယူနစ်လွှတ်တော်၏ရှေ့လုပ်ငန်းစဉ်များအပေါ်တွင် ပူးပေါင်းဆောင်ရွက်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကာ အစည်းအဝေးအား(၁၄း၅၀)နာရီအချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါတယ်။


အစည်းအဝေးပွဲတွင် ယူနစ်လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များနှင့် မုံရွာသပိတ်ဦးဆောင်ကော်မတီဝင်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ဗန်းမော်လေဆိပ်ကို KIA ပူးပေါင်းတပ်များ သိမ်းပိုက်


ဇန်နဝါရီ  

Radio NUG 


ဇန်နဝါရီ ၉ရက်တွင် ဗန်းမော်လေဆိပ်ရှိ စစ်ကောင်စီတပ်က ဆုတ်ခွာသွားတာကြောင့် ဗန်းမော်လေယာဉ်ကွင်းကို သိမ်းပိုက်နိုင်ပြီဖြစ်ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။


စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်တွင်လည်းဗန်းမော်လေဆိပ် ရန်သူ့လက်ကျပြီလို့ ရေးသားထားပြီး ဗန်းမော်အခြေစိုက် အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ-၂၁) ဘန်ကာအချို့ပေါက်ပြီး စကခမှူး ထွက်ပြေးသွားတယ်လို့လည်း ရေးသားထားပါတယ်။


ထို့ပြင် ဗန်းမော်မြို့ ခလရ (၄၇)တပ်ရင်းကို သိမ်းရပြီဟု ပူးပါင်းတပ်မှ တပ်မှူးတစ်ဦးပြောပြသည့် ရုပ်သံလည်း လူမှုကွန်ရက်မှာ တွေ့ရပါတယ်။


========================


🚩🚩 ၂။ တစ်လတာ ထိုးစစ်အပြီးတွင် ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများအားလုံးကို KIAရဲ့ ဦးဆောင်မှုနဲ့ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့


ဇန်နဝါရီ၉ရက်

Radio NUG

ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၁၁) ဦးဆောင်မှုနှင့်အတူ ABSDF ( ကျောင်းသားတပ်မတော် ) အမှတ် () စစ်ကြောင်း တပ်ရင်း (၁၀) နှင့် KPDF ပူးပေါင်းတပ်ဖွဲ့များသည် ကချင်ပြည်နယ် မံစီမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ၏ တပ်ရင်းများဖြစ်သော  ခမရ ၃၁၉၊ ခမရ  ၆၀၁ နှင့်  အမြောက်တပ် ၃၅၂ တပ်ရင်းအားလုံးကို  ၂၀၂၄ခုနှစ် ဒီဇင်ဘာလ ၄ရက်မှ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၈ရက်နေ့ အထိ တစ်လတာ ထိုးစစ်အပြီးတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ABSDF ( ကျောင်းသားတပ်မတော် )က အတည်ပြုထုတ်ပြန်ပါတယ်။


မံစီမြို့ကို ၂၀၂၄ခုနှစ် မေလတွင်လည်း ပထမအကြိမ်ထိုးစစ်ဆင်ခဲ့ရာ အကြောင်းအမျိုးမျိုးကြောင့် ထိုးစစ်ရပ်နားခဲ့ရာမှ ယခုအကြိမ်တွင် 

မံစီမြို့တွင် ကျန်ရှိသော အကြမ်းဖက်စစ်ကောင်စီစခန်းကို တိုက်ခိုက်သိမ်း ပိုက်နိုင်ခဲ့ခြင်း ဖြစ်ပြီးစခန်းသိမ်းတိုက်ပွဲများအတွင်း ရန်သူ့လက်နက်ခဲယမ်းမြောက်မြားစွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ ဆီဆိုင်မြို့နယ်ရှိ PNOနှင့် စစ်ကောင်စီအထိုင်စခန်းကို ကရင်နီတပ်ပေါင်းစု တိုက်ခိုက် သိမ်းပိုက်


ဇန်နဝါရီ  

Radio NUG 


ဇန်နဝါရီ ၉ရက်နေ့ မနက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ရွှေတစ်ဂူကျေးရွာရွာရှိ PNO ပြည်သူစစ်နှင့် စစ်ကောင်စီတပ်တို့ အထိုင်ချထားသော စခန်းကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း KPV News မှာ ဖော်ပြထားပါတယ်။


"စခန်းရပြီ သေနတ်အလက် ၃၀ကျော်ရတယ်။ မြေပြင်အခြေအနေ အသေးစိတ် မသိရသေးဘူး " ကရင်နီတပ်ပေါင်းစု တာဝန်ရှိသူတစ်ဦးက အတည်ပြု ပြောဆိုထားပါတယ်။


ထိုစခန်းသိမ်းသိမ်းပွဲတွင် PNO အသက်မပြည့်ဘဲ အသုံးပြုထားသော ကလေးစစ်သားများကိုပါ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


၂၀၂၅နှစ်သစ်တွင် ကရင်နီတပ်ပေါင်းစုက ဆီဆိုင်မြို့နှင့် မဝေးဘဲ စစ်ရေးအရ အရေးပါသည့် ရွှေတစ်ဂူစခန်းကို ပထမဆုံး စခန်းသိမ်းခြင်းဖြစ်ပါတယ်။


========================


🚩🚩 ၄။ မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား တပ်မဟာ () တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်းတပ်များမှ အပြီးသတ် သိမ်းပိုက်ရရှိ


ဇန်နဝါရီ  

Radio NUG 


ညောင်လေးပင်ခရိုင်၊ လယ်ဒို မြို့နယ် အတွင်း နှစ်ပေါင်း (၃၅) နှစ်ကျော် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်များ ဝင်ရောက် ကျူးကျော် တပ်စွဲထားသော မူသယ်အခြေစိုက် ခူသေစိုးတပ်စခန်းအား တပ်မဟာ () တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ကာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ () ရက်နေ့တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။


စခန်းသိမ်းပိုက်စဉ်အတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး သေဆုံးခဲ့ကာ အချို့ မှာလည်း ထွက်ပြေလွတ်မြောက်သွားပြီး စခန်းအတွင်းမှ (၈၁) မမ လက်နက်ကြီး () လက် အပါအဝင် လက်နက်ကြီးလက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ် ရဲနဲ့ ပျူစောထီးများ စီးလာတဲ့ကား စီးကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ပျုခေါင်းဆောင် အပါအဝင် ဦး သေဆုံး


ဇန်နဝါရီ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မင်းကွန်းတိုက်နယ်တွင် မင်းကွန်းဘက်မှ စစ်ကိုင်းဘက်သို့ မောင်းနှင်လာတဲ့ စစ်ကောင်စီတပ်၊ ရဲ နှင့် ပျူစောထီးများ စီးလာတဲ့ ကား စီးကို စောင့်ကြို တိုက်ခိုက်ခဲ့ရာ ပျုခေါင်းဆောင် အပါအဝင် ဦး သေဆုံးခဲ့တယ်လို့ People Servant Force (P.S.F) က သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ရက်နေ့ ညနေ နာရီခွဲခန့်မှာ စစ်ကိုင်း-မင်းကွန်း လမ်းပိုင်း တနေရာတွင် အဆိုပါ ကား နှစ်စီးကို People Servant Force (P.S.F) ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့၊ Mingun PDF နဲ့ မင်းကွန်းတိုက်နယ် .က. တို့က စောင့်ကြိုတိုက်ခိုက် ခဲ့တာပါ၊


တိုက်ပွဲအတွင်း အသက် ၃၃ နှစ် အရွယ်ရှိ ပျူခေါင်းဆောင် ရွှေကျား () ကျော်မျိုးထွန်း နဲ့ ဇနီး အပါအဝင် ဦး သေဆုံးခဲ့ပြီး ဦး ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။


ထို့အပြင် BA63 အမျိုးအစား G-3 သေနတ် လက်၊ ကျည်ဘောက် ဘောက်၊ .၆၂ ကျည် ၃၂၇ တောင့်၊ လက်ပစ်ဗုံး လုံး၊ အီကွေးမန့် ခုနဲ့ ရဲဦးထုတ် နှစ်လုံးကို သိမ်းဆည်းရမိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ကပစ ၂၁ မှ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာ မိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်


ဇန်နဝါရီ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူ ခရိုင်၊ ဆော - ဆိပ်ဖြူ လမ်းပိုင်းမှာ ကပစ (၂၁) ကနေ ထွက်လာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့ Caf - Spupdf ပခုက္ကူခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () က သတင်းထုတ်ပြန် ထားပါတယ်။


ဇန်နဝါရီလ ရက် မနက် နာရီ ၄၀ မိနစ်ခန့်မှာ စစ်ကောင်စီ ယာဉ်တန်းကို Caf - Spupdf ပခုက္ကူခရိုင် အမှတ် () တပ်ရင်း တပ်ခွဲ () နဲ့ တပ်ခွဲ () မှ ရဲဘော်များက ပဒေသာမိုင်းဖြင့် စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကားတစ်စီး မောင်းမရတဲ့အထိ တိုက်ခိုက်နိုင်ခဲ့ပြီး လမ်းဘေးထိုးရပ်ကာ အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ ခန့် ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီ တပ်ဘက်မှ ပွင့် ဗိုလ်တစ်ဦး အပါအဝင် ဦး သေဆုံးကာ ဦး ဒဏ်ရာရခဲ့ကာ စစ်ကူအများအပြား ရောက်ရှိလာပြီး အနီးနားက ကျေးရွာများကို လက်နက်ကြီးများ ပစ်ခတ်ခဲ့ကာ စစ်ကားအား ပြန်ဆွဲသွားခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်သားများက ဒရုန်းများဖြင့် လိုက်လံ တိုက်ခိုက်ခဲ့ရာ Caf-Spupdf တပ်ရင်း () တပ်ခွဲ () မှ ဒု-ခွဲမှူး တစ်ဦး မိုင်းစထိမှန်ကာ မစိုးရိမ် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ KNU တပ်မဟာ တွင် စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးအပါဝင် ၁၆ ဦး အလံဖြူထောင် အလင်း၀င် 


ဇန်နဝါရီ  

RadioNUG 


ဇန်နဝါရီလ ရက်နေ့ည ၁၁နာရီအချိန်တွင် KNU တပ်မဟာ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်တွင်အခြေစိုက်တပ်စွဲထားသည့် လှဂွန်းပျို (ခို့သွိထ) စစ်ကောင်စီတပ်စခန်းမှ ဗိုလ်မှူးတစ်ဦး အပါအဝင် တပ်ဖွဲ့၀င် ၁၆ ဦးသည် အလံဖြူထောင်ကာ KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များထံသို့ အလင်းဝင်လာခဲ့ကြောင်း စစ်ရေးသတင်းများအရ သိရပါတယ်။


လှဂွန်းပျိုစခန်းကို ရှင်းလင်းခဲ့ပြီး တပ်စခန်းအား မီးရှို့ဖျက်စီးခဲ့ကာ လက်နက်မချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးထွက်ပြေး လွတ်မြောက်နေသည့်အပြင် ၈၁ မမ လက်နက်ကြီး လက် အပါအ၀င် လက်နက် ၂၀ လက်သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment