11th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၂၆ ဦး သေဆုံးပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံး နေသူများရှိနေတယ်လို့ AA အသိပေး

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေးဆုံးနေတဲ့အတွက် လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံ တင်ပို့ရောင်းချတာတွေ ချက်ချင်းရပ်ဖို့ BMC တောင်းဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ လန်ဆယ်ဒေသက ဖမ်းမိထားတဲ့ ပြည်သူ့စစ်များကို သုံ့ပမ်းဥပဒေနဲ့အညီထားတယ်လို့ KPF အသိပေး


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁩⁨⁨⁨⁨ တောင်ပိုင်းစစ်ဒေသ ဗျူဟာ-၃၂ ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံး

🚩 ၂။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၂ အနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်  

🚩 ၃။⁨⁨ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ ယာယီစစ်ကြောင်းမှူး အပါအဝင် ဦးထက်မနည်းသေဆုံး 

🚩 ၄။ပြည်သူလူထုကို ပစ်ခတ်နေတဲ့ ဟောက်ဝစ်ဇာအမြောက်ကျည်တွေ သိမ်းဆည်းရရှိတာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ အရာတော် ပကဖ ပြော

🚩  ၅။ စစ်ဒေသ- နယ်မြေမှာ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်နဲ့တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။⁨⁨⁨ ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ အရပ်သား ၂၆ ဦး သေဆုံးပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံး နေသူများရှိနေတယ်လို့ AA အသိပေး


ဇန်နဝါရီလ ၁၁ရက် 


ရခိုင်ပြည် ရမ်းဗြဲမြို့နယ်က ကျောက်နီမော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုဖြစ်စဉ်မှာ သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအပါအဝင် သေဆုံးသူ ၂၆ ဦးရှိခဲ့ပြီး အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူ တွေလည်းရှိနေတယ်လို ရခိုင့်တပ်တော် AA က ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မနက်အစောပိုင်းမှာ ထုတ်ပြန်ပါတယ်။

ရခိုင်ဒေသမှာ အကြီးအကျယ်စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီ ရက် နေ့လယ် နာရီ ၂၀ မိနစ်မှာ ကျောက်နီမော်ကျေးရွာကို တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ ပြောလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရွာတောင်ပိုင်းရပ်ကွက်၊ ရွာအလယ်ပိုင်းရပ်ကွက်နဲ့ မြောက်ပိုင်း ရပ်ကွက်တွေမှာ အပြင်းအထန်မီးလောင်ကျွမ်းခဲ့ပြီး နေအိမ် ၃၉၈ လုံး မီးလောင်ကျွမ်းခဲ့ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေး ငယ်အများအပြား မီးထဲပါသွားခဲ့တယ်လို့ AA က ဆိုပါတယ်။

AA က ပြုစုထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၂၆ ဦး အလတ်စား ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး၊ အသေးစားဒဏ်ရာရသူ ၁၅ ဦးအထက်ရှိခဲ့တယ်လို့ သိရပါတယ်။

အလောင်းရှာမတွေ့ဘဲ ပျောက်ဆုံးနေသူတွေရှိနေသေးတာကြောင့် သေဆုံး၊ ဒဏ်ရာရသူအရေအတွက် ထပ်တိုးလာနိုင်တယ် လို့ အသိပေးထားပြီး နောက်ထပ် သေဆုံး ဒဏ်ရာရသူများစာရင်းရရင် ထပ်မံဖော်ပြပေးမယ်လို့ AA က အသိပေးပါတယ်။

ရခိုင်ဒေသမှာ စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက ပြည်သူလူထုကို ပစ်မှတ်ထား ပြီး ဆေးရုံများ၊ ဆေးခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ၊ လမ်းတံတားများနဲ့ လူနေ ရပ်ကွက်များကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်တာဖြစ်ပြီး သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ AA က ပြောပါတယ်။

ကျောက်နီမော်ရွာ လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်အုပ်စုရဲ့ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူ နိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေးဆုံးနေတဲ့အတွက် လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ စစ်ကောင်စီထံ တင်ပို့ရောင်းချတာတွေ ချက်ချင်းရပ်ဖို့ BMC တောင်းဆို


ဇန်နဝါရီလ ၁၁ရက် 


အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးရှုံးနေရတဲ့အတွက် အာဆီယံအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေနဲ့ နိုင်ငံတကာကုမ္ပဏီများအနေနဲ့ အကြမ်းဖက်မြန်မာစစ်အုပ်စုထံ လေယာဉ်ဆီ၊ လေယာဉ်နဲ့ ဆက်စပ်ပစ္စည်းများ၊ နည်းပညာများ တင်ပို့ရောင်းချနေတာတွေ ချက်ချင်းရပ်တန့်ပေးဖို့ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှုအဖွဲ့- BMC က ဇန်နဝါရီ ၁၀ ရက်နေ့က တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက် မြန်မာစစ်အုပ်စုရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို နိုင်ငံတကာက ဆက်လက်ပံ့ပိုးနေတဲ့အတွက် အရပ်သား ပြည်သူတွေ အသက်အန္တရာယ် ဆုံးရှုံးနေရတဲ့အပြင် နေ့စဉ် လူမှုဘဝ အသက်မွေးဝမ်းကျောင်းနဲ့ အခြေခံလိုအပ်ချက်များ  အပေါ်  ဆိုးရွားတဲ့ အကျိုးဆက်တွေ ဖြစ်ပေါ်နေတယ်လို့ ထောက်ပြထားပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုများ၊ လေယာဉ်များ အဆက်မပြတ်ပျံဝဲခြင်းနဲ့ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်ရတွေကြောင့် ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေးဆိုင်ရာ ဝန်ဆောင်မှုတွေဆုံးရှုံးနေရတဲ့အပြင် အစာရေစာ ပြတ်လတ်မှု၊ စိတ်ပိုင်းဆိုင်ရာဒဏ်ရာတွေနဲ့ နာကျင်ထိခိုက်ရမှုများနဲ့ စိုက်ပျိုးရေးကို အဓိက မှီခိုနေရတဲ့ အသက်မွေး ဝမ်းကျောင်း အလုပ်အကိုင်တွေ ဆိုးဆိုးရွားရွား ပျက်စီးနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ 

စစ်တပ်က စီးပွားရေးနဲ့ ဘဏ္ဍာရေးကို စိတ်ကြိုက် စိုးမိုးခြယ်လှယ်နေပြီး ခရီးသည်တင်လေကြောင်းလိုင်းများရဲ့ လေ ယာဉ်ဆီတွေကိုပါ စစ်ရေးမှာ အသုံးပြုပြီး ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်နေတယ်လို့ အသိပေးထားပါတယ်။ 

အဲဒီလို လေကြောင်းကနေတိုက်ခိုက်ရာမှာလည်း ပြည်သူလူထုစုဝေးရာ ဈေး၊ အလှူအတန်းနေရာ၊ ပွဲလမ်းသဘင်၊ ဘာသာ ရေးပွဲတော်များ၊ ဆေးရုံဆေးခန်းများနဲ့ ကျောင်းတွေကိုပါ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။ 

နိုင်ငံတကာအနေနဲ့ လေယာဉ်ဆီ ပိတ်ဆို့ ဒဏ်ခတ်အရေးယူမှုတွေလုပ်ဆောင်တဲ့နေရာမှာ မြန်မာပြည်တွင်းက ကုမ္ပဏီတွေ ကိုသာ ပိတ်ဆို့နေပြီး ပြည်တွင်းကုမ္ပဏီတွေကို တင်ပို့ပေးနေတဲ့ အဓိကကျတဲ့ နိုင်ငံတကာကုမ္ပဏီတွေကို အရေးယူတာ မရှိသေးဘူး ထောက်ပြထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။⁨⁨ လန်ဆယ်ဒေသက ဖမ်းမိထားတဲ့ ပြည်သူ့စစ်များကို သုံ့ပမ်းဥပဒေနဲ့အညီထားတယ်လို့ KPF အသိပေး


ဇန်နဝါရီလ ၁၁ရက် 


ကချင်ပြည် ဆော့လော်မြို့နယ် လန်ဆယ်ဒေသကို သိမ်းပိုက်ချိန်မှာ ဖမ်းမိခဲ့တဲ့ ပြည်သူ့စစ်များကို စစ်သုံ့ပန်းဥပဒေနဲ့အညီ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-KPF မနေ့ ဇန်နဝါရီ ၁၀ရက်မှာ ထုတ်ပြန်ထား ပါတယ်။

ကချင်အထူးဒေသ- နယ်မြေမှာပါတဲ့ လန်ဆယ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ် နိုဝင်ဘာ ဒုတိယပတ်မှာ သိမ်းပိုက်နိုင်ခဲ့ရာမှာ ခုခံတာတွေရှိပေမယ့် ပြည်သူ့စစ်အဖွဲ့ လက်နက်ချခဲ့တာကြောင့် အချိန်တို အတွင်း အဲဒီဒေသကို သိမ်းပိုက်ရရှိခဲ့တာလို့ သိရပါတယ်။

KPF က ထုတ်ပြန်တဲ့ စစ်သုံပန်းတွေကို တွေ့ဆုံမေးမြန်းတဲ့ ရုပ်သံမှတ်တမ်းမှာ စစ်သုံပန်းတွေက သူတို့ကို KPF က ကောင်းမွန်စွာစောင့်ရှောက်ပြီး ဒဏ်ရာရသူတွေကို ဆေးဝါးကုသမှုပေးခဲ့တယ်လို့ ပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင်တွေက ဒေသကိုကာကွယ်ဖို့ စည်းရုံးတာရယ် စစ်တပ်မှာ တပ်သားအဖြစ် စုဆောင်းခံရမှာကို စိုးရိမ်တာကြောင့် ပြည်သူ့စစ်တပ်ဖွဲ့ကို ဝင်ခဲ့ရတာလို့လည်း ထွက်ဆိုခဲ့ကြပါတယ်။

လန်ဆယ်ဒေသကို KIA နဲ့ KPF တို့ လာမတိုက်ခင်ကတည်းက လက်နက်ချဖို့ ကြိုတင်အသိပေးခဲ့ပေမယ့် ပြည်သူ့စစ် ခေါင်းဆောင်တွေက အောက်ခြေရဲဘော်တွေကို ပြောမပြဘဲ ခုခံခိုင်းတာကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရတာ လို့လည်း စစ်သုံ့ပမ်းတွေက အသိပေးထွက်ဆိုထားပါတယ်။

ခါကာဘိုတပ်ဖွဲ့နဲ့ တပ်ပေါင်းစုတွေဘက်က သတင်းပေးခဲ့တယ်။ လက်နက်ချဖို့ပါ။ ဒါပေမဲ့ အထက်လူကြီးတွေနဲ့ ခါကာဘို တပ်ဖွဲ့တို့ကြားမှာ ဘယ်လိုညှိနှိုင်းတယ်ဆိုတာ မသိခဲ့လို့ ပစ်လိုက်တဲ့သဘောပါ။ ကျနော်တို့လည်း ကိုယ့်အချင်းချင်း တိုက်ခိုက်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ ပြည်သူ့စစ် တပ်စိတ်မှူးတဦးက ရှင်းပြပါတယ်။

KPF တပ်ဖွဲ့မှာ တိုက်ပွဲကနေ ဖမ်းမိတဲ့ စစ်သုံ့ပမ်းတွေရှိသလို KPF ထံခိုလှုံလာတဲ့ ပြည်သူ့စစ်များလည်းရှိရာ KPF ထံ ပူးပေါင်းလာတဲ့ ပြည်သူ့စစ်အရာရှိတဦးက လက်ရှိစစ်ပွဲဟာ လူမျိုးရေးတိုက်ပွဲ၊ နယ်မြေစိုးမိုးရေးတိုက်ပွဲမဟုတ်ဘဲ နိုင်ငံကို ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်အုပ်စုလက်အောက်ကလွတ်မြောက်ရေး ပြည်သူ့တော်လှန်ရေးဖြစ်တာကြောင့် တော်လှန် ပြည်သူများဘက်ကနေ ရပ်တည်ပူးပေါင်းကြဖို့ ပြည်သူ့စစ်အဖွဲ့တွေကို တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။⁩⁩⁩⁩⁩


========================

========================



🚩🚩 ⁨⁨⁩⁨⁨⁨⁨ တောင်ပိုင်းစစ်ဒေသ ဗျူဟာ-၃၂ ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် တနှစ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံး


ဇန်နဝါရီလ ၁၁ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသမှာရှိတဲ့ စစ်ဒေသခွဲ အမှတ်- ဗျူဟာ ၃၂ ပူးပေါင်းတပ်တွေ တိုက်ခိုက်မှုကြောင့် ၂၀၂၄ အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀၀ ကျော် သေဆုံးပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင် ၄ဝ ဦးကျဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲ အမှတ်- ဗျူဟာ ၃၂စစ်ကြောင်းတွေဖြစ်တဲ့ ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ် ကြောင်းနဲ့ Venom စစ်ကြောင်းတို့ဟာ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ ၂၀၂၄ ခုနှစ်အတွင်း ဖော်ဆောင်ခဲ့တဲ့ တိုက်ပွဲ သတင်းတွေကို အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

၂၀၂၄ အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ်ဒေသ ဗျူဟာ ၃၂ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ် တို့ ထိတွေ့တိုက်ပွဲ ၈၈ ကြိမ်ရှိခဲ့ပြီး စစ်ကောင်စီ တပ်ရင်း ရင်း၊ ဗျူဟာ တခုနဲ့ ကာကင်းတပ်စခန်းငယ် ၁၁ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီ ထိတွေ့တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ အကြိမ် ၁၀၀ ကျော်နဲ့ လက်နက်ကြီးပစ်ကူ အကြိမ်ရေ ၆ထောင့် ရာ ၇၄ ကြိမ်နဲ့အထက် ရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က စစ်သား ၄၁၃ ဦး သေဆုံးကာ ၃၁၄ ဦး ဒဏ်ရာရခဲ့တာကို အတည်ပြုနိုင်ခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ရဲဘော် ၄၀ ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ၁၉၀ ဦး ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပေမယ့် မြေပြင်အခြေအနေအရ အတည်ပြုလို့မရတဲ့ အချက်အလက် တွေကို ချန်လှပ်ထားခဲ့တယ်လို့ အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ခဲယမ်းများစွာကို ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းဆည်းရမိခဲ့ပြီး တနှစ်အတွင်း စစ်သား ၁၇ ဦး လက်နက်နဲ့တကွ အလင်းဝင်လာသလို လက်နက်မဲ့ ဦးစုစုပေါင်း ၂၃ ဦး အလင်းဝင်လာခဲ့တဲ့အတွက်  အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို  ထိုက်တန်တဲ့ဆုချီးမြှင့်ပေးခဲ့ပြီး ဘေးကင်းလုံခြုံစေဖို့  စီမံဆောင်ရွက် ပေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကနေ စစ်သုံ့ပန်း ၂၁ ဦး ဖမ်းဆီးရမိခဲ့ရာမှာလည်း သူတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထား တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၂ အနီးမှာ စစ်တပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲဖြစ်  


ဇန်နဝါရီလ ၁၁ရက် 


ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ အနီးမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ ထိပ်တိုက်တွေ့ဆုံရာက တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကားပျက်စီးသွားတယ်လို့ Aung San's Land Natmauk အဖွဲ့က ဆိုပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ ဇန်နဝါရီ ၁၀ ရက်နေ့ မနက် နာရီခန့်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၂၆၂ အထိ ရောက်ရှိလာခဲ့ရာ ရွာသစ်ကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကားနဲ့ ထိပ်တိုက်တွေ့ခဲ့ရာကနေ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကားပျက်စီးတဲ့အတွက် အကြမ်းဖက်စစ်ကောင်စီဘက်က စစ်သားတွေထိခိုက်သေဆုံးမှုရှိနိုင်ပေမယ့်  အတည်မပြုနိုင်သေးဘူးလို့ တာဝန်ရှိသူတဦးက ပြောပါတယ်။

တော်လှန်ရေးတပ်တွေ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ မှာရှိတဲ့ စိုင်ကောင်းရဲစခန်းကို စီးနင်းတိုက်ခိုက်ဖို့  ရောက်ရှိလာချိန်မှာ စစ်ကားနဲ့ ထိပ်တိုက်တိုးခဲ့တာလို့လည်း သိရပါတယ်။ 

စစ်တပ်လော်ဘီ ကျော်စိုးဦးက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၆၂ မှာ PDF ရှိတာ မဖြစ်နိုင်ဘူးလို့ပြောတဲ့အတွက် မိုင်တိုင် ၂၆၂ အမြန်လမ်းက စိုင်ကောင်းရဲစခန်းကို စီးနင်းတိုက်ခိုက်ဖို့လာခဲ့ကြတာမှာ စစ်ကားနဲ့ ထိပ်တိုက်တွေ့ပြီး တိုက်ပွဲ ဖြစ်ခဲ့တဲ့အတွက် စိုင်ကောင်းစခန်းကို စီးနင်းတိုက်ခိုက်မယ့်အစီအစဉ် ပျက်ခဲ့ရတယ်လို့ Aung San's Land Natmauk အဖွဲ့တာဝန်ခံ ကိုဘာမထီက သတင်းဌာနအချို့ကို ပြောထားပါတယ်။

အဲဒီ စစ်ဆင်းရေးကို Aung San's Land Natmauk အဖွဲ့၊ ပျော်ဘွယ် -ရမ္မည်းသင်း ပကဖ နဲ့ နတ်မောက်တပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။⁨⁨ လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှုမှာ ယာယီစစ်ကြောင်းမှူး အပါအဝင် ဦးထက်မနည်းသေဆုံး 


ဇန်နဝါရီလ ၁၁ရက် 


တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက လက်ခတ်တောင်တာဝါတိုင်စခန်းကို စစ်ကူလာတဲ့ စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ ယာယီ စစ်ကြောင်းမှူးအပါအဝင် ဦး ကျော်သေဆုံးသွားတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစုက ပြောပါတယ်။

အင်အား ၄၀ ခန့်ပါတဲ့ အဲဒီ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို စမ်းလှမ်းကျေးရွာအနီးမှာ တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့တွေက ဇန်နဝါရီ ရက် မနက် နာရီခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

နာရီကျော်ကြာတဲ့ အဲဒီတိုက်ပွဲမှာ အကြမ်းဖက်စစ်တပ်ဘက်က ဗိုလ်ကြီးအဆင့်ရှိတဲ့ ယာယီစစ်ကြောင်းမှူး အပါအဝင် ဦးကျော်သေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားတာလို့ အသိပေးထားပါတယ်။

နှစ်ဘက် ထိတွေ့တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးစစ်သင်္ဘောကလည်း စစ်တပ်စစ်ကြောင်းကို လက်နက်ကြီးပစ်ကူ ပေးပြီး တိုက်ခိုက်တာကြောင့် ဒီတိုက်ပွဲမှာပါတဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့က ရဲဘော်တဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ထားဝယ်ခရိုင်တပ်ပေါင်းစု ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အထိနာသွားတဲ့ စစ်တပ်စစ်ကြောင်းက ကျန်တဲ့ အကြမ်းဖက်စစ်သားတွေဟာ လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာအနီးက ပင်လယ်ပြင်မှာ နေရာယူထားတဲ့ ရေတပ်စစ်သင်္ဘောကပေးတဲ့ လက်နက်ကြီးပစ်ကူအားနဲ့ လောင်းလုံးမြို့တွင်းကို ပြန်လည် ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်

အဲဒီတိုက်ခိုက်မှုကို ထားဝယ်ခရိုင်တပ်ပေါင်းစုရဲ့ ဦးဆောင်မှုနဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါ တယ်။

ထားဝယ်ခရိုင်တပ်ပေါင်းစုအနေနဲ့ ရှေ့ဆက်ပြီး စစ်ရေးအရှိန်မြှင့်သွားမှာဖြစ်တဲ့အတွက် ထားဝယ်ခရိုင်တပ်ပေါင်းစုက လုပ်တဲ့ ကျည်ငါးသောင်းရရှိရေးကမ်ပိန်းမှာ ပူးပေါင်းပါဝင်ပေးကြပါဖို့ တော်လှန်ပြည်သူများကို တိုက်တွန်းနှိုးဆော်ထား ပါတယ်။


========================


🚩🚩 ၄။ပြည်သူလူထုကို ပစ်ခတ်နေတဲ့ ဟောက်ဝစ်ဇာအမြောက်ကျည်တွေ သိမ်းဆည်းရရှိတာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ အရာတော် ပကဖ ပြော


ဇန်နဝါရီလ ၁၁ရက် 


စစ်ကိုင်းတိုင်း အရာတော်မြို့မှာအခြေစိုက်တဲ့ အမှတ်- ၁၀ စစ်အခြေခံလေ့ကျင့်ရေးတပ်ကိုလာတဲ့ စစ်တပ် ထောက်ပို့ စစ်ကြောင်းကို တိုက်ခိုက်ရာမှာ ပြည်သူတွေကို ရမ်းသမ်းပစ်ခတ်နေတဲ့ ၁၂၂ မမ ဟောက်ဝစ်ဇာအမြောက်ကျည်တွေ သိမ်းပိုက်ရရှိမှုဟာ တန်ဖိုးမဖြတ်နိုင်ဘူးလို့ အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ က ဒီနေ့ ဇန်နဝါရီ ၁၁ ရက် မှာ ထုတ်ဖော်ပြာဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ ရက်နေ့မှာဖြစ်ခဲ့တဲ့ နမခကနေ အရာတော် စခတ ၁၀ ထောက်ပို့စစ်ကြောင်းကို ဖြတ်တောက်တဲ့ တိုက်ပွဲမှာ ကျွန်တော်တို့အနေနဲ့ အဖိုးမဖြတ်နိုင်တာက ပြည်သူတွေကို ရမ်းသမ်းထုနေတဲ့ ဟောင်ဝပ်ဇာကျည်တွေကိုပါ သိမ်းဆည်း ရမိလိုက်တာပဲဖြစ်ပါတယ်။ စခတ ၁၀က စစ်သားတွေဟာ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုသလို PDF တွေကို မနိုင်တိုင်း ညည အရာတော် ပြည်သူတွေကို အိပ်ကောင်းခြင်းမအိပ်ရ၊ စားကောင်းခြင်း မစားရအောင် နှိပ်စက်နေတာလဲ ဒီဟောင်ဝပ်ဇာပါပဲ လို့  အသိပေးထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အမှတ်- စစ်ဒေသကွပ်ကဲမှုအောက်မှာရှိတဲ့ PDF ပကဖ ပူးပေါင်းတပ်တွေ ဇန်နဝါရီ ရက်နေ့က စစ်ကောင်စီထောက်ပို့ယာဉ်တန်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးပြီး ဦး အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းတွေထဲမှာ ၁၂၂ မမ ဟောက်ဝစ်ဇာကျည် ၁၅ လုံးပါတယ်လို့ စစ်ဒေသ- ကလည်း အသိပေးထားပါတယ်။

ဇန်နဝါရီ ရက်ကဖြစ်ခဲ့တဲ့အဲဒီတိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တဦး ကျဆုံးခဲ့ရတယ်လို့ အရာတော် ပကဖ က ဆိုပါတယ်။

ပြည်သူလူထုအတွက် ထိုက်တန်ဂုဏ်ပြောင်စွာ အသက်ပေးလှူခဲ့တဲ့ရဲဘော်ကို လေးစားဂုဏ်ယူလျှက်ပါလို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီနေ့ ဇန်နဝါရီ ၁၁ ရက်မှာလည်း အရာတော် -မုံရွာလမ်းပိုင်းမှာ စစ်ရေးတင်းမာနေဆဲအခြေအနေဖြစ်နေပြီး ပြည်သူပိုင်ကား တွေကို ချောဆွဲပြီး လမ်းပိုင်းပေါ် မှာ လှုပ်ရှားမှုတွေရှိတဲ့အတွက် ပြည်သူလူထုအနေနဲ့ အရာတော် - မုံရွာလမ်းကို အသုံးပြု သွားလာတာတွေ ရပ်နားထားပေးဖို့ အရာတော် ပကဖက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ဒေသ- နယ်မြေမှာ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်နဲ့တကွ အလင်းဝင်


ဇန်နဝါရီလ ၁၁ရက် 


အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ အမှတ်-၁စစ်ဒေသ နယ်မြေမှာ ရက်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတာရှိတယ်လို့ စစ်ဒေသ- က ထုတ်ပြန် ပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ပြည်သူ့စစ် ၂ဦးဟာ ဇန်နဝါရီ ၁၀ ရက်မှာအလင်းဝင်ခဲ့ပြီး မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ်ရဲစခန်းက ရဲတပ်သားတဦး၊ ပခုက္ကူမြို့နယ် မြစ်ခြေမြို့က စစ်ကောင်စီတပ်သား ၂ဦးတို့ဟာ ဇန်န၀ါရီ ၉ရက်မှာ အမှတ် - စစ်ဒေသ ကွပ်ကဲမှုအောက်က တပ်ရင်းတွေမှာ အလင်းဝင်ခဲ့ကြတာလို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီးအေးမျိုးထွန်း ဦးစီးတဲ့ ခမရ-၁၃ တပ်ရင်းက ပြည်သူ့စစ် တပ်သား ဦးက MA-1 လက်၊ MA ကျည် ၄၆၀ တောင့်နဲ့ ရွှေဘိုခရိုင် တပ်ရင်း- ထံ အလင်းဝင် ခဲ့တာလို့ အသိပေးပါတယ်။

မကွေးတိုင်း ဂန့်ဂေါခရိုင် ဆောမြို့နယ် မြို့မရဲစခန်းက ရဲတပ်သားတဦးက G-3 တလက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး လုံး၊ ကျည်အိမ် ခုနဲ့ ဂန့်ဂေါခရိုင် တပ်ရင်း- ထံ အလင်းဝင်တာလို့ သိရပါတယ်။

ပခုက္ကူမြို့နယ် မြစ်ခြေမြို့ BPI မွေးမြူရေးစခန်းက တပ်သား ဦးကတော့ MA-1 ၂လက်၊ အီနာဂါ ဗုံးသီးတလုံး၊ နာနတ်သီး ဗုံး လုံး၊ MA ကျည် ၁၆၆ တောင့်၊ ပို့ကျည် တောင့်၊ ကျည်အိမ် ၁၀ ခု ယူဆောင်ကာ ပခုက္ကူခရိုင် တပ်ရင်း- ထံ အလင်းဝင်လာတာလို့ အမှတ်-၁စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်တွေက အခု ၂၀၂၅ မှာ စစ်ရေးအရှိန်မြှင့်မှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ စစ်ခေါင်းဆောင်တွေကို အကာအကွယ်မပေးဘဲ ပြည်သူ့ဘက်က ရပ်တည်ပူးပေါင်းကြဖို့ ဖိတ်ခေါ်ထားချိန်မှာ ဒေသအသီးသီးမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တဦးချင်းကနေ အစုအဖွဲ့လိုက် အလင်းဝင်လာနေကြတာပဲဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့် မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment