11th Jan 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ယူကေ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပါလီမာန်အမတ်Rt Hon Kemi Badenochနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ

📌၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ဒုတိယအကြိမ်မြောက် Spring Success Research Conference   သုတေသနညီလာခံ ကျင်းပမည်ဖြစ်၍ သုတေသနစာတမ်းများတင်သွင်းနိုင်

📌၃။ စစ်ကောင်စီ၏ရေတပ်သင်္ဘောကို အီတလီက အမြောက်များ ထောက်ပံ့ပေးခြင်းသည် ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံအပေါ် ဥရောပလက်နက်ရောင်းချမှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်

📌၄။ ဖက်ဆစ် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒ မရှိသေးဘူးလို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ပြောဆို

📌၅။ စစ်တပ်ထောက်ခံသူ ဆုစန္ဒီဝင့် ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ

📌၆။ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုလေးထောင်ကျော်တွင် သေဆုံးသူနှစ်ထောင်ကျော်ရှိခဲ့

📌၇။ ၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရတာကြောင့် တော်လှန်ရေးအင်အားစုများအားလုံး တော်လှန်ရေးအရှိန် အမြင့်ဆုံး လွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲ ရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု TNLA ထုတ်ပြန်

🚩 ၂။ နမခ မှ ထွက်လာသော ကား (၁၀) စီးအား တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ဦး သေဆုံးပြီး ၇ဦး ဖမ်းမိ

🚩 ၃။ ပုလောမြို့နယ် ခလရ ၁၇ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး

🚩 ၄။ ပခုက္ကူမှ မြိုင်သို့ ရိက္ခာလက်နက် တင်ဆောင်လာတဲ့ ယာဉ်တန်းမှ မိုင်းဆင်းရှာသူများကို တိုက်ခိုက်၊ စစ်သား ၄ဦး သေဆုံး

🚩 ၅။ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့်အင်အား၄၀ကျော်ပါ ရန်သူ့စစ်ကြောင်းအား ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ယာယီစစ်ကြောင်းမှူး ၁ဦးအပါအဝင် ၈ဦးကျော်သေဆုံးခဲ့

🚩 ၆။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ စန်းမြို့ရွာ စစ်ဘေးရှောင်များကို  ဆေးကုသပေး

🚩 ၇။ အထက်မင်းလှမြို့နယ်အတွင်းမှ ပြည်သူများအတွက် အရေးပေါ် စစ်ရေးသတင်း ထုတ်ပြန်ကြေညာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ ယူကေ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပါလီမာန်အမတ်Rt Hon Kemi Badenochနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ


ဇန်နဝါရီ၁၀ရက်

Radio NUG

ယူကေ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် ပါလီမာန်အမတ်Rt Hon Kemi Badenochနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ ဇန်နဝါရီ၁၀ရက်မှာ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။


"ယူကေပါလီမန်အမတ်၊ ယူကေ၏ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် Rt Hon Kemi Badenoch အဓိကအမှာစကားပြောကြားမှုကို စိတ်ဓာတ်တက်ကြွစေပြီး အမြော်အမြင်ရှိရှိ တွေ့ဆုံနားထောင်ရခြင်းသည် အလွန်ဂုဏ်ယူဝမ်းမြောက်ပါတယ်။ မျှော်လင့်ချက်များ၊ တန်ဖိုးထားမှုများနှင့် အခြေခံမူများအပေါ် သူမ၏ ထင်မြင်ယူဆချက်များသည် ကျွန်ုပ်တို့နှင့် နက်နက်ရှိုင်းရှိုင်း ပဲ့တင်ထပ်နေပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ ကို အကောင်အထည်ဖော်ရာတွင် ဗြိတိန်သည် အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ပါတယ်"လို့ဆိုပါတယ်။


ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအတွက် အရေးပါသူအဖြစ် ဗြိတိန်သည် နိုင်ငံတကာ စင်မြင့်တွင် ဆုံးဖြတ်ချက်များ ရေးဆွဲရေးနှင့် စေ့စပ်ညှိနှိုင်းရေးတွင် အရေးပါသော ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် ရှိနေတယ်လို့ဆိုပါတယ်။


ဆက်လက်ပြီး  ပြည်ထောင်စုဝန်ကြီးဟာ အိုင်ယာလန်ဝန်ကြီးချုပ်ဟောင်းTaoiseachနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရှိရပါတယ်။


"အိုင်ယာလန်၏ ၁၃ယောက်မြောက် ၀န်ကြီးချုပ် (Taoiseach) နှင့် ကမ္ဘာတစ်ဝှမ်း ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပံ့ပိုးကူညီမှု၏ နာယက Enda Kenny နှင့် တွေ့ဆုံနားဆင်ရခြင်းအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ စည်းလုံးညီညွတ်၍ ငြိမ်းချမ်းပြီး သာယာဝပြောသော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အဖြစ်သို့ ဦးတည်သွားသော မြန်မာပြည်ခရီးအတွက် အဖိုးတန်သော သင်ခန်းစာများ ပေးစွမ်းနိုင်ခဲ့ပါတယ်။ အိုင်ယာလန်သမိုင်း၊ အထူးသဖြင့် ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် တာရှည်ခံတိုက်ပွဲဝင်မှုသည် မြန်မာနိုင်ငံအတွက် အားကောင်းသည့် ဥပမာတစ်ခုဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဤနှစ်သစ်သည် အိုင်ယာလန်နှင့်မြန်မာကြား မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများအတွက် အသစ်တဖန်ခွန်အားနှင့် ဉာဏ်ပညာများကို ဆောင်ကြဉ်းပေးမည်ဟု မြန်မာနိုင်ငံရဲရင့်သူများ၏ တရားဝင်ကိုယ်စားလှယ်များမှတဆင့် အိုင်ယာလန်နှင့် မြန်မာနိုင်ငံကြား မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများ ဆောင်ကြဉ်းပေးမည်ဟု မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက ဆိုထားပါတယ်။


========================


📌📌၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ဒုတိယအကြိမ်မြောက် Spring Success Research Conference   သုတေသနညီလာခံ ကျင်းပမည်ဖြစ်၍ သုတေသနစာတမ်းများတင်သွင်းနိုင်


ဇန်နဝါရီ၁၀ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနက ဦးစီး၍ ဒုတိယအကြိမ်မြောက် Spring Success Research Conference   သုတေသနညီလာခံကျင်းပမည်ဖြစ်၍ သုတေသနစာတမ်းများတင်သွင်းနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန က ဇန်နဝါရီ၁၀ရက်မှာ တရားဝင်အသိပေးကြေညာပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန သုတေသနနှင့် ဖွံ့ဖြိုးရေးဌာနက ဦးစီး၍ ဒုတိယအကြိမ်မြောက် Spring Success Research Conference  သုတေသနညီလာခံကို  CDM ပညာရေးဝန်ထမ်းများ၏ သုတေသန အရည်အသွေးကို မြှင့်တင်ပေးရန်၊ ညီလာခံတွင် တင်သွင်းသော သုတေသနများမှ ရရှိလာသော သုတေသနရလဒ်များက ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရာ၌ အထောက်အကူပြုစေရန်၊ဖက်ဒရယ်ပညာရေးစနစ်အတွက် လိုအပ်ချက်များကို သုတေသနရလဒ်များမှ ဖော်ထုတ် ဖြည့်ဆည်း ပေးနိုင်ရန် စတဲ့ရည်ရွယ်ချက်များနဲ့ ကျင်းပမယ်လို့ သိရပါတယ်။


သို့ဖြစ်ပါ၍ လွတ်လပ်သော သုတေသနပညာရှင်များ၊  စီဒီအမ် ဆရာဆရာမများအနေဖြင့် မိမိတို့ ပြုစုထားသော သုတေသနစာတမ်းများကို သက်ဆိုင်ရာကဏ္ဍအလိုက်  ၂၀၂၅ ခုနှစ် မတ်လ (၁၄) ရက်နေ့ နောက်ဆုံးထား၍ တင်သွင်းပေးကြရန်နဲ့ အသေးစိတ်အချက်အလက်များကို ပညာရေးဝန်ကြီးဌာန Face Bookစာမျက်နှာတွင်ဖော်ပြထားပါတယ်။


========================


📌📌၃။ စစ်ကောင်စီ၏ရေတပ်သင်္ဘောကို အီတလီက အမြောက်များ ထောက်ပံ့ပေးခြင်းသည် ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံအပေါ် ဥရောပလက်နက်ရောင်းချမှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်


ဇန်နဝါရီ၁၀ရက်

Radio NUG

စစ်ကောင်စီ၏ရေတပ်သင်္ဘောကို အီတလီကအမြောက်များ ထောက်ပံ့ပေးခြင်းသည် ၁၉၉၀ ခုနှစ် မြန်မာနိုင်ငံအပေါ် ဥရောပလက်နက်ရောင်းချမှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်တယ်လို့ Just for Myanmarက ဇန်နဝါရီ၁၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။


မကြာသေးမီက မြန်မာ့ရေတပ်မှ လွှတ်တင်ခဲ့သည့် အကြီးဆုံး ဖရီးဂိတ်သင်္ဘော King Thalu သည် 76 mm OTO Melara ဘက်စုံသုံး အမြောက် အမြောက်များကို အီတလီ ကာကွယ်ရေးကုမ္ပဏီ OTO Melara မှ တည်ဆောက်ပြီး ဒီဇိုင်းထုတ်ထားပါတယ်။ အီတလီအမြောက်များ ထောက်ပံ့ပေးခြင်းသည် ၁၉၉၀ ခုနှစ်များကတည်းက မြန်မာနိုင်ငံအပေါ် ဥရောပလက်နက်ရောင်းချမှု တားမြစ်ချက်ကို ချိုးဖောက်ရာရောက်မှာ ဖြစ်ပါတယ်လို့ ဖော်ပြပါတယ်။


ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု အပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေအတွက် မြန်မာရေတပ်မှာ တာဝန်ရှိကာ စစ်ရာဇ၀တ်ကောင်များထံ လက်နက်စီးဆင်းမှု ရပ်တန့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။


အီးယူအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ စကစတပ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ဆိုပါတယ်။


========================


📌📌၄။ ဖက်ဆစ် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒ မရှိသေးဘူးလို့ AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ ပြောဆို


ဇန်နဝါရီ ၁၀ 

Radio NUG 


ဇန်နဝါရီလ ရက်နေ့ ရခိုင်ပြည်၊ ရမ်းဗြဲကျွန်း ကျောက်နီမော်ကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်သဖြင့် ပြည်သူ ၄၀ သေဆုံးခဲ့ပြီးနောက် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက 

"အကြမ်းဖက် ဖက်ဆစ်စစ်ကောင်စီရဲ့ အကြမ်းဖက် ဆိုးရွားတဲ့ ဒီဆက်တိုက် ကျူးလွန်မှုတွေကို ကြည့်ရင် သူတို့ ဖက်ဆစ် စစ်ခေါင်းဆောင်တွေဘက်မှာ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေး အဖြေရှာဖို့ မူဝါဒ မရှိသေးဘူးဆိုတာ ရှင်းရှင်းလင်းလင်း ဖော်ပြနေတာဖြစ်ပါတယ်" လို့ ပြောဆိုထားပါတယ်။


အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အရပ်သားပြည်သူများကို ဦးတည် တိုက်ခိုက်နေခြင်းသည် သူရဲဘောကြောင်သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း ထပ်လောင်း ပြောဆိုထားပါတယ်။


"ဒါက ဆိုးရွားတဲ့ စစ်ရာဇဝတ်မှု ဖြစ်သလို ဂျနီဗာ ကွန်ဗန်းရှင်းကိုလည်း ပြောင်ပြောင် တင်းတင်း ချိုးဖောက်တာဖြစ်ပါတယ်"လို့လည်း ပြောဆိုထားပါတယ်။


========================


📌📌၅။ စစ်တပ်ထောက်ခံသူ ဆုစန္ဒီဝင့် ကာလပေါက်စျေး သိန်း ၂၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခံရ


ဇန်နဝါရီ ၁၀ 

Radio NUG 


စစ်တပ်ထောက်ခံသူတွေအကြား နာမည်ကြီးတဲ့ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက် နယ်မြေ()မှာ နေထိုင်သူ အသက် ၃၄ နှစ်အရွယ် ဆုစန္ဒီဝင့်ကို ကျပ်သိန်း၂,၅၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်းဆီးခဲ့တယ်လို့ အကြမ်းဖက်စစ်ကောင်စီရဲ့  မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့က ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ထားပါတယ်။


စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါး Happy Water အလေးချိန် .၁၁၅ ကီလိုနဲ့အတူ ဒီဇင်ဘာလ ၂၉ ရက်က သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအနီး တောင်ကြီးမြို့ဘက်ကနေ ရန်ကုန်မြို့ဘက် မောင်းနှင်လာတဲ့ ခရီးသည်တင်ကားပေါ် လိုက်ပါလာချိန် စစ်ကောင်စီရဲတပ်ဖွဲ့က စစ်ဆေးရာက ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။


စစ်တပ်ထောက်ခံပွဲတွေ စင်ပေါ်တက်ပြီး စစ်ကောင်စီကို ထောက်ခံအားပေးကြောင်း ပြောဆိုလေ့ရှိတဲ့ ဆုစန္ဒီဝင့်ဟာ လူမှုကွန်ရက်စာမျက်နှာမှာ စစ်တပ်ကို ထောက်ခံသူဖြစ်တယ်လို့ ရေးသားထားပါတယ်။


ဒါ့အပြင် ဆုစန္ဒီဝင့်ဟာ အာဏာသိမ်းကာလဆန္ဒပြတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးနိုင်ရေး သတင်းပေးခဲ့သူတစ်ယောက်လည်း ဖြစ်တယ်လို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီရဲတပ်ဖွဲ့က ဆုစန္ဒီဝင့်အမှုကတဆင့် တာချီလိတ်မြို့ခံ အမျိုးသားတစ်ယောက်ကိုပါ ထပ်မံဖမ်းဆီးထားပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးတွေ ဆိုင်ရာဥပဒေနဲ့ သက်ဆိုင်ရာ အမှုဖွင့်အရေးယူထားကာ ကွင်းဆက်တွေ ဖော်ထုတ်နေတယ်လို့ ဆိုပါတယ်။


========================


📌📌၆။ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုလေးထောင်ကျော်တွင် သေဆုံးသူနှစ်ထောင်ကျော်ရှိခဲ့


ဇန်နဝါရီ၁၀ရက်

Radio NUG

စကစရဲ့ လေကြောင်းတိုက်ခိုက်မှုလေးထောင်ကျော်တွင် သေဆုံးသူနှစ်ထောင်ကျော်ရှိခဲ့တယ်လို့ ဇန်နဝါရီ၁၀ရက်မှာ Blood Money Campaign MMက ထုတ်ပြန်ဖော်ပြပါတယ်။


၄နှစ်တာအတွင်း လေကြောင်းတိုက်ခိုက်မှု ၄၀၂၂ကြိမ်ရှိခဲ့ပြီး သေဆုံးသူ၂၂၅၇ဦး၊ ထိခိုက်သူ၃၄၁၇ဦးရှိခဲ့ပြီး အဆိုပါလေးနှစ်တာ တိုက်ခိုက်မှုအတွင်း၂၀၂၃နဲ့ ၂၀၂၄မှာ အမြင့်ဆုံးကာလဖြစ်ခဲ့တယ်လို့ သိရပါတယ်။


မြန်မာစစ်တပ်၏ ရည်ရွယ်ချက်ရှိရှိဖြင့် ဆေးရုံ ဆေးခန်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ နေရာများကို လေကြောင်းဗုံးကြဲ တိုက်ခိုက်နေမှုများကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှုသည် ပျက်စီးဆုံးရှုံးမှုနှင့် များစွာ ရင်ဆိုင်ကြုံတွေ့နေရတယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။


========================


📌📌၇။ ၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင်နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့ ခေါင်းစဥ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်

                                    

ဇန်နဝါရီ ၁၀ရက်

Radio NUG


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ဒေသ အာဏာရှင်ဆန့်ကျင်ရေးလူထုသပိတ်အင်အားစုက ၂ဝ၂၅ နှစ်သစ်မှာ စစ်အာဏာရှင် နိဂုံးချုပ်ဖို့ လူထုစွမ်းအားနဲ့ တိုက်ဖျက်စို့ ခေါင်းစဥ်နဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့ကြပါတယ်။ 


လက်ရှိမှာ စစ်အာဏာရှင်အောက်မှ လွတ်မြောက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ပြည်သူလူထုက စစ်ရေးနည်းအပါဝင် နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်လျက်ရှိပါတယ်။ 


တိုက်ပွဲဖော်ဆောင်ရာမှာ -လူထုသပိတ်လှုပ်ရှားမှု၊ အာဏာဖီဆန် CDM လှုပ်ရှားမှု၊ ဘဏ္ဍာရေးစစ်မျက်နှာ၊ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ဝါဒဖြန့်ချီရေးစစ်မျက်နှာ၊ နိုင်ငံတကာ တရားဝင်မှုရေးရာစစ်မျက်နှာ အစရှိတဲ့ စစ်မျက်နှာပေါင်းစုံဖြင့် တိုက်ပွဲဝင်လျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရတာကြောင့် တော်လှန်ရေးအင်အားစုများအားလုံး တော်လှန်ရေးအရှိန် အမြင့်ဆုံး လွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲ ရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု TNLA ထုတ်ပြန်


ဇန်နဝါရီ ၁၀ 

Radio NUG 


ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေးအင်အားစု အသီးသီးတို့သည် နိုင်ငံတဝှမ်း နယ်မြေဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရတာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများ အားလုံး စုပေါင်းရုန်းကန်ပြီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေး အောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF နှစ်ပတ်လည်အစည်းအဝေးမှ သတင်းထုတ်ပြန်ပါတယ်။


PSLF နှစ်ပတ်လည်အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနှင့် ဖိတ်ကြားထားသည့် အရာရှိအရာခံများ စုစုပေါင်း (173) ဦးတို့တက်ရောက်ခဲ့ကြပြီး၊ တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်တွင် 2025 ခုနှစ် ဇန်နဝါရီလ 3 ရက်မှ 7 ရက်ထိ (5) ရက်တိုင်တိုင် အောင်မြင်စွာ ကျင်းပ ပြီးစီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


နှစ်ပတ်လည်အစည်းအဝေးကြီးတွင် မြန်မာစစ်အာဏာရှင်စနစ်ဆိုးအား ချေမှုန်းတိုက်ခိုက်နေသည့် တော်လှန်ရေး အခြေအနေများ ဆွေးနွေးသုံးသပ်ခြင်း၊ အဖွဲ့အစည်း၏ တစ်နှစ်တာလုပ်ငန်းများပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင် အားဖြည့်ခြင်းများ ပြုလုပ်ခဲ့ကြပြီး တအာင်းတပ်မတော်ကို တပ်မဟာ (9) ခုအဖြစ် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့(18) မြို့ပါဝင်သည့် ခရိုင် (5) ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။


1027 စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိထားသည့် မြို့(12)မြို့ အပါအဝင် တအာင်းတပ်မတော်အခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး၊ ဒေသခံမိဘပြည်သူများ ပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေါ်ပေါက်လာရန် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။


အရှိန်ပြင်းသည့် တော်လှန်ရေးကာလအတွင်း အသက်ခန္ဓာများ၊ နေအိမ်အဆောက်အုံများ၊ လုပ်ငန်းများ စွန့်လွှတ်ပေးဆပ် ပျက်ဆီးခဲ့ကြရသည့် မိဘပြည်သူများ၊ တအာင်းတပ်မတော် တပ်ဖွဲ့ဝင်များအားလုံး၏ ဘဝပြန်လည်ရှင်သန် ထူထောင်ရေးနှင့် လုံခြုံအေးချမ်းသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်ရန်အတွက် တအာင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ မိဘပြည်သူများနှင့် အတူလက်တွဲ တည်ဆောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


🚩🚩 ၂။ နမခ မှ ထွက်လာသော ကား (၁၀) စီးအား တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ဦး သေဆုံးပြီး ၇ဦး ဖမ်းမိ


ဇန်နဝါရီ ၁၀ 

Radio NUG 


မုံရွာမြို့နယ် နမခ မှ ထွက်လာသော ထပရ-၉၂၉ နှင့် တပ်မ-၇၇ လက်အောက်ခံ ထုတ်နုတ်အင်အားပါ Jammer ကား () စီးနှင့် ချောဆွဲခံထားရသော ရိက္ခာတင်ကုန်ကား () စီးအား ဇန်နဝါရီလ ရက်နေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့ကြောင်း အမှတ် စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


၎င်းထိတွေ့မှုအတွင်း အမတ-၅၀၈ မှ လက်နက်ကြီးပစ်ကူအဖြစ် ၁၂၂ မမ ဟောင်ဝှစ်ဇာ () လုံး ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး နမခ မှ သံပြားကာကား () စီး တပ်ကူ ပေးပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ရန်သူ့ဘက်မှ (၁၅) ဦးခန့် သေဆုံးပြီး () ဦး ဖမ်းဆီးရမိကာ G-3 () လက်၊ MA-4 () လက်၊ Uzi () လက်၊ 5.56 မမ ကျည် (၄၁၉၀ ) တောင့် G-3 ကျည် (၅၀၀၀) တောင့် ၁၂၂ မမ ဟောင်ဝှစ်ဇာ (၁၅) လုံး၊ ဒရုန်း ဗုံးသီး (၂၀) လုံး၊ တိုက်မိုင်း (၃၀) လုံး ၇၃ မမ ဒုံးသီး (၂၀) လုံး၊ ၆၀ မမ ဗုံးသီး (၂၇) လုံး၊ ၄၀ မမ  ဗုံးသီး () လုံး၊ နင်းမိုင်းအသေး (၄၅) လုံး၊ Jummer စက်ကြီး () လုံး၊ Jummer စက်သေး () လုံး၊ ကျောပိုးလွယ်အိတ် () လုံး၊ Uzi ကျည်အိမ် () ခု သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


တော်လှန်ရေးရဲဘော် () ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရပြီး အရာတော်မြို့နယ်၊ မုံရွာ-အရာတော်လမ်း၌ မုံရွာခရိုင် ကွပ်ကဲရေးမှူး ညွှန်ကြားမှုဖြင့် မုံရွာခရိုင် တပ်ရင်း (၁၈၊ ၂၀၊ ၂၂၊ ၂၄၊၂၇) ဗျူဟာ-၆၆ (မုံရွာခရိုင် တပ်ရင်း-၁၉၊ ၂၁၊ ၂၆) မုံရွာခရိုင် ဒရုန်းတပ်ဖွဲ့၊ အရာတော်မြို့နယ် ပကဖ (တိုက်နယ်-၁၊ ၂၊ ၄၊ ၅၊ ၈၊ ၁၀၊ ၁၁) အရာတော်မြို့နယ် ပလဖ၊ မုံရွာမြို့နယ် ပကဖ (တိုက်နယ်-) BLDF ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ပုလောမြို့နယ် ခလရ ၁၇ကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၃ဦး သေဆုံး


ဇန်နဝါရီ ၁၀ 

Radio NUG 


ဇန်နဝါရီလ ရက် နံနက် နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်()တပ်ရင်းနှင့် မဟာမိတ်များသည် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၁၇)တပ်အား တိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အပြန်အလှန်ပစ်ခတ်မှု ()နာရီဝန်းကျင် ကြာမြင့်ခဲ့ပြီး ပစ်ခတ်မှုများအတွင်း ရန်သူ ()ဦးအား သုတ်သင်နိုင်ခဲ့ကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များ နံနက်(၁၀)ဝန်းကျင်တွင် အထိအခိုက်မရှိ ခွာစစ်ဆင်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီတပ်သည် ရဟတ်ယာဉ်ဖြင့် (:၃၀)နာရီဝန်းကျင်တွင် ()ကြိမ်၊ (၁၀:၀၀)နာရီဝန်းကျင်တွင် ()ကြိမ် ဗုံး(၁၆)လုံး ကြဲချတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက် မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။


ပုလောမြို့နယ်၊ ပါဒစက်တော်ရာအနီးတွင်လည်း ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း ()နှင့် မြိတ်ခရိုင်အမှတ်()တပ်ရင်း ပူးပေါင်းမဟာမိတ်များသည် အကြမ်းဖက်စစ်ကောင်စီတပ်များအား ဟန်ချက်ညီစွာ ချေမှုန်းလျက်ရှိပါတယ်။


အထိနာနေသော အကြမ်းဖက်စစ်ကောင်စီသည် ပါဒစက်တော်ရာအနီးတဝိုက်အား ဇန်နဝါရီလ ရက် ညနေ (:၀၀) နာရီအထိ လေကြောင်းမှ ၂၃ ကြိမ် တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၇၀)ခန့် ကြဲချခဲ့ကာ တိုက်ပွဲများ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူမှ မြိုင်သို့ ရိက္ခာလက်နက် တင်ဆောင်လာတဲ့ ယာဉ်တန်းမှ မိုင်းဆင်းရှာသူများကို တိုက်ခိုက်၊ စစ်သား ၄ဦး သေဆုံး


ဇန်နဝါရီ ၁၀

Radio NUG

ပခုက္ကူမြို့ အင်ပင်ကျေးရွာမှ ဇန်နဝါရီလ 5ရက်နေ့တွင် ရိက္ခာလက်နက်များ တင်ဆောင်လာသော စစ်တပ်ယာဉ်တန်း အစီး၂၀ကျော်သည် ဇန်ဝါရဖိလ 6ရက်‌‌နေ့ နံနက် ၉နာရီအချိန်တွင် ကိုင်းချောင်းကွေ့မှာ ရပ်တန့်ပြီး မိုင်းများ ရှင်းလင်းရန် လမ်းမဘယ်ညာအား ခြေလျင်စစ်ကြောင်း ၂၀၀ကျော်ဖြင့် တက်လာကာ ကိုင်းဆယ်ဘောင်နားအရောက်တွင် မဟာမိတ် ၂ဖွဲ့ ထောင်ထားသော ပဒေသာမိုင်းကွင်းထဲသို့ ရောက်ရှိလာစဉ် မိုင်းဆွဲခဲ့ကြောင်း Cobra One Pakkokuမှ သတင်းထုတ်ပြန်ပါတယ်။


မိုင်းဆွဲမှုအတွင်း စစ်သား ၃ယောက်သေပြီး အများပြားဒဏ်ရာရရှိခဲ့သည့်အပြင် rocket ၃လုံးဖြင့် အနည်းကပ်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လမ်းမ ညာဘက်ခြမ်းရှိ မိုင်းရှင်းနေသည့် စစ်ကြောင်းအနီး ကျရောက်ပေါက်ကွဲကာ စုစုပေါင်းစစ်သား ၄ဦး သေဆုံးခဲ့ပြီး ဒဏ်ရာအများအပြားရရှိခဲ့တယ်လို့ သိရပါတယ်။


လမ်းတလျှောက် ထောင်ထားသော ကာကွယ်ရေးအဖွဲ့များရဲ့ မိုင်းများကို ဖြတ်တောက်ခဲ့ပြီး ဘက်ထရီအိုးများကိုလည်း ယူဆောင်သွားကာ COBRA  ONE Pakokku တပ်ဖွဲ့ ကင်းထောက်ဒရုန်းတစ်စင်းလည်း ဆုံးရှုံးသွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုတွင် COBRA ONE Pakokku တပ်ဖွဲ့ နှင့် BA NYEIN GUERRILLA Force တပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့်အင်အား၄၀ကျော်ပါ ရန်သူ့စစ်ကြောင်းအား ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ယာယီစစ်ကြောင်းမှူး ၁ဦးအပါအဝင် ၈ဦးကျော်သေဆုံးခဲ့


ဇန်နဝါရီ ၁၀

Radio NUG

လောင်းလုံးမြို့နယ် လက်ခတ်တောင် တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် အင်အား၄၀ကျော်ပါ ရန်သူ့စစ်ကြောင်းအား ကြားဖြတ်ချေမှုန်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဖက်မှ ယာယီစစ်ကြောင်းမှူး ၁ဦးအပါအဝင် ၈ဦးကျော်သေဆုံးခဲ့ပါတယ်။


၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ ၇ရက်နေ့ နံနက် ၆နာရီခန့်အချိန်တွင် ထားဝယ်ခရိုင်တပ်ပေါင်းစု၏ ဦးဆောင်မှုဖြင့် နွေဦးပြောက်ကျားတပ်ဖွဲ့နှင့်အတူ ပူးပေါင်း၍ လောင်းလုံးမြို့နယ် လက်ခတ်တောင်တာဝါတိုင်စခန်းသို့ စစ်ကူလာသည့် အင်အား၄၀ကျော်ပါ ရန်သူ့စစ်ကြောင်းအား ကြားဖြတ်ချေမှုန်း တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။


ယင်းတိုက်ခိုက်မှုသည် အချိန်၄နာရီကျော်ကြာမြင့်ခဲ့ပြီး နှစ်ဖက်တိုက်ခိုက်မှုပြင်းထန်ခဲ့သည့်အပြင် ရန်သူ့ဖက်ရှိ တိုက်ခိုက်ရေးစစ်သင်္ဘောမှလည်း လက်နက်ကြီးများဖြင့် စစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။


ယင်းတိုက်ပွဲဖြစ်စဉ်ကြောင့် စစ်ကောင်စီဖက်မှ ဗိုလ်ကြီးအဆင့်ရှိသော ယာယီစစ်ကြောင်းမှူး ၁ဦးအပါအဝင် ၈ဦးကျော်သေဆုံးခဲ့ရပြီး ၁၀ဦးထက်မနည်း ထိခိုက်ဒဏ်ရာပြင်းထန်ခဲ့ပါတယ်။


ထားဝယ်ခရိုင်တပ်ပေါင်းစုနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့သည့် နွေဦးပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်၁ဦးသည် တိုင်းပြည်နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာ အသက်ပေးလှူခဲ့ရပါတယ်။


========================


🚩🚩 ၆။ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ စန်းမြို့ရွာ စစ်ဘေးရှောင်များကို  ဆေးကုသပေး


ဇန်နဝါရီ ၁၀ 

Radio NUG 


ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) မှ A.G.S(1) C.E.C အဖွဲ့ဝင် ( ) ဦး ပါဝင်သော CDM သူနာပြု ဆရာမ ဦးဆောင်သည့် ဆေးတပ်သားများသည်  စစ်ဘေးရှောင်ပြည်သူများ၊ ထိခိုက်ဒဏ်ရာရရှိသူများကို ဆေးဝါးကုသပေးလျက်ရှိပြီး စစ်ဘေးရှောင်ပြည်သူ ၃၄၂ ဦးကို ဆေးဝါးကုသပေးနိုင်ခဲ့ကြောင်း YPDFမှ သတင်းထုတ်ပြန်ထားပါတယ်။


အများစုသည် ဖျားနာ၊ ညောင်းကိုက်၊ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ယားနာများ အဖြစ်များကြပြီး သက်ကြီးပိုင်းများအနေဖြင့် သွေးတိုး၊ ဆီးချို မောပန်း၊ အာရုံကြော အားနည်း စသည့် ရောဂါများသာ တွေ့ရှိခဲ့ရကာ လမ်းမလျှောက်နိုင်သော လူနာများကိုလည်း အိမ်တိုင်ရာရောက် ဆေးကုသမှုများ ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


တပ်ဖွဲ့အနေဖြင့် တပ်ဖွဲ့ဝင်ရဲဘော်များအပြင် နီးစပ်ရာ ပြည်သူလူထုများ၊ အထူးသဖြင့် စစ်ဘေးရှောင်ပြည်သူများကို အခမဲ့ ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ အထက်မင်းလှမြို့နယ်အတွင်းမှ ပြည်သူများအတွက် အရေးပေါ် စစ်ရေးသတင်း ထုတ်ပြန်ကြေညာ


ဇန်နဝါရီ ၁၀ 

Radio NUG 


အထက်မင်းလှမြို့နယ်အတွင်း ပြည်သူများအနေဖြင့် လက်ရှိစစ်ရေးအခြေအနေများအရ ဖော်ပြပါ ထုတ်ပြန်ချက်များအား လေးစားလိုက်နာကြရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အထက်မင်းလှမြို့နယ်မှ ဇန်နဝါရီလ ၁၀ရက်နေ့တွင် အသိပေးချက်များ ထုတ်ပြန်ထားပါတယ်။


၁။ ပုသိမ်-မုံရွာ လမ်းမကြီးဘေးရှိ ကျေးရွာများမှ ပြည်သူများအနေဖြင့် အချိန်မရွေး နေရာမရွေး တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် လမ်းမကြီးတလျောက်နှင့် ကျေးရွာချင်းဆက် လမ်းများအား ယာယီသွားလာခြင်း မပြုလုပ်ကြရန်။


၂။ ရဲစခန်း၊ ဂိတ်များနှင့် နီးကပ်စွာ အတူယှဥ်တွဲနေထိုင်နေကြသော လူနေအိမ်များရှိ ပြည်သူများအနေဖြင့် စောလျင်စွာ ခတ္တနေရာရွှေ့ပြောင်းနေထိုင်ကြရန်။


၃။ မိမိတို့ရပ်ရွာ/ ဒေသအတွင်း လိုအပ်ချက်များ၊ စစ်ရေးသတင်းများနှင့် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းကိစ္စများအား ရပ်ကျေး တိုက်နယ် (..) (.က.)အဖွဲ့များထံ ဆက်သွယ်ဆောင်ရွက်ကြရန်။


၄။ လက်ရှိ စစ်ရေးအခြေအနေများအရ ပုသိမ် -မုံရွာ လမ်းမကြီးဘေးနှင့် ထိစပ်နေသော ကျေးရွာပြည်သူများအနေဖြင့် အထူးဂရုစိုက် သွားလာနေထိုင်ကြရန် အသိပေးထားပါတယ်။


 ..၂၀၂၅ရက်နေ့မှ စတင်၍ စစ်ကြောင်းထိုးလာသော စကစစစ်ကြောင်းမှာ ၁၀..၂၀၂၅ရက်နေ့အထိ ကျေးရွာများ ဝင်ပေါက်များတွင် ကင်းပုန်းများ ချနေခြင်း၊ ပုသိမ်-မုံရွာလမ်းမကြီးအနားမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်နေခြင်း၊ ဒရုန်းများ အသုံးပြု၍ ကျေးရွာများ ဝန်းကျင်များသို့ ဗုံးကျဲတိုက်ခိုက်မှုများ ပြုလုပ်လျှက်ရှိပြီး လက်ရှိတွင် ရွှေချောင်းကျေးရွာအနီး ကြက်ခြံနှင့် ရှမ်းတပ်ကြီးတာဝါတိုင်းအနီး ဘန့်ပြင်ကျေးရွာ လမ်းပေါက်ရှိ အောင်မဂ်လာဘုန်းတော်ကြီးပညာသင် (ဘက) ကျောင်းတွင်း တပ်စွဲ အထိုင်ချနေကြောင်း သိရှိရသည့်အတွက် အထူးဂရုစိုက်ကြရန် အရေးပေါ်စစ်ရေးသတင်းအား ထုတ်ပြန်ကြေညာထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment