12th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။  မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဦးဆောင်ကျင်းပသည့် ဖက်ဒရယ်ရေးရာဆွေးနွေးပွဲသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ဆွေးနွေး

📌၂။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်ပြည့်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ထုတ်ပြန်

📌၃။ မန္တလေး ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဓားပြတိုက်သူအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူအား ဖမ်းမိ၊ မန်နေဂျာ လက်မောင်း သေနတ် ထိမှန်

📌၄။ ဗကသရဲဘော်ဟောင်း ကိုသူရိန်ထက်()ရဲဘော်စည်သူ ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်

📌၅။ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူကျေးရွာတွင် မယ်တော်ဆုတောင်းပွဲ ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရွှေတဂူ စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ CDM ကျောင်းသား KNDF တပ်ရင်း ( ) စစ်ကြောင်းမှူးရဲ့ ဈာပန ပြုလုပ်

🚩 ၂။ တပ်ကုန်းမှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရပြီး ဦး ဒဏ်ရာရကာ ဦး သေဆုံးနိုင်

🚩 ၃။ ပျူခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူး ဦးကို PDF ရဲမေများက ဖမ်းဆီး သုတ်သင်ရှင်းလင်း

🚩 ၄။ ကျောက်တော်မြို့က လူနေထူထပ်ရာ ရပ်ကွက်နဲ့ ဈေးအတွင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ တနိုင်းရွှေမှော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦး‌ကျော် သေဆုံး

🚩 ၆။ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် လုံး ပျက်စီး

🚩 ၇။ မူးယစ်ဆေးဝါး သုံးစွဲသူ (၁၃၁) ဦးကို  PSLF/TNLA က အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်

🚩 ၈။ ချင်းကာကွယ်ရေးတပ် အရှို ကျမ်းသစ္စာ ကျိန်ဆိုပွဲနှင့် သစ္စာရေ သောက်ခြင်း အခမ်းအနား ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဦးဆောင်ကျင်းပသည့် ဖက်ဒရယ်ရေးရာဆွေးနွေးပွဲသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌနှင့်အဖွဲ့ တက်ရောက်ဆွေးနွေး


ဇန်နဝါရီ ၁၁ 

Radio NUG 


မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဦးဆောင်ကျင်းပသည့် ဖက်ဒရယ်ရေးရာဆွေးနွေးပွဲကို ဇန်နဝါရီလ (၁၁)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် Zoom Platform ကတဆင့် ကျင်းပပြုလုပ်ခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော် ဥက္ကဋ္ဌနှင့်အဖွဲ့မှ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါတယ်။


ဆွေးနွေးပွဲတွင် မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌ နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌတို့မှ နှုတ်ခွန်းဆက် စကားများ ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်မှ ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ပထမမူကြမ်း) ပေါ်ပေါက်လာမှုဆိုင်ရာ ကိစ္စရပ်များနှင့် ရှေ့လုပ်ငန်း စဉ်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


ထို့နောက် တက်ရောက်လာသူများမှလည်း ဖက်ဒရယ်ယူနစ်ဆိုင်ရာ လုပ်ငန်းစဉ်များအပေါ်  အပြန်အလှန်ဆွေးနွေးခဲ့ကြကာ ဆွေးနွေးပွဲအား (၁၆း၄၅)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မကွေးဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံရေးဆွဲရေးကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌၂။ စစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်ပြည့်မြောက် တအာင်းအမျိုးသားတော်လှန်ရေးနေ့တွင် ထုတ်ပြန်


ဇန်နဝါရီ ၁၁ 

Radio NUG 


တအာင်းဒေသခံပြည်သူလူထုတို့၏ တော်လှန်ရေးအောင်သီး အောင်ပွင့်ကို ရေရှည်ထိန်းသိမ်းထားနိုင်ရန်အတွက် မြန်မာပြည်တဝှမ်းလုံးရှိ တော်လှန်ရေးအင်အားစုများနှင့် ဟန်ချက်ညီ လက်တွဲပူးပေါင်းကာ နစက မြန်မာစစ်ကောင်စီကို အပြီးတိုင် ချေမှုန်းတော်လှန်သွားမည်ဖြစ်ကြောင်း (၆၂) နှစ်ပြည့်မြောက်သည့် တအာင်းအမျိုးသားတော်လှန်ရေးနေ့ တွင် သဘောထားရပ်တည်ချက်ကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLAမှ  ထုတ်ပြန်ကြေညာလိုက်ပါတယ်။


၁၉၆၃ ခုနှစ် ဇန္နဝါရီလ ၁၂ ရက်နေ့တွင် စတင်လိုက်သည့် တအာင်းအမျိုးသားတို့၏ တော်လှန်ရေးခရီးကြီးသည် ဇန်နဝါရီလ ၁၂ရက်နေ့တွင် (၆၂) နှစ် ပြည့်ပြီဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


တအာင်းလူမျိုးတို့ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ဖော်ဆောင်နိုင်ရန်အတွက် နှစ်ကာလ ပေါင်းများစွာ ရှည်ကြာသည့် တော်လှန်ရေးခရီးကြမ်းတွင် အသက်သွေးချွေး၊ စည်းစိမ်ဥစ္စာပေါင်းမြောက်များစွာ စွန့်လွှတ်ခဲ့ကြသော တအာင်းမိဘပြည်သူများ၊ တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များအားလုံးကို ပလောင်ပြည်နယ်လွတ်မြောက်ရေး တပ်ဦးမှ အစဉ်အမြဲဦးညွှတ် အလေးပြုပြီး သမိုင်းမှတ်တမ်းတင်ထားမှာ ဖြစ်တယ်လို့ သိရပါတယ်။


တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ နွေဦးတော်လှန်ရေးတပ်ဖွဲ့များနှင့် တိုင်းပြည်အနှံ့အပြားရှိ မိဘပြည်သူများအားလုံး၏ စုပေါင်းတော်လှန်မှုကြောင့် ဘုံရန်သူစစ်အုပ်စုသည် တိုက်ပွဲများတွင် အရှုံးနှင့် ဆက်တိုက်ရင်ဆိုင်နေကြရပြီး  အကြီးအကျယ် စစ်ရှုံးနေသည့် နစက စစ်ကောင်စီသည် ဆေးရုံ၊ ကျောင်း၊ ဘာသာရေးအဆောက်အုံ၊ ဈေး၊ လူနေအိမ် အစရှိသည့် အရပ်သားပြည်သူများနေထိုင်ရာကို ဦးတည်ပြီး လေယာဉ်ဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ဆက်တိုက်ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ တော်လှန်ရေးအရှိန် အားကောင်းနေသည့် ကာလတွင် တအာင်းတပ်မတော်တပ်ဖွဲ့ဝင်များ၊ ခေါင်းဆောင်များ၊ တအာင်းဒေသခံ မိဘပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် တအာင်းဒေသအများစုတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ယင်းတို့၏ စစ်အုပ်ချုပ်ရေး ယန္တရားအားလုံးကို ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်မှာ တအာင်းဒေသ မိဘပြည်သူအားလုံး၏ တော်လှန်ရေးအောင်ပွဲကြီးဖြစ်တယ်လို့ ဆိုထားပါတယ်။


ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦးသည် တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCC ဦးဆောင် ရေးဆွဲထားသည့် နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးအင်အားစု၊ နိုင်ငံရေးပါတီနှင့် အရပ်ဖက်အဖွဲ့အစည်းများကို အခြေခံပြီးတော်လှန်ရေးကာလ အစိုးရအစီအမံ'အား အတည်ပြုကာပြည်သူ့အစိုးရတရပ် အမြန်ဆုံး ပေါ်ပေါက်လာရန် ကြိုးပမ်းဆောင်ရွက်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၃။ မန္တလေး ကမ္ဘောဇဘဏ်ခွဲတစ်ခုကို ဓားပြတိုက်သူအား ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ ကျူးလွန်သူအား ဖမ်းမိ၊ မန်နေဂျာ လက်မောင်း သေနတ် ထိမှန်


ဇန်နဝါရီ ၁၁ 

Radio NUG 


ဇန်နဝါရီလ ၁၁ရက် နေ့လယ် နာရီခွဲဝန်းကျင်တွင် မန္တလေးတက္ကသိုလ်အနီးက ကမ္ဘောဇဘဏ်ခွဲတစ်ခုကို သေနတ်ကိုင်ဆောင်ထားသူ အမျိုးသားတစ်ယောက်က ဓားပြတိုက်ခဲ့တယ်လို့ ဒေသသတင်းများအရ သိရပါတယ်။


၇၃ လမ်း၊ လမ်း ၄၀ နဲ့၄၁ ကြားမှာရှိတဲ့ ကမ္ဘောဇဘဏ်ခွဲကို ဓားပြတိုက်သူ အမျိုးသားဟာ ဘဏ်ထဲက ပိုက်ဆံတွေယူပြီး ပြန်ထွက်ချိန် ဘဏ်မန်နေဂျာနဲ့ လုံခြုံရေးဝန်ထမ်းတစ်ဦးက ဝိုင်းဝန်းဖမ်းဆီးခဲ့စဉ် ဓားပြတိုက်သူက သေနတ်နဲ့ ပြန်ပစ်ခဲ့တာကြောင့် ဘဏ်မန်နေဂျာ လက်မောင်းထိသွားတယ်လို့ သိရပါတယ်။


အဆိုပါကျူးလွန်သူအား ပစ်ခတ်ခဲ့တဲ့ ပစ္စတိုသေနတ်နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌၄။ ဗကသရဲဘော်ဟောင်း ကိုသူရိန်ထက်()ရဲဘော်စည်သူ ကွယ်လွန်ခြင်း ဝမ်းနည်းကြောင်း သဝဏ်လွှာ ထုတ်ပြန်


ဇန်နဝါရီ ၁၁ 

Radio NUG 


မြင်းခြံနည်းပညာကောလိပ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တွင် တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗကသရဲဘော်ဟောင်း ကိုသူရိန်ထက် () ရဲဘော်စည်သူသည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ် ဒေသ)တွင် နိုင်ငံရေးမှူးနှင့် ဒေသပါတီ ကလာပ်စည်းအဖွဲ့ဝင်အဖြစ် တော်လှန်ရေးတာဝန်များအား ထမ်းဆောင်ရင်း ဇန်နဝါရီလ ၁၀ ရက်၊ ၁၁ နာရီခန့်တွင် ကျောက်ကပ်ရောဂါဖြင့် ဆုံးပါးသွားကြောင်း ကြားသိရသဖြင့် ဗကသများအဖွဲ့ချုပ်မှ များစွာ ဝမ်းနည်းကြေကွဲရကြောင်း သတင်းထုတ်ပြန်ပါတယ်။


ရဲဘော်ကိုသူရိန်ထက်သည် ကျောင်းသားထုနှင့် အဖိနှိပ်ခံ ပြည်သူလူထုအကျိုးကို ဦးထိပ်ထား၍ ဗကသများအဖွဲ့ချုပ်၏ တာဝန်ကို ကျေပွန်စွာထမ်းရွက်ခဲ့သည့်အပြင် ကျဆုံးချိန်ထိတိုင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးစိတ်ဓာတ် ခိုင်မာစွာဖြင့် တော်လှန်ရေးလုပ်ငန်းများကို ရွပ်ရွပ်ချွံချွံထမ်း ဆောင်သွားခဲ့သည့် ရဲဘော်အဖြစ် ဗကသများအဖွဲ့ချုပ်မှ မှတ်တမ်းတင်ဂုဏ်ပြုအပ်တယ်လို့ ဖော်ပြထားပါတယ်။


ဗကသများအဖွဲ့ချုပ်အနေဖြင့် ရဲဘော်ကိုသူရိန်ထက်၏ စွန့်လွှတ်ပေးဆပ်မှုများနှင့် ခိုင်မာသည့် တိုက်ပွဲဝင် စိတ်ဓာတ်ကို အစဉ်အလေးထား အမှတ်ရနေမည်ဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးတိုက်ပွဲ၊ အဖိနှိပ်ခံပြည်သူလူထု လွတ်မြောက်ရေးတိုက်ပွဲတို့ကို ပြီးမြောက်အောင်မြင်သည်အထိ ဆင်နွှဲသွားမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၅။ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူကျေးရွာတွင် မယ်တော်ဆုတောင်းပွဲ ပြုလုပ်


ဇန်နဝါရီ ၁၁ 

Radio NUG 


ဇန်နဝါရီလ ၁၁ ရက်နေ့ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူကျေးရွာတွင် ကတ်သလစ်ခရစ်ယာန်ဘာသာဝင်တို့၏ ၁၈ ကြိမ်မြောက် မယ်တော်သခင်မ ဆုတောင်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း KPV Newsမှာ ဖော်ပြထားပါတယ်။


အဆိုပါ ပွဲအကြို အခမ်းအနားအဖြစ် ဇန်နဝါရီလ ၁၀ရက်နေ့ ညပိုင်းတွင် ဆောင်ဒူကျေးရွာရှိ ကလေးငယ်များနှင့် နီးစပ်ရာ စစ်ရှောင်စခန်းများရှိ ကလေးငယ်များက အကအလှများဖြင့် ဖျော်ဖြေခဲ့ကြပြီး ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် မစ္ဆားတရားတော်မြတ် ပူဇော်ခြင်းနှင့် မယ်တော်သခင်မအား ဆုတောင်းခြင်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





========================

========================




🚩🚩 ၁။ ရွှေတဂူ စခန်းသိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့တဲ့ CDM ကျောင်းသား KNDF တပ်ရင်း ( ) စစ်ကြောင်းမှူးရဲ့ ဈာပန ပြုလုပ်


ဇန်နဝါရီ ၁၁ 

Radio NUG 


ဇန်နဝါရီလ ရက်နေ့၊ ဆီဆိုင်မြို့နယ်အတွင်းက ရွှေတဂူစခန်းသိမ်းတိုက်ပွဲမှာ အရေးပါတဲ့ တာဝန်တစ်ခုဖြစ်တဲ့ စစ်ကြောင်းမှူး တာဝန်ယူပြီး ဦးဆောင်တိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်းအမှတ် ( ) မှာ တာဝန်ထမ်းဆောင်နေတဲ့ အသက် (၂၁)နှစ်အရွယ် စစ်ကြောင်းမှူး ဘင်ဂျာမင်ငဲငဲ ရဲ့ ဈာပန အခမ်းအနားကို ဇန်နဝါရီလ ၁၁ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲဟာ စစ်ကောင်စီနဲ့ ပြည်သူ့စစ် (PNO) တပ်သား (၄၀) ကျော်သေဆုံးပြီး လက်နက်ခဲယမ်းမျိုးစုံကို သိမ်းပိုက်ရရှိခဲ့တဲ့ စခန်းသိမ်းတိုက်ပွဲဖြစ်ပါတယ်။


 ဘင်ဂျာမင်ငဲငဲဟာ KNDF တပ်ရင်း ( ) မှာ စစ်ရေးစစ်ရာ အရေးပါတဲ့ တပ်သားတစ်ဦး ဖြစ်တဲ့အပြင် ထူးချွန်ထက်မြတ်တဲ့ စစ်ကြောင်းမှူးတစ်ဦးလည်း ဖြစ်ကာ လေးစားအတုယူထိုက်တဲ့ အာဇာနည်သူရဲကောင်းအဖြစ် တပ်ရင်း ( ) က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။


စစ်ကောင်စီအာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ CDM ကျောင်းသားတစ်ဦး ဖြစ်သလို ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)က ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းကို တက်ရောက်ခဲ့ပြီး တပ်သားတာဝန်ကို ထမ်းဆောင်ခဲ့ကာ အစောပိုင်းကာလမှာ ချေမှုန်းရေးတပ်သားတာဝန်အဖြစ်မှ စစ်ကြောင်းမှူးတာဝန်ယူနိုင်တဲ့အထိ ထူးချွန်ပြောင်မြောက်တဲ့ စစ်ကြောင်းမှူးဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ တပ်ကုန်းမှာ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲခံရပြီး ဦး ဒဏ်ရာရကာ ဦး သေဆုံးနိုင်


ဇန်နဝါရီ ၁၁၊ 

Radio NUG


နေပြည်တော်၊ တပ်ကုန်း မြို့နယ်၊ ရိုးကူး ကျေးရွာမှာ နယ်မြေ ရှင်းလင်းဖို့ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ဦး ဒဏ်ရာရခဲ့ကာ ဦးမှာ သေဆုံးနိုင်တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီ ၃၀ မိနစ်ခန့်မှာ လေကြောင်းရန် ကာကွယ်ရေး တပ်ရင်း (လကတ ၂၀၂၃) မှ ဗိုလ်ကြီး ကောင်းခန့် ဦးဆောင်တဲ့ အင်အား ၁၀ ဦး၊ လေကြောင်းရန် ကာကွယ်ရေး အီလက်ထရောနစ် စစ်ဆင်ရေး တပ်ရင်း (လအရ ) မှ ဗိုလ်ကြီး နေမျိုးဝင်း ဦးဆောင်တဲ့ အင်အား ၁၀ ဦးနဲ့ အမှတ် ၂၅ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ (ရတဖ ၂၅) မှ ရဲအုပ် ဇော်မိုးလွင် ဦးဆောင်တဲ့ အင်အား ၂၆ ဦး ပါဝင်တဲ့ စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက် ခံခဲ့ရတာပါ။


တိုက်ခိုက်မှုအတွင်း မိုင်း လုံး ပေါက်ကွဲခဲ့ပြီး လကတ မှ ဒုတပ်ကြပ် တစ်ဦး၊ တပ်သား ဦးနဲ့ ရဲတပ်သား ဦး တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး လကတ မှ တပ်သားဖြစ်သူဟာ လည်ပင်း ဖောက်ဝင်ဒဏ်ရာ ရခဲ့တာကြောင် သေဆုံး နိုင်ချေ များတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပျူခေါင်းဆောင်နှင့် အုပ်ချုပ်ရေးမှူး ဦးကို PDF ရဲမေများက ဖမ်းဆီး သုတ်သင်ရှင်းလင်း


ဇန်နဝါရီ ၁၀၊ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ မီးကောက်ပင်အုပ်စုက အုပ်ချုပ်ရေးမှူး နှစ်ဦးနဲ့ ပျူ ခေါင်းဆောင်ကို အမျိုးသမီးတပ်စု၊ PDF ရဲမေများက ဖမ်းဆီးသုတ်သင် ရှင်းလင်းခဲ့တယ်လို့ BTZM GBK PDF အဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၁၀ ရက် ညနေ နာရီမှာ မီးကောက်ပင်ရွာ အုပ်ချုပ်ရေးမှူး သိန်းအောင်၊ ပူးတွဲ အုပ်ချုပ်ရေးမှူး ကိုဦး နဲ့ ပျူစောထီးခေါင်းဆောင်အရပ်ဆေးဆရာ မြင့်ထွေးတို့ ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့ရာ ကိုဦးနဲ့ သိန်းအောင်မှာ ထွက်ပြေးလွတ်မြောက် သွားခဲ့တယ်လို့ ဆိုပါတယ်။


ပျူခေါင်းဆောင် မြင့်ထွေးကိုတော့ BTZM GBK PDF ပဲခူးရိုမ အခြေပြုတပ်ဖွဲ့ အမျိုးသမီးတပ်စု ရဲမေများက ဖမ်းဆီးသုတ်သင် ရှင်းလင်းနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းတို့ သုံးဦးဟာ စစ်မှုထမ်းကြေး အဓမ္မ ကောက်ခံခြင်း၊ မပေးနိုင်ပါက ပျူထဲကို ဝင်ရမယ်၊ မဝင်ရင် စစ်မှုထမ်းရမယ်ဆိုကာ ပူးပေါင်းလုပ်ဆောင်နေတာကြောင့် အခုလို သုတ်သင်ရှင်းလင်းခဲ့ရတာလို့ အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ကျောက်တော်မြို့က လူနေထူထပ်ရာ ရပ်ကွက်နဲ့ ဈေးအတွင်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီ ၁၀၊ 

Radio NUG


ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က လူနေထူထပ်ရာ နေရာများဖြစ်တဲ့ မြို့ပေါ်ရပ်ကွက်နဲ့ ဈေးတို့ကို စစ်ကောင်စီ လေတပ်က ရည်ရွယ်ချက် ရှိရှိ ဂျက် တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် နာရီခန့်မှာ တစ်ကြိမ်၊ နာရီ ၁၀ မိနစ်မှာ တစ်ကြိမ်နဲ့ နာရီ ၁၅ မိနစ်မှာ တစ်ကြိမ် သုံးကြိမ်တိုင် ဗုံး ၁၅ လုံးခန့်ကို လာရောက်ကြဲချ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှု ဖြစ်စဉ်အတွင်း ဈေးရောင်း၊ ဈေးဝယ်၊ လမ်းသွား၊ လမ်းလာ အရပ်သား ပြည်သူ တချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာရ ခဲ့တာတွေ ရှိခဲ့ပြီး ဈေးဆိုင်တန်း၊ နေအိမ် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ တနိုင်းရွှေမှော်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၀ ဦး‌ကျော် သေဆုံး


ဇန်နဝါရီ ၁၁ 

Radio NUG 


ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်း ၁၁ နာရီခန့်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ KIA တပ်ရင်း၁၄နယ်မြေများ၊ လပူခ (Lapu Maw) ရွှေမှော်နဲ့ စန်လွန်ရွှေမှော် (Tsan Lun Jamaw) နေရာတွေကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၁၅ ဦးထက်မနည်း သေဆုံးပြီး ၁၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  KNG သတင်းဌာနမှာ ဖော်ပြထားပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုကြောင့် စန်လွန်ရွှေမှော်ထဲက စျေးဆိုင် ခု ပျက်စီးသွားပြီး နောက်ဆက်တွဲ သတင်းတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။


KIA တပ်မဟာ () နယ်မြေဖြစ်သည့် တနိုင်းမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ရွှေနှင့် ပယင်းမှော်များကို ထိန်းချုပ်ထားသည့် နမ်ဗျူတပ်စခန်းကို ၂၀၂၄ ခုနှစ် မေလအတွင်း KIA ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။


========================


🚩🚩 ၆။ ကျိုက်ထိုအခြေစိုက် တပ်မ (၄၄) မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် လူနေအိမ် လုံး ပျက်စီး


ဇန်နဝါရီ ၁၀၊ 

Radio NUG


မွန်ပြည်နယ်၊ ကျိုုက်ထိုမြို့နယ် အခြေစိုက်၊ စစ်ကောင်စီရဲ့ တပ်မ (၄၄) တပ်က ဟောင်ဝစ်ဇာ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ် ခဲ့တာကြောင့် လူနေအိမ် လုံးနဲ့ ဥယာဉ်ခြံများ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၁၀ ရက် မွန်းလွဲ ၂နာရီခွဲ အချိန်မှာ တပ်မ (၄၄) ကနေ ၁၂၀ မမ နဲ့ ဟောင်ဝစ်ဇာ လက်နက်ကြီးများကို အရပ်သားများ နေထိုင်ရာ ကျေးရွာတွေထဲကို ရမ်းသမ်းပစ်ခတ်ခဲ့တာပါ။


အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ငှက်ပျောတော ကျေးရွာမှာ ဦးမောင်စိုးရဲ့ နေအိမ် ထိမှန်ကာ မီးလောင်ပြာကျ ခဲ့တဲ့အပြင် ငွေသား သိန်း ၂၀၀ ကျပ်နဲ့ ရွှေထည် ပစ္စည်းများပါ ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။


အလားတူ ကရဝေးဆိပ်ရွာ အထက်စုက ဦးမောင်နီနဲ့ ဦးကျော်ခိုင်စိုးတို့ရဲ့ နေအိမ် နှစ်လုံးလည်း ထိမှန်ပျက်စီးခဲ့ရကာ သီးပင်စားပင်များနဲ့ ဥယာဉ်ခြံများလည်း ပျက်စီးခဲ့ရပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို သိရပါတယ်။


========================


🚩🚩 ၇။ မူးယစ်ဆေးဝါး သုံးစွဲသူ (၁၃၁) ဦးကို  PSLF/TNLA က အကျင့်စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်


ဇန်နဝါရီ ၁၀၊ 

Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် (TNLA) တပ်မဟာ နယ်မြေ၊ ကျောက်မဲ မြို့နယ်မှာ တအောင်းပြည်အတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က အကျင့် စာရိတ္တ ပြုပြင်ပေးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


၎င်းတို့ဟာ တအောင်းပြည်အတွင်းရှိ မြို့နယ်များကနေ PSLF/TNLA မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး တချို့သော မိဘ ပြည်သူများ ကိုယ်တိုင်က သားများကို အကျင့်စာရိတ္တ ပြုပြင်ပေးရန် လာရောက်အပ်နှံ ခဲ့တာလည်း ရှိတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ရက်နေ့မှာ () လတာ အကျင့်စာရိတ္တ ပြုပြင်ပေး ပြီးခဲ့တဲ့သူများကို ပြန်လွှတ်ပေးခဲ့တာ ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မိဘထံ ပြန်လည်အပ်နှံ ပေးခဲ့တယ်လို့ သိရပါတယ်။


တအောင်းဒေသတွင်း မူးယစ်ဆေးဝါး သုံးစွဲသူများဟာ ပထမအကြိမ် အကျင့်စာရိတ္တ ပြုပြင်ရေးစခန်းကို ပို့ဆောင်ခံရပါက လကြာ ပြစ်မှုခံယူရမှာဖြစ်ပြီး ဒုတိယအကြိမ် ထပ်မံသုံးစွဲပါက နှစ်ကြာ အကျင့်စာရိတ္တ ပြုပြင်ရေး စခန်းကို ပို့ဆောင်ခံရမှာ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ၂၀၂၄ ဇွန်လ ၁၁ ရက်နေ့ကလည်း နမ့်ဆန် မြို့နယ်မှာ မူးယစ်ဆေးဝါး သုံးစွဲသူ ၅၀ ဦးကို PSLF/TNLA မှ အကျင့်စာရိတ္တ ပြုပြင်ပေးခဲ့ပြီး ပြန်လွှတ်ပေးခဲ့ပါသေးတယ်။


========================


🚩🚩 ၈။ ချင်းကာကွယ်ရေးတပ် အရှို ကျမ်းသစ္စာ ကျိန်ဆိုပွဲနှင့် သစ္စာရေ သောက်ခြင်း အခမ်းအနား ကျင်းပ


ဇန်နဝါရီ ၁၀၊ 

Radio NUG


ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) ရဲဘော်သစ်များ ကျမ်းသစ္စာ ကျိန်ဆိုကာ သစ္စာရေ သောက်ခြင်း အခမ်းအနား ကျင်းပခဲ့တယ်လို့ CDF Asho က ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဓါတ်ပုံနဲ့တကွ ထုတ်ပြန် လာတာပါ။


CDF Asho ရဲဘော်သစ်များကငါ၏ အသွေးတစ်စက် အသားတစ်စ ကျန်သည်အထိ ဘုံရန်သူကို ချေမှုန်း တိုက်ခိုက်ပြီး တော်လှန်ရေးနှင့် ပြည်သူလူထုအပေါ် ဘယ်သောအခါမှ သစ္စာမဖေါက်ပါ။ မိမိ ကိုင်ဆောင်သော လက်နက်ဖြင့်လည်း မိမိ ကိုယ်ကျိုးစီးပွားအတွက် အသုံးမပြုပါ။ ဤသစ္စာ ဖေါက်ဖျက်ပါက ကုန်းသွားကုန်းဘေး၊ ရေသွားရေဘေး၊ လေသွားလေဘေး သွားလေရာ ဘဝတစ်လျှောက်လုံး ဘေးတွေ့ပါစေ၊ သွေးပွက်ပွက်အန်၍သေပါစေဟု ချင်းအမျိုးသား အလံတော်နှင့် ချင်းကာကွယ်ရေးတပ် - အရှို ရဲဘော်များရှေ့တွင် ကျမ်းသစ္စာ ကျိန်ဆို၍ ဤသစ္စာရေအား သောက်သုံးပါသည်။ဟု ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment