19 Jan 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG



πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇန်နဝါα€›ီα€œ ( ၁၉ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ မင်းတပ်α€™ှာ α€™ြေα€™ြှုပ်α€™ိုင်းα€›ှင်းα€”ဲ့ α€™ြို့α€žα€”့်α€›ှင်းα€›ေး ဆက်α€œα€€်α€œုပ်ဆောင်၊ α€™ိုင်း ၂၀၀ α€€ျော် α€›ှင်းα€œα€„်းထားပြီး

 

မင်းတပ်α€™ှာ α€…α€…်α€€ောင်α€…ီထောင်ထားတဲ့ α€™ြေα€™ြှပ်α€™ိုင်း α€›ှင်းα€œα€„်းα€™ှု ဆက်α€œα€€်α€œုပ်ဆောင်α€”ေα€α€š်α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် α€žα€α€„်းပြα€”်α€€ြားα€›ေးထဖွဲ့α€˜α€€်α€€ ပြောပါα€α€š်။

 

α€…α€…်α€€ောင်α€…ီထောင်တဲ့ α€™ိုင်းထရေထတွα€€် α€”ှα€…်α€›ာα€€ျော်α€€ို α€›ှင်းα€œα€„်းထားပြီα€œို့ ဆိုပါα€α€š်။

 

α€œα€€်α€›ှိချိα€”်ထိ α€€ျα€”ော်တို့ထနေα€”ဲ့ α€‘α€œုံးပေါင်း ၂၀၀ α€€ျော် α€›ှင်းထားα€α€š်၊ α€’ါပေα€™α€š့် မပြီးα€žေးα€˜ူး၊ ဆက်α€›ှင်းα€–ို့ α€€ျα€”်α€žေးα€α€š်။α€œို့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် α€žα€α€„်းပြα€”်α€€ြားα€›ေးထဖွဲ့α€€ ဇန်နဝါα€›ီ ၁၆ α€›α€€်α€”ေ့ ပြောပါα€α€š်။

 

မင်းတပ်α€™ှာ ပြα€Š်α€žူတွေပြα€”်α€œα€Š် ဝင်α€›ောα€€်α€œာα€”ိုင်α€–ို့ α€€ြိုးα€…ားဆောင်α€›ွα€€်α€”ေα€žα€œို ထဲα€’ီထချိα€”်α€€ို α€žα€€်ဆိုင်α€›ာα€€α€”ေ တရားဝင် ထုတ်ပြα€”်α€žွားα€™α€š်α€œို့α€œα€Š်း ဆိုပါα€α€š်။

 

မင်းတပ်α€™ြို့α€žိα€™်းα€…α€…်ဆင်α€›ေးα€€ိုချင်းα€Šီα€”ောင်α€”ဲ့ထတူ ထာα€›α€€္ခတပ်တော် - AA α€šောα€€ာα€€ွα€š်α€›ေးတပ် - YDF α€šောတပ်တော် - YA α€”ဲ့ α€™ုံα€›ွာခရိုင် PDF တပ်ရင်း ၃ တို့ α€›α€€်ပေါင်း ၄၀ α€€ျော်α€€ြာ ပူးပေါင်း တိုα€€်ပွဲဝင်ခဲ့ပြီး ၂၀၂၄ α€’ီဇင်α€˜ာ ၂၁ α€›α€€်α€”ေ့α€™ှာ α€™ြို့တခုα€œုံးα€€ို ထပြα€Š့်ထဝ ထိα€”်းချုပ်α€”ိုင်ခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ α€…α€…်α€€ိုင်းတိုင်းα€™ှာ NUG α€›ုံးα€…ိုα€€်α€™α€š်α€œို့ဆို

 

ကချင်၊ ချင်း၊ α€›ှα€™်း (α€™ြောα€€်) α€™α€”္α€α€œေး၊ α€™α€€ွေးတိုင်းတို့α€”ဲ့ ထိစပ်α€”ေတဲ့ α€”ိုင်ငံα€‘α€œα€š်ပိုင်း α€…α€…်α€€ိုင်းတိုင်းα€™ှာ ပြα€Š်ထောင်α€…ုထဆင့် α€›ုံးα€…ိုα€€်α€–ို့ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› - NUG α€€ ပြောတဲ့ထကြောင်း Myanmar Now α€›ဲ့ ဇန်နဝါα€›ီ ၁၃ရက် α€žα€α€„်းတပုα€’်α€™ှာ α€›ေးα€žားα€œာပါα€α€š်။

 

ထဝေးα€›ောα€€်ထစိုးα€› α€™α€–ြα€…်α€…ေα€–ို့ ပြα€Š်ပရောα€€် NUG ထစိုးရထဖွဲ့ဝင်တွေ ပြα€Š်တွင်း ပြα€”်α€–ို့ဆိုတဲ့ တိုα€€်တွα€”်းချα€€်α€™ျိုးα€€ို NUG α€šာα€šီα€žα€™္မတ α€’ူဝါα€œα€›ှီα€œα€€ ၂၀၂၄ α€”ှောင်းပိုင်းα€€α€…α€œို့ ဆက်တိုα€€် ပြောဆိုခဲ့တဲ့α€”ောα€€် α€’ီα€žα€α€„်းထွα€€်ပေါ်α€œာတာ α€–ြα€…်ပါα€α€š်။

 

α€…α€…်α€€ိုင်းတိုင်း α€œွတ်α€™ြောα€€်α€”α€š်α€™ြေတွေα€™ှာ ထစိုးရဝန်α€€ြီးတွေα€›ုံးထိုင်α€™α€š့် α€›ုံးခန်းတွေ ထခု ၂၀၂၅ α€•α€‘α€™α€œα€‘α€ွင်း α€–ွင့်α€œှα€…်ပြီး ထရပ်α€˜α€€်ထုပ်ချုပ်α€›ေးα€šα€”္တရား စတင်α€œα€Š်ပတ်တော့α€™α€š်α€œို့ α€–ော်ပြထားပါα€α€š်။

 

NUG α€Ÿာ α€•α€Šာα€›ေးဝန်α€€ြီးα€Œာα€”၊ α€€ာα€€ွα€š်α€›ေးဝန်α€€ြီးα€Œာα€”၊ α€€ျα€”်းα€™ာα€›ေးဝန်α€€ြီးα€Œာα€”၊ α€”ိုင်ငံခြားα€›ေးဝန်α€€ြီးα€Œာα€”၊ α€…ီးပွားα€›ေးဝန်α€€ြီးα€Œာα€”၊ α€žα€α€„်းထချα€€် α€‘α€œα€€်α€”ှင့် α€”α€Š်းα€•α€Šာဝန်α€€ြီးα€Œာနထပါထဝင် ထစိုးရဝန်α€€ြီးα€Œာα€” ၁၇ ခုα€”ဲ့ α€œα€Š်ပတ်α€”ေတာပါ။

 

၂၀၂၅ ခုα€”ှα€…်α€Ÿာ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးရထတွα€€် α€™ိα€™ိα€€ိုα€š်α€€ို ပြုပြင်ပြောင်းα€œဲα€›ေးတွေ စတင်α€›α€™α€š့်α€”ှα€…်α€–ြα€…်α€α€š်α€œို့ α€šာα€šီα€žα€™္မတက ၂၀၂၅ ဇန်နဝါα€›ီ ၇ α€›α€€်α€”ေ့ ပြုα€œုပ်တဲ့ ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€›α€›ဲ့ ၁/၂၀၂၅ α€‘α€…α€Š်းထဝေးα€™ှာ ပြောဆိုပါα€α€š်။

 

ထမျိုးα€žားα€Šီα€Šွတ်α€›ေးထစိုးα€› - NUG α€›ုံးα€…ိုα€€်α€™α€š့် α€…α€…်α€€ိုင်းတိုင်းα€Ÿာ ထိα€”္α€’ိα€šα€”ိုင်ငံ၊ α€”ာဂဒေα€ž၊ မဏိပူရပြα€Š်α€”α€š်တွေα€”ဲ့α€œα€Š်း ထိစပ်α€”ေပါα€α€š်။

 

တဖက်α€™ှာ NUG α€œα€€်ထောα€€်α€™ှာ α€›ှိတဲ့ ပြα€Š်α€žူ့α€€ာα€€ွα€š်α€›ေးတပ်မတော် (α€™α€”္α€α€œေး) α€€α€œα€Š်း α€…α€…်α€€ိုင်းα€™ှာ တပ်α€™α€Ÿာα€‘α€žα€…် တစ်ခုα€–ွဲ့α€…α€Š်းပြီး α€…α€…်ဆင်α€›ေးထရှိα€”်α€‘α€Ÿုα€”်α€€ို တိုးα€™ြှင့်α€–ော်ဆောင်α€žွားα€™α€š်α€œို့ ၂၀၂၄ α€’ီဇင်α€˜ာ ၃၀ α€›α€€်α€”ေ့α€€ α€€ြေα€Šာပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ ကပစ ၂၅ α€›ှိတဲ့ α€œောင်းα€›ှα€Š်α€™ှာ α€…α€…်α€€ောင်α€…ီ α€…α€…်α€€ြောင်းα€€ို တော်α€œှα€”်α€›ေး ထင်ထားα€…ုတွေα€€ တိုα€€်ခိုα€€်

                                                                                                           

α€™α€€ွေးတိုင်း၊ ဆောα€™ြို့α€™ α€›ဲစခန်းထတွင်းα€€α€”ေ α€…α€…်α€€ြောင်းထွα€€်တဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင်တချို့α€”ဲ့ တော်α€œှα€”်α€›ေးထင်ထားα€…ုထကြား α€”ှα€…်α€–α€€်တို၊α€€်ပွဲ α€–ြα€…်ပွားခဲ့α€α€š်α€œို့ PDF – Saw α€€ (ဇန်နဝါα€›ီ ၁၁ α€›α€€်α€”ေ့) α€žα€α€„်းထုတ်ပြα€”်ပါα€α€š်။

 

α€œောင်းα€›ှα€Š်တိုα€€်α€”α€š်ထတွင်း ဂန့်ဂေါခရိုင်ထမှတ် (၃၊ ၅၊ ၆) တပ်ရင်း၊ α€™α€€ွေးတိုင်း Drone တပ်α€–ွဲ့၊ မင်းα€˜ူးခရိုင် တိုα€€်ခိုα€€်α€›ေးထဖွဲတို့α€”ဲ့ α€…α€…်α€€ောင်α€…ီတပ်ထကြား ၂၀၂၄ α€’ီဇင်α€˜ာα€œ ၃၀၊ ၃၁ α€›α€€်α€”ေ့ ထိတွေ့α€™ှုα€–ြα€…်ပွားခဲ့တာα€œို့ ပြောပါα€α€š်။

 

ထဆိုပါ ၂ α€›α€€်တာ တိုα€€်ပွဲထတွင်း α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် တချို့α€žေ၊ဆုံးပြီး α€–α€™်းဆီးα€›α€™ိα€žူတချို့α€›ှိα€α€š်α€œို့α€œα€Š်း PDF – Saw α€€ ထုတ်ပြα€”်ပါα€α€š်။

 

တော်α€œှα€”်α€›ေးထင်ထားα€…ုα€˜α€€်α€€ α€…α€…်α€€ောင်α€…ီ α€œ၊α€€်α€”α€€်ခဲα€šα€™်းတချို့ α€žိα€™်းα€†α€Š်းα€›α€›ှိα€α€š်α€œို့ α€žိရပါα€α€š်။

 

ဆောα€™ြို့α€Ÿာ ချင်းပြα€Š်တောင်ပိုင်း မင်းတပ်၊ α€€α€”်ပက်α€œα€€်α€™ြို့α€”ဲ့ α€™ိုင် ၂၀ ဝန်းα€€ျင်ထကွာα€™ှာ α€α€Š်α€›ှိတာα€–ြα€…်ပြီး ထဲα€’ီα€™ှာ α€…α€…်α€€ောင်α€…ီ α€œ၊α€€်α€”α€€်ပစ္α€…α€Š်းထုတ်တဲ့ α€œောင်းα€›ှα€Š် ကပစ ၂၅ α€›ှိပါα€α€š်။



#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment