21st Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ  ဒူဝါလရှီးလ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

📌၂။အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်းစကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပါဝင်မယ်

📌၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကျွမ်းကျင်အရာရှိများ၊ International Republican Institute (IRI) ဥက္ကဌ၊ CEO တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့

📌၄။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမည်

📌၅။ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ တောင်းဆို

📌၆။ သရက်ချောင်းမြို့နယ် အမှတ် () ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍  ပြည်သူလူထု (၂၀၀၀) ကျော် စစ်ဘေးရှောင်နေရ

📌၇။ တော်လှန်ရေးအတွက် သားတယောက် ပေးဆပ်ခဲ့ရတဲ့ မိခင်တဦးကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေးခဲ့

📌၈။ တရုတ်ညွှန်ကြားချက်အရ "" ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် UWSA စတင်ခွင့်ပြု


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မြန်မာစစ်တပ်နဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူကြောင်း တရုတ် ထုတ်ပြန်

🚩 ၂။ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီး

🚩 ၃။ ဖယ်ခုံတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် အရပ်သား () ဦး ဒဏ်ရာရ

🚩 ၄။ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာရှိ  စားသုံးဆီကြိတ်စက်ရုံ မီးလောင်ဆုံးရှုံး

🚩 ၅။ ဆိတ်ဖြူ ကပစ - ၂၁ တိုက်ခိုက်မှုအတွင်း စကစ အရာရှိ () ဦး နဲ့ စစ်သည် () ဦး သေဆုံးပြီး စက်ရုံ () ခု ပျက်စီး

🚩 ၆။ မြိုင်မြို့နယ်၊ လင်းကတော နယ်‌မြေ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး (၁၆) လုံး ကြဲချတိုက်ခိုက်

🚩 ၇။ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ () ဦး သေဆုံး

🚩 ၈။စစ်ကိုင်းမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် - သင်တန်းဆင်း စစ်ကောင်စီတပ်သား () ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ

🚩 ၉။ အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိသည့် တိုင်းနှင့်ပြည်နယ်တချို့ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အရပ်သားပြည်သူများကို အစုလိုက်သတ်ဖြတ်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ  ဒူဝါလရှီးလ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ်ထံသို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့


အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလသည် အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံဝန်ကြီးချုပ် Dato' Seri Anwar Ibrahim ထံသို့ ဇန်နဝါရီ () ရက်နေ့တွင် သဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

သဝဏ်လွှာတွင် မလေးရှားနိုင်ငံ၏ (၂၀၂၅) အာဆီယံ ဥက္ကဌ အဖြစ် သက်တမ်းစတင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် မလေးရှားပြည်သူများအတွက် နှစ်သစ်ကူးဆုတောင်းကိုပါ ထည့်သွင်းထားပါတယ်။

သဝဏ်လွှာထဲတွင် မလေးရှား - မြန်မာ နှစ်နိုင်ငံကြားက ဆက်ဆံရေးသည် ခိုင်မြဲအရေးပါပြီး အာဆီယံမှတဆင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်‌ရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်လိုကြောင်းလည်း ဖော်ပြထားပါတယ်။

(၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီ () ရက်နေ့သည် မြန်မာပြည်သူများ၏ နွေဦးတော်လှန်ရေးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီ၏ မတရားအာဏာရယူထားခြင်းမှ ဒီမိုကရေစီပြန်ရဖို့ ခုခံကာကွယ်တာ () နှစ်ပြည့် ဖြစ်ကြောင်းနှင့် အဆိုပါကာလတွေအတွင်း စစ်တပ်၏ ရက်စက်ယုတ်မာမှု၊ မြန်မာနိုင်ငံတဝန်းက ပြည်သူလူထုကို အကြမ်းဖက်မှု၊ စီးပွားရေးဆုတ်ယုတ်မှု နိုင်ငံရေးစိန်ခေါ်မှုတွေကြောင့် ပြည်သူတရပ်လုံး ဒုက္ခဆင်းရဲရောက်ခဲ့ရသည်ဟုလည်း သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

ထိုကဲ့သို့ အခက်အခဲများကို မြန်မာပြည်သူလူထုသည် ကြံ့ကြံ့ခံပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဖြစ်အောင် စည်းလုံးစွာ ကြိုးပမ်းခဲ့ကြောင်းရေးသားခဲ့ပြီး နွေဦးတော်လှန်ရေးကာလတွေအတွင်း မလေးရှားနိုင်ငံ၏ မြန်မာပြည်သူများအတွက် ကြိုးပမ်းမှုကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်းနှင့် ဒီမိုကရေစီမိတ်ဖက်အဖြစ် မြန်မာပြည်သူများက မှတ်ယူထားသည်ဟုလည်း ယာယီသမ္မတကြီးက ရေးသားထားပါတယ်။

ယခုနှစ်ဟာ အလှည့်အပြောင်းနှစ်ဖြစ်ကြောင်း၊ ယခုအခါ စစ်တပ်သည် တိုင်းပြည်၏ နယ်မြေထဲက (၂၅) ရာခိုင်နှုန်းထက် လျော့နည်းပြီးသာ ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး အဲ့ဒီ့ရာခိုင်နှုန်းဟာလည်း နေ့စဉ်နဲ့အမျှလျှော့နည်းလျက်ရှိကြောင်း၊  အကြမ်းဖက်စစ်ကောင်စီကင်းစင်သွားသော နေရာဒေသများမှာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေဟာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုပေးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဥပဒေအရရော မြေပြင်အချက်အလက်အရပါ မြန်မာအစိုးရဖြစ်ကြောင်းတို့ကိုလည်း ထည့်သွင်းဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက အစီအစဉ်ချပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခုကို ပြုလုပ်ရန်ကြိုးစားနေခြင်းသည် မြန်မာနိုင်ငံ၏ အခြေအနေများအတွက် နိုင်ငံရေးအဖြေတခု ဖြစ်လာမည်မဟုတ်ဘဲ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ ပိုများလာစေပြီး အိမ်နီးချင်းနိုင်ငံတွေကိုပါ မတည်မငြိမ်ဖြစ်စေသည်အထိ သက်ရောက်လာလိမ့်မည်ဟု ပြောကြားထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဌအနေနှင့် မလေးရှားနိုင်ငံ တာဝန်ကျခြင်းသည် မြန်မာပြည်သူများ၏ စစ်မှန်သော သဘောထားကို ဖော်ဆောင်နိုင်မည့် ရှင်းလင်းပြတ်သားသော ခြေလှမ်းများ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်းသစ်တစ်ခုကို ဖြစ်စေပြီး အဆိုပါ ခြေလှမ်းများတွင် အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားအဖွဲ့များ၊ လူမှုအခြေပြုအဖွဲ့အစည်းများနှင့် တရားဝင်ပိုမိုထိတွေ့ဆက်ဆံကာ မြန်မာပြည်သူလူထု၏ စစ်မှန်သော သဘောထားနှင့်လိုက်လျောညီထွေရှိသော အဖြေများကို ရှာဖွေခြင်းလည်း ပါဝင်လာနိုင်ဖို့ မျှော်လင့်ကြောင်းကိုလည်း ဖော်ပြထားပါတယ်။


========================


📌📌၂။အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်းစကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပါဝင်မယ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ ဧရာဝတီတိုင်း PDF အမှတ် (၂၉) ဗျူဟာ၏အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်းစကားဝိုင်း (Talk Show) အစီအစဥ်ကို ဒီကနေ့ ဇန်နဝါရီလ (၂၁) ရက်၊ မြန်မာစံတော်ချိန် () နာရီအချိန်တွင် ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ စကာဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ဒေါ်ဖြူဖြူသင်းနှင့် တော်လှန်အနုပညာရှင်တချို့ ပါဝင်သွားမယ်လို့ သိရပါတယ်။

အဆိုပါ Talk Show အား Radio NUG နဲ့ သတင်းဌာနများမှ တိုက်ရိုက်ထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။


========================


📌📌၃။ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကျွမ်းကျင်အရာရှိများ၊ International Republican Institute (IRI) ဥက္ကဌ၊ CEO တို့နှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့


အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ ကျွမ်းကျင်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဇန်နဝါရီ (၂၀)​ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

"အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေး ကော်မတီ၏ လေးစားအပ်သော ကျွမ်းကျင် အရာရှိကြီးများနှင့် တရုတ်နှင့် အိန္ဒိယကြား လမ်းဆုံလမ်းခွတွင် တည်ရှိသော မြန်မာနိုင်ငံတွင်း နက်ရှိုင်းသော အကျပ်အတည်းနှင့် ပတ်သက်၍ ဆွေးနွေးခွင့်ရသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီအတွက် ပုံမှန်အဖြစ်အပျက်များအတွက် ဆက်သွယ်ရန် ချန်နယ်တစ်ခု ထူထောင်ရန်လည်း မျှော်လင့်တယ်လို့ ဆိုပါတယ်။

မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုသည် မြန်မာနိုင်ငံအတွက်သာမက ဒေသတစ်ခုလုံး၏ တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် တည်ငြိမ်ပြီး အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ ရည်မှန်းတယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

အလားတူ ဝန်ကြီးသည် International Republican Institute (IRI) ဥက္ကဌ၊ CEOတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ social media ကတဆင့် အခုလို အသိပေးထားပါတယ်။

"International Republican Institute (IRI) ဥက္ကဌ၊ CEO နှင့် ဤလေးစားအပ်သော အဖွဲ့အစည်း၏ ဘုတ်အဖွဲ့ဝင်များနှင့်အတူ အလွန်အကျိုးဖြစ်ထွန်းသော ဆွေးနွေးမှုတွင် ပါဝင်ခွင့်ရခြင်းသည် အခွင့်ထူးတစ်ခုဖြစ်တယ်" လို့ ဝန်ကြီးက ဆိုပါတယ်။

အရေးအကြီးဆုံးကတော့ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့သာမက ရေရှည်ရင်းနှီးမြုပ်နှံမှုအခွင့်အလမ်းတွေ၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတည်ငြိမ်ရေးအတွက်ပါ NDAA Burma Act ကို အပြည့်အဝ အကောင်အထည်ဖော်ဖို့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

IRI တန်ဖိုးမဖြတ်နိုင်သော ခေါင်းဆောင်မှုဖြင့် ခိုင်မာသော မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွက်လည်း မျှော်လင့်တယ်လို့လည်း ဝန်ကြီးက ဆိုထားပါတယ်။


========================


📌📌၄။ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမည်


ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးနှင့် ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ တွေ့ဆုံမယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ်ရုံးက ဇန်နဝါရီ (၂၀) ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးနှင့် ဝန်ကြီးဌာနအကြံပေးဖြစ်သူ ဒေါ်ရွှေရွှေစိန်လတ်တို့သည် ဂျပန်နိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပွဲကို ဖေဖော်ဝါရီလ () ရက်နေ့တွင် အိုဆာကာမြို့ နှင့် () ရက်နေ့တွင် တိုကျိုမြို့တို့၌ အသီးသီး ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။


========================


📌📌၅။ ကြီးထွားလာနေသော ဆိုက်ဘာရာဇ၀တ်မှု နိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန် ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများ တောင်းဆို


မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် လေးနှစ်တာကာလအတွင်း ဖြစ်ပေါ်နေသည့် ပြည်တွင်းစစ်ပဋိပက္ခများ အပေါ် နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများ၏ အမြတ်ထုတ်မှုများကြောင့် လူကုန်ကူးမှု၊ အလွဲသုံးစားလုပ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ လူသတ်မှု၊ အဓမ္မလုပ်အားပေး ခိုင်းစေမှုနှင့် ဆိုက်ဘာ လိမ်လည်မှုများမှာ သိသိသာသာ များပြားလာပြီး စစ်အစိုးရအဆက်ဆက်၏ တရားဥပဒေစိုးမိုးရေးကို လျစ်လျူရှုခြင်း၊ ပွင့်လင်း မြင်သာမှုမရှိခြင်း၊ တာဝန်ခံမှု ကင်းမဲ့ခြင်းနှင့် အကျင့်ပျက် ခြစားခြင်းများကြောင့် မူးယစ်ဆေးဝါး ထုတ်လုပ်မှုနှင့် ရောင်းဝယ်ဖောက်ကားခြင်း အပါအဝင် တရားမဝင် ကျုးလွန်လုပ်ဆောင်မှုများသည် မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ အမြစ်တွယ်လာခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

ကာလရှည်ကြာစွာ ထောက်ပြလာခဲ့သည့် မြန်မာအကြမ်းဖက်စစ်တပ် နှင့် စစ်ကောင်စီသည် ၎င်းတို့၏ နယ်ခြားစောင့်တပ်များ၊ ပြည်သူ့စစ်များ နှင့် အခြားမဟာမိတ်အဖွဲ့များနှင့် အတူ လိမ်လည်လှည့်စားမှု တရားမဝင် ရာဇဝတ်လုပ်ငန်းများတွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်ခြင်းမရှိဟုဆိုသော်လည်း လုံခြုံရေးပေးခြင်း နှင့် အထောက်အကူပြုပေးခြင်းများဖြင့် တိုက်ရိုက်ပါဝင်နေသည်ကို နိုင်ငံတကာအသိုင်းအဝိုင်းက ပိုမိုရှင်းလင်းစွာ မြင်တွေ့နိုင်ပြီလို့လည်း ဖော်ပြထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်း၏အာဏာတည်မြဲရေး အတွက်သာ အာရုံစူးစိုက် လုပ်ကိုင်လျက်ရှိပြီး ယခုကဲ့သို့ အရေးကြီးသော ပြဿနာကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းရန် မစွမ်းဆောင်နိုင်ခြင်း သို့မဟုတ် ဖြေရှင်းလိုသည့်ဆန္ဒမရှိဘူး လို့ ဆိုထားပါတယ်။

ဖက်ဒရယ်ဒီမိုကရေစီ အင်အားစုများအနေဖြင့် မြန်မာနိုင်ငံကို ဒေသတွင်း ပဋိပက္ခများ ပိုမိုဆိုးရွားနိုင်စေသည်သာမက ဒေသတွင်းနှင့် ကမ္ဘာတဝန်းရှိ ပြည်သူများကိုပါ ထိခိုက်စေသည့် ဆိုက်ဘာနှင့် အခြားရာဇဝတ်မှုများ၏ ဗဟိုချက်မ မဖြစ်လာစေရေးအတွက် ကာကွယ်တားဆီးရန် ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချထားကြောင်း ဖော်ပြထားပါတယ်။

အဆိုပါနိုင်ငံဖြတ်ကျော် မှုခင်းများကို ထိရောက်စွာ တိုက်ဖျက်ရန်အတွက် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအိုနှင့် ထိုင်းနိုင်ငံတို့အား ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် မျှဝေခြင်းဆိုင်ရာ ထိရောက်သော လမ်းကြောင်းများကို တည်ထောင်သွားရန် တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ ကျယ်ပြန့်သော နယ်မြေအသီးသီးကို ထိန်းချုပ်ထားသည့် တော်လှန်ရေး ဖယ်ဒရယ် ဒီမိုကရေစီ မိတ်ဖက်အင်အားစုများအနေနှင့် နှစ်နိုင်ငံချင်း ထိတွေ့ဆက်ဆံမှုများမှလည်းကောင်း၊ အာဆီယံ ဒေသတွင်း နှင့် ကုလသမဂ္ဂ၏ အေဂျင်စီများမှလည်းကောင်း နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့် ရှိပြီး ထိုသို့ အတူတကွလုပ်ဆောင်ခြင်းဖြင့် ဆိုက်ဘာရာဇ၀တ်မှုနှင့် လူသားအပေါ် အမြတ်ထုတ်ခြင်း ဆိုင်ရာ ရာဇဝတ်မှုများကို အမြစ်ပြတ်တိုက်ဖျက်နိုင်ကာ တရားမျှတမှုနှင့် တည်ငြိမ်အေးချမ်းသော အုပ်ချုပ်ရေး ပြန်လည် ထူထောင်နိုင်မည် ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌၆။ သရက်ချောင်းမြို့နယ် အမှတ် () ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍  ပြည်သူလူထု (၂၀၀၀) ကျော် စစ်ဘေးရှောင်နေရ


တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်အမှတ် () ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ၍ ပြည်သူလူထု (၂၀၀၀) ကျော် စစ်ဘေးရှောင်နေရတယ်လို့ တောင်ပျောက်တိုက်နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့က ဇန်နဝါရီ (၂၀) ရက်မှာ အသိပေးပါတယ်။

"တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ အမှတ် () ပြည်ထောင်စုလမ်းမကြီးတလျှောက်ရှိ ကျေးရွာများသို့ စစ်ကောင်စီစစ်တပ်က ဇန်နဝါရီလ (၁၃) ရက်မှစ၍ စစ်ကြောင်းထိုးလျှက်ရှိပါတယ်။ စစ်ကြောင်းထိုးရာ အဆိုပါလမ်းမကြီးတလျှောက်ရှိ ဆင်ကျန်း၊ လဘ၊ ပိတိုင်၊ ပြင်းဖြူကြီး၊ ချောက်ချောင်း၊ စုံစင်ဖျား အစရှိသည့် ကျေးရွာများမှ ပြည်သူများသည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရပါတယ်"လို့ ဆိုပါတယ်။

တိုက်နယ်အတွင်းသို့လည်း စစ်ဘေးရှောင် (၄၀၀) ခန့် ရောက်ရှိလာပြီး တောင်ပျောက်တိုက်နယ် အပြင်ဘက်ရှိ ရွာများနှင့် တောတောင်ထဲတွင် ပုန်းရှောင်နေရသူများ အားလုံးပေါင်းလျှင် စစ်ဘေးရှောင် (,၀၀၀) ကျော် ရှိမယ်လို့ ဆိုပါတယ်။

အဆိုပါစစ်ဘေးရှောင်ပြည်သူများအား ၎င်တို့အဖွဲ့အနေဖြင့် တခြားသော ပြည်သူ့အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ လက်လှမ်းမီသမျှ ကူညီမှုများကို လုပ်ဆောင်ပေးလျက်ရှိတယ်လို့ သိရပါတယ်။


========================


📌📌၇။ တော်လှန်ရေးအတွက် သားတယောက် ပေးဆပ်ခဲ့ရတဲ့ မိခင်တဦးကို ဆွဲကြိုးနဲ့ နားကပ် ဂုဏ်ပြုဆင်မြန်းပေးခဲ့


ဓားမဆိုင်း တပ်မတော်နှင့်အတူ ရှေ့တန်း စစ်မြေပြင်မှာ တိုက်ပွဲဝင်ရင်း တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရတဲ့ ရဲဘော် အောင်ပိုင်စိုးရဲ့ မိခင်အား ကျပ်ငွေ (၄၅) သိန်း တန်ဖိုးရှိ ဆွဲကြိုးနဲ့ ကျောက်နီ နားကပ်ကို ဂုဏ်ပြုဆင်မြန်းပေးခဲ့တယ်လို့ စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် အမှတ် (၂၈) တပ်ရင်း ဓားမဆိုင်း တပ်မတော်က ထုတ်ပြန်ထားပါတယ်။

အသက် (၁၈) နှစ် အရွယ် ရဲဘော် အောင်ပိုင်စိုးဟာ စစ်အာဏာရှင်ကို ရွပ်ရွပ်ချွံချွံ တော်လှန်ရင်း တိုက်ပွဲမှာ ကျဆုံးသွားခဲ့ရတာကြောင့် သားဖြစ်သူအတွက် ပူဆွေးသောက ရောက်နေတဲ့ မိခင်ကို ဂုဏ်ပြုပေးတာလို့ ဆိုပါတယ်။

တပ်ရင်းအနေနဲ့ ရှေ့တန်းတာဝန်တွေ ခေတ္တနားထားတဲ့ အခိုက်အတန့်မှာ ကျဆုံးရဲဘော်ရဲ့ မိခင်ကို အခုလို သွားရောက်ပြီး နှစ်သိမ့်ပေးခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။


========================


📌📌၈။ တရုတ်ညွှန်ကြားချက်အရ "" ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ်သန်းခွင့် UWSA စတင်ခွင့်ပြု


တရုတ်ပြည်အစိုးရရဲ့ ညွှန်ကြားချက်အရ "" ကနေ ကိုးကန့်ဒေသဘက်ကို လွတ်လပ်စွာ ကုန်စည်ဖြတ် သန်းခွင့် စတင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း "" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ဦးစီးချုပ်ရုံးမှ ဇန်နဝါရီ (၂၀) ရက်နေ့ရက်စွဲနဲ့ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ ထုတ်ပြန်ချက်ထဲတွင် ကိုးကန့်ဒေသနဲ့ ""ပြည်နယ် ဟိုပန်ကို ဆက်သွယ်ထားတဲ့ ဖောင်ဆိပ်တံတားပေါ်ရှိ မော်တော်ယာဉ်၊ လူနဲ့ ကုန်စည်တွေ ထိန်းချုပ်တာ အပြည့်အဝ လွတ်လပ်ခွင့် ပေးဆောင်ရန် ခွင့်ပြုလိုက်ကြောင်း တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံ ဆိုင်ရာရုံးမှ အကြောင်းကြားစာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့အပြင် (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်နေ့က စတင်ကာ ကိုးကန့်နယ်မြေအတွင်း ကုန်စည်ဖြတ်သန်းခွင့် ပြုလိုက်ပြီး စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းမှအပ သာမန်ပြည်သူတွေရဲ့နေ့စဉ်ထွက်ကုန်နှင့် နေ့စဉ်ဘဝဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းတွေအားလုံးကို ပုံမှန်အတိုင်း ရောင်းဝယ်၊ ဖောက်ကားနိုင်တယ်လို့လည်း ဖော်ပြထားပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး "တရုတ်ရဲ့ မူဝါဒ ဂိတ်ပိတ်မှုကြောင့် ကျွန်တော်တို့ ပြည်အတွင်းမှာ ဆီပြတ်လပ်မှုတချို့ ကြုံခဲ့ပါတယ်။ ဒါပေမယ့် မနေ့ကစတင်ပြီး တရုတ်ကဂိတ်တွေပြန်ဖွင့်လို့ ဆီတွေလည်း တချို့ ပြန်ဝင်နေကြပါပြီ။ အိမ်ဆောက်ပစ္စည်း တချို့လည်း ဝင်လာကြပြီလို့တော့ သိရတယ်။ တခြားစက်ပစ္စည်းတွေတော့ မကြားသေးဘူး" လို့ "" ပြည်သွေးစည်းညီညွှတ်ရေးတပ်မတော် - UWSA ပြောရေးဆိုခွင့်ရှိသူ တာဝန်ခံ ဦးညီရန်းက "" လူငယ့်အသံ ကွန်ရက်ကို ပြောဆိုထားကြောင်း သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။ မြန်မာစစ်တပ်နဲ့ MNDAA တို့ အပစ်အခတ်ရပ်စဲရေး သဘောတူကြောင်း တရုတ် ထုတ်ပြန်


မြန်မာစစ်တပ်နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့သည် ဇန်နဝါရီလ (၁၈) ရက်နေ့က အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ကို တရားဝင် လက်မှတ်ရေးထိုးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားပြီး နှစ်နိုင်ငံ နယ်စပ်အနီးတွင် တိုက်ပွဲများ ရပ်တန့်သွားကြောင်း ရိုက်တာသတင်းဌာနမှာ ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကူမင်းမြို့မှာ နှစ်ဘက် တွေ့ဆုံဆွေးနွေးခဲ့ပြီး ငြိမ်းချမ်းရေး မြှင့်တင်ရေး ကြိုးပမ်းမှုအတွက် ပေကျင်းကို ကျေးဇူးတင်ကြောင်း ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mao Ning က တနင်္လာနေ့ ပုံမှန် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက အခြေအနေကို အေးစေတာက မြန်မာနဲ့ ဒေသတွင်းနိုင်ငံအားလုံးရဲ့ ဘုံအကျိုးစီးပွားဖြစ်ပြီး တရုတ်နဲ့ မြန်မာကြား နယ်စပ်ဒေသတွေရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူဖြစ်စေပါတယ်ဟု Mao Ningက ပြောခဲ့ပါတယ်။

တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေးနှင့် တွေ့ဆုံဆွေးနွေးမှုများကို တက်ကြွစွာ မြှင့်တင်ကာ မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ပံ့ပိုးကူညီမှုများ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဆက်လက်ပြောဆိုထားပါတယ်။


========================


🚩🚩 ၂။ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်မှုများနှင့်လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် နေအိမ်များ မီးလောင်ပျက်စီး


ဇန်နဝါရီလ (၁၉) ရက်နေ့ ညပိုင်းတွင် ရွှေကျီးနားရပ်ကွက်၀န်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု လေးကြိမ် ပြုလုပ်ခဲ့ကြောင်း Banmaw Scout Team မှ သတင်းဖော်ပြထားပါတယ်။

ထို့အပြင် ဇန်နဝါရီလ (၂၀) ရက်နေ့ မနက်ခင်းပိုင်းတွင် ကရင်ကုန်း၊ ပင်စင်ကုန်းနှင့် ရွှေကျီးနားရပ်ကွက် ၀န်းကျင်‌တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုရှိနေပြီး နေအိမ်များမီးလောင်ပျက်စီးမှုရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့များသည် ဗန်းမော်မြို့ စကခ (၂၁) ဗျူဟာကုန်း၊ ဗျူဟာကုန်း အဝင်ပေါက်နှင့် တစ်မိုင်ဝန်းကျင် အကွာရှိ ညောင်ပင်ရပ် တောင်လေးလုံး ဘုန်းတော်ကြီးကျောင်းနှင့် အဆိုပါလမ်းရှိ Galaxy KTV ဝန်းကျင်၊ ဗန်းမော် မိုက်ခရိုဝေ့ဗ်ရုံးဝန်းကျင်၊ ဗန်းမော်တက္ကသိုလ်၊ ဆေးတပ်၊ ထောက်ပို့နှင့် ဆက်သွယ်ရေးတပ်နှင့် ခလရ (၄၇) တို့တွင် အထိုင်ချတပ်စွဲပြီး မြို့တွင်းကို ပစ်ခတ်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

ကမ်းနားလမ်းရှိ နေအိမ်များ မီးလောင်ပျက်စီးသည်ဆိုသော သတင်းမှာ မှန်‌ကန်ကြောင်းလည်း အတည်ပြုထားပါတယ်။


========================


🚩🚩 ၃။ ဖယ်ခုံတွင် စစ်ကောင်စီ လက်နက်ကြီးကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် အရပ်သား () ဦး ဒဏ်ရာရ


ကရင်နီပြည် အရှေ့ဘက်ကမ်းက လွယ်ပေါ နှင့် နမ့်ပေါ်လုံ ကျေးရွာတို့မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် အရပ်သား () ဦး ဒဏ်ရာရရှိ ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၁၈) ရက်နေ့ ညနေ () နာရီ ဝန်းကျင်မှာ ဖယ်ခုံ အခြေစိုက် စစ်ကောင်စီတပ်ကနေ လက်နက်ကြီးများ အကြောင်းမဲ့ ပစ်ခတ်ခဲ့တာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး အပါအဝင် ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်လည်း ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ (၂၀) ရက်နေ့ မနက်ပိုင်းမှာလည်း ပြည်သူများ တောင်ယာပြုလုပ်နေတဲ့ ယာခင်းထဲကို လက်နက်ကြီး () လုံး ထပ်မံကျရောက်ခဲ့သေးတယ်လို့ သိရပါတယ်။

ဖယ်ခုံ အခြေစိုက် စစ်ကောင်စီ အမြောက်တပ်က ပြည်သူများကို ဦးတည်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်နေတာကြောင့် သတိဖြင့် သွားလာကြရန်နှင့် ဗုံးခိုကျင်းများ ပြုလုပ်ထားကြဖို့ကို တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၄။ အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ယင်းမာပင်မြို့နယ် ကျောက်မှော်ကျေးရွာရှိ  စားသုံးဆီကြိတ်စက်ရုံ မီးလောင်ဆုံးရှုံး


ဇန်နဝါရီ (၁၉) ရက်ည (:၅၀) အချိန်ခန့်တွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ပစ်ခတ်သော လက်နက်ကြီးကျရောက်၍ ကျောက်မှော်ကျေးရွာရှိ စားသုံး ဆီကြိတ်စက်ရုံ မီးလောင်ဆုံးရှုံးမှုနှင့် နေအိမ်အုတ်တံတိုင်းထိခိုက်မှုများရှိခဲ့ကြောင်း တပ်ရင်း - ၂၇ သတင်း၊ ဆက်သွယ်ရေးနဲ့ ပြန်ကြားရေးဌာနက အသိပေးဆိုပါတယ်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)မှ အကြမ်းဖက်စစ်ကောင်စီက ဇန်နဝါရီ (၁၉) ရက် (:၃၀) အချိန်မှစတင်၍ ပစ်ခတ်တိုက်ခိုက်မှု ()ကြိမ်တိတိ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

(၂၀၂၅) နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများကို ဇန်နဝါရီ () ရက်မှစတင်ကာ အရပ်သားပြည်သူများအပေါ် အဓိကထား တိုက်ခိုက်လျက်ရှိပြီး အရပ်သားပြည်သူ () ဦး အထိ ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၅။ ဆိတ်ဖြူ ကပစ - ၂၁ တိုက်ခိုက်မှုအတွင်း စကစ အရာရှိ () ဦး နဲ့ စစ်သည် () ဦး သေဆုံးပြီး စက်ရုံ () ခု ပျက်စီး


မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ကပစ - ၂၁ စက်ရုံအား တိုက်ခိုက်ခဲ့တဲ့ BWM Mission - 31 အတွင်း စစ်ကောင်စီအရာရှိ () ဦးနဲ့ စစ်သည် () ဦး သေဆုံးခဲ့တယ်လို့ Brave Worrior Myanmar က သတင်းထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၁၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီရဲ့ အမှတ် - ၂၁ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးစက်ရုံကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှုအတွင်း အရာရှိ () ဦးနဲ့ စစ်ကောင်စီ တပ်သား () ဦး သေဆုံးခဲ့ပြီး () ဦး ဒဏ်ရာရ ခဲ့တယ်လို့ နောက်ဆက်တွဲ ထိခိုက်သေဆုံး၊ ပျက်စီးမှု စာရင်းကို ထုတ်ပြန်လာတာပါ။

ထို့အပြင် အမှတ် (၁၀၆) (၁၀၉) နဲ့ (၂၀၁) စက်ရုံတို့ကို ထိမှန်ပေါက်ကွဲခဲ့ပြီး ထုတ်လုပ်ပြီးတဲ့ ဗုံးသီးများ ယာယီ သိုလှောင်ထားတဲ့ Technical Store () ခု ပျက်စီးခဲ့ပြီး ယမ်းချက်တဲ့ ဂိုဒေါင် တခုလည်း အချိန်အတော်ကြာ ငြိမ်းသတ်မရဘဲ မီးလောင်နေခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၆။ မြိုင်မြို့နယ်၊ လင်းကတော နယ်‌မြေ ရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီး (၁၆) လုံး ကြဲချတိုက်ခိုက်


မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လင်းကတော နယ်မြေရဲစခန်းကို ဒရုန်းဖြင့် ဗုံးသီးကြဲချတိုက်ခိုက်ခဲ့တယ်လို့ Eagle Brigade (Anyar Eagles) က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက် (၁၀း၀၅) နာရီခန့်မှာ ပခုက္ကူ နှင့် မြိုင်အစပ်က လင်းကတော နယ်မြေရဲစခန်းကို မီးလောင်ဗုံး အပါအဝင် ဗုံးသီး (၁၆) လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Eagle Brigade (ANyar Eagles) Eagle Fighters (Myaing) MPL နဂါးနီ အဂ္ဂ ရေစကြို (Phoenix) နှင့် ပခုက္ကူခရိုင် တပ်ရင်း - ၁၀ တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုအရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။


========================


🚩🚩 ၇။ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တိုက်ပွဲဖြစ်ပွားရာ စစ်တပ်ဘက်မှ () ဦး သေဆုံး


မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း - ပဒါန်းလမ်းပိုင်း တစ်နေရာတွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ (၉၉) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၅) ဦးနှင့် အရှိုချင်း ကာကွယ်ရေးတပ် (ACDF) မှ တပ်စိတ် () စိတ်တို့နှင့် ဇန်နဝါရီလ (၁၉) ရက်နေ့၊ ညနေ (၄း၀၀) နာရီ မှ (၅း၁၅) နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ACDF မှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး MA - 1 သေနတ် သုံးလက်၊ ကျည်ဆံနှင့် ကျည်အိမ်များ သိမ်းဆည်းရမိကာ ACDF ရဲဘော်များ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။စစ်ကိုင်းမြို့နယ်တွင် စစ်မှုထမ်းအပတ်စဉ် - သင်တန်းဆင်း စစ်ကောင်စီတပ်သား () ဦး လက်နက်ခဲယမ်းနှင့်အတူ အလင်းဝင်လာ


စစ်ကိုင်းမြို့နယ်တွင် တပ်မ - ၃၃ လက်အောက်ခံ၊ နုံးတော၌ တာဝန်ကျနေသူ စကစ စစ်မှုထမ်း အပတ်စဉ် - သင်တန်းဆင်း စစ်ကောင်စီ တပ်သား ကိုချစ်သူသည် ဇန်နဝါရီလ () ရက်နေ့က လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်ခဲ့ကြောင်း ဇန်နဝါရီလ (၂၀) ရက်နေ့မှာ မုံရွာခရိုင်အမှတ် - ၂၅ တပ်ရင်း၊ သံမဏိ Force တပ်ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

၎င်းသည် MA 1 သေနတ် တစ်လက် ကျည်ဘောက် ဘောက် ကျည်အတောင့် ၁၀၀ နှင့်အတူ အလင်းဝင်ခဲ့တာဖြစ်ပြီး PDF တပ်ဖွဲ့ဝင်အဖြစ် ဆက်လက်ရပ်တည်ကာ အာဏာရှင်ကို တိုက်ခိုက်သွားရန် ဆန္ဒရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

မုံရွာခရိုင်အမှတ် - ၂၅ တပ်ရင်း၊ သံမဏိ Force တပ်ဖွဲ့ရှိ အကိုဖြစ်သူကို ဆက်သွယ်ကာ အလင်းဝင်လာတာဖြစ်ပြီး တပ်မ - ၃၃ ကနေ ရွှေဘို၊ ကျောက်မြောင်းကို လမ်းကြောင်းမကောင်းလို့ စစ်ကိုင်းနဲ့ မြင်းမူကြားက နုံးတောဂိတ်မှာ တာဝန်ချခံရတဲ့အချိန်မှာ သွားခေါ်ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာသူ စစ်မှုထမ်းတပ်သား ကိုချစ်သူသည် ပေါ်တာဆွဲခံရမှုကြောင့် စစ်မှုထမ်းသင်တန်း အပတ်စဉ် - ကို တက်ရောက်ခဲ့ရသူဖြစ်ပြီး မုံရွာခရိုင် တပ်ရင်း ၂၅ - သံမဏိတပ်ဖွဲ့တွင် PDF တပ်ဖွဲ့ဝင်အဖြစ် ဆက်လက် တာဝန်ထမ်းဆောင်သွားမည်ဖြစ်ကာ လက်နက်ခဲယမ်းများ ယူဆောင်လာနိုင်တဲ့အတွက် ဆုငွေ ကျပ်သိန်း (၅၀) ချီးမြှင့်ပေးမယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်၌ တာဝန်ထမ်းဆောင်နေရသော စစ်သားများ၊ ရဲများ၊ ပြည်သူ့စစ်မှုထမ်းအဖြစ်ဖြင့် ဝင်ရောက်လုပ်ကိုင်နေရသူ စစ်သားများအနေဖြင့် အလင်းဝင်ရောက်မည်ဆိုပါက မည်သည့်နေရာ၊ မည်သည့်အချိန်၊ မည့်သည့်အခြေအနေမဆို ရအောင်ကယ်ထုတ်ပေးမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။


========================


🚩🚩 ၉။ အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိသည့် တိုင်းနှင့်ပြည်နယ်တချို့ရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး အရပ်သားပြည်သူများကို အစုလိုက်သတ်ဖြတ်နေ


AAPP ရဲ့ ဇန်နဝါရီလ (၂၀) ရက်နေ့ ထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်အုပ်စုက ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း အစရှိသည့် တိုင်းနှင့် ပြည်နယ်တချို့ရှိ ကျေးရွာများကို စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သားပြည်သူများကို သတ်ဖြတ်ခြင်း၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ နေ့စဉ်နီးပါး လုပ်ဆောင်လျက်ရှိတယ်လို့ သိရပါတယ်။

ဇန်နဝါရီလ (၁၆) ရက်နေ့က ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ပြီး အရပ်သား (၁၀) ဦးကျော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။

ဇန်နဝါရီလ (၁၈) ရက်နေ့ကလည်းမကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ ကျောင်းကုန်းကျေးရွာနှင့် သံပုရာခြံကျေးရွာတို့ကို စစ်အုပ်စုတပ်က ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် လူနေအိမ် (၃၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

၎င်းအပြင် အကြမ်းဖက်စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေသည့် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ဘောမိကျေးရွာကိုလည်း စစ်အုပ်စုက ဇန်နဝါရီလ (၁၇) ရက်နေ့ကတည်းက လေကြောင်းဖြင့် တောက်လျှောက်ပစ်ခတ်ခဲ့သောကြောင့် အိမ်ခြေ (၂၀၀) ကျော်သည့် ဘောမိကျေးရွာ တရွာလုံးနီးပါး နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution





Share:

No comments:

Post a Comment