26th Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

📌 ⁨⁨⁨၂။ ဦးကိုကိုကြီး၊  ဒေါက်တာအေးမောင်တို့၏ ပါတီများ အပါအဝင်  နိုင်ငံရေးပါတီက စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြံပြုတိုက်တွန်းတယ်လို့ စစ်ကောင်စီက ထုတ်ပြန်

📌 ⁨⁨⁨၃။ သာယာဝတီခရိုင်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ မထွက်ပြေးရန် အရက်၊ မူးယစ်ဆေး  ဖဲဝိုင်းများ စစ်တပ်က စီစဉ်ပေး

📌 ⁨⁨⁨၄။ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းကြောင့် ကလေးတွေ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တောင်ပိုင်း စစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထက်မနည်း ဒဏ်ရာရ

🚩 ၂။ ပြည်သူ တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး  

🚩 ၃။ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာတဲ့ စစ်ကောင်စီကား စီးပါ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့

🚩 ၄။ ကျောက်မဲဆေးရုံကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းများ အပါအဝင် အရပ်သား ဦး သေဆုံးပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာရ

🚩 ၅။ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ရေကြည်ဦးရွာတောင်ဘက်သို့ စစ်တပ်မှ Drone 3 စီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ခရီးသည်ယာဉ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်မှ () ဦး ဒဏ်ရာရ

🚩 ၆။ ပအိုဝ်းဒေသက PNLA နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး အဆိပ်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် 

🚩 ၇။ ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================



📌📌 ⁨⁨⁨၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


ဇန်နဝါရီ ၂၅ 

Radio NUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သတင်းစာရှင်းလင်းပွဲတရပ်ကို ဇန်နဝါရီလ ၂၉ရက်နေ့၊ မြန်မာစံတော်ချိန် နံနက် ၁ဝ နာရီတွင်  ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်း ရရှိပါတယ်။


သတင်းစာရှင်းလင်းပွဲကို Facebook စာမျက်နှာများမှ တိုက်ရိုက် live လွှင့်သွားမည်ဖြစ်ပြီး NUG Online Zoom Venueနဲ့ ကျင်းပသွားမယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨၂။ ဦးကိုကိုကြီး၊  ဒေါက်တာအေးမောင်တို့၏ ပါတီများ အပါအဝင်  နိုင်ငံရေးပါတီက စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြံပြုတိုက်တွန်းတယ်လို့ စစ်ကောင်စီက ထုတ်ပြန်


ဇန်နဝါရီ ၂၅ 

Radio NUG 

 

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်မှုထမ်းအရေအတွက်ကို ဇန်နဝါရီလ ၂၄ ရက်နေ့ စစ်ကောင်စီ၏ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကော်မတီနှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့အကြား နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးရာတွင်  ဦးကိုကိုကြီး ဦးဆောင်သော ပြည်သူ့ပါတီနှင့် ဒေါက်တာအေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP တို့ ပါဝင်တက်ရောက်သော  နိုင်ငံရေးပါတီများအစုအဖွဲ့က စစ်မှုထမ်း အရေအတွက် တိုးမြှင့်ခေါ်ယူရေး အကြုံပြုတိုက်တွန်းထားကြောင်း  စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၃ ရက်နဲ့ ၂၄ ရက်က နိုင်ငံရေးပါတီတွေနဲ့ NSPNC တို့ နေပြည်တော်မှာ နှစ်ရက်ကြာ တွေ့ဆုံခဲ့တဲ့ အဲဒီဆွေးနွေးပွဲမှာ နိုင်ငံရေးပါတီအစုအဖွဲ့ရဲ့ အလုပ်အဖွဲ့ခေါင်းဆောင် တစ်ချိန်က ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်အဖြစ် ထင်ရှားခဲ့တဲ့ ဦးကိုကိုကြီးနဲ့ ရခိုင်နိုင်ငံရေးသမား ဒေါက်တာအေးမောင်အပါအဝင် စစ်ကောင်စီ အသိအမှတ်ပြုထားတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကာ စစ်ကောင်စီရဲ့ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နဲ့ ကော်မတီအဖွဲ့ဝင်တွေ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တွေ့ဆုံဆွေးနွေးချက်များကို စစ်ကောင်စီနှင့် နိုင်ငံရေးပါတီအစုအဖွဲ့တို့ အပါအဝင်  နှစ်ဖက်စလုံးက အတည်ပြု လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။


စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရတဲ့ အမှုပေါင်း ၁၁၆၀ ရှိပြီး ဖမ်းဆီးခံရသူပေါင်း ၂၂၇၆၅ ယောက် ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨၃။ သာယာဝတီခရိုင်တွင် ပေါ်တာဆွဲ ဖမ်းဆီးထားသော လူငယ်များ မထွက်ပြေးရန် အရက်၊ မူးယစ်ဆေး  ဖဲဝိုင်းများ စစ်တပ်က စီစဉ်ပေး


ဇန်နဝါရီ ၂၅ 

Radio NUG


ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ သာယာဝတီမြို့နယ် လက်ပံတန်းမြို့နယ် မင်းလှမြို့နယ် အုတ်ဖိုမြို့နယ် မိုးညိုမြို့နယ် ကြို့ပင်ကောက်မြို့နယ်၊ နတ်တလင်းမြို့နယ်နှင့် ဇီးကုန်းမြို့နယ်တို့ရှိ ကျေးရွာများမှ ပေါ်တာဆွဲ ဖမ်းဆီးခံရသော လူငယ်များ  မထွက်ပြေးရန်အတွက် အရက်နှင့် မူးယစ်ဆေး သုံးစွဲခွင့်အပြင် လောင်းကစားအဖြစ် ဖဲဝိုင်းများပါ စီစဉ်ခွင့်ပြုပေးထားကြောင်း ဒေသသတင်းရင်းများအရ သိရပါတယ်။


လူငယ်များကို  မြို့နယ်ထွေ/အုပ်ရုံးနှင့် တပ်ရင်းများတွင်  ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။


မင်းလှမြို့နယ်နဲ့ အုတ်ဖိုမြို့နယ်တွေအပြင် ကျန်တဲ့ မြို့နယ်တွေလည်း အဲလိုမျိုးတွေ ခွင့်ပြုပေးနေတယ်လို့ သိရပါတယ်။ 


အကြမ်းဖက် စစ်တပ်သည် သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများကို အလှည့်ကျ စစ်မှုထမ်း အပတ်စဉ်အလိုက် လူပြည့်မီအောင် ဖမ်းဆီးနေပါတယ်။


========================


📌📌 ⁨⁨⁨၄။ ပဋိပက္ခဖြစ်ပွားရာ ဒေသများမှာ လေကြောင်းဗုံးကြဲ တိုက်ခိုက်ခံရခြင်းကြောင့် ကလေးတွေ ပညာရေးအခွင့်အလမ်းများ ဆုံးရှုံးနေ


ဇန်နဝါရီ ၂၅ 

Radio NUG 


၂၀၂၁ စစ်အာဏာသိမ်းမှု ကြိုးပမ်းစဉ်ကတည်းက မြန်မာစစ်အုပ်စုရဲ့ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်မှတ်ခွဲခြားမှုမရှိသော လေကြောင်းတိုက်ခိုက်မှုများကြောင့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အအုံများ၊ စာရေးကိရိယာများ၊ ကျောင်းနှင့် ပညာရေးဆိုင်ရာ ကူညီထောက်ပံ့မှုများ ပျက်စီးစေပြီး၊ အပြစ်မဲ့ ဆရာ/မများနဲ့ ကလေးငယ်များပါမကျန် အသက်ဘေးမှ ရင်ဆိုင်နေရကြောင်း သွေးစွန်းငွေမှာ ဖော်ပြထားပါတယ်။


သုတေသနစာတမ်းအရ ကလေးတွေ စာသင်ကျောင်းထဲ ရှိနေစဉ်အတွင်း မြန်မာစစ်အုပ်စုရဲ့ ဗုံးကြဲတိုက်ခိုက်မှု အနည်းဆုံး တစ်ကြိမ်စီ ရှိခဲ့တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။


ကရင်နီပြည်နယ်တွင် ၂၀၂၄ ခုနှစ်ထဲမှာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ကလေးငယ် () ဦး အသက်ဆုံးရှုံးခဲ့ရပြီး အများအပြား ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ စစ်ကိုင်းတိုင်းမှာလည်း စစ်လေယာဉ်ရဲ့ ဗုံးကြဲမှုကြောင့် ကလေးငယ် အနည်းဆုံး (၁၁) ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။


မြန်မာစစ်အုပ်စုဟာ တစ်နေ့ထဲမှာပဲ စာသင်ကျောင်း () ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောင်းတစ်ကျောင်းက ကလေးငယ် () ဦးဟာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်နီဒေသမှ ပညာရေးနှင့် ဆေးဖက်ဆိုင်ရာ ကူညီပေးနေသူတစ်ဦးက ပြောဆိုထားပါတယ်။


ပဋိပက္ခဖြစ်ပွါးရာ နေရာများမှ ကလေးငယ်တွေနဲ့ မိသားစုတွေဟာ စာသင်နေစဉ်မှာပင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေနဲ့ စိတ်မလုံခြုံမှုတွေကို ခံစားနေရတဲ့အပြင် စာသင်ကျောင်းတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတွေနဲ့ တိုက်ပွဲတွေကြောင့် ကလေးငယ်အပါအဝင် ဒေသခံပြည်သူတွေဟာ စဉ်ဆက်မပြတ် နေရာပြောင်းရွှေ့နေကြရပြီး စာသင်ကျောင်းတွေကိုလည်း ပုံမှန် ဖွင့်လှစ်သင်ကြားနိုင်မှု မပြုလုပ်နိုင်တာ‌ကြောင့် မိဘတွေဟာလည်း ကလေးငယ်တွေကို စာသင်ကျောင်းတွေ မပို့ရဲတော့တဲ့အတွက် ကလေးငယ်တွေရဲ့ ပညာသင်ယူခွင် တောက်လျှောက်ဆုံးရှုံးနေရပါတယ်။ 


ချင်းပြည်နယ်တွင် လေကြောင်းဗုံးကြဲခံရပြီးတိုင်း မိဘတွေဟာ ကလေးငယ်တွေကို ကျောင်းပြန်ပို့ဖို့ စည်းရုံးရ ခက်ခဲတာတွေ ဖြစ်တယ်လို့ ဆိုပါတယ်။ 


ကရင်နီဒေသက လေကြောင်းတိုက်ခိုက်ခံရမှုမှ အသက်ရှင်လွတ်မြောက်ခဲ့သူတစ်ဦးကကလေးငယ်တွေရော မိဘတွေပါ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ရှိနေကြပြီး တချို့မိဘတွေဆို သူတို့ရဲ့ ကလေးငယ်တွေကို ကျောင်းကို မပို့ချင်တော့တာလို့ ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================






🚩🚩 ၁။ တောင်ပိုင်း စစ်ဒေသမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး ထက်မနည်း ဒဏ်ရာရ


ဇန်နဝါရီလ ၂၅ ရက်၊ 

Radio NUG


ပြည်သူ့ကာကွယ်ရေး တပ်မတော် PDF တောင်ပိုင်းစစ်ဒေသမှာ တစ်ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်သား ၂၇ ဦး သေဆုံးခဲ့ကာ ၂၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ တောင်ပိုင်း စစ်ဒေသက သတင်း ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ ရက်တာ ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF KNU/KNLA နဲ့ တခြားသော တော်လှန်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး စစ်ကောင်စီတပ်ကို ၁၆ ကြိမ်ခန့် သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်သား ၂၇ ဦး သေဆုံးခဲ့ပြီး ၂၂ ဦး နှင့်အထက် ဒဏ်ရာရရှိခဲ့တယ်လို့ အတည်ပြု နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


ပြည်သူ့ကာကွယ်ရေး တပ်ဘက်မှလည်း တပ်ဖွဲ့ဝင် ဦး ကျဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အနည်းငယ် ရှိခဲ့တယ်လို့ သိရပါတယ်။


ဇန်နဝါရီလ ၂၃ ရက်မှာ တောင်ပိုင်း စစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂၊ တပ်ရင်း ၃၇၀၃၊ တောကျီးကန်း ကောင် စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrior Drone Team ကွန်မန်ဒိုတပ်ရင်း ဒရုန်းအဖွဲ့၊ တပ်ရင်း ၃၇၀၃ ဒရုန်းအဖွဲ့တို့ ပူးပေါင်းပြီး ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းရွာ၊ ဆွဲဒလဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် စစ်ကောင်စီ တပ်ဘက်မှ MA သေနတ် လက်၊ ကျည်ဘောက် ၁၀ ခု၊ G-3 လက်၊ ကျည်ဘောက် ခု၊ အူဇီ လက်၊ ကျည်ဘောက် ခုနဲ့ ကျည်များကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပြည်သူ တစ်ဦးရဲ့ နေအိမ်ကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ကြားဖြတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံး  


ဇန်နဝါရီလ ၂၅ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ချောက်မြို့နယ်၊ ပွင့်လင်းကျေးရွာမှာ ပြည်သူတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး အဆင့် ဦး သေဆုံးပြီး ၁၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရခဲ့တယ်လို့ အာဠာဝက မြို့ပြပြောက်ကျားတပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ၊ ၂၃ ရက်၊ ကြာသပတေးနေ့မှာ ပြည်သူတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ပြန်ထွက်လာတဲ့ အင်အား ၆၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ဗိုလ်မှူး အဆင့်ရှိသူ ဦး နေရာမှာပဲ သေဆုံးသွားခဲ့ပြီး ၁၅ ဦးခန့် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ကနဦး သိရပြီး အရေအတွက် အတိအကျကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


၎င်းတိုက်ခိုက်မှုကို အာဠာဝက မြို့ပြပြောက်ကျား တပ်ဖွဲ့ ချောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ချောက် .က.) မကွေးခရိုင် အမှတ် () တပ်ရင်း မကွေးခရိုင် အမှတ် () တပ်ရင်း Chauk Guerrila Force ( CGF ) ရေနံချောင်း ဖေကံကောင်း (LPDF) အဖွဲ့ မကွေးခရိုင် ခွဲ () Burma Revolution Rangers အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဘက်က အင်အားပြန်လည် စုစည်းကာ တော်လှန်ရေး တပ်ဖွဲ့များ ရှိရာ နယ်မြေများကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ပြီး ဇန်နဝါရီလ၊ ၂၄ ရက်မှာ အဆိုပါ စစ်ကြောင်းဟာ ပြန်လည်ဆုတ်ခွာ သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဝမ်ပေါင် ကုမ္ပဏီမှ ထွက်လာတဲ့ စစ်ကောင်စီကား စီးပါ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့


ဇန်နဝါရီလ ၂၅ ရက်၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ဝမ်ပေါင် ကုမ္ပဏီက ထွက်လာတဲ့ ကြေးနီတွဲကား ၄၆ စီးနဲ့ စစ်ကောင်စီ စစ်ကား စီးပါ ကားတန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Area 71 PDF Monywa က ထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီလ ၂၅ ရက် မနက် ၁၀ နာရီ ၅၇ မိနစ်မှာ အဆိုပါ ကြေးနီကားတန်းကို မုံရွာ-ချောင်းဦး လမ်းပိုင်း တနေရာမှာ အသင့်ပြင်ထားတဲ့ မိုင်းပွိုင့်ကို ခက်ခက်ခဲခဲ သွားရောက်ပြီး ပဒေသာ ပေါက်စီမိုင်း လုံး တစ်ပွိုင့်ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


မိုင်းထိမှန်ခဲ့တာကြောင့် ကြေးနီသယ် တွဲကား တစ်စီးမှာ လမ်းဘေးမှာ ထိုးရပ်သွားခဲ့ပြီး လမ်းဘေးမှာ ကင်းပုံးဝတ်နေတဲ့ စစ်ကောင်စီ တပ်သားများက ၆၀ မမ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီ ကင်းပုန်းများက တရစပ် ပစ်ခတ်နေတဲ့ကြားက တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက် သေဆုံးမှုကို ဆက်လက်စုံစမ်း နေဆဲဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် .က. ဖောက်ခွဲရေး အဖွဲ့ Area 71 PDF Monywa နယ်စည်းမခြား လက်နက်ကြီး တပ်ဖွဲ့၊ ကမျဉ်းနီ (KMN) အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ကျောက်မဲဆေးရုံကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဝန်ထမ်းများ အပါအဝင် အရပ်သား ဦး သေဆုံးပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာရ


ဇန်နဝါရီလ ၂၅ ရက်၊ 

Radio NUG


ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအောင်းတပ်မတော် TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေ၊ ကျောက်မဲမြို့နယ်က ပြည်သူ့ဆေးရုံကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ဆေးရုံ ဝန်ထမ်းများ အပါအဝင် အရပ်သား ဦး သေဆုံးပြီး  ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


ကျောက်မဲ ဆေးရုံကို စစ်ကောင်စီ တပ်က ဇန်နဝါရီလ ၂၅ ရက်နေ့ နေ့လည် နာရီ ၂၅ မိနစ်နဲ့ ၂၉ မိနစ် တို့မှာ ဂျက်ဖိုက်တာနဲ့ ကြိမ်တိုင် ဗုံး လုံး လာရောက် ကြဲချ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ 


ဗုံးကြဲတိုက်ခိုက်မှုအတွင်း လူနာများကို ဆေးကုပေးနေတဲ့ CDM ဆေးဆရာမ ဦးနှင့် လူနာ ဦး သေဆုံးခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ၁၉၇၆ ခုနှစ်က ဆောက်လုပ်ခဲ့တဲ့ ကုတင် (၁၅၀) ဆန့် ကျောက်မဲမြို့ ပြည်သူ့ဆေးရုံဟာလည်း တစ်ခုလုံး ပြိုကျ ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဗုံးကြဲတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာ ရခဲ့သူများကို PSLF/TNLA  ရဲဌာနနဲ့ ပရဟိတ အသင်းများမှ ဝိုင်း၀န်း ကယ်ဆယ်ပြီး ဆေးကုသမှု ကူညီဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်ကလည်း နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သား ဦး သေဆုံးခဲ့ကာ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၅။ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်ရှိ ရေကြည်ဦးရွာတောင်ဘက်သို့ စစ်တပ်မှ Drone 3 စီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ ခရီးသည်ယာဉ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ပြီး ကားပေါ်မှ () ဦး ဒဏ်ရာရ


ဇန်နဝါရီ ၂၅ 

Radio NUG 


ဇန်နဝါရီလ ၂၅ရက်နေ့၊ နံနက် 11:30 အချိန်ခန့်တွင် ကန့်ဘလူမြို့နယ်၊ ကျောက်ဆည်ကန်ရွာရှိ အကြမ်းဖက် စစ်ကောင်စီအထိုင်စခန်းမှ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပေါ်တွင်တည်ရှိသော ရေကြည်ဦးရွာတောင်ဘက်သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ Drone 3 စီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ရာ နန်းမြင့် ခရီးသည်ယာဉ်ကားတစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ကန့်ဘလူခရိုင် တပ်ရင်း မှ သတင်းထုတ်ပြန်ပါတယ်။


ကားပေါ်မှ ကားသမား ()ဦးနှင့်  ခရီးသွားပြည်သူ အမျိုးသမီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဖော်ပြထားပါတယ်။


ရေကြည်ဦးရွာနှင့် တဲကြီးကုန်းရွာအနီးဝန်းကျင်အား စစ်ကောင်စီတပ်ဘက်မှ Drone ဖြင့် ဆက်တိုက်ဗုံးသီးချ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ပအိုဝ်းဒေသက PNLA နဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး အဆိပ်ကျည်များဖြင့် ပစ်ခတ်တိုက်ခိုက် 


ဇန်နဝါရီလ ၂၅ ရက်၊

Radio NUG


ပအိုဝ်းဒေသကို ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့ စစ်ကောင်စီနဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်တို့က တိုက်ပွဲများအတွင်း သာမန်လက်နက်ကြီးများသာမက အဆိပ်ကျည်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLO/PNLA က ထုတ်ပြန်ထားပါတယ်။


လက်ရှိမှာ စစ်ကောင်စီက ဆီဆိုင်မြို့နယ် အရှေ့ဘက်ခြမ်းက ပအိုဝ်း ကျေးရွာများကို လက်နက်ကြီးများနဲ့ နေ့စဉ် ပစ်ခတ်ဖျက်ဆီးနေပြီး အဆိပ်ကျည်များကိုပါ အသုံးပြုနေတယ်လို့ ဆိုပါတယ်။


ဇန်နဝါရီ ၂၄ ရက်နေ့မှာ PNLA က တူးဖော်ရရှိတဲ့ လက်နက်ကြီးကျည် တစ်လုံးမှာ အဆိပ်ဟု ရေးသားထားတာကို တွေ့ရပြီး အဆိပ်ထွက်ပေါက်များပါ ပါဝင်တာကို တွေ့ရတယ်လို့ ပုံနှင့်တကွ ဖော်ပြထားတာပါ။


ယခင်ရက်များက စစ်ကောင်စီက ပစ်ခတ်ခဲ့တဲ့ ကျည် အဆိပ်သင့်မှုကြောင့် ရဲဘော်တချို့ အရေပြား ယားယံခြင်း၊ အပြင်းအထန် ဖျားနာခြင်း၊ မူးဝေအော့အန်ခြင်း စတာတွေကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။


ယခင်က ယခုလို ကျည်အမျိုးအစားကို စစ်ကောင်စီက အသုံးပြုခဲ့တာ မတွေ့ဖူးဘဲ ယခု တွေ့ရှိမှုက ပထမဆုံး ဖြစ်ပြီး စစ်ကောင်စီက ကျင့်ဝတ်မဲ့စွာဖြင့် ပအိုဝ်းဒေသ/ ပအိုဝ်းလူမျိုးများကို အဆိပ်အသုံးပြု တိုက်ခိုက်လာတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိမှာ စစ်ကောင်စီနဲ့ ၎င်းတို့ လက်အောက်ခံ PNO ပြည်သူ့စစ် အဖွဲ့က အင်အား ၇၀၀ ကျော်ဖြင့် ထိုးစစ်ဆင်နေတာကြောင့် ဆီဆိုင်မြို့နယ်မှာ နေ့စဉ်တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက ပအိုဝ်းပြည်သူများကို ပေါ်တာဆွဲ လူသားဒိုင်း အသုံးပြုကာ အင်အားဖြည့်တင်းပြီး တိုက်ခိုက်နေတယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၇။ ညောင်ဖြူပင်ရဲစခန်းကို ပို့မယ့် စစ်ကောင်စီတပ်ရဲ့ ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိ


ဇန်နဝါရီ ၂၅ 

Radio NUG 


ဇန်နဝါရီ ၂၅ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်ရဲစခန်းဆီ ပို့မယ့် စစ်ကောင်စီရဲ့ ရိက္ခာထုပ်တွေ သိမ်းဆည်းရရှိခဲ့ကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်က သတင်းထုတ်ပြန်ပါတယ်။


စစ်ကောင်စီတပ် ရိက္ခာထုပ်တွေကို သိမ်းဆည်းရရှိရာ ဆန်အိတ် ၁၃ ပိုင်း၊ ဆီတစ်ပုံံး၊ ကြက်သွန်ဖြူနီ ပိဿာခန့်၊ ငါးခြောက် ပိဿာခန့်၊ ကော်ဖီမစ်ထုပ်ကြီး ထုပ်၊ အရက်၊ ဘီယာ၊ ဆေးလိပ်၊ ဆေးဝါးမျိုးစုံ၊ အလှကုန်နဲ့ အသင့်စား အစားအစာတွေ ပါရှိတယ်လို့ သိရပါတယ်။


ဇန်နဝါရီ ၂၂ရက်က စစ်ကောင်စီရဲ့ ပျူစောထီးအားကောင်းရာ တောပုကျေးရွာကနေ အင်အား၂၅ ယောက်ခန့်နဲ့ ညောင်ဖြူပင်ကျေးရွာဘက်ကို ရိက္ခာပို့ဖို့ လုပ်ဆောင်နေချိန် တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment