26 Jan 2025 - (Ethnic language program-CHO_Mün) by Radio NUG

 


📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၅ ဇန်နဝါရီလ ( ၂၆ ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ



📌📌 ၁။ ခလရ ၂၇၄ ကနေ ထွက်ပြေးလို့ ပြန်လည်ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မိသားစုဝင် ၁၆ ဦးအထိ ရှိလာ

 

ချင်းပြည်နယ်၊ မင်းတပ်မြို့ ခလရ (၂၇၄) က ထွက်ပြေးတဲ့ တပ်ကြပ်တစ်ဦးကို ယောနယ်တစ်နေရာမှာ ထပ်မံဖမ်းဆီးရမိတယ်လို့ ဗျူဟာအမှတ် - ၈၁ ယောဗျူဟာက ဇန်နဝါရီ ၁၇ ရက်နေ့ ထုတ်ပြန်ပါတယ်။

 

၂၀၂၄ နိုဝင်ဘာ ရက်နေ့စတင်တဲ့ ချင်းညီနောင်စစ်ဆင်ရေးကြောင့် စခန်းစွန့်ခွာထွက်ပြေးသူ စစ်ကောင်စီတပ်သားနဲ့ သူတို့မိသားစုဝင် စုစုပေါင်း ၁၆ ဦးအထိ ယောနယ်တနေရာမှာ စစ်ဥပဒေနဲ့အညီ ဖမ်းဆီးထိန်းသိမ်းထားဆဲလို့လည်း အသိပေးထားပါတယ်။

 

ဗျူဟာအမှတ် ၈၁ - ယောဗျူဟာသည် ဂန့်ဂေါခရိုင်အမှတ် (၁၃၊ ၁၅၊ ၁၆၊ ၁၇၊ ၁၈) တပ်ရင်းတွေနဲ့ စုပေါင်း ဖွဲ့စည်းထားတာဖြစ်ပြီး ယောနယ်အတွင်း အခြေစိုက်ပါတယ်။ 

 

တဖက်မှာ ကန်ပက်လက်မြို့ကနေ စွန့်ခွာထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကိုလည်း မကွေးတိုင်း၊ ဆောမြို့နယ်မှာ ပြန်လည်ဖမ်းဆီးရမိတာရှိတယ်လို့ ဒေသတွင်းအခြေစိုက် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။

 

========================

 

📌📌 ၂။ NUGက ICNCC နဲ့ Chinland Council ကို တော်လှန်ရေးရန်ပုံငွေ ပေးအပ်

 

အမျိုးသားညီညွတ်ရေးအစိုးရ - NUG က ရရှိထားတဲ့ တော်လှန်ရေး ရန်ပုံငွေတွေကို မဟာမိတ်တွေထံ မျှဝေတဲ့ အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက်နေ့က ပြုလုပ်ခဲ့တယ်လို့ ထုတ်ပြန်လာပါတယ်။

 

အဲဒီအခမ်းအနားမှာ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ တာဝန်ရှိသူများ၊ ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) Chinland Council (CC) က တာဝန်ရှိသူတွေ တက်ရောက်တာ တွေ့ရပါတယ်။

 

ချင်းအမျိုးသားရေးအတွက် အင်အားစု၊ အဖွဲ့အစည်းအကြား စည်းလုံးညီညွတ်ရေး နှစ်ဘက်ခေါင်းဆောင်အကြား အတူတကွ နည်းလမ်းရှာ ကြိုးပမ်းဆောင်ရွက်သွားကြဖို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားပါတယ်။

 

========================

 

📌📌 ၃။ ဟားခါးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်

 

ချင်းပြည်နယ်၊ ဟားခါးမြို့မှာ စစ်ကောင်စီ ပြည်သူ့စစ် ခေါ် ပျူစောထီး ဦး လက်နက်ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ (ဟားခါး)က ဇန်နဝါရီလ ၂၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။

 

စစ်ကောင်စီ ပြည်သူ့စစ် ဦးဟာ စစ်ကောင်စီတပ် လက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတဲ့အတွက် ဇန်နဝါရီလ ရက်နဲ့ ၁၄ ရက်နေ့က CDF-Hakha ဆီ ဆက်သွယ်အလင်းဝင်ရောက်လာကြတာဖြစ်ပါတယ်။

 

CDF-Hakha က အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီ ပြည်သူ့စစ် ဦးကို ကြိုဆိုပြီး ဆုငွေတွေချီးမြှင့်တဲ့အပြင် လုံခြုံတဲ့နေရာ အရောက်ထိ ပို့ဆောင်ပေးတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

 

နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့ အလင်းဝင်ရောက်လိုရင် CDF-Hakhaဆီ ဆက်သွယ်ပြီး အလင်းဝင်ရောက်လာနိုင်တယ်လို့ ဆိုပါတယ်။

 

========================

 

📌📌 ၄။ ဖလမ်းမှာ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းဆီးမခံရမီ စစ်ကောင်စီက တောင့်ထားခိုင်းဟုဆို 

 

ချင်းညီနောင် စစ်ဆင်ရေး ဖလမ်းမြို့မှာ ရဲတပ်ဖွဲ့ဝင် ၄၀ ကျော် ဖမ်းဆီးမခံရမီ စစ်ကောင်စီက တောင့်ထားခိုင်းတယ်လို့ ဖလမ်းမြို့နယ် ရဲစခန်းမှူးတွေက ထုတ်ပြောတဲ့ ရုပ်သံဖိုင်ကို ဇန်နဝါရီ ၂၄ ရက်နေ့ ထုတ်ပြန်ပါတယ်။

 

ဖလမ်းမြို့ ခရိုင်ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄၃ ဦးကို CNDF နဲ့ ပူးပေါင်းတပ်က ဖမ်းဆီးရမိခဲ့တာပါ။

 

လက်နက်မချဖို့နဲ့ တောင့်ထားပေးပါ တောင့်ထားပေးပါလို့ပဲ ပြောတယ်။လို့ ဖလမ်းမြို့နယ် ရဲစခန်းမှူးက အဲဒီရုပ်သံဖိုင်မှာ ပြောပါတယ်။

 

ရဲတပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရပြီးတဲ့နောက် ကောင်းကောင်းမွန်မွန် ထိန်းသိမ်းခံရပေမယ့် စစ်ကောင်စီလေတပ်ရဲ့ ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်ခံရလို့ ထိခိုက်သေဆုံးတာမျိုး ရှိတယ်လို့လည်း သူတို့က ဖွင့်ဟထားပါတယ်။

 

ဖလမ်းမြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ နိုဝင်ဘာ ရက်နေ့က ကြေညာထားပြီး လကျော်ကြာတဲ့နောက် နောက်ဆုံး ခလရ ၂၆၈ လက်အောက်ခံ တပ်ကုန်းစခန်းတခုသာ သိမ်းပိုက်ဖို့ ကျန်ရှိနေတာလို့ သိရပါတယ်။



#RadioNUGLocalNews

#SpringRevolution


Share:

Related Posts:

No comments:

Post a Comment