28th Jan 2025 - Evening Daily News by Radio NUG

၂၀၂၅ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။ကျားဖြန့်နှိမ်နင်းရေးအတွက် မဲဆောက်သို့ တရုတ်ဒုဝန်ကြီး သွားရောက်မည်

📌 ⁨⁨⁨⁨၂။ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းတွင် ခရီးသည်တင်ကား မီးလောင်မှုဖြစ်ပွား

📌 ⁨⁨⁨⁨၃။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ပေးထားတဲ့ ဆေးရုံတွေအမေရိကန်အကူအညီရပ်ဆိုင်း၍ ဆေးရုံက လူနာများပြန်လွှတ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်စဉ်

အပြစ်ပေး အရေးယူနိုင်ရေးဆောင်ရွက်မယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်

🚩 ၂။ မန္တလေးအကျဉ်းထောင်တွင် အစားအသောက်များနှင့်သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသားအကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိ

🚩 ၃။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုနိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။ကျားဖြန့်နှိမ်နင်းရေးအတွက် မဲဆောက်သို့ တရုတ်ဒုဝန်ကြီး သွားရောက်မည်


ဇန်နဝါရီလ ၂၈ရက် 


တရုတ်အစိုးရရဲ့ ဒုဝန်ကြီးတစ်ဦးဟာ ကျားဖြန့်နှိမ်နင်းရေးနဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ ဒီကနေ့ (ဇန်နဝါရီ ၂၈ ရက်နေ့မှာ) သွားရောက်မယ်လို့ People's Spring မှာဖေါ်ပြပါတယ်။

တရုတ်အစိုးရပြည်သူ့လုံခြုံရေးဒုတိယ ဝန်ကြီးဖြစ်သူ လျူကျန်ကျိဟာ ကိုယ်စားလှယ် အဖွဲ့တစ်ခုကို ဦးဆောင်ပြီး တက်ခ်ခရိုင်ရဲ့ မဲဆောက်မြို့ဆီ ဇန်နဝါရီ ၂၈ ရက်မှာ သွားရောက်မယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။ 

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ဟာ မဲဆောက် တစ်ဖက်ခြမ်း မြန်မာနိုင်ငံ ပိုင်နက်ထဲက ကျားဖြန့် အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ထိထိရောက်ရောက် ချိုးနှိမ် တိုက်ဖျက်နိုင်ရေးကိစ္စ အမြင်ဖလှယ်ဖို့၊ မြဝတီမြို့နယ်ထဲမှာ ကျားဖြန့်ဂိုဏ်းတွေရဲ့ထိန်းသိမ်းခြင်း ခံထားရသူ လူမှောင်ခိုမှု သားကောင်တရုတ်နိုင်ငံသား ၁၆၀ ကို ကယ်ထုတ်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဆွေးနွေးကြမယ့် အကြောင်းအရာတွေထဲမှာတော့ ထိုင်းနဲ့ တရုတ်တို့ ပူးပေါင်းပြီး လူမှောင်ခိုမှုတွေကို တိုက်ဖျက်မယ့်အစီအမံတွေနဲ့အဲဒီရည်မှန်းချက်ကို ကိုင်တွယ်မယ့် ကွပ်ကဲရေး စင်တာတွေ ထားရှိဖို့ ကိစ္စတွေ ပါဝင်မယ်လို့လည်း သိရပါတယ်။ဒီအတောအတွင်း မြဝတီဖက်မှာရှိတဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)ရဲ့ အကြီးအကဲ ဗိုလ်မှူးကြီး စောချစ်သူက ကယ်ဆယ်ရရှိထားတဲ့ လူမှောင်ခိုမှု သားကောင် ၄၇ ယောက်ကိုထိုင်းအာဏာပိုင်တွေဆီ လွှဲပေးမယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီ ၄၇ ဦးကို ဇန်နဝါရီ ၂၉ ရက်နေ့ကျရင် ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ကနေ ထိုင်းဖက်ကို ပြန်လွှဲပေးဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ လဆန်းပိုင်းတုန်းက တရုတ်နိုင်ငံသား သရုပ်ဆောင် ဝမ်ကျင်က မဲဆောက်ကနေတဆင့် မြန်မာပိုင်နက်ထဲမှာရှိတဲ့ ကျားဖြန့် ဂိုဏ်းတွေဆီ လူကုန်ကူး ခံခဲ့ရတဲ့ဖြစ်စဉ်နောက်ပိုင်း ထိုင်း-မြန်မာ နယ်စပ်က ဒုစရိုက် ဂိုဏ်းတွေအပေါ် တရုတ် အစိုးရရဲ့ အာရုံစိုက်မှုက မြင့်တက်လာခဲ့ပါတယ်။ 

ဝမ်ဟာ ရက်ပိုင်းအကြာမှာ ပြန်လည် လွတ်မြောက်လာခဲ့ပေမယ့် ထိုင်းနိုင်ငံဟာ တရုတ်နိုင်ငံသားတွေ သွားရောက်ဖို့ မလုံခြုံတဲ့ နေရာတစ်ခုအဖြစ် လူမှုကွန်ရက်တွေပေါ်မှာ ဝေဖန် ပြောဆိုမှုတွေ ပျံ့နှံ့လာခဲ့ပြီး ထိုင်းရဲ့ ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက်ပါ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်လာပါတယ်။ အခုတော့ တရုတ်ဟာ အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးတစ်ဦးကိုပါ ထိုင်း-မြန်မာ နယ်စပ်နား စေလွှတ်တဲ့အထိ ကျားဖြန့်ကိစ္စကို အလေးထားတုံ့ပြန်လာတာ ဖြစ်ပါတယ်။ တရုတ်ရဲ့ဖိအားပေးမှုတွေနဲ့အတူ တရုတ်-မြန်မာနယ်စပ်မှာ အခြေစိုက်တဲ့ ကျားဖြန့်ဂိုဏ်းတွေ ဖြိုခွင်းတာ ခံခဲ့ရပေမယ့် မြဝတီမှာရှိတဲ့ ရွှေကုက္ကို၊ ကေကေပက်ခ် ဒေသတွေမှာတော့ တရုတ် နိုင်ငံသားတွေဖွင့်လှစ်ထားတဲ့အွန်လိုင်း လောင်းကစားဝိုင်းတွေ၊ ကျားဖြန့် ငွေလိမ်ဂိုဏ်းတွေ ထူထူထပ်ထပ် ရှိနေဆဲဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ ကျောက်ပန်းတောင်း-မိတ္ထီလာလမ်းတွင် ခရီးသည်တင်ကား မီးလောင်မှုဖြစ်ပွား


ဇန်နဝါရီလ ၂၈ရက်


ကျောက်ပန်းတောင်း-မိတ္ထီလာကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး မောင်းနှင်နေစဉ်  မီးလောင်မှုဖြစ်ပွားခဲ့ပြီး ခရီးသည်အားလုံး ဘေးအန္တရာယ်ကင်းကြောင်း သိရှိရပါသည်။

အဆိုပါလမ်းပိုင်းပေါ်ရှိ လက်ပံပျားကြက်ကြော်နာမည်ကြီးသည့် လက်ပံပျားရွာအနီး၌ မီးလောင်းခြင်းဖြစ်သည်။

"မောင်းနေရင်းကနေ ရှော့ဖြစ်ပြီးမီးလောင်တာ။ ကားတစ်စီးလုံးကုန်သွားတယ်။ ခရီးသည်တွေအားလုံးဘေးကင်းတယ်" ဟု ဒေသခံတဦးကပြောဆိုထားပါသည်။

အဆိုပါကားသည် နေပြည်တော်နှင့်ချောက်မြို့နယ်သို့ ပြေးဆွဲသည့် ကားဖြစ်ပြီး ခရီးသည်၃၀ ဦးထက်မနည်း ပါဝင်ကြောင်း သိရပါတယ်။

"အဲကွန်းကားမဟုတ်ဘူး။ ရိုးရိုးကား။ ခရီးသည်တွေအားလုံးကံကောင်းတယ်" ဟု ကူညီမီးငြိမ်းသတ်ပေးခဲ့သူတစ်ဦးကပြောဆိုထားပါသည်။


========================


📌📌 ⁨⁨⁨⁨၃။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ပေးထားတဲ့ ဆေးရုံတွေအမေရိကန်အကူအညီရပ်ဆိုင်း၍ ဆေးရုံက လူနာများပြန်လွှတ်


ဇန်နဝါရီ၂၈ရက်


ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဖွင့်ပေးထားတဲ့ ဆေးရုံတွေအမေရိကန်အကူအညီရပ်ဆိုင်း၍ ဆေးရုံက လူနာများပြန်လွှတ်လိုက်ပြီဖြစ်တယ်လို့သိရပါတယ်။

အမေရိကန်အစိုးရထောက်ပံ့ငွေအကူအညီနဲ့လည်ပတ်နေရတဲ့ဒုက္ခသည်စခန်းတွေကဆေးရုံဆေးခန်းတွေကိုလတ်တလောမှာ ပိတ်လိုက်ရတာဖြစ်တယ်လို့ မဲဆောက်မြို့ခံတဦးကသုံးသပ်ဆိုပါတယ်။

ဇန်နဝါရီလ ၂၄ ရက်ကစပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က တကမ္ဘာလုံးကိုပေးနေတဲ့အကူအညီတွေကို သုံးလရပ်ဆိုင်းဖို့နဲ့ စီစစ်ဖို့လက်မှတ်ထိုးထုတ်ပြန်ခဲ့ပါတယ်။

ဒီအကျိုးသက်ရောက်မှုတွေဟာယခင်သမ္မတဘိုင်ဒန်လက်ထက်လူသားချင်းစာနာမှုအစီအစဥ်ရ အမေရိကန်နိုင်ငံကို ဒုက္ခသည်အဖြစ်ခေါ်ယူဖို့လျာထားတဲ့အစီအစဥ်များပါပျက်ပြယ်ခဲ့ပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် နွေဦးရွှေဝါနဲ့မင်းသီဟန်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်စဉ်

အပြစ်ပေး အရေးယူနိုင်ရေးဆောင်ရွက်မယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်


ဇန်နဝါရီ၂၈ရက်


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆင်းဂွတ်ကျေးရွာကို အကြမ်းဖက်စစ်အုပ်စုမှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ဖြစ်စဉ်အပြစ်ပေး အရေးယူနိုင်ရေးဆောင်ရွက်မယ်လို့လူ့အခွင့်အရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၆) ရက်နေ့၊ မနက်ပိုင်း နာရီ ၅၀ မိနစ်ခန့်တွင် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံကားလမ်းပေါ်တွင်တည်ရှိသော ဆင်းဂွတ်ကျေးရွာ အနောက်ပိုင်း ရှိ၊ စာသင်ကျောင်း၊ လူနေအိမ်နှင့် လမ်းသွားလမ်းလာပြည်သူများကို အကြမ်းဖက်စစ်အုပ်စုမှ တိုက် လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံး()လုံးကြဲချကာ Mi-35 ရဟတ်ယာဉ်ဖြင့်လည်း နာရီဝက်ခန့်ကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

ထို့သို့ လေကြောင်းတိုက်ခိုက်မှုကြောင့် လေးနှစ်အရွယ်နှင့် ငါးလ သား အရွယ်ကလေးငယ်  ဦး အပါအဝင် မိသားစုလိုက် သေဆုံးမှု ဖြစ်စဉ် ခု ရှိခဲ့ပြီး ရပ်ကျေး ပကဖရဲဘော် () ဦးနှင့် မြို့နယ် ပကဖ ရဲဘော်() ဦး၊ ရဲမေ () ဦးတို့ သေဆုံးခဲ့ပြီး ဖြစ်စဉ်အတွင်း စုစုပေါင်း(၁၈) ဦး သေဆုံးခဲ့ရပါတယ်။

လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာ လက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကို အပြစ်ပေး အရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူ ဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၂။ မန္တလေးအကျဉ်းထောင်တွင် အစားအသောက်များနှင့်သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသားအကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိ


ဇန်နဝါရီ၂၈ရက်


မန္တလေးအကျဉ်းထောင်တွင် အစားအသောက်များနှင့်သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသားအကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိပါတယ်။ဇန်နဝါရီ၂၇ရက်စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍AAPPကအတည်ပြုဖော်ပြပါတယ်။

နိုင်ငံတဝန်းရှိ အကျဉ်းထောင်အသီးသီးရှိ အကျဉ်းသားများသည် အခြေခံလိုအပ်ချက်များဖြစ်သည့် အစားအစာနှင့် ဆေးဝါးများကိုပင် ပြည့်ဝစွာ မရရှိကြဘဲ ဖိနှိပ်ခံနေကြရလျက်ရှိတယ်လို့ဆိုပါတယ်။

မန္တလေးတိုင်း၊ မန္တလေးအကျဉ်းထောင်တွင် အစားအသောက်များနှင့်သောက်သုံးရေများ သန့်ရှင်းမှုမရှိသည့်အတွက် ယခုလ ဒုတိယအပတ်မှ စတင်ကာ ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်ပွားမှုနှုန်း တိုးပွားနေပြီး အကျဉ်းသားအကျဉ်းသူ ၇၀ ဦးခန့် ဖြစ်ပွားလျက်ရှိပြီးထောင်အာဏာပိုင်များမှ လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှု မပေးသည့်အပြင် မိသားစုဝင်များမှ‌ ပေးပို့သည့် ဆေးဝါးများကိုလည်း ကန့်သတ်မှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။

မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၃၇၀) ဦးရှိပြီး ထိုအထဲမှ (၂၁၆၅၁) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၁၀၁၃၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


🚩🚩 ၃။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုနိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာဆန္ဒပြ


ဇန်နဝါရီ၂၈ရက်


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုနိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC)က ဝရမ်းထုတ်ဖမ်းဆီးအရေးယူပေးရန် ကိုရီးယားမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဇန်နဝါရီ၂၈ရက် မွန်းတည့်၁၂နာရီအချိန်မှစတင်ကာကိုရီးယားရောက်မြန်မာအင်အားစုများတောင်းဆိုဆန္ဒပြခဲ့ပါတယ်။

မင်းအောင်လှိုင်သည် မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ သတ်ဖြတ်မှုများနှင့် ရာဇဝတ်မှုများတွင် တာဝန်ရှိသူအဖြစ်ဆုံးဖြစ်တယ်လို့ဆန္ဒထုတ်ဖော်သူများကတညီတညွတ်တည်းဆိုကြပါတယ်။ဆန္ဒထုတ်ဖော်ရာမှာ တော်လှန်ရေးသီချင်း၊ကဗျာ၊ ပြဇာတ်သရုပ်ဖော်အစီအစဥ်များလည်းပါဝင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်




#RadioNUGLocalNews

#SpringRevolution



 

Share:

No comments:

Post a Comment