2nd Jan 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ရန်ကုန်တပ်ရင်းများ၊ ရန်ကုန်ပကဖ တို့နှင့် တွေ့ဆုံ အားပေးစကားပြောကြား

📌၂။ မည်သည့်ကျင့်ဝတ်မှမရှိတဲ့ စစ်အုပ်စုကို အမြစ်ပြတ်အောင်တိုက်ထုတ်ရာမှာ ပိုမိုစုစည်းညီညွတ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌၃။ ၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ဖို့ အားလုံးကြိုးစားကြရန် Chinland Council ဥက္ကဌမှ တိုက်တွန်း

📌၄။ တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကို ပြန်တည်ဆောက်ရေး ULA/AA က ကူညီပေး

📌၅။ မန္တလေးမြို့ ဓါးပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်သော မိုးအောင်နှင့် ပြာတာသည် စစ်ကောင်စီ၏ ဝါဒဖြန့်ထုတ်ပြန်ထားသလို သက်ဆိုင်ခြင်းမရှိကြောင်း KAUNG KIN PDF ထုတ်ပြန်

📌၆။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်အရေးပါတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေ စတင်ဖို့နိုင်ငံတကာကို သားငယ် ကိုထိန်လင်း တိုက်တွန်း

📌၇။ ခင်ဦးမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းရှိ အခက်အခဲဖြစ် ကလေးငယ်ကလေးသူငယ် (၃၈) ဦး အားထောက်ပံ့

📌၈။ စစ်ကောင်စီတပ်ရင်းတွေ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ပြောဆို

🚩 ၂။ တော်လှန်ရေးသမားစစ်မှန်တယ်ဆိုရင် ဝေဖန်မှုဒဏ်ကို ခံနိုင်ဖို့လိုသလို အားမနာတမ်း ဝေဖန်ကြဖို့ လိုအပ်တယ်လို့ မန္တလေး PDF မှ စစ်ဦးစီးအရာရှိပြောကြား

🚩 ၃။ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းမှ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းလာသော စစ်သည်များအား ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ

🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညက စစ်ကောင်စီရဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ဦး သေဆုံး

🚩 ၅။ ဘီးလင်းမြို့နယ်မှာ တရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့

🚩 ၆။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ

🚩 ၇။ စစ်ကောင်စီဘက်က မြုပ်ထားခဲ့တဲ့ မြေမြုပ်မိုင်း အလုံး ၂၀ ဝန်းကျင်ကို စလင်း (ပကဖ) မှ ဖယ်ရှားရှင်းလင်း

🚩 ၈။ မုံရွာ နမခ မှ ထွက်လာသော သံချပ်ကာ ကား စီးအား ချောင်းဦး - မြင်းမူ လမ်းပိုင်း တစ်နေရာတွင် ကြိမ် မိုင်းဆွဲတိုက်ခိုက်

🚩 ၉။ ၂၀၂၄ ခုနှစ်မှာ တောင်ပိုင်း စစ်ဒေသအတွင်း မြို့ မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================




📌📌၁။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့ ရန်ကုန်တပ်ရင်းများ၊ ရန်ကုန်ပကဖ တို့နှင့် တွေ့ဆုံ အားပေးစကားပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် ဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ရန်ကုန်တပ်ရင်းများဖြစ်သော တပ်ရင်း (၅၁၀၁) တပ်ရင်း (၅၁၀၂) နှင့် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးတပ်ဖွဲ့ () တို့နှင့် တွေ့ဆုံကာ အားပေးစကားများ ပြောကြားပြီး လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများကို လှူဒါန်းပေးအပ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။

အဆိုပါ တပ်ရင်းတပ်ဖွဲ့များသည် ရန်ကုန်သို့ ဦးတည်သော စစ်ရေးဖော်ဆောင်မှုများတွင် အဓိကကျသည့် အခန်းကဏ္ဍများတွင် ပါဝင်ဆောင်ရွက်ကြမည့် တပ်ရင်းတပ်ဖွဲ့များဖြစ်ကြောင်းလည်း သိရှိရပါတယ်။

တွေ့ဆုံမှု ခရီးစဉ်တွင် ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ပြည်ထောင်စုဝန်ကြီးချုပ်၏ ကိုယ်ရေးအရာရှိ ကိုနောင်ရိုး၊ ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဒုစစ်ရေးချုပ် ဒေါက်တာယင်းမာ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး() ရဲဘော်စောရှား၊ ရန်ကုန်ပကဖတာဝန်ခံ၊ မွန်ပကဖတာဝန်ခံ တို့လည်း လိုက်ပါခဲ့ကြကြောင်း သိရှိရပါတယ်။


========================


📌📌၂။ မည်သည့်ကျင့်ဝတ်မှမရှိတဲ့ စစ်အုပ်စုကို အမြစ်ပြတ်အောင်တိုက်ထုတ်ရာမှာ ပိုမိုစုစည်းညီညွတ်ကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ဆို


မည်သည့်ကျင့်ဝတ်မှမရှိတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ စစ်အုပ်စုကို အမြစ်ပြတ်အောင်တိုက်ထုတ်ရာမှာ ပိုမိုစုစည်းညီညွတ်ကြဖို့ ဇန်နဝါရီ ရက် နှစ်သစ်ကူးဆုမွန်စကားဆိုရာတွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထည့်သွင်းပြောကြားလိုက်ပါတယ်။

"တော်လှန်ရေး အမြန်အောင်မြင်ပြီး နေ့စဥ်ရက်ဆက် ပြည်သူကို နှိပ်စက်ဖိစီးနေတဲ့ အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို အမြန်ဆုံးအမြစ်ပြတ်စေချင်ကြတာ ကျနော်တို့အားလုံးရဲ့တူညီတဲ့ဆန္ဒအမှန်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအခြေအနေက တော်လှန်ရေးအောင်မြင်ပြီး အာဏာရှင်စနစ်အမြစ်ပြုတ်သွားပြီလို့ စိတ်ချလက်ချ ကြွေးကြော် ရင့်ကျူးနိုင်မယ့်အခြေအနေလဲဆိုတာ ကျနော်တို့သေချာသုံးသပ်ကြဖို့လိုပါတယ်။ ကာလရှည်ကြာ အမြစ်ဆွဲခဲ့တဲ့ရောဂါကို ပျောက်အောင်ကုသနိုင်ဖို့ဆိုရာမှာ ထိုက်သင့်တဲ့ကာလတခုတော့ ပေးရတာ ဓမ္မတာပါ။ ကျနော်တို့ရင်ဆိုင်နေကြရတဲ့ စစ်အုပ်စုဟာ တိုင်းပြည်ဘဏ္ဍာ အရင်းအမြစ်တွေကို စိတ်ကြိုက် အသုံးပြုပြီး နှစ်ပေါင်းများစွာခိုင်မာခဲ့တဲ့ အင်စတီကျူးရှင်းတခုအနေနဲ့ ရှိနေတဲ့အကြမ်းဖက်အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။ မည်သည့်ကျင့်ဝတ်မှ မရှိတဲ့ အဖွဲ့အစည်းတခုဖြစ်နေတာကြောင့် ကျနော်တို့အနေနဲ့ ပိုမို စုစည်းပြီး ပိုမိုအားကောင်းကြဖို့ လိုအပ်တာ အမှန်ပဲ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်ခေါင်းဆောင်ဟာစစ်ရှုံးနေလျက်ရှိပြီးတိုင်းရင်းသားတော်လှန်ရေးအင်အားစုများကို ငြိမ်းချမ်းရေးစကားကမ်းလှမ်းလျက်ရှိနေပါတယ်။


========================


📌📌၃။ ၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ဖို့ အားလုံးကြိုးစားကြရန် Chinland Council ဥက္ကဌမှ တိုက်တွန်း


၂၀၂၅ ခုနှစ်ဟာ ချင်းအမျိုးသားစည်းလုံးညီညွှတ်ရေး အခိုင်အမာ အုတ်မြစ်ချနိုင်တဲ့ နှစ်ဖြစ်ဖို့ အားလုံးစုပေါင်း ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုတယ်လို့  ဇန်နဝါရီလ ရက်နေ့ Chinland Council ရဲ့ နှစ်သစ်ကူး သဝဏ်လွှာမှာ Chinland Council ဥက္ကဌ Pu Zing Cung က တိုက်တွန်းပြောကြားသွားပါတယ်။

ချင်းလူမျိုးတွေအကြား အမြင်မတူညီမှုတွေ ရှိခဲ့ပါက ဆွေးနွေးညှိနှိုင်းပြီး  အဖြေရှာရပါမယ် အားလုံးလက်ခံနိုင်တဲ့  အဖြေရှာဖွေခြင်းဖြင့် Chinland ပြည်သူများအကြား အမြင်ကင်းကင်းရှင်းရှင်းနဲ့ Chinland တည်ဆောက်ရေးကို ဖော်ဆောင်ကြရမှာဖြစ်ပြီး ဒါဟာ အောင်မြင်မှုရဲ့ သော့ချက်လို့ ဆိုပါတယ်။

ဒီကနေ့ စစ်အာဏာရှင်စနစ်ကို တော်လှန်နေတဲ့ အရေးပေါ်ကာလဟာ ချင်းတော်လှန်ရေးအုပ်စုများအကြားမှာဖြစ်စေ၊ ချင်းပြည်သူလူထုအကြားမှာဖြစ်စေ ညီညွှတ်မှုရရှိဖို့ ပိုမိုလိုအပ်နေတဲ့ ကာလဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

ချင်းပြည်အစိုးရ (Chinland Council) ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC/ ချင်းညီနောင် CB) အဖွဲ့အကြား ၂၀၂၄ နှစ် စက်တင်ဘာလ ၂၁ ရက်နေ့က Zo Reunification Organization (ZORO) ဦးဆောင်မှုနဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် အိုင်ဇောလ်မြို့မှာ တွေ့ဆုံခဲ့ပြီး သဘောထားကွဲလွဲမှုတွေကို လက်နက်နဲ့ မဖြေရှင်းဖို့အပါအဝင် သဘောတူညီချက် ချက်ကို သဘောတူညီမှုရနိုင်ခဲ့ပြီး ဆွေးနွေးမှုတွေကို ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်အဖွဲ့အစည်းကလည်း သဘောတူလက်ခံထားသလို လက်ရှိမှာဆွေးနွေးမှုတွေ ဆက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ချင်းအမျိုးသားများရဲ့ ပြန်လည်ပေါင်းစည်းညီညွှတ်ရေး လုပ်ငန်းစဉ်တွေမှာ ဝိုင်းဝန်းအားဖြည့် ကူညီဖို့ အမျိုးသားညီညွှတ်ရေးအစိုးရအနေနဲ့ အမြဲအသင့်ရှိတဲ့အကြောင်းကိုလည်း ဒီဇင်ဘာလ ၃၀ ရက်မှာပြုလုပ်တဲ့ ချင်းညီနောင်အဖွဲ့ဖွဲ့စည်းခြင်း နှစ်ပြည့်အခမ်းအနားမှာ အမျိုးသားညီညွှတ်ရေး အစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။


========================


📌📌၄။ တိုက်ပွဲကာလအတွင်း မီးလောင်ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကို ပြန်တည်ဆောက်ရေး ULA/AA က ကူညီပေး


အာရက္ခ ဒေသမှာ တိုက်ပွဲ ကာလအတွင်း မီးလောင် ပျက်စီးခဲ့ရတဲ့ နေအိမ်တွေကို ပြန်တည်ဆောက်ရေး အတွက် ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ပံပိုးကူညီ လုပ်ဆောင်ပေးနေတယ်လို့ ဒေသတွင်း သတင်းဌာန တခုဖြစ်တဲ့ APM က ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ တိုက်ပွဲကာလအတွင်း အကြမ်းဖက် စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ်မှုနဲ့ ရပ်ရွာတွေထဲကို စီးနင်းဝင်ရောက် မီးရှို့ဖျက်ဆီးခဲ့တာကြောင့် လူနေအိမ် အမြောက်အများ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ထိုသို့ မီးလောင်ပျက်စီး ခဲ့ရတဲ့ နေအိမ်တွေ ပြန်တည်ဆောက်ရေး လုပ်ငန်းတွေကို မြို့သိမ်းတိုက်ပွဲ ပြီးလောက်ထဲ ကပင် ULA/AA က ကူညီဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

မင်းပြား ဒေသခံ တဦးရဲ့ ပြောကြားချက်အရ အိမ်တအိမ်ကို တိုင် ၁၂ လုံး၊ အုန်း ၁၅၀၀၊ ဝါး ၅၀၀ ထောက်ပံပေးခဲ့တဲ့အပြင် ULA/AA တပ်ဖွဲ့ဝင်တွေက အိမ်တိုင်ရာရောက် ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

မင်းပြားမြို့နယ်ထဲမှာ တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး ခဲ့တာကြောင့် လူနေအိမ် ၅၅၂ လုံး ထပ်မနည်း မီးလောင် ပြာကျခဲ့ပြီး နောက်ထပ် လူနေအိမ် ၆၈၆ လုံးလည်း တဝက်တပျက် ပျက်စီးခဲ့ ရတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌၅။ မန္တလေးမြို့ ဓါးပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်သော မိုးအောင်နှင့် ပြာတာသည် စစ်ကောင်စီ၏ ဝါဒဖြန့်ထုတ်ပြန်ထားသလို သက်ဆိုင်ခြင်းမရှိကြောင်း KAUNG KIN PDF ထုတ်ပြန်


လတ်တလော Online Social Media ပေါ်တွင် ပျံ့နှံ့နေသည့် မန္တလေးမြို့ ဓါးပြတိုက်မှုဖြစ်စဉ်တွင် ပါဝင်သော မိုးအောင်နှင့် ပြာတာသည် စစ်ကောင်စီ၏ ဝါဒဖြန့်ထုတ်ပြန်ထားသလို ဆပ်ပြာကျင်းရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် လုံးဝသက်ဆိုင်ခြင်း မရှိကြောင်း KAUNG KIN PDFမှ သတင်းထုတ်ပြန်ထားပါတယ်။

သူတို့ () ဦးသည် လွန်ခဲ့သော တစ်လခန့်ကတည်းက ရွာဘက်ကနေ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာကိစ္စနှင့် ခရီးသွားခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့၏ ထွက်ဆိုချက်တွင် ဆပ်ပြာကျင်းကျေးရွာ၏ ဒုခေါင်းဆောင်ဆိုသည်မှာလည်း လုံးဝမဟုတ်ပါကြောင်းနှင့် မိမိတို့သည် သူတို့၏ လုပ်ဆောင်ချက်များကို အမှန်တကယ်မသိရှိပါကြောင်း၊ ထို့ကြောင့် အမြင်မမှားစေလိုကြောင်း၊ သူတို့၏ လုပ်ရပ်များကြောင့် ဂုဏ်သိက္ခာထိခိုက်သွားပါသော တော်လှန်ရေးအဖွဲ့များကိုလည်း အနူးအညွှတ်တောင်းပန်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌၆။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနဲ့ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်အရေးပါတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွေ စတင်ဖို့နိုင်ငံတကာကို သားငယ် ကိုထိန်လင်း တိုက်တွန်း


ဇန်နဝါရီ ရက်နေ့ နှစ်သစ်ကူးဆုတောင်းရုပ်သံမှာ ဒေါ်အောင်ဆန်းစုကြည်၏ သားငယ်ကိုထိန်လင်းက အရေးပါတဲ့မြန်မာ့အရေးဆွေးနွေးပွဲတွေ စတင်ဖို့ နိုင်ငံတကာကို တိုက်တွန်းဆိုလိုက်ပါတယ်။

"မေမေ့လွတ်မြောက်ရေးအတွက်ရော၊ မြန်မာနိုင်ငံပြန်လည်ထူထောင်ရေးအတွက်ပါ အရေးပါတဲ့ အရေးကြီးတဲ့ ပထမဆုံးခြေလှမ်းအနေနဲ့ အဓိကကျတဲ့ ဆွေးနွေးပွဲတွေကို စစ်တပ်နဲ့ထိတွေ့ပြောဆိုနိုင်ဖို့ နိုင်ငံအားလုံး အထူးသဖြင့် တရုတ်၊အမေရိကန် နဲ့ အာဆီယံနိုင်ငံများကိုတိုက်တွန်းလိုပါတယ်" လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ကိုထိန်လင်းဟာ၂၀၂၄ ခုနှစ်မှာ Campaign တွေကနေ မြန်မာနိုင်ငံအတွက် လိုအပ်တဲ့နေရာတွေမှာ ပြန်လည်လှူဒါန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

အဆိုပါ နှစ်သစ်ဆုတောင်းရုပ်သံတွင် ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်း၍ "မေမေနဲ့ နှစ်သစ်မှာ ပြန်ဆုံစည်းချင်တယ်" လို့ ကိုထိန်လင်းကဆိုထားပါတယ်။


========================


📌📌၇။ ခင်ဦးမြို့နယ်ရှိ ပြည်သူ့အခြေပြုကျောင်းရှိ အခက်အခဲဖြစ် ကလေးငယ်ကလေးသူငယ် (၃၈) ဦး အားထောက်ပံ့


စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အမျိုးသမီးလူငယ်နှင့်ကလေး သူငယ်ရေးရာတာဝန်ခံ၊ ကျေးရွာပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့မှ ပြည်သူ့အခြေပြုကျောင်းတစ်ကျောင်းရှိ မိဘမဲ့ အခက်အခဲဖြစ် ကလေးသူငယ် (၃၈) ဦး တို့အား တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀) နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၉၀၀၀၀၀) တိတိကို ဒီဇင်ဘာ (၃၁) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြတယ်လို့သိရပါတယ်။

အဆိုပါထောက်ပံ့မှုကိုအမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၏ လမ်းညွှန်မှုခွင့်ပြုချက်အရ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အခွန်ရငွေ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ထောက်ပံ့ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အခွန်ရငွေခွဲတမ်းဖြင့် ထောက်ပံ့ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌၈။ စစ်ကောင်စီတပ်ရင်းတွေ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာ


အာဏာသိမ်းစစ်ကောင်စီဟာ စစ်ကောင်စီတပ်ရင်းတွေအနေနဲ့ ရှေ့တန်း စစ်စခန်းနဲ့ နောက်တန်းဌာနချုပ်တွေမှာ စတုဒီသာ ကျွေးရင် ခေါက်ဆွဲကြော်ကိုသာ ကျွေးမွေးဖို့ ညွှန်ကြားလာပြီး အဲဒီညွှန်ကြားချက်ဟာ မန္တလေးကမုဆိုးမတို့ရွာမုန့်ဟင်းခါးဆိုင်ကို စစ်တပ်က ဖျက်ဆီးပြီး ရက်ပိုင်းအတွင်းမှာ ကြေးနန်းနဲ့ နှုတ်မိန့်‌တွေပါ  ထွက်လာတာဖြစ်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်က ပြောဆိုကြောင်း မောင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။

ခေါက်ဆွဲကြော်ကတော့ တရုတ်အစားအစာမို့လို့လားတော့ မသိဘူးပေါ့နော်၊ ခေါက်ဆွဲကြော်‌ ပြောင်းကျွေးဆိုပြီး ရှေ့တန်းစခန်းတွေမှာ နှစ်သစ်ကူးလုပ်တော့ ခေါက်ဆွဲကြော်ကျွေးသွားတာ တွေ့ရတယ်ဗျကြာဇံကျတော့လည်း မကြာချင်လို့လားမုန့်ဟင်းခါးကျတော့လည်း အတိတ်တဘောင်တွေ စီးနေလို့လားတော့ မပြောတတ်ဘူးနော် အခုက ခေါက်ဆွဲကြော်လိုင်းဘက်ကို ပြောင်းသွားတယ်ဗျလို့ CDM ဗိုလ်ကြီးဇင်ယော်က ပြောထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။ ၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ စစ်ကောင်စီ တပ်စခန်း အားလုံးကို သိမ်းပိုက်မည်ဟု KNDF ဥက္ကဋ္ဌ ပြောဆို


၂၀၂၅ ခုနှစ်တွင် ကရင်နီပြည်နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းအားလုံးကို သိမ်းပိုက်သွားမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF  ဥက္ကဋ္ဌ ခွန်းဘီထူးက နှစ်သစ်ကူး မိန့်ခွန်းတွင် ပြောဆိုလိုက်ပါတယ်။

နှစ်သစ်တိုင်းတွင် သန္နိဌာန်အသီးသီးချမှတ်ခဲ့ရာ မပြီးဆုံးသေးသည့် စစ်အာဏာရှင် ဆန့်ကျင်ရေး ယိုင်နဲ့နေသော်လည်း မပြိုလဲသေးသည့် စစ်အာဏာရှင်ကို အမြန်ဆုံး ပြိုလဲသွားစေရန် လုပ်ဆောင်ကြရမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်ကို ပြန်ကြည့်ပါက တော်လှန်ရေးတပ်ဖွဲ့များ ပိုမို စည်းလုံးမှုရှိပြီး သင်ခန်းစာများရရှိခဲ့ကြောင်း KNDF အနေဖြင့် ၁၁၁၁ စစ်ဆင်ရေးနှင့်အတူ ၁၀၂၇ စစ်ဆင်ရေးကို ပါဝင်ခဲ့ကြောင်း အသိပေးထားပါတယ်။

"၂၀၂၄ မှာတော့ အသင့်အတင့်လေး တိုက်ပွဲအခြေအနေအနည်းငယ်လျော့သွားတာလေးရှိခဲ့ပါတယ်။ ဒါကလည်း တော်လှန်ရေးရဲ့ အခက်အခဲတွေကြောင့်မို့လို့ ဖြစ်ပါတယ်။ ၂၀၂၅ မှာ ကျနော်တို့ရဲ့ အောင်ပွဲတွေ အဆင့်ဆင့်ယူနိုင်ဖို့အတွက်ကို ကျနော်တို့ပြင်နေတယ်။ အဲဒီအတွက်ကိုလည်း ကျနော့်အနေနဲ့ ကွန်ဖီးဒင့် လုံးဝရှိလာတယ်။ ဒီနှစ်ထဲမှာ စစ်ကောင်စီဘက်မှာရောက်နေတဲ့ သူအားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းပြီး‌တော့ ဘက်ပြောင်းလာလိမ့်မယ် ယုံကြည်သလို ဒီ ၂၀၂၅ မှာ တပ်ရင်းအလိုက် ဘက်ပြောင်းလာဖို့ မျှော်လင့်ပါတယ်။ ဘက်ပြောင်းလာဖို့လည်း ဒီကနေပြီးတော့ ထပ်ဆင့်တိုက်တွန်းလိုတယ်။ ၂၀၂၅ ထဲမှာဆိုရင် ကျနော်တို့ကရင်နီပြည်နယ်မှာပေါ့။ စခန်းတွေ ပြန်သိမ်းနိုင်ဖို့ လုပ်ပါ့မယ်။ အဲဒီအတွက်ကို ပြည်သူတွေက စောင့်ကြည့်ပေးပြီးမှ အားပေးကြဖို့၊ ထောက်ခံဖို့ ပြောလိုပါတယ်။ မိဘပြည်သူတွေရဲ့ထောက်ပို့မှုမပါပဲနဲ့ ကျနော်တို့လုပ်နိုင်မှာ မဟုတ်ဘူး။ ဒါ့ကြောင့် စခန်းသိမ်းတဲ့ဟာတွေကို ၂၀၂၅ ထဲမှာ အပြီးအပြတ်လုပ်နိုင်ဖို့အတွက်ကို ကြိုးစားမယ်ဆိုတာလည်း ပြောပြလိုပါတယ်" ဟု KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောဆိုပါတယ်။

ပြည်သူတွေရဲ့ ထည့်ဝင်တဲ့ငွေတွေ ကောက်ခံတဲ့အခွန်တွေကနေပြီးတော့မှ ကျနော်တို့ ပွင့်လင်း မြင်သာမှုရှိစွာနဲ့ အကျိုးရှိစွာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ကရင်နီပြည်သူတွေအတွက် ဆန်စပါး မပြတ်လပ်အောင် ဆောင်ရွက်တာတွေရှိပါတယ်။ အထူးသဖြင့် ကရင်နီပြည်ရဲ့ ဘဏ်လုပ်ငန်းတစ်ခုကိုလည်း ကျနော်တို့ အစပြုနိုင်ပြီးမှ ပြည်သူတွေရဲ့ ငွေပေး၊ ငွေလွှဲတဲ့ ကိစ္စတွေရော၊ ချေးငွေကိစ္စတွေရော လုပ်ငန်းငယ်ငယ်လေးကို ပြန်လည်တည်‌ထောင်နိုင်ဖို့အတွက် အသေးစားချေးငွေလုပ်ငန်းတွေရော ကျနော်တို့ဘက်က တိုးမြှင့်ပြီးမှ လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်။ အဲဒီအတွက်က ကရင်နီပြည်အစိုးရရဲ့တာဝန်တွေဖြစ်ပြီးတော့ ပြည်သူလူထုနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ပြင်ဆင်ထားပါတယ်။ဟု ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် - KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဆက်လက် ပြောဆိုသည်။

ထို့ပြင် NUG အစိုးရနှင့်ချိတ်ဆက်ကာ ပိုမိုကောင်းမွန်သော အုပ်ချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြင်ဆင်ထားကြောင်း KNDF  ဥက္ကဋ္ဌ ခွန်းဘီထူးက အသိပေး ပြောဆိုထားပါတယ်။


========================


🚩🚩 ၂။ တော်လှန်ရေးသမားစစ်မှန်တယ်ဆိုရင် ဝေဖန်မှုဒဏ်ကို ခံနိုင်ဖို့လိုသလို အားမနာတမ်း ဝေဖန်ကြဖို့ လိုအပ်တယ်လို့ မန္တလေး PDF မှ စစ်ဦးစီးအရာရှိပြောကြား


တော်လှန်ရေးသမားစစ်မှန်တယ်ဆိုရင် ဝေဖန်မှုဒဏ်ကို ခံနိုင်ဖို့လိုသလို အားမနာတမ်း ဝေဖန်ကြဖို့ လိုအပ်တယ်လို့ မန္တလေး PDF မှ စစ်ဦးစီးအဖွဲ့ဝင် ဒေါက်တာစိုးသူရဇော်က ဇန်နဝါရီ ရက်မှာ အသိပေးဆိုထားပါတယ်။

"ကျွန်တော်တို့ဟာ တော်လှန်ရေးသမားစစ်မှန်တယ်ဆိုရင် ဝေဖန်မှုဒဏ်ကို ခံနိုင်ဖို့လိုသလို အားမနာတမ်း ဝေဖန်ကြဖို့ လိုပါတယ်။ 

ဝေဖန်သံတွေကိုလည်း ရင်ဘတ်ကျယ်ကျယ် နားကြီးကြီးနဲ့ နားထောင်နိုင်ဖို့လည်း လိုတယ်။ 

ဝေဖန်ဒဏ်ကို မခံနိုင်ဘူး။ ဝေဖန်သံကို နားမစွင့်ဘူးဆိုရင် ဘီလူးကို သတ်ဖို့ ကြိုးစားရင်း ကိုယ်ကိုယ်တိုင် ဘီလူး ဖြစ်သွားနိုင်ပါတယ် " လို့ ဆိုပါတယ်။

ဒါ့အပြင်တော်လှန်ရေး မြန်မြန်အောင်စေဖို့သာ ရည်သန်ကြမယ်ဆိုရင် အချို့သော ပြဿနာတွေဟာ ကွယ်ပျောက်သွားမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ နိုင်ငံတော်အဆင့် အောင်ဇေယျ စစ်ကြောင်းမှ လက်နက်ခဲယမ်းနှင့်အတူ လာရောက်ပူးပေါင်းလာသော စစ်သည်များအား ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနားကျင်းပ


ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များထံသို့ လက်နက်ခဲယမ်းနှင့်အတူဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် လက်နက်ခဲယမ်းမပါသည်ဖြစ်စေ အားလုံးလက်ခံကြိုဆိုပေးခဲ့ပြီး နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျ စစ်ကြောင်းမှ လာရောက် ပူးပေါင်းလာသည့် စစ်သည်များကို ကြိုဆိုထောက်ခံပွဲ နှင့် ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

မြဝတီမြို့သည် စစ်ကောင်စီတပ်မှ အာဏာမသိမ်းမှီ မြန်မာနိုင်ငံ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် နှစ်စဥ်နှင့်အမျှ (၆၅) ရာခိုင်နှုန်းသော ဝင်ငွေအခွန်ဘဏ္ဍာအား စစ်ဏာအာရှင်အတွက် ရရှိခဲ့သည့် အဓိက နေရာ တစ်နေရာ ဖြစ်ခဲ့ပြီး အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်မှ ၎င်းတို့၏ အသက်သွေးကြော အတွက် အဓိကကျသော နယ်စပ်မြို့ နှင့် ကုန်သွယ်ရေးလမ်းကြောင်း ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီးအား ပြန်လည်ထိန်းချုပ်နိုင်ရန် လက်နက်အင်အား၊ လူအင်အား တောင့်တင်းခိုင်မာစွာဖြင့် နိုင်ငံတော် အဆင့်ရှိသော အောင်ဇေယျ စစ်ဆင်ရေးအမည်ဖြင့် ထိုးစစ်ဆင်ခဲ့သော်လည်း အောင်နိုင်ခြင်းမရှိပဲ အရှုံးများနှင့်သာ ရင်ဆိုင်နေရပါတယ်။

နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းသည် ထိုင်း - မြန်မာနယ်စပ် မြဝတီမြို့သို့ ရောက်ရှိနိုင်ခြင်းမရှိတော့သလို အာရှလမ်းမကြီးကိုလည်း ထိန်းချုပ်နိုင်စွမ်း မရှိတော့ဘဲ K.N.L.A ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ အထပ်ထပ်သော ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် နေ့စဥ်နှင့်အမျှ သေဆုံး၊ ဒဏ်ရာရှိခဲ့ပြီး လူအင်အား၊ လက်နက်အင်အားများ လျှော့နည်းလာသည်သာမက စားနပ်ရိက္ခာများလည်း ပြတ်လပ်နေကြတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီအတွက် လက်နက်ခဲယမ်း နှင့် စားနပ်ရိက္ခာများအတွက် မြေပြင်မှပို့ဆောင်ပေးရန် လမ်းကြောင်း မရှိတော့သည့်အတွက် ဝေဟင်မှ လေယာဥ်များနဲ့သာ ရိက္ခာထုပ်များအား သွားရောက်ချပေး နေရပြီး ရရှိလာသော ရိက္ခာခြောက်များကို အရာရှိ အဆင့်ရှိသူများသာ စားသောက်ခဲ့ရကာ အောက်ခြေမှ လက်အောက်ငယ်သား စစ်သည်များမှာ စားသောက်ခွင့်မရှိဘဲ ခေါက်ဆွဲခြောက် (မာမား) တစ်ထုပ်လျှင် စစ်သည် () ဦးဖြင့် မျှဝေစားနေကြရတယ်လို့ သိရပါတယ်။

ရှေ့တန်းမြေပြင်မှ ထိုအခြေနေများကြောင့် စစ်သည်များသည် စိတ်ဓာတ်ခွန်အား၊ ကိုယ်ခံအား စသဖြင့်များ ပျက်ပြားလာခဲ့ကြပြီး နေ့စဥ်နှင့်အမျှ လက်နက်ခဲယမ်းနှင့်အတူ အလံဖြူထောင်သူများ နှင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံသို့ ထွက်ပြေးခိုလှုံလာသူများ ရှိလာပါတယ်။

K.N.L.A နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ စစ်၏ စည်းမျဥ်းစည်းကမ်းနှင့်အညီ လူသားခြင်းစာနာထောက်ထားမှုဖြင့် K.N.U ထိန်းချုပ်နယ်မြေတွင် ရှိသမျှ စစ်ကောင်စီတပ်မှ မည့်သည့်စစ်သည်မဆို မိမိတို့ နှင့် လာရောက်ပူးပေါင်းကာ ပြည့်သူလူထုများ၏ ရင်ခွင့်သို့ ခိုလှုံပါရန် အစဥ်မြဲ နွေးထွေးစွာ ဖိတ်ခေါ်လျှက်ရှိနေကြောင်း ဖော်ပြထားပါတယ်။

ထိုသို့ လာရောက်ပူးပေါင်းလာသော စစ်သည်တော်များအား K.N.L.A ဦးဆောင်သော တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များ နှင့် ပြည်သူလူထုများမှ အသိအမှတ်ပြု တန်ဖိုးထား လေးစားသည့်အနေဖြင့် ၎င်းတို့အား ကောင်းမွန်စွာကြိုဆိုဧည့်ခံပေးခဲ့ပြီး ၎င်းတို့အတွက် ထောက်ပံ့မှုများလည်း ပေးအပ်ခဲ့ပြီးနောက် ၎င်းတို့၏ အနာဂတ်ဘဝရှေ့ရေးအတွက် ၎င်းတို့ ဆန္ဒရှိသည့်အတိုင်း စီစဥ်ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ငါန်းဇွန်မြို့နယ်မှာ နှစ်သစ်ကူးညက စစ်ကောင်စီရဲ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူ ဦး သေဆုံး


မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ သားကျင်ပေါ်ကျေးရွာကို နှစ်သစ်ကူး ညမှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ တာကြောင့် ကလေးငယ် တဦး အပါအဝင် အရပ်သား ပြည်သူ ဦး သေဆုံး ခဲ့တယ်လို့ ဒေသခံတွေထံက သိရ ပါတယ်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ နှစ်သစ်ကူး ညမှာ သားကျင်ကျေးရွာကို စစ်ကောင်စီက ကြိမ်တိုင် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲ ခဲ့ပါတယ်။

ဗုံးကြဲတိုက်ခိုက်မှု အတွင်း အသက် နှစ်အရွယ် ကလေးငယ် တဦး အပါအဝင် မိသားစုဝင် ဦး သေဆုံးခဲ့ရကာ စိုးရိမ်ရတဲ့ ဒဏ်ရာရရှိသူ ဦး အထိ ရှိနေတယ်လို့ သိရပါတယ်။

ပထမဆုံးအကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်မှုမှာ အခုလို ထိခိုက်သေဆုံး ခဲ့တာဖြစ်ပြီး နောက်ထပ်နှစ်ကြိမ် လေထီးစက်တပ် ယာဉ်တွေနဲ့ ဗုံးကြဲရာမှာတော့ လူသေဆုံးခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားတာမျိုး မရှိဘဲ လေကြောင်း တိုက်ခိုက်ခံခဲ့ရတာဖြစ်ပြီး နောက်ထပ်လည်း လေကြောင်းတိုက်ခိုက် မှုတွေ ရှိလာနိုင်တာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

သားကျင်ရွာဟာ ယခင်ကလည်း ကြိမ်တိုင် လေကြောင်းတိုက်ခိုက် ခံထားရပြီး ယခုတကြိမ်က ကြိမ်မြောက်ဖြစ်ကာ လူ ထိခိုက် သေဆုံးတာတွေလည်း ရှိခဲ့ပါတယ်။


========================


🚩🚩 ၅။ ဘီးလင်းမြို့နယ်မှာ တရက်အတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ဘီးလင်း မြို့နယ်မှာ တရက်အတွင်း စစ်ကောင်စီ တပ်က လေကြောင်း တိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် နေ့လည် ၁၁ နာရီ ၅၅ မိနစ်အချိန်မှာ ကြသောင်းဆိပ် အနောက်ရွာနဲ့ ပျဉ်းမပင်ဆိပ် ရွာကြား ထို့ကော့နော်ဘော ကို ဗုံး လုံး ကျဲချခဲ့ကာ စစ်သေနတ်များဖြင့် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

နေ့လည် ၁၂ နာရီ မိနစ်မှာလည်း နို့ဘယ်ဘော ရွာအနီး ထီးညဆားထ နေရာကို ဗုံး လုံး ကြဲချခဲ့ကာ နေ့လည် ၁၂ နာရီ ၃၀ မိနစ် အချိန်မှာ သဲဖြူချောင်း (ထီးကျီးခံ)ရွာ ကျော်ပတဲကုန်း တောထဲကို ဗုံး လုံးနဲ့ စစ်သေနတ်များ ပစ်ခတ်တိုက်ခိုက် ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လေကြောင်းတိုက်ခိုက်မှု များအတွင်း ပြည်သူအများ ထိခိုက်မှု မရှိခဲ့သော်လည်း အနီးနား ကျေးရွာများမှ ပြည်သူလူထု အနေဖြင့် ထိတ်လန့်ကြောက်ရွံ့ကာ ဘေးလွတ်ရာ နေရာဒေသများကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ခလယ်လွီထူ ခရိုင်တွင် စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရ


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူ ခရိုင်၊ လယ်ဒိုမြို့နယ်နှင့် မူးမြို့နယ် အတွင်းမှာ စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိ လက်နက်ကြီး၊ ဒရုန်းများဖြင့် ကျေးရွာများကို ပစ်ခတ်ခဲ့တာကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့ ညနေ နာရီ အချိန်မှာ နတ်သံကွင်းအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်း ကျေးရွာအတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၄၀ အရွယ်ရှိ ညားလားစေး ထိမှန်သေဆုံးခဲ့ပါတယ်။

ထို့အပြင် အသက် ၂၀ အရွယ် စောခွါးစိ၊ အသက် ၅၅ နှစ်အရွယ် ညားလူးမာ နဲ့ နော်အားမူ တို့ ဦးလည်း ထိမှန် ဒဏ်ရာရခဲ့ပါသေးတယ်။

ထို့အပြင် ဒီဇင်ဘာလ ၃၀ ရက် ညနေ နာရီ မိနစ် အချိန်မှာလည်း ကွင်းချောင်းဝမှ စစ်ကောင်စီ တပ်များက ၁၂၀ မမ လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ အင်တိုင်းကုန်း ရွာအတွင်း ကျရောက် ပေါက်ကွဲခဲ့ပြီး အသက် ၁၇ နှစ် အရွယ် စောသောနေထူး နှင့် အသက် ၁၂ နှစ်အရွယ် နော်ဒါးလယ်စေး တို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

အလားတူ ဒီဇင်ဘာလ ၃၀ ရက်နေ့ ညနေ နာရီခွဲ အချိန်မှာ သဖန်းပင် ကျေးရွာ အတွင်းကို စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အသက် ၄၆ နှစ်အရွယ် မသန်းသန်းစိုးနဲ့ အသက် နှစ်ခွဲ အရွယ်ရှိ မောင်ရဲထက်အောင် တို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။


========================


🚩🚩 ၇။ စစ်ကောင်စီဘက်က မြုပ်ထားခဲ့တဲ့ မြေမြုပ်မိုင်း အလုံး ၂၀ ဝန်းကျင်ကို စလင်း (ပကဖ) မှ ဖယ်ရှားရှင်းလင်း


မကွေးတိုင်း၊စလင်းမြို့နယ်၊ စလင်းမြို့ စီဆွဲ-အိုးထိန်းလမ်း ကပစ-၂၁ သို့ သွယ်တန်းထားတဲ့နေရာတွေမှာ စစ်ကောင်စီဘက်က မြူပ်ထားခဲ့တဲ့ မြေမြုပ်မိုင်း အလုံး ၂၀ ဝန်းကျင်ကို စလင်း(ပကဖ) မှ ဒီဇင်ဘာလ ၂၈ရက်နေ့က ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။ 

ပြည်သူများ ဘေးကင်းစွာ သွားလာနိုင်ရေးအတွက် ယခုကဲ့သို့ မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ကြိုးစားလုပ်ကိုင်နေကြတာဖြစ်တယ်လို့လဲ ပကဖအရင်းအမြစ်ကပြောဆိုပါတယ်။


========================


🚩🚩 ၈။ မုံရွာ နမခ မှ ထွက်လာသော သံချပ်ကာ ကား စီးအား ချောင်းဦး - မြင်းမူ လမ်းပိုင်း တစ်နေရာတွင် ကြိမ် မိုင်းဆွဲတိုက်ခိုက်


ဒီဇင်ဘာလ ၃၁ ရက် နံနက် နာရီ ဝန်းကျင် အချိန်တွင် မုံရွာမြို့  နမခ မှ ထွက်လာသော သံချပ်ကာ ကား စီးအား ချောင်းဦး - မြင်းမူ လမ်းပိုင်း တနေရာတွင် စောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးတပ်ခွဲမှ သတင်းထုတ်ပြန်ပါတယ်။

မုံရွာမြို့ နမခ မှ ထွက်ခွာလာသာ စကစ သံချပ်ကာ ကား စီးသည် မုံရွာမြို့မှ စတင်ထွက်ခွာလာသည့် သတင်းအရ တော်လှန်ရေး တပ်ဖွဲ့များအနေဖြင့် အသင့်ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သော မိုင်း ကွင်းများအနီးတွင် ကြိုတင်စောင့်ဆိုင်းနေစဉ် အဆိုပါ စကစ သံချပ်ကာ ယာဉ်တန်းအား လုံခြုံရေးပေးရန် ချောင်းဦးမြို့အတွင်းမှ ခြေလျင် ထွက်ခွာလာ‌တဲ့ စကစ ၃၀ ခန့်မှာ မိုင်းကွင်းများ ရှိရာသို့ ပထမဦးစွာ ရောက်ရှိလာသောကြောင့် မိုင်းဆွဲ တိုက်ခိုက်ရာ စကစ တပ်သား ဦး ထိခိုက်သေဆုံး တယ်လို့ ဖော်ပြထားပါတယ်။

စကစ တပ်သားများဘက်မှလည်း လက်နက်ငယ်များဖြင့်  တရစပ်ပြန်လည်ပစ်ခတ်ရာ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ခေတ္တ ငြိမ်သက်၍ ပြန်လည် နေရာယူကာ နမခ မှ ထွက်လာသော စကစ သံချပ်ကာ ကား စီး မှာ မိုင်းကွင်းများအနီးသို့ ရောက်ရှိလာ၍ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သော်လည်း စကစ သံချပ်ကာ ကားများ ထိခိုက်မှု နှင့် ကားများ ပေါ် ပါလာသည့် စကစ တပ်သားများ ထိထိခိုက်‌သေဆုံးမှု သတင်းအား ဆက်လက် စုံစမ်းတယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုအား - 

၁။ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ် - ၁၂ တပ်ရင်း တပ်ခွဲ - )

၂။ 11 People Defense Force 

၃။ မုံရွာခရိုင် အမှတ် - ၁၅ တပ်ရင်း

၄။ Nway Oo Brothers Column ( နွေဦး ညီကို စစ်ကြောင်း) တို့မှ အတူတကွ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၉။ ၂၀၂၄ ခုနှစ်မှာ တောင်ပိုင်း စစ်ဒေသအတွင်း မြို့ မြို့ အပါအဝင် စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ရရှိခဲ့


အမျိုးသား ညီညွတ်ရေး အစိုးရ၊ တောင်ပိုင်း စစ်ဒေသ၊ အမှတ် စစ်ဒေသခွဲ နယ်မြေမှာ ၂၀၂၄ တနှစ်တာအတွင်း မြို့ မြို့ အပါအဝင် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများကို သိမ်းပိုက်နိုင်ခဲ့ပြီး မဟာဗျူဟာမြောက် စစ်ဆင်ရေး များစွာ ဖော်ဆောင်နိုင်ခဲ့တယ်လို့  အမှတ်() စစ်ဒေသခွဲက နှစ်သစ် သတင်းစကား ထုတ်ပြန်ထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်းမှာ ဖာပွန်မြို့ကို အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇရပ်ကြီး မြို့ကိုလည်း ထိန်းချုပ်နိုင်ခဲ့ တယ်လို့ ဆိုပါတယ်။

ထို့အပြင် စစ်ကောင်စီရဲ့ တပ်ရင်းဌာနချုပ် ခုကိုလည်း အပြီးသတ် တိုက်ခိုက်သိမ်းပိုက် ခဲ့ကာ တပ်ရင်းဌာနချုပ် တခုကိုလည်း ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တဲ့အပြင် တပ်စခန်း ကြီးငယ် ၂၀ ကျော်ကိုလည်း ရှင်းလင်းသိမ်းပိုက် နိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အပြင် တောင်ငူလေတပ် စခန်းဌာနချုပ်ကို မဟာဗျူဟာမြောက် ပစ်မှတ်အဖြစ်  (Rain Of Fire) စစ်ဆင်ရေး အနေနဲ့ အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့သလို ရန်ကုန်မြို့၊ မှော်ဘီလေတပ် စခန်း ဌာနချုပ်ကိုလည်း မဟာမိတ်တပ် များနဲ့ အတူပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ရေးဖော်ဆောင်မှုများကို ပြည်သူများရဲ့အားပေးကူညီမှု၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပံပိုးလမ်းညွန်မှု၊ တောင်ပိုင်းစစ်ဒေသ (JOC) ရဲ့ စီမံကွပ်ကဲမှု၊ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တို့က ပူးပေါင်းကာ ဟန်ချက်ညီ တိုက်ပွဲဝင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေး တိုက်ပွဲများအတွင်း ရဲဝင့် ပြောင်မြောက်စွာ တိုက်ပွဲဝင်ရင်း စွန့်လွှတ် ပေးဆပ်ခဲ့ရတဲ့ ရဲဘော် များကိုလည်း လေးနက်စွာ ဂုဏ်ပြုထားပြီး အမှတ် စစ်ဒေသ အနေဖြင့် မည်သို့သော အတားအဆီး၊ အခက်အခဲ တွေ များစေကာမူ ပြည်သူများ မျှော်လင့်တောင့်တနေတဲ့ စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် သွေးစည်းညီညွတ်မှု၊ အမိန့်နာခံမှု၊ စည်းကမ်းသေဝပ်မှု၊ ဇွဲ လုံ့လ ဝီရိယ တို့ဖြင့် အစွမ်းကုန် ကြိုးစားဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ကတိသစ္စာ ပြုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment