30th Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨၁။ စစ်အုပ်စုတဖက်တည်းကိုပဲဆက်ဆံပြီးတော့ဖြေရှင်းမှုဟာမြန်မာပြည်အရေးကိုကူညီရာမရောက်ဘူးလို့NUGနိုင်ငံခြားရေးဒုဝန်ကြီးပြော

📌 ⁨⁨⁨⁨⁨၂။ စစ်ကောင်စီရဲ့ တရားမဝင်တဲ့ရွေးကောက်ပွဲ မဖြစ်စေဖို့နိုင်ငံတကာနဲ့အဖွဲ့အစည်းများအားလုံးဝိုင်းဝန်းပေးကြရန်မြန်မာပြည်သူလူထုကိုယ်စားသံအမတ်ကြီးဦးကျော်မိုးထွန်းမေတ္တာရပ်ခံ

📌 ⁨⁨⁨⁨⁨၃။ပဋိပက္ခတွေနဲ့  စီးပွားရေးပြိုလဲမှုကြောင့်  မြန်မာပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP သတိပေး

📌 ⁨⁨⁨⁨⁨၄။ အမေရိကန်အစိုးရ အကူအညီဆိုင်းငံ့ထားချိန် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်ကဒုက္ခသည်တွေကိုတိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို

📌 ⁨⁨⁨⁨⁨၅။ တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့လှူဒါန်းရန်အတွက် နာမီကျွန်းနှင့် နှင်းတောင်စကိတ်စီး တော်လှန်ရေးရန်ပုံငွေခရီးစဥ်အောင်မြင်စွာပြီးဆုံး

📌 ⁨⁨⁨⁨⁨၆။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် " ဖြတ် - Wide Awake " ရုပ်ရှင် ဇာတ်လမ်းတိုကိုပြသမယ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ပူတာအိုဘက်မှာ စစ်တပ်က စစ်အင်အားတိုးမြင့်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာ 

🚩 ၂။ စလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးထက်မနည်းဒဏ်ရာရ ပြီး သေဆုံးမှုများ

🚩၃။ တမူးမြို့အနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်

🚩 ၄။တနင်္သာရီမြို့နယ်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် အိမ်၂လုံး မီးလောင်ပျက်စီး

🚩 ၅။ကန့်ဘလူနယ်ကကျေးရွာတွေမှာ စစ်တပ်ကလူငယ် ၁၀၀ နီးပါးကို အဓမ္မဖမ်းဆီး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨၁။ စစ်အုပ်စုတဖက်တည်းကိုပဲဆက်ဆံပြီးတော့ဖြေရှင်းမှုဟာမြန်မာပြည်အရေးကိုကူညီရာမရောက်ဘူးလို့NUGနိုင်ငံခြားရေးဒုဝန်ကြီးပြော


ဇန်နဝါရီ၃၀ရက်


ဇန်နဝါရီလ၂၉ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌ၏ သတင်းစာရှင်းလင်းပွဲတွင် NUGနိုင်ငံခြားရေးဒုဝန်ကြီးဦးမိုးဇော်ဦးက အခုလို ပြောကြားလိုက်ပါတယ်။

"မြန်မာပြည်သူလူထုရဲ့ဆန္ဒနဲ့မဆန့်ကျင်ဘဲနဲ့ ရေရှည်တည်တံ့ပြီး သက်ဆိုင်သူအားလုံးနဲ့ထိတွေ့ဆက်ဆံတဲ့ မြန်မာ့ပြဿနာပြေလည်ရေးကြိုးပမ်းမှုတွေကို ကျေးဇူးတင်စွာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။အဲဒီလိုမြန်မာအရေးကိုဆောင်ရွက်တဲ့အခါမှာ စစ်အုပ်စုဆိုတဖက်တည်းကိုပဲဆက်ဆံပြီးတော့ အဓိကအကျိုးသက်ဆိုင်သူတွေနဲ့ ညှိနှိုင်းမှုမရှိဘဲနဲ့ ကြိုးပမ်းဆောင်ရွက်မယ်ဆိုရင် အောင်မြင်မှုရမှာမဟုတ်ဘူး။ကျနော်တို့တိုင်းပြည်အရေးကိုလည်းတကယ် ကူညီရာမရောက်ဘူးလို့ပဲပြောရမှာဖြစ်ပါတယ်"လို့ပြောပါတယ်။

လက်ရှိမှာ စစ်ကောင်စီနဲ့တိုင်းရင်းသားတော်လှန်ရေးတပ်များအကြားငြိမ်းချမ်းရေးကိုကြားဝင်ဖြေဖြန်ပေးသည်ဟုဆိုကာ တရုတ်အစိုးရကဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ စစ်ကောင်စီရဲ့ တရားမဝင်တဲ့ရွေးကောက်ပွဲ မဖြစ်စေဖို့နိုင်ငံတကာနဲ့အဖွဲ့အစည်းများအားလုံးဝိုင်းဝန်းပေးကြရန်မြန်မာပြည်သူလူထုကိုယ်စားသံအမတ်ကြီးဦးကျော်မိုးထွန်းမေတ္တာရပ်ခံ


ဇန်နဝါရီ၃၀ရက်


ဇန်နဝါရီလ၂၉ရက်မှာပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌ၏ သတင်းစာရှင်းလင်းပွဲတွင် ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကအခုလို ပြောကြားလိုက်ပါတယ်။

"စစ်တပ်ကလုပ်မယ်ဆိုတဲ့တရားလည်းမဝင်ဘူး။လွတ်လပ်မျှတမှုလည်းရှိမှာမဟုတ်တဲ့ရွေးကောက်ပွဲကို ကျနော်တို့ပြည်သူတွေကတော့ပြတ်ပြတ်သားသားကန့်ကွက်တယ်။ပြတ်ပြတ်သားသား ဆန့်ကျင်တယ်။အဲဒီလိုပဲ နိုင်ငံတကာ အနေနဲ့လည်းလက်မခံဖို့၊ဆန့်ကျင်ကြဖို့လိုတယ်ဆိုတာကိုကျနော်တို့အမြဲတမ်းတောင်းဆိုနေတာရှိတယ်။ဒါကြောင့်ပြည်သူတွေရဲ့ဆန္ဒ၊ပြည်သူတွေရဲ့လိုအပ်ချက်ကိုနားထောင်ပြီးတော့ တတ်နိုင်တဲ့ဘက်တွေကပေါ့။နိုင်ငံတကာအသိုင်းအဝိုင်း၊အဖွဲ့အစည်းတွေအကုန်လုံးကနေပြည်သူတွေဘက်ကရပ်တည်ပေးဖို့နဲ့ဒီစကစရဲ့တရားမဝင်တဲ့ရွေးကောက်ပွဲ မဖြစ်စေဖို့အားလုံး ဝိုင်းဝန်းဆောင်ရွက်ပေးဖို့လည်းကျနော်မေတ္တာရပ်ခံလိုပါတယ်"လို့သံအမတ်ကြီးကပြောပါတယ်။


အကြမ်းဖက်စကစဟာလက်ရှိမှာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင်ကျင်းပရန်ကြံစည်လျက်ရှိနေပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၃။ပဋိပက္ခတွေနဲ့  စီးပွားရေးပြိုလဲမှုကြောင့်  မြန်မာပြည်သူ ၁၅ သန်းနီးပါး စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ WFP သတိပေး


ဇန်နဝါရီ၃၀ရက်


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတွေနဲ့စီးပွားရေးပြိုလဲမှုကြောင့် စားနပ်ရိက္ခာမလုံလောက်မှုဟာ အဆိုးရွားဆုံးဖြစ်နေပြီး မြန်မာပြည်သူ ၁၅ သန်းခန့် ဆာလောင်မွတ်သိပ်မှုဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိ က္ခာအစီအစဉ်-WFP က မနေ့ ဇန်နဝါရီ ၂၉ မှာ သတိပေးပြောကြားလိုက်ပါတယ်။ 

မြန်မာနိုင်ငံအတွင်းမှာ ဆာလောင်မွတ်သိပ်မှုအခြေအနေ အလွန်ပြင်းထန်တဲ့အဆင့်ကို ရောက်ရှိနေပြီး ၂၀၂၅ ခုနှစ်မှာ ပိုမိုဆိုးရွားလာမယ်လို့ ဆိုပါတယ်။ 

ဒါဟာ အရင်နှစ်က လူဦးရေ ၁၃ ဒသမ သန်းကနေ တိုးလာတာလို့ အသိပေးပါတယ်။ 

လက်ရှိမှာ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့အပြင် စစ်ကိုင်းတိုင်း အပါအဝင် တိုက်ပွဲများဖြစ်ပွားရာ နယ်မြေတွေမှာ နေထိုင်သူတွေဟာ စားနပ်ရိက္ခာမလုံလောက်မှုကို အဆိုးရွားဆုံး ရင်ဆိုင်နေကြရတယ်လို့လည်း ဆိုပါတယ်။ 

မြန်မာပြည်သူ ဦးမှာ တဦးနှုန်းဖြစ်တဲ့ လူပေါင်း သန်း ၂ဝ နီးပါးဟာ လူသားချင်းစာနာမှုအကူအညီတွေ လိုအပ်နေတယ်လို့  WFP သတိပေးချက်မှာ ဖော်ပြထားပါတယ်။

 WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Michal Dunford က တနိုင်ငံလုံးအတိုင်းအတာနဲ့ ပဋိပက္ခတွေ ကြီးထွား လာတာ၊ သွားရောက်ကူညီခွင့် ကန့်သတ်ချက်တွေရှိတာ၊ စီးပွားရေးပြိုလဲတာနဲ့ ရာသီဥတုဆိုင်ရာ အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့အတွက် မြန်မာနိုင်ငံမှာ ဆာလောင်မွတ်သိပ်မှု အခြေအနေဟာ စံချိန်တင် မြင့်တက်လာနေတာလို့ ပြောပါတယ်။  

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေကြောင့် လူပေါင်း ဒသမ သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်နေပြီး ပဋိပက္ခတွေ ပိုမိုနက်ရှိုင်းလာတာနဲ့အမျှ နေရာဒေသသစ်တွေကိုပါ ကူးစက်လာတဲ့အတွက် ၂၀၂၅ ခုနှစ်အတွင်းမှာ လူဦးရေ ဒသမ သန်းကျော်အထိ အိုးမဲ့အိမ်မဲ့ဖြစ်လာနိုင်တယ်လို့ WFP က ခန့်မှန်းထားပါတယ်။ 

မြန်မာနိုင်ငံမှာ အဓိကကျတဲ့ စားသောက်ကုန်တွေဖြစ်တဲ့ ဆန်၊ဆီ၊ ဆားနဲ့ပဲတို့လို့ အခြေခံစားသောက်ကုန်စျေးနှုန်းတွေဟာ အရင်နှစ်ထက် ၃၀ ရာခိုင်နှုန်း မြင့်တက်လာတယ်လို့ သိရပါတယ်။ 

WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပိုမိုဆိုးရွားလာတဲ့ မြန်မာပြည် အရေးကို ကမ္ဘာကြီးက လျစ်လျူရှုထားလို့မရကြောင်းနဲ့ နိုင်ငံတကာအကူအညီတွေ ချက်ချင်းတိုးမြှင့် မပေးရင် လူသောင်းပေါင်း များစွာ ပိုမိုဆိုးရွားတဲ့အခြေအနေ ရောက်သွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။

အခုနှစ်မှာ WFP အနေနဲ့ မြန်မာနိုင်ငံက လူဦးရေ အနည်းဆုံး ဒသမ သန်းကို စားနပ်ရိက္ခာ အထောက်အပံ့နဲ့ အကူအညီ တွေဖို့ ရန်ရည်မှန်းထားပြီး အမှန်တကယ်အကူအညီလိုအင်္ပနေသူတွေဆီရောက်ဖို့ အဖွဲ့အစည်းအားလုံးနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ အမေရိကန်အစိုးရ အကူအညီဆိုင်းငံ့ထားချိန် အနောက်နိုင်ငံများအနေနဲ့ မြန်မာပြည်ကဒုက္ခသည်တွေကိုတိုးမြှင့်ကူညီပေးဖို့ CHRO တောင်းဆို


ဇန်နဝါရီ၃၀ရက်


အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာကူညီထောက်ပံ့မှုအစီအစဉ်တွေဆိုင်းငံ့ထားချိန်မှာ ဗြိတိန်၊ EU ကနေဒါနဲ့ ဩစတြေးလျအပါအဝင် အနောက်နိုင်ငံများက နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ မြန်မာပြည်က ဒုက္ခသည်တွေကို တိုးမြှင့်ကူညီပေးဖို့ ချင်းလူ့အခွင့်အရေးအဖွဲ့-CHRO က တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတအသစ် Donal Trump လက်မှတ်ရေးထိုး ညွှန်ကြားချက်ထုတ်ပြန်ပြီးဖြစ်တဲ့အတွက် အနောက်နိုင်ငံများ က နိုင်ငံတကာအဖွဲ့အစည်းများအနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ တိုးမြှင့်ကူညီပေးဖို့ CHRO က တောင်းဆိုလိုက်တာဖြစ်ပါတယ်။

အခုလို ဆိုင်းငံ့လိုက်တာဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာတွေကို ထိခိုက်စေရုံသာမက မြန်မာစစ်အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုကနေ လွတ်မြောက်နယ်မြေတွေ တည်ငြိမ်ရေးနဲ့အုပ်ချုပ်ရေး ရေရှည်တည်တံ့ခိုင်မြဲစေဖို့ ကြိုးပမ်းအား ထုတ်မှုတွေကိုပါ ထိခိုက်စေတယ်လို့ CHRO ရဲ့အမှုဆောင်ဒါရိုက်တာ Salai Za Uk Ling ပြောတဲ့အကြောင်း Chin World သတင်းဌာနက ဖော်ပြပါတယ်။

လက်ရှိအချိန်မှာ စစ်အစိုးရရဲ့ အုပ်ချုပ်မှုကနေ လွတ်မြောက်သွားတဲ့ဒေသတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေး လို မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေအတွက် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ကြိုးပမ်းဆောင်ရွက်နေပေမယ့် နိုင်ငံတကာအကူအညီတွေ အချိန်နဲ့တစ်ပြေးညီ မရသေးတဲ့အတွက် အခက်အခဲတွေနဲ့ ရင်းဆိုင်အနေအထားလို့လည်း Salai Za Uk Ling က အသိပေးထားပါတယ်။ 

လက်ရှိမြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့အခြေအနေတွေအပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကို နိုင်ငံတကာအနေနဲ့ ကူညီပံ့ပိုးပေးဖို့၊ လူ့အခွင့်အရေးကိုရှေးရှုပြီး နိုင်ငံတကာအသိုက်အဝန်းအနေနဲ့လည်း အရေးတကြီး ညှိနှိုင်းကူညီပေးဖို့ CHRO က တိုက်တွန်းထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၅။ တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့လှူဒါန်းရန်အတွက် နာမီကျွန်းနှင့် နှင်းတောင်စကိတ်စီး တော်လှန်ရေးရန်ပုံငွေခရီးစဥ်အောင်မြင်စွာပြီးဆုံး


ဇန်နဝါရီ၃၀ရက်

 

တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့လှူဒါန်းရန်အတွက်ကိုရီးယားနိုင်ငံ နာမီကျွန်းနှင့် နှင်းတောင်စကိတ်စီး တော်လှန်ရေးရန်ပုံငွေခရီးစဥ်အောင်မြင်စွာပြီးဆုံးခဲ့တယ်လို့ ဇန်နဝါရီ၃၀ရက်မှာ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)က အသိပေးဆိုပါတယ်။

 မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် လုံးဝ အမြစ်ဖြတ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ထောင်ရေးအတွက် ရှေ့တန်းမှ တိုက်ပွဲဝင်နေကြသည့် တော်လှန်ရေးအဖွဲ့များအား ထောက်ပံ့လှူဒါန်းရန်အတွက် နာမီကျွန်းနှင့် နှင်းတောင်စကိတ်စီး တော်လှန်ရေးရန်ပုံငွေခရီးအား ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၂၈ရက်နေ့က စီစဉ်ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

အဆိုပါ ရန်ပုံငွေခရီးစဉ်တွင် တောင်ကိုရီးယားရောက်မြန်မာနိုင်ငံသား ၂၂၀ဦးလိုက်ပါခဲ့ကြပြီး မနက်ပိုင်းတွင် ကိုရီးယား၏ အထင်ကရ နေရာဖြစ်သည့် နာမီကျွန်းသို့ သွားရောက်ခဲ့ကြတယ်လို့သိရပါတယ်။

တော်လှန်ခရီးသည်များသည် ဖက်ဒရယ်ဒီမိုကရေစီရရှိရေး!! စစ်အာဏာရှင်စနစ်ကျဆုံးရေး!!  အရေးတော်ပုံအောင်ရမည်!!ဟူသည့် ကြွေးကြော်သံများကို နှင်းတောင်တဝှမ်း ပဲ့တင်လွှမ်းစေကာ တော်လှန်ရေးရန်ပုံငွေ ခရီးစဉ်အား အောင်မြင်စွာ အဆုံးသတ်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၆။ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် " ဖြတ် - Wide Awake " ရုပ်ရှင် ဇာတ်လမ်းတိုကိုပြသမယ်


ဇန်နဝါရီ၃၀ရက်


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် " ဖြတ် - Wide Awake " ရုပ်ရှင် ဇာတ်လမ်းတိုကိုပြသမယ်လို့သိရပါတယ်။


မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် " ဖြတ် - Wide Awake " ရုပ်ရှင် ဇာတ်လမ်းတိုကို ဖေဖော်ဝါရီလ ၂ရက်နေ့မှာ Kuala Lumpur & Selangor Chinese  Assembly Hallတွင် ညနေ 2:30အချိန် ပြသသွားမှာဖြစ်တယ်လို့သိရပါတယ်။လက်မှတ်များကို @NLD OC International Malaysia Page https://www.facebook.com/share/15FE2DSab2/?mibextid=wwXIfr တွင် ဝယ်ယူအားပေးနိုင်ပြီး တော်လှန် ပရိသတ်များ လာရောက်အားပေးကြဖို့ လှိုက်လှဲစွာဖိတ်ခေါ်ထားပါတယ်။



 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================




🚩🚩 ၁။ပူတာအိုဘက်မှာ စစ်တပ်က စစ်အင်အားတိုးမြင့်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်လာ 


ဇန်နဝါရီ၃၀ရက်


ပူတာအိုဘက်မှာ အကြမ်းဖက်စစ်ကောင်စီက အခု ဇန်နဝါရီလအတွင်း စစ်အင်အားတွေတိုးမြင့်ပြီး စစ်ရေးလှုပ်ရှားမှုတွေ လုပ်လာတယ်လို့ KIA သတင်းပြန်ကြားရေးက ဇန်နဝါရီ ၂၉ မှာ ထုတ်ပြန်ပါတယ်။   

စစ်ကောင်စီတပ်နဲ့ပြည်သူစစ်အဖွဲ့တွေဟာ အခုချိန်မှာ ပူတာအိုမြို့နယ်အတွင်းမှာရှိတဲ့ အချို့သောရွာတွေက ပြည်သူပိုင် အိမ်တွေမှာ စခန်းချနေပြီး စစ်အင်အားတွေ တိုးမြင့်လာတာလို့ ဒေသနေပြည်သူတွေရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးက အသိပေးလိုက်တာဖြစ်ပါတယ်။ 

ဆွမ်ပရာဘွမ်မြို့နယ်ကို ပြီးခဲ့တဲ့နှစ်မှာ KIA က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီဟာ ပူတာအိုနဲ့ ခေါင်လန်ဖူး ဒေသဘက်မှာ စစ်အင်အားတိုးချဲ့တာတွေ ဆက်တိုက်လုပ်ဆောင်လာတာပဲဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေအတွင်းက ဒေသနေပြည်သူတွေရဲ့အိမ်တွေမှာ စခန်းချနေထိုင်ကာ ပြည်သူလူထုကို အတင်းအကြပ်စစ်ဆေးမေးမြန်းတာ ခြိမ်းခြောက်တာတွေ လုပ်ဆောင်နေတာကြောင့် ဒေသနေပြည်သူတွေ စိုရိမ်ထိတ်လန့် နေကြတယ်လို့ သိရပါတယ်။ 

ကချင်ပြည်နယ် ပူတာအိုဒေသကို မကြာမီကာလမှာ တိုက်ခိုက်သွားမယ်လို့ ခါကာဘိုပြည်သူ့ကာကွယ်ရေးတပ် Kagabu People’s Force- KPF က ဇန်နဝါရီ ၁၆ ရက်မှာ ထုတ်ပြန်ကြေညာထားပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒေသနေပြည်သူများအနေနဲ့ စစ်ရေးသတင်းတွေ နားစွင့်ပြီး စားနပ်ရိက္ခာအတွက် ကြိုတင်ပြင်ဆင်ထားကြဖို့ KPF က တိုက်တွန်းထားပါတယ်။

ပူတာအိုခရိုင်မှာ ပူတာအို၊ မချမ်းဘော၊ ခေါင်လန်ဖူး၊ နောင်မွန်းနဲ့ ဆွမ်ပရာဘွမ်မြို့တို့ပါဝင်နေပြီး ဆွမ်ပရာဘွမ်မြို့ကို ၂၀၂၄ ခုနှစ် မေလအတွင်းမှာ ကချင်လွတ်မြောက်ရေးတပ် KIA နဲ့ မဟာမိတ် ပူးပေါင်းအဖွဲ့တွေ သိမ်းယူနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၂။ စလင်းမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးထက်မနည်းဒဏ်ရာရ ပြီး သေဆုံးမှုများ


ဇန်နဝါရီ၃၀ရက်


မကွေးတိုင်း စလင်းမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ဘက်က ၉ဦး ထက်မနည်းဒဏ်ရာရသွားပြီး သေဆုံးမှုများနိုင်တယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက ဒီနေ့ ဇန်နဝါရီ ၃ဝ မှာ ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၀၀ ကျော်ဟာ စလင်းမြို့နယ် သရက်ချဥ်ရွာ စာသင်ကျောင်းကနေ အနာက်ဘက် သမြင်ကင်းရွာနဲ့ ကျောက်စုကျေးရွာဘက်ကို မနေ့ ဇန်နဝါရီ ၂၉ ရက် မနက် နာရီခွဲမှာ တက်လာတဲ့အတွက် သရက်ခုန်ရွာနဲ့ကျောက်စုကျေးရွာကြားမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ 

အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ နာရီကျော် ကြာမြင့်ခဲ့ပြီး မနက် ၁ဝ နာရီဝန်ကျင်မှာ တော်လှန်ရေးတပ် တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ အသိပေးပါတယ်။

ဒီအကြမ်းဖက်စစ်တပ် စစ်ကြောင်း လယ်ကွင်းပြင်အတိုင်းတက်လာတာကို တော်လှန်ရေးတပ်ဖွဲ့ကင်းပုန်းတွေက လက်ဦးမှု ရယူကာ စတင်ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့တာကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ၉ဦး ထက်မနည်းဒဏ်ရာရသွားပြီး သေဆုံးမှုများနိုင်ကာ သေဆုံးဒဏ်ရာရ စစ်သားတွေကို ကား စီးနဲ့ စလင်းမြို့မဆေးရုံနဲ့ ခလရ-၂၅၅ တပ်အတွင်း သယ်သွား တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မင်းဘူးခရိုင် အမှတ် တပ်ရင်း၊ ဒေါင်းစစ်အောင်-LPDF နဲ့ ဗမာ့တပ်တော်အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၃။ တမူးမြို့အနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်


ဇန်နဝါရီ၃၀ရက်


စစ်ကိုင်းတိုင်း တမူးမြို့အနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က လေကြောင်းပစ်ကူပေး ခုခံနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်တွေဟာ တမူးမြို့နယ်ထဲက ကျွန်းပင်သာနဲ့ မင်းသာကျေးရွာတို့မှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်း တွေကို ဇန်နဝါရီ ၂၇ ရက်ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဇန်နဝါရီ ၂၉ ရက်နေ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့တယ် လို့ ဆိုပါတယ်။

ကျွန်းပင်သာနဲ့ မင်းသာကျေးရွာမှာ စစ်ကောင်စီတပ်၊ ကသဲ၊ SNA နဲ့ နာဂပြည်သူစစ်တို့ဟာ စုစုပေါင်း အင်အား ၆၀၀ ခန့်နဲ့ တပ်စွဲနေတာလို့ သိရပါတယ်။

"မနေ့ညက မင်းသာတိုက်ပွဲကို ဂျက်ဖိုက်တာနဲ့လာပစ်တာ အချင်းချင်းမှားပစ်လို့ စစ်သားတွေသေတာများတယ်လို့သိရတဲ့ အကြောင်း Tamu Indepth News မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်တပ်ဖွဲ့တွေပါတဲ့စစ်စခန်းတွေကို စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ဒေသအခြေစိုက် ခရိုင်ပူးပေါင်းတပ်တွေနဲ့ ကူကီးအမျိုးသားတပ်မတော် KNA-B တို့က ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။ 

တော်လှန်ရေးပူးပေါင်းတပ်များအနေနဲ့ တမူးမြို့ကိုသိမ်းပိုက်နိုင်ဖို့ဆိုရင် တမူးမြို့နယ်ထဲက ကျွန်းပင်သာနဲ့မင်းသာကျေးရွာက စစ်ကောင်စီတပ်စခန်းတွေအပါအဝင် ပန်းသာအခြေစိုက်စစ်ကောင်စီစခန်းနဲ့ ဟဲဇင်းအခြေစိုက် တပ်စခန်းတွေကိုသိမ်းနိုင်ဖို့ လိုတယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ခိုနူမ်းသုန်မှာ ဖော်ပြထားပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဘက်က မြို့ကိုလက်မလွှတ်ရရေး လေကြောင်းကနေ စစ်ကူအင်အားဖြည့်တင်းတာတွေရှိခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းအနောက်ဘက်ခြမ်းမှာရှိပြီး အိန္ဒိယနိုင်ငံနဲ့ထိစပ်နေတဲ့ တမူးခရိုင်မှာ တမူး၊မြို့သစ်၊ခါမ်းပါတ်မြို့တို့ပါဝင်နေပြီး မြို့သစ်နဲ့ ခါမ်းပါတ်မြို့ကို တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် တမူမြို့ကိုသိမ်းပိုက်နိုင်ဖို့ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

မြို့သိမ်းတိုက်ပွဲသတင်းတွေကြောင့် အခု ဇန်နဝါရီလဆန်းပိုင်းကစပြီး မြို့ကို စွန့်ခွာသွားသူတွေရှိသလို မြို့မှာဆက်ပြီး နေထိုင်တဲ့သူတွေလည်းရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။တနင်္သာရီမြို့နယ်မှာ စစ်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ကြောင့် အိမ်၂လုံး မီးလောင်ပျက်စီး


ဇန်နဝါရီ၃၀ရက်

တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်တာ ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် ဒေသနေအမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး အိမ် လုံး မီးလောင်ပျက်စီးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒဏ်ရာရသူတွေထဲက ဦးဟာ စိုးရိမ်ရတယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတဦးက ဆိုပါတယ်။

စစ်တပ်က တနင်္သာရီမြို့ပေါ်ကနေ မနေ့ ဇန်နဝါရီ ၂၉ ရက် ညနေ နာရီခန့်မှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ရာ လယ်တောင်ယာကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကျောင်းသူတဦးနဲ့ Non-CDM ကျန်းမာရေးဝန်ထမ်းတဦး အပါအဝင် အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရခဲ့တာလို့ သိရပါတယ်။

ထို့အတူ ညနေ နာရီ ၄၀ မိနစ်ခန့်မှာလည်း တနင်္သာရီမြို့နယ် မော်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီအမြောက်တပ် အမတ-၃၀၆ က ညောင်ပင်ကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ် လုံး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ ဇုံ- က အသိပေး ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုက်ပွဲဖြစ်တာမရှိဘဲ အရပ်သားပြည်သူတွေနဲ့ ပြည်သူပိုင်အိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက် တာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ရေးသတိရှိစွာနဲ့နေထိုင်ကြဖို့ တနင်္သာရီမြို့နယ် ပကဖက သတိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ကန့်ဘလူနယ်ကကျေးရွာတွေမှာ စစ်တပ်ကလူငယ် ၁၀၀ နီးပါးကို အဓမ္မဖမ်းဆီး


ဇန်နဝါရီ၃၀ရက်

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့ပေါ်ရပ်ကွက်တွေနဲ့ နဂါးပေါ်ရွာ ပုပ္ပါးရွာတို့မှာ အကြမ်းဖက်စစ်တပ်က ဝင်ရောက် စီးနင်းပြီး လူငယ် ၁၀၀ နီးပါးကို အတင်းအဓမ္မပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများ အဖွဲ့က ပြောပါတယ်။

ကန့်ဘလူမြို့နယ်ရဲမှူးအပါအဝင် ရဲကား စီးနဲ့ ကန့်ဘလူ ၆၀၀၆ အမြောက်တပ်ရင်းက စစ်ကား စီး မနေ့ ဇန်နဝါရီ ၂၉ ရက် မနက် နာရီခွဲခန့်က ဇီးကုန်းမြို့ကိုရောက်ရှိလာပြီး မြို့ပေါ် ရပ်ကွက်တွေကလူငယ်တွေကို အတင်းအဓမ္မလိုက်လံ ပေါ်တာဆွဲဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ဒါ့အပြင် မနက် ၁၀ နာရီဝန်းကျင်ခန့်မှာလည်း ကန့်ဘလူမြို့နယ် ဇီးကုန်းသကြားစက်က စစ်ကောင်စီတပ်သားတွေ စစ်ကား စီးနဲ့ နဂါးပေါ်ရွာနဲ့ပုပ္ပါးရွာကိုဝင်ရောက်စီးနင်းပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့တယ်လို့လည်း အသိပေးပါတယ်။

ဖမ်းဆီးခံရသူတွေဟာ လူငယ် လူလတ်ပိုင်းတွေပိုင်းဖြစ်ပြီး ပိုက်ဆံနဲ့ ပြန်ရွေးခိုင်းတာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေကို ဘယ်နေရာပို့မယ်ဆိုတာမသိရတဲ့တဲ့အတွက် ပေါ်တာဆွဲဖမ်းဆီးခရသူတွေရဲ့ မိသားစုဝင်တွေ အရူးတပိုင်းဖြစ်နေပြီး ဘာလုပ်ရမယ်ဆိုတာမသိလောက်အောင်ဖြစ်နေကြတယ်လို့ ဒေသပြည်သူတွေ ပြောပါတယ်။

ကန့်ဘလူမြို့နယ်မှာ ပျူစောထီးခေါင်းဆောင် ဝါသဝနဲ့ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဦးဆောင်ပြီး လူငယ်တွေကို  ပေါ်တာဆွဲဖမ်းဆီးနေတာတွေ ဇန်နဝါရီ ၁၅ ရက်ကစပြီး လုပ်ဆောင်နေတာနဲ့ပတ်သက်လို့ ကန့်ဘလူမြို့က ဗျူဟာမှူးတောင် မသိဘူးလို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution





Share:

No comments:

Post a Comment