3rd Jan 2025 - Morning Daily News by Radio NUG

၂၀၂၅ ဇန်နဝါရီလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ United States Senate Appropriations Committee တို့မှ တာဝန်ရှိသူများနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့

📌၃။လူ့အခွင့်အရေး၊ တရားမျှတမှုနှင့်ပက်သက်၍ နိုင်ငံတကာတွင်ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

📌၄။ စကစရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၀) နဲ့ဖမ်းဆီးခံရသူပေါင်း (၂၂၇၆၅) ဦးအထိရှိလာ

📌၅။ IEC က အခွန်မကောက်ဘဲ ယာဥ်လိုင်စင်များ ပြုလုပ်ပေးမည်

📌၆။ သတ်ဖြတ်ခြင်းကို ယဉ်ပါးစွာကျူးလွန်နေသည့် စစ်အုပ်စု၏ လက်ချက်ဖြင့် မြန်မာနိုင်ငံတဝန်းမှာ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ ၂၀၂၄ တစ်နှစ်အတွင်း စုစုပေါင်း (၄၀၆) ဦး ရှိ

📌၇။ နှစ်သစ်မှာ စစ်ဘေးရှောင်များ၊ CDMများနှင့် စစ်မှုထမ်းမဲပေါက်၍ ထွက်ပြေးလာသော ပြည်သူများအားကူညီ

📌၈။ မန္တလေး တောင်ထိပ်မှာ တော်လှန်လူထုလှုပ်ရှားမှု ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့  ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာစစ်ကြောင်းကို တွေ့ဆုံ အားပေးစကားပြော

🚩 ၂။ KNDF အမှတ် (၆၀၆) စစ်ဦးစီးတပ်အနေနဲ့ ၂၀၂၄ ခုနှစ် အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅၂ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့

🚩 ၃။ Myingyan Black Tiger တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး ၄၂ ကြိမ် ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးခဲ့

🚩 ၄။ ဇဂျမ်းတိုက်နယ် ရဲစခန်းကို မြေပြင် ဝေဟင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့

🚩 ၅။ ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ်ထောင်ထားသော နင်းမိုင်းများ ရှင်းလင်း

🚩 ၆။ ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ရသူများနဲ့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော်များကို ထောက်ပံ့ငွေ ပေးအပ်

🚩 ၇။ တပ်ရင်းထူထောင်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ အရာအားလုံး စွန့်လွှတ်အနစ်နာခံပေးဆပ်ကာ တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များအား ဂန့်ဂေါခရိုင်အမှတ်()တပ်ရင်းက ဆုများပေးအပ်ချီးမြှင့်

🚩 ၈။ ယောဒေသအတွင်းက ကျိုးကျလုနီးပါး တံတားတစ်စင်းအတွက် လမ်းလွှဲတံတား တည်ဆောက်ပေးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


ဇန်နဝါရီ၂ရက်

Radio NUG

တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။


ဇန်နဝါရီ၂ရက် ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးကျင်းပရာမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


" ဒီနေ့ဒီရက်ကစပြီး ပြည်သူကို မျက်နှာမမူတဲ့ လုပ်ရပ်တွေကို ပြုလုပ်နေကြသူတွေ၊ ဥပဒေချိုးဖောက်နေသူတွေ၊ တော်လှန်ရေးကိုမေ့ပြီး ကိုယ်ကျိုးစီးပွားရှာနေသူတွေကို သက်ဆိုင်ရာဝန်ကြီးဌာနများမှာ ထိထိရောက်ရောက် ကိုင်တွယ်သွားဖို့ အချိန်တန်ပြီ ဖြစ်ပါတယ်"လို့ ဝန်ကြီးချုပ်ကပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းမှ ဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌၂။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ United States Senate Appropriations Committee တို့မှ တာဝန်ရှိသူများနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့


ဇန်နဝါရီ

Radio NUG

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ United States Senate Appropriations Committee တို့မှ တာဝန်ရှိသူများနဲ့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


ဇန်နဝါရီ၂ရက်ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။


"နှစ်အတော်ကြာပြီးနောက်၊ နိုင်ငံခြားရေးဌာနသို့ နောက်တစ်ကြိမ်သွားရောက်လည်ပတ်ခွင့် ရခဲ့ပါတယ်။ မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီ ထူထောင်ရေး လမ်းကြောင်းတွေကို ရှာဖွေဖို့နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြားမှာရှိတဲ့ မဟာဗျူဟာမြောက် ပထဝီနိုင်ငံရေးဆိုင်ရာ အရေးပါမှုကို ဖြေရှင်းပေးခဲ့တဲ့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေကို အထူးပဲ ကျေးဇူးတင်ရှိပါတယ်"လို့ဝန်ကြီးက ဆိုထားပါတယ်။


ဒါ့အပြင် United States Senate Appropriations Committeeက တာဝန်ရှိသူတို့ကိုလည်းတွေ့ဆုံခဲ့ပါတယ်။


"မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အကျပ်အတည်းနှင့် အမေရိကန် NDAA Burma Act နှင့် ၎င်း၏ အကောင်အထည်ဖော်မှုတို့ကို တန်ဖိုးမဖြတ်နိုင်သော အခွင့်အရေးများ ပေးအပ်ခဲ့သည့် အမေရိကန် အထက်လွှတ်တော် သင့်လျော်မှု ကော်မတီမှ တာဝန်ရှိသူများကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးကို ဖော်ဆောင်ပေးရင်းနဲ့ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံတော်အတွက် လမ်းခင်းပေးမယ့် NDAA Burma Act ကို အပြည့်အ၀ အကောင်အထည်ဖော်တဲ့ နှစ်သစ် 2025 ကို အရောက်လှမ်းဖို့ စိတ်ရင်းမှန်နဲ့ မျှော်လင့်ပါတယ်"လို့ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။


========================


📌📌၃။လူ့အခွင့်အရေး၊ တရားမျှတမှုနှင့်ပက်သက်၍ နိုင်ငံတကာတွင်ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်


ဇန်နဝါရီ  

Radio NUG 


မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် စဥ်ဆက်မပြတ် မှတ်တမ်းတင်လျက် ကျူးလွန်သူများအား နိုင်ငံတကာတရားဥပဒေများ အလျောက်အရေးယူနိုင်ရေး ကြိုးစားလျက်ရှိပြီး အဆိုပါ အခြေအနေများနှင့်ပတ်သက်၍လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ပက်သက်၍ နိုင်ငံတကာတွင် ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများဆိုသည့် ခေါင်းစဉ်ဖြင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ဇန်နဝါရီ ၃ရက်နေ့ မနက် ၁၀နာရီတွင် တော်လှန်ရေး သတင်းမီဒီယာများ၏ Facebook စာမျက်နှာများမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည် ဖြစ်ကြောင်း သိရှိရပါတယ်။


========================


📌📌၄။ စကစရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၀) နဲ့ဖမ်းဆီးခံရသူပေါင်း (၂၂၇၆၅) ဦးအထိရှိလာ


ဇန်နဝါရီလ

Radio NUG

စကစရဲ့အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၀) နဲ့ ဖမ်းဆီးခံရသူပေါင်း (၂၂၇၆၅) ဦးအထိရှိလာတယ်လို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနUnlawful Conscription Watch-Data Dashboardက ဖော်ပြပါတယ်။


Dashboard ကို ကြည့်မယ်ဆိုရင် လောလောဆယ်အချိန်အထိ အဓမ္မစစ်မှုထမ်းဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်ခံရမှု ဖြစ်စဉ်ပေါင်း (၁၁၆၀) ဖမ်းဆီးခံရသူပေါင်း (၂၂၇၆၅) ဦးရဲ့ အချက် အလက်တွေကို တွေ့နိုင်မှာဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စုက မတရားစစ်မှုထမ်းဥပဒေကို ပြဌာန်းပြီး လူငယ်တွေကို အဓမ္မ စစ်မှုထမ်းဖို့ လုပ်ဆောင်နေတဲ့ နည်းလမ်းတွေ၊ ပုံစံတွေနဲ့ အဖြစ်အပျက်တွေကို အများပြည်သူအနေနဲ့ အချိန်နဲ့ တပြေးညီလေ့လာနိုင်ဖို့ Unlawful Conscription Watch-Data Dashboard တစ်ခုကို လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကို ပေးပို့တိုင်ကြားလာတဲ့အချက်တွေနဲ့ စနစ်တကျ ကောက်ယူ စုဆောင်းထားတဲ့အချက်တွေကို အခြေခံပြီး ကိန်းဂဏန်းတွေကို သုတေသနလုပ်ပြီး ဖော်ပြထားပါတယ်။


ဒီ Dashboard မှာ အဓမ္မစစ်မှုထမ်းဥပဒေကိုအကြောင်းပြပြီး အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု ဖြစ်စဉ်တွေကို လအလိုက်၊ တိုင်းနဲ့ပြည်နယ်အလိုက်တွေ့မြင်ရမှာဖြစ်ပါတယ်။


========================


📌📌၅။ IEC က အခွန်မကောက်ဘဲ ယာဥ်လိုင်စင်များ ပြုလုပ်ပေးမည်


ဇန်နဝါရီ  

Radio NUG 


ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ  (IEC) ကုန်သွယ်ရေး၊ ရင်းနှီးမြှပ်နှံမှု သယ်ယူပို့ဆောင်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဌာန သယ်ယူပို့ဆောင်ရေးဌာခွဲမှ အခွန်မကောက်ဘဲ ယာဥ်လိုင်စင်များကို ပြုလုပ်ပေးသွားမည်ဟု ယင်းဌာနခွဲညွှန်ကြားရေးမှူး ဦးသံချောင်းက  ပြောကြားတယ်လို့ KPV Newsမှာ ဖော်ပြထားပါတယ်။


" ကနဦးတုန်းကတော့ ယာဥ်လိုင်စင်တွေ လုပ်ငန်းလိုင်စင်တွေ အမောင်းလိုင်စင်တွေကို အခွန်အခတွေယူပြီးတော့မှ လုပ်ပေးဖို့ အစီအစဥ်တွေ ဆွဲထားတာရှိခဲ့တယ်။ သို့ပေမယ့်  ဦးစီးကောင်စီက ဒီအခွန်ဆိုတဲ့ဟာကို ခန ချန်လှပ်ထားပြီးတော့မှ ဆောင်ရွက်ပေးပါဆိုတဲ့ ညွှန်ကြားချက်တွေ ကျလာတော့ အခုလက်ရှိမှာ ယာဥ်တွေကို အခွန်မကောက်သေးပဲနဲ့ နံပါတ်ပြားဖိုးတစ်ခုတည်းနဲ့ ပိုင်ဆိုင်မှုဂရမ်တို့ ရိုတက်တို့ နံပါတ်ပြားတို့ထိရအောင် ပြုလုပ်ဆောင်ရွက်ပေးနေပါတယ် " ဟု IEC သယ်ယူပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူး ဦးသံချောင်းက ပြောဆိုထားပါတယ်။


ယာဥ်လိုင်စင်ပြုလုပ်ရာတွင် ယာဥ်ပိုင်ဆိုင်ကြောင်း မိမိနေထိုင်ရာမြို့နယ်၏ ထောက်ခံချက် ယာဥ်နှင့်အတူ ယာဥ်ပိုင်ရှင်၏ မှတ်ပုံတင်ကို တပါတည်းယူဆောင်လာရမည်ဖြစ်တယ်လို့ သိရပါတယ်။


ထိုသို့လုပ်ဆောင်ပေးရခြင်းမှာ ကရင်နီပြည်နယ်အတွင်း ယာဥ်တိုက်မှု ယာဥ်ပျောက်မှုများ ကြုံခဲ့ပါက ကရင်နီပြည်ရဲဌာန (KSP) သို့ အလွယ်တကူ တိုင်ကြားနိုင်ရန်နှင့် ထိရောက်စွာ အရေးယူဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်ကြောင်း ညွှန်ကြားရေးမှူးက ဆိုထားပါတယ်။


ယခင်အခွန်ကောက်ခံမှုတွင် ယာဥ်လိုင်စင်လာရောက်လုပ်ဆောင်သူ ၁၀ ဦးခန့်သာရှိသေးသော်လည်း ယခု အခွန်ကင်းလွတ်ခွင့်ဖြင့် ဆောင်ရွက်ပေးမှုအပေါ်တွင် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း သယ်ယူပို့ဆောင်ရေးဌာန ညွှန်ကြားရေးမှူးက တိုက်တွန်းထားပါတယ်။


========================


📌📌၆။ သတ်ဖြတ်ခြင်းကို ယဉ်ပါးစွာကျူးလွန်နေသည့် စစ်အုပ်စု၏ လက်ချက်ဖြင့် မြန်မာနိုင်ငံတဝန်းမှာ ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ ၂၀၂၄ တစ်နှစ်အတွင်း စုစုပေါင်း (၄၀၆) ဦး ရှိ


ဇန်နဝါရီ၂ရက်

Radio NUG

သတ်ဖြတ်ခြင်းကို ယဉ်ပါးစွာကျူးလွန်နေသည့် စစ်အုပ်စု၏ လက်ချက်ဖြင့် မြန်မာနိုင်ငံတဝန်းနေရာဒေသအသီးသီးတွင် ဖမ်းဆီးပြီးနောက် သတ်ဖြတ်ခြင်းခံရသူ ၂၀၂၄ တစ်နှစ်အတွင်း စုစုပေါင်း (၄၀၆) ဦး ရှိကာ အဆိုပါအရေအတွက်တွင် စစ်အုပ်စု၏ တရားဝင်ထိန်းသိမ်းရေးစခန်းများဖြစ်သော ရဲစခန်းများတွင် သေဆုံးသူ (၁၂) ဦး၊ စစ်ကြောရေးစခန်းများတွင် သေဆုံးသူ (၁၅) ဦး၊ အကျဉ်းထောင်များတွင် သေဆုံးသူ ဦးရေ (၃၁) ဦး သေဆုံးခဲ့သည်ကို မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့AAPPကဖော်ပြပါတယ်။


ဖေဖော်ဝါရီလ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ် စတင်ချိန်မှ  ဇန်နဝါရီလ ရက်၊ ၂၀၂၅ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၆၀၉၂) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌၇။ နှစ်သစ်မှာ စစ်ဘေးရှောင်များ၊ CDMများနှင့် စစ်မှုထမ်းမဲပေါက်၍ ထွက်ပြေးလာသော ပြည်သူများအားကူညီ


ဇန်နဝါရီ  

Radio NUG 


ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်နှင့် လူသားစာနာတာဝန်ခံတို့ အဖွဲ့သည် ၂၀၂၅နှစ်သစ်မှာ ပုလဲမြို့နယ်အတွင်း လာရောက်ခိုလှုံနေထိုင်နေကြသော မကွေးတိုင်း‌ ဂန့်ဂေါမြို့နယ် ကျောအနီးမှ စစ်ဘေးရှောင်ပြည်သူများ၊ CDM များနှင့် စစ်မှုထမ်းမဲပေါက်သောကြောင့် ထွက်ပြေးလာသော ပြည်သူများအား သွားရောက်တွေ့ဆုံ အားပေးစကားများပြောကြားပြီး ကူညီထောက်ပံ့မှုများ ပေးအပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


ပုလဲမြို့နယ် လူသားစာနာတာဝန်ခံထံတွင် အလှူရှင်များက လှူဒါန်းထားသော  ငွေနှင့် မြို့နယ်လူစာနာရံပုံငွေ စုစုပေါင်း (၇၃သိန်း) အဝတ်အထည်များ၊ အနွေးထည်များ၊ အနွေးစောင်များ၊ ဆန်နှင့် ဆီများ၊ ကလေးငယ်များ ပညာသင်ကြားနိုင်ရန် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများ စုစုပေါင်း ငွေကျပ် ၁၃၅ သိန်းခန့်ကို ကူညီထောက်ပံ့ပေးခဲ့ကြတယ်လို့ သိရပါတယ်။


သက်ဆိုင်ရာ တိုက်နယ် ပအဖ ခေါင်းဆောင်နှင့် တိုက်နယ်လူသားစာနာတာဝန်ခံ၊ ရပ်ကျေးပအဖ၊ ပကဖတို့နှင့်အတူ သွားရောက်ခဲ့ကြပြီး ပုလဲမြို့နယ်အတွင်း ရောက်ရှိနေကြသည့် စစ်ဘေးရှောင်ပြည်သူများအား ကူညီထောက်ပံ့ပေးပါသော အလှူရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းများအား ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ များစွာကျေးဇူးတင်ရှိတယ်လို့ ဖော်ပြထားပါတယ်။


ယခုစစ်ရှောင်စခန်းမှာ နေရပ်စွန့်ခွာလာရသော နေရာသစ်တခုဖြစ်သောကြောင့် လိုအပ်ချက်များ များစွာ ရှိနေပါသောကြောင့် ဝိုင်းဝန်းကူညီပေးဖို့ရန်လည်း မေတ္တာရပ်ခံထားပါတယ်။


========================


📌📌၈။ မန္တလေး တောင်ထိပ်မှာ တော်လှန်လူထုလှုပ်ရှားမှု ပြုလုပ်


ဇန်နဝါရီ  

Radio NUG 


အခုရက်ပိုင်းအတွင်း မန္တလေး တောင်ထိပ်မှာ တော်လှန်လူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်စာမျက်နှာမှာ ဝေမျှခဲ့ပါတယ်။


" ဒီဓာတ်ပုံမှတ်တမ်းများကတော့ အခုရက်တွေအတွင်း ကျွန်တော်တို့ရွှေမန်းမြို့ပြည်သူများ ဖော်ဆောင်ခဲ့ကြတဲ့ လူထုသပိတ်တိုက်ပွဲမြင်ကွင်း ဖြစ်ပါတယ်။ မန္တလာမြေရဲ့အမှတ်သညာဖြစ်ပြီး အခုအခါမယ် ဖက်ဆစ်လက်နက်ကိုင် စစ်ဘီလူးတွေ ဒင်းကြမ်းပြည့်နေတဲ့ ရွှေမန်းတောင်တော်ပေါ်မှာ စွန့်စွန့်စားစား ဖော်ဆောင်ခဲ့ကြရတဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်" လို့ ဆိုထားပါတယ်။


ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးကြီးက စစ်ရေးနည်းနာတခုတည်းကို လုံးလုံးလျားလျား အားပြုထားလို့ မရပါဘူး။ စစ်ရေးနဲ့အတူ လူထုတစ်ရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ လိုအပ်ပါတယ်။ ဒါမှသာလျှင် ဒီခရီး ပိုနီးပါလိမ့်မယ်လို့ တိုက်တွန်းထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အဖွဲ့  ဗိုလ်ဒါဘော ဦးဆောင်သော ကော်ဘရာစစ်ကြောင်းကို တွေ့ဆုံ အားပေးစကားပြော


ဇန်နဝါရီ  

Radio NUG 

 

အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသည် အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းအား ထိုးစစ်ဆင် ချေမှုန်းလျက်ရှိသော ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောဦးဆောင်သည့် ကော်ဘရာစစ်‌ကြောင်းမှ တပ်ဖွဲ့ဝင်များနှင့် သွားရောက်တွေ့ဆုံပြီး အားပေးစကားများ ပြောကြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သတင်းထုတ်ပြန်ပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ(၃၂) စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောသည် ပြည်ထောင်စုဝန်ကြီးချုပ်နှင့် အဖွဲ့အား စစ်ဆင်ရေးအခြေအနေများကို ရှင်းလင်းပြောပြခဲ့ပြီး  အကြမ်းဖက်စစ်တပ်၏ အောင်ဇေယျစစ်ကြောင်းမှ  အလင်းဝင်လာသူများနှင့် မိတ်ဆက်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် သိမ်းပိုက်ထားသော မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ခြေမြန်တပ်ရင်း ခမရ(၃၅၅) ဝင်းအတွင်းရှိ ပစ်ချထားသော ရဟတ်ယာဉ်အပျက်ကို လိုက်လံပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးချုပ်ကလည်း ကျေးဇူးတင်စကား၊ အားပေးစကားများပြောကြားကာ ရဲဘော်များ၏ လိုအပ်ချက်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်ဟု သိရှိရပါတယ်။


========================


🚩🚩 ၂။ KNDF အမှတ် (၆၀၆) စစ်ဦးစီးတပ်အနေနဲ့ ၂၀၂၄ ခုနှစ် အတွင်း စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅၂ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့


ဇန်နဝါရီ ရက်၊ 

Radio NUG


KNDF အမှတ် (၆၀၆) စစ်ဦးစီးတပ်အနေဖြင့် ကရင်နီပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများအတွင်း အခြားသော KNDF တပ်ရင်းများ နှင့်အတူ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီနဲ့ တိုက်ပွဲ ၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ကရင်နီပြည်အနှံ့မှာ တိုက်ပွဲများ ဖြစ်ပွားခဲ့တဲ့ မိုးဗြဲ (၄၂၂) ပဒါးညေး ထေးပလောခူ နာနတ်တော စက်မှုဇုန်၊ မိုင်းလုံး၊ ပန်ကန်း ဖယ်ခုံ-ပင်လောင်းမြို့နယ်စပ် ပင်ဆုံ နွားလဝိုး နဲ့ လင်ဖုံလေး ကုန်းသာ စတဲ့ နေရာများမှာ အမှတ် (၆၀၆) စစ်ဦးစီးတပ်အနေနဲ့ တပ်စုဗျူဟာ၊ တပ်စိတ်ဗျူဟာ အသုံးပြုပြီး ထိုးစစ်/ခံစစ်များဖြင့် တိုက်ပွဲများ ပါဝင်ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။


အမှတ် (၆၀၆) စစ်ဦးစီးတပ်အနေဖြင့် စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၅၂ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား အများအပြား သေဆုံးခဲ့ကာ၊ စစ်အသုံးဆောင် ပစ္စည်းများနဲ့ စစ်သုံ့ပန်းများကို အရှင်ဖမ်းဆီးနိုင်ခဲ့တဲ့ထိ ပါဝင်စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။


တိုက်ပွဲတလျောက် ဒဏ်ရာရခဲ့သူ အချို့ရှိခဲ့ပြီး တိုင်းပြည်နဲ့ လူမျိုးအတွက် ရဲဘော် ဦး အသက်ပေးခဲ့ရတယ်လို့ သိရပြီး အဆိုပါ ရဲဘော် ဦးအတွက် မိသားစုနဲ့ ထပ်တူထပ်မျှ ဝမ်းနည်းရသလို အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။


အမှတ် (၆၀၆) စစ်ဦးစီးတပ်ဟာ ရှမ်းမြောက် ညီနောင် မဟာမိတ် (၆၁၁) တိုင်းရင်းသား တပ်မဟာမှာ စစ်ပညာ သင်ကြား တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ မိခင် ကရင်နီပြည်ကို ပြန်ရောက်လာကာ ကရင်နီ ပြည်နယ်အနှံ့ တိုက်ပွဲဖြစ်ပွားတဲ့ နေရာများမှာ အခြားသော တော်လှန်ရေးအင်အားစုများနှင့်အတူ စစ်ရေးပါဝင် လှုပ်ရှားနေတဲ့ တပ်ရင်းတစ်ခု ဖြစ်ပါတယ်။


========================


🚩🚩 ၃။ Myingyan Black Tiger တပ်ဖွဲ့အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း စစ်ဆင်ရေး ၄၂ ကြိမ် ဆောင်ရွက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးခဲ့


ဇန်နဝါရီ ရက်၊ 

Radio NUG


Myingyan Black Tiger (MBT) တပ်ဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ်အတွင်း မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းက စစ်ကောင်စီတပ်များကို စစ်ဆင်ရေး ၄၂ ကြိမ်ထိ ဆောင်ရွက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား ၂၀၀ ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


MBT တပ်ဖွဲ့ အနေဖြင့် တော်လှန်ရေး မဟာမိတ်များနဲ့ ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်မှု ကြိမ်၊ ခုခံစစ် ၁၁ ကြိမ်၊ မြို့ပြပြောက်ကျား စစ်ဆင်ရေး ၁၁ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ကြိမ်၊ ဒရုန်းစစ်ဆင်ရေး ကြိမ် စုစုပေါင်း ၄၂ ကြိမ် ပြုလုပ်နိုင်ခဲ့တာပါ။


အဆိုပါ စစ်ဆင်ရေးများအတွင်း စစ်ကောင်စီ တပ်သား ၂၀၀ ကျော် သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာ ရခဲ့ကာ လက်နက်ကြီး /ငယ် ၂၄ လက် သိမ်းဆည်းရရှိ ခဲ့တယ်လို့ ဆိုပါတယ်။


Myingyan Black Tiger (MBT) တပ်ဖွဲ့မှလည်း ရဲဘော် ကုလားလေးနဲ့ ရဲဘော် ဝဏ္ဏထွန်းတို့ နှစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင် Myingyan Black Tiger (MBT) တပ်ဖွဲ့က ခေါ်ယူခဲ့တဲ့ “ End Point” ကမ်ပိန်းဟာလည်း ပြည်သူများရဲ့ ယုံကြည်ထောက်ပံ့မှုကြောင့် ကမ်ပိန်းရည်မှန်းချက်ထက် ကျော်လွန်ကာ ၁၀၃% ထိ ရရှိခဲ့တယ်လို့ သိရပါတယ်။


MBT တပ်ဖွဲ့ အနေဖြင့် မကြာမီ ကာလအတွင်း မြို့ပြစစ်ဆင်ရေးများကို လုပ်ဆောင်သွားမှာ ဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် စစ်ကောင်စီတပ်များနှင့် အတတ်နိုင်ဆုံး အနီးကပ်သွားလာခြင်း မပြုလုပ်ကြဖို့ အထူး မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၄။ ဇဂျမ်းတိုက်နယ် ရဲစခန်းကို မြေပြင် ဝေဟင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့


ဇန်နဝါရီ ရက်၊

 Radio NUG


မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇဂျမ်းတိုက်နယ် ရဲစခန်းကို မြေပြင်စစ်ကြောင်း၊ ဝေဟင်စစ်ကြောင်းများဖြင့် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တယ်လို့ Myingyan District Army - 3 _ MDA - 3 _ Taungtha Youth အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၃၁ ရက် မနက် နာရီ ၄၅ မိနစ်ခန့်မှ စပြီး နာရီ ၄၅ မိနစ် အချိန်အထိ ဇဂျမ်း တိုက်နယ် ရဲစခန်းကို မြင်းခြံခရိုင်၊ အမှတ် () တပ်ရင်း၊ ရဲဘော်များက မြေပြင်၊ ဝေဟင် စစ်ကြောင်းတို့ဖြင့် စီးနင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း မြင်းခြံခရိုင် တပ်ရင်း () ရဲဘော်များ၊ မြင်းခြံခရိုင် တပ်ရင်း () Drone Team တို့က အရှိန်ပြင်း စီးနင်းမှုတို့ကြောင့် စစ်ကောင်စီ တပ်ဘက်က အထိခိုက်များခဲ့တယ်လို့ ဆိုပါတယ်။


အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းများအပြင် Jack Fighter စီးဖြင့် လာရောက်ပစ်ကူ ပေးခဲ့ပေမယ့် PDF ရဲဘော်များ အထိခိုက်မရှိ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဆားလင်းကြီးမြို့ပေါ်တွင် စစ်တပ်ထောင်ထားသော နင်းမိုင်းများ ရှင်းလင်း


ဇန်နဝါရီ  

Radio NUG 


ဇန်နဝါရီလ ရက်နေ့တွင် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသောနေရာ အနီးကို တော်လှန်ရေး တပ်ဖွဲ့များက နယ်မြေရှင်းလင်းလုပ်ဆောင်ခဲ့ကြောင်း Solo Aung Gyi မှ သတင်းထုတ်ပြန်ထားပါတယ်။


နယ်မြေရှင်းလင်းရေး လုပ်ဆောင်စဉ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထောင်ထားသော ခြေနင်းမိုင်း လုံးကို တော်လှန်ရေး တပ်ဖွဲ့များ ရှင်းလင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် တော်လှန်ရေး တပ်ဖွဲ့များ လာရောက်တိုက်ခိုက်မှုကို ကြောက်လန့်၍ ၎င်းတို့ တပ်စွဲထားသော အနီးတစ်ဝိုက်တွင် နင်းမိုင်း အမြောက်အများ ထောင်ထားခဲ့ပြီး ဒီဇင်ဘာလအတွင်း၌လည်း အကြမ်းဖက် စစ်တပ်စခန်းအနီး ဆိတ်ကျောင်းသား ဦး အကြမ်းဖက် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး ခြေထောက် တစ်ဖက် ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ နယ်မြေရှင်းလင်းရေးကို SOLO AUNG GYI အဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၆ နှင့် ဆားလင်းကြီးအခြေစိုက် လက်နက်ကြီးတပ်ပေါင်းစု မဟာမိတ်‌ညီနောင်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ကိုယ်လက် အင်္ဂါ ဆုံးရှုံးခဲ့ရသူများနဲ့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ ရဲဘော်များကို ထောက်ပံ့ငွေ ပေးအပ်


ဇန်နဝါရီ ရက်၊ 

Radio NUG


အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) လက်အောက်က ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို၊ DMO Local PDF မှာ တာဝန်ထမ်းဆောင်ရင်း ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သူများနဲ့ ပြင်းထန်ဒဏ်ရာ ရခဲ့သူများကို ထောက်ပံ့ငွေ ပေးအပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


DMO Local PDF မှာ တာဝန်ထမ်းဆောင်ရင်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီး ပစ်ခတ် တိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲများနဲ့ မြေမြှပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တဲ့ ရဲဘော်ပေါင်း (၁၉၉) ဦး ရှိတယ်လို့ ဆိုပါတယ်။


အဆိုပါ ရဲဘော်များထဲမှ ခြေ၊ လက်၊ မျက်လုံး၊ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ဦးခေါင်း စတဲ့ ကိုယ်လက်အင်္ဂါ အစိတ်အပိုင်းများ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတဲ့ ရဲဘော်/ရဲမေ ၃၈ ဦး တို့ကို ငွေကျပ် ,၉၅၀,၀၀၀/- (ငါးဆယ့်ကိုးသန်း ငါးသောင်းကျပ် တိတိ) ကို အများပြည်သူ လှူဒါန်းငွေများဖြင့် ထောက်ပံ့ပေးအပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ထိခိုက်ဒဏ်ရာရ ရဲဘော်များကို ထောက်ပံ့ငွေ ပေးအပ်နိုင်ဖို့ ကူညီလှူဒါန်း ပေးခဲ့တဲ့ ပြည်တွင်း/ ပြည်ပမှ မိဘပြည်သူများကို အထူး ကျေးဇူးတင်ရှိပါကြောင်း DMO Local PDF က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။


========================


🚩🚩 ၇။ တပ်ရင်းထူထောင်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ အရာအားလုံး စွန့်လွှတ်အနစ်နာခံပေးဆပ်ကာ တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များအား ဂန့်ဂေါခရိုင်အမှတ်()တပ်ရင်းက ဆုများပေးအပ်ချီးမြှင့်


ဇန်နဝါရီ၂ရက်

Radio NUG

တပ်ရင်းထူထောင်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ အရာအားလုံး စွန့်လွှတ်အနစ်နာခံပေးဆပ်ကာ တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များအားဂန့်ဂေါခရိုင်အမှတ်()တပ်ရင်းကဆုများပေးအပ်ချီးမြှင့်ခဲ့တယ်လို့ ဇန်နဝါရီ၂ရက်မှာ ဂန့်ဂေါခရိုင်အမှတ်()တပ်ရင်းကအသိပေးဆိုပါတယ်။


တပ်ရင်းထူထောင်သည့်အချိန်မှစ၍ ယနေ့အချိန်အထိ အရာအားလုံး စွန့်လွှတ်အနစ်နာခံပေးဆပ်ကာ တာဝန်ထမ်းဆောင်ခဲ့သော ရဲဘော်များအား 2024 ခုနှစ်အကုန် 2025ခုနှစ် နှစ်သစ်အကြိုနှင့်စိတ်ဓာတ်မြှင့်တင်ရေး အခမ်းအနားပွဲကျင်းပခဲ့တယ်လို့ဆိုပါတယ်။


အခမ်းအနားတွင် ဂုဏ်ပြုမှတ်တမ်းတင်ဆု၊ စံပြဆု၊ အမိန့်နာခံမှူအကောင်းဆုံးဆု များအား ပေးအပ်ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩 ၈။ ယောဒေသအတွင်းက ကျိုးကျလုနီးပါး တံတားတစ်စင်းအတွက် လမ်းလွှဲတံတား တည်ဆောက်ပေးခဲ့


ဇန်နဝါရီ ရက်၊ 

Radio NUG


မကွေးတိုင်း၊ ယောဒေသ မြောက်ပိုင်းက၊ ကျေးရွာ ၁၀ ရွာခန့်က ပြည်သူများ ကျန်းမာရေး နှင့် လူမှုအကျိုးစီးပွားအတွက် အဓိက အသုံးပြုနေတဲ့ ကျိုးကျလုနီးပါး တံတားတစ်စင်းကို လမ်းလွှဲတံတား တည်ဆောက်ပေးခဲ့တယ်လို့ ယောကာကွယ်ရေးတပ် - YDF က ထုတ်ပြန်ထားပါတယ်။


အဆိုပါ ချောင်းကူးတံတားမှာ ထက်ပိုင်းကျိုးကျလုနီးပါး ဖြစ်နေပြီး ယာဉ်ဖြတ်သန်း မောင်းနှင်ရာမှာ ပြည်သူများ အန္တရာယ် ရှိလာနိုင်တဲ့အတွက် လမ်းလွှဲတံတား တည်ဆောက်ပေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အခွန်ဂိတ်များမှ ရရှိတဲ့ ဘဏ္ဍာငွေများထဲမှ ဒေသ ဖွံ့ဖြိုရေးအတွက် အချိုးကျ အသုံးပြု ဆောင်ရွက်ခဲ့တာ ဖြစ်ပြီး JCB စီး၊ Faw ကား စီးနဲ့ ဘီးကား စီးတို့ကို အသုံးပြုခဲ့ကာ ရဲဘော် ၄၀ ခန့် လုပ်အားပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


ဒီဇင်ဘာလ ၁၂ ရက်ကနေ ၁၃ ရက်နေ့အထိ လမ်းလွှဲတံတား တည်ဆောက်ရာမှာ ပါဝင်ကူညီခဲ့ကြတဲ့ ရပ်ကျေး အုပ်ချုပ်ရေးများ၊ ဒေသခံ တာဝန်ရှိသူများနဲ့ ရဟန်းရှင်လူ အပေါင်းတို့ကို အထူးပင် ကျေးဇူးတင်ပါကြောင်း YDF က မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။


ယောကာကွယ်ရေးတပ် YDF ဟာ ယောဒေသမှာ အခြေစိုက်ထားတဲ့ တပ်ဖွဲ့ဖြစ်တာနဲ့အညီ ဒေသတွင်း စစ်ရေး ဖော်ဆောင်မှုများကို အစဉ်တစိုက် ကြိုးစား ဆောင်ရွက်နေပြီး ဒေသတွင်း လမ်းပန်း ဆက်သွယ်ရေး အဆင်ပြေစေရန် လမ်း၊ တံတား တည်ဆောက်ရေး လုပ်ငန်းများနဲ့ အခြားသော ဒေသဖွံဖြိုးရေး လုပ်ငန်းများကို လုပ်ဆောင်နေတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment