4th Jan 2025 - Evening Daily News by Radio NUG


၂၀၂၅ ဇန်နဝါရီလ ၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။⁨⁩ ⁨မြန်မာနိုင်ငံတဝန်း တော်လှန်ရေးတပ်တွေက မြို့နယ် ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်နေပြီး မြို့နယ် ၄၈ ခုကို အပြီးသတ် သိမ်းပိုက် ထားတယ်လို့ MOD ဆို 

📌 ⁨⁨⁨⁨⁨⁨၂။ အောင်ပွဲနဲ့ပြန်လာတဲ့ မုံရွာခရိုင်ရင်း က ရဲဘော်တွေကို ဒေသနေပြည်သူတွေ ကြိုဆို

📌 ⁨⁨⁨⁨⁨⁨၃။⁨⁨⁩ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်းမှာ အပတ်စဥ် သင်တန်းဆင်းပွဲကျင်ပ 


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ နောင်ချိုမြို့နယ် ဆီစုံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် အများအပြား ပျက်စီး

🚩 ၂။ ငဖဲမြို့မှာ စစ်ယာဥ်တန်းကိုတိုက်ခိုက်မှု စစ်သားတဦးသေပြီး ၆ဦးဒဏ်ရာရ

🚩၃။မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေတဲ့စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၇ဝ ကျော် သေဆုံး

🚩 ၄။အနန်းကွင်းစစ်တပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် လက်နက်ချ  

🚩 ⁨⁨၅။ ကြို့ပင်ကောက်နယ်မှာ ဘုန်းကြီးအယောင်ဆောင်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူကို ပစ်ခတ်ဖမ်းဆီးရာက သေဆုံး

🚩 ၆။⁨⁨ မင်းလှမြို့နယ်မှာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို ဖုန်းဆက်ခေါ်နေတဲ့ စစ်တပ်သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။⁨⁩ ⁨မြန်မာနိုင်ငံတဝန်း တော်လှန်ရေးတပ်တွေက မြို့နယ် ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်နေပြီး မြို့နယ် ၄၈ ခုကို အပြီးသတ် သိမ်းပိုက် ထားတယ်လို့ MOD ဆို 


ဇန်နဝါရီလ ၄ရက်။


မြန်မာနိုင်ငံတဝန်းမှာ တော်လှန်ရေးတပ်တွေက မြို့နယ်ပေါင်း ၁၄၄ ခုကို စိုးမိုးအုပ်ချုပ်နေပြီး မြို့နယ် ၄၈ ခုကို အပြီးသတ် သိမ်းပိုက်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန MOD က ဒီနေ့ ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။ 

စစ်အာဏာသိမ်းချိန်းကစပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF နဲ့ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေ စိုးမိုးအုပ်ချုပ်နေတဲ့ မြို့နယ် ၁၄၄ ခုရှိပြီး ဒီထဲက မြို့ ၉၅ မြို့  မြို့နယ်အားဖြင့် ၄၈ ခုကို အပြီးသတ် သိမ်းပိုက်အုပ်ချုပ်နေတယ်လို့ ဆိုပါတယ်။

ရာခိုင်နှုန်းအားဖြင့်ဆိုရင် တနိုင်ငံလုံးရဲ့ ၄၄ ရာခိုင်နှုန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုင်းရင်းသားတော်လှန်ရေး တပ်ဖွဲ့ တွေ စိုးမိုးအုပ်ချုပ်နေတယ်လို့ အသိပေးထားပါတယ်။

မြို့နယ် ၇၉ ခုမှာ တော်လှန်စစ်ဖြစ်နေတဲ့အတွက် နယ်မြေဧရိယာရဲ့ ၂၄ ရာခိုင်နှုန်းမှာ တော်လှန်စစ်ဖြစ်နေတယ်လို့ MOD က အစီရင်ခံစာအရ သိရပါတယ်။

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက စိုးမိုးအုပ်ချုပ်ထားနိုင်တဲ့ မြို့နယ် ၁၀၇ ခုသာရှိပြီး ရာခိုင်နှုန်းအားဖြင့် ၃၂ ရာခိုင်နှုန်း သာ ကျန်ရှိတော့တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပုံ ပုံကိုတောင် စိုးမိုးအုပ်ချုပ်နိုင်တာမရှိတော့ဘူးလို့ NUG ကာကွယ်ရေး ဝန်ကြီးဌာန၏ အစီရင်ခံစာက ဆိုပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ပကဖ အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေ သိမ်းပိုက်ထားတဲ့ မြို့တွေဟာ ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့၊ မော်လူးမြို့၊ မြို့သစ်မြို့၊ စဉ့်ကူးမြို့၊ တကောင်းမြို့၊ သပိတ်ကျင်းမြို့၊ ပင်လည်ဘူးမြို့ စတဲ့ မြို့တွေအပါအဝင် မြို့ မြို့ရှိပြီး စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူးနဲ့ တနင်္သာရီတိုင်းတို့က ၆၇ မြို့ကို NUG လက်အောက်ခံ တပ်တွေ ဝန်းရံပိတ်ဆို့ တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။ 

မဟာဗျူဟာကျတဲ့လမ်းပိုင်းတွေကို စိုးမိုးထိန်းချုပ်ထားနိုင်မှုမှာဆိုရင် မန္ဆလေး-ရွှေဘို-မြစ်ကြီးနားလမ်းနဲ့ ရထားလမ်း၊ မန္တလေး-မတ္တရာ- သပိတ်ကျင်း-ဗန်းမော်လမ်း၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ ပုသိမ်-မုံရွာလမ်း၊ ရန်ကုန်-မော်လမြိုင်-သံဖြူဇရပ်-ရေး-ထားဝယ်-မြိတ်-ကော့သောင်းလမ်း၊ ပဲခူး-သထုံ-ဘားအံ-မြ၀တီလမ်း၊ မုံရွာ-ကလေး-တမူးလမ်း၊ မင်းဘူး-အမ်း-စစ်တွေလမ်း၊ ပြည်-ပန်းတောင်း-တောင်ကုတ်လမ်းတို့က အစိတ်အပိုင်းတွေကို တော်လှန်ရေးတပ်တွေက စိုးမိုး ထိန်းချုပ်ထားပြီး ရေကြောင်းလမ်းမှာဆိုရင်လည်း ဧရာ၀တီ၊ ချင်းတွင်း၊ သံလွင်၊ စစ်တောင်မြစ်ကြောင်းတွေရဲ့ အဓိက အစိတ်အပိုင်းတွေကို စိုးမိုးထိန်းချုပ်ထားတယ်လို့လည်း သိရပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲအစည်းများနဲ့ ပြည်သူများရဲ့စုပေါင်းအားနဲ့ ဒေသ အလိုက် လွတ်မြောက်မှုကနေ ပြည်ထောင်စုတခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်ကြိုးပမ်းသွားမယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ အောင်ပွဲနဲ့ပြန်လာတဲ့ မုံရွာခရိုင်ရင်း က ရဲဘော်တွေကို ဒေသနေပြည်သူတွေ ကြိုဆို


ဇန်နဝါရီလ ၄ရက်။

ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့ပြီး အောင်ပွဲနဲ့ ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF မုံရွာခရိုင် တပ်ရင်း က ရဲဘော်တွေကို ဒေသနေပြည်သူတွေက ကြိုဆိုဂုဏ်ပြုခဲ့ပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ကျဆုံးခဲ့သူတွေရဲ့ဓာတ်ပုံတွေကို အောင်ပွဲခံစစ်ကြောင်းကရဲဘော်တွေ ကိုင်ဆောင်ပြီး ဂုဏ်ပြုခဲ့ ကြတာကို မုံရွာခရိုင် တပ်ရင်း က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။

မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းကျဆုံးသွားတဲ့ ရဲဘော် ဦးရဲ့ ဓာတ်ပုံတွေကို အောင်ပွဲပြန် စစ်‌ကြောင်းက ရဲဘော်တွေ ကိုင်ဆောင်ခဲ့ကြတာကို မနေ့ ဇန်နဝါရီ ရက်မှာ မုံရွာခရိုင် PDF တပ်ရင်း- က ထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။  

ဒီရုပ်သံမှတ်တမ်းမှာ အောင်ပွဲရရဲဘော်တွေကို ပြည်သူလူထုက အောင်သပြေပန်းတွေနဲ့ကြိုဆိုခဲ့ကြပြီး ကော်ဖီမစ်နဲ့ ဆေးလိပ်အပါအဝင် စားသောက်ဖွယ်ရာအချို့ ပေးဝေတာတွေ ပြုလုပ်ခဲ့ကြကို တွေ့ရပါတယ်။

ကျဆုံးရဲဘော်တွေရဲ့ ဓာတ်ပုံတွေကို အောင်ပွဲခံစစ်ကြောင်းက ရဲဘော်တွေ ကိုင်ဆောင်ခဲ့တာဟာ တော်လှန်ရေးအတွက် အသက်ကိုပဓာနမထားဘဲ ပြည်သူလူထုအတွက် ရယူလိုမှုမရှိတဲ့ ပေးဆပ်မှုတွေနဲ့ ကျဆုံးသွားတဲ့ အာဇာနည်ရဲဘော်များကို ဂုဏ်ပြုတာလို့ မုံရွာခရိုင် PDF တပ်ရင်း- တာဝန်ရှိသူက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်တော် မုံရွာခရိုင် တပ်ရင်း- ဟာ မုံရွာခရိုင်အတွင်း စစ်ရေးလှုပ်ရှားတဲ့ တပ်ဖွဲ့ဖြစ်ပေမယ့် ၂၀၂၄ နိုဝင်ဘာ ရက်က စတင်ခဲ့တဲ့ ရက်ပေါင်း ၄၀ ကျော်ကြာ မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်ခဲ့ပြီး တိုက်ပွဲအတွင်း မုံရွာခရိုင် တပ်ရင်း- က ရဲဘော် ဦး ကျဆုံးခဲ့ကာ ကိုယ်အင်္ဂါ ပြတ်တောက်ခဲ့တဲ့ ရဲဘော် ဦး၊ ပြင်းထန်ဒဏ်ရာရသူ ဦး အပါအဝင် ၁၂ ဦး ဒဏ်ရာရခဲ့တယ်လို့ မုံရွာခရိုင်တပ်ရင်း - က အသိပေးထားပါတယ်။

ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေဟာ ဒီဇင်ဘာ ၂၁ရက်မှာ မင်းတပ်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာ အောင်ပွဲရချင်းဒေသ ကာကွယ်ရေးတပ် CDF-မင်းတပ်က ရဲဘော်တွေကိုလည်း ဒေသနေပြည်သူတွေက ဂုဏ်ပြုအခမ်းအနားတွေနဲ့ ကြိုဆိုခဲ့ တာရှိပါတယ်။

မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်၊ YDF YA မုံရွာခရိုင် တပ်ရင်း- တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ရခိုင့်တပ်တော် - AA က စစ်ရေးအကူအညီတွေ ပံ့ပိုးပေးတာကြောင့် အောင်ပွဲခဲ့တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်း ၁၆၀ ခန့်နဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ခဲယမ်းများစွာ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။⁨⁨⁩ PSLF/TNLA ရဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်းမှာ အပတ်စဥ် သင်တန်းဆင်းပွဲကျင်ပ 


ဇန်နဝါရီလ ၄ရက်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့ တအာင်းပြည်တနေရာမှာ အထွေထွေအုပ်ချုပ်ရေး ဌာနက ဦးဆောင်ဖွင့်လှစ်တဲ့ အုပ်ချုပ်ရေးသင်တန်းကျောင်း Administrative School မှာ အပတ်စဥ် သင်တန်းဆင်းပွဲကို ဒီဇင်ဘာလ ၃၁ ရက်က ကျင်းပပြီးစီးခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန က ပြောပါတယ်။

မြို့နယ်တွေကိုအုပ်ချုပ်တဲ့နေရာမှာ အုပ်ချုပ်ရေးဌာနဟာ အလွန်အရေးပါတဲ့ ဌာနတခုဖြစ်တာကြောင့် သင်တန်းဆင်း ကျောင်းသားတွေဟာ အစိုးရတခုရဲ့ ကိုယ်လက်အစိတ်အပိုင်းတွေဖြစ်‌တယ်လို့ PSLF/TNLA ဒုဥက္ကဋ္ဌ- ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက သင်တန်းဆင်းပွဲအခမ်းအနားမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်းရေးအတွင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA က မြို့နယ် ၁၂ ခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ဒုတိယဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားက သင်တန်းဆင်းကျောင်းသားတွေကို အသိပေးသွား ပါတယ်။

အုပ်ချုပ်ရေးသင်တန်းကျောင်းရဲ့ သင်တန်းကာလဟာ၂ နှစ်ကျော်ကြာမြင့်ခဲ့ပြီး Personal Capacity Building Basic Politic အုပ်ချုပ်ရေးလုပ်ငန်းနှင့်ဆိုင်သောဘာသာရပ်များ၊ ရဲလုပ်ငန်းနှင့် ဆိုင်သောဘာသာရပ်များကို အဓိကထား သင်ကြား‌ပေးခဲ့ကာ ကွင်းဆင်းပြီး လက်တွေ့လုပ်ငန်းတွေလည်း လုပ်ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ မူဝါဒတွေကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်၊ အနာဂါတ် တအာင်းပြည် အုပ်ချုပ်ရေးမှူးနှင့် ပြည်နယ်ရဲချုပ်များ မွေးထုတ်ပေးနိုင်ရန်၊ ပြည်သူ့ဗဟိုပြု ကောင်းမွန်သောအုပ်ချုပ်ရေး ယန္နယားတည်ဆောက်နိုင်ရန်၊ အုပ်ချုပ်ရေးလုပ်ငန်းများနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို စနစ်တကျဖြင့် လုပ်ထုံး လုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်နိုင်ရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ဖွင့်တဲ့ အပတ်စဉ်၂ သင်တန်းမှာ သင်တန်းသား ၅၅ ဦး တက်ရောက်သင်ကြားခဲ့ပြီး အုပ်ချုပ်ရေးနဲ့ တရားဥပ‌ဒေစိုးမိုးရေးနေရာတွေမှာ တာဝန်ထမ်းဆောင်သွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။ 

ဒီဇင်ဘာလ ၃၁ ရက်က ကျင်းပခဲ့တဲ့ အပတ်စဉ် သင်တန်းဆင်းပွဲကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/ TNLA ဒုက္ကဋ္ဌ- ဒုတိယဗိုလ်ချူပ်ကြီး တားဂျုတ်ဂျား၊ ဒုက္ကဋ္ဌ- ဗိုလ်ချုပ် တားခူရ်လာင်း၊ ဗိုလ်မှူးချူပ် တားအိုမ်တမာဝ်း၊ ဗိုလ်မှူးချုပ် တားနော်ရိူန်း၊ ဗိုလ်မှူးကြီး တားကုင်ခြီရ်၊ အရာရှိ အရာခံများ၊ ရဲဘော်များ၊ ကျောင်းသားများနဲ့ မိဘပြည်သူ စုစုပေါင်း လူဦးရေ ၂၀၀ နီးပါး တက်ရောက်ခဲ့တယ်လို့  သိရပါတယ်။

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




========================

========================




🚩🚩 ⁨⁨ နောင်ချိုမြို့နယ် ဆီစုံရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင် အများအပြား ပျက်စီး


ဇန်နဝါရီလ ၄ရက်။

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ် ဆီစုံကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်တာကြောင့် ကျောင်းဆောင်အများအပြား ပျက်စီးခဲ့ရတယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

တအာင်းပြည် တပ်မဟာ နယ်မြေ နောင်ချိုမြို့နယ် ဆီစုံရွာက ဘုန်းကြီးကျောင်းကို ဒီဇင်ဘာ ၃၀ ရက်နေ့ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှာရှိတဲ့ ကျောင်းဆောင်တွေ ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ထို့အတူ ဇန်နဝါရီလ ရက်နေ့ မနက် အစောပိုင်း နာရီခန့်မှာလည်း အကြမ်းဖက်စစ်တပ် တပ်စခန်းက ဆမ္မဆယ်ကျေးရွာ ဘက်ကို လက်နက်ကြီး လုံး ပစ်ခတ်တိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဦးတင်လှနဲ့ ဒေါ်ခင်ပြုံးတို့အိမ်ပေါ် တလုံး၊ မတင်ခိုင်နဲ့ဦသောင်းလင်းတို့အိမ်ပေါ် လုံး၊ ဂန့်ကော်ကျေးရွာနဲ့ ဆမ္မဆယ်ကျေးရွာကြားက ချောင်းစိမ်းရထားလမ်းဘက်မှာ တလုံးနဲ့ ကျေးရွာအပြင်ဘက်တွင်မှာတလုံး ကျရောက်ပေါက်ကွဲ ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ငဖဲမြို့မှာ စစ်ယာဥ်တန်းကိုတိုက်ခိုက်မှု စစ်သားတဦးသေပြီး ၆ဦးဒဏ်ရာရ


ဇန်နဝါရီလ ၄ရက်။

မကွေးတိုင်း ငဖဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ်-၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံကနေ စေတုတ္တရာ မြို့နယ်ဘက်ကို ထွက်လာတဲ့ စစ်တပ်ယာဥ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သားတဦး သေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ မင်းဘူးခရိုင် အမှတ် တပ်ရင်းက အသိပေးထုတ်ပြန်ပါတယ်။

အင်အား ၅၀ ခန့်ပါတဲ့ စစ်တပ်သုံးယာဥ် ၂စီးကို ပဒါန်း-ငဖဲ-စေတုတ္တရာလမ်းပိုင်း ညောင်ကိုင်းကျေးရွာအနီးမှာ မင်းဘူးခရိုင် အမှတ်- တပ်ရင်း၊ ချင်းကာကွယ်ရေးတပ်-အရှို CDF-Asho ငဖဲမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ .က. တို့ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

မိနစ် ၂၀ ခန့်ကြာခဲ့တဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က တဦးသေဆုံးကာ ဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ ကနဦးမှာ သိထားပေမယ့် ထိခိုက်ဒဏ်ရာရသူတွေ ဆေးကုသချိန်မှာ ထပ်မံသေဆုံးမှုတွေရှိတယ်လို့ မင်းဘူးခရိုင် အမှတ် - တပ်ရင်း က အသိပေးပါတယ်။

စစ်ကောင်စီတပ်ဟာ ပဒါန်း-ငဖဲ-စေတုတ္တရာ လမ်းပိုင်းကို အသုံးပြုပြီး တပ်ရွေ့ပြောင်းတာတွေ အုပ်ချုပ်ထောက်ပံ့မှု လုပ်ငန်းတွေ လုပ်ဆောင်နေတဲ့အပြင် အရပ်သားပြည်သူကားတွေကိုသုံးပြီး အသွင်ယူလှုပ်ရှား သွားလာတာတွေ ရှိနေတဲ့ အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီယာဥ်တန်းတွေနဲ့ နီးကပ်စွာလိုက်ပါတာ စစ်တပ် တပ်စွဲထားတဲ့နေရာတွေအနီး နီးကပ်စွာနေထိုင်တာတွေ မလုပ်ကြဖို့လည်း အသိပေးထားပါတယ်။


========================


🚩🚩၃။မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးဖို့ ကြိုးစားနေတဲ့စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၇ဝ ကျော် သေဆုံး


ဇန်နဝါရီလ ၄ရက်။

ကရင်ပြည်နယ် KNU တပ်မဟာ နယ်မြေထဲက မြဝတီ - ကော့ကရိတ် အာရှလမ်းမကြီးကို ပြန်လည်စိုးမိုးနိုင်ရေး အင်အားဖြည့်ရောက်ရှိလာတဲ့ အောင်ဇေယျစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ ၃၂၊ ဗိုလ်တာပေါ ဦးဆောင်သော KNLA တပ်ရင်း ၂၈ ပူးပေါင်းစစ်ကြောင်းက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်က အထိနာခဲ့ပြီး စစ်သား ၇ဝ ကျော် သေဆုံးသွားတယ်လို့ တောင်ပိုင်းတိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ် 

တောင်ပိုင်းတိုင်းစစ်ဒေသနယ်မြေမှာ ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ရက်အတွင်းဖြစ်ခဲ့တဲ့ တပတ်တာစစ်ရေးအခြေအနေ ကို ထုတ်ပြန်ရာမှာ အခုလိုထည့်သွင်း ဖော်ပြလာတာဖြစ်ပါတယ်။

ကော့ကရိတ်မြို့နယ်က မြဝတီ -ကော့ကရိတ် အာရှလမ်းမကြီးတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း တိုက်ပွဲ ၁၄ ကြိမ်ဖြစ်ပြီး စစ်ကာင်စီတပ်သား ၇၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက အသိပေးပါ တယ်။

တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က ရိက္ခာနဲ့ စစ်ကူလမ်းကြောင်းဖြတ်တောက်ထားတဲ့ အနန်းကွင်းဗျူဟာစခန်းကိုဝင်ဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီတပ်ကူ သံတွဲစစ်ကြောင်းကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF နဂါးနီစစ်ကြောင်း၊ KNLA တပ်ရင်းများနဲ့ ရောင်နီဒရုန်းအထူးတပ်ဖွဲ့၊ Dawna Dragon Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့တွေ ကြားဖြတ်တားဆီးပိတ်ဆို့တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုများတဲ့ အတွက် စစ်ကောင်စီတပ်က လေယာဉ် လက်နက်ကြီးတွေနဲ့ အပြင်းအထန်စစ်ကူပေးတိုက်ခိုက်တာကြောင့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ဦးမြင့်မြတ်စွာကျဆုံးခဲ့ပြီး ၁၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။အနန်းကွင်းစစ်တပ်စခန်းကို စစ်ကူလာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို တိုက်ခိုက်မှုမှာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် လက်နက်ချ  


ဇန်နဝါရီလ ၄ရက်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် အနန်းကွင်းဗျူဟာစစ်တပ်စခန်းကို စစ်ကူလာတဲ့ အင်အား ၁၅၀ ကျော်ပါ တပ်မ ၄၄ စစ်တပ် စစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ရာမှာ စစ်သား ၄၀ ကျော်သေဆုံးပြီး ၃၀ ကျော် လက်နက်ချ ခဲ့တယ်လို့ အထူးစစ်ဆင်ရေးအဖွဲ့ -SOF က ထုတ်ပြန်ပါတယ်။

အနန်းကွင်းဗျူဟာစခန်းကို စစ်ကူပို့ဖို့နဲ့ လူနာသယ်ဖို့လာတဲ့ တပ်မ ၄၄ စစ်ကြောင်းကို KNLA SOF နဲ့ ပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၃၀ ကနေ ဇန်နဝါရက် ရက်နေ့အထိ ရက်ဆက် တိုက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက် သေဆုံးသူအလောင်း ၄၀ ကျော်အထိရှိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်မျိုးစုံ ၃၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

တိုက်ပွဲဖြစ်စဉ်အတွင်း အဲဒီစစ်ကြောင်းက စစ်သား ၃၀ ကျော် လက်နက်ချအညံ့ခံခဲ့တဲ့အပြင် ထွက်ပြေးသွားသူတွေလည်း ရှိတာကြောင့် စစ်ကြောင်းတခုလုံး ပျက်စီးသွားတယ်လို့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက ပြောပါတယ်။ 

အနန်းကွင်းဗျူဟာတပ်စခန်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုအဖြစ် ဂျက်ဖိုက်တာနဲ့ ကြိမ်၊ Y12 ဗုံးကြဲလေယာဥ်နဲ့တကြိမ်၊ လက်နက်ကြီးနဲ့ အကြိမ်  ၁၅၀ ခန့် ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးပူးပေါင်းအဖွဲ့က ရဲဘော် တဦးကျဆုံးခဲ့ပြီး ဦးခန့် မစိုးရိမ်ရဒဏ်ရာ ရခဲ့တယ်လို့ SOF က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨၅။ ကြို့ပင်ကောက်နယ်မှာ ဘုန်းကြီးအယောင်ဆောင်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူကို ပစ်ခတ်ဖမ်းဆီးရာက သေဆုံး


ဇန်နဝါရီလ ၄ရက်။

ပဲခူးတိုင်းအနောက်ခြမ်းက ကြို့ပင်ကောက်မြို့နယ်မှာ ဘုန်းကြီးအယောင်ဆောင်ပြီး စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ တဦးကို ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတယ်လို့ ရိုးမခြေပြုတပ်ခွဲ BTZM GBK PDF က ပြောပါတယ်။

 အောင်စိုးမိုး-ဘော်ဘင် ဗျူဟာလမ်းအတိုင်း ကြိုပင်ကောက်မြို့နယ် ရုံးချောင်းရွာ၊ အေးရွာလေးရွာနဲ့ သင်္ခရိုင်ရွာတွေဘက် စစ်ကြောင်းထိုးဖို့ ရှေ့ပြေးလွှတ်လိုက်တဲ့ ဘုန်းကြီးအယောင်ဆောင် စစ်တပ်သတင်းပေးတဦးကို BTZM GBK PDF အဖွဲ့က တော်လှန်ရေးရဲဘော်တွေ ဇန်နဝါရီလ ရက်နေ့ မွန်းလွဲ နာရီခန့်အချိန်မှာ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လိုဆိုပါတယ်။

ဖမ်းဆီးရမိသူကို တော်လှန်ရေးရဲဘော်တွေ စစ်ဆေးမေးမြန်းရာမှာ တပ်မ ၆၆ က စေလွှတ်လိုက်တာဖြစ်ပြီး တော်လှန်ရေး တပ်တွေရဲ့ သတင်းအချက်အလက်တွေ စုံစမ်းခိုင်းထားတဲ့အကြောင်း ဝန်ခံထွက်ဆိုခဲ့သလို စစ်ဝတ်စုံအချို့ သိမ်းဆည်းရရှိ ခဲ့တာကို ရိုးမခြေပြုတပ်ခွဲ BTZM GBK PDF က ထုတ်ပြန်တဲ့ ရုပ်သံမှတ်တမ်းမှာတွေ့ရပါတယ်။

တော်လှန်ရေးရဲဘော်တွေ စစ်ဆေးမေးမြန်းပြီးချိန်မှာ ချုပ်နှောင်ထားဖို့ ခေါ်လာခဲ့ချိန်မှာ ထွက်ပြေးတာကြောင့် လိုက်လံ ပစ်ခတ်ဖမ်းဆီးရတဲ့အတွက် တပ်မ ၆၆ ကလွှတ်လိုပ်တဲ့ စစ်တပ်သသျှိုသေဆုံးခဲ့ရတာလို့ အသိပေးထားပါတယ်။ 


လက်ရှိအချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပုံစံအမျိုးမျိုးနဲ့ အရပ်သားပြည်သူတွေနေထိုင်ရာရပ်ရွာတွေမှာ ဝင်ရောက်လာနေတဲ့အတွက် မဟာမိတ်တပ်ဖွဲ့တွေနဲ့ တော်လှန်ရေးညီကိုများ၊ တော်လှန်ပြည်သူများအနေနဲ့ သတိထား သွားလာကြဖို့  BTZM GBK PDF  က တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၆။⁨⁨ မင်းလှမြို့နယ်မှာ တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို ဖုန်းဆက်ခေါ်နေတဲ့ စစ်တပ်သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်း


ဇန်နဝါရီလ ၄ရက်။

ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်က တော်လှန်ရေးရဲဘော်တွေကို ဖမ်းဆီးဖို့ စစ်တပ်ကို ဖုန်းဆက်ခေါ်နေတဲ့ စစ်တပ် သတင်းပေးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ဒီနေ့ ဇန်န‌ဝါရီလ ရက်မှာ ထုတ်ပြန်ပါတယ်။

မင်းလှမြို့နယ် ဂန့်ဂေါ်ပင်ရွာက ဆိုင်ကယ်စီးလာတဲ့ စစ်တပ်သတင်းပေး ဦးရွှေဆိုသူဟာ ဗိုလ်တထောင်ရွာအနီးက လမ်းမ ပေါ် ကနေပြီး မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရဲဘော်တွေကိုဖမ်းဆီးဖို့ ဓာတ်ပုံရိုက်ပြီး စစ်တပ်ကို ဖုန်းဆက် သတင်းပေးနေချိန် မနေ့ ဇန်နဝါရီ ၃ရက် မနက် ၈နာရီခန့်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။   

သေဆုံးသွားတဲ့ စစ်တပ်သတင်းပေး ဦးရွှေထံကနေ စစ်ကောင်စီတပ်နဲ့ဆက်သွယ်ပြောဆိုထားတဲ့ အချက်အလက်တွေပါတဲ့ ဖုန်းတလုံးနဲ့ ဆိုင်ကယ်စီး သိမ်းဆည်းရရှိခဲ့တယ်လို့ မင်းလှမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။

ဦးရွှေဟာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ဆိုင်တဲ့သတင်းတွေ စုံစမ်းထောက်လှမ်းပြီး စစ်တပ်ကို သတင်းပို့နေသလို   စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ မကြာခဏတွေ့ဆုံတာတွေရှိနေတဲ့အပြင် ပြည်သူ့ကာကွယ်ရေးရဲဘော်တွေကို အန္တရာယ်ပေးလာတဲ့အတွက် အခုလို အရေးယူလိုက်ရတာဖြစ်တယ်လို မင်းလှမြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment