9th Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ နှစ်ဦးအလှူ BPLA ဆန်အိတ်၂၀၀၀ ကင်ပိန်းအတွက် ဆန်ဖရန်နွေဦးမိသားစုများက ဆန်အိတ် ၂၀၀ ထောက်ပို့

📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့မှာဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီကို ပိုပြီးပေးချင်တယ်လို့သားငယ်ကိုထိန်လင်းအသိပေးဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက် စစ်တပ်ပိုင်  “Mytel” ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန် ဒဏ်ခတ် အရေးယူ

📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ပြည်သူ့စစ်အားလုံး တော်လှန်ပြည်သူ့ဘက်လာရောက်ပူးပေါင်းကြဖို့ KPF ထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်အရာရှိ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ အောင်ဆန်းမျိုးဆက်ကျည်ကာကမ်ပိန်းပါဝင်သူနည်းပါးနေ၍သတ်မှတ်ရက်ထက်ထပ်မံတိုးမြှင့်

📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ တော်လှန်အမွေ ကမ်ပိန်းလက်ကျန်လက်မှတ်များ အားပေးကြဖို့တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ အမှတ်() စစ်ဒေသစစ်ကိုင်းအတွင်း စစ်သုံ့ပန်းများကို တော်လှန်ရေးဘက်တော်သားအဆိုတော်မိုင်းမိုင်ဆိုင်းတွေ့ဆုံ၍ သီဆိုဖျော်ဖြေ


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁩ ⁨AA က သိမ်းပိုက်ထားတဲ့ ရမ်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် လူ ၄၀ ကျော် သေဆုံးပြီး အိမ် အလုံး ၅၀၀ ကျော် မီးလောင်ပျက်စီး

🚩 ၂။⁩ CDF-Matupi တပ်မဟာ မှ တပ်မှူး ဦးအပါအဝင် ဦး တပ်မဟာ မှာ ပူးပေါင်း

🚩 ၃။ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲတာကြောင့် သိမ်းယူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်သား ဦးသေဆုံး

🚩 ၄။⁨⁨ အုပ်ချုပ်ရေးမှူးတာဝန်ကနေနှုတ်ထွက်ဖို့ သတိပေးထားတာကိုဂရုမစိုက်ဘဲ တပ်သားသစ်တွေစုဆောင်ပေးနေတဲ့ ပေါင်းတလည်မြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း

🚩 ၅။⁨⁨ တန့်ဆည်မြို့နယ်က စစ်တပ် တပ်စွဲရာ ကင်းစခန်းကို တိုက်ခိုက်မှုမှာ စစ်သား တဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

🚩၆။ မူဆယ်မြို့မှာ အမျိုးသားတဦး မိုင်းနင်းမိတဲ့အတွက် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ခြေတဖက်ပြတ်ထွက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨၁။ နှစ်ဦးအလှူ BPLA ဆန်အိတ်၂၀၀၀ ကင်ပိန်းအတွက် ဆန်ဖရန်နွေဦးမိသားစုများက ဆန်အိတ် ၂၀၀ ထောက်ပို့


Radio NUG ၊ဇန်နဝါရီ ၉ရက်

နွေဦးတော်လှန်ရေးတပ်တော်တခု ဖြစ်တဲ့ BPLA အဖွဲ့က ဆန်အိတ် ၂၀၀၀ ကင်ပိန်း လုပ်ဆောင်နေကြရာမှာ အမေရိကန်ပြည်ထောင်စု ဆန်ဖရန်ဘေးဧရိယာ နွေဦးတော်လှန်ရေးမိသားစုများက ဝိုင်းဝန်းလှူဒါန်းကြရာ ရက်ပိုင်းအတွင်း ဆန်အိတ် ၂၀၀ဖိုး ထည့်ဝင်နိုင်ခဲ့ပြီလို့ သတင်းရရှိပါတယ်။

BPLA က ဆန်တအိတ်ကို ကျပ် ၁သိန်း၂သောင်းနှုန်းနဲ့ အလှူခံနေခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၈ န်ဒေါ်လာခန့်နဲ့ မြန်မာထောက်ပို့များက ထည့်ဝင်နိုင်တယ်လို့ ဆိုပါတယ်။

ဒီဇင်ဘာ ၁၂ ကနေ ဇန်နဝါရီ ၁၂ အထိ ကင်ပိန်းကာလကို သတ်မှတ်ခဲ့ရာမှာ - ဇန်နဝါရီ ရက်က ကင်ပိန်းသတ်မှတ်ချက် ၄၆% ခန့်၊ ဆန်အိတ် ၈၇၂ အိတ်သာ ရရှိခဲ့ပြီးနောက် ယခု ဇန်နဝါရီ ၈ရက်မှာ ဆန်အိတ် ၆၀၀ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ ဝါရင့်သတင်းသမား ဦးခင်မောင်စိုး ရိုက်ကူးမှတ်တမ်းတင်ထားတဲ့ “BPLA နဲ့ တွေ့ဆုံခြင်း သို့ လွတ်မြောက်နယ်မြေခရီးစဉ် ပထမပိုင်းရုပ်သံကို ကြည့်ရှုပြီး ဆန်အိတ်လိုအပ်ချက်ဖြည့်ဆည်းဖို့ စိတ်အားပိုထက်သန်လာတယ်လို့ ဆန်ဖရန်နွေဦးတော်လှန်ရေးမိသားစုများထဲက ထောက်ပို့တဦးက Radio NUG ကို ပြောကြားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၂။ ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့မှာဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီကို ပိုပြီးပေးချင်တယ်လို့သားငယ်ကိုထိန်လင်းအသိပေးဆို


ဇန်နဝါရီ၉ရက်


ဒေါ်အောင်ဆန်းစုကြည်အသက်၈၀ပြည့်မွေးနေ့မှာဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီကို ပိုပြီးပေးချင်တယ်လို့သားငယ်ကိုထိန်လင်းက

ဇန်နဝါရီ၉ရက်မှာ ဆိုရှယ်မီဒီယာမှတစ်ဆင့် ရုပ်သံနဲ့တကွ အသိပေးဆိုထားပါတယ်။

"ဒီနှစ်ဟာ မေမေ့ အသက် (၈၀)ပြည့်တဲ့နှစ်၊ သူ့ဘဝကို နှစ်မြှုပ်ပြီး ဒီမိုကရေစီနဲ့ မြန်မာပြည်သူတွေ လွတ်မြောက်ဖို့လုပ်ဆောင်ခဲ့တယ်။ ခိုင်မာတဲ့ဇွဲနဲ့ ဦးလည်မသုန် လုပ်ဆောင်ခဲ့တယ်။ မေမေဟာ သူ့အသက် ၈၀ရဲ့ လေးပုံ တစ်ပုံလောက် ချုပ်နှောင်မှုအောက်မှာ နေခဲ့ရတယ်၊ နေ နေရတယ်။မေမေ့ရဲ့ ၈၀ပြည့်မွေးနေ့ကို မှတ်မှတ်ရရ ဖြစ်အောင်လုပ်ပေးချင်တယ်။ ဒီမွေးနေ့အစီအစဉ်ကနေ မေမေ့အခြေအနေကို ဒီ့ထက်ပိုသိလာစေချင်တယ်။ ဘေးဒုက္ခရောက်နေတဲ့ ပြည်သူတွေဆီ လူသားချင်းစာနာမှုအကူအညီကို ပိုပြီးပေးချင်တယ်"လို့ဆိုပါတယ်။ 

မိခင်ဒေါ်အောင်ဆန်းစုကြည်၏မွေးနေ့ပွဲအခမ်းအနားထိရောက်အောင်မြင်အောင် အကောင်အထည်ဖော်ဖို့ တော်လှန်အနုပညာရှင်၊ အတတ်ပညာရှင်တွေကို အနည်းဆုံးအယောက်၈၀လောက် ပါဝင်ဖို့ ဖိတ်ခေါ်ချင်တယ်လို့ကိုထိန်လင်းကဆိုပါတယ်။

"ကျွန်တော်တို့နဲ့ အတူတကွ မေမေ့နဲ့ မြန်မာပြည်သူတွေ ချစ်ကြောင်း၊ ကူညီနေကြောင်း ပြကြရအောင်။ ပေါင်းစည်းအင်အားနဲ့ မြန်မာ့အရေးကို ကမ္ဘာက မမေ့အောင်လုပ်ကြမယ်"လို့ကိုထိန်လင်းကထပ်မံဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၃။ အကြမ်းဖက် စစ်တပ်ပိုင်  “Mytel” ဆက်သွယ်ရေးကုမ္ပဏီကို အမေရိကန် ဒဏ်ခတ် အရေးယူ


ဇန်နဝါရီ၉ရက်


မြန်မာနိုင်ငံက တယ်လီဖုန်း ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းကြောင်း အမေရိကန် ကုန်သွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်လို့  VOA မြန်မာပိုင်းမှာ ဖေါ်ပြထားပါတယ်။ဇန်နဝါရီလ ရက်မှာ စတင်အသက်ဝင်တဲ့ ဒီစည်းမျဉ်းသတ်မှတ်ချက်ထဲမှာတော့ မြန်မာနိုင်ငံက လုပ်ငန်းကြီးတခုအပါအဝင် လုပ်ငန်းပေါင်း ၁၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ထည့်သွင်းပြီး ကုန်ထုတ်လုပ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဗျူရို BSI က ပို့ကုန် စည်းမျဉ်းသတ်မှတ်ချက်တွေကို ပြင်ဆင်လိုက်တာ ဖြစ်ပါတယ်။

အမေရိကန် ကုန်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးပြီး နိုင်ငံခြားရေး၊ ကာကွယ်ရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး ဝန်ကြီးဌာနတို့က ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ERC - သုံးစွဲသူ ရေးရာ သုံးသပ်ရေး ကော်မတီက မိုင်တဲလ်ကို ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းမှာ ထည့်သွင်းဖို့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ အမျိုးသား လုံခြုံရေးနဲ့ နိုင်ငံခြားရေး မူဝါဒတွေနဲ့ ကွဲလွဲဆန့်ကျင်တဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာအခြေခံပြီး အခုလိုသတ်မှတ်တာဖြစ်ကြောင်းလည်း ကြေညာချက်မှာ ဖော်ပြပါတယ်။

အထူးသဖြင့်တော့ မိုင်တဲလ် လုပ်ငန်းဟာ မြန်မာ စစ်ကောင်စီကို ဘဏ္ဍာရေးနဲ့ ထောက်လှမ်းစောင့်ကြည့်ရေး ဝန်ဆောင်မှုတွေ ပေးနေကြောင်း၊ ဒါကြောင့်လည်း စစ်ကောင်စီ အနေနဲ့ သူတို့ ပစ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့တွေကို ခြေရာခံ ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကျူးလွန်နိုင်စေတာကြောင့် ဒဏ်ခတ်မှု စာရင်းထဲ ထည့်သွင်းတာ ဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။ ဒီလုပ်ငန်းကြီးထံ ပစ္စည်းတွေ တင်ပို့မယ့်၊ ပြန်လည်တင်ပို့မယ့်၊ လွှဲပြောင်းပေးရေးအတွက် ခွင့်ပြုချက်လိုအပ်ပြီး ဒီခွင့်ပြုချက် လိုင်စင် လျှောက်ထားမှုတွေကိုလည်း ငြင်းပယ်ချက်အဖြစ် သတ်မှတ်သုံးသပ်မှာ ဖြစ်ကြောင်းလည်း ကြေညာထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၄။ ပြည်သူ့စစ်အားလုံး တော်လှန်ပြည်သူ့ဘက်လာရောက်ပူးပေါင်းကြဖို့ KPF ထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်အရာရှိ တိုက်တွန်း


ဇန်နဝါရီ၉ရက်


ပြည်သူ့စစ်အဖွဲ့တွေအားလုံး ပြည်သူလူထုနဲ့ပူးပေါင်းပြီး စစ်အာဏာရှင်အုပ်စုကို တော်လှန်ကြဖို့ ခါကာဘိုပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့-KPF ထံ ခိုလှုံလာတဲ့ ပြည်သူ့စစ်အရာရှိက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ပြည်သူ့စစ်အဖွဲ့တွေကို တိုက်တွန်းလိုက်တဲ့ ပြောကြားချက်ရုပ်သံကို KPF က ဇန်နဝါရီ ရက်မှာ ထုတ်ပြန်ခဲ့တာဖြစ်ပါ တယ်။

လက်ရှိအချိန်မှာ ပြည်သူ့တော်လှန်ရေးနဲ့ စစ်အာဏာရူးအုပ်စုအတွက် အလုပ်လုပ်မလားဆိုပြီး ရွေးချယ်စရာ ခုထဲက တနိုင်ငံလုံး စစ်အာဏာရှင်လက်အောက်က လွတ်မြောက်နိုင်ရေးအတွက် ကျနော်လည်း ပြည်သူလူထုနဲ့အတူ စစ်အာဏာရှင် အုပ်စုကို တော်လှန်ဖို့ ရွေးချယ်ပြီး KPF ထံ ပူးပေါင်းခဲ့တာဖြစ်ပါတယ်လို့ ပြည်သူ့စစ်အရာရှိက ပြောထားပါတယ်။

လက်ရှိတိုက်နေတဲ့ စစ်ပွဲဟာ လူမျိုးရေးတိုက်ပွဲမဟုတ်သလို နယ်မြေစိုးမိုးရေးတိုက်ပွဲမဟုတ်ဘူးလို့လည်း သူက ရှင်းပြထား ပါတယ်။

ကျနော်တို့ နိုင်ငံကို နှစ်ပေါင်းမြောက်များစွာ လက်နက်အားကိုးနဲ့အနိုင်ကျင့်ပြီး မတရားဖိနှိပ်အုပ်ချုပ်ခဲ့တဲ့ စစ်အာဏာရှင် အုပ်စု လက်အောက်က လွတ်မြောက်နိုင်ရေး ပြည်သူ့တော်လှန်ရေးတိုက်ပွဲဖြစ်တယ်ဆိုတာ သိစေချင်တယ်။ ဒါကြောင့် ကိုယ့်အချင်းချင်း ထိခိုက်မှုမရှိအောင် ကိုယ့်ဒေသခံ အချင်းချင်း ထိခိုက်သေဆုံးမှု မရှိအောင် ဒီတိုက်ပွဲမှာ ပြည်သူလူထု ပါဝင်တဲ့ စစ်အာဏာရှင်အုပ်စုကျဆုံးရေး တော်လှန်ပြည်သူ့ဘက်မှာ လာရောက်ပူးပေါင်းစေချင်ပါတယ်လို့ KPF ထံ အလင်းဝင်လာတဲ့ ပြည်သူ့စစ်အရာရှိက တိုက်တွန်းထားပါတယ်။

KPF ဟာ ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့အတူ စစ်ရေးဖော်ဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

KIA ဟာ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ စစ်ကောင်စီလက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ် တွေ စိုးမိုးထားတဲ့ ကချင်အထူးဒေသ- နယ်မြေတွေဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဆဒုံး၊ ကန်ပိုက်တီ၊ ဆော့လော်၊ ဖီမော်၊ လန်ဆယ်၊ ကန်ဖန့် စတဲ့ ဒေသတွေကို သိမ်းပိုက်ခဲ့ရာမှာ ပြည်သူ့စစ်အဖွဲ့တွေ KIA နဲ့ ပူးပေါင်းပြီး အလင်းဝင်ခဲ့တာတွေရှိတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၅။ အောင်ဆန်းမျိုးဆက်ကျည်ကာကမ်ပိန်းပါဝင်သူနည်းပါးနေ၍သတ်မှတ်ရက်ထက်ထပ်မံတိုးမြှင့်


ဇန်နဝါရီ၉ရက်


အောင်ဆန်းမျိုးဆက်ကျည်ကာကမ်ပိန်းမှာ ပါဝင်သူနည်းပါးနေ၍ သတ်မှတ်ရက်ထက်ထပ်မံတိုးမြှင့်ထားတယ်လို့ ဇန်နဝါရီ၉ရက်မှာ အောင်ဆန်းမျိုးဆက်တပ်ဖွဲ့ကအသိပေးဆိုထားပါတယ်။

"အောင်ဆန်းမျိုးဆက် ရဲ၊ဘော်တို့က ခုချိန်ထိ ရှေ့တန်းမှာပဲ ရှိပါတယ်။ ရဲ၊ဘော်တို့အနေနဲ့ နိုင်ရာတာဝန်ကို ခွန်အားအပြည့်နဲ့ ထမ်းနေတာပါ။ လိုအပ် ချက်တွေအများကြီး ရှိပါတယ်။ လိုအပ်တာတွေကို ဖြည့်နိုင်ဖို့ ထောက်ပို့ ညီကိုတို့က အားထည့်ပြီး ထမ်းကူပေးကြပါဦး။ရဲဘော်တို့ ကျ၊ည်ကာဆင်ရန်ပေးဖို့အတွက် ပြုလုပ်ပေးတဲ့ "The Protector" ကမ်ပိန်းလေးက သတ်မှတ်ကာလပြည့်သည့်တိုင် (10.51%) ပဲ ရပါသေးတယ်။ ကမ်ပိန်းလေးက အတော်လေး အခြေနေ မကောင်းခဲ့တာပါ။ကျည်ကာ () စုံစာ ရရင် ရဲ၊ဘော် () ယောက်ရဲ့ အသက် ပိုကာကွယ်ပေးနိုင်မှာမို့ January (၃၁)ရက် နေ့အထိ ထပ်တိုးဖို့ ကျနော်တို့ "The Protector Team"မှ ဆုံးဖြတ်လိုက်ပါတယ်"လို့ဆိုပါတယ်။

 ကမ်ပိန်းထပ်တိုးရက် အတောအတွင်း နိုင်သလောက်အားနဲ့ အသက်ကယ် ကျ၊ည်ကာတိုးဖို့ လက်မှတ် ၁စောင်ကို $10နဲ့လည်းအားပေးနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၆။ တော်လှန်အမွေ ကမ်ပိန်းလက်ကျန်လက်မှတ်များ အားပေးကြဖို့တိုက်တွန်း


ဇန်နဝါရီ၉ရက်


တော်လှန်အမွေ ကမ်ပိန်းလက်ကျန်လက်မှတ်များ အားပေးကြဖို့ ဇန်နဝါရီ၉ရက်မှာ တော်လှန်အမွေကမ်ပိန်းက တိုက်တွန်းလိုက်ပါတယ်။

"ပန်းပွင့်လေးတွေမို့ ကြွေလွယ်မယ်တော့မထင်လိုက်နဲ့။ အမျိုးသမီး တော်လှန်ရဲဘော်တွေဆိုတာ နူးညံ့ပြီး သန်မာတဲ့ သံမဏိပန်းပွင့်လေးတွေပေါ့။ စစ်ရေးလေ့ကျင့်နေတဲ့ ဗီဒီယိုတွေပုံတွေတက်လာတိုင်း သတိထားမိပါလိမ့်မယ်။ မိန်းကလေးမို့ဆိုပြီး ကိုယ့်ကိုယ်ကိုယ်ညှာတာမနေဘူး။ အမျိုးသားတွေနဲ့တန်းတူကြိုးစားတယ်။ အပင်ပန်းခံတယ်။ တိုက်ပွဲဝင်တယ်။အစားဆင်းရဲ အနေဆင်းရဲလဲ အပြုံးမပျက်ဘူး။ အောင်ပွဲတွေကိုရယူပေးနိုင်ဖို့အတွက်ဆို အမြဲတမ်း တက်ကြွနေကြတယ်။ ဒါကြောင့် ကျွန်မတို့ပြည်သူတွေအနေနဲ့လည်း သံမဏိပန်းပွင့်လေးတွေအတွက် တတ်နိုင်သမျှကူညီထောက်ပို့ပေးကြရအောင်ပါ"လို့ကမ်ပိန်းကဆိုထားပါတယ်။

တော်လှန်အမွေကမ်ပိန်းက ရရှိလာမယ့် ငွေတွေကိုအမျိုးသမီး ရဲဘော်များအထွေထွေအသုံးစရိတ်အတွက် ၃၀ %၊စစ်ရှောင် ကလေးများနှင့် အမျိုးသမီးများအတွက် ၃၀%၊ထောင်ဒဏ်ကျ အမျိုးသမီးများနှင့် လူငယ်များအတွက် ၃၀%၊အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ရန်ပုံငွေ ၁၀% စသဖြင့် ခွဲဝေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨၇။ အမှတ်() စစ်ဒေသစစ်ကိုင်းအတွင်း စစ်သုံ့ပန်းများကို တော်လှန်ရေးဘက်တော်သားအဆိုတော်မိုင်းမိုင်ဆိုင်းတွေ့ဆုံ၍ သီဆိုဖျော်ဖြေ


ဇန်နဝါရီ၉ရက်


အမှတ်() စစ်ဒေသစစ်ကိုင်းအတွင်း စစ်သုံ့ပန်းများကို တော်လှန်ရေးဘက်တော်သား အဆိုတော်မိုင်းမိုင်ဆိုင်း တွေ့ဆုံ၍ သီဆိုဖျော်ဖြေခဲ့တယ်လို့ ဇန်နဝါရီ၉ရက်မှာ အဆိုတော်မိုင်းမိုင်ဆိုင်းကအသိပေးဆိုထားပါတယ်။"အလင်းဝင်တာ နဲ့ သုံ့ပန်း နဲ့ကမတူပါဘူး အလင်းဝင်တာကအသိစိတ်နဲ့၊ သုံ့ပန်းကတော့ ရွာဒေမီးရှို့ လူသတ် စစ်တိုက်ရင်းနဲ့ ဖမ်းခံရတဲ့သူတွေ။တွေ့ဆုံတဲ့အခါ သူတို့ လုပ်ရပ်တွေကိုတွေးရင်တော့တစ်စစီလုပ်ပစ်ချင်စရာပါဘဲ။ဒါပေမဲ့ခံယူချက်တွေပြောင်းလဲဖို့၊တစ်သွေးတည်းတစ်သားစိတ်မွေးဖို့၊လူမဆန်တဲ့ စစ်တပ်က နေဘယ်လိုနည်း ဘယ်လိုပုံစံနဲ့ဒီဘက်ရောက်လာလာ ၊အမှန်ကိုမြင်တတ်ပြီးလက်ခံတတ်ဖို့ သိက္ခာမရှိတဲ့တပ်ထဲ သိက္ခာမရှိတဲ့အလုပ် လူမဆန်တဲ့အလုပ်တွေလုပ်ခဲ့ပြီးပြီ ကျန်ရှိတဲ့ဘဝ သက်တမ်းကို တိုင်းပြည်အတွက် သိက္ခာရှိတဲ့ လူသားအဖြစ် ၊မိဘတွေအတွက် သားကောင်းအဖြစ်၊မိသားစုအတွက်အဖေကောင်း အဖြစ်ဆက်လက်ရပ်တည်သွားဖို့ အားပေးဖြစ်အတူ သီဆိုဖျော်ဖြေဖြစ်ခဲ့ပါတယ်"လို့ဆိုပါတယ်။ဖျော်ဖြေမှုတွင်စစ်သုံ့ပန်းများမှာလည်းသီဆိုခွင့်ရရှိခဲ့ပြီးအများစုစစ်သုံ့ပန်းများဟာပျော်ရွှင်နေတာကိုတွေ့ရှိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ⁨⁨⁩ ⁨AA က သိမ်းပိုက်ထားတဲ့ ရမ်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်ကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် လူ ၄၀ ကျော် သေဆုံးပြီး အိမ် အလုံး ၅၀၀ ကျော် မီးလောင်ပျက်စီး


ဇန်နဝါရီ၉ရက်


ရခိုင့်တပ်တော် AA က သိမ်းပိုက်ထားတဲ့ ရခိုင်ပြည် ရမ်းဗြဲကျွန်းမြို့နယ် ကျောက်နီမော်စံပြကျေးရွာကို အကြမ်းဖက်စစ်တပ် က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားပြည်သူ ၄၀ ကျော်သေဆုံးပြီး ၃ဝ ကျော် ဒဏ်ရာရရှိကာ အိမ်အလုံး ၅၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ရခိုင်ဘက်ကလာတဲ့သတင်းတွေက ဆိုပါတယ်။ 

မနေ့ ဇန်နဝါရီလ ရက် နေ့လည် နာရီခန့်အချိန်မှာ စစ်ကောင်စီ ဂျက်ဖိုက်တာတစင်းက ကျောက်နီမော်ရွာကို ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတာလို့ ဒေသတွင်းသတင်းဌာနတွေက ဒီနေ့မနက်ပိုင်းမှာ ဖော်ပြကြပါတယ်။။ 

စစ်လေယာဉ်နဲ့ ဗုံးကြဲမှုကြောင့် ကျောက်နီမော်တိုက်နယ် တောင်ပိုင်းရပ်ကွက်၊ မြောက်ပိုင်းရပ်ကွက်နဲ့ အလယ်ပိုင်းရပ်ကွက် က ပြည်သူလူထုနေအိမ် ၅၀၀ ကျော် မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။ 

ကျောက်နီမော်စံပြကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အမျိုးသမီးတွေလည်း ပါဝင်နေတယ်တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ လေးဝတီ FM က ဖော်ပြပါတယ်။

ဒါဟာ မြေပြင်အခြေအနေရ ကနဦးရရှိထားတဲ့အချက်အလက်တွေဖြစ်တဲ့အတွက် ဆက်လက်စုံစမ်းနေဆဲလို့ ဒေသသတင်း ရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ရှုံးနေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အခုနှစ် ဇန်နဝါရီလအတွင်းမှာ မြေပုံ၊ ပုဏ္ဏားကျွန်းနဲ့ ရမ်းဗြဲ မြို့နယ်တို့ကို လေကြောင်းကနေတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၅၀ ကျော် သေဆုံးခဲ့ရပြီလို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။⁩ CDF-Matupi တပ်မဟာ မှ တပ်မှူး ဦးအပါအဝင် ဦး တပ်မဟာ မှာ ပူးပေါင်း


ဇန်နဝါရီ၉ရက်


ချင်းပြည်နယ် မတူပီမြို့နယ်အတွင်း အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ မှ တပ်မှူး  ၂ဦးနဲ့ ရဲဘော် ဦး တပ်မဟာ မှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ CDF-Matupi တပ်မဟာ က ဇန်နဝရီ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

မတူပီမြို့နယ်မှာ CDF-Matupi တပ်မဟာ ခုရှိပြီး တပ်မဟာ က ICNCC/ချင်းညီနောင်နဲ့ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းသလို တပ်မဟာ က ချင်းပြည်ကောင်စီနဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းထားတဲ့အဖွဲ့လို့ သိရပါတယ်။

ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ - မတူပီ စည်းလုံးညီညွတ်ရေးအတွက် ဆန္ဒရှိတဲ့ တပ်မဟာ က တပ်မှူး ဦးနဲ့ ရဲဘော် ဦး ဟာ ၂၀၂၄ ခုနှစ် နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ တပ်မဟာ ထံ လာရောက်ပူးပေါင်းခဲ့တာဖြစ်ပြီး တပ်မဟာ ရဲ့ မူဝါဒ စည်းမျဉ်း များနဲ့အညီ ကြိုဆိုလက်ခံခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

CDF-Matupi တပ်မဟာ ရဲ့ ထုတ်ပြန်ချက်ထဲမှာ ၂၀၂၅ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီး မတူပီပြန်လည် တည်ဆောက်ရေး အားကြိုးမာန်တက်လုပ်ဆောင်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ထံ မတူပီတော်လှန်ရေးရဲဘော်တွေ အားလုံး အမြန်ဆုံးပူးပေါင်းပါဝင်ကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

ချင်းညီနောင်တပ်တွေဟာ မဟာမိတ်တပ်ဖွဲတွေနဲ့အတူ မတူပီမြို့ကို ၂၀၂၄ ခုနှစ် ဇွန် ၂၉ ရက်က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး လက်ရှိမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ကာကွယ်ရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူသားချင်းစာနာ ထောက်ထားရေး စတဲ့ ဌာနအသီးသီးက ကျရာတာဝန်တွေကို ယခုအချိန်ထိ ကြိုပမ်းလုပ်ဆောင်နေတယ်လို့လည်း ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီကင်းစင်သွားပြီဖြစ်တဲ့ မတူပီမြို့နယ်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ထပ်မဖြစ်စေဖို့နဲ့ အခု ၂ဝ၂၅ ခုနှစ်အတွင်းမှာ CDF-Matupi တစုတစည်းတည်းဖြစ်ရေးကိူလိုလားတဲ့ တပ်ရင်းတပ်ဖွဲ့တွေကို တပ်မဟာ က လက်ကမ်းကြိုဆိုနေမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ချောင်းဦး-မြင်းမူလမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့မိုင်းတွေ ပေါက်ကွဲတာကြောင့် သိမ်းယူသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့က စစ်သား ဦးသေဆုံး


ဇန်နဝါရီ၉ရက်


စစ်ကိုင်းတိုင်း ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ တော်လှန်ရေးတပ်တွေထောင်ထားတဲ့ အဝေးထိန်းမိုင်းတွေကို အကြမ်းဖက် စစ်တပ်က သိမ်းယူသွားပြီး စစ်စခန်းကို ပြန်ရောက်ချိန်မှာ ဖောက်ခွဲခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း တပ်ခွဲ- လျှပ်စီးတပ်ခွဲက ထုတ်ပြန်ပါတယ်။

ချောင်းဦး-မြင်းမူ လမ်းပိုင်းမှာ မိုင်းရှင်းဖို့ထွက်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ ဇန်နဝါရီလ နေ့က မိုင်းကွင်း တွေအနီး ရောက်ရှိလာပြီး ခရီးသွားပြည်သူတွေပါတဲ့ ကား စီးကိုတားဆီးကာ အရပ်သားပြည်သူတွေကို မိုင်းတွေရှာဖွေ ရှင်းခိုင်းပြီးနောက် အဝေးထိန်းမိုင်းတွေဆိုတာမသိဘဲ စစ်သားတွေက မိုင်းတွေကို ကားနဲ့ယူဆောင်သွားတယ်လို့ဆိုပါတယ်။

အဲဒီလို ယူဆောင်သွားတဲ့ စစ်သားတွေ ခရေဖြူစစ်တပ်ဂိတ်ကို ရောက်ရှိလာပြီး ကားပါ် ကနေ မိုင်းတွေချနေချိန်မှာ တော်လှန်ရေးရဲဘော်တွေ အဝေးထိန်းမိုင်းကို ဖောက်ခွဲလိုက်တာကြောင့် စစ်သား ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာ ရသွားတာလို့ အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုဖြစ်စဉ်မှာ အကြမ်းဖက်စစ်တပ်ဂိတ်ကို ထင်းနဲ့သဲတွေ လာပို့တဲ့ အရပ်သားပြည်သူတဦးလည်း မိုင်းစ ထိမှန်ပြီး ရင်ဘက်နဲ့ခေါင်း ဒဏ်ရာရသွားတဲ့အတွက် လျှပ်စီးတပ်ခွဲက အနူးအညွတ်တောင်းပန်းထားပါတယ်။

မိုင်းရှင်းဖို့ထွက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ တော်လှန်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့ မိုင်းအလုံး ၃၀ ၊ဘထရီ အိုး လုံးနဲ့ အဝေးထိန်းမိုင်းတလုံး သိမ်းသွားတာလို့ သိရပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် -၁၂ တပ်ရင်း တပ်ခွဲ- လျှပ်စီးတပ်ခွဲ၊ Eleven People Defense Force မုံရွာခရိုင် အမှတ်-၁၅ တပ်ရင်းနဲ့ နွေဦးညီကိုများစစ်ကြောင်း- Nway Oo Brothers Column တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါ တယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အချိန်နေရာမရွေး တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေအနီး အနီးကပ်သွားလာနေထိုင်တာတွေ မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၄။⁨⁨ အုပ်ချုပ်ရေးမှူးတာဝန်ကနေနှုတ်ထွက်ဖို့ သတိပေးထားတာကိုဂရုမစိုက်ဘဲ တပ်သားသစ်တွေစုဆောင်ပေးနေတဲ့ ပေါင်းတလည်မြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ရှင်းလင်း


ဇန်နဝါရီ၉ရက်


တာဝန်ကနေ နှုတ်ထွက်ဖို့ သတိပေးထားတာကို ဂရုမစိုက်ဘဲ တပ်သားသစ်တွေစုဆောင်ပေးနေတဲ့ ပဲခူးတိုင်း ပြည်ခရိုင် ပေါင်းတလည်မြို့ ဗြူကုန်းအုပ်စု မြိုလှစံပြကျေးရွာက အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃၆၀၁ PPDF တပ်ရင်းက မနေ့ ဇန်နဝါရီ ရက်က ထုတ်ပြန်ပါတယ်။

ဇန်နဝါရီလ ရက်နေ့ မနက် ၁၁ နာရီအချိန်မှာ ပေါင်းတလည်မြို့ ဗြူကုန်းအုပ်စု မြိုလှစံပြကျေးရွာက အုပ်ချုပ်ရေးမှူး အောင်နိုင်ဦးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က သွားရောက်ပစ်ခတ်ရာ ဒဏ်ရာရသွားတဲ့အတွက် လူနာတင်ယာဉ်နဲ့ ပြည်ဆေးရုံကိုပို့ဆောင်ခဲ့ပေမယ့် လမ်းမှာတင် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

သေဆုံးသူ  အုပ်ချုပ်ရေးမှူးအောင်နိုင်ဦးကို အုပ်ချုပ်ရေးမှူးတာဝန်က နှုတ်ထွက်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ မပူးပေါင်းဖို့ ဖုန်းနဲ့ ကြိမ်ထက်မနည်း ဆက်သွယ်သတိပေးခဲ့ပေမယ့် နှုတ်ထွက်ခြင်းမရှိဘဲ စစ်မှုထမ်း တပ်သားသစ်တွေစုဆောင်းဖို့ လူရှာပေးတာ ပေါ်တာဆွဲတာ ကျေးရွာအတွင်းက ပြည်သူဆီကနေ စစ်မှုထမ်းကြေးဆိုပြီး တလ ကျပ် ၃သောင်းကနေ သောင်း ကောက်ခံပြီး စစ်တပ်အတွက် ငွေရှာပေးနေတဲ့အတွက် ရှင်းလင်းလိုက်ရတာလို့ အသိပေးထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအနေနဲ့ စစ်ရေးပစ်မှတ်တွေဖြစ်တဲ့ စစ်တပ်၊ ရဲ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ် ချုပ်ရေးမှူးများနဲ့ ရာအိမ်မှူးတွေကို ပြတ်ပြတ်သားသား အရေးယူနေပြီဖြစ်တာကြောင့် အချိန်မီနှုတ်ထွက်ပြီး ပြည်သူနဲ့ ပူပေါင်းဖို့ PPDF ၃၆၀၁ တပ်ရင်းက သတိပေးထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဇန်နဝါရီလ ရက်နေ့ တရက်တည်းမှာ ပေါင်းတလည်မြို့က ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးနဲ့ ရာအိမ်မှူးလင်မယား စုစုပေါင်း ဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၅။⁨⁨ တန့်ဆည်မြို့နယ်က စစ်တပ် တပ်စွဲရာ ကင်းစခန်းကို တိုက်ခိုက်မှုမှာ စစ်သား တဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ


ဇန်နဝါရီ၉ရက်


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် မူးဂွကျေးရွာအနီးမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းကို တိုက်ခိုက်မှုမှာ စစ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က မနေ့ ဇန်နဝါရီ ရက် ညပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA အမှတ် - စစ်ဒေသနယ်မြေမှာရှိတဲ့ စစ်တပ် ကင်းစခန်းကို ဇန်နဝါရီ ရက် ၁၁ နာရီမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ တော်လှန်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်တပ်တို့အကြား မိနစ် ၃၀ ခန့် အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီစစ်ကောင်စီ ကင်းစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLA Hydra Force တပ်ရင်း-၂၅၊ တပ်ရင်း-၁၆ နဲ့ .က. တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၆။ မူဆယ်မြို့မှာ အမျိုးသားတဦး မိုင်းနင်းမိတဲ့အတွက် ပြင်းထန်ဒဏ်ရာရခဲ့ပြီး ခြေတဖက်ပြတ်ထွက်


ဇန်နဝါရီ၉ရက်


တအာင်းပြည် တပ်မဟာ- နယ်မြေ မူဆယ်မြို့နယ် ပန်လုံကျေးရွာက အမျိုးသားတဦး မိုင်းနင်းမိတာကြောင့် ပြင်းထန် ဒဏ်ရာရသွားတဲ့အပြင် ခြေထောက်တဖက်ပြတ်ထွက်သွားတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ပြောပါ တယ်။

ဇန်နဝါရီလ ရက်နေ့ ညနေ နာရီခွဲအချိန်မှာ အသက် ၂၉ နှစ်အရွယ် နောင်ဆိုင်ဆိုသူဟာ ကျေးရွာအနီးမှာရှိတဲ့ တောတွင်းတနေရာမှာ ထင်းခွေရာကနေ မိုင်းနင်းမိခဲ့တာလို့ ဆိုပါတယ်။ 

ဒဏ်ရာရလူနာကို မူဆယ်လူမှုကူညီရေးပရဟိတအသင်းက နမ့်ခမ်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တာကြောင့် ဆေးကုသ မှု ခံယူနေရဆဲလို့ အသိပေးထားပါတယ်။

အဲဒီအမျိုးသား မိုင်းနင်းမိတဲ့နေရာဟာ စစ်ကောင်စီတပ်စခန်းဟောင်းနေရာတခုဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ရက် ကလည်း သီပေါမြို့က နေအိမ်ပတ်ပတ်လည်ကို သန့်ရှင်းရေးလုပ်နေတဲ့ အမျိုးသားတဦး စစ်တပ်ကထောင်ထားတဲ့ မြေမြှုပ် မိုင်းကို ဓားနဲ့ခုတ်မိရာက ပေါက်ကွဲပြီး သေဆုံးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါ တယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment