9th Jan 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။⁨⁨⁨ "နိုင်ငံတကာက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းမှာဖြစ်တယ်"လို့ ဆို

📌၂။ အကြမ်းဖက်စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲ ဖြစ်တယ်လို့ ဆို

📌၃။စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ် ကြားကာလကောင်စီ (UICs)  တို့ တွေ့ဆုံဆွေးနွေး

📌 ⁨⁨၄။စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ () ဦး၊ အမျိုးသမီး (၁၇၁) ဦးနှင့် အမျိုးသား (၃၁၀) ဦး စုစုပေါင်း (၄၈၂) ဦး သေဆုံးခဲ့

📌၅။ပေါက်တော အနောက်ရဲ IDP စခန်းက ရောဂါအမျိုးမျိုး ဖြစ်ပွားနေတဲ့ ပြည်သူ ၂၀၀ ကို ကွင်းဆင်းကုသမှုပေး

📌၆။နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့ခြင်းနှင့် တစ်လအတွင်း ကျေးရွာ ()ရွာကိုကွင်းဆင်းအသိပညာပေးမှု ပြုလုပ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ မံစီမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ အလုံးစုံသိမ်းပိုက်

🚩 ၂။ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တိုင်းပကဖ ဦးဆောင်အဖွဲ့တို့ ခရိုင်ပကဖရဲဘော်များနှင့် တွေ့ဆုံ

🚩 ၃။⁨⁨ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်လိုက်ပြီဟု ဆို

🚩 ၄။⁩ ⁨မိုးကုတ်မြို့ကို စစ်ကောင်စီက Y-12 ဖြင့် ဗုံးအလုံးရေ ၂၀ ခန့် လာရောက်ကြဲချ တိုက်ခိုက်

🚩 ၅။တပ်မ ၁၀၁ ကို အစည်းအဝေးသွားတဲ့ ပျူစောထီးကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး

🚩၆။ ကျွန်းလှ - ကန့်ဘလူ လမ်းပိုင်း၊ သင်ပန်းတော လမ်းခွဲအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပျူစောထီး ဦး သေဆုံး

🚩၇။သီပေါတွင် ဓါးပြမှုနဲ့ အမျိုးသမီး ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ဦး အနက် ဦးကို TNLA တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့က ဖမ်းဆီးရမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။⁨⁨⁨ "နိုင်ငံတကာက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းမှာဖြစ်တယ်"လို့ ဆို


ဇန်နဝါရီ၈ရက်


ဇန်နဝါရီ ရက်မှာ ကျင်းပပြုလုပ်ခဲ့သည့် အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန အနေနှင့် လူ့အခွင့်အရေး၊ တရားမျှတမှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ကြိုးပမ်းဆောင်ရွက်ချက်များ၊ စိန်ခေါ်မှုများအကြောင်း သတင်းစာရှင်းလင်းပွဲမှာ NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးက အခုလိုဆိုခဲ့ပါတယ်။

"နိုင်ငံတကာက ကူညီသည်ဖြစ်စေ မကူညီသည်ဖြစ်စေ ဒီစစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းပြီးတော့ အားလုံးလိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီကို အကောင်အထည် ဖော်နိုင်ဖို့ ဆက်လက် လျှောက်လှမ်းနေတာဖြစ်တယ်။ နိုင်ငံတကာအကူအညီ မျှော်နေမယ်ဆိုလို့ရှိရင် ဒီနေ့ တော်လှန်ရေးခရီးက ဒီအဆင့်ထိ ရောက်မှာမဟုတ်ဘူး" လို့   ဒုဝန်ကြီး ဦးအောင်ကျော်မိုးက ဆိုပါတယ်။

"နိုင်ငံတကာကသာ ပံ့ပိုးပေးခဲ့သည်ရှိသော် တော်လှန်ရေးကလည်း ဒီလောက်အချိန်လည်း လိုမှာမဟုတ်ဘူး။ နိုင်ငံရေး စိတ်ဆန္ဒထက် ကိုယ်ကျင့်သီလပိုင်းဆိုင်ရာ ဝတ္တရားတာဝန် ကိုတောင် ကမ္ဘာကြီးက ကျွန်တော်တို့အပေါ်မှာ မကျေပွန်ခဲ့ဘူးဆိုတဲ့ ဟာကိုလည်း ထပ်ခါတလဲလဲ ကမ္ဘာကြီးက ကြားအောင်ပြောနေရမှာဖြစ်တယ်"လို့ ဒုဝန်ကြီးဦးအောင်ကျော်မိုးက ဆိုပါတယ်။


========================


📌📌၂။ အကြမ်းဖက်စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲ ဖြစ်တယ်လို့ ဆို


ဇန်နဝါရီ၈ရက်


အကြမ်းဖက်စစ်ကောင်စီဟာ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲဖြစ်တယ်လို့ ဇန်နဝါရီ၈ရက် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဥ်မှာ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဆိုပါတယ်။

"အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် အပေါင်းအပါများက နှစ်သစ်ကူးကာလဖြစ်တဲ့ဒီဇင်ဘာ ၃၁ ရက်နဲ့ ဇန်နဝါရီ ၁ရက်နေ့များမှာပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နယ်၊ ကချင်ပြည်နယ်နှင့် ကျန် ပြည်နယ်နဲ့ တိုင်း အချို့မှ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများ၊ ဆေးရုံဆေးခန်းများ၊ ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေသော ဘုရားကျောင်းများနှင့် ပြည်သူလူထု၏ နေအိမ်များကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပါတယ်။ဒီလိုလုပ်ရပ်တွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ ကျင့်ဝတ်ကင်းမဲ့မှု၊ လူစိတ်ကင်းမဲ့မှုတွေကို ဖော်ပြနေတာဖြစ်သလို တဖက်မှာ နိုင်ငံတကာထောက်ခံမှုရရုံသက်သက် ငြိမ်းချမ်းရေးဆိုတဲ့စကားကို အယောင်ပြပြောဆိုနေပြီး တကယ်တမ်းလက်တွေ့မှာတော့ သူတို့ အာဏာတည်မြဲရေးအတွက် ပြည်သူလူထုကို ပစ်မှတ်ထားသတ်ဖြတ်နေဆဲပဲဆိုတာပေါ်လွင်စေပါတယ်"လို့ဆိုပါတယ်။

နှစ်သစ်ကူးကာလအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူသေဆုံးမှု ၂၀ ဦးရှိခဲ့ပါတယ်။

ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး(ICC) ရဲ့ ဖမ်းဝရမ်းထုတ်တာကိုခံရတော့မယ့်  စစ်ရာဇဝတ်ကောင် ပြုလုပ်မယ့်တရားဝင်မှု မရှိတဲ့ ရွေးကောက်ပွဲအမည်ခံ လုပ်ပွဲကိုနိုင်ငံတကာက အားမပေးဖို့ကိုလည်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က တိုက်တွန်းခဲ့ပါတယ်။


========================


📌📌၃။စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ် ကြားကာလကောင်စီ (UICs)  တို့ တွေ့ဆုံဆွေးနွေး


ဇန်နဝါရီ၈ရက်


ဇန်နဝါရီ၈ရက်နေ့ နေ့လည်၁နာရီတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ် ကြားကာလကောင်စီ(UICs) တို့ Zoom Platform မှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးပွဲတွင် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဌက နုတ်ခွန်းဆက် စကား ပြောကြားခဲ့ပြီးနောက် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ (UICs) ဖွဲ့စည်းပေါ်ပေါက်လာမှုနှင့် ပညာရေးဆိုင်ရာမူဝါဒကိုဆွေနွေးခဲ့ပြီးနောက်စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs)တို့မှ  ရှေ့လုပ်ငန်းစဉ်များတွင် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကိုဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးပွဲတွင် ယူနစ်လွှတ်တော်ဥက္ကဌ၊ ဒုတိယဥက္ကဌ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်ကိုယ်စားလှယ်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်တက္ကသိုလ်ကြားကာလကောင်စီ(UICs) မှ CDMer ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨၄။စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ () ဦး၊ အမျိုးသမီး (၁၇၁) ဦးနှင့် အမျိုးသား (၃၁၀) ဦး စုစုပေါင်း (၄၈၂) ဦး သေဆုံးခဲ့


ဇန်နဝါရီ ၈ရက်


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် လိင်စိတ်ခံယူမှုကွဲပြားသူ () ဦး၊ အမျိုးသမီး (၁၇၁) ဦးနှင့် အမျိုးသား (၃၁၀) ဦး စုစုပေါင်း (၄၈၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။

ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၅၅) ဦး ပါဝင်ကာ အဆိုပါ သေဆုံးသူများအနက်  စစ်အုပ်စုက ဖမ်းဆီးပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့်  (၁၄၀) ဦးဖြင့် အများဆုံးသေဆုံးခဲ့ပြီး (၁၃၄) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒုတိယအများဆုံး သေဆုံးခဲ့ရပါတယ်။

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်အတွင်းကို အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်ထိုး ဝင်ရောက်လာချိန်၌ ကင်းစမ်းကျေးရွာဒေသခံ ကိုသော်ဇင်ဖြိုးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌၅။ပေါက်တော အနောက်ရဲ IDP စခန်းက ရောဂါအမျိုးမျိုး ဖြစ်ပွားနေတဲ့ ပြည်သူ ၂၀၀ ကို ကွင်းဆင်းကုသမှုပေး


ဇန်နဝါရီ Radio NUG


အာရက္ခပြည်၊ ပေါက်တောမြို့နယ်၊ အနောက်ရဲ IDP စခန်းက အရေပြား ရောဂါ၊ ဝမ်းပျက်ဝမ်းလျော၊ ခါးနာ ဒူးနာ စတဲ့ ရောဂါအမျိုးမျိုး ဖြစ်ပွားနေကြတဲ့ ပြည်သူ ၂၀၀ ကို အာရက္ခ ပြည်သူ့ကျန်းမာရေး ဌာနက ကွင်းဆင်းကုသမှု ပေးခဲ့တယ်လို့ ရခိုင်အခြေစိုက် APM က ဖော်ပြထားပါတယ်။

အဆိုက IDP စခန်းက အရေပြား(ယားနာ) ရောဂါ ဖြစ်ပွားနေသူ ၁၅၀ ဝမ်းပျက် ဝမ်းလျော ဖြစ်ပွားနေသူ ၂၀ နဲ့ ခါးနာ ဒူးနာ ဖြစ်ပွားနေသူ ၃၀ စုစုပေါင်း အာရက္ခပြည်သူ ၂၀၀ ကို ဆေးကုသမှု ဆောင်ရွက်ပေးခဲ့တာလို့ ဆိုပါတယ်။

ထို့အပြင် IDP စခန်းက ပြည်သူတွေကို သန့်ရှင်းသော ရေကို သောက်သုံးဖို့၊ သန့်ရှင်းသော အစားအစာတွေသာ စားသုံးဖို့နဲ့ ရောဂါ ထပ်မဖြစ်ပွားအောင် အနေအထိုင် အစားအသောက်ကို စနစ်တကျ ဆောင်ရွက်ကြဖို့ မှာကြား အသိပညာပေး ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အာရက္ခဒေသတွင်း မြို့နယ်တချို့က စစ်ဘေးရှောင်စခန်းတွေမှာ အရေပြားရောဂါတွေ အဖြစ်များလာပြီး ULA/AA ဦးဆောင်တဲ့ အာရက္ခ ပြည်သူ့တော်လှန်ရေး အစိုးရရဲ့ ကျန်းမာရေး ဦးစီးဌာနမှလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌၆။နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးပြုလုပ်ခဲ့ခြင်းနှင့် တစ်လအတွင်း ကျေးရွာ ()ရွာကိုကွင်းဆင်းအသိပညာပေးမှု ပြုလုပ်


ဇန်နဝါရီ RadioNUG 


တအာင်းပြည်၊ တပ်မဟာ ()နယ်မြေ၊ နမ့်ခမ်းမြို့နယ် တအာင်းသံဃာတော်များမှ (၂၀)ကြိမ်မြောက် နှစ်ပတ်လည်အစည်းအဝေးကို ဒီဇင်ဘာလ ၃၀ရက်တွင် တအာင်းသံဃာတော်အဖွဲ့မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့တယ်လို့ PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။

()နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့သော အမျိုးဘာသာ၊ သာသနာပြုလုပ်ငန်းများ တင်ပြခြင်း၊ ရှေ့လုပ်ငန်းစဥ်များ တင်ပြဆွေနွေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုနှစ်တွင်လည်း ဩဝါဒစရိယဆရာတော်များက ပိဋကတ်သုံးပုံတရားတော်များကို တအာင်းဘာသာဖြင့် ပြန်ဆိုရေးသားရန် အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

ထိုအစည်းအဝေးတွင် သံဃာတော် (၆၅)ပါး၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA နမ့်ခမ်းမြို့မရဲမှူး၊ တအာင်းစာပေအဖွဲ့နှင့် ပြည်သူလူထုများ စုစုပေါင်းလူဦးရေ (၁၆၀)ဦး တက်ရောက် ပြီးမြောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


ဒါ့အပြင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဌာနတစ်ခုဖြစ်သည့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနသည် ဒီဇင်ဘာလအတွင်း ကျေးရွာပေါင်း ()ရွာရှိ ဒေသခံပြည်သူများထံ အသိပညာပေးမှုများ ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ထိုအသိပညာပေးမှု ကွင်းဆင်းရာတွင် မိုင်းငေါ့နှင့် နမ္မတူမြို့နယ်ရှိ ကျေးရွာပေါင်း ()ရွာရှိ ဒေသခံပြည်သူများကို အမျိုးသမီးနှင့်ပျော်ရွှင်သောမိသားစု၊ အမျိုးသမီးနှင့်ပညာရေး၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့် စီမံကိန်းများစသည့်အကြောင်းအရာများကို အသိပညာပေးပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းငေါ့မြို့နယ်မှ ကျေးရွာ()ရွာနှင့် နမ္မတူမြို့နယ် ကျေးရွာ ()ရွာများရှိ ဒေသခံစုစုပေါင်း လူဦးရေ (၂၅၆)ဦး ပါဝင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။⁨⁨ မံစီမြို့ကို KIA ပူးပေါင်းတပ်ဖွဲ့များ အလုံးစုံသိမ်းပိုက်


ဇန်နဝါရီ RadioNUG 


ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့တွေကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ပြီးခဲ့တဲ့ ဒီဇင်ဘာလ ရက်နေ့ကစလို့ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်နေရာမှာ မံစီမြို့က တပ်စခန်းတွေအားလုံးကို ဇန်နဝါရီ ရက် မနက်မှာ အပြီးသိမ်းပိုက်ထိန်းချုပ်လိုက်ပြီလို့ ကေအိုင်အိုပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

ဇန်နဝါရီ ၈ရက်နေ့ မနက် ၁၁ နာရီခန့်တွင် ခမရ - ၆၀၁၊ ၃၁၉ နဲ့ အမတ - ၅၃၂ တပ်ရင်း သုံးခုကို  အပြီးသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မံစီမြို့က အရေးပါတဲ့ မြို့တစ်ခုဖြစ်ပြီးကချင်ပြည်နယ်ရဲ့ သင်္ဘောဆိပ်တို့၊ လေဆိပ်တို့ ရှိတဲ့ ဒုတိယမြို့တော် ဗန်းမော်မြို့ရဲ့လုံခြုံရေးတပ်စခန်းတွေ ရှိတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က မံစီမြို့နဲ့ တပ်စခန်းကို လက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။

မံစီတိုက်ပွဲမှာ စစ်ကောင်စီရဲ့ သံချပ်ကာတင့်ကား၊ လက်နက်ကြီးတွေအပါ လက်နက်ခဲယမ်းတွေ သိမ်းဆည်းနိုင်ခဲ့သလို လက်နက်ချတဲ့ စစ်ကောင်စီတပ်သားတွေလည်းရှိတယ်လို့ သိရသော်လည်း တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။

ဗန်းမော်မြို့မှာလည်း တိုက်ပွဲတွေဆက်လက်ပြင်းထန်နေပြီး မြို့ပေါ်က ရဲစခန်း၊ ဌာနဆိုင်ရာရုံးတွေအပါအဝင် နေရာအများစုကို KIA က သိမ်းပိုက်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေဟာ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ ဒီနေ့အထိ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက မဘိမ်း၊ မြို့လှ၊ လွယ်ဂျယ်၊ ဒေါ့ဖုန်းယန်၊ မြို့သစ်၊ ဆင်ဘို၊ အင်ဂျန်းယန်၊ ဆွမ်ပရာဘွမ်၊ ဆဒုံး၊ ချီဖွေ၊ ဆော့လော်၊ ပန်ဝါ၊ ကန်ပိုက်တီ၊ မံစီ စတဲ့ မြို့ ၁၄ မြို့ နဲ့ တပ်စခန်း ပေါင်း ၃၀၀ ဝန်းကျင်ကို သိမ်းပိုက်ထားပါတယ်။


မံစီမြို့ကို သိမ်ပိုက်နိုင်ခြင်းနှင့်ပတ်သက်ပြီး  ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကလည်း အခုလိုရေးသားထားပါတယ်။ " မံစီ ပြီးပါပြီ တဲ့။ အပျော်တွေ ကူးစက်။ ဗန်းမော်နှင့် မံစီ မြိို့ ဆိုတာ အရင်လို ထောက်ပို့လမ်းကြောင်းရှိနေရင် သိမ်းဖို့မလွယ် တဲ့ နေရာပါ။ နွေဦးတော်လှန်ရေးကာလမှာ အရင်က ရှိပြီးသား တိုင်းရင်းသားတော်လှန်ရေး (EROs) အဖွဲ့များ အဓိက အားသာချက်ရနေတာသည် မြန်မာပြည်တလွှား အဓိက ထောက်ပို့လမ်းကြောင်းများကို တော်လှန်ရေး အင်အားစုများ စိုးမိုးထားနိုင်တဲ့ အတွက် ဖြစ်ပါတယ်" လို့ ဝန်ကြီးက ဝေမျှထားပါတယ်။


========================


🚩🚩 ၂။ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ တိုင်းပကဖ ဦးဆောင်အဖွဲ့တို့ ခရိုင်ပကဖရဲဘော်များနှင့် တွေ့ဆုံ


ဇန်နဝါရီ RadioNUG 


ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ နဲ့  တိုင်းပကဖ ဦးဆောင်အဖွဲ့မှ ပုသိမ်ခရိုင် မြောင်းမြခရိုင်ပကဖ မအူပင်ခရိုင် နဲ့ ဟင်္သာတခရိုင် ပကဖ  တာဝန်ရှိသူတွေ၊ ရဲဘော်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ပကဖ အသံမှာ ဖော်ပြထားပါတယ်။

တွေ့ဆုံပွဲမှာ ဧရာဝတီတိုင်းပကဖရဲ့ ဆောင်ရွက်ထားရှိမှု အခြေအနေတွေ၊  ရှေ့လုပ်ငန်းစဉ်တွေကို ပကဖလုပ်ငန်းလမ်းညွန်ချက်နဲ့ အညီ ဧရာဝတီတိုင်းစစ်ဌာန ဗျူဟာ၊ တပ်ရင်း၊ တပ်ဖွဲ့တွေနဲ့ တိုင်းအတွင်းရှိ  တော်လှန်ရေးအင်အားစုတွေနဲ့ ဟန်ချက်ညီညီ ဖော်ဆောင်သွားနိုင်ကြဖို့အရေး ဆွေးနွေးခဲ့ကြတယ်လို့ ပကဖအရင်းအမြစ်ထံက သိရပါတယ်။ 

ဒီတွေ့ဆုံမှု ခရီးစဉ်မှာ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဟောင်း မန်းဂျော်နီ၊ တိုင်းပကဖတာဝန်ခံ ရဲဘော်အတူး   စစ်ရေးတာဝန်ခံ ရဲဘော်ဂျိုကာ ၊စည်းရုံးရေးတာဝန်ခံ ရဲဘော်ထူးထက် ၊ဘဏ္ဏာရေးမှုး ရဲဘော်ဂျီးတော်၊ရုံးအဖွဲ့မှူး ရဲဘော်ဗေဒါနှင့် ပုသိမ်ခရိုင်၊ မြောင်းမြခရိုင် မအူပင်ခရိုင် င်္ဟသာတခရိုင်ပကဖတာဝန်ခံများ၊CRAH ဥက္ကဌနှင့်တိုင်းလွှတ်တော်ကိုယ်စားလှယ်များ  လိုက်ပါခဲ့ကြပါတယ်။


========================


🚩🚩 ၃။⁨⁨ ရခိုင်ရိုးမပေါ်က တောင်ပုံကြီးစခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်လိုက်ပြီဟု ဆို


ဇန်နဝါရီ RadioNUG 


ရခိုင်ရိုးမတောင်တန်းပေါ်က တောင်ပုံကြီး စစ်စခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောဆိုကြပါတယ်။

တောင်ပုံကြီးစစ်စခန်းသည် ရခိုင်ရိုးမ တောင်ကုတ်-ပန်းတောင်းပေါ်တွင်ရှိပြီး ဗေဒါစစ်ဆေးရေးဂိတ်သည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်တွင်ရှိသော စစ်ကောင်စီ စစ်စခန်းများဖြစ်ကာ ရခိုင်ရိုးမတောင်တန်းပေါ်က စစ်ကောင်စီ စစ်စခန်းများကို အာရက္ခတပ်တော် AA က  အမ်း၊ တောင်ကုတ်၊ ဂွမြို့တို့ကို သိမ်းပြီးနောက် ထိုးစစ်အရှိန်မြှင့်တင်ခဲ့ပါတယ်။

တောင်ပုံကြီးက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ပန်းတောင်းမြို့အပိုင် မိုးထိကို ရောက်သွားတယ်လို့ သိရပါတယ်။

နယ်နမိတ်ချင်း ထိစပ်နေသော မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသတို့က မြို့နယ်များတွင် စစ်ကောင်စီသည် အင်အားဖြည့်တင်းပြီး ရခိုင်နယ်နမိတ်အား ပြန်လည်ထိုးစစ်ဆင် တိုက်လာကာ စစ်ကောင်စီ၏ ပြန်လည်ထိုးစစ်ဆင်များကို AA မဟာမိတ်များဖြစ်သော ဒေသကာကွယ်ရေးတပ်ဖွဲ့များ၊ ပြည်သူကာကွယ်ရေး တပ်ဖွဲ့များက သက်ဆိုင်ရာ နယ်မြေအလိုက် ကြားဖြတ်တိုက်ခိုက်မှုများကို ပြုလုပ်ပေးလျှက်ရှိတယ်လို့ သိရပါတယ်။

ဂွမြို့ကို ပြန်ရရန် စစ်ကောင်စီဟာ ပုသိမ်မြို့ကတစ်ဆင့် ငသိုင်းချောင်းမြို့နဲ့ မကျီးဇင်ရွာဘက်ကို လက်နက်နဲ့ စစ်အင်အားတွေ အများအပြား ပုသိမ်က ကုန်ကားတွေကို ပေါ်တာဆွဲပြီး တစ်ရက်မှာ အနည်းဆုံး ကား စီးနဲ့ တပ်သား ၂၀၀ လောက်ကို ပို့ပေးနေတယ်လို့ သိရပါတယ်။

တောင်ပုံကြီးစခန်းနှင့် ဗေဒါစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်ထားကြောင်းကို အာရက္ခတပ်တော် AAမှ တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။


========================


🚩🚩 ၄။⁩ ⁨မိုးကုတ်မြို့ကို စစ်ကောင်စီက Y-12 ဖြင့် ဗုံးအလုံးရေ ၂၀ ခန့် လာရောက်ကြဲချ တိုက်ခိုက်


ဇန်နဝါရီ Radio NUG


မန္တလေးတိုင်း၊ တအောင်းတပ် (TNLA) ထိန်းချုပ်နယ်မြေ၊ မိုးကုတ်မြို့ အရှေ့ပိုင်းကို စစ်ကောင်စီ တပ်က Y-12 ဖြင့် ဗုံးအလုံးရေ ၂၀ ခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ရက် နေ့လည် ၁၂ နာရီ ၅၀ မိနစ် ကနေ နာရီ ၁၀ မိနစ်အထိ စစ်ကောင်စီက ဗုံးအလုံးရေ ၂၀ ခန့် လာရောက် ကြဲချခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဂေါက်ကွင်းတွင် ၁၄ လုံးနဲ့ မစိုးရိမ် ကျောင်းတိုက်တွင် လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် လုံး၊ ဘုန်းကြီးကျောင်းနဲ့ မော်တော်ယာဉ် တစီးတို့ ထိခိုက်ပျက်စီး ခဲ့ပါတယ်။

ထို့အပြင် မိုးကုတ်မြို့ အနောက်ပိုင်းက ကျောက်ဆင်၊ ဘော်မား ရပ်ကွက်မှာလည်း လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်၊ နာရီကလည်း နောင်ချိုမြို့နယ်၊ ဆီစုံကျေးရွာ ဘုန်းကြီးကျောင်း ဝင်းအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲချ ခဲ့တာကြောင့် ကျောင်းဆောင် အများအပြား ထိခိုက်ပျက်စီး ခဲ့ပါသေးတယ်။


========================


🚩🚩 ၅။တပ်မ ၁၀၁ ကို အစည်းအဝေးသွားတဲ့ ပျူစောထီးကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦးသေဆုံး


ဇန်နဝါရီ Radio NUG


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အောင်သာ ပျူစောထီး ရွာကနေ ပခုက္ကူ တပ်မ (၁၀၁) ကို အစည်းအဝေး သွားတဲ့ ပျူစောထီး တပ်ဖွဲ့ရဲ့ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ မြိုင် ပကဖ က သတင်းထုတ်ပြန် ထားပါတယ်။

ဇန်နဝါရီလ ရက်၊ မနက် နာရီ ဝန်းကျင်ခန့်မှာ ပခုက္ကူ - မြစ်ခြေ လမ်းခွဲ၊ အရှေ့ဘက် ကောင်းစက်ဝိုင် ဆီဆိုင် အနီးမှာ အောင်သာပျူစောထီး ၁၁ ဦးပါ ကားကို စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း အောင်သာပျူ ဒု-ခေါင်းဆောင် နိုင်ဝင်းနဲ့ တပ်မ ၁၀၁ က ပျူသင်တန်းဆရာ အပါအဝင် ဦး သေဆုံးခဲ့ပြီး ၎င်းတို့ စီးလာတဲ့ ကား တိမ်းမှောက်သွားခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီ တပ်က စစ်ကူ ရောက်လာတာကြောင့် ပြန့်ကျဲနေတဲ့ လက်နက်ခဲယမ်းများကို သိမ်းယူနိုင်ခြင်း မရှိဘဲ အထိခိုက်မရှိ ပြန်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ထို့ပြင် နေ့လည် နာရီ ခန့်မှာ ပခုက္ကူ ကနေ မြိုင်ကို ရိက္ခာလာပို့တဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ ယာဉ်တန်း စစ်ကြောင်းနဲ့ လမ်းပိုင်း တနေရာမှာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ တပ်သား ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါ စစ်ကြောင်းဟာ မြိုင်မြို့ကို ဆက်လက်ဦးတည်နေပြီး ကာကွယ်ရေး တပ်ဖွဲ့များနှင့် မကြာမကြာ ထိတွေ့ တိုက်ပွဲ အသေးစားများ ဖြစ်ပွားနေတာကြောင့် အများပြည်သူများ အနေဖြင့် စစ်ရေး သတိဖြင့် သွားလာနေထိုင် ကြဖို့ အသိပေးထားပါတယ်။

အဆိုပါ တိုက်ခိုက်မှုများကို ပကဖ အမှတ် () တပ်ရင်း၊ မြိုင် ပကဖ၊ ပေါက် ပကဖ၊ ကမ္မတပ် ပေါင်းစု၊ ပခုက္ကူ ခရိုင် အမှတ် (၂၊၆၊၇) တပ်ရင်းများ၊ PPDF PLC တပ်ဖွဲ့၊ 8+ တပ်ဖွဲ့၊ အရှေ့ပိုင်းဇုန် ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩၆။ ကျွန်းလှ - ကန့်ဘလူ လမ်းပိုင်း၊ သင်ပန်းတော လမ်းခွဲအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး ပျူစောထီး ဦး သေဆုံး


ဇန်နဝါရီ Radio NUG


စစ်ကိုင်းတိုင်း၊ ကျွန်းလှ - ကန့်ဘလူ လမ်းပိုင်း၊ သင်ပန်းတောလမ်းခွဲ အနီးမှာ တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်မှုကြောင့် ပျူစောထီး ဦး သေဆုံးပြီး တဦး ဒဏ်ရာရ ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှား သူများအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ရက်နေ့၊ နေ့လည် နာရီခန့်မှာ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်းဆွဲကာ သေနတ်နဲ့ပါ ပစ်ခတ်သွား ခဲ့တာဖြစ်ပြီး နှစ်ဦးမှာ နေရာမှာပဲ သေဆုံးခဲ့ကာ တဦးမှာ ပေါင်ထိမှန်ခဲ့ပြီး ကန့်ဘလူမြို့ ကုတင် (၁၀၀) ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီး ဦးကို ဇန်နဝါရီလ ရက်နေ့ မနက်မှာ ကား စီးဖြင့် ကန့်ဘလူ သုဿာန်ကို ပို့ပြီး သဂြိုလ်ခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ ရက်နေ့ကလည်း ကြိုးကြာရွာ အုပ်ကြီးနဲ့ စစ်သားတယောက်ကို ဝက်တိုးရွာ အကျော်က တံတား အနီးမှာ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ်ခဲ့ရာ အုပ်ကြီးရဲ့ လက်ထိမှန်ပြီး စစ်သားမှာ ဦးခေါင်းပွင့်ကာ သေဆုံး သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩၇။သီပေါတွင် ဓါးပြမှုနဲ့ အမျိုးသမီး ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ဦး အနက် ဦးကို TNLA တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့က ဖမ်းဆီးရမိ


ဇန်နဝါရီ Radio NUG


ရှမ်းပြည်နယ် မြောက်ပိုင်း၊ တအောင်းတပ် TNLA ထိန်းချုပ်နယ်မြေ၊ သီပေါမြို့မှာ ဓါးပြမှုနဲ့ အမျိုးသမီး ဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ဦး အနက် ဦးကို ပလောင်ပြည်နယ် လွတ်မြောက်ရေး တပ်ဦး (PSLF/TNLA) တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သီပေါမြို့၊ AAA ဓါတ်ဆီဆိုင်ရှေ့က ဆန်စက်ရုံကို ဓါးပြတိုက်မှုနဲ့ အမျိုးသမီး တဦးကို မုဒိန်းကျင့် သတ်ဖြတ်ခဲ့သူ ဦးအနက် ဦးကို ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ တရားဥပဒေ စိုးမိုးရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယ်။

ဖမ်းစီးရမိခဲ့ သူများမှာ အောင်နိုင်စိုး (အသက် ၄၄ နှစ်) ကိုရဲဟိန်း (အသက် ၄၂ နှစ်) နဲ့ ဇင်မင်းပိုင် (အသက် ၂၉ နှစ်) တို့ဖြစ်ကြပြီး ဝေဖြိုးအောင်၊ ငဖြိုး၊ အသားတု နှင့် ဇွဲပိုင်းထွန်း ဆိုသူ ဦးမှာ လွတ်မြောက်နေသေးတယ်လို့ ဖော်ပြထားပါတယ်။

အောင်နိုင်စိုး ဆိုသူမှာ စစ်ကောင်စီ လက်အောက်ခံ ရဲစခန်းတွင် (ကိုယ်ပိုင်အမှတ် - ၁၉၇၂၂၂) ..က ရာထူးနဲ့ စာရေးတစ်ဦး အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ရဲဝန်ထမ်း တဦးဖြစ်ပြီး သီပေါမြို့ကို စစ်ကောင်စီ အုပ်ချုပ်ခဲ့စဉ်က ၎င်းအမှုများကို ကျူးလွန်ခဲ့ကြတာလို့ သိရပါတယ်။

၎င်းတို့ ဦးနှင့်အတူ RPG7 () လုံး၊ စကားပြောစက် အထိုင် () လုံး၊ MA3 ကျည် (၄၇) ထောင့်၊ စလက်ကျည် (၁၉) ထောင့်၊ 60MM () လုံး၊ M9 () လုံး၊ M9 ပြူ () ခု၊ ဘိန်းဖြူ () ဘူး၊ ဘက်ထရီ W27000 Mah () လုံး၊ ရာမဗူးခွံ အလုံး (၂၀) ဓားတို () စတဲ့ သက်သေခံပစ္စည်း များနှင့်အတူ ဖမ်းဆီရမိခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဆီးရမိထားသူ ဦးကို PSLF/TNLA သီပေါမြို့ တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့က ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ပြီး လွတ်မြောက်နေသူ ဦးကိုလည်း အမြန်ဆုံး စုံစမ်းဖော်ထုတ် ဖမ်းမိရေး ဆောင်ရွက် နေတယ်လို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment