19th Feb 2025 - Morning Daily News by Radio NUG

၂၀၂၅ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မည်ဟု NUG ထုတ်ပြန်

📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူပြောင်းရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့

📌 ၃။ ရိုးမခေါ်သံ ကမ်ပိန်းမှာ ပါဝင်ကြဖို့ ပြည်ထဲရေးဝန်ကြီး ဖိတ်ခေါ်တိုက်တွန်း

📌 ၄။ အာရက္ခ တပ်တော်က ထိန်းသိမ်းထားတဲ့ ဒုရဲမှူးကြီး တဦးအပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ဦးကို ပြန်လွှတ်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်တွေမှာ တိုက်ပွဲပိုမို ပြင်းထန်နေပြီး မကွေးနဲ့ ပဲခူးတိုင်းက စစ်ကောင်စီ တပ်စခန်း ခုကို AA သိမ်းပိုက်

🚩 ၂။ ဗန်းမော် အမြောက်တပ် ၃၆၆ တပ်ရင်း ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်

🚩 ၃။ KNLAအပါအဝင် အင်းတကော် ပကဖ  သုံးမြို့နယ် ပူးပေါင်းတပ်ဖွဲ့ဝင်များက ခမရ- ၂၀၇ လက်နက်ကြီး နေရာများနှင့် ကင်းပုန်းနေရာများကို တိုက်ခိုက်

🚩 ၄။ ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီး ဆိုင်ကယ်စီးလာသော ရဲ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သားနှင့် ရဲတပ်ကြပ် သေဆုံးပြီး ဒုရဲအုပ် ထွက်ပြေးလွတ်မြောက်

🚩 ၅။ ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ  ဦး သေဆုံး

🚩 ၆။ ကရင်နီ ဒေသမှာ ဘက်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ တပ်ပြေး ဦးကို ခေါ်ယူနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်း စေလိမ့်မည်ဟု NUG ထုတ်ပြန်


ဖေဖော်ဝါရီ ၁၈ 

Radio NUG 


အာဂျင်တီးနားတရားရုံးက ပြည်သူ့အစိုးရအဖွဲ့ခေါင်းဆောင်များကို ထည့်သွင်းတရားစွဲဆိုကာ ဖမ်းဝရမ်းထုတ်ရန် ကြိုးပမ်းခြင်းအားဖြင့် မြန်မာနိုင်ငံသားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှုကို ပြိုကွဲစေပြီး၊ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းစေရေးအတွက် ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်လျက်ရှိသော နွေဦးတော်လှန်ရေးကို အနှောင့်အယှက်ဖြစ်စေမည်သာမက၊ အကြမ်းဖက်စစ်အာဏာရှင်များကိုသာ အကျိုးကျေးဇူးဖြစ်ထွန်းစေလိမ့်မည် ဖြစ်ပါကြောင်း အမျိုးသားညီညွတ်ရေးအစိုးရမှ သဘောထားထုတ်ပြန်ပါတယ်။


ရိုဟင်ဂျာများအပေါ်  နည်းလမ်းမျိုးစုံအသုံးပြု၍ အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ မြန်မာစစ်တပ်ခေါင်းဆောင်များနှင့် ၎င်းတို့၏လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များသာဖြစ်ပြီး အဆိုပါ ပြစ်မှုများနှင့် လျော်ညီသော ပြစ်ဒဏ်ချမှတ်နိုင်ရေး၊ ကျူးလွန်ခံခဲ့ရသူများအတွက် တရားမျှတမှု ပြန်လည်ရရှိစေရေးအတွက် နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုနိုင်ရေး ကြိုးပမ်းမှုမှန်သမျှကို အမျိုးသား ညီညွတ်ရေးအစိုးရအနေဖြင့် ကြိုဆိုထောက်ခံကြောင်း ဖော်ပြထားပါတယ်။


၂၀၁၇ ခုနှစ်၌ ဖြစ်ပွားခဲ့သော ရိုဟင်ဂျာများအပေါ် အကြမ်းဖက်သတ်ဖြတ်မှု ကျူးလွန်ခဲ့သူများမှာ ထိုစဉ်က တရားဝင် ကျင့်သုံးခဲ့သော ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀ () () အရ မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်သာလျှင်ဖြစ်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ပြစ်မှု၊ပြစ်ဒဏ်အားလုံးအတွက် ခြွင်းချက်မရှိ တာဝန်ယူ၊ တာဝန်ခံရမည့်သူများမှာ မင်းအောင်လှိုင်နှင့် အပေါင်းအပါများသာဖြစ်တာကြောင့် မင်းအောင်လှိုင်နှင့် အပေါင်းအပါများအား UK အခြေစိုက် Burmese Rohingya Organisation UK (BROUK) က အာဂျင်တီးနားတရားရုံးမှတဆင့် တရားစွဲဆိုခြင်းနှင့် ဖမ်းဝရမ်းထုတ်ခြင်းကို ကြိုဆိုကြောင်း ဆိုထားပါတယ်။


သို့သော် အာဂျင်တီးနားနိုင်ငံ တရားရုံးက နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် လက်ရှိနိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို လူမျိုးတုံးသတ်ဖြတ်မှုနှင့် စစ်ရာဇဝတ်မှု အမှန်တကယ် ကျူးလွန်ခဲ့သော မင်းအောင်လှိုင်နှင့် အပေါင်းအပါများနည်းတူ တရားခံစာရင်းတွင် ထည့်သွင်း၍ ဖမ်းဝရမ်း ထုတ်ရန် ကြိုးပမ်းနေခြင်းအား မှားယွင်းသော စွပ်စွဲဆောင်ရွက်ချက်အဖြစ် ကျွန်ုပ်တို့ အခိုင်အမာ မှတ်ယူသောကြောင့် တရားစွဲဆိုထားခြင်းမှ ဖယ်ရှားပေးရန် တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။


နိုင်ငံတော်သမ္မတဟောင်း ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့သည် ရိုဟင်ဂျာအရေးအတွက် ခိုင်မာကောင်းမွန်၍ ရေရှည်ငြိမ်းချမ်းပြေလည်မည့် အဖြေရရှိ စေရန်ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်းခြင်းအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ကြသလို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်းရိုဟင်ဂျာမူဝါဒတရပ် ပြဌာန်း၍ ရိုဟင်ဂျာ ပြည်သူများ တရားမျှတမှု ရရှိရေးနှင့် ပတ်သက်ပြီး တစိုက်မတ်မတ် ဆောင်ရွက်လျက်ရှိကြောင်းဆိုထားပါတယ်။


ယခုကဲ့သို့အခြေအနေတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ ခေါင်းဆောင်တစ်ဦးဖြစ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဟောင်း ဦးထင်ကျော်တို့ကို အာဂျင်တီးနားတရားရုံးတွင် မှားယွင်းစွာ ထည့်သွင်းတရားစွဲဆိုခြင်းသည် ရိုဟင်ဂျာပြည်သူလူထုနှင့် အခြားပြည်သူလူထုများအကြား နားလည်မှု လွဲမှားခြင်းများ ဖြစ်ပေါ်လာနိုင်ပြီး၊ ရေရှည်ငြိမ်းချမ်းရေး၊ သင့်မြတ်ရေးနှင့် အနာဂတ်ကာလ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ဖော်ဆောင်ရေးကို များစွာအနှောင့်အယှက် အဟန့်အတား ဖြစ်လာနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် The Elders အဖွဲ့နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူပြောင်းရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအား အပြန်အလှန် ဆွေးနွေးခဲ့


ဖေဖော်ဝါရီ ၁၈ရက်

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်သည် The Eldersအဖွဲ့ နှင့် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် တွေ့ဆုံခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၈ရက်မှာ သတင်းထုတ်ပြန်ပါတယ်။တွေ့ဆုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူပြောင်းရေးနှင့် ငြိမ်းချမ်းရေးကိစ္စရပ်များအား အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအောက်တွင် အကြမ်းဖက်စစ်အုပ်စုက ကျင်းပမည့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲတရပ် မဖြစ်နိုင်ကြောင်း The Elders အဖွဲ့က ပြောကြားဆွေးနွေးခဲ့ပါတယ်။


========================


📌📌 ၃။ ရိုးမခေါ်သံ ကမ်ပိန်းမှာ ပါဝင်ကြဖို့ ပြည်ထဲရေးဝန်ကြီး ဖိတ်ခေါ်တိုက်တွန်း


ဖေဖော်ဝါရီ၁၈ရက်

Radio NUG

ရိုးမခေါ်သံ ၂ကမ်ပိန်းမှာ ပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်က ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။


ဝန်ကြီးက အသိပေးဆိုထားရာမှာ "ရဲဘော်တင်ဦးက ကိုလွင်ကိုလတ် စစ်ကိုတောင်းတဲ့ ကောင်တွေအတွက် စစ်တောင်းလာပြီ။ စစ်တောင်းလွင်ပြင်ကို စိုးမိုးနိုင်ရင် စစ်နိုင်ပြီ ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျုပ်တို့ တစ်လက်မရ တစ်လက်မ ရအောင်ယူ ထားပြီးပြီတဲ့။ တာဝန်ကျေကြတဲ့ ရဲဘော်တွေအတွက် ကျွန်တော်တို့ အားလုံးကလည်း အမြဲတာဝန်ကျေကြောင်း စုပေါင်းအားနဲ့ ပြကြရအောင်" လို့ ဆိုထားပါတယ်။


ရိုးမခေါ်သံ ဟာ ဗျူဟာ ၂၆ က  Royal Peacock Column (တော်ဝင်ဒေါင်း) Seven Ravens Column (တောကျီးကန်း) ပဲခူးခရိုင် အမှတ်၃ PDF တပ်ရင်း - ၃၇၀၃ က စစ်တောင်းမြစ်ဝှမ်းကိုဖြတ် ရိုးမကိုကျော်ပြီး နယ်မြေစိုးမိုးဖို့ ဦးတည်ရည်ရွယ်တာ ဖြစ်ပါတယ်။


ရိုးမခေါ်သံ ကမ်ပိန်းကို ပါဝင်လိုသူများအနေနဲ့ ကမ်ပိန်းရဲ့တရားဝင်ဆိုရှယ်မီဒီယာကတဆင့် ဆက်သွယ်နိုင်ပါတယ်။


========================


📌📌 ၄။ အာရက္ခ တပ်တော်က ထိန်းသိမ်းထားတဲ့ ဒုရဲမှူးကြီး တဦးအပါအဝင် စစ်သုံ့ပန်း မိသားစုဝင် ၁၉၈ ဦးကို ပြန်လွှတ်


ဖေဖော်ဝါရီ ၁၉ 

Radio NUG 


ရခိုင်ဒေသက တိုက်ပွဲများအတွင်း အာရက္ခ တပ်တော်က ဖမ်းဆီး ထိန်းသိမ်းထားတဲ့ ဒု ရဲမှူးကြီး တစ်ဦးနဲ့ စစ်သုံ့ပန်း မိသားစုဝင် (၁၉၇) ဦးကို ပြန်လွတ်ပေးခဲ့တယ်လို့ Arakan Princess Media က ဖော်ပြထား ပါတယ်။


ပြန်လည်လွတ်မြောက်လာသူများမှာ အမျိုးသား ၅၁ ဦးနဲ့ အမျိုးသမီး ၁၄၇ ဦး ပါဝင်ပြီး အများစုက စစ်ကောင်စီ ထိန်းချုပ်မှု မရှိတော့တဲ့ နေရာဒေသက လူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။


သူတို့အားလုံးကို အာရက္ခတပ်တော်က အခမ်းအနားနဲ့ မိသားစုဝင်တွေ လက်ထဲကို ပြန်လည်အပ်နှံ ပေးခဲ့တယ်လို့ သိရပါတယ်။


ယခုလ ပထမ အပတ်ကလည်း တိုက်ပွဲကာလအတွင်း လက်ရဖမ်းမိထားတဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ယောက်နဲ့ အကျဉ်းသား ၂၆ ယောက်တို့တို့ကို အာရက္ခ တပ်တော်က ပြန်လွှတ်ပေးခဲ့ပါသေးတယ်။


မကြာသေးခင်က အာရက္ခတပ်တော်က ပြန်လွတ်ပေးဖို့ လုပ်ထားတဲ့ စစ်သုံ့ပန်းနဲ့ သုံ့ပန်း မိသားစုဝင်တွေ ယာယီ ထိန်းသိမ်းထားရာ နေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ၁၀၀ ကျော် သေဆုံးခဲ့ရပြီး ၁၂၀ ကျော် ထိခိုက်ဒဏ်ရ ရခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။ စစ်တွေမှာ တိုက်ပွဲပိုမို ပြင်းထန်နေပြီး မကွေးနဲ့ ပဲခူးတိုင်းက စစ်ကောင်စီ တပ်စခန်း ခုကို AA သိမ်းပိုက်


ဖေဖော်ဝါရီ ၁၉ 

Radio NUG 


ရခိုင်ပြည်နယ်မြို့တော် စစ်တွေကို အာရက္ခတပ်တော် AA က သိမ်းပိုက်နိုင်ဖို့ တိုက်ခိုက်မှုများ လုပ်ဆောာင်နေရာ တိုက်ပွဲများ ပိုမို ပြင်းထန်လာပြီး စစ်ကောင်စီက ဂျက်ဖိုက်တာများဖြင့်ပါ ဗုံးကြဲ တိုက်ခိုက်မှုများ လုပ်ဆောင်နေတယ်လို့ Western News က ဖော်ပြထားပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့က စတင်ခဲ့တဲ့ စစ်တွေမြို့သိမ်း တိုက်ပွဲမှာ တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး AA ရဲ့ စနိုက်ဘာနဲ့ လျှပ်တပြတ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲချီ ထိခိုက်သေဆုံးမှုရှိနေတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီကလည်း တိုက်ပွဲဖြစ်ပွားရာ စစ်တွေ၊ အမြင့်ကျွန်း အနီးတဝိုက်နဲ့ ပေါက်တောမြို့နယ် သဲခုံကျေးရွာ အနီးတဝိုက်ကို ဗုံးအလုံးရေ အများအပြား ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စစ်တွေမြို့ကို AA က အလွယ်တကူ ဝင်မလာနိုင်စေဖို့ ရန်ကုန်-စစ်တွေ ကားလမ်းပေါ်က အမြင့်ကျွန်း မင်းချောင်း တံတားကို မိုင်းခွဲဖျက်ဆီးခဲ့သလို မြို့ပတ်ပတ်လည်မှာ သဲအိတ်များဖြင့် ဘန်ကာများ ပြုလုပ်ထားကာ မိုင်းထောင်ထားခြင်း၊ သံဆူးကြိုးများ ကာရံထားခြင်းတို့ကို လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။


ထို့အပြင် ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေးတိုင်း ငဖဲမြို့နယ်က မထုံးစခန်း၊ အထက်တုံးကြီးနဲ့ အောက်တုံးကြီးစခန်းတို့ကို AA နဲ့ ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၆ ရက်မှာ သိမ်းပိုက်ခဲ့ပြီး ပဲခူးတိုင်း ဥသျှစ်ပင်-တောင်ကုတ် လမ်းပေါ်က ပန်းကန်ကွဲ တပ်စခန်းကိုလည်း ယခု ရက်ပိုင်းအတွင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များနဲ့ လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းဆည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။


အာရက္ခတပ်တော် AA က ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနဲ့ ပူးပေါင်းကာ ရခိုင်ရိုးမပေါ်က စစ်ကောင်စီ တပ်စခန်းများကို သိမ်းပိုက်ပြီးနောက်မှာ ရခိုင်ရိုးမနဲ့ ထိစပ်နေတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက စစ်ကောင်စီ တပ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ ဗန်းမော် အမြောက်တပ် ၃၆၆ တပ်ရင်း ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို KIA သိမ်းပိုက်


ဖေဖော်ဝါရီ ၁၈ 

Radio NUG 


ဗန်းမော်မြို့က အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် - စကခ ၂၁ အပါအဝင် ဗန်းမော်မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် ထိုးစစ်ဆင်တိုက်ခိုက်နေကာ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က စစ်သုံ့ပန်းအချို့ကို ဖမ်းဆီးရမိထားပြီး အမြောက်တပ် ၃၆၆ တပ်ရင်း ကန်တော်စာသင်ကျောင်း၊ အမြောက်တပ် ၇၀၀၆ တပ်ရင်း၊ လေတပ်စခန်းတို့ကို သိမ်းပိုက်ထားနိုင်ခဲ့ပြီဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းပြန်ကြားရေးဌာနက ဖေဖော်ဝါရီ ၁၇ရက် ညပိုင်းမှာ သတင်းဖော်ပြထားပါတယ်။


ဗန်းမော်မြို့ရဲ့ အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) ခလရ(၂၃၆)နှင့် အမတ(၃၆၆) နေရာ၌  တိုက်ပွဲ ပြင်းထန်နေပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့က စစ်တပ်ရဲ့ ဒရုန်းကို လက်နက်အသေး KA 2.5 နဲ့ ပစ်ချနိုင်ခဲ့ကာ ဖေဖော်ဝါရီလ ၁၈ရက်နေ့ မနက်ပိုင်းမှာ လေယာဉ်နဲ့ ဗုံးလာကြဲတာ ၁၁ ကြိမ်ခန့် ရှိတယ်လို့ သိရပါတယ်။


အင်းတော်မြို့က နယ်မြေအများစုကို KIA ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်ထားပြီး စစ်ကောင်စီဘက်ကလည်း အင်းတော်မြို့နယ်နေရာအချို့ကို လေယာဉ်၊ ဒရုန်းတွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေသလို တော်လှန်ရေးတပ်တွေကလည်း အင်းတော်မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးစားနေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ KNLAအပါအဝင် အင်းတကော် ပကဖ  သုံးမြို့နယ် ပူးပေါင်းတပ်ဖွဲ့ဝင်များက ခမရ- ၂၀၇ လက်နက်ကြီး နေရာများနှင့် ကင်းပုန်းနေရာများကို တိုက်ခိုက်


ဖေဖော်ဝါရီ၁၈ရက်

Radio NUG

KNLA ဦးဆောင်မှုဖြင့် ကဝ ပကဖ၊ ဝေါ ပကဖ၊ အင်းတကော်  ပကဖ သုံးမြို့နယ်ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ခမရ- ၂၀၇ လက်နက်ကြီး နေရာများနှင့် ကင်းပုန်းနေရာများကို ဖေဖော်ဝါရီ ၁၈ရက် နံနက် ၁၁:၃၅ အချိန်တွင် ၆၀ မမ Multi Drones, Fixed Wing Drone များဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အတည်ပြုဆိုပါတယ်။


အကြမ်းဖက် စစ်ကောင်စီဖက်မှ Multi Drone RPG လက်နက်ကြီးများဖြင့်ရမ်းသမ်း ပစ်ခတ်ခဲ့သော်လည်း  မြို့နယ် ပူးပေါင်း တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


ခမရ- ၂၀၇ တပ်တွင်းမှ Ambulance ကားနှစ်စီးဖြင့် ဒဏ်ရာရသူများကို သယ်ဆောင်သွားကြောင်း မြေပြင်သတင်းအရ သိရှိရတယ်လို့ ဆိုပါတယ်။


========================


🚩🚩 ၄။ ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီး ဆိုင်ကယ်စီးလာသော ရဲ ဦးကို ပစ်ခတ်တိုက်ခိုက်မှု ရဲတပ်သားနှင့် ရဲတပ်ကြပ် သေဆုံးပြီး ဒုရဲအုပ် ထွက်ပြေးလွတ်မြောက်


ဖေဖော်ဝါရီ ၁၈ 

Radio NUG

ဖေဖော်ဝါရီလ ၁၈ ရက်နေ့ နံနက် နာရီကျော်ခန့်တွင် ညောင်ဦးမြို့နယ်၊ ပုဂံမြို့၊ အလိုတော်ပြည့်ဘုရားအနီးတွင် ဆိုင်ကယ်စီးလာသော  ရဲ ဦးကို တော်လှန်ရေးတပ်ဖွဲ့များက  ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  ရဲ ဦး ပွဲချင်းပြီး သေဆုံးသွားပြီး ဒုရဲအုပ် ထွက်ပြေး လွတ်မြောက်သွားကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ပုဂံနယ်မြေရဲစခန်းမှ ဒုရဲအုပ် ဝါဝါထွန်းနှင့်အဖွဲ့သည် ညောင်ဦးမြိုနယ် တရားရုံးထုတ် လုံခြုံရေးဆောင်ရွက်ရန်အတွက် ထွက်လာခဲ့ရာတွင် ဒုရဲအုပ် ဝါဝါထွန်းမှ မော်တော်ဆိုင်ကယ် စီး၊  ရဲတပ်သား ရီဝေဦးနှင့် ရဲတပ်ကြပ် ခင်မောင်မြင့်တို့က  ဆိုင်ကယ် စီးဖြင့် စီးနင်းလာစဉ် ညောင်ဦးမြို၊ အမှတ် ရပ်ကွက်၊ ဝက်ကြီးအင်း ရပ်ကွက်၊ အလိုတော်ပြည့်ဘုရားအနီး၊ အနော်ရထာလမ်းမကြီးဘေးတွင် ကားတစ်စီးပေါ်မှ အမျိုးသား ၃ဦးခန့်က သေနတ်ဖြင့် ပစ်ခတ်ရာ ရဲတပ်ကြပ် ခင်မောင်မြင့်နှင့် ရဲတပ်သား ရီဝေဦးတို ဦးသည် ဒဏ်ရာများဖြင့် သေဆုံးသွားခဲ့ပြီး ဒုရဲအုပ် ဝါဝါထွန်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ချောင်းဦး၊ ငါန်းဇွန်နှင့် မတ္တရာမြို့နယ်တို့တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ကြောင့် ပြည်သူ  ဦး သေဆုံး


ဖေဖော်ဝါရီ ၁၈ 

Radio NUG 


ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ညနေ ၅နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးများဖြင့် ပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ရာမှ ပြည်သူများ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း Chaung U Revolution Newsထံမှ သိရပါတယ်။


ချောင်းဦးမြို့နယ်၊ မြပုလဲခွေးဂိတ်စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျီကုန်းကျေးရွာမှ အပြစ်မဲ့ပြည်သူ ()ဦး နေရာတွင်ပင် သေဆုံးခဲ့ရပြီး အသက် ()နှစ်အရွယ် ကလေးတစ်ဦး၊ လူလတ်ပိုင်းအမျိုးသား ()ဦးနှင့် လူလတ်ပိုင်းအမျိုးသမီး ()ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့အတူ နံနက် ၁၁ နာရီအချိန် မတ္တရာမြို့နယ် အရှေ့ခြမ်းအား မြောင်းသစ်ကျေးရွာ အနီး စစ်ကောင်စီက  MI-35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အလားတူ ငါန်းဇွန်မြို့နယ်၊ ကျွဲဇိမ်ရွာကို  ဖေဖော်ဝါရီ ၁၇ ရက် ညနေ နာရီခန့်အချိန် စစ်တပ်က လေယာဉ်ဖြင့် ဗုံး ၇လုံး ကျဲချခဲ့ရာ ပြည်သူ  ဦး ခြေထောက်ပြတ်သွားပြီး နေအိမ်များနှင့်  သာသနိက အဆောက်အုံများ ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကရင်နီ ဒေသမှာ ဘက်ပြောင်းလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦးနဲ့ တပ်ပြေး ဦးကို ခေါ်ယူနိုင်ခဲ့


ဖေဖော်ဝါရီ ၁၉ 

Radio NUG 


KNDF တပ်ရင်း () နယ်မြေအတွင်း စစ်ကောင်စီတပ်မှ ဘက်ပြောင်း ခိုလှုံလာသူ ဦးနဲ့ ထွက်ပြေးလာသူ ဦး ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း ခေါ်ယူနိုင်ခဲ့ပြီး သက်ဆိုင်ရာ ဗဟိုဌာနများမှာ လုံခြုံစွာ ထားရှိထားတယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။


ကရင်နီ - ရှမ်းတောင် နယ်စပ်က စစ်ကောင်စီရဲ့ ထိုးစစ်များနဲ့အတူ မိုးဗြဲမြို့မှာ ထိတွေ့ တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စစ်မြေပြင်ကို စွန့်ခွာကာ တော်လှန်ရေးတပ်များထံ ထွက်ပြေးခိုလှုံလာမှုလည်း များပြားလာတယ်လို့ ဆိုပါတယ်။


လူအင်အား ချိနဲ့လာတဲ့ စစ်ကောင်စီဟာ အဓမ္မ စုဆောင်းထားတဲ့ ပြည်သူ့ စစ်မှုထမ်းများကို စစ်မြေပြင်ရဲ့ ရှေ့ဆုံး ထိုးစစ်နေရာများမှာ ထုတ်သုံးနေတာကို တွေ့ရပြီး အပတ်စဉ်အလိုက် စစ်မှုထမ်း သင်တန်းဆင်းများနဲ့ ရှေ့တန်း စစ်မြေပြင်က ထွက်ပြေးလွတ်မြောက် လာသူများကို လက်ခံရရှိထားပြီး ကောင်းမွန်လုံခြုံစွာ ထားရှိထားတယ်လို့ ပြောပါတယ်။


ထွက်ပြေးလွတ်မြောက် လာသူများရဲ့ ပြောကြားချက်အရ ပြည်သူ့စစ်မှုထမ်း အားလုံးနီးပါးမှာ တပ်ထဲဝင်ရန် ဆန္ဒ မရှိဘဲ အတင်းအဓမ္မ စုဆောင်းခံရသူများဖြစ်ပြီး အသက် မပြည့်သေးတဲ့ ကလေးငယ်များလည်း ပါဝင်နေတယ် လို့ သိရပါတယ်။


လူငယ်များအနေနဲ့ စစ်ကောင်စီရဲ့ ဖမ်းဆီး တပ်သားသစ် အတင်းအဓမ္မ စုဆောင်းခြင်း မခံရစေရန် အထူးသတိပြု နေထိုင်ကြဖို့နဲ့ စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာပြင်ကို ပို့ဆောင်ခံရပါက နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက် ဘက်ပြောင်း ခိုလှုံကြဖို့ အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment