22nd Feb 2025 - Morning Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ "တရုတ်နိုင်ငံဟာ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ရှိနေတယ်"လို့ နိုင်ငံခြားရေးဝန်ကြီး မှတ်ချက်ပြု

📌 ၂။ ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကျင်းပတဲ့ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်

📌 ၃။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနား ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုး တက်ရောက်ခဲ့

📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် တရားမဝင် မြန်မာစစ်တပ်၏ ရာဇဝတ်သား ခေါင်းဆောင်များကို ရာထူးမှထုတ်ပယ်ပြီး တရားဝင် ခေါင်းဆောင်သစ်များအား ခန့်အပ်ရန် NUG အား တောင်းဆို

📌 ၅။ CDM ပြုလုပ်ထားသည့် ဆရာ/ (၅၀၀)ဦးနှင့် TLEC တွင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/ အသစ် (Preservice teacher) (၁၀၀၀) ဦး ခေါ်ယူခန့်အပ်သွားမည်

📌 ၆။ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုအား ကျောင်းအတွက် လိုအပ်ပစ္စည်းများ လှူဒါန်း

📌 ၇။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်တုကို ဂျပန်နိုင်ငံက ကံထူး



========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ABSDF ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် NUG ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ

🚩 ၂။ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံတွင် စခန်းချနေတဲ့ တပ်စခန်းအား ၀င်ရောက်စီးနင်း တိုက်ခိုက်

🚩 ၃။ ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်း ဂိတ်ဖြစ်သော ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်

🚩 ၄။ ဗန်းမော်မြို့နယ် ရေလဲရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ဦး ထိခိုက်ဒဏ်ရာရပြီး ဦး စိုးရိမ်ရ

🚩 ၅။ နောင်ချိုမြို့နယ် အုမ္မတီးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ ဒရုန်းဗုံးချ တိုက်ခိုက်

🚩 ၆။ ကျောက်မဲမြို့တွင်  PSLF/TNLAဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား ()ဦး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ

🚩 ၇။ SNA မှ ရဲဘော် () ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ "တရုတ်နိုင်ငံဟာ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ရှိနေတယ်"လို့ နိုင်ငံခြားရေးဝန်ကြီး မှတ်ချက်ပြု


ဖေဖော်ဝါရီ၂၁ရက်

Radio NUG

"တရုတ်နိုင်ငံဟာ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစား ရှိနေတယ်"လို့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မှတ်ချက်ပြုဆိုပါတယ်။


ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့တွင် ကျင်းပသည့် လုံခြုံရေးညီလာခံသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်တက်ရောက်ခဲ့ပြီး ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။


"တရုတ်နိုင်ငံဟာ မြန်မာပြည်အတွင်းမှာ ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို တော်တော်လေးကို တက်တက်ကြွကြွနဲ့ စိတ်ဝင်တစားရှိပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ စီးပွားရေးနဲ့ အကျိုးစီးပွားတွေဟာ ကျွန်မတို့နိုင်ငံထဲမှာ ရှိနေတာကြောင့်ပါ။ ဒါကြောင့်ပဲ မြန်မာနိုင်ငံမှာ၂၀၂၁ စစ်တပ်က အာဏာသိမ်းတဲ့အခါ တရုတ်နိုင်ငံအနေနဲ့ အတော်လေးကို စိတ်မသက်မသာဖြစ်ခဲ့မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နိုင်ငံအနေနဲ့ စီးပွားရေးဆက်လက်လုပ်ကိုင်နိုင်ဖို့ ပုံမှန်အတိုင်း လိုအပ်တာကြောင့်မို့လို့ပါ" လို့ ဝန်ကြီးက ပြောပါတယ်။


ကမ္ဘာတဝန်းဒီမိုကရေစီဦးတည်ရာများ ( Global Democracy Trends) ဆွေးနွေးပွဲတွင် အမေရိကန် အထက်လွှတ်တော်အမတ် Senator Christopher A.Coons ဂါနာ လွှတ်တော်အမတ် Zanetor Agyeman-Rawlings ပိုလန် လွှတ်တော်အမတ် Aleksandra Uznańska-Wiśniewska တို့ ပါဝင် ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ကျင်းပတဲ့ ဖိုရမ်သို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း တက်ရောက်


ဖေဖော်ဝါရီ၂၁ရက်

Radio NUG

ဖေဖော်ဝါရီလ (၂၁) ရက်နေ့က ဖိလစ်ပိုင်နိုင်ငံတွင်  ကျင်းပသည့် FORUM ON THE HUMAN RIGHTS AND HUMANITARIAN SITUATION IN MYANMAR အခမ်းအနားသို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်းမှ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ အခမ်းအနားအား ဖိလစ်ပိုင်နိုင်ငံ လူ့အခွင့်အရေးကော်မရှင်( The Commission on Human Rights of the Philippines-CHR) နှင့် Burma Solidarity-Phillippines  လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်းက ဦးစီးကျင်းပခဲ့ခြင်း ဖြစ်ပါတယ်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းက လက်ရှိတော်လှန်ရေးအင်အားစုများ၏ ကြိုးပမ်းမှု၊ တိုးတက်နေမှုအခြေအနေများ၊ အကြမ်းဖက်စစ်အုပ်စုက ကျူးလွန်ချိုးဖောက်သည့် လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများ၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာပြည်သူများအပါအဝင် လူနည်းစုများကြုံတွေ့နေရသည့် လူ့အခွင့်အရေးအခြေအနေများကို တင်ပြဆွေးနွေးခဲ့ပါတယ်။


ထို့ပြင် အာဆီယံနှင့် ဖိလစ်ပိုင်နိုင်ငံတို့အား အကြမ်းဖက်စစ်အုပ်စု၏ တရားမဝင် ရွေးကောက်ပွဲကို အသိအမှတ်မပြုရန်၊ အကြမ်းဖက်စစ်အုပ်စုအား လက်နက်နှင့် စပ်ဆက်ပစ္စည်းများအား ထောက်ပံ့ကူညီခြင်းများ မပြုလုပ်ရန်၊ အကြမ်းဖက်စစ်အုပ်စုအား စီးပွားရေးပိတ်ဆို့မှုများအား ယခုထက်ပိုမိုလုပ်ဆောင်ပေးရန်၊ အာဆီယံအနေဖြင့် မြန်မာ့အရေးကို ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည့် နည်းလမ်းများကို ကြိုးပမ်းဆောင်ရွက်ရန်၊  အကြမ်းဖက်စစ်အုပ်စုအား အသိအမှတ်ပြုခြင်းမပြုလုပ်ရန် အစရှိသည့်အချက်များကိုလည်း  တောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၃။ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပတဲ့ ပြည်ထောင်စုနေ့အခမ်းအနား ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ပြည်ထောင်စုဝန်ကြီး နော်ဆူစန်နာလှလှစိုး တက်ရောက်ခဲ့


ဖေဖော်ဝါရီ၂၁ရက်

Radio NUG

(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း(AUN-Japan)မှ ဦးဆောင်ပြီး ကျင်းပခဲ့ရာ အထူးဧည့်သည်တော် အမျိုးသားညီညွှတ်ရေးအစိုးရ၊ ယာယီသမ္မတကြီး Duwa Lashi La မှ Zoom&video ရုပ်သံဖြင့် မိန်ခွန်းပြောကြားခဲ့ပါတယ်။


ထို့နောက် အမျိုးသားညီညွတ်ရေးအစိုးရ  (NUG) ဂျပန်နိုင်ငံလုံးဆိုင်ရာကိုယ်စားလှယ် ဦးစောဘလှသိန်း၊ မြန်မာ့ဒီမိုကရေစီအရေး ထောက်ခံအားပေးသည့် ဂျပန်လွတ်တော်အမတ်များသမဂ္ဂဥက္ကဋ္ဌ ဟောင်း ဆရာ Mr.Nakagawa Masaharu အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန အကြံပေး ဒေါ်ရွှေရွှေစိန်လတ်တို့မှ အသီးသီးမိန်ခွန်းပြောကြားခဲ့ပါတယ်။


ဒါ့အပြင် NPO-PEACE အတွင်းရေးမှူး Mr. Katsuya Soda အား  လူမူထူးချွန်ဆု ဂုဏ်ပြုဆုချီးမြှင့်ခြင်းတို့ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စိုးဝင်း အပါအဝင် တရားမဝင် မြန်မာစစ်တပ်၏ ရာဇဝတ်သား ခေါင်းဆောင်များကို ရာထူးမှထုတ်ပယ်ပြီး တရားဝင် ခေါင်းဆောင်သစ်များအား ခန့်အပ်ရန် NUG အား တောင်းဆို


ဖေဖော်ဝါရီ ၂၁ရက်

Radio NUG

စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) အား ဖျက်သိမ်းရန် မြန်မာနိုင်ငံ၏ တရားဝင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M) မှ ကြိုဆိုကြောင်း ဖေဖော်ဝါရီ ၂၁ရက်က ထုတ်ပြန်ပါတယ်။


ထို့အပြင် ပါရီမူများကို လိုက်နာသော မြန်မာနိုင်ငံအတွက် တရားမျှတပြီး လွတ်လပ်သော နိုင်ငံလုံးဆိုင်ရာလူ့အခွင့်အရေးအဖွဲ့အစည်း (NHRI) တရပ် ထူထောင်ရန်လည်း တိုက်တွန်းအပ်တယ်လို့ ဆိုပါတယ်။


ဒါ့အပြင်စစ်အုပ်စုထိန်းချုပ်ထားသော MNHRC ခေါင်းဆောင်များကို ရာထူးမှ ထုတ်ပယ်ပြီးသည့်နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏လက်ထောက် ဗိုလ်ချုပ်မှူးကြီးစိုးဝင်း အပါအဝင် တရားမဝင် မြန်မာစစ်တပ်၏ ရာဇဝတ်သား ခေါင်းဆောင်များကိုလည်း ရာထူးမှထုတ်ပယ်ပြီး စစ်တပ်ကို ဦးဆောင်ဖို့အလို့ငှာ တရားဝင် ခေါင်းဆောင်သစ်များအား ခန့်အပ်ရန် NUG အား တောင်းဆိုအပ်တယ်လို့ ဖော်ပြပါတယ်။


ထို့အပြင် SAC-M သည် စစ်အုပ်စုထိန်းချုပ်ထားသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်နှင့်အညီ လွတ်လပ်၍ တရားမျှတပြီး စစ်မှန်သော ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပေးသော အခါသမယအတွက် ပြင်ဆင်နိုင်စေရန်အလို့ငှာ လွတ်လပ်သော ရွေးကောက်ပွဲကော်မရှင် အသစ်တရပ်အား ထူထောင်ရန်အတွက် NUG အား တောင်းဆိုထားပါတယ်။


========================


📌📌 ၅။ CDM ပြုလုပ်ထားသည့် ဆရာ/ (၅၀၀)ဦးနှင့် TLEC တွင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/ အသစ် (Preservice teacher) (၁၀၀၀) ဦး ခေါ်ယူခန့်အပ်သွားမည်


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


တအာင်းပြည်ပညာရေးကောင်စီ (TLEC)သည် တအာင်းပြည်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများ ဆက်လက်ဖွင့်လှစ်သွားနိုင်ရန် လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် အရည်အချင်းပြည့်ဝသည့် ဆရာ/ များစွာလိုအပ်နေသောကြောင့် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပညာရေးဌာနမှ CDM ပြုလုပ်ထားသည့် ဆရာ/ (၅၀၀)ဦးနှင့် TLEC တွင် တာဝန်မထမ်းဆောင်ရသေးသည့် ဆရာ/ အသစ် (Preservice teacher) (၁၀၀၀) ဦး ခေါ်ယူခန့်အပ်သွားမည်ဖြစ်ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်မှစတင်ပြီး ပညာရေးကို အကောင်အထည်ဖော်ဆောင်လာခဲ့သည့် TLECသည် တအာင်းပြည်အတွင်းရှိ ကျောင်းနေအရွယ် ကျောင်းသူ/သားများ၏ ပညာရေးအခွင့်အလမ်းရရှိစေပြီး အရည်အသွေးပြည့်မီသည့် ပညာရေးစနစ်ဖြစ်ပေါ်လာစေရန်နှင့် ပညာရေးစနစ်ကို ပိုမိုကောင်းမွန်လာစေရန် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းပေါင်း (၆၀၀)ကျော်၊ ကျောင်းသူ/သား (၆၆၀၀၀)ကျော်နှင့် ဆရာ/ (၃၅၀၀)ကျော်ဖြင့် ဖွင့်လှစ်နိုင်ခဲ့ပြီး လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်လည်း ကျန်ရှိနေသည့် မြို့နယ်အတွင်း အခြေခံပညာစာသင်ကျောင်းပေါင်း (၇၀၀) ကျော် ဆက်လက်ဖွင့်လှစ်သွားရန် စီစဉ်ဆောင်ရွက်နေတယ်လို့ ဖော်ပြထားပါတယ်။


========================


📌📌 ၆။ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုအား ကျောင်းအတွက် လိုအပ်ပစ္စည်းများ လှူဒါန်း


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


"လူငယ် လွတ်မြောက်ရေး အဖွဲ့-YLA" မှ အညာဒေသရှိ ပြည်သူ့အခြေပြု စာသင်ကျောင်းတစ်ခုအား ကျောင်းအတွက် လိုအပ်ပစ္စည်းများနှင့်ကျောင်းနေ စာသင်ကျောင်းသူ/သားများအတွက် စာရေးကိရိယာများ မိဘပြည်သူတို့လှူဒါန်းသော အလှူပစ္စည်း/ငွေကြေးများနှင့် သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ကျောင်းနေ ကျောင်းသားများနှင့် YLAရဲဘော်များ ရင်းနှီးစွာ ဘောလုံးပွဲတစ်ခု ပြုလုပ်ခဲ့ကြပြီး ကျောင်းသူ/သား များနှင့် တော်လှန်ရေး၊ နိုင်ငံရေး၊ လူငယ်၊ ကျောင်းသားရေးရာများအား အတူတကွအပြန်အလှန် ပညာယူကာပူးပေါင်းဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။


========================


📌📌 ၇။ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်တုကို ဂျပန်နိုင်ငံက ကံထူး


ဖေဖော်ဝါရီ၂၁ရက်

Radio NUG

သရုပ်ဆောင် ပိုင်ဖြိုးသုရဲ့အကယ်ဒမီရုပ်တုကို  ဖေဖော်ဝါရီ ၂၁ရက် ညပိုင်း အကယ်ဒမီရုပ်ကို ကံစမ်းရွေးချယ်ရာမှာ ဂျပန်နိုင်ငံမှ 225023နံပါတ်နဲ့ ကံထူးရရှိခဲ့‌တယ်လို့ သိရပါတယ်။


ပိုင်ဖြိုးသုလက်မှတ်ပါ ရွှေဆွဲကြိုးကံထူးသူက 235092နံပါတ်နဲ့ မြန်မာနိုင်ငံမှ ကံထူးခဲ့ပြီး ပိုင်ဖြိုးသုအမှတ်တရ တွယ်ချိတ်နားကပ် ၃စုံကို 217863 221757နဲ့ 217974စတဲ့ နံပါတ်များနဲ့ ဩစတြေးလျ၊ စင်ကာပူနဲ့ မြန်မာမှ ကံထူးခဲ့ပါတယ်။


"သုသုရဲ့ အကယ်ဒမီရုပ် ကမ်ပိန်းမှာ တကယ့်ကို ထင်မှတ်မထားလောက်တဲ့ ပမာဏရတဲ့အထိ ကမ္ဘာအနှံ့ နိုင်ငံအသီးသီးက ပရိသတ်ပြည်သူအပေါင်း တခဲနက်ပါဝင်အားဖြည့်ကြလို့ ကျေးဇူးအထူးပဲ တင်ရပါတယ်။ မဲအရေအတွက်ပေါင်း တစ်သောင်းခွဲ နီးပါးထဲကမှ သုသုရဲ့ အမှတ်တရဆုလက်ဆောင်တွေကို ကံထူးသွားကြတဲ့ ကံထူးရှင် တစ်ယောက်စီတိုင်းအတွက်လည်း တကယ့်ကို ဝမ်းမြောက်ဂုဏ်ယူပါတယ်ရှင်"လို့ သရုပ်ဆောင် ပိုင်ဖြိုးသုကလည်း ဆိုထားပါတယ်။


မြန်မာပြည်တွင်းက စစ်ဘေးရှောင်များအတွက် ပြုလုပ်တဲ့ သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့ အကယ်ဒမီရုပ်တုကမ်ပိန်းဟာ အမေရိကန်ဒေါ်လာ နှစ်သိန်းကိုးသောင်းကျော်ရရှိခဲ့ပြီး ရရှိငွေအားလုံးကို စစ်ရှောင်များအတွက် ပြန်လည်ပေးပို့သွားမှာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ABSDF ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အတွင်းရေးမှူးတို့နှင့် NUG ကာကွယ်ရေးဝန်ကြီး တွေ့ဆုံ


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မကဒတ)  ဥက္ကဋ္ဌ ရဲဘော်သံခဲ၊ ဒုတိယ ဥက္ကဋ္ဌ ရဲဘော် လဆိုင်း၊ ဗဟိုစစ်ကော်မရှင် အတွင်းရေးမှူး ရဲဘော် လှဌေး တို့သည် ကျောင်းသားတပ်မတော် အမှတ် () စစ်ကြောင်း၊ အမှတ်  () စစ်ကြောင်း နှင့် အမှတ် () စစ်ကြောင်း အခြေစိုက်ဒေသများသို့ သွားရောက်တဲ့ ခရီးစဉ်အတွင်း သက်ဆိုင်ရာ စစ်ကြောင်းများမှ တာဝန်ခံ တပ်မှူးများ၊ တပ်ဖွဲ့ဝင်ရဲဘော်များ၊  အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်၊ မဟာမိတ်အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များအပါအဝင် တခြား တာဝန်ရှိခေါင်းဆောင်များ၊ ဒေသခံ ပြည်သူလူထုများနှင့် သွားရောက်တွေ့ဆုံခဲ့ကြောင်း ABSDF မှ သတင်းထုတ်ပြန်ပါတယ်။


တွေ့ဆုံခဲ့စဥ် ယနေ့ကာလ နိုင်ငံရေးနှင့် စစ်ရေးလှုပ်ရှားမှု အခြေအနေများကို တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံတွင် စခန်းချနေတဲ့ တပ်စခန်းအား ၀င်ရောက်စီးနင်း တိုက်ခိုက်


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ဖေဖော်ဝါရီလ (၂၀) ရက်နေ့ နံနက် နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ မင်းတုန်းမြို့နယ် ကျောက်တိုင်ဆေးရုံတွင် စခန်းချကာ ပြည်သူလူထုအား ဒုက္ခပေးနေသော အင်အား (၅၀) ဝန်းကျင်ရှိ အကြမ်းဖက် စစ်ကောင်စီတပ်စခန်းအား ၀င်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း အထက်မင်းလှ မြို့နယ် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲ ကြာချိန် မိနစ် (၄၀) ကြာသည်ထိ စခန်း မရရှိသေးဘဲ အပြင်အထန် တိုက်ခိုက်နေရသဖြင့် ခဲယမ်း မလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ရဲ () ယောက် သေဆုံးကာ ယောက် ဒဏ်ရာအပြင်းအထန်ရသလို အခြား ဒဏ်ရာ အသေးစားများ ရရှိသွားသူ (၁၀) ဦးထက်မနည်း ရှိတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ စစ်ရေးလှုပ်ရှားမှုများကို မကွေးတိုင်းပကဖ အထူးလှုပ်ရှားတပ်(USB Army) မှ ဦးဆောင်ကာ မင်းတုန်းမြို့နယ် ပကဖ / အထက်မင်းလှ မြို့နယ် ပကဖ တို့မှ ပူးပေါင်းပါ၀င်တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်ပါတယ်


========================


🚩🚩 ၃။ ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်း ဂိတ်ဖြစ်သော ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ဖေဖော်ဝါရီလ ၂၁ ရက် နံနက် နာရီ ၃၀ မိနစ်တွင် ပွင့်ဖြူမြို့နယ် ဝါစိုက်ပျိုးရေးတပ်၏ ရှေ့တန်းဂိတ်ဖြစ်သော ပွင့်ဖြူမြို့အဝင် စံပြကျေးရွာနှင့် ၅မိုင်အကွာမှာရှိတဲ့ ကျစ်ကိုင်း စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ကြပြီး ထိခိုက်မှုကို စုံစမ်းနေဆဲ ဖြစ်ကြောင်း မင်းဘူးခရိုင်အမှတ် တပ်ရင်းမှ သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စလင်းဘက်မှ အင်အား ၅၀ ဝန်းကျင်ကို ဝါစိုက်ပျိုးရေးတပ်သို့ ဖြည့်တင်းထားတယ်လို့ ဖော်ပြထားပါတယ်။


စစ်ရေးအခြေနေတင်းမာနေသဖြင့် ပြည်သူများ စံပြ-ဆည်တော်လမ်းပိုင်းကို အသုံးမပြုကြပါရန် မေတ္တာရပ်ခံထားပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မကွေးတိုင်းပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) မင်းဘူးခရိုင်အမှတ် တပ်ရင်း၊ ပွင့်ဖြူမြို့နယ်-ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ဗန်းမော်မြို့နယ် ရေလဲရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ဦး ထိခိုက်ဒဏ်ရာရပြီး ဦး စိုးရိမ်ရ


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ် ရေလဲရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှုအတွင်း အသက် ၄၄ နှစ် အရွယ် မောင်ချင်း အသက် ၇၀ နှစ်အရွယ် ဒေါ်ခင်နှင့် အသက် ၄၀ နှစ်အရွယ် ဒေါ်ခိုင် တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး ဦးသည် အသက် အန္တရာယ် စိုးရိမ်ရကာ နေအိမ် လုံးလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ နောင်ချိုမြို့နယ် အုမ္မတီးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီမှ ဒရုန်းဗုံးချ တိုက်ခိုက်


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ဖေဖော်ဝါရီလ (၂၁)ရက်နေ့ နောင်ချိုမြို့နယ်ရှိ အုမ္မတီးရွာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်မှ နံနက် ၁၀နာရီခွဲခန့်တွင် ဒရုန်းဗုံးသီး နှစ်လုံးနှင့် (၁၀)နာရီ (၄၅)မိနစ်တွင် ဒရုန်းနှစ်လုံး လာရောက်ကြဲချသဖြင့် မီးလောင်ပျက်စီးသွားကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ထားပါတယ်။


အလားတူ နံနက်ပိုင်းတွင်လည်း ဘန့်ဘွေးရွာတွင် အထိုင်ချထားသည့် စစ်ကောင်စီတပ်က ဆမ္မဆယ်ရွာကို လက်နက်ကြီးနှင့် ပစ်ခတ်သဖြင့် နေအိမ်()လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ ကျောက်မဲမြို့တွင်  PSLF/TNLAဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား ()ဦး တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိ


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ကျောက်မဲမြို့တွင် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဝတ်စုံကို ဝတ်ဆင်၍ ငွေလိုက်လံတောင်းနေသည့် အမျိုးသား ()ဦးကို တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း PSLF/TNLAမှ သတင်းထုတ်ပြန်ပါတယ်။


ထိုအမျိုးသားများသည် အောင်ဟိန်း အသက် (၁၄)နှစ်၊ အခေး အသက် (၁၈)နှစ်၊ အိုက်ဖြိုး အသက် (၂၁)နှစ်နှင့် အောင်ခမ်း အသက် (၁၆)နှစ်တို့ ဖြစ်ကြပြီး အောင်ဟိန်းနှင့် အခေးကို ဖေဖော်ဝါရီလ ၁၂ရက်တွင် ဖမ်းဆီးရမိကာ အိုက်ဖြိုးနှင့် အောင်ခမ်းကို ဖေဖော်ဝါရီလ ၁၆ရက်တွင် ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


၎င်းတို့သည် PSLF/TNLA ဝတ်စုံကို ဝတ်ဆင်ပြီး ကားသမားများထံ ပိုက်ဆံတောင်းခြင်း၊ ပြည်သူလူထုနေအိမ်များအတွင်း ခိုးခြင်းနှင့် ငွေတောင်းခံခြင်းများ ပြုလုပ်ခဲ့ကြပြီး ပြည်သူလူထုများသည် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ထံ သွားရောက်တိုင်ကြားပြီးနောက် အဆိုပါအမျိုးသားများကို လိုက်လံဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။


 PSLF/TNLA ဝတ်စုံ၊ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့နှင့်တူသည့် ဝတ်စုံ၊ ဓါးများစသည့် ဖောက်ထွင်းရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၇။ SNA မှ ရဲဘော် () ဦး လက်နက်နှင့်အတူ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာ


ဖေဖော်ဝါရီ ၂၁ 

Radio NUG 


ဟုမ္မလင်းမြို့နယ်အတွင်းရှိ ရှမ်းနီအမျိုးသားတပ်မတော် SNA (၇၅၃) တပ်ရင်းမှ ရဲဘော် () ဦးသည် ဖေဖော်ဝါရီလ () ရက်နေ့တွင် လက်နက်များနှင့်အတူ ဟုမ္မလင်းမြို့နယ် တိုက်နယ်() ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)နှင့် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာကြကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


 G-3 () လက်၊ AK ဒင်ခေါက် () လက်၊ AK () လက်၊ ကီးချန်း ()လက်၊ G-3ကျည်  ၁၉၅ တောင့်၊ 7.62 ကျည် ၆၀၇ တောင့် စသည့် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ရောက်လာတယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူ့ရင်ခွင်ခိုလှုံလာကြသော ရဲဘော်များကို ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားပြီး အလင်းဝင်ရဲဘော်များ၏ မိသားစုဝင်များနှင့် တွေ့ဆုံစေခဲ့ကာ ကျန်းမာရေးစောင့်ရှောက်မှုများကိုလည်း ပေးခဲ့သလို အခြားတော်လှန်အင်အားစုများမှလည်း အလင်းဝင်ရဲဘော်များကို လာရောက်တွေ့ဆုံ စိတ်ဓာတ်ခွန်အားပေးကာ အလင်းဝင်ရဲဘော်များအတွက် လိုအပ်သည်များကို ဖြည့်ဆည်းပေးခဲ့တယ်လို့ သိရပါတယ်။


ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ခန္တီးခရိုင်ပေါင်းစပ်ညှိနိူင်းရေးအဖွဲ့မှ ဦးဆောင်ပြီး အလင်းဝင်ရဲဘော်များကို ဂုဏ်ပြုငွေချီးမြှင့်ခြင်း အခမ်းအနားကျင်းပခဲ့ပြီး  အခမ်းအနားသို့ ခန္တီးခရိုင်ကွပ်ကဲရေးအဖွဲ့၊ ခန္တီးခရိုင်အမှတ် (၁၊၂၊၃) တပ်ရင်းမှ ခေါင်းဆောင်များ၊ ခန္တီးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံများ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ခံ၊ လူသားစာနာတာဝန်ခံ၊ ကျန်းမာရေးတာဝန်ခံ၊ ဟုမ္မလင်းမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ ဘဏ္ဍာရေးတာဝန်ခံ၊ စည်ပင်တာဝန်ခံ၊ ဆက်သွယ်ရေးတာဝန်ခံ၊ သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့နှင့်အတူ ဒေသခံတိုင်းရင်းသားများ တက်ရောက်ချီးမြှင့်ခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment