23rd Feb 2025 - Morning Daily News by Radio NUG

 

၂၀၂၅ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့

📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ အကျင့်ပျက် လက်ပါးစေများ ထမ်းဆောင်နေတဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး စုစုပေါင်း ရုံး ၃၀က သံတမာန်များကို အမည်ပျက်စာရင်း (Blacklist) NUG က ထည့်သွင်း

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်ကော်မတီတို့ တွေ့ဆုံဆွေးနွေး

📌 ၄။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

📌 ၅။ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)က မြန်မာကို အမည်ပျက်စာရင်း ဆက်လက်ထားရှိ

📌 ၆။ အမေစု ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန်အတွက် နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းပုရုပ်ထုကို ရွေးချယ်ထည့်သွင်းထား

📌 ၇။ အကယ်ဒမီရုပ်တုကမ်ပိန်းတွင်ပါဝင်ခဲ့တဲ့ ပြည်သူအပေါင်းကို ကျေးဇူးအထူးပဲတင်ရှိတယ်လို့သရုပ်ဆောင်ပိုင်ဖြိုးသုဆို


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အမြန်လမ်း ထိုးဖောက်နိုင်ဖို့ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း လွင်ပြင်မှာ ရန်ကုန် .က. တွေ တိုက်ပွဲဝင်နေ

🚩 ၂။ ပြည်ခရိုင်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာရန် အချက်များ ထုတ်ပြန်

🚩 ၃။ မံစီမြို့နယ်၊ မန်တာရွာကို လေယာဉ်ဖြင့် ကြိမ် ဗုံးကြဲတိုက်ခိုက်မှု အသက် နှစ်အရွယ် ကလေး ဦး အပါအဝင် ဦး သေဆုံး

🚩 ၄။ ညောင်ကိုင်းရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးစခန်း စွန့်ခွာထွက်ပြေးအောင် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့

🚩 ၅။ ကျောက်ဆည်၊ သုံးဆယ်နှင့် မန္တလေးမြို့တို့မှ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရသူ ဦး အလင်းဝင်

🚩 ၆။ အများပြည်သူ လုံခြုံရေးအတွက် မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာမှုကို ယာယီပိတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၅) အစည်းအဝေးပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတက်ရောက်ခဲ့


ဖေဖော်ဝါရီ ၂၂ 

Radio NUG

ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ ( /၂၀၂၅) အစည်းအဝေးကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁) ရက်နေ့တွင် ကျင်းပခဲ့ရာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်၊ ဒုတိယဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ဒုတိယဝန်ကြီးများနှင့် အတွင်းဝန်များ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး (/၂၀၂၅) ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက် ဆောင်ရွက်ပြီးစီးမှုများနှင့် ရှေ့လုပ်ငန်းစဉ်ဆောင်ရွက်ပြီးစီးမှုများကို ပြည်ထောင်စု အဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ အတွင်းရေးမှူးက တင်ပြခဲ့တယ်လို့သိရပါတယ်။


သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များကို သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက တင်ပြခဲ့ကြပါသည်။ တင်ပြချက်များနှင့်ပတ်သက်၍ တက်ရောက်လာသည့် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့ အကျင့်ပျက် လက်ပါးစေများ ထမ်းဆောင်နေတဲ့ သံရုံးနဲ့ ကောင်စစ်ဝန်ရုံး စုစုပေါင်း ရုံး ၃၀က သံတမာန်များကို အမည်ပျက်စာရင်း (Blacklist) NUG က ထည့်သွင်း


ဖေဖော်ဝါရီလ ၂၂ ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက လက်နက်အားကိုးဖြင့် နိုင်ငံတော်၏အာဏာကို မတရား သိမ်းပိုက်ခဲ့သည့်အချိန်မှစ၍ အကြမ်းဖက်စစ်အုပ်စု၏ နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်တွင် အမိန့်ညွှန်ကြားချက်များကို နာခံကာ ဆောင်ရွက်လျက်ရှိသည့်အပြင် အမှန်တရားနှင့် ပြည်သူ့ဘက်မှ ရပ်တည်ကြသည့် စီဒီအမ်ဝန်ထမ်းများအား ဖိအားပေးအကြပ်ကိုင်ခြင်း၊ လက်ရှိဖြစ်ပေါ်နေသည့် အမှန်တရားများအား ဖုံးကွယ်၍ စစ်အာဏာရှင်နှင့် ပူးပေါင်းကြံစည် လိမ်လည် လှည့်ဖြားပြီး နိုင်ငံတကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းများ ဖြန့်ဝေခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်း စသည်တို့ကို လုပ်ဆောင်နေသည့် အကြမ်းဖက် စစ်အုပ်စု၏ လက်ပါးစေဝန်ထမ်းများအား ဤဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ (/၂၀၂၁) နှင့် အမိန့်ကြော်ငြာစာအမှတ်၊ (/၂၀၂၂) တို့ဖြင့် အမည်ပျက်စာရင်း (Blacklist) တွင် ထည့်သွင်းကြောင်း ဖေဖော်ဝါရီ ၂၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။


သို့သော်လည်း အကြမ်းဖက်စစ်အုပ်စု၏ ပြည်သူများအပေါ် လူမဆန်စွာ မတရား နှိပ်စက်ညှဉ်းပန်းသတ်ဖြတ်၍ စစ်ရာဇဝတ်မှုကျူးလွန်နေမှုများကို မျက်ကွယ်ပြုကာ နိုင်ငံတကာအသိုင်းအဝိုင်းသို့ မဟုတ်မမှန်သည့် သတင်းမှားဝါဒဖြန့်မှုများအား အကြမ်းဖက်စစ် အုပ်စု၏ ဒေါက်တိုင်များအဖြစ် ဆက်လက်လုပ်ဆောင်နေသည့်အပြင်၊  ပြည်ပရောက် မြန်မာ နိုင်ငံသားများအား ကူညီ၊ ကာကွယ်စောင့်ရှောက်ရမည့် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရမည့်အစား မြန်မာနိုင်ငံသားများ၏ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးရန်ကိစ္စများ၊ ကောင်စစ် ရေးရာကိစ္စများနှင့် ပြည်ပ၌ ဆက်လက်နေထိုင်၊ အလုပ်လုပ်ကိုင်ရေးတို့တွင် ပိုမိုခက်ခဲ ကျပ်တည်းစေရန် မြန်မာနိုင်ငံသားများအပေါ် နည်းမျိုးစုံဖြင့် ဖိနှိပ်မှုများ လုပ်ဆောင်နေကြတယ်လို့ ဖော်ပြပါတယ်။


အကြမ်းဖက်စစ်အုပ်စု၏ မတရားအဓမ္မစစ်သားစုဆောင်းမှုနှင့် မတရားဖိနှိပ်မှုများကို  လက်ပါးစေပီသစွာ ဝိုင်းဝန်း အကောင်အထည်ဖော်ဆောင်ပေးနေသည့်အတွက် ယခင် ထုတ်ပြန်ထားသည့် အမည်ပျက်စာရင်းတွင် ပါရှိပြီးသူများကို ထပ်လောင်း သတိပေးလိုက်ပြီး၊ အကျင့်ပျက် လက်ပါးစေများအား အမိန့်ကြော်ငြာစာအမှတ် (/၂၀၂၅) ပြည်သူ့အကျိုးငှာ အမည်ပျက်စာရင်း (Blacklist) (တတိယအသုတ်) တွင် ထည့်သွင်းချက်အရ ၁၇ဦး၊ အမိန့်ကြော်ငြာစာအမှတ် (/၂၀၂၅) အမည်ပျက် စာရင်း (Blacklist) (စတုတ္ထအသုတ်)တွင် ထည့်သွင်းချက်အရ ၁၃ဦးတို့ဖြစ်ကြပါတယ်။ 


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်ကော်မတီတို့ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် စစ်ကိုင်းတိုင်းဒေသ သပိတ်ကော်မတီတို့သည် ဖေဖော်ဝါရီလ(၂၂)ရက်နေ့၊ (၁၃း၀၀)နာရီအချိန်တွင် Zoom Platform မှတဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ သတင်းထုတ်ပြန်ပါတယ်။


အစည်းအဝေးပွဲတွင် စစ်ကိုင်းတိုင်းဒေသ သပိတ်ကော်မတီ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ  စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္က‌ဋ္ဌက နှုတ်ခွန်းဆက်စကားနှင့် ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်းဆွေးနွေးခဲ့ပါတယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် တက်ရောက်လာသော စစ်ကိုင်းတိုင်းဒေသ သပိတ်ကော်မတီဘက်ကလည်း  ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ  အမြင်သဘောထားများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြပြီး အစည်းအဝေးအား ညနေ(၁၅း၃၅)နာရီအချိန်တွင် အောင်မြင်စွာ ရုတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


ဖေဖော်ဝါရီလ ၂၂ရက်လိုင်ဇာမြို့  မြို့တော်ခန်းမတွင် ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် တတိယအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါတယ်။


ကချင်ပြည်နယ် ပညာရပ်စုံတက္ကသိုလ်၏ အဖွဲ့ဝင်တက္ကသိုလ်ဖြစ်သည့် ဝိဇ္ဇာသိပ္ပံတက္ကသိုလ်က ဖွင့်လှစ်ခဲ့သည့် ပညာရေးအစီအစဉ်များတွင် တက်ရောက်လေ့လာခဲ့ပြီး နောက်ဆုံးနှစ်စာမေးပွဲအောင်မြင်ခဲ့သူများနှင့် ကြားကာလတက္ကသိုလ်ကောင်စီအသီးသီးက ဖွင့်လှစ်ခဲ့သည့် အွန်လိုင်းအခြေပြုပညာရေးအစီအစဉ်တွင် တက်ရောက်လေ့လာခဲ့ကာ နောက်ဆုံးနှစ် စာမေးပွဲအောင်မြင်သူများအား ဘွဲ့ချီးမြင့်သည့် အခမ်းအနား ဖြစ်တယ်လို့ သိရပါတယ်။


အခမ်းအနားတွင် တက္ကသိုလ်၏ အဓိပတိဖြစ်သော ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ကိုယ်တိုင် တက်ရောက်ခဲ့ပြီး နောက်ဆုံးနှစ်စာမေးပွဲအောင်မြင်သူ ဘွဲ့ယူမောင်မယ်များအား ဘွဲ့ချီးမြင့်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကချင်ပြည်နယ်ပညာရပ်စုံတက္ကသိုလ် တတိယအကြိမ်ဘွဲ့နှင်းသဘင်တွင် ဆေးပညာဘွဲ့ ၂၂ ဦး၊ မဟာသိပ္ပံ ရူပေဗေဒအထူးပြု ၁ဦး၊ မဟာဝိဇ္ဇာ ပထဝီဝင်အထူးပြု ၁ဦး၊ မဟာအရည်အချင်းစစ်သင်တန်း ဘူမိဗေဒအထူးပြု ၁ဦး၊ Philosophy of Diploma ၃ဦး၊ သင်္ချာအထူးပြု (နေ့သင်တန်း) ၁ဦး၊ ရူပဗေဒအထူးပြု (နေ့သင်တန်း) ဦး၊ ဘူမိဗေဒအထူးပြု ၂ဦး၊ သင်္ချာအထူးပြု ဦး၊ ရူပဗေဒအထူးပြု ၂ဦး၊ ဓာတုဗေဒအထူးပြု ၁ဦး၊ သတ္တဗေဒ အထူးပြု ၁ဦး၊ မြန်မာစာအထူးပြု ၁၀ ဦး၊ အင်္ဂလိပ်စာအထူးပြု ၅၆ ဦး၊ ပထဝီဝင်အထူးပြု ၂၁ ဦး၊ ဥပဒေပညာအထူးပြု ဦး၊ သမိုင်းအထူးပြု ၂၁ ဦး၊ ဒဿနိကဗေဒအထူးပြု ၁၆ ဦး၊ စိတ်ပညာအထူးပြု ၄၃ ဦး စုစုပေါင်း၂၀၅ဦး စာမေးပွဲအောင်မြင်ခဲ့တယ်လို့ သိရပါတယ်။


ဘွဲ့ယူသော မောင်မယ်များအားမကြည်သော ရေကို ကြည်အောင်လုပ်မည်၊ မနုသော မြက်ကို နုအောင်လုပ်မည်'' ဟူသော လူစွမ်းကောင်း စိတ်ဓာတ်တို့ ထွန်းကားစေလိုသော ရည်ရွယ်ချက်နဲ့ အမိပညာရပ်စုံတက္ကသိုလ်ကို တည်ထောင်ခဲ့ခြင်းဖြစ်ပါတယ်လို့ တက္ကသိုလ်၏ အဓိပတိမှ မိန့်ခွန်းတွင် ပြောကြားသွားပါတယ်။


========================


📌📌 ၅။ နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)က မြန်မာကို အမည်ပျက်စာရင်း ဆက်လက်ထားရှိ


ဖေဖော်ဝါရီ ၂၀ 

Radio NUG 


ပြင်သစ်နိုင်ငံ၊ ပါရီမြို့တွင် ဖေဖော်ဝါရီ ၁၇ ရက်မှ ၂၁ ရက်အထိ ကျင်းပသည့် FATF အစည်းအဝေးတွင် မြန်မာနိုင်ငံကို ဘဏ္ဍာရေးဆိုင်ရာ အမည်ပျက်နိုင်ငံ (Black Lists )အဖြစ် ဆက်လက်ထားရှိရန် နိုင်ငံတကာငွေကြေးခဝါချမှု စောင့်ကြည့်အရေးယူရေးအဖွဲ့ (FATF)က ကြေညာချက်ထုတ်ပြန်သည်။


"မြန်မာနိုင်ငံတွင် ငွေကြေးခဝါချမှု၊ အကြမ်းဖက်ငွေကြေးထောက်ပံ့မှု တိုးပွားလာပြီး  တန်ပြန်ရန်  သိသာထင်ရှားသော ဗျူဟာချို့ယွင်းချက်များ ရှိသည်" ဟု FATF ကြေညာချက်တွင် ဖော်ပြထားပါတယ်။


FATF အစည်းအဝေးကို စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေ တက်ရောက်ခဲ့ပြီး ၎င်းတို့အနေဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပ

ဒေ၊ သက်သေခံပစ္စည်းများ စီမံခန့်ခွဲရေးဥပဒေတို့ကို ပြင်ဆင်ပြဌာန်းခဲ့ပြီး ငွေကြေးခဝါချမှုဥပဒေကိုလည်း ပြင်ဆင်ရန် ဆောင်ရွက်နေကြောင်း ပြောဆိုခဲ့သော်လည်း မြန်မာနိုင်ငံအနေဖြင့် လိုက်နာဆောင်ရွက်ရမည့် အချက်များ ကျန်ရှိသောကြောင့် မူလအတိုင်း အလေးထား စိစစ်ရမည့် နိုင်ငံဒေသ စာရင်းမှာပင် ဆက်လက်ထားရှိရန် FATF က ဆုံးဖြတ်ခဲ့ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်ကစ၍ FATF က မြောက်ကိုရီးယား၊ အီရန်တို့နှင့်တန်းတူ မြန်မာနိုင်ငံကို အမည်ပျက်နိုင်ငံအဖြစ် ကြေညာခဲ့ပါတယ်။ 


ထိုကြောင့် နိုင်ငံတကာ လာဘ်စားမှူအခြေအနေများကို စောင့်ကြည့်၍ မှတ်တမ်းတင်ပေးနေသော Transparency International ၂၀၂၄ ညွှန်းကိန်းတွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၈၀ တွင် အဆိုးဆုံးအဖြစ် နောက်ဆုံးမှ ရေတွက်လျှင် အဆင့် ၁၂ ရပ်တည်နေပါတယ်။


========================


📌📌 ၆။ အမေစု ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန်အတွက် နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းပုရုပ်ထုကို ရွေးချယ်ထည့်သွင်းထား


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


အမေစု ၈၀ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် ပြက္ခဒိန်အတွက် နာမည်ကျော် Jim McNallis ရဲ့ ပြောင်မြောက်လှတဲ့ ပန်းပုရုပ်ထုကို ရွေးချယ်ထည့်သွင်းထားကြောင်း သားငယ် ကိုထိန်လင်းမှ အသိပေးဝေမျှထားပါတယ်။


"Jim က မေမေ့ကို အမြဲထောက်ခံအားပေးတဲ့ ကမ္ဘာကျော်အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ စာအုပ်မှာဂီတအနုပညာရှင်တွေဟာ ပြည်သူတွေအတွက် အင်မတန်အရေးပါပြီး သူတို့ဟာ ပြည်သူတွေ စိတ်ဝင်စားမှုရအောင် ဖန်တီးနိုင်စွမ်းရှိတဲ့ အများနဲ့မတူ လုပ်နိုင်စွမ်းရှိသူတွေဖြစ်တယ်လို့ရေးထားပါတယ်" လို့ ကိုထိန်လင်းမှ ပြောဆိုထားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ အနုပညာရှင်တွေကို လေးစားဂုဏ်ယူစွာနဲ့ ပြက္ခဒိန်ကို မြန်မာပြည်က အနုပညာရှင်တစ်ချို့ရဲ့ အကူအညီနဲ့ မွေးနေ့အမှတ်တရအနေနဲ့ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၇။ အကယ်ဒမီရုပ်တုကမ်ပိန်းတွင်ပါဝင်ခဲ့တဲ့ ပြည်သူအပေါင်းကို ကျေးဇူးအထူးပဲတင်ရှိတယ်လို့သရုပ်ဆောင်ပိုင်ဖြိုးသုဆို


ဖေဖော်ဝါရီ၂၂ရက်

Radio NUG


အကယ်ဒမီရုပ်တုကမ်ပိန်းတွင်ပါဝင်ခဲ့တဲ့ ပြည်သူအပေါင်းကို ကျေးဇူးအထူးပဲတင်ရှိတယ်လို့သရုပ်ဆောင်ပိုင်ဖြိုးသုကဆိုလိုက်ပါတယ်။


"သုသုရဲ့  အကယ်ဒမီရုပ် ကမ်ပိန်း ပြီးခဲ့ပြီပေါ့နော် ကမ်ပိန်းအပြီးမှာ သုသုတို့ရဲ့ စစ်ဘေးရှောင် သွေးချင်းတွေနဲ့ လိုအပ်တဲ့နေရာတွေကို ထောက်ပို့နိုင်ဖို့ ကမ်ပိန်းပြုလုပ်ခဲ့တဲ့ ရက်(၂၀) အတွင်းမှာ တကမ္ဘာလုံးက ပရိသတ်ပြည်သူတွေရဲ့ ပါဝင်လှူဒါန်းငွေ ခန့်မှန်း USD ( 287,226) ထိ ရရှိခဲ့ပါတယ်။ဒီပမာဏက ကမ်ပိန်းမစခင် သုသုတို့ အားလုံးတိုင်ပင်ပြီး သတ်မှတ်ထားကြတာထက် သုံးဆနီးပါး ပိုများပါတယ်။ ဒီအတွက် ပါဝင်ကြသူ အားလုံးရဲ့ မေတ္တာတရားကို နင့်နင့်နဲနဲ ခံစားရသလို တော်လှန်ရေးကာလ လေးနှစ်ကျော်လာတဲ့အထိ မဆုတ်မနစ်အားထုတ်ပါဝင်နေကြတဲ့ သုသုချစ်တဲ့ ညီအကိုမောင်နှမ မိတ်ဆွေအားလုံးကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရပါတယ်"လို့ဆိုပါတယ်။


သရုပ်ဆောင်ပိုင်ဖြိုးသုရဲ့အကယ်ဒမီရုပ်တုငမ်ပိန်းကို ဖေဖော်ဝါရီ၂၁ရက်မှာ ကံစမ်းမဲရွေးချယ်ခဲ့ပြီး ဂျပန်နိုင်ငံရောက် ကယန်းတိုင်းရင်းသားတစ်ဦးကံထူးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================


🚩🚩 ၁။ အမြန်လမ်း ထိုးဖောက်နိုင်ဖို့ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း လွင်ပြင်မှာ ရန်ကုန် .က. တွေ တိုက်ပွဲဝင်နေ


ဖေဖော်ဝါရီ ၂၂၊ 

Radio NUG


အမြန်လမ်း ထိုးဖောက်နိုင်ရေး အခြေခံ နယ်မြေဖြစ်တဲ့ စစ်ရေး မဟာဗျူဟာအရ လွန်စွာ အရေးကြီးတဲ့ စစ်တောင်းမြစ်ဝှမ်း လွင်ပြင်က တိုက်ပွဲတွေမှာ ရန်ကုန်တိုင်း .က. တိုက်ခိုက်ရေး အဖွဲ့ ဖွဲ့ နှင့်အတူ ဒရုန်း တပ်ဖွဲ့တွေက PDF တပ်ရင်းတွေ၊ မဟာမိတ် တပ်ဖွဲ့တွေ နဲ့အတူ ဟန်ချက်ညီ တိုက်ပွဲဝင်နေတယ် လို့ ပကဖ အသံက ဖော်ပြထားပါတယ်။


အခုလို အရေးကြီးတဲ့ စစ်မျက်နှာမှာ တိုက်ပွဲဝင်နေတဲ့ .က. တပ်ဖွဲ့ဝင်တွေကို ရန်ကုန်တိုင်း .က. တာဝန်ခံ ရဲဘော်နောင်ရိုး၊ တိုင်းဒုတာဝန်ခံ(စစ်ဘက်ရေးရာ) ရဲဘော်မင်းရန်နိုင်တို့က တွေ့ဆုံခဲ့ပြီး ပကဖ လုပ်ငန်းစဉ်တွေ၊ စစ်ဒေသ၊ ဗျူဟာ၊ တပ်ရင်း၊ မဟာမိတ် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ရေး အခြေအနေတွေကို လမ်းညွှန်ခဲ့တယ်လို့ ဆိုပါတယ်။


ထို့အပြင် တိုက်ခိုက်ရေး တပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ ရှေ့တန်း နေရာတွေထိ သွားရောက်ခဲ့ပြီး ပကဖ ရဲဘော်တွေကို အသုံးစားရိတ် ချီးမြှင့်ထောက်ပံ့ငွေတချို့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အမြန်လမ်း နယ်မြေတွေ ဖြစ်တဲ့ ဖြူး၊ ညောင်လေးပင်နဲ့ စစ်တောင်းမြှစ်ဝှမ်း ဒေသတွေမှာ ပကဖ တပ်ဖွဲ့ဝင်တွေ ပူးပေါင်းတိုက်ပွဲဝင်နေသလို လူထုစည်းရုံးရေး လုပ်ငန်းတွေ၊ ရန်သူ့တပ်ဖွဲ့ဝင်တွေ ဘက်ပြောင်း ခိုလှုံစေရေး လုပ်ငန်းတွေကိုလည်း ဆောင်ရွက်နေတယ်လို့ အသိပေး ထားပါတယ်။


========================


🚩🚩 ၂။ ပြည်ခရိုင်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာရန် အချက်များ ထုတ်ပြန်


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


စစ်အာဏာရှင်စနစ် (လုံးဝ) ပပျောက်ပြီး ဖယ်ဒရယ်နိုင်ငံတော်တည်ဆောက်ရေး အတွက် စစ်ရေးအရ အလွန်အရေးကြီးသော အချိန်ဖြစ်တာကြောင့် ပြည်ခရိုင်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာရန် အချက်များ ပြည်ခရိုင် (၃၆၀၂)တပ်ရင်းမှ ထုတ်ပြန်ကြေညာထားပါတယ်။


ထုတ်ပြန်ကြေငြာချက်တွင် စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ စစ်ရေးပစ်မှတ်များ အနီးတွင် သွားလာ နေထိုင်ခြင်းများအား (အထူး) ရှောင်ကျဉ်ကြရန်၊ ကာကွယ်ရေးတပ်မတော်သားများ၏ သတင်းအချက်အလက်များ၊ စစ်ရေးလှုပ်ရှားမှု များအား စစ်ကောင်စီထံသို့ သတင်းပေးပို့ခြင်း၊ စစ်ကောင်စီအား ရိက္ခာထောက်ပံ့ခြင်းများမပြုလုပ်ကြရန်၊ စစ်ကောင်စီ ဒေါက်တိုင်များ၊ ဒလန်များ နှင့် ပူးပေါင်း၍ စစ်ကောင်စီအားဆက်ကြေးပေး လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းအား ရှောင်ကြဥ်ရန်၊ ပြိုလဲလုနီးနေပြီဖြစ်သော အကြမ်းဖက် စစ်ကောင်စီအနေဖြင့် ပြည်သူလူထုအား  ခုတုံးလုပ်၍ လူသားဒိုင်းပြုလုပ်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေပါသဖြင့် လုံခြုံရေးသတိ အမြဲရှိနေစေရန်၊ အရေးပေါ်အခြေအနေအတွက် ရိက္ခာ၊ ဆေးဝါး၊ အရေးကြီးပစ္စည်းများအား အလွယ်တကူ တပါတည်းသယ်ဆောင်သွားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်၊ အနီးနားပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာပါက ရှောင်ရှားနိုင်ရန် ဘေးကင်း၊ လုံခြုံသောနေရာအား ကြိုတင်ရှာဖွေ သတ်မှတ်ထားကြရန်၊ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲခြင်း၊ စက်တပ်လေထီးများဖြင့် ဗုံးကျဲချခြင်းများမှ ရှောင်ရှားနိုင်ရန် ဗုံးခိုကျင်းများတူးထားကြရန်နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့များမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များအား ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန်တို့ ပါဝင်ပါတယ်။


ထို့အတူ စစ်ကောင်စီဘက်တော်သား တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း/တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အမြန်ဆုံး ပူးပေါင်းကြရန်လည်း တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၃။ မံစီမြို့နယ်၊ မန်တာရွာကို လေယာဉ်ဖြင့် ကြိမ် ဗုံးကြဲတိုက်ခိုက်မှု အသက် နှစ်အရွယ် ကလေး ဦး အပါအဝင် ဦး သေဆုံး


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေ နာရီ မိနစ် မှစတင်၍ ညနေ နာရီ  ၁၉ မိနစ်အချိန်အထိ မံစီမြို့နယ်၊ မန်တာရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဗုံးသီး ၁၂ လုံး ထက်မနည်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


လေကြောင်း တိုက်ခိုက်မှုကြောင့် အသက် နှစ်အရွယ် မောင်ငွါးဆာလေးနှင့် အသက် ၂၀ နှစ်အရွယ် မယာမဆီးတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး  အသက် လအရွယ် မငွါးယေမီး ဘယ်ပါးနှင့် ဘယ်လက်တွင် ထိခိုက်ဒဏ်ရာရရှိကာ အသက် ၁၀ နှစ်အရွယ် မောင်လုကာ ညာဘက်ပေါင် ထိခိုက် ဒဏ်ရာရခဲ့သလို အသက် ၂၇ နှစ် အရွယ် ဒေါ်ထွန်းစန္ဒာ ဘယ်ဘက်လက်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


ထို့ပြင် ကျေးရွာနေပြည်သူ ဦးမင်းရွှေ ဒေါ်ရွှေရီ ဦးတင်တို့၏ နေအိမ်များ၊ ဆန်စက်နှင့် လယ်တောများလည်း  ဗုံးသီးထိမှန် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ညောင်ကိုင်းရွာမှာ တပ်စွဲထားတဲ့ ပျူစောထီးစခန်း စွန့်ခွာထွက်ပြေးအောင် နည်းလမ်းမျိုးစုံ အသုံးပြု ဆောင်ရွက်နိုင်ခဲ့


ဖေဖော်ဝါရီ ၂၂၊ 

Radio NUG


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း ကျေးရွာမှာ တပ်စွဲနေတဲ့ ပျူစောထီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို စခန်းစွန့်ခွာ ထွက်ပြေးသွားအောင် နည်းလမ်းမျိုးစုံ အသုံးပြုပြီး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပကဖ အသံ က ထုတ်ပြန်ထားပါတယ်။


ရွှေဘိုမြို့နယ်၊ ပကဖ အဖွဲ့က ရိက္ခာလမ်းကြောင်း ပိတ်ဆို့ခြင်း၊ ဒရုန်းဖြင့် လက်နက်ချ စည်းရုံးစာများကို ကြဲချခြင်းတို့ကို စနစ်တကျ လုပ်ဆောင်ခဲ့ရာ ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ စစ်ကောင်စီနဲ့ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီ တပ်ဖွဲ့တွေ စွန့်ခွာသွားတဲ့ ညောင်ကိုင်းရွာ စခန်းကို ဝင်ရောက် ရှင်းလင်းခဲ့ရာ ကိုးလုံးကျည် ပြောင်းချော တစ်လက်နဲ့ ကျည် ၄၈ တောင့်ကို သိမ်းဆည်းရရှိ ခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ကျေးရွာအတွင်း တွေ့ရတဲ့ သက်ကြီးရွယ်အို နဲ့ ကျန်းမာရေး မကောင်းသူ ၅၆ ဦးကိုလည်း ပကဖ အဖွဲ့ဝင်တွေက စားနပ်ရိက္ခာတွေ ပေးအပ်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေကိုလဲ ဆောင်ရွက်ပေး ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စခန်းကို ပိတ်ဆို့ထားတဲ့ ကာလအတွင်း ပျူစောထီးနဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ချိတ်ဆက်အလင်းဝင်လာခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ကျောက်ဆည်၊ သုံးဆယ်နှင့် မန္တလေးမြို့တို့မှ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ် စုဆောင်းခံရသူ ဦး အလင်းဝင်


ဖေဖော်ဝါရီ ၂၂ 

Radio NUG 


ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညပိုင်းတွင် ဘောလခဲမှ ဖားဆောင်းဘက်ကို ထိုးစစ်ဆင်လာသည့် စစ်ကြောင်းတွင် လိုက်ပါလာသော မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်နှင့် ပဲခူးတိုင်း သုံးဆယ်မြို့တို့မှ စစ်မှုထမ်း တပ်သားသစ် ဦး Karenni Army BA-5 ထံ အလင်းဝင်ရောက်လာကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


၎င်းတို့ ဦးသည် ဟိုပုံးမြို့နှင့် ရမည်းသင်းမြို့တို့တွင် အပတ်စဉ် စစ်သင်တန်း တက်ရောက်ပြီးနောက် ကရင်နီပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပြီး လက်ပစ်ဗုံး ၂လုံး ယူဆောင်လာတယ်လို့ သိရပါတယ်။


အလားတူ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မန္တလေးမြို့မှ အတင်းအဓမ္မ စစ်မှုထမ်း တပ်သားသစ်စုဆောင်းခံရပြီး စလင်းမြို့နယ် အခြေစိုက် ခလရ-၂၅၃ သို့ တာဝန်ကျကာ တာဝန်ထမ်းဆောင်နေတဲ့ တပ်သားသစ် ဦး ခဲယမ်းများ ယူဆောင်ပြီး စလင်း ပကဖထံ အလင်းဝင်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


အဆိုပါ အလင်းဝင်လာသော စစ်မှုထမ်း တပ်သားသစ် ဦးကို စလင်းမြို့နယ် ပကဖ ကောင်းမွန်စွာ စောင့်ရှာက်ထားပြီး ကျန်ရှိနေသော စစ်တပ်သားနှင့် ရဲတပ်သားများအနေဖြင့်လည်း အလင်းဝင်ရောက်လိုပါက ချိတ်ဆက်နိုင်ကာ လက်နက်ခဲယမ်းပါရှိပါက ထိုက်တန်သော ဆုကြေးငွေများကိုလည်း ချီးမြှင့်သွားမယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ အများပြည်သူ လုံခြုံရေးအတွက် မိုးဗြဲမြို့အတွင်း ဖြတ်သန်းသွားလာမှုကို ယာယီပိတ်


ဖေဖော်ဝါရီ ၂၂၊ 

Radio NUG


အများပြည်သူ လုံခြုံရေးအတွက် မိုးဗြဲမြို့တွင်း ဖြတ်သန်းသွားလာခွင့်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ ခေတ္တပိတ်ထားမည် ဖြစ်ကြောင်းနဲ့ အရေးကြီးကိစ္စ ရှိပါက သက်ဆိုင်ရာ တပ်ရင်းတပ်ဖွဲ့များ၊ လုံခြုံရေးဂိတ်များနဲ့ ပူးပေါင်း ဆောင်ရွက်ကြဖို့ကို မိုးဗြဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


၂၀၁၅ နှစ်အစပိုင်းမှာ စစ်ကောင်စီက နယ်မြေများ ပြန်လည်စိုးမိုးနိုင်ရန် အင်အားသုံး ထိုးစစ်ဆင်မှုများကို လုပ်ဆောင်နေခဲ့ရာ မိုးဗြဲမြို့ကို ပြန်လည်ရရှိရေး ထိုးစစ်ဆင်မှုကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုများရဲ့ ခုခံမှုများကြောင့် ထိခိုက်သေဆုံးမှု များပြားနေတယ်လို့ ဆိုပါတယ်။


ထိုကြောင့် အဝေးပစ် လက်နက်ကြီးများ၊ ဒရုန်းကြီးများ၊ လေယာဉ်များဖြင့် မိုးဗြဲမြို့ကို နေ့စဉ်ရက်ဆက် ပစ်ခတ်နေပြီး လကျော် ကာလအတွင်းမှာ အများပြည်သူ နေထိုင်ရာ နေရာ ဒေသများထိ ပစ်မှတ်ထား တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။


ထို့ကြောင့် အများပြည်သူ လုံခြုံရေးအတွက်  မိုးဗြဲမြို့တွင်း ဖြတ်သန်းသွားလာမှုကို ယာယီပိတ်ထားမှာ ဖြစ်ကြောင်းနဲ့ မိဘပြည်သူများ ပူးပေါင်းဆောင်ရွက် ပေးကြဖို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် အမှတ် (၁ဝဝ၁) တပ်ရင်းနဲ့ KNDF အမှတ် () တပ်ရင်းတို့က မေတ္တာရပ်ခံ ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment